အခန်း ၁၂၈: ဘောလုံး ဆာဗင်ပေးတဲ့ စက်

216 44 1
                                    

အခန်း ၁၂၈: ဘောလုံး ဆာဗင်ပေးတဲ့ စက်

"မြန်မြန် မြန်မြန်! တံခါးဖွင့်စမ်း!"

"အရမ်းမလောစမ်းနဲ့!အရမ်းလောလေလေ လက်တွေတုန်လာလေလေပဲကွ!

"ငါ တခြားအပေါက်တွေကို သွားကြည့်လိုက်မယ်"

တံခါးကွဲကြေသွားချိန်တွင် ယိုဟော့သည် မြားများကို ရေတွက်၍ သုံးပုံပုံနေခြင်းဖြစ်သည်။ တစ်ဖက်တွင် ချင်ကျိုးကမူ ကောင်တာတစ်ခုတွင် ဒူးလေးကို ပြန်ဆင်ရင်း ထိုင်နေ၏။ သံစပရိန်သည် သူ၏ သွက်လက်စွာလှုပ်ရှားနေသော လက်ချောင်းများကြားတွင် ဟိုသည်ရွေ့နေ၏။

ယိုဟော့သည် ဆူညံသံကိုကြား၍ မော့ကြည့်လိုက်သောအခါ လူတစ်ယောက် လော့ခ်ကို ကြိုးစား၍ကလော်ဖွင့်ဖို့ကြိုးစားနေသောကြောင့် တံခါးမှ တဂျမ်းဂျမ်းမြည်သံဖြစ်ကြောင်းသိလိုက်သည်။

"လုပ်မနေနဲ့တော့! ပြတင်းပေါက်ကနေ ကျော်တက်လိုက်!" နောက်လူတစ်ယောက်က အော်ဟစ်လာသည်။

"အဖွဲ့ဝင်အသစ်တွေ နောက်ဆုံးတော့ ရောက်လာပြီလား" ချင်ကျိုးသည် နောက်ဆုံးအစိတ်အပိုင်းကို နေရာတကျတပ်ဆင်လိုက်ပြီးနောက် အလျင်မလိုဘဲ မော့ကြည့်လိုက်သည်။

ယိုဟော့သည် နောက်ဆုံးမြားကို ကျောပိုးအိတ်အတွင်းသို့ ပစ်ထည့်လိုက်ပြီးနောက် ပြတင်းပေါက်မှတဆင့် ခေါင်းပြူကြည့်လိုက်သည်။ ထိုးထိုးထောင်ထောင်ထွက်နေသည့် ချွန်ချွန်ကတုံးဆံတောက်ကေကို အလွန် ရင်းနှီးနေသည်။

ထိုသူ့မျက်နှာပင်မမြင်ရသေးခင် ယွီဝမ်၏အသံကို အရင်ကြားလိုက်ရသည်။ "ကော_ ကျွန်တော့်မှာ သတင်းကောင်းနဲ့ သတင်းဆိုးရှိတယ်... ဘယ်ဟာကို အရင်နားထောင်ချင်လဲ"

"ဖြေးဖြေး၊ ငါ့မှာ ပစ္စည်းတွေကိုင်လာရသေးတယ်" ခဏနေသော် တီးလီ၏အသံက နောက်ကပေါ်လာသည်။ သူက မကျေမနပ်ပင် တိုင်တောနေသေးသည်။ "ယိုကော ချင်ကော အပေါ်ထပ်က အဲဒီဓားပြတွေက ထွက်ပြေးသွားပြီဆိုပေမဲ့ အရမ်းအလျင်စလိုပြန်သွားတဲ့ပုံပဲ၊ သူတို့ရဲ့ဝှက်ထားတဲ့မြားတံတွေ ကျန်နေခဲ့တယ်"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now