အခန်း ၂၃: အဖတ်စွမ်းရည် မေးခွန်း

362 75 4
                                    

အခန်း ၂၃: အဖတ်စွမ်းရည် မေးခွန်း

ယိုဟော့က မီးတုတ်ကို အလင်းရောင်အရင်းအမြစ်အဖြစ် မြှောက်ကိုင်ပေးထားသည့်အချိန်တွင် ယွီဝမ်သည် အုတ်ဂူကျောက်တိုင်များကို ဓာတ်ပုံရိုက်ယူလိုက်၏။

ယိုဟော့ ရုတ်တရက် သူ့ညာဘက်ခြေထောက်ကို ခပ်ဖွဖွတက်နင်းခံလိုက်ရသည်ကို ခံစားသိရှိလိုက်ရသည့်အတွက် ချင်ကျိုးဘက်သို့ စိတ်ဆိုးမာန်ဆိုး လှည့်ပြောလာသည်။ "ဘာဖြစ်လို့ ငါ့အပေါ်တက်နင်းရတာလဲ"

ချင်ကျိုး: "?"

သူ ငုံ့ကြည့်လိုက်ရာ ယိုဟော့၏ ခြေထောက်ထိပ်ဖျားတွင် အညစ်အကြေးရာအချို့ စွန်းထင်းနေလေသည်။ ယင်းမှာ လောလောလတ်လတ်ဖြစ်သွားပုံပေါက်နေပြီး အခုလေးတင် တက်နင်းခံထားရသည့်ပုံရနေသည်။

ချင်ကျိုးက မော့ကြည့်လိုက်၏။ "ငါက အဲဒီလောက်ပျင်းရိနေလို့လား"

ယိုဟော့: "ဘယ်သူသိမှာလဲ"

အခြားလူများမှာ ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်နေကြသည်ဖြစ်ရာ သူ့နံဘေးတွင် ရပ်နေသော ချင်ကျိုးတစ်ဦးသာလျှင် ထိုသို့ပြုလုပ်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ထို့အပြင် ဤအုပ်စုထဲမှ အခြားမည်သူကများ ထိုသို့အပြုအမူမျိုး လုပ်ရဲပါအ့ံနည်း။

မစ္စတာ 001 ခမျာ အတင်းအကြပ် အပြစ်ရှိသူဖြစ်သွားရသည့်အချိန်မှာပဲ ယွီဝမ်က ထအော်လာသည်။ "ကျွန်တော့်ကို ဘယ်သူကန်လိုက်တာလဲ၊ အခုတော့ ဓာတ်ပုံက ဝါးသွားပြီ"

လောင်ယွီက အလျင်အမြန် ငြင်းဆိုလိုက်သည်။ "ငါမလုပ်ဘူး"

ယွီယောက်သည်လည်း သူမလက်ကို ယမ်းခါပြီး ဆို၏။ "ငါလည်းမဟုတ်ဘူး"

ယွီဝမ်က ရေရွတ်လိုက်၏ "အဖေလည်းမဟုတ် အစ်မလည်းမဟုတ်ရင် ဘယ်သူကျန်သေးလို့လဲ"

..........

အားလုံးက စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားကြပြီး ရုတ်ခြည်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်ကြသည်။

ယိုဟော့သည် မီးဖြင့် သူ့ဘေးပတ်လည်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ့အနားဝန်းကျင်တွင် ပြောင်းလဲမှုအချို့ ဖြစ်ပျက်သွားသည်ကို သတိထားမိလိုက်သည်။ မြေပေါ်တွင် မို့မောက်လာသည့် မြေကြီးပုံအချို့ရှိနေပြီး ယင်းအပေါ်တွင်ရှိနေသော သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ခြောက်များမှာ ဘေးသို့တွန်းဖယ်ခံထားရသည်။ ကြည့်ရသည်မှာ... စက္ကန့်အနည်းငယ်လေး အတွင်းမှာပင် တစ်စုံတစ်ခုက မြေကြီးထဲမှ အပေါ်သို့ တွားသွားလျက် တိုးထွက်သွားသည့်နှယ်ပင်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeDär berättelser lever. Upptäck nu