အခန်း ၉၀: ဖြောင့်ချက်ကို ညှင်းပန်းရယူခြင်း

255 54 2
                                    

အခန်း ၉၀: ဖြောင့်ချက်ကို ညှင်းပန်းရယူခြင်း

ကိုယ့်ခန္ဓာကိုယ် တဖြည်းဖြည်းချင်း ပုပ်သိုးလာသည်ကို စောင့်ကြည့်နေရခြင်းသည် အင်မတန် ထိတ်လန့်ချောက်ချားစရာကောင်းသောအရာဖြစ်သည်။

အရေပြားနှင့်အသွေးအသားတို့သည် အရည်ပျော်ကာ အောက်မှ ‌အရိုးဖြူဖြူတို့ကို လှစ်ဟပြသနေ၏...

သည်ဖြစ်စဉ်တစ်ခုလုံးသည် အနှေးပြကွက်ဖြင့် တစ်ခုခုသေဆုံးသွားသည်ကို ကြည့်နေရသကဲ့သို့ပင်။ ကြီးစွာသောဆင်းရဲနှင့် နာကျင်ခံစားရမှုကို ပိုဇာချဲ့ပေးရန်အလို့ငှာ စက္ကန့်တိုင်းနှင့်အသေးအဖွဲလေးများကအစ ပြတ်ပြတ်သားသား မြင်နေရသည်။

သို့သော် ချင်ကျိုးအတွက်မူ အဆင်ပြေသည်။

သူက ချောက်ချားဖို့ဝေးစွ၊ အနည်းငယ်ပင် အားမလိုအားမရ ခံစားနေရသေးသည်။

ဖြစ်စဉ်တစ်ခုလုံးသည် အင်မတန် မျက်လှည့်ဆန်သောကြောင့် ဖြစ်နိုင်သည်။ ၎င်းမှာ သိပ်ပြီး သဘာဝမကျပေ။

သို့တည်းမဟုတ် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသောကြောင့်လည်း ဖြစ်နိုင်သည်။

သူက အပျက်အစီးများကြား သူရှိနေကျနေရာတွင်သာ ကုတ်အင်္ကျီကို ဘေးချလျက် ထိုင်နေ၏။ ဝတ်ဆင်ထားသော အဖြူရောင်ပိုးသားရှပ်အင်္ကျီတွင် သွေးများစွန်းထင်းနေသည်။

သူက စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေရင်း ခြေတစ်ဖက်ထောင်လျက် သူ့လက်ပေါ်မှ အရိုးတို့ကို သေချာကြည့်နေသည်။

သူ့ကိုယ်ပေါ်မှသွေးတို့ စိမ့်ထွက်လွန်လာသည့်အခါမှသာ 922 သူ့ကို အတင်းအကျပ်ထိုးထည့်ပေးလိုက်သော ပတ်တီးအလိပ်ကို ဖြေကြည့်လာသည်။

သူက အသားပေါ်မှဒဏ်ရာကို ဂုဏ်ဖော်ပြနေဖို့လည်း စိတ်မဝင်စားသောကြောင့် ရှပ်အင်္ကျီကို မချွတ်ခဲ့ပေ။ ထိုအစား ရှပ်အင်္ကျီအပေါ်မှသာ ပတ်တီးတို့ကို တန်းပတ်လိုက်လေသည်။

021 စောင့်ကြည့်အခန်းသို့ ဝင်လာသောအခါ ထိုမြင်ကွင်းနှင့် ကြုံကြိုက်သွား၏။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now