အခန်း ၂၂: အုတ်ဂူကျောက်တိုင်

425 71 0
                                    

အခန်း ၂၂: အုတ်ဂူကျောက်တိုင်

"ဟုတ်တယ် ငါမင်းကို အရင်က တွေ့ဖူးတယ်" ရွာသားက ယိုဟော့၏လက်ကို ဖမ်းဆွဲလာသည်။

သူ့လက်ဖဝါးများမှာ ကော်ဖတ်စားသည့်အဖတ်လိုပင် ကြမ်းထော်နေလေသည်။ လက်များမှာ မာကျောသည့်အပြင် အေးခဲနေသည်။

ယိုဟော့က သူ့လက်ကို ပြန်ရုတ်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ သိပ်မကောင်းပါချေ။

"ခင်ဗျားက ကျွန်တော်တို့ကို ဘယ်မှာ တွေ့ဖူးတာလဲ" သူက မေးရင်း လက်ကောက်ဝတ်ကို ခါနေသည်။

ရွာသားက နေရာတွင် မတ်တပ်ရပ်လျက် စက္ကန့်အနည်းငယ် ကြက်သေသေနေ၏။ ထို့နောက် ထိုမေးခွန်းကို မကြားလိုက်သည့်အလား ထပ်ပြောလာသည်။

"ငါတကယ် မင်းကို တွေ့ဖူးတယ်... မင်းကို တွေ့ဖူးတယ်"

"အာ သူကတော့ ဇာတ်လမ်းစလာပြန်ပြီ" အမျိုးသမီးက ဆောက်ကို အောက်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။ "တောင်းပန်ပါတယ်၊ ဒီလူက နည်းနည်းလေး ပြဿနာလေးတွေရှိတယ်"

"ဘာဆိုလိုတာလဲ"

"သူက ဒါသိပ်မကောင်းဘူး" အမျိုးသမီးက သူ့ခေါင်းကို လက်ညှိုးဖြင့်ထိုးပြပြီး ရှင်းပြသည်။ "အဲဒါက ပေါ်လိုက်ပျောက်လိုက်ပဲ၊ ပြန်ထလာတဲ့အခါဆိုရင် လူတွေကို လိုက်ဆွဲပြီး သူနဲ့ရင်းနှီးသလိုပဲ၊ အရင်က တစ်နေရာမှာ တွေ့ဖူးတယ်ဆိုပြီး ပြောတတ်တယ်၊ မဟုတ်ရင်လည်း လျှောက်ပတ်သွားပြီး 'ငါ့ကိုသိလား' 'ငါ့ကိုမှတ်မိလား' ဆိုပြီး လူတွေကို လိုက်မေးနေပြန်ရော"

သူမ စကားပြီးလျှင်ပြီးချင်း ရွာသားက ချင်ကျိုး၏လက်ကို လှမ်းဆွဲကာ အသံတိုးတိုးဖြင့် မေးသည် "မင်းငါ့ကို သိပါတယ်၊ ငါ့ကို မှတ်မိလား"

ချင်ကျိုး : ".........."

အမျိုးသမီးက ဆိုသည် : "တွေ့တယ်မလား၊ အဲဒီလိုမျိုးပဲ"

"သူက ဘယ်လိုလုပ် အဲဒီလိုဖြစ်သွားတာလဲ" ချင်ကျိုးက မေးလိုက်သည်။

အမျိုးသမီးက ခေတ္တခဏ တွေးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည် : "သူက အစကတည်းက ဒီလိုပါပဲ"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now