အခန်း ၅၈: ဒီညအတွက် မီနူးအပြောင်းအလဲ

373 68 8
                                    

အခန်း ၅၈: ဒီညအတွက် မီနူးအပြောင်းအလဲ

သည်ကုန်သင်္ဘောစုက လုပ်ကိုင်လာတာ နှစ် ၁၀၀ နီးပါးရှိနေပြီလို့ ကပ်ပတိန်က ပြောသည်။ သည်ဟာက ဘုရားသခင်လည်း ကောင်းချီးပေးထားသည့် သဘာဝဘေးအန္တရာယ်နှင့် ကြုံလေ့ကြုံထရှိသော ရှေးဟောင်း သင်္ဘောစုတစ်ခု ဖြစ်သည်။

"အချိန်အကြာကြီး ငါတို့တွေက အမြဲလိုလို ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုကို ဆွဲကိုင်ထားကြတယ်——— ကုန်ပစ္စည်းတွေက ကုန်းမြေကို ပြန်သွားပြီး၊ လူသားတွေက ပင်လယ်အောက်ခြေကို ပြန်သွားကြတယ်" ဒုခေါင်းဆောင်က ဆိုသည်။

"ကုန်ပစ္စည်းတွေက ကုန်းမြေကို ပြန်တယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ လူသားတွေက ပင်လယ်အောက်ခြေကို ပြန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...." ကျောင်းသားကောင်း တီးလီက စိတ်အရင်းခံဖြင့် မေးလိုက်သည်။ သူအမှန်စင်စစ် နောက်ကတစ်ဝက်သည် အလွန် ဥပါဒါန်သင့်စေသည်ဟု ခံစားလိုက်ရသည်။

"သင်္ဘောသားတွေက သူတို့တစ်ဘဝလုံးကို ပင်လယ်မှာပဲ ကုန်ဆုံးကြတယ်။ ကုန်ပစ္စည်းတွေ ပို့ဆောင်ရင်းနဲ့ တစ်ခုခုဖြစ်သွားခဲ့ရင် ပင်လယ်အောက်ခြေကို ပြန်သွားရမှာ မဟုတ်ဘူးလား" ဒုခေါင်းဆောင်က ဆိုသည်။

ကပ်ပတိန်နှင့် ဒုခေါင်းဆောင်သည် အတူတူ အလုပ်လုပ်ကိုင်လာသည်မှာ အလွန်ကြာမြင့်ခဲ့ပြီဖြစ်လေရာ သူသည်လည်း တရုတ်စကားကို မတောက်တခေါက်တော့ သင်ယူထားသည် —— သူက နားလည်နိုင်သော်လည်း စကားပြောနိုင်စွမ်းမှာ အလွန်အားနည်းသည်။

ဒုခေါင်းဆောင်၏ စကားလုံးများကို ကြားတော့ သူ့ဘေးမှ ကပ်ပတိန်က စကားတစ်လုံးတည်းဖြင့် ဖြတ်ပြောလိုက်သည်: "ရိုမန်"

ဒုခေါင်းဆောင်: "......."

တီးလီ: "ဟမ်"

ကပ်ပတိန်က သူ၏ ဒဏ်ရာရနေသော လက်ကို ဝှေ့ယမ်းလိုက်ကာ အဓိပ္ပာယ်မဲ့သောစကားအချို့ကို ထပ်ပြောလာသည်။

ဒုခေါင်းဆောင်သည် သူ(ကပ်ပတိန်)၏ တရုတ်စကားအဆင့်ကို အထင်သေးခြင်းကို ပြသဖို့ မျက်လုံးများကို လှန်လိုက်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now