အခန်း ၁၃၉: လိုအပ်ချက်များကို အစပျိုးခြင်း

246 38 4
                                    

အခန်း ၁၃၉: လိုအပ်ချက်များကို အစပျိုးခြင်း

သင်္ချိုင်းနဲ့ မနီးမဝေးတွင် ယိုဟော့နှင့် အဖွဲ့အတွက် ယခုတင် နားနေစခန်းဖြစ်သွားသော 'ဗီလာငယ်' တစ်လုံးရှိသည်။ သူတို့၏ ပြစ်မှုကျူးလွန်သူများ ဟူသော သရုပ်ကို အားဖြည့်ပေးရန်အတွက် ထိုနေရာကို သူတို့၏ ပုန်းခိုရာနေရာအဖြစ် သုံးနေကြသည်။

ဤနေရာသည် အမှန်စင်စစ် သင်္ချိုင်းငယ်အတွက် ပြခန်း ဟောခန်းမတစ်ခု ဖြစ်၏။ ဒုတိယထပ်တွင်ရှိသော ရိုးရှင်းသည့် ကော်ဖီဆိုင်နှင့် ပြတင်းပေါက်ဘေးရှိ ထိုင်ခုံများကြောင့် ထိုနေရာသည် သူတို့အတွက် အပြင်ဘက်မှ အခြေအနေကို မျက်စိဒေါက်ထောက်ကြည့်နေရန် အလွန်သင့်တော်သောနေရာဖြစ်သည်။

ပထမထပ်မှာမူ အလွန်ထူးဆန်းသည်။ နံရံလေးဖက်လေးတန်လုံးတွင် ဓာတ်ပုံများ အကြီးအသေးစုံလင်စွာ ဖုံးလွှမ်းထားပြီး တံခါးအနီးတွင် ဆိုင်းဘုတ်တစ်ခုချိတ်ဆွဲထားသည် - ဒီနေရာတွင် မည်သူကိုမဆို အထိမ်းအမှတ်အဖြစ် အမှတ်တရချိတ်ဆွဲနိုင်သည် ဟူ၍ဖြစ်သည်။

ဓာတ်ပုံဘောင်များမှာ အကုန်လုံး အနက်ရောင်ဖြစ်ပြီး ဓာတ်ပုံများမှာ ကွယ်လွန်ပြီးမှရိုက်ထားသော ဓာတ်ပုံများဖြစ်သည်။ ဤမြို့ထဲတွင် ကွယ်လွန်သွားသော လူပေါင်းသောင်းချီရှိပြီး ထိုသူများအားလုံး ဤနေရာတွင် ချိတ်ဆွဲပြသထားခြင်း ခံရပုံရသည်။ အားလုံးသည် တူညီသော တန်းစီနေသောလိုင်းတစ်လိုင်းမှ ထွက်လာသကဲ့သို့ အသက်ကင်းမဲ့နေကြသည်။

ဤနေရာသို့ ပထမဆုံးဝင်လာစဉ်က ကျောင်းသားများသည် နောက်လှည့်၍ ထွက်ပြေးလုနီးပါးပင်။

သို့သော် အဆုံးတွင်တော့ သူတို့ ဤနေရာကို သူတို့၏ 'ပုန်းအောင်းရာအရပ်' အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသေးသည်။ အဘယ့်ကြောင့်ဆိုသော် မြေအောက်တွင် မြို့ထဲမှ မှန်လူသားများကို ထိန်းသိမ်းထားနိုင်လောက်အောင် ကြီးမားသည့် သိုလှောင်ခန်းတစ်ခုရှိသောကြောင့်ဖြစ်၏။ သူတို့ဖမ်းမိသမျှသူအားလုံး ထိုနေရာတွင် ပစ်သွင်းခြင်းခံထားရသည်။

သာမန်မြို့သူမြို့သားများမှာ ဤနေရာအနီးအနားသို့ လာမည်မဟုတ်သလို ဖြေဆိုသူများသည်လည်း ဝင်မလာရဲပေ။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now