အခန်း ၅၇: ငါးစာချခြင်း

386 71 2
                                    

အခန်း ၅၇: ငါးစာချခြင်း

ယိုဟော့သည် ဆောင့်ကြောင့်ထိုင်ချကာ မီးကို ရေခဲအနီးသို့ ဆွဲယူလိုက်သည်။

ထိုနေရာမှရေခဲသည် အချိန်ကြာသည်နှင့်အမျှ စုပုံလာခြင်းဖြစ်ရာ မယုံနိုင်စရာကောင်းလောက်အောင် ထူထဲနေသည်။ အချို့သော ပို၍ကြည်လင်သောနေရာများတွင် အောက်ခြေတွင် နစ်မြုပ်နေသော နက်မှောင်နေသည့် ကျောက်တန်းများကို မြင်နေရသည်။ အခြားနေရာများမှာမူ ထိုးဖောက်မမြင်ရဘဲ အဖြူရောင်ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းရာများဖြင့် ဖုံးကာထားသည်။

အက်ကြောင်းရာများဖြင့် ဖုံးကာထားသည့် တစ်ခုသောရေခဲပြင်အောက်တွင် ယောကျ်ားတစ်ဦး၏ ဖြူဖျော့နေသော မျက်နှာသည် အပေါ်သို့ကြည့်နေသည်။ သူ၏ သူငယ်အိမ်များမှာ အလွန်ကျယ်ကားနေသည်မှာ သူ့မျက်လုံး၏နေရာအများစုကို နေရာယူထားသည်။

သူက ယိုဟော့ကို တိတ်တဆိတ်ကြည့်နေသည်။

"ဒီလောက်ရှာဖွေလာပြီးမှ ဖြစ်ချင်တော့ သူက ဒီမှာလာပုန်းနေတာပဲ"

ချင်ကျိုး၏ အသံသည် သူ့ခေါင်းထက်မှ ထွက်ပေါ်လာ၏။ သူသည် ထိုမျက်နှာကို တည့်တိုးဆန်စွာ နှုတ်ဆက်လိုက်သည်: "မင်္ဂလာညနေခင်းပါ"

သူ၏ 'မင်္ဂလာညနေခင်းပါ' ဆိုသည်မှာ ငါးကန်ထဲသို့ ငါးစာချလိုက်သည့်အလားပင်။ တစ်ဒါဇင်ထက်ပိုသော မျက်နှာများ ပေါ်လာလေသည်။

သူတို့အားလုံးသည် ရှုထောင့်တစ်ခုတည်းသို့ မော့ကြည့်နေကြသည်။ အတူတကွ မျက်လုံးများသည် ယိုဟော့သို့ စူးစိုက်ကြည့်နေကြသည်။

ယိုဟော့: "........."

ချင်ကျိုး၏ နှုတ်ခမ်းများသည် စတင်လှုပ်ရှားလာသည်။

"မင်းပါးစပ်ပိတ်ထား" ယိုဟော့က ဆိုသည်။

ချင်ကျိုးသည် မျက်လုံးများကို ကျုံ့လိုက်ပြီးနောက် လိမ်လိမ်မာမာပင် ပါးစပ်ကို ပိတ်လိုက်သည်။

ယိုဟော့: "........"

သူ့အမူအရာသည် စတင်၍ ထူးဆန်းလာသည်။

သို့သော် သူမစဉ်းစားနိုင်သေးခင်မှာပဲ ချင်ကျိုးသည် သူ့ကို အောက်သို့ငုံ့ကြည့်ရန် ထပ်မံ၍ လက်ဟန်ဖြင့် ညွှန်ပြလာသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now