အခန်း ၃၅: ဖြေဆိုသူအသစ်

399 87 8
                                    

အခန်း ၃၅: ဖြေဆိုသူအသစ်

ယွီယောက်သည် နောက်ပိုင်းတွင် အကြောင်းအရာအများကြီး ပြောပြခဲ့ပြီး အားလုံးလည်း သူမပြောစကားမှ အချက်အလက်အချို့ ရလိုက်ကြသည်။

စာမေးပွဲအကြောင်းအရာများမှာ အမျိုးအစားစုံလင်လှသည်။ ရှေးခေတ် သို့မဟုတ် ခေတ်သစ်အကြောင်းလည်းဖြစ်နိုင်သလို တရုတ် သို့မဟုတ် နိုင်ငံရပ်ခြားမှအကြောင်းလည်းဖြစ်နိုင်သည်ဟု သူမက ဆိုသည်။

စာမေးပွဲတစ်ခုချင်းစီသည် ဘာသာရပ်တစ်ခုခုနှင့် ဆက်နွယ်လျက်ရှိသည်။ စစ်ဆေးမည့် အသိပညာခြင်းရာမှာ သိပ်မခက်ခဲတာလည်း ဖြစ်နိုင်ပြီး အလွန်ပင် ရိုးရှင်းနေနိုင်သေးသည်။ သို့သော် စနစ်သည် လူကို သတ်ပစ်နိုင်လောက်အောင် အမြဲတစေ လှည့်ကွက်တစ်ခုခုကိုသုံးလိမ့်မည်ဖြစ်သည်။

မတူညီသောစာမေးပွဲစင်တာများသည် မတူညီသော ဖြေဆိုသူအရေအတွက်ကို လက်ခံနိုင်သည်ဖြစ်လေရာ လူတစ်ယောက်နှင့်အတူ အသင်းသားဖြစ်လာနိုင်ခြင်းသည် ကံတရားပေါ်တွင် မူတည်ပေလိမ့်မည်။

bug တစ်ခုဖြစ်သည့်အလျောက် ယွီယောက်တစ်ယောက်သည်သာ လွတ်လပ်သော ဖြေဆိုသူဖြစ်ပြီး သူမဖြေဆိုမည့်စာမေးပွဲကို ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသည်။

ထို့ကြောင့်ပင် သူမသည် ထိပ်ပြောင်နှင့်လူနှင့်အတူတူ ရူပဗေဒစာမေးပွဲကို ဖြေဆိုနိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဘာသာစကား ဖြေဆိုရန် ယိုဟော့၊ ယွီဝမ်တို့နှင့်အတူတူ စင်တာတစ်ခုတည်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သူမသည် သူမ၏ စက်ချို့ယွင်းချက်ဟူသော အခြေအနေကို အသုံးချ၍ အသင်းသားများကို ကူညီနေခဲ့သော်လည်း သိသိသာသာတော့ မလုပ်ခဲ့ပေ။

ဥပမာ ချားစ်ရွာတွင်...

"အဲဒီသရဲခြေလက်တွေမှာ ထူးခြားတဲ့အမူအကျင့်တွေရှိတယ်" ဟု ယွီယောက်က ဆိုခဲ့သည်။

အကယ်၍ အရုပ်ချုပ်ခဲ့သောသူရော မချုပ်ခဲ့သောသူပါ ရှိနေမည်ဆိုလျှင် သူတို့က ချုပ်ခဲ့သောသူကို ဦးစားပေးလိမ့်မည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_Unicodeحيث تعيش القصص. اكتشف الآن