အခန်း ၁၃၈: စောင့်ဆိုင်းပြီး အလစ်ဝင်တိုက်ခြင်း

203 39 8
                                    

အခန်း ၁၃၈: စောင့်ဆိုင်းပြီး အလစ်ဝင်တိုက်ခြင်း

"ဒါကို နောက်ကျောမှာ ရိုးရှင်းတဲ့ ကုန်ပစ္စည်းသုံးစွဲနည်း လမ်းညွှန်ပါတဲ့ လက်ကားပစ္စည်းလို့များ ထင်နေတာလား" ချူယွဲ့သည် ချင်ကျိုး မှန်ကို တစ်ဖက်သို့ လှန်လိုက်သည်ကို သိချင်စိတ်တို့ဖြင့် ကြည့်နေ၏။

တကယ်ကြီးပဲ ရှိနေတယ်!!

ချင်ကျိုးသည် စာရွက်အပိုင်းကိုမြင်သော် မေးကိုချီလိုက်သည်။ "တွေ့လား၊ လမ်းညွှန်မရှိရင် မှန်အကြောင်းပထမဆုံးသိတဲ့သူက အချက်အလက်ကို ဘယ်ကရမှာလဲ"

"တွေ့ပြီလား" ယိုဟော့သည် လျှောက်လာပြီးနောက် မှတ်စုကို ဖတ်ရန် ကိုယ်ကို ကိုင်းလိုက်သည်။

[ဒီဟာက အလွန်ဆန်းပြားသောမှန်ဖြစ်ပါတယ်။ သင်က မှန်နဲ့ အပေးအယူတစ်ခုလုပ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရထားသူတွေနဲ့ သေအံ့မူးမူးဖြစ်နေတဲ့သူတွေဟာ အတွေ့အကြုံရှိသူရဲ့ ဦးဆောင်ညွှန်ကြားမှုအောက်မှာရှိနေသရွေ့ မှန်ကြောင့် ဘဝသစ်ကို ပိုင်ဆိုင်နိုင်တယ်]

သေချာပေါက် ဤစာကြောင်းသည် မြို့ခံပြည်သူများမှ မှန်လူသားအဖြစ်သိို့ ကူးပြောင်းခြင်းကို ဆိုလိုနေခြင်းဖြစ်သည်။

"ထိခိုက်ထားသူများ သို့မဟုတ် သေအံ့မူးမူးဖြစ်နေတဲ့သူ ဟုတ်လား" တီးလီက သူ့ဖုန်းဖြင့် မှတ်စုစာသားကို မီးထိုးကြည့်လိုက်ပြီးနောက် ထိုနေရာသို့ရောက်သောအခါ ခဏရပ်သွားသည်။

လူတိုင်းက ဂျွန်နီနှင့် ကျန်ကံဆိုးသူကျောင်းသားများကို လှမ်းကြည့်လိုက်ပြီးနောက် ယခုတင် ပြောခဲ့သည့် လီ၏စကားတစ်ဝက်ခန့်မှာ ပေါက်ကရများသာဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။

သူက တစ်ကြိမ်တစ်ခါက သုတေသနပညာရှင်မဟုတ်တော့ရုံသာမက သူ့တွင်ရှိရမည့် 'လူသားဆန်မှု' ဟူသောအရာကိုပင် ပျောက်ဆုံးနေခဲ့ပြီဖြစ်သည်။ သူတိို့အားလုံးထံမှ သွေးအချို့သာ စုပ်ယူခဲ့ရသည့် အကြောင်းရင်းမှာ တကယ်တမ်း သနားညှာတာမှုကြောင့်မဟုတ်ဘဲ လိုအပ်ချက်များကို ကိုက်ညီဖို့ရန်အတွက်သာ ဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now