အခန်း ၁၀၅: သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေသောမျက်နှာစာ

222 51 2
                                    

အခန်း ၁၀၅: သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေသောမျက်နှာစာ

သည်တစ်ခေါက် စာမေးပွဲခန်းစောင့်နေရာသည် ထူးခြားသည်...

လူတွေအများကြီး ရှိနေသည်။

စာမေးပွဲစင်တာတွင် ပြည်တွင်းရော ပြည်ပက ဖြေဆိုသူများပါ ပါဝင်နေသောကြောင့် စာမေးပွဲခန်းစောင့်များသည်လည်း အကုန်လုံး တစ်စုတစ်စည်းတည်း ရှိနေကြခြင်းဖြစ်သည်။

ဒေသကြီးများမှသူအရေအတွက်က အနည်းငယ်ပိုများပြီး ဒေသငယ်လေးများမှသူက အနည်းငယ်သာရှိသည်။

စုစုပေါင်းလျှင် ၃၇ ယောက်ရှိ၏။

သည်တစ်ခေါက် နေရာသည်လည်း အလွန်ထူးခြားသည်။

ယင်းမှာ ပင်လယ်ပေါ်တွင်မျောပါနေသော သင်္ဘောအိုကြီးတစ်စင်းလည်း မဟုတ်သလို တောင်ထိပ်ပေါ်ရှိ တဲအိမ်လေးလည်း မဟုတ်ပေ။ အပန်းဖြေစခန်းတစ်ခုသာဖြစ်သည်---

အရှေ့တွင် ကန်တစ်ကန်ရှိပြီး အနောက်တွင် တောအုပ်တစ်ခုရှိသည့်အပြင် စားသောက်ဆိုင်၊ အင်တာနက်နှင့် လေအေးပေးစက်ပင် ရှိနေသေးသည်။

၇ နာရီ အနည်းငယ်ကျော်သောအခါ စားသောက်ဆိုင်မှ စာမေးပွဲခန်းစောင့်အများစုသည် စားသောက် စကားစမြည်ပြောနေကြ၏။ ပုံမှန်နှင့်မတူအောင်ပင် အလွန်စည်ကားသိုက်မြိုက်နေကြ၏။

သို့သော် မတူကွဲပြားနေသူ ခြွင်းချက်အနည်းငယ်ရှိသည်။

သူတို့သည် လူထုနှင့်အနည်းငယ်လှမ်းသော စားသောက်ဆိုင်အပြင်ဘက် လှေကားထစ် ပွဲကြည့်စင်ပေါ်တွင်ရပ်နေကြပြီး အားလုံး၏ မျက်နှာတွင် ရှုပ်ထွေးနေသည့်ဟန်ပေါ်နေသည်။ သူတို့ပျော်နေသလား၊ မပျော်နေဘူးလားပင် ပြောရန်ခက်သည်။

021 သည် လက်ရန်းပေါ်သို့ မှီလိုက်လေရာ သူ၏ခွာသွယ်သွယ် ခုံမြင့်ဖိနပ်များသည် သူ့ခြေတံများကို ပို၍ရှည်လျားသွယ်လျသွားပုံရသည်။

"ပြောရရင်..." သူက ရှန်ပိန်ခွက်လည်တိုင်ကို ကိုင်လျက် ငဲ့စောင်းကြည့်လိုက်သည်။ "ကျွန်မက ဘာလို့ ဒီမှာရှင်တို့နဲ့ တွေ့နေရသေးတာလဲ"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now