အခန်း ၆၉: မေ့မရသော ညနေခင်း

367 68 7
                                    

အခန်း ၆၉: မေ့မရသော ညနေခင်း

၎င်းက ဗီလာတစ်ခုဖြစ်သည်။ အတွင်းအပြင်အဆင်ကို အဖြူ၊ အပြာရင့်နှင့် ခဲရောင်တို့ကို ရောစပ်၍ အဓိကဖွဲ့စည်းထားသည်။ ၎င်းမှာ ရိုးရှင်း၍ သန့်ရှင်းနေသည်။

ယိုဟော့သည် သူ့ကိုယ်သူ လှေကားမှ အောက်သို့ဆင်းလာနေသည်ကို မြင်မက်နေသည်....

သည်နေရာသည် အလွန် ထူးဆန်း၏။

၎င်းသည် သူနိုင်ငံခြားတွင်နေစဉ်အခါက ယာယီတည်းခဲ့သော နေရာလည်း မဟုတ်သလို တရုတ်ပြည်တွင် နေစဉ်က နေရာလည်း တစ်ခုမျှ မဟုတ်ပေ။

ဆေးရုံလည်း မဟုတ်၊ စစ်သင်တန်းကျောင်းလည်း မဟုတ်သလို လောင်ယွီနှင့်ယွီဝမ်၏ အိမ်လည်း မဟုတ်ပေ....

တိုတိုတုတ်တုတ်ပြောရလျှင် သူမှတ်မိသောနေရာ မဟုတ်ပေ။

သို့သော် သူထိုနေရာတွင် ရပ်နေစဉ် ရင်းနှီးနေသလိုလိုနှင့် မရင်းနှီးသော ခံစားချက် နှစ်ခုစလုံးကို ခံစားခဲ့ရ၏———

သူသည် ဘယ်ထောင့်ချိုးတွင် ကွေ့ရမည်၊ ဘယ်အခန်းကို သွားနေသည်နှင့် သည်အိမ်၏ ဖွဲ့စည်းပုံကို သိနေပုံရသည်။

သူ့လှုပ်ရှားမှုတိုင်းသည် သည်နေရာ၏ ပိုင်ရှင်အလား ပြုမူနေ၏။ အရာအားလုံးသည် ရင်းနှီးနေသလို ခံစားရသည်။

သို့သော် ဤနေရာမှ သူ့ပိုင်ဆိုင်မှုဟူသော ခံစားချက်မျိုး နည်းနည်းမှ မခံစားရပေ၊ ထို့ကြောင့် အစိမ်းသက်သက်ခံစားချက်ကိုလည်း ပေးနေပြန်သည်။

ဤနေရာသည် သူ စာမေးပွဲခန်းစောင့် A ဘဝက နေခဲ့သောနေရာ ဖြစ်နိုင်လောက်သည်ဟု ခန့်မှန်းလိုက်သည်။

သည်အိမ်သည် စာမေးပွဲခန်းစောင့်များစီရင်စု အတွင်းမှ တစ်နေရာရာတွင် တည်ရှိတာဖြစ်နိုင်ပြီး သူ သည်နေရာကို မနှစ်သက်ပေ။

သို့သော် ထိုအခြင်းအရာမှာလည်း ပုံမှန်သာဖြစ်သည်။ မည်သူက ဤကဲ့သို့နေရာမျိုးကို အိမ်အဖြစ် ယူဆပါမည်နည်း။

အပြင်ဘက်တွင် မှောင်စပျိုးလာပြီ။ နေဝင်သွားပြီဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now