အခန်း ၁၂၇: မိုက်မဲစွာ ကိုယ့်ပြဿနာကိုယ်ရှာမိခြင်း

202 45 0
                                    

အခန်း ၁၂၇: မိုက်မဲစွာ ကိုယ့်ပြဿနာကိုယ်ရှာမိခြင်း

အန္တရာယ်များသောအခြေအနေမျိုးတွင် လက်နက်များဟူသည် အမြဲတစေ အလွန်လိုလားအပ်သောအရာတစ်ခု ဖြစ်ပေသည်။

လူသူမရှိ၊ မထင်မရှားနေရာတစ်နေရာတွင် ပုန်းအောင်းချင်သည်ဆိုလျှင်သော်မျှ ကိုယ်ပုန်းခိုနေသည့်အခိုက်အတန့်တွင် ကိုယ့်လက်ထဲ၌ ဒူးလေးတစ်လက်လောက်တော့ ရှိနေချင်သေးသည်။ ထိုမှသာ အကယ်၍ မှန်လူသားတစ်ဦး ကိုယ်ရှိရာသို့ လာခဲ့သည်ရှိသော် မိမိကိုယ့်ကိုယ် ကယ်တင်နိုင်ရန် အခွင့်အရေးရှိနိုင်လိမ့်မည်ဖြစ်သည်။

ဒူးလေးကို ငါးစာအဖြစ် အသုံးချခြင်းသည် အမှန်တကယ်ပင် လက်ဖျားခါလောက်သော အကြံတစ်ခုပင်ဖြစ်ပေသည်။

ထိုအကြံပေါ်လာခြင်းကြောင့် ထိတ်လန့်သွားကြသော လူအပေါင်းတို့သည် အလျင်အမြန် ပြန်သက်သာသွားကြပြီးနောက် အောက်ထပ်သို့ ပြေးဆင်းသွားကြလေသည်။

ကြိုးတုပ်ခံထားရသော ငါးယောက်မှာမူ ကြောင်အပြီး ကျန်ရစ်ခဲ့ကြ၏။

"ငါဘာလို့ သူတို့က ထူးထူးခြားခြား စိတ်လှုပ်ရှားနေကြတယ်လို့ ခံစားနေရတာလဲ၊ လူဆယ်ယောက်ကို အတူတူ စုဖို့ ကြိုးစားနေကြတယ်ဆိုတော့ သူတို့တွေ သောက်ကျိုးနည်း ရူးသွားကြတာဖြစ်မည်!" ကတုံးဆံတောက်ကေနှင့်လူသည် ထုံးစံအတိုင်း ရုန့်ရင်းကြမ်းတမ်းသော စကားများပွင့်အံထွက်လာပြီးနောက် ပြောဆိုပြီးသွားသောအခါ သူ့အလိုလို တစ်ဖန်ပြန်၍ ကျုံ့ဝင်သွားပြန်သည်။

"ဘာလို့ တုန်နေတာလဲ၊ သူတို့အားလုံးအောက်ထပ်မှာ၊ ခင်ဗျားပါးစပ်ကို ပိတ်မဲ့သူ ဘယ်သူမှမရှိဘူး"

"သူ့အလိုလို ဖြစ်သွားတာလေ" ကတုံးဆံတောက်ကေနှင့်လူက ပွစိပွစိရေရွတ်နေသည်။ "မင်းမသိပါဘူး၊ အဲဒီနှစ်ယောက်က တကယ်ကိုင်တွယ်ဖို့ ခက်တယ်ကွ"

"ဘယ်လိုလုပ် မသိဘဲနေမလဲ၊ ငါ့ရဲ့ ဒဏ်ရာဗရပွနဲ့ မျက်နှာကို မမြင်ဘူးလား"

ကတုံးဆံတောက်ကေနှင့်လူသည် ဗျစ်တောက်ဗျစ်တောက် ဆက်ပြောနေသည်။ "အဲဒီ အရူးနှစ်ယောက်ကို မပြောနဲ့ဦး၊ အဲဒီဗိုက်ကြီးသည်မိန်းမတောင်မှ ဝင်ရိုက်သေးတယ်! သူ့ရဲ့ဗိုက်ကြီးတကားကားနဲ့ ပြေးလည်းပြေးနိုင် လူလည်းရိုက်နိုင်သေးတယ်၊ ရူးနေကြတာ၊ သူတို့အကုန်လုံးက ရူးနေကြတာ"

တစ်ကမ္ဘာလုံးဆိုင်ရာ စာမေးပွဲ (GUEE)_UnicodeWhere stories live. Discover now