Arc 2: ငါဘယ်သူလို့ထင်လဲ အခန်း ၁၃: နားနေဆောင်

673 85 3
                                    

အခန်း ၁၃: နားနေဆောင်

တောင်အောက်သို့အဆင်းလမ်းမှာ အလွန်လှမ်းသော အကွာအဝေးဖြစ်သည်။ လူတိုင်းက လမ်းလျှောက်လာသည့်လမ်းတွင် အလွန်တရာ တိတ်ဆိတ်နေကြသည်။ အကြောင်းပြချက်တစ်ဝက်မှာ ထိပ်ပြောင်နှင့်လူ မုဆိုးအဖြစ်ပြောင်းသွားခြင်းကြောင့် လန့်နေကြခြင်း ဖြစ်ပြီး ကျန်တစ်ဝက်မှာ ရေခဲတမျှ အေးခဲနေကြသောကြောင့်ဖြစ်သည်။

ဤလူအုပ်စုကြီး နာရီဝက်မျှ ခရီးဆက်ပြီးနောက်မှပဲ မပြောင်းလဲသော မြင်ကွင်းမှာ နောက်ဆုံးတော့ စတင်ပြောင်းလဲလာသည်။ မျှော်မဆုံးသည့် ထင်းရှူးတောမှာ ရုတ်ချည်း လမ်းပွင့်လာပြီး သူတို့လျှောက်လာနေသော လမ်းငယ်မှာ တောင်ခြေရှိ ပိုကျယ်သော လမ်းကျယ်တစ်ခုနှင့် ချိတ်ဆက်သွားသည်။ လမ်းဘေးတွင် ကျောက်တိုင်တစ်တိုင် စိုက်ထူထားတာတွေ့လိုက်ရသည်။

ကျောက်တိုင်၏ တစ်ဖက်မှာ ရေးထားတာက - ကျီးမင်တောင်*

နောက်တစ်ဖက်မှာ ရေးထားတာက - ရှေ့သို့ မီတာ ၁၀၀

(T/N *鸡鸣山麓: နာမည်အတိုင်းပဲ ကြက်/ကြက်ဖ အော်သံတောင်လို့ အဓိပ္ပါယ်ရတယ်)

ကျီးမင်တောင် ဟူသောနာမည်မှာ သူတို့ကို မုဆိုး၏သစ်သားအိမ်ရှိ တံခါးများတွင် ချိတ်ဆွဲထားသော ကြက်သေများကို သတိရစေသည်။ ယင်းမှာ သူတို့အခုလေးတင် ဆင်းလာခဲ့သောတောင်ကို ရည်ညွှန်းထားသည်မှာ အသေအချာပင်။

ရှေ့သို့ မီတာ ၁၀၀ ဆိုသည့် ဆိုင်းဘုတ်မှာမူ လမ်းကျယ်ဘက်ဆီသို့ ညွှန်ပြနေလျက်...

ဆီးနှင်းနှင့် မြူခိုးများက သူတို့မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် မည်သည်ကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။

"ရှေ့သို့ မီတာ ၁၀၀ ဆိုတာက ဘ-ဘာ-ဘာကို ဆို-ဆိုလိုချင်တာလဲ။ ကျောက်တိုင်အောက်ပိုင်းက နှင်းထဲမှာ မြုတ်- မြုတ်နေတာလား" ယွီဝမ်၏ နှုတ်ခမ်းများမှာ တဆတ်ဆတ်တုန်ယင်နေလေသည်။ သူက အေးလွန်းလို့ စကားများပင် ထစ်နေတော့သည်။

သူက လက်နှစ်ဖက်စလုံးကို အိတ်ကပ်ထဲထည့်၍ လျှောက်လာပြီး ပြန်မထုတ်ချင်သည့်အတွက် ကျောက်တိုင်ပေါ်က နှင်းများကို သူ့ဖိနပ်ဖြင့် ယက်ချလိုက်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now