အခန်း ၃၇: သင်္ဘောပေါ်တက်ခြင်း

449 84 11
                                    

အခန်း ၃၇: သင်္ဘောပေါ်တက်ခြင်း

အဆင့်အားလုံးကို တင်ပြပြီးနောက်တွင် ဆူညံလှသော အသံချဲ့စက်သည် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေလေသည်။

ယင်းသည် ချင်ကျိုးကြောင့် ဒေါသအထွက်လွန်ပြီး မူးလဲကျသွားတာဖြစ်နိုင်သည်။

ယိုဟော့သည် LCD မျက်နှာပြင်ကို ကြည့်နေလျက် ရုတ်တရက် ထပြောလိုက်၏။ "ဘယ်ငတုံးက ဒါကို တွက်လိုက်တာလဲ"

အသံချဲ့စက်: ".........."

လူအားလုံး ရပ်တန့်သွားသည်။ သူ့ကို အားလုံးလှည့်ကြည့်လာကြ၏။

"ဘာဖြစ်လို့လဲ"

တစ်ဒင်္ဂခန့် သူဘာကိုဆိုလိုမှန်း မည်သူမျှ နားမလည်ခဲ့ပေ။

ယိုဟော့သည် ရှုးရွှယ်ဘက်သို့ လှည့်လိုက်ပြီးနောက် "မင်းရဲ့ကတ်အရဆိုရင် စာမေးပွဲတစ်ခုပဲ ဖြေထားပြီး အမှတ်စုစုပေါင်း ၁၂ မှတ်ရထားတယ်" ဟုဆိုလိုက်သည်။

ရှုးရွှယ်က ခေါင်းညိတ်လိုက်ပြီး သဘောတူညီကြောင်း တိတ်တဆိတ် အသံပြုလိုက်သည်။

"အခြားသူတွေ စာမေးပွဲတစ်ခုမှာ ပုံမှန် အမှတ်ဘယ်လောက်ရလဲ ငါမသိဘူး။ ဒါပေမဲ့ ငါမှတ်မိတာ မှန်တယ်ဆိုရင် ဂျစ်ပစီဘာသာအတွက် ပျမ်းမျှအမှတ်က ၅ မှတ်ပဲရှိတယ်။ အခြားဖြေဆိုသူတွေ ဖြေခဲ့တဲ့စာမေးပွဲက နည်းနည်း လွယ်တယ်ပဲထားဦး ဘယ်လိုလုပ်ပြီး ၁၂ မှတ်ကို အဆင့် C ပေးလို့ရမှာလဲ" ယိုဟော့က ဆို၏။ "ဘယ်သူ့ကို နှပ်ချဖို့ စဉ်းစားနေတာလဲ"

အသံချဲ့စက်သည် ဆက်ပြီး သေချင်ယောင်ဆောင်နေလေသည်။

ယိုဟော့၏ စကားလုံးများမှာ အထင်အမြင်သေးသောဟန်များ ပြည့်နှက််နေသောကြောင့် စနစ်သည် သူ့မေးခွန်းကို မဖြေလိုသည်မှာ အလွန်သိသာနေသည်။ စနစ်သည် နောက်ဆုံးတွင် LCD မျက်နှာပြင်မှ အကြောင်းအရာများကို အသစ်ပြန်ပြင်လိုက်သည်။

ဖြေဆိုသူ ချန်ပင်းဟာ သင်္ချာ၊ တရုတ်နဲ့ နိုင်ငံခြားဘာသာစကား စာမေးပွဲစုစုပေါင်း ၃ ခု ဖြေဆိုထားပါတယ်။ စုစုပေါင်း ရမှတ် ၂၂ မှတ်နဲ့ သူက ထိပ်ဆုံး ၄၉% တွင် ပါဝင်သောကြောင့် သူ့အဆင့်က B ဖြစ်ပါတယ်။ ဒီတွက်ချက်မှုက မှန်ကန်ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now