အခန်း ၁၁၃: မေးခွန်းအသစ်

220 43 10
                                    

အခန်း ၁၁၃: မေးခွန်းအသစ်

ကနဦးစာမေးပွဲခန်းစောင့်များသည် အခြေခံအားဖြင့် အကုန်လုံး စစ်တပ်ထဲမှလာသောကြောင့် ချူယွဲ့ကဲ့သို့သောသူများသည် သည်းခံနိုင်စွမ်းမြင့်မားကြ၏။ တမင်တကာ ဟာသလုပ်ပြီး ပုံကြီးချဲ့ပြောခြင်းသာ မဟုတ်လျှင် ဤကဲ့သို့သော ကိစ္စအသေးအဖွဲသည် ပြဿနာမဟုတ်ပေ။

သို့သော် သူက သက်သောင့်သက်သာမရှိဟု ပြောနေခဲ့ခြင်းဖြစ်လေရာ အမှန်တကယ် အလွန်ကသိကအောက်ဖြစ်နေသောကြောင့်ဖြစ်မည်။

ဒီလိုဆို သူက ဘယ်လောက်တောင် ဗိုက်ဆာနေတာဖြစ်မလဲ???

ယိုဟော့သည် အစက အနည်းငယ် သံသယဝင်နေသော်လည်း နောက်ထပ်နာရီဝက်ပင် မကြာသောအချိန်တွင် ချူယွဲ့အဖြစ်ကို စာနာနိုင်သွားသည်။

အဆိုပါစာနာမှုသည် ရုပ်ပိုင်းဆိုင်ရာခံစားမှုအနေနဲ့ဖြစ်လာခဲ့သည်_ချူယွဲ့၏ ဗိုက်သည် ဆန္ဒပြနေပြီး မကြာမီ သူ့ဗိုက်သည်လည်း အလားတူ သံစုံတီးလာသည်။ ဤနှစ်ယောက်သည် ချင်ကျိုးကို ဝါးလုံးကွဲထရယ်မိအောင် လုပ်ခါနီးပင်။

"ငါ့ဗိုက်က ပူလောင်နေပြီး နည်းနည်းမူးရိပ်ရိပ်ဖြစ်လာတယ်" ချူယွဲ့သည် ဗိုက်ဆာမှုကြောင့် ငြိမ်ငြိမ်ထိုင်မနေနိုင်ဘဲ ဆိုဖာကို ပတ်ချာလည်ပတ်နေသည်။

တစ်ဖက်တွင်မူ ယိုဟော့သည် တိတ်ဆိတ်နေ၏။ သူက ခြေချိတ်လျက် ဆိုဖာပေါ်တွင် ထိုင်နေပြီး အင်အားအနည်းဆုံးသုံးသည့် အခြေအနေသို့ ပြောင်းလိုက်သည်။

ချူယွဲ့သည် စက်ဝိုင်းလိုပတ်နေရင်း ပတ်နေရင်း နောက်တစ်ဖန် မနေနိုင်တော့ဘဲ မီးဖိုချောင်သို့ လှည့်သွား၏။

"အိုး ဟုတ်သားပဲ အဲဒီကြက်သွန်နီတွေ ဘယ်ရောက်သွားလဲ"

ယိုဟော့နှင့်ချင်ကျိုးသည် သူ့ကို အထိတ်အလန့် ကြည့်လာကြ၏။

"မဟုတ်ဘူးလေ ငါပြောချင်တာက.. နင်တို့အကြည့်တွေက ဘာလဲ၊ ငါက အစိမ်းသက်သက်ကြီး ကိုက်စားမို့မဟုတ်ပါဘူး။ ငါသာအခြား တစ်ခုခုရှာတွေ့ရင် အဲဒါနဲ့ တစ်ခုခုချက်လို့ရရင်ရမှာ"

ဤမိန်းကလေးသည် အလွန်ဗိုက်ဆာနေသောကြောင့် ထင်ယောင်ထင်မှားပင် စတင်ဖြစ်လာပြီဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWo Geschichten leben. Entdecke jetzt