အခန်း ၃၃ : အမျိုးအမည်မသိရသော ပြစ်ဒဏ်

429 84 7
                                    

အခန်း ၃၃ : အမျိုးအမည်မသိရသော ပြစ်ဒဏ်

ဤအချိန်တွင် အားလုံး၏ စာမေးပွဲစောင့်အပေါ်ထားသော သဘောထားအမြင်မှာ ပြောင်းလဲသွားပြီဖြစ်သည်။ ပြောရကြေးဆိုလျှင် မစ္စတာ 001 သည် အခုလေးတင် စာမေးပွဲစင်တာကို ဖျက်ဆီးပြီး သူတို့အသက်ကိုပင် ကယ်တင်လိုက်သေးသည်။ သူတို့အမြဲတမ်း ထင်ထားသည်မှာ ချင်ကျိုးသည်လည်း စနစ်နှင့် ထပ်တူညီပြီး သူ့ကို သူတို့နှင့် ဆန့်ကျင်ဘက်ခြမ်းမှအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

သို့တိုင် ယခုတွင်မူ.... ထိုသို့မဟုတ်တော့သည့်နှယ်ပင်။

အနည်းဆုံးတော့ လုံးဝဆန့်ကျင်ဘက်တော့လည်း မဟုတ်ပါပေ။

စာမေးပွဲစောင့်ပါ အပြစ်ဒဏ်ခတ်ခံရသည်အထိ ဖြစ်သွားမည်ဟု မမျှော်လင့်ထားပေ။ သူတို့သည် ဤအဖြစ်အပျက်ကြောင့် အလွန်အံ့အားသင့်သွားကြသည်။

သို့ရာတွင် စနစ်သည် သူတို့ကြားမှ အတွင်းရေးကိစ္စဟု သတ်မှတ်သည့်ပုံရသည်။ ထိုအကြောင်းအရာကို ဆက်၍ အသေးစိတ် ရှင်းလင်းဖွင့်ချပြရန် စိတ်ကူးလုံးဝမရှိပါချေ။

ထိုကျီးကန်းများသည် သူတို့ပါးစပ်များကို အတူတူ ဖွင့်ဟလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

(အမှတ်နှုတ်ပြီးနောက် ရမှတ်စုစုပေါင်းက ဒီစာမေးပွဲရဲ့ ပျမ်းမျှရမှတ်ထက် မြင့်နေပါသေးတယ်။)

(ဆုလာဘ်: ဖြေဆိုသူယိုဟော့မှာ ကံစမ်းခွင့် အခွင့်အရေးတစ်ခု ရရှိထားပါသည်။)

နောက်ဆုံးစာမေးပွဲမှ ရလဒ်များကိုပါ ထည့်သွင်းစဉ်းစားကြည့်လျှင် ဆုလာဘ်များသည် ရမှတ်စုစုပေါင်းသည် ပျမ်းမျှရမှတ်၏အထက်ဖြစ်လျှင်ဖြစ်စေ သို့မဟုတ် ထူးချွန်ပြောင်မြောက်သော လုပ်ဆောင်ချက်ရှိလျှင်ဖြစ်စေ ဆုလာဘ်ပေးသည်နှင့်တူသည်။

ဆုချီးမြှင့်ခံရသောဖြေဆိုသူသည် စာမေးပွဲအတွင်း အမှတ်အများဆုံးရရှိသူဖြစ်လိမ့်မည်။ သည်တစ်ခေါက်တွင် ယိုဟော့သည် ရွာသားများထံ လက်ဆောင်ဝေပေးခြင်းအားဖြင့် ၉ မှတ်ရခဲ့သောကြောင့် အလိုအလျောက်ပင် ဆုလာဘ်ရသောသူဖြစ်သွားသည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now