အခန်း ၁၁၅: တစ်ယောက်သောချင်နဲ့ တစ်ယောက်သောယို

214 46 16
                                    

အခန်း ၁၁၅: တစ်ယောက်သောချင်နဲ့ တစ်ယောက်သောယို

ကလေးများအခန်းတွင် တောင်ကမို့လေးနှစ်ခု ရှိနေသည်။ တစ်ခုက အပေါ်ထပ်ခုတင်တွင်ဖြစ်ပြီး နောက်တစ်ခုက အောက်ထပ်ခုတင်တွင်ဖြစ်သည်။

သူတို့အလုပ်ကို အခြားသူတစ်ယောက်က လက်လွှဲယူထားပေးပြီဖြစ်လေရာ ဆယ်လီနှင့်ရှာလီသည် နောက်တဖန် စိတ်အေးချမ်းသာ အိပ်ပျော်နေကြသည်။

မီးခိုးရောင်ကော်ဇောပေါ်တွင် ယိုဟော့သည် ငှက်မွှေးဂွမ်းကပ်စောင် တစ်ဝက်တစ်ပျက်လွှမ်းထားလျက် အိပ်နေ၏။

လက်တစ်ဖက်ကို ခေါင်းအောက်အုံးထားပြီး ကျန်တစ်ဖက်က ငှက်မွှေးဂွမ်းကပ်စောင်၏ အပြင်ဘက်တွင် ကျနေလျက် ဘေးတစ်စောင်းအိပ်နေ၏။ သူ့လက်ချောင်းများသည် ဘေးပတ်လည်မှ နေရာလွတ်ပေါ်တွင် ဆုပ်လျက် ကျနေသည်။

အိပ်မပျော်ခင် ယန်ရှုးတွင်ဖြစ်သကဲ့သို့ တူညီသောအဖြစ်မျိုး ချင်ကျိုးဖြစ်လာမည်ကို ကာကွယ်ရန်အလို့ငှာ ယိုဟော့သည် တစ်ဖက်လူကို အသေအချာ ဖမ်းဆုပ်ထားခဲ့သည်။

ချင်ကျိုး လှုပ်ရှားမှုတစ်ခုခုလုပ်ခဲ့ပါက သူ တကယ်ကြီး နိုးသွားနိုင်မည့်အလား အသေအချာပင် ဖမ်းဆုပ်ထားခဲ့၏။

ယွီဝမ်သည် သူ့ဖင်မီးဆွဲနေသည့်အလား အခန်းထဲသို့ ပြေးဝင်လာ၏။ သူက ယိုဟော့ရှေ့တွင် လဲကျသွားပြီးနောက် ထိတ်ထိတ်ပျာပျာဖြင့် "အစ်ကိုရေ! ထပါဦး အစ်ကို!" ဟု သံရှည်ဆွဲအော်ရင်း ယိုဟော့ကို ယမ်းခါနေ၏။

သူက ယိုဟော့ နိုးထလာလိမ့်မည်ဟု တကယ်တမ်း သိပ်ပြီး မျှော်လင့်မထားခဲ့ပါ။ ပြောရလျှင် သူ့အစ်ကိုသည် ကိုမာဝင်နေသကဲ့သို့ အိပ်တတ်သည်လေ။

ပိုဆိုးသည်က စာမေးပွဲအချိန်စာရင်း၏ အကူအညီကလည်း တစ်ဖက်တစ်လမ်းက ပါနေသေးသည်။ သာမန်လူများပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမည်ဆိုလျှင် သူ့အစ်ကိုအတွက်မူ "*ငြိမ်းချမ်းစွာအနားယူနေခြင်းသာ"။ (* T/N Rest in Peace)

ဘုတ် ဘုတ် ဘုတ်.. ဘတ်စကက်__ မဟုတ်သေး၊ ရာဘာဘောလုံးသည် တိတ်တဆိတ် လှေကားပေါ်သို့ တက်လာပြီးနောက် တံခါးရှေ့တွင် ရပ်သွား၏။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now