အခန်း ၈၅: လျှပ်တစ်ပြက် ဆုံးဖြတ်ချက်

238 54 3
                                    

အခန်း ၈၅: လျှပ်တစ်ပြက် ဆုံးဖြတ်ချက်

ယနေ့ညခင်းတွင်ကား ဧည့်သည်များသည် ယမန်နေ့ညကလောက် နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ခဲ့ကြပေ။

ယင်းမှာ သူတို့ညစာစားပွဲတွင် တစ်လုတ်၊ နှစ်လုတ် အနည်းငယ်မျှသာ စားခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သလို ရဲတိုက်တွင်း ဖြစ်ပျက်ခဲ့သည်များကို သိသွားသောကြောင့်လည်း ဖြစ်နိုင်သည်။

သူတို့ သည်နေရာသည် အလွန်ကျောချမ်းစရာကောင်းလွန်းသည်ဟု နဂိုကပင်ထင်ထားပြီးသားဖြစ်သော်လည်း ယခုအခါ သာ၍ပင် စိတ်မသက်မသာ ဖြစ်လာကြ၏။

စူးရှထက်မြက်သော နှာခေါင်းပိုင်ရှင် ကျိုးချီသည်လည်း သူအနံ့တစ်ခုခုရနေသည်ဟု ဆိုသည်။ ယင်းမှာ ယခင်ကထက်ပင် အနံ့ပိုပြင်းသည်။

ကျောက်ကျားထုံသည် ကုတင်အောက်ခြေမှစ၍ အဝတ်ဗီရိုနှင့် ခြုံစောင်များပင် အလွတ်မပေးဘဲ အခန်းတွင်း နှံ့စပ်စွာ ရှာခဲ့ပါသော်လည်း အရင်းအမြစ်ကို မရှာနိုင်ခဲ့ပေ။

အိပ်ရာမဝင်ခင် ကျိုးချီသည် ရုတ်တရက် အခန်းဘေးနံရံကို မှီကာ ခဏလောက် တရှုပ်ရှုပ်အနံ့ခံကြည့်ပြီးနောက် ဆိုသည်။ "အစ်မထုံ.... ကြည့်ရတာ နံရံကနေ ရတာဖြစ်မယ်"

ဒါကိုကြားသော် ကျောက်ကျားထုံ၏ ဆံပင်များ ထောင်သွားတော့သည်။

သို့သော် သူကိုယ်ကိုကိုင်း၍ အနံ့ခံကြည့်သော် ဘာအနံ့မှမရပေ။

"ရှောင်ကျိုး ရှင်တကယ်ပဲ အရင်က ဘာအလုပ်လုပ်ခဲ့တာလဲ ပွင့်ပွင့်လင်းလင်းပြောပြစမ်းပါ" ကျောက်ကျားထုံသည် ပတ်ဝန်းကျင်ကို သက်သောင့်သက်သာဖြစ်စေရန် ကြိုးစား၍ နောက်နောက်ပြောင်ပြောင်ပြောလိုက်သည်။

ကျိုးချီက လက်ကို ခါယမ်းရင်း ဆိုသည်။ "မဟုတ်ပါဘူး။ တကယ်အဲဒီလိုမဟုတ်ပါဘူး။ ကျွန်မမှာ ခွေးနှာခေါင်းရှိရုံပါပဲ"

သူက သူ့ကုတ်အင်္ကျီကို စောင်သဖွယ်အသုံးပြု၍ ကော်ဇောပေါ်တွင် လဲလျောင်းနေသည်။ သူ့ခေါင်းထက်မှ ဖယောင်းတိုင်မီးပန်းဆိုင်းကို တဒင်္ဂခန့်ကြည့်နေရင်းမှ ရုတ်တရက်ဆိုသည်။ "ဒါပေမဲ့ ကျွန်မ အရင်က ဒီလောက်ထိ ခံစားမလွယ်ဖူးဘူး။ ကြည့်ရတာ ဒီစာမေးပွဲက ထူးခြားတာဖြစ်မယ်"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now