အခန်း ၁၀၂: အချိန်အဆနှင့်မေးခြင်း

252 53 3
                                    

အခန်း ၁၀၂: အချိန်အဆနှင့်မေးခြင်း

မူလက ချင်ကျိုးသည် ထိုစကားကို ယိုဟော့ကို စနောက်လို၍ ပြောလိုက်ခြင်းဖြစ်လေရာ သိပ်ကျယ်ကျယ် မပြောခဲ့ပေ။

သို့သော် မထင်မှတ်စွာဖြင့် လောင်ယွီ၏ နားသည် အင်မတန်ပါးသည်။ ချင်ကျိုး ထိုသို့ တိုက်ခိုက်လိုက်ခြင်းသည် သူ့အတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဒဏ်ရာများနှင့် ကျန်ခဲ့စေသည်။

အဆိုးဆုံးမှာ ယွီဝမ်ဖြစ်သည်....

သူသည် နံရံအောက်တွင် ထိတ်လန့်တကြားရပ်နေခဲ့ပြီး သူ့အဖေ၏ လေးလံသော ခန္ဓာကိုယ်ကြီးမှာ သူ့အပေါ်တည့်တည့် ပြိုကျလာခဲ့ခြင်း ဖြစ်သည်။

နှစ်ဦးသား မြေပေါ်သို့ လိမ့်ကျသွားပြီး နာကျင်စွာ ညည်းတွားအော်ဟစ်နေကြ၏။

ချင်ကျိုးသည် ကလေးစုတ်လေးများကို ဂရုမစိုက်တော့‌‌ပေ။ ယိုဟော့နှင့်တူတူ သူတို့ကို ထူမပေးရန် လျှောက်သွားသည်။

လောင်ယွီသည် သက်လတ်ပိုင်း လူကြီးတစ်ယောက်အနေဖြင့် ရှားပါးသော ဖျတ်လတ်မှုကို ပြသလိုက်ပြီး ချက်ချင်းဆိုသလို ပတ်သက်နေသူနှစ်ဦးကို ဖမ်းဆွဲလိုက်၏။ သူတို့ကို မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေရင်း "ဘာသူငယ်ချင်း?"

မည်သို့ပင်ဖြစ်စေ ယွီအဖေနှင့်သား စုံတွဲသည် ယိုဟော့၏ မိသားစုဝင်များဖြစ်သည်။

ချင်ကျိုး "နောက်နေတာပါ"

ယိုဟော့ကမူ ဆိုလိုက်သည်။ "ယောကျ်ားလေးသူငယ်ချင်း" (*ချစ်သူ)

သူတို့နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်တည်း ဆိုလာ၏။ တစ်ယောက်အဖြေကို တစ်ယောက်ကြားသော် နှစ်ယောက်လုံး တန့်သွားကြသည်။

ယိုဟော့သည် လောင်ယွီ၏ လက်ဖမိုးကို ပုတ်လိုက်ကာ သူ့ကို အရင်လွှတ်ပေးလိုက်ရန် အရိပ်အခြည်ပြလိုက်သည်။ ထို့နောက် ယွီဝမ်၏ ခေါက်သွားသော ခြေကျင်းဝတ်ကို စစ်ဆေးကြည့်ပြီး ပြန်တည့်သွားအောင် ကူညီပေးနေသည်။

သူက ထိုသို့လုပ်နေချိန်မှာ မြေပေါ်တွင် ဒူးတစ်ဝက် ထောက်ထားသည်။ ပြီးသွားသောအခါ သူ့လက်မှ ဖုန်များကို ခါထုတ်လိုက်ပြီးနောက် ချင်ကျိုးကို သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းများနှင့် ပြန်ကြည့်လိုက်သည်။ "မင်းက နောက်နေရုံလား"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeDonde viven las historias. Descúbrelo ahora