အခန်း ၇၇: အိပ်ရာထက်မှလူ

364 61 5
                                    

အခန်း ၇၇: အိပ်ရာထက်မှလူ

"လခွမ်း ငါရေသီးတော့မလို့"

ကောင်းချီသည် သူ့အင်္ကျီလက်ဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီးနောက် ခန်းဆီးနောက်ကွယ်မှ ထွက်လာ၏။

ချင်ကျိုးသည် ကုတ်အင်္ကျီကို သယ်လျက် အခန်းထဲသို့ ပေါ့ပေါ့ပါးပါး ဝင်လာပြီးနောက် အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။

သူက ယိုဟော့ရှေ့တွင် ရပ်ကာ ကောင်းချီကို ငဲ့ကြည့်လိုက်၏။

ယိုဟော့သည် သူ့အကြည့်သွားရာနောက်ကိုလိုက်၍ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ကောင်းချီသည် သူမှောက်ထားသည်များကို တဘတ်နှင့်သုတ်နေရင်း ချောင်းဆိုးနေသည်။ သူ့လှုပ်ရှားမှုမှဖြစ်လာသည့် လေသည် မီးအိမ်အတွင်းမှ မီးတောက်ကို တဖျပ်ဖျပ်လှုပ်သွားစေသည်။ ထို့ကြောင့်ပင် အခန်းသည် မှိန်သွားလိုက် လင်းလာလိုက်ဖြစ်နေ၏။

ယိုဟော့ အနောက်သို့လှည့်ကြည့်လိုက်သောအခါ ချင်ကျိုးနှင့် အကြည့်ချင်းဆုံသွားလေသည်။

တစ်ဖက်လူသည် ရုတ်တရက် နှာမှုတ်သံပြုကာ လှောင်လိုက်သည်။ ယင်းမှာ ညင်သာတိုးညင်းသော နှာမှုတ်သံဖြစ်သည်။

ထိုအပြုအမူမှာ သူသည် အမှန်တကယ်ပင် ဘေးသို့စွန့်ပစ်ခံလိုက်ရသော ချစ်သူတစ်ဦးအလားပင်။

ခန်းဆီးနောက်ကွယ်တွင် ကောင်းချီသည် နောက်တစ်ဖန် အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီးနောက် စားပွဲကို ဂရုတစိုက် သုတ်နေသည်။

အသံသည် မကျယ်လွန်းသော်လည်း ထိုအခိုက်တွင် အနည်းငယ် ဆူညံနေသလို ခံစားရသည်......

"ဟ မင်းက တကယ်ကြီး အဲဒီမှာ အကျအနကို ရပ်နေတာပဲ" ကောင်းချီက ရုတ်ခြည်း ပြောလာသည်။

ယိုဟော့သည် အကြည့်ချင်းဆုံနေရာမှ လွှဲလိုက်၏။

"ဘာ ရပ်တာလဲ"

သူက ခန်းဆီးဆီသို့ လှမ်းကြည့်လိုက်သည်။

သန့်ရှင်းပြီးသွားသော ကောင်းချီသည် ခန်းဆီးအနောက်မှ ထွက်လာသည်။ သူ့လက်ထဲတွင် တဘတ်တစ်ထည်ကို ကိုင်ထားလျက် ချင်ကျိုးကို မေးဆတ်ပြလိုက်သည်: "ငါက သူ့အကြောင်းပြောနေတာ။ သူက တကယ် ကျကျနန ဝင်လာတာပဲလို့"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now