အခန်း ၄၄: အပြန်လမ်း

353 80 6
                                    

အခန်း ၄၄: အပြန်လမ်း

ညသည် မှောင်မိုက်နေ၏။ ပင်လယ်ပြင်အောက်မှ ရေလှိုင်းများသည် လှိုင်းထန်နေသည်။

သင်္ဘောအဖြူလေးသည် ပြန်လှည့်နေပြီဖြစ်သည်။

အကျဉ်းခန်းအပြင်ကို ထွက်လာပြီးနောက် 021 သည် ယိုဟော့ကို ထပ်မံ စကားပြောရန် မကြိုးစားတော့ချေ။

အရာအားလုံးသည် သူတို့ ပထမဆုံး သင်္ဘောပေါ်တက်လာသည့် အချိန်ကလို ပြန်ဖြစ်သွားသည်။

အနှီဆုံးဖြတ်ချက်ပြတ်သားသော အမျိုးသမီးသည် တခြားလူများကို လုံးဝ အာရုံမစိုက်ဘဲ နေကာမျက်မှန်ကြီးတပ်လျက် သင်္ဘောခန်းတစ်လျှောက် ဖြတ်လျှောက်သွားလေသည်။ သူမက အခွင့်အရေးရတိုင်းလိုလို 078 ကို အော်ငေါက်တတ်သေးသည်။

078 သည် သူဘာအမှားလုပ်မိမှန်းပင် မသိပါချေ။

သို့သော် ထိုအမျိုးသမီး၏ ပုံမှန်ဒေါသကို သိသည့်အလျောက် သူက သိပ်များများစားစား မတွေးခဲ့ပေ။

အခြား မည်သူမျှ သတိမထားမိစေဘဲ သူမ၏ နေကာမျက်မှန်မှတဆင့် တိတ်တိတ်လေး ယိုဟော့ထံသို့ မသိမသာ လှမ်းကြည့်သော အခိုက်အတန့်များသာလျှင် ရှိခဲ့၏။

သူမသည် စောစောက အကျဉ်းခန်းတွင် သူမပြောခဲ့သည်ကို ယိုဟော့ ကြားမကြား သိချင်ခဲ့သည်။

သို့သော် သူပြုမူနေသည်ကို ကြည့်မည်ဆိုလျှင် သူ့တွင် ဘာတုံ့ပြန်မှုမျိုးမှ ရှိပုံမရ။

ယိုဟော့သည် ထိုနေရာတွင် 922 ကို စကားပြောနေလေသည်....။

သူက "ထိုနေရာ" အတွက် တာဝန်ရှိသူဖြစ်ပြီး..

922 သည် "စကားပြောဆိုမှု" အတွက် တာဝန်ရှိသူဖြစ်သည်။

"အိုကေ အိုကေ အိုကေ.. ငါ့ကိုကြည့်နေလို့ ဘာမှမထူးဘူး။ ဒီလောက်ကြမ်းတဲ့ လှိုင်းမျိုးနဲ့ သင်္ဘောမလှုပ်အောင် ငါကဘယ်လိုလုပ်ပေးရမှာလဲ" 922 သည် သူ့လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။

"ဒါက စာမေးပွဲခန်းစောင့်တွေရဲ့ နားနေဆောင် မဟုတ်ဘူးလား" ယိုဟော့က ပြောသည်။

"စာမေးပွဲခန်းစောင့်တွေရဲ့ နားနေဆောင်ကလည်း စာမေးပွဲစင်တာရဲ့ ကျန်တဲ့နေရာတွေအတိုင်း ညီတူညီမျှပဲ။ အဲဒီမှာ လှိုင်းထန်ရင် ဒီမှာလဲ လှိုင်းထန်မှာပဲ။ ငါတို့က အထူးအခွင့်အရေးမရထားဘူး"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now