အခန်း ၁၀: ဝိုင်ခွက်

557 89 7
                                    

အခန်း ၁၀: ဝိုင်ခွက်

မေးခွန်း အသစ်ဖြစ်သွားတာကို မြင်ပြီးနောက် အားလုံးက တုန်လှုပ်ချောက်ချားနေစဉ်မှာပဲ သစ်သားအိမ်လေးထဲတွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်.....

သစ်သားပြားတစ်ချပ်အပေါ်မှာ လက်သည်းချွန်များဖြင့် ခြစ်ကုတ်နေသည့် အသံမျိုးဖြစ်သည်။

"ဘယ်- ဘယ်သူလဲ"

အားလုံး ဆံပင်မွှေးများထောင်သွားသည်။ သူတို့က အသံ၏ လာရင်းဇာစ်မြစ်ကို လှည့်ပတ်ရှာနေကြ၏။

ဤကြောက်စရာကောင်းသော အခင်းအကျင်းတွင် မည်သူမျှ အုပ်စု၏ အဝေးတွင် မနေရဲကြချေ။ ထို့ကြောင့် လက်ရှိနေရာတွင် နေရင်းဖြင့်သာ ရှာနိုင်ကြသည်။

မကြာခင်မှာပဲ လူတစ်ယောက်က အသည်းအသန် အော်ဟစ်လိုက်သည် "အနောက်မှာ... အဲဒါ ငါ့အနောက်မှာ...ကူညီကြပါဦး..."

အော်ဟစ်အကူအညီတောင်းသူမှာ ထိပ်ပြောင်နှင့်လူဖြစ်သည်။

သူက အခြားသူများနှင့်လာပေါင်းဖို့ အဖြေနံရံရှိရာသို့ ရွှေ့ မလာသော တစ်ဦးတည်းသောသူလည်းဖြစ်သည်။

တစ်ချိန်လုံး ထမင်းစားပွဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့ခြင်းဖြစ်သည်။ သူ့လည်ပင်းမှ အောက်အထိ အကြောသေနေသည့်နှယ် သူက သူရွေးချယ်ထားသော ထိုင်ခုံတွင်သာ ပုံလျက်သား ဆက်ထိုင်နေခဲ့ခြင်းဖြစ်သည်။

ထိပ်ပြောင်နှင့်လူက စောစောက မုဆိုး A ကြောင့် ကြောက်လန့်ပြီး မေ့လဲသွားခြင်း ဖြစ်သော်ငြား ယခုတွင်တော့ ကုတ်ခြစ်သံများကြောင့် ကြောက်လန့်ပြီး နိုးလာခြင်းဖြစ်သည်။

သူ့မျက်နှာတစ်ခုလုံး မျက်ရည်နှင့် နှပ်များ စိုရွှဲလျက် အထိတ်တလန့်ဖြင့် အော်ဟစ်အကူအညီတောင်းနေရှာသည်။ "ငါ့အနောက်မှာ.. ကူညီပါ.. ငါ့ကိုကယ်ကြပါဦး..ကျေးဇူးပြုပြီး"

"ဒါပေမဲ့ ရှင့်နောက်မှာ ဘယ်သူမှ မရှိဘူး..." ယွီယောက်က တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်တယ် ဘယ်သူမှ မရှိဘူး..."

ယင်းကို ထိပ်ပြောင်နှင့်လူ ကြားသောအခါ ပို၍ပင် ပြင်းပြင်းထန်ထန်ငိုကြွေးတော့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeTempat cerita menjadi hidup. Temukan sekarang