အခန်း ၄၉: ယုန်ကင်

329 82 14
                                    

အခန်း ၄၉: ယုန်ကင်

သည်ကျွန်းပေါ်ရှိ ကျောက်တန်းများသည် အလွန်ကျယ်ပြော၏။

မြင့်မားသော ကျောက်တန်းများသည် လူတစ်ကိုယ်ဝင်စာမျှသာရှိသော ကြားနေရာငယ်များသာ ဖြစ်ပေါ်နေကာ အစီအစဉ်မကျအောင် တည်ရှိနေသည်။

သို့ရာတွင် ဖြေဆိုသူများမှာ ဘယ်သောအခါမှ ထိုနေရာသို့ မသွားကြပေ။

ပထမအချက်က ချွန်ထက်သော ကျောက်ဆောင်များနှင့် အေးခဲနေသော မြေပြင်သည် ထိုနေရာကို အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်စေသည်။

ထို့ပြင် ဒုတိယအချက်က ထိုကြားနေရာငယ်များကို ဖြတ်၍ တိုက်ခတ်လာသော လေသည် သူတို့ဦးနှောက်များကို အေးခဲသွားအောင် လုပ်နိုင်သည်။ ထိုမျှပင်မကသေး လေချွန်သံကဲ့သို့ ထွက်နေလေရာ သရဲခြောက်ခံရသည့်အသံနှင့် တူနေသည်။

ကြောက်တတ်သောသူများဆိုလျှင် သေးထွက်ကျလောက်သည်။

သို့ရာတွင် ယခုအချိန်တွင် အရပ်မြင့်မားသောလူရိပ်နှစ်ရိပ်သည် ကျောက်တန်းများကို ဖြတ်၍ တိုးထွက်နေကြသည်----

ထိုသူများမှာ တီးလီနှင့် သူ့အဖော် လီကော ဖြစ်သည်။

သူတို့နှစ်ယောက်သည် အနည်းငယ် OCD (obsessive-compulsive disorder) ဖြစ်ပုံရသည်။ ထို့အပြင် သူတို့၏ ထိုဉာဉ်သည် လူတစ်ယောက်ကို ရှာဖွေနေသောအချိန်တွင် အထူးသဖြင့် သိသာနေသည်---

သူတို့ဟာ လမ်းကြောင်းတိုင်းကို အနည်းဆုံး တစ်ကြိမ်မျှတော့ သေချာပေါက် ဖြတ်လျှောက်ချင်ကြသည်။ အကယ်၍ သူတို့သာ တစ်ခုခုကို ကျော်သွားခဲ့လျှင် တစ်လျှောက်လုံး စိတ်ကသိကအောက် ခံစားနေရလိမ့်မည်။

ဤသို့နှင့် သူတို့သည် နောက်ဆုံး ဤနေရာကဲ့သို့ သောက်ကျိုးနည်းနေရာတွင် ရောက်နေကြသည်။

သူတို့(ချင်ကျိုးနှင့်ယိုဟော့)ကို တတ်နိုင်သမျှ မြန်မြန်ရှာတွေ့စေရန် နှစ်ယောက်လူခွဲ၍ ရှာကြသည်။

တစ်ယောက်ချင်းစီသည် ကျဉ်းမြောင်းသော ကြားနေရာကို ဖြတ်ကာ ကျောက်တန်းဆီသို့ မရမကတိုးဝင်လိုက်ကြသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeTahanan ng mga kuwento. Tumuklas ngayon