အခန်း ၁၄၇: လမ်းဟောင်း

583 78 11
                                    

အခန်း ၁၄၇: လမ်းဟောင်း

အလွန်လျင်မြန်စွာပင် စာမေးပွဲခန်းစောင့်သစ်များနှင့် လူဟောင်းများကြား၌ မသိသာလှသော နယ်နိမိတ်မျဉ်းတစ်ခု ပေါ်လာခဲ့သည်။

သူတို့သည် မတူကွဲပြားသောအမည်နာမများ၊ မတူကွဲပြားသော အဝတ်အစားများ၊ မတူကွဲပြားသော နေထိုင်ပုံအမူအကျင့်များနှင့် မတူကွဲပြားသော စနစ်အပေါ်ထားရှိသည့် သဘောထားတို့ ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် တည့်ရှုနေဖို့ရန်မှာ ခက်ခဲလေသည်။

အစက ဤမတူကွဲပြားမှုမှာ သဘာဝကျကျပင် အဓိက ဆွေးနွေးပွဲအကြောင်းအရာဖြစ်လာခဲ့၏။

ချင်ကျိုးသည် သူ၏လုပ်ဖော်ကိုင်ဖက်များ စကားစမြည်ပြောရင်း မကြာခဏဆိုသလို ထိုအကြောင်း ပြောဆိုတတ်ကြသည်ကို ကြားဖူးပြီး အချိန်အများစုတွင် သူသည် ပါဝင်ဆွေးနွေးခြင်းမရှိဘဲ ပျင်းရိပျင်းတွဲ နားသာထောင်တတ်သည်။ သူတို့ စာမေးပွဲခန်းစောင့်A အကြောင်း ပြောလာသည့်အခါမှသာ သူ၏ အကြည့်တို့ ဝေ့ဝဲလာတတ်သည်။

ချင်ကျိုးသည် စာမေးပွဲခန်းစောင့်A နှင့်ပတ်သက်ပြီး အများအပြားကြားခဲ့ရ၏။

လူအများက သူသည် စနစ်နှင့် အလွန်ရင်းနှီးသောဆက်ဆံရေးရှိပြီး ထူးခြားသော တည်ရှိမှုမျိုးဖြင့် စာမေးပွဲခန်းစောင့်တစ်ဦးဟူ၍ ပြောကြသည်။

သူတို့က သူသည် ဘယ်သောအခါမျှ အရည်ပျော်လာလိမ့်မည်မဟုတ်သည့် ရေခဲတုံးတစ်တုံးကဲ့သို့ စိတ်ခံစားချက်ကင်းမဲ့စွာ ပြုမူဆောင်ရွက်တတ်သော လူတစ်ဦးဟု ပြောကြသည်။

သူနေထိုင်ရာနေရာသည် အခြားသူများ၏အိမ်ခန်းများလောက် မီးခိုးမမွှန်ဟူ၍ပင် ပြောလာကြပြီး ထိုနေရာတွင် အထူးအခြေအနေရှိသော စာမေးပွဲဖြေဆိုသူများကို အပြစ်ပေးရင် အကျဉ်းခန်းတစ်ခန်းပင် ရှိသည်ဟု ပြောကြသည်။

သူသည် စနစ်၏ လူအသွင် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်ဟု အများက ဆိုကြသည်။

......

ထိုပုံဖော်ပြချက်များကို ကြားလိုက်ရစဉ်က ချင်ကျိုးသည် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now