အခန်း ၃၀: ဒိုင်ယာရီ

378 78 6
                                    

အခန်း ၃၀: ဒိုင်ယာရီ

"ငါနည်းနည်းရှုပ်သွားပြီ..."

ချန်ပင်းသည် အုတ်ဂူကျောက်တိုင်ကို လက်ညှိုးထိုးလာပြီး တိုးတိုးဆို၏။ "ဒါ ဘာဆိုလိုတာလဲ"

ယိုဟော့သည် ချက်ချင်း အဖြေမပေးခဲ့ပေ။

သူသည် ခြေလှမ်းအချို့လှမ်းပြီးနောက် သရဲလက်တစ်စုံ တူးဆွထားသော နောက်တစ်နေရာသို့ နေရာရွှေ့သွားသည်။ ဒုတိယ အုတ်ဂူကျောက်တိုင်တစ်ခု ပေါ်လာပြန်သည်။

နာမည်: ချူရှောင်နမ်

စာမေးပွဲလက်မှတ်နံပါတ်: 860575-04221703-1124

အမြဲသတိရနေမှာပါ။

အုတ်ဂူကျောက်တိုင်စိုက်ထူသူ : ရွာသား B

လိပ်စာ: ချားစ်ရွာ၊ အိမ်နံပါတ် ၂

ဓာတ်ပုံမှာ ဘဲဥပုံသဏ္ဌာန်မျက်နှာနှင့် အမျိုးသမီးတစ်ဦးပုံဖြစ်၏။ သူမ၏ ဆံပင်များကို မြင်းမြီးပုံစံ ခပ်မြင့်မြင့်မြှောက်စည်းထားပြီး မျက်နှာမှာတော့ ပြုံးရယ်မနေပါချေ။ သူမပုံမှာ တည်ကြည်ပြီး လုပ်ရည်ကိုင်ရည်ရှိသောပုံပေါက်၏။

ဆံပင်ကိုသာ အောက်ကိုဖြည်ချကာ အနည်းငယ်ဖွထားလိုက်ပါလျှင်၊ လည်စည်းခပ်ထူထူတစ်ထည်ကို ပေါင်းထည့်ကာ ဒူးအောက်နားထိရှည်လျားပါသော ဆောင်းတွင်းဝတ်ကုတ်အင်္ကျီရှည်နှင့် တွဲဖက်ကြည့်လိုက်ပါလျှင်၊ ထို့နောက် အက်ကွဲ၍ ဖျော့တော့နေပါသော နှုတ်ခမ်းတစ်စုံ ထပ်လောင်းပေါင်းထည့်ကြည့်လိုက်မည်ဆိုလျှင်...

ထိုသူမှာ မြစ်ဘေးတွင် အမြဲတစေ ရေခဲခွဲနေသော အမျိုးသမီးပင်ဖြစ်သည်။

လူတိုင်း၏ မျက်နှာအမူအရာမှာ သာ၍ပင် အကျည်းတန်လာတော့သည်။

သူတို့အားလုံး ထိုနေရာတွင် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေကြ၏။ ထို့နောက် တူးဖော်သည့် လုပ်ငန်းစကြတော့သည်။

သုံးခုမြောက်၊ လေးခုမြောက်၊ ငါးခုမြောက်...

သူတို့ရှာနေသောနေရာမှာ ပို၍ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာပြီး ပို၍ များပြားသော အုတ်ဂူများ ပေါ်လာလေသည်။ အလွန်များပြားလွန်းသည်ဖြစ်လေရာ ဦးရေပြားများသည်ပင် ထုံကျဉ်လာသည်ကို ခံစားမိလာရသည်ထိပင်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now