အခန်း306

Start from the beginning
                                    

ထိုအခိုက် နန်ကုန်းကျင်းက ထရပ္ကာ ဖ်က္ခနဲ ပျောက်ကွယ်သွားသည်။ သူမ၏ ရွှင်လန်းနေသည့် အသံကိုသာ သူတို့ ကြားရသည်။

ငါ ယင်ယင့်ကို ထိကြည့်ဦးမယ်

လုဇြီတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကာ အပေါ်သို့ လိုက်သွားတော့သည်။အပေါ်ထပ် ရောက်သည့်အခါ နန်ကုန်းကျင်း၏ လက်သည် ယင်ယင်၏ မျက်နှာ ဝိုင်းဝိုင်းလေးအား ထိနေကြောင်း တွေ့လိုက်ရတော့သည်။

လင်းလင်:.

ချိုးယွဲ့ဟော်၇ှား:.

သူတို့နှစ်ယောက်လုံး မနာလို ဖြစ်သွားကြသည်။ ထိုနည်းက အမှန် သက်ရောက်မှုရှိ၏။ နန်ကုန်းကျင်းသည် ထိုအလင်းလုံးအား သုံးလိုက်သည့်အခါ ယင်ယင့်အား ထိနိုင်သွားသည်။ သူတို့နှစ်ယောက် လုဇြီကိုသာ စိုက်ကြည့်လိုက်တော့သည်။

လုဇွီသည်လည်း သူ့ထံ ရောက်လာသည့် ပြင်းရှသည့် အကြည့်တို့ကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည့်အခါ လင်းလင်နှင့် ချိုးယွဲ့ဟော်၇ှားတို့၏ အကြည့်တွေနှင့် ဆုံသည်။

လုဇြီ:..

နန်ကုန်းကျင်းလည်း ထရပ္ကာ လုဇြီအား ကြည့်လာသည်။ သူမသည် တကိုယ်ကောင်း ဆန်တတ်သော်လည်း ယခုကိစ္စသည် လုဇွီနှင့်သာ သက်ဆိုင်ပေ၏။ အချိန်တခဏ ကြာသည့်အခါ လုဇြီ နှာခေါင်းထိပ်အား ခပ္ဖြဖြ ပွတ်ရင်း ပြောလိုက်သည်။

ကောင်းပြီ လူတစ်ယောက်ကို တစ္လုံးဆီ ရမယ်၊ ဒီ့ထက်တော့ မရဘူး၊ ကျွန်တော်လည်း ကျင့်ကြံဖို့ ရှိသေးတယ်

လင်းလင်းနှင့် ချိုးယွဲ့ဟော်ရှားတို့သည်လည်း လုဇွီအပေါ် ကောင်းကြသည်။ ထို့အပြင် ထိုသူတို့၏ အကြည့်အား သူ မငြင်းဆန်နိုင်ချေ။ ထိုသူတို့သည်အစာကျေွးရန် စောင့်ဆိုင်းနေသည့် ကြောင်တွေနှင့်တောင် တူသေးပေသည်။

ထိုအခါ လင်းလင်းနှင့် ချိုးယွဲ့ဟော်ရှားတို့၏ ပျော်ရွှင်သွားသည့် အပြုံးဟာ ပေါ်လာခဲ့တော့ကာ သူ့အား အဆက်မပြတ် ခေါင်းငြိမ့်ပြတော့၏။

လင်းလင် အောက်နှုတ်ခမ်းကို ကိုက္ကာ လုဇြီအား ကြည့်သည်။ သို့သော် မည်သည့်စကားမှ ဆိုမလာခဲ့ချေ။ လုဇွီသည် တိုက်ပွဲတွင် အစွမ်းကုန် ထုတ်မသုံးခဲ့သည့်အတွက် သူမ မပျော်ရွှင်ခဲ့ပေ။ သို့သော် လက်ရှိအချိန်တွင် သူမ ဝမ်းမနည်းတော့ပါချေ။

အနာဂတ်ခရီးသည် ဒုတိယတြဲWhere stories live. Discover now