အခန်း ၁၂: တောင်ခြေသို့

838 92 6
                                    

အခန်း ၁၂: တောင်ခြေသို့

ဤစာမေးပွဲတွင် မေးခွန်းစုစုပေါင်း ၄ ခု ပါဝင်ပါသည်။

(၁) Unknown (၅ မှတ်)

(၂) Unknown (၅ မှတ်)

(၃) ညစာစားမည့် လူဦးရေ ၁၃ ယောက်မှ ၁၂ ယောက်သို့ ပြောင်းလဲခြင်း (၆ မှတ်)

(၄) ကျိန်စာသင့်နေသော ပန်းကန်ခွက်ယောက်ကို ရှာတွေ့ခြင်း (၈ မှတ်)

ပုံမှန် အခြေအနေမျိုးတွင် ဤစာမေးပွဲ၏ စုစုပေါင်းရမှတ်မှာ ၂၄ မှတ်ဖြစ်ပါသည်။ အထူးအခြေအနေမျိုးတွင် ဘောနပ်စ်မှတ်ရရှိရန် သို့မဟုတ် အပြစ်အတွက် အမှတ်နုတ်ယူခံရနိုင်သည့် အခွင့်အလမ်းများရှိပါသည်။

 ·

အဖြေနံရံပေါ်၌ အကြောင်းအရာအသစ်များ ပေါ်လာသည်နှင့် လူတိုင်းက အချင်းချင်း တိတ်တဆိတ် စတင်တီးတိုးရေရွတ်ကြလေသည်။

"အစမှာ unknown မေးခွန်း ၂ ခု ပါတာလား"

"ဟုတ်တယ် စာမေးပွဲ စတင်တဲ့အချိန်ကတည်းက ငါတို့က တတိယမေးခွန်းအတွက် အမှတ်တန်းရတာပဲ။ ပထမမေးခွန်း နှစ်ခုကို ကျော်သွားတာဖြစ်ရမယ်"

"မဟုတ်ဘူး ငါတို့ ပထမဆုံးရတဲ့အမှတ်က 'အဖြေ' ကနေ ရတာလေ"

"........."

"အဲဒီ အစဉ်လိုက်ကို ကြည့်ကြည့်လိုက်... 'အဖြေ' ကနေရတဲ့ အမှတ်နှစ်မှတ်က unknown မေးခွန်းတွေရဲ့ တစိတ်တပိုင်းဖြစ်နိုင်တယ်"

"ကျွန်တော်နဲ့ အစ်မယွီယောက်ရတဲ့ အမှတ်တွေကလည်း unknown မေးခွန်းတွေရဲ့ တစိတ်အပိုင်းအနေနဲ့ မှတ်ယူလိုက်တာဖြစ်မယ်"

"ဒါဆို ပထမမေးခွန်းနှစ်ခုက ရှေ့ပြေးမေးခွန်းသက်သက်လား"

"အဲဒါက မုဆိုးကြောင့်များ ကျော်သွားတာလား"

"ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါသိတောင်မသိချင်ဘူး"

မုဆိုး A ၏ မတော်တဆ သေဆုံးမှုက ပထမဆုံးမေးခွန်းနှစ်ခုကို ကျော်သွားစေတဲ့အထိဖြစ်သွားပြီး အဖြေမှာ ယခု ထာဝရ unknown ဖြစ်နေပေမည်။

ယင်း ပထမမေးခွန်းနှစ်ခုမှ အမှတ်အားလုံးပေါင်းလိုက်လျှင် ၁၀ မှတ်ရမည်ဖြစ်သည်။ အမှတ်အများကြီး ဖြစ်သော်လည်း မည်သူမျှ နှမြောတသမဖြစ်ကြပေ။

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeOnde as histórias ganham vida. Descobre agora