အခန်း ၄၀: စိတ်သောကရောက်နေသော စာမေးပွဲခန်းစောင့်များ

359 84 14
                                    

အခန်း ၄၀: စိတ်သောကရောက်နေသော စာမေးပွဲခန်းစောင့်များ

ဖြေဆိုသူများ စာမေးပွဲစင်တာသို့ဝင်လာသည့်အခါတုန်းက သင်္ဘောသားများသည် သူတို့ကို ဖိတ်မထားသော ဧည့်သည်များကဲ့သို့ မြင်နေကြပြီး သူတို့မျက်နှာအမူအရာများမှာ သိပ်မကောင်းကြပေ။

ဟုတ်တာပေါ့။ လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းမှာ ဤကဲ့သို့ ၈ လတိတိ နေလာခဲ့အပြီးတွင် သူတို့အဖို့ မျက်နှာထားကောင်းကောင်း ရှိနေရန်မှာ မဖြစ်နိုင်ပေ။

ယခုအခါ ဖြေဆိုသူများက သူတို့ကို ဆေးဝါးများပေးလာသည့်အတွက် သူတို့၏ ဆက်ဆံပုံသဘောထားမှာ သိသိသာသာ ပြောင်းလဲသွားလေသည်။

သူတို့၏ ကျေးဇူးတင်မှုကို ပြသရန်အတွက် သင်္ဘောသားများသည် ဖြေဆိုသူများနှင့်အတူ မီးအတူတူ သုံးကြရန် ဆုံးဖြတ်လိုက်ကြသည်။ သည်လိုနှင့် အားလုံး အတွင်းဘက်ဂူအတွင်း၌ ပူးကပ်နေလိုက်ကြ၏။

.

ဂူသည် အတော်လေးသေးငယ်သည်။ ဖြေဆိုသူများ ဝင်လာသည်နှင့်တစ်ပြိုင်နက် အတွင်းတွင်ကျန်နေသော နေရာလွတ်မှာ ပြည့်လျှံသွားလေသည်။

ကတုံးဆံတောက်ကေနှင့်လူက အားလုံးကို တိုးတိုးသက်သာနေကြရန် လက်ဟန်ပြလိုက်၏။ "ကပ်ပတိန်က ညလုံးပေါက်မအိပ်ရသေးဘူး။ တိုးတိုးနေကြပါ၊ သူ့ကို မနှိုးမိပါစေနဲ့"

သူက ထောင့်တစ်နေရာမှာ လူတစ်ယောက်ကို ထိုးပြလိုက်သည်။

ယင်းမှာ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ ကျန်သောသင်္ဘောသားများ မီးနှင့် ပိုနီးနီးကပ်ကပ်နေနိုင်စေရန်အတွက် သူကတော့ ခပ်ဝေးဝေးတွင် ကွေးနေလေသည်။

မီးကို မျက်နှာမူနေကာ မျက်မှောင်ကြုတ်လျက် အိပ်ပျော်နေသည်။ မီးမှ အလင်းရောင်တစ်ခုတည်းဖြင့် သူ၏ ဖြူဖျော့သော အသားအရေကို ပြောင်းလဲသွားရန် မစွမ်းသာပေ။ ယင်းအစား အလင်းကြောင့် သူ၏ ချိုင့်ဝင်နေသော ပါးများနှင့် ငေါထွက်နေသော ပါးစောင်ရိုးများမှာ ပို၍ ထင်ရှားနေတော့သည်။

"ကပ်ပတိန်လား" တီးလီသည် ထိုသူကို စိတ်ဝင်တစားနှင့် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် တိုးတိုးပြောသည်။ "သူ့ကို ဘဲရန့် လို့ခေါ်တာလား"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now