အခန်း ၁၃၄: လောင်ယွီ

213 41 6
                                    

အခန်း ၁၃၄: လောင်ယွီ

ချင်ကျိုးသည် ယိုဟော့၏ လက်ဖဝါးခလယ်ကို လက်ချောင်းဖြင့်ကုတ်ခြစ်လိုက်၏။

သူက အညိုရောင်ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီးနောက် အတွင်းမှ ဓာတ်ပုံကို ဝူလိထံသို့ ကမ်းပေးလိုက်သည်။ "သုတေသနအဖွဲ့ရဲ့ အုပ်စုဓာတ်ပုံကို မြင်လိုက်တယ်လို့ မင်းပြောတယ်နော်၊ အဲဒါ ဒီလူတွေလား"

ဝူလိက ယူလိုက်ပြီးနောက် တစ်ချက်မျှ ကြည့်လိုက်ရုံနဲ့တင် အံ့အားသင့်စွာ ပြောလာသည်။ "ဒါကို ဘယ်ကရတာလဲ"

"မစ္စတာလီ ပေးတာ" ချင်ကျိုးက ဆိုသည်။ "ဆိုတော့ အဲဒီသုတသေနပညာရှင်တွေက တကယ်ပဲ ဒီဓာတ်ပုံထဲလူတွေလို့ ဆိုလိုတာလား"

"သူတို့တင်မကဘူး၊ အများကြီးရှိသေးတယ်၊ ဒီဓာတ်ပုံကတော့ အရေးပါတဲ့သူတွေရဲ့ ဓာတ်ပုံဖြစ်နိုင်တယ်" ဝူလိက သေချာ တစ်ယောက်ချင်းစီကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်ပြီးနောက် သူ့ဦးလေးကို မြင်လိုက်သောအခါ တန့်သွားလေသည်။

"အရေးပါတဲ့သူတွေ..." ချင်ကျိုးက တိုးဖွစွာ ရေရွတ်လိုက်သည်။

"သေချာပေါက် ကျွန်မက မှန်းပြောနေတာပါ.. ဒီလူတွေကိုကျွန်မမှတ်မိတယ်ဆိုတာကလည်း အုပ်စုလိုက်ဓာတ်ပုံတွေတော်တော်များများမှာ သူတို့ပါနေလို့လေ"

ဝူလိ၏လက်က လမ်းတစ်ဝက်တွင် ရပ်သွားသည်။

သူ့လက်ချောင်းသည် မျက်နှာနေရာတွင် မီးကျွမ်းပြီး မီးလောင်ကွက်အပေါက်တစ်ခု ဖြစ်နေသည့်လူတစ်ယောက်နေရာတွင် ရပ်သွားခြင်းဖြစ်သည်။

"ဒါရှင်တို့ လုပ်လိုက်တာမဟုတ်ဘူးမလား"

သူက မေးသည်။

"ဘယ်ဟုတ်မလဲ"

ချင်ကျိုးနှင့် ယိုဟော့သည် 'လီ' ကို ထိုအကြောင်းမေးခဲ့ပြီးဖြစ်ပြီး တစ်ဖက်လူက တွန့်ဆုတ်ခြင်းမရှိဘဲ ဝန်ခံခဲ့သည်။ "ငါလုပ်လိုက်တာ၊ အဲဒီတော့ ဘာဖြစ်လဲ"

သို့သော် ထိုလူက မည်သူဖြစ်သည်နှင့် အဘယ့်ကြောင့် သူ့ကို ဆေးလိပ်မီးဖြင့်ထိုးထားကြောင်းကို မေးသောအခါတွင်မူ လီ သည်ရှုပ်ထွေးနေပြန်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now