အခန်း ၉၉: နောက်ကျမှ ဆိုက်ရောက်ခြင်း

271 64 9
                                    

အခန်း ၉၉: နောက်ကျမှ ဆိုက်ရောက်ခြင်း

ကျောက်ကျားထုံသည် ယခင်က ကျောင်းသားကောင်းကတ်ကို မသုံးဖူးလေရာ ထိုကတ်ကို အသုံးပြုခြင်း၏ "နောက်ဆက်တွဲဆိုးကျိုး" များအကြောင်း မသိပေ။

ယိုဟော့နှင့် ချင်ကျိုး ပြန်ရောက်လာပြီး ဟိုတယ်တံခါးကို ဖြတ်ဝင်လာသည်နှင့် မန်နေဂျာ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပဲ ပထမထပ်သို့ ဓာတ်လှေကားတစ်စီးသည် ဆိုက်လာသည်။ ယန်ရှုးသည် ဓာတ်လှေကားအတွင်းမှ စိတ်ရှုပ်နေသော မျက်နှာပေးနှင့် အိတ်ကိုလွယ်ရင်း ထွက်လာ၏။

ယိုဟော့နှင့်ချင်ကျိုးကို တွေ့သောအခါ သူ့နံဘေးမှ အစောင့်ကို ညွှန်ပြရင်း ဆို၏။ "ရှင်တို့ အချိန်မီလေး ရောက်လာတာပဲ။ သူတို့က ကျွန်မတို့ အခုပဲ နောက်စာမေးပွဲတစ်ခုကို ဖြေရမှာမို့ အထုပ်တွေ သိမ်းဖို့ ပြောနေတယ်။ နောက်နေတာများလား"

"အခုလား" ချင်ကျိုးသည် အံ့အားသင့်သွား၏။

မန်နေဂျာက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ အခုပါ"

ယိုဟော့ ပထမဆုံးတွေးမိသည်မှာ သူတို့ စနစ်ကို နောက်တစ်ဖန် ဒေါသထွက်အောင် လုပ်မိသောကြောင့် တစ်ဖက်လူသည် အဆုံးတွင် လက်တုံ့ပြန်ချင်စိတ်ကို မထိန်းထားနိုင်တော့ဟူ၍ ဖြစ်သည်။

သို့သော် မန်နေဂျာသည် ဧည့်ကြိုစားပွဲမှ မှတ်ပုံတင်စာအုပ်ကို ကောက်ယူလိုက်ပြီးနောက် ဆိုလာသည်။ "အရင်က အဖွဲ့လိုက် မှတ်ပုံမတင်ဖူးဘူးလား"

"အင်း" ယိုဟော့က ခေါင်းညိတ်ပြသည်။ "အရင်ကလည်း အဖွဲ့ဖွဲ့ရင် စာမေးပွဲကို ရှေ့တိုးတာပဲလား"

"အမြဲတမ်းတော့မဟုတ်ဘူး" မန်နေဂျာသည် ရေတစ်ငုံ သောက်လိုက်ပြီးနောက် စားပွဲအောက်မှ သတိပေးစာတစ်စောင်ကို ထုတ်လိုက်သည်။ "ဒါက ကျွန်တော့်အတွက်လည်း ပထမဆုံးပဲ၊ ခင်ဗျားတို့သာ မလုပ်ခဲ့ရင် ကျွန်တော်လည်း အဖွဲ့ဖွဲ့နိုင်တဲ့အစွမ်းအကြောင်း မေ့တောင်မေ့နေလောက်ပြီ။ ဒီမှာ-- ကျွန်တော်တို့ ဒါကို အခုလေးတင် ရထားတယ်"

ယိုဟော့သည် ယူလိုက်ပြီးနောက် ပါဝင်အကြောင်းအရာတို့ကို ဖတ်ကြည့်လိုက်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now