အခန်း ၅၀: စနစ်၏ မူလဇာစ်မြစ်

368 83 14
                                    

အခန်း ၅၀: စနစ်၏ မူလဇာစ်မြစ်

အဖွဲ့နေရာပြန်လည်ပြောင်းရွှေ့ခြင်းသည် သေချာပေါက် မဖြစ်နိုင်ပေ။

078 ၏ လက်ချောင်းသည် စားပွဲထက် ပေါ်နေသော အသိပေးချက်ပေါ်သို့ ခေါက်လိုက်သည်။ "မင်းတို့နှစ်ယောက်က 001 အကြောင်း ပိုသိမှာပေါ့၊ နောက်ပြီး အရင်က ဒီဖြေဆိုသူနဲ့လည်း ဆက်ဆံဖူးတယ်ဆိုတော့ ငါမေးချင်တာက... ၁၅ ရက်ကြာ စာမေးပွဲကာလလေးမှာ သူတို့ ဘယ်နှစ်ခေါက်လောက် စည်းကမ်းချိုးဖောက်နိုင်လဲ"

154: ".... ငါမသိဘူး။ နောက်ပြီး မင်းသိအောင်ပြောရရင် သူတို့က အရည်ပျော်မယ့်အချိန်ကို ရှေ့တိုးလိုက်ပြီ။ ဒီတော့ ၁၅ ရက်မဟုတ်တော့ဘူး။ ၂ ရက် ဖြစ်သွားပြီ"

"အို ဟုတ်သားပဲ။ ငါဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။ ၂ ရက်ပဲ" 078 ၏ မျက်လုံးများသည် စက္ကန့်အနည်းငယ် အရောင်တောက်သွားပြီးနောက် ပြန်မှိန်ကျသွားသည်။ "၂ ရက်ကလဲ အရမ်းကြာသေးတာပဲ...."

"နေ့တစ်ဝက်လေးမှာတောင် နှစ်ခါလောက်လာနေတာ။ နှစ်ရက်ဆိုရင် နေ့တစ်ဝက်ပေါင်း ၄ ခါ၊ ဆိုတော့ သူတို့က ၈ ကြိမ်တောင်လာလို့ရတာပဲ..." 078 သည် တွက်ချက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်: "ငါတကယ် သူတို့ ဘာတွေများ စဉ်းစားနေလဲဆိုတာ နားမလည်ဘူး။"

922 သည်လည်း စိတ်ပျက်နေသည်: "သူတို့ ညနေစာ အစာကြေသွားလို့ ညလယ်စာ လာစားတာဖြစ်နိုင်တယ်"

154: "........"

078 သည် သူ့ထိုင်ခုံတွင် အကြောသေနေသကဲ့သို့ ထိုင်နေသည်: "....ငါအရင်က စာမေးပွဲခန်းစောင့်လုပ်ရတာ လွယ်တယ်၊ ပြီးတော့ စည်းကမ်းချိုးဖောက်ရတာကို ကြောက်ရမဲ့သူက ဖြေဆိုသူတွေပဲ ဖြစ်သင့်တယ်လို့ တွေးဖူးတယ်။ တကယ်လို့ တစ်ယောက်ယောက်က စည်းကမ်းချိုးဖောက်ခဲ့ရင် နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကို ရှောင်ဖို့ အခြားဖြေဆိုသူတွေက ပိုပြီးဂရုတစိုက်နေကြလိမ့်မယ်ပေါ့"

922 သည် ထိုအချိန်များကို လွမ်းဆွတ်နေသည်: "ဟုတ်တယ်...."

ယိုဟော့နှင့် မတွေ့ခင်က သူတို့၏ စာမေးပွဲခန်းစောင့်ဖြစ်ရသည့်နေ့ရက်များသည်လည်း ဤသို့ဤပုံဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeUnde poveștirile trăiesc. Descoperă acum