အခန်း ၁၀၄: သေဆုံးကြောင်းကြေညာခြင်း

240 54 0
                                    

အခန်း ၁၀၄: သေဆုံးကြောင်းကြေညာခြင်း

ကလေးမလေး၏ မေးစေ့သည် သေးငယ်ကာ ချွန်နေသော်လည်း သူ့ခန္ဓာကိုယ်ကမူ အတော်လေး အသားများသည် (ပြည့်သည်)။

သူ့အရွယ်ကလေးများတွင် အတွေ့များသော အဆီ (baby fat) လည်းရှိနေသေးသောကြောင့် သူ ထိုနားတွင် ရပ်နေချိန်တွင် ဗိုက်သည် အမြဲလိုလို ဖောင်းပွနေသကဲ့သို့ ရှေ့သို့စူထွက်နေတတ်သည်။ လောလောလတ်လတ် အဝအပြဲ စားထားသကဲ့သို့ပင်။

သူစုထားသော မျက်ရည်များအားလုံးသည် ယိုဟော့၏ အပြုအမူကြောင့် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့သည်။ သူက စိတ်ဆိုးမာန်ဆိုး ထွက်ပြေးသွား၏။

ဆယ်လီသည် ရှာလီ ခပ်လှမ်းလှမ်းတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီးမှ အုပ်စုထံသို့ စိမ်းစိမ်းဝါးဝါး ကြည့်လာသည်။

သူ့ညီမကဲ့သို့ပင် သူ့တွင်လည်း ဗိုက်ပူလေးတစ်လုံးရှိသည်။

ယွီဝမ်သည် ဆယ်လီနှင့် အနီးဆုံးတွင် ရပ်နေခြင်းဖြစ်သည်။

သူက ကောင်စုတ်လေးကို ဘေးမှ အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ယိုဟော့ကို တီးတိုးပြောသည်။ "သူ့ကို ကြာကြာကြည့်လိုက်တော့ တော်တော်လေး ချစ်စရာကောင်းတယ်လို့ ပြောရမယ်"

ခဏကြာသော် ထို "ချစ်စရာကောင်းသော" ကလေးသည် အလွန်အံ့ဩစရာကောင်းသောအရာကို လုပ်လိုက်သည်---

သူက အခန်းထဲရှိလူများကို လှည့်ပတ်ကြည့်ပြီးနောက် ရုတ်တရက် သွားရည်များကျလာသည်။

ထိုအပြစ်ကင်းစင်၍ လှပသောမျက်လုံးပြာလေးများနှင့် ယှဉ်ကြည့်လိုက်သော် ယင်းမှာ အတော်လေး အနှောင့်အယှက်ဖြစ်စေသော မြင်ကွင်းပင် ဖြစ်၏။

ဝူလိသည် မျက်မှောင်ကြုတ်နေသည်။

ယန်ရှုး၏ မျက်နှာအမူအရာမှာ စပ်ဆုပ်ရွံရှာသလို စိမ်းပုပ်သွားသည်။

သူဌေးမချူတစ်ဦးသာလျှင် ဆက်ပြီး နောက်ပြောင်နေနိုင်သည်။ "ဘယ်သူကို သွားရည်တွေကျနေတာလဲ"

ဆယ်လီက ထိုစကားကိုကြားသော် သူ့ခေါင်းကို သံဖြင့်ရိုက်လိုက်သကဲ့သို့ ဖြစ်သွား၏။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_Unicodeحيث تعيش القصص. اكتشف الآن