အခန်း ၁၄၂: "နားကပ်"

313 50 12
                                    

အခန်း ၁၄၂: "နားကပ်"

ဤကဲ့သို့ လူပေါင်းတစ်ထောင်ကျော် စုပေါင်းထွက်ပြေးခြင်းမျိုးနှင့်သာဆိုလျှင် ထောင်စောင့်များ လုံးဝ ဆေးခတ်ခံထားရလျှင်ပင် သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။

လူအားလုံး စာမေးပွဲမှထွက်ခွာ၍ အမြွှာမျှော်စင်သို့ ဖောက်ထွင်းဝင်ရောက်သည်နှင့်တစ်ပြိုင်နက် စနစ်သည် အသင့်အနေအထားသို့ သေချာပေါက်ဝင်ရောက်သွားလိမ့်မည်ဟု 154 က သူတို့ကို ကြိုတင်သတိပေးထားပြီးဖြစ်သည်။

စနစ်နှင့် ထောင်စောင့်များ၏ တစ်ခုတည်းသော ကွာခြားချက်မှာ အခြေအနေသည် မည်မျှအလျင်လိုနေသည်ဖြစ်ပါစေ စနစ်သည် ချမှတ်ထားသော လမ်းစဉ်များအတိုင်းသာ လိုက်နာလှုပ်ရှားမည်ဖြစ်သည်။

သေချာပေါက် စနစ်၏ အေးစက်သော စက်မှထွက်သောအသံသည် စာမေးပွဲစင်တာတစ်ခွင် ပြန့်နှံ့လာသည်။

(မူမမှန်မှု တွေ့ရှိရပါတယ်.. စာမေးပွဲဖြေဆိုသူ တစ်ယောက်မှ မတွေ့ရှိပါ၊ မှုမမှန်မှုအဆင့် A..စာမေးပွဲခန်းစောင့်များ ကျေးဇူးပြုပြီး ဤကိစ္စကို ချက်ချင်း ဖြေရှင်းပါ!)

စာမေးပွဲခန်းစောင့်များအားလုံး ပြတင်းပေါက်အပြင်ဘက် ပလက်ဖောင်းတစ်လျှောက် တညီတညာတည်း ရပ်နေကြပြီးလျှင် 922 သည် နှစ်ခါပြန် စစ်ဆေးလာသည်။ "အားလုံးပဲ ဖုန်းဆက်သွယ်ရေးစနစ်ကို လိုင်း ၁ ကို ပြောင်းပြီးသွားပြီလား"

အားလုံးက လုပ်ပြီးပြီဖြစ်ကြောင်း ပြသည့်အနေဖြင့် ဖုန်းများကို ဝှေ့ယမ်းပြလာ၏။

922 သည် 154 ကို ခေါင်းညိတ်ပြလိုက်သည်။

တစ်ခဏကြာသော် စနစ်၏အသံ ထပ်မံထွက်ပေါ်လာသည်။

(ဆက်သွယ်ရေးလိုင်းများ မအားသေးပါ၊ စာမေးပွဲခန်းစောင့်များကို ဆက်သွယ်၍ မရပါ၊ ထပ်မံဆက်သွယ်ရန် ကြိုးစားနေပါတယ်)

ဤနည်းအားဖြင့် စနစ်သည် စာမေးပွဲကို အလွဲလွဲအချော်ချော်ဖြစ်စေခြင်းအတွက် စာမေးပွဲခန်းစောင့်များကို တာဝန်ရှိသူအနေဖြင့် တရားခံရှာနိုင်တော့မည် မဟုတ်ပေ။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now