<Unicode>
"စိုင်းအောင်"
သူတို့အားလုံးအံ့ဩသွားရသည်။ ဘယ်လိုလုပ်ပြီး စိုင်းအောင်ဖြစ်နေရတာလဲ။
စိုင်းအောင်က လက်ထဲကအာဏာရဲ့မျက်နှာနဲ့တစ်ပုံစံတည်းဖြစ်တဲ့ မျက်နှာဖုံးကိုလွှတ်ချလိုက်ပြီး မင်းဆက်တို့ကိုကြည့်ကာရယ်သည်။
မင်းဆက်တို့ အားလုံးလဲ စိုင်းအောင်နဲ့မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ သေနတ်နဲ့ချိန်ရွယ်ကာ သတိထားနေရသည်။မူမမှန်တဲ့ စိုင်းအောင်ကတော့ အရူးတစ်ယောက်လိုရယ်နေသည်။
"မင်း ဘာလို့အဲ့လိုလုပ်ရတာလဲ"
အောင်ခန့်ကဒေါသထွက်ကာမေးသည်။ သူ့အကိုကိုသတ်ခဲ့တာက သူ့ဘေးနားကအရင်နှီးဆုံး သူငယ်ချင်းလား။
အောင်ခန့်မေးလိုက်တော့ စိုင်းအောင်ကရယ်သည်။
"ဟားဟားးး မင်းသိရက်နဲ့မေးနေပြန်ပြီလား ဘာလဲ ငါကိုယ်တိုင်ပြောတာကိုကြားချင်တာလား"
"ခွေးကောင်!"
"အာ ငါတော်တော်ပိရိခဲ့ပုံပဲ။ ဟဘယ်သူမှမရိပ်မိဘူး ကြည့်စမ်း ဟားးဟားးး"
မင်းဆက်သူ့ရှေ့ကစိုင်းအောင်ကိုဒေါသထွက်လာသည်။ အာဏာကို ချောက်ချခဲ့တာရော၊ သူ့တို့ကိုသစ္စာဖောက်ခဲ့တာကရော မင်းဆက် ခံပြင်းလွန်းနေသည်။
"ဘာကြောင့်လဲ စိုင်းအောင် မင်းဘာကြောင့် ဒီလိုတွေလုပ်ရတာလဲ"
မင်းဆက်အေးအးဆေးဆေးမေးလိုက်သည်။ မဟုတ်ရင်သူတို့ဒီကိစ္စကပြီးမှမဟုတ်တော့ပေ။
"ဘာလို့လဲ ဟုတ်လား ဟားဟားးး"
မေးတာကိုမဖြေဘဲ ရယ်နေတဲ့စိုင်းအောင်ကိုကြည့်ကာ မိုးကောင်းစွဲကမျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် နောက်ကျောကနေ မင်းဆက်အနားကပ်ပြီးခပ်တိုးတိုးလေးနဲ့ပြောလိုက်သည်။
"သူ့ကိုကြည့်ရတာ မူမမှန်ဘူးနော်ကိုဆက် ဆက်မေးနေလဲ ဖြေမဲ့ပုံမရှိဘူး ကျွန်တော်တို့အရင်ဆုံး ဖမ်းရအောင်"
မိုးကောင်းစွဲပြောတာအမှန်ပင်။ စိုင်းအောင်က ပုံမှန်လူနဲ့လုံးဝမတူပေ။စိတ်လွတ်နေတဲ့ လူတစ်ယောက်လိုဖြစ်နေသည်။
ဘာလဲ သူကစိတ္တဇဖြစ်နေတဲ့လူတစ်ယောက်လား။
မင်းဆက် ရှေ့ကိုအသာလေးတိုးလိုက်တော့ ရယ်နေတဲ့စိုင်းအောင်က ရပ်သွားသည်။ ထို့နောက် မင်းဆက်ကိုကြည့်ပြီး ပြုံးကာဆိုသည်။
"ကျွန်တော်ဘာနဲ့သတ်လဲမသိချင်ဘူးလား"
စိုင်းအောင်စကားကြောင့် မင်းဆက်တို့သတိထားလိုက်သည်။
ထို့စဉ် စိုင်းအောင်က လက်တစ်ဖက်ကသေနတ်ကို ကိုင်ထားလျက် အကျင်္ီအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်သည်။
မင်းဆက် အာရုံစိုက်ကြည့်လိုက်တော့ သံပြားလေး။
ဓားဟုလဲမဆိုသာပေ။ ခပ်ကွေးကွေးသံပြားလေးကိုမှ လက်ကိုင်လေးလဲပါသေးသည်။
သူဒါမျိုးအရာကို တစ်ခါမှမမြင်ဖူးပေ။အောင်ခန့်တို့လဲ စိုင်းအောင်လက်ထဲကအရာကို အံ့ဩသလိုကြည့်နေကြသည်။
စိုင်းအောင်က ထိုအရာကိုပြပြီး အောင်ခန့်ကိုကြည့်ကာ
"ငါမင်းအကိုကို ဒါလေးနဲ့သတ်ခဲ့တာလေ သိလားဟားးးး"
"မင်းစောက်ပါးစပ်ကိုပိတ်ထား!"
အောင်ခန့် မျက်ရည်ဝဲကာအော်လိုက်သည်။ သူ့အကိုရဲ့ လည်ပင်းကိုလှီးလိုက်တဲ့အရာ ။
သူတအားနာကျင်ရသည်။
"ပြီးတော့ ရင်းဆိုတဲ့ကောင်လေးကိုလဲဒါလေးနဲ့ပဲကွ
သိလား မင်းသိလား အဲ့ကောင်လေးကမင်းကိုအမှန်တွေဝန်ခံဖို့ လာတွေ့တာ ။အလကားပါ အတူတူချင်းကိုသူကသစ္စာဖောက်မယ်လုပ်တော့ ငါလဲ သတ်လိုက်ရတာ"
မင်းဆက် မျက်နှာရဲကာဒေါသထွက်လာသည်။ လူအများကြီးရဲ့ အသက်တွေ သူ့ချစ်သူကိုဝရမ်းပြေးဖြစ်အောင် လုပ်ခဲ့တာတွေကို မျက်လုံးထဲမြင်ယောင်တော့
သူစိုင်းအောင်ကို ပစ်ဖို့လုပ်သည်။
ဘာပဲပြောပြော သူတို့စိုင်းအောင်ကိုအရှင်ဖမ်းမှရမယ်ဆိုတဲ့အတွက် မင်းဆက်စိတ်လျော့လိုက်ပြီး ပစ်ဖို့ကို ရပ်လိုက်သည်။
ထိုစဉ် စိုင်းအောင်ကလက်တစ်ဖက်ထဲကသံပြားကိုကြမ်းပြင်ကိုပစ်ချလိုက်သည်။
ထို့နောက် လက်တစ်ဖက်ကသေနတ်ကိုကိုင်ပြီး ငုံ့ကြည့်နေသည်။
ထို့နောက် အောင်ခန့်ကိုကြည့်ပြီး ပြုံးကာဆက်ပြောသည်။
"ငါတို့ ပန်းခင်းကြီးဆီသွားကြမယ်လေ အောင်ခန့်"
စိုင်းအောင်စကားကို အောင်ခန့်မျက်ရည်တွေကျလာသည်။ သူတို့ပြောခဲ့တဲ့စကားလေးတွေ။
"မင်းနဲ့ရင်းက Nemophilaပန်းခင်းကြီးထဲကိုသွား
ငါကနောက်ကနေဓာတ်ပုံလိုက်ရိုက်ပေးမယ်လေ"
"မင်းပါးစပ်ကိုပိတ်ထား"
အောင်ခန့်က သေနတ်ကိုင်ထားတဲ့လက်တွေ တုန်ရီကာ စိုင်းအောင်ကိုပြောသည်။
စိုင်းအောင်က မျက်ရည်ဝဲပြီး ပြုံးပြသည်။
"ငါတကယ်မင်းတို့ကို ဓာတ်ပုံရိုက်ပေးချင်တာ ငါတို့အားလုံး ခရီးတွေထွက်ပြီး ငါကနောက်ကနေမင်းတို့ကို ဓာတ်ပုံရိုက်ပေးချင်တာ"
"မင်းစောက်ပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတယ်!"'
အောင်ခန့် မျက်လုံးမှိတ်ကာအော်လိုက်သည်။ မျက်ရည်တွေကလဲ စီးကျလျက်။သူ့အနီးကပ်ဆုံးသူငယ်ချင်းက သစ္စာဖောက်ခဲ့တဲ့ဖြစ်ရပ်။
စိုင်းအောင်ကမျက်ရည်တွေကျရင်း လက်ထဲကသေနတ်ကို မြောက်ကိုင်ကာ သူ့နားထင်သူချိန်လိုက်သည်။
ထိုအခါ မင်းဆက်တို့အောင်ခန့်တို့ အာလုံးလန့်သွားပြီး နောက်ဆုတ်လိုက်သည်။
"လက်ထဲကသေနတ်ကိုချထားလိုက်စိုင်းအောင် မင်းအေးအေးဆေးဆေးအဖမ်းခံလိုက်"
မင်းဆက်က နားထင်ကိုသေနတ်နဲ့ချိန်ထားတဲ့စိုင်းအောင်ကို နားချလိုက်သည်။
သို့သော် စိုင်းအောင်ကလုံးဝမချ။ နားထင်ကိုသေနတ်နဲ့ထောက်ထားပြီး လက်မလေးနဲ့ မောင်းတင်လိုက်သည်။
ချောက်!"
"ချထားလို့ငါပြောနေတယ်ခွေးကောင်ရ! မင်းဒီနည်းနဲ့ လွတ်မယ်ထင်နေတာလားစိုင်းအောင်!"
အောင်ခန့်အော်ကာမေးလိုက်သည်။ စိုင်းအောင်က သူ့ချစ်ရသူတွေကို သတ်ခဲ့ပေမဲ့ စိုင်းအောင်ကလဲသူ့ရဲ့အခင်ရဆုံးသူငယ်ချင်းပဲ။
"သေနတ်ချလိုက်စိုင်းအောင် မင်းအပြစ်တွေကိုဆပ်ပြီးအေးအေးဆေဆေးနေလို့ရတယ်လေ ကျေးဇူးပြုပြီး"
အောင်ခန့်တုန်တုန်ရီရီနဲ့ ပြောနေမိသည်။ သူ့ရှေ့နှာနောက်တစ်ယောက်ထွက်သွားတာကိုသူတကယ်မကြည့်နိုင်တော့ပေ။
မျက်ရည်တွေနဲ့စိုင်းအောင်ကတော့ ပြုံးလျက်။
"တောင်းပန်ပါတယ်"
ိဒိုင်း!!
ထွက်သွားတဲ့ကျည်ဆံဟာ စိုင်းအောင်ရဲ့နာထင်ကိုဖောက်ထွက်သွားသည်။
သွေးအိုင်ထဲမှာလဲနေတဲ့စိုင်းအောင်ဟာ မျက်လုံးဖွင့်လျက်သား။
အောင်ခန့် မျက်ဝန်းမှမျက်ရည်တွေကျဆင်းလာသည်။ သွေးအိုင်ထဲမှာလှဲနေတဲ့စိုင်းအောင်အနားကိုလျောက်သွားလိုက်ပြီး ဒူးထောက်ကာထိုင်ချလိုက်သည်။
"အားးးးး!!!! ဘာလို့လဲ!!!"
အောင်ခန့်အော်ဟစ်ကာငိုနေသည်။ စိုင်းအောင်ဆိုတာသူနဲ့ အရင်နှီးဆုံးသူငယ်ချင်းတစ်ယောက်။
ဘာလို့ဒီလိုမျိုးကိစ္စကြီး။
သူတို့စခဲ့နောက်ခဲ့ကြတယ်မလား။
'မင်းက ရင်နဲ့ပန်းခင်းကြီးထဲသွား ငါကဓာတ်ပုံလိုက်ရိုက်ပေးမယ်'
'ဟေ့ကောင် ငါ ငါ ကအဖြောင့်ကွ'
'ငါအရပ်ရှည်တာကိုမင်းကမနာလိုတာလား'
တစ်ချိန်ကစိုင်းအောင်ပြောခဲ့တဲ့စကားတွေ၊၊ဒီလောက်သဘောကောင်းပြီး ခင်စရာကောင်းတဲ့သူက ဘာလို့ဒီလိုလုပ်ခဲ့ရတာလဲ။
ပြီးတော့ မင်းအားလုံးကိုသတ်ပြီး ငါ့ကိုရောဘာလို့မသတ်ခဲ့တာလဲစိုင်းအောင်။
သူအသံတိတ်မျက်ရည်တွေကျလာသည်။ တချက်တချက်ပခုံးတုန်သွားတဲ့ အောင်ခန့်က ရှိုက်ကာငိုနေသည်။
မင်းဆက်ကတော့ သေနတ်ကိုချလိုက်ပြီး အောင်ခန့် ဘေးနားကိုသွားလိုက်သည်။
ဒူးထောက်ကာခေါင်းငုံ့ပြီးငိုကြွေးနေတဲ့ အောင်ခန့်ရဲ့ပခုံးကိုကိုင်လိုက်သည်။
"ပြီးပြီ"
သေဆုံးနေတဲ့ စိုင်းအောင်ရဲ့ သွေးအိုင်ထဲကအလောင်းကိုကြည့်ပြီး မင်းဆက်မျက်ရည်ဝဲလာသည်။
"အာလုံးပြီးသွားပြီ"
လဲလျောင်းနေတဲ့ စိုင်းအောင်ရဲ့ဘေးကိုသွားလိုက်ကာမင်းဆက်ထိုငလိုက်သည်။ ဖွင့်လျက်သားဖြစ်နေတဲ့အလောင်းရဲ့မျက်လုံးကိုမှိတ်နေဖို့ သူလက်ဝါးနဲ့အုပ်ချလိုက်သည်။
ထို့နောက် သူဝမ်းနည်းစိတ်ကိုထိန်းထားပြီး ထရပ်လိုက်ကာ နောက်မိုးကောင်းစွဲနဲ့ တခြားလူတွေကိုပြောလိုက်သည်။
"အလောင်းကိုသယ်လိုက်တော့ "
==================
၁ပတ်လောက်အကြာမှာတော့ အားလုံးကိစ္စတွေပြီးသွားပြီဖြစ်သည်။
စိုင်းအောင်ဆုံးပြီးနောက်ပိုင်း Hydraက အားလုံးကိုကူညီကာဖော်ထုတ်ပေးသည်။ မင်းဆက်ကိုမူးရစ်ဆေးအမှုနဲ့ချောက်ချတဲ့ရင်းနဲ့ စိုင်းအောင်တို့က တစ်ဖွဲ့တည်းဖြစ်ပြီး သူတို့၂ယောက်ရဲ့နောက်မှာ မူးရစ်ဆေးဖြန့်တဲ့အဖွဲ့ လူကုန်ကူးတဲ့အဖွဲ့အစည်းရှိနေသည်။
သူတို့၂ယောက်သေဆုံးသွားတာနဲ့ ထိုအဖွဲ့ဟာလည်းတစ်ခါတည်းပြိုကွဲသွားသည်။
စိုင်းအောင်က USBရှိတဲ့လူတွေကိုလိုက်သတ်ရတာက ထိုUSBထဲ သူတို့၂ယောက်ရဲ့ပတ်သက်မှုတွေ၊ သူတို့အဖွဲ့ရဲ့အချက်အလက်တွေအပြင် ရင်းရဲ့ သရုပ်မှန်ရှိနေတဲ့အတွက် မင်းဆက်တို့လက်ထဲကိုမရောက်အောင်လုပ်ခဲ့ခြင်းဖြစ်သည်။
စိုင်းအောင်ဟာ Blue Moonကိုမဝင်ခင်၊ ရဲထဲမဝင်ခင်ထဲက ထိုတရားမဝင်တဲ့အဖွဲ့မှာတာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
ထို့နောက် အယောင်ဆောင်ကာရဲထဲဝင်ပြီး Blue Moonကိုပိုဝင်ရောက်လာခဲ့သည်။
ရင်းကလဲ ထိုအတိုင်းပင်။ တဖြည်းဖြည်းနဲ့ Blue Moonအဖွဲ့သားတွေကိုချည်းကပ်ခဲ့သည်။ အထူးသဖြင့် အောင်ခန့်ကိုဖြစ်သည်။
မိုးကောင်းစွဲကတော့ လွန်ခဲ့တဲ့နှစ်တွေတည်းက ထိုအကြောင်းတွေကိုစုံစမ်းနေခြင်းဖြစ်သည်။
သူ့ကြောင့်လဲ အားလုံးပိုပြီးသိခဲ့ရသည်။ အာဏာကတော့ သက်သေတွေကိုရှာရင်း သူ့ကိုယ်သူလူသတ်မသားအတိုင်းနေခဲ့သည်။
နောက်ဆုံးမိုးကောင်းစွဲနဲ့ အာဏာ၂ယောက်တွေ့သွားတဲ့အခါမှ သက်သေအားလုံးကစုံသွားသည်။ထို့နောက် Hydraကပါဝင်ပြီး စိုင်းအောင်ကတရားခံဆိုတာကိုဖော်ထုတ်နိုင်ခဲ့သည်။
မင်းဆက် သူ့ရှေ့က စုံစမ်းရေးမှူးကိုကြည့်ကာငြိမ်နေလိုက်သည်။
အားလုံးသိပြီးသွားတဲ့စုံစမ်းရေးမှူးကတော့ သူ့ကိုအားနာသလို ထူးဆန်းလွန်းတဲ့အဖြစ်အပျက်ကြီးကိုအံ့ဩနေသည်။
"ကျေးဇူးတင်ပါတယ် မင်းဆက် အာလုံးကိုဖော်ထုတ်ပေးခဲ့လို့"
စုံစမ်းရေးမှူးကပြောတော့ သူပြုံးလိုက်သည်။ ဒါသူတစ်ယောက်တည်းလုပ်ခဲ့တဲ့ကိစ္စတွေမှမဟုတ်တာ။
"ကျွန်တော့်ကိုကျေးဇူးတင်စရာမလိုဘူး ဒီကိစ္စတွေကို ကျွန်တော်တို့အားလုံးဖော်ထုတ်ခဲ့ကြတာပဲ အထူးသဖြင့် အာဏာ"
ထိုစကားကြောင့်စုံစမ်းရေးမှူးက သက်ပြင်းချလိုက်သည်။ ထို့နောက် မင်းဆက်ကိုကြည့်ကာ
"အာဏာကိုတွေ့ရင် ပြောပါဟအားလုံးကိုတောင်းပန်ချင်လို့"
မင်းဆက်မျက်နှာငယ်သွားသည်။ သူအာဏာကိုနှင်ထုတ်လိုက်တာပဲ။
"ကျွန်တော်ပြောလိုက်ပါ့မယ်"
"ကောင်းပါပြီ"
"ပြီးတော့ "
မင်းဆက်ကစကားအစချီကာ အိတ်ကပ်ထဲကတစ်ခုခုကိုထုတ်လိုက်သည်။ ထို့နောက် ထိုအရာလေးကို စုံစမ်းရေးမှူးရှေ့ကိုချပေးလိုက်သည်။
စုံစမ်းရေးမှူးက ထိုအရာလေးကိုကြည့်ကာနားမလည်ဖြစ်နေသည်။
"ဒါက"
"ကျွန်တော် နှုတ်ထွက်ပါရစေ"
"မင်းဆက်"
စုံစမ်းရေးမှူးက ရှေ့ကတံဆိတ်ပြားလေးကိုကြည့်ကာ အံ့ဩနေသည်။ ထို့နောက် မင်းဆက်ကိုနားမလည်သလိုကြည့်ပြီး
"ဘာလို့လဲ "
"ကျွန်တော်ဒီလောက်ပဲလုပ်ပေးနိုင်တော့မယ် တောင်းပန်ပါတယ်"
ဆုံးဖြတ်ချက်ခိုင်မာနေတဲ့ မင်းဆက်ကိုစုံစမ်းရေးမှူးလဲ မတားတော့ပေ။ တံဆိတ်ကိုပြန်သိမ်းလိုက်ပြီး
"ကောင်းပြီ မင်းပြန်လာချင်တဲ့အခါ အချိန်မရွေးပါ "
"ကောင်ပါပြီ "
မင်းဆက် ဆိုဖာပေါ်ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး စုံစမ်းရေးမှူးကို နောက်ဆုံးအကြိမ်အလေးပြုလိုက်သည်။
"နှုတ်ဆက်ပါတယ်"
"ကောင်းပြီ အစစအရာရာဂရုစိုက်ပါ"
"ဟုတ်ကဲ့"
သူနှုတ်ဆက်ပြီးအခန်းအပြင်ကိုထွက်လိုက်သည်။ သူအခုဆိုရင် Blue Moonကနေတရားဝင်ထွက်လိုက်ပြီဖြစ်သည်။
ဘယ်သူမှမရှိတော့တဲ့ ဒီနေရာမှာသူဆက်မနေချင်တော့ပေ။
===================
"ကျောင်းပြန်တတ်ဖို့ စိတ်ကူးမရှိတော့ဘူးလားမိုးကောင်းစွဲ"
"ဖေဖေ ကျွန်တော်ကကျောင်းပြီးပြီလေ ဘာကိုဆက်တတ်ရဦးမှာလဲ"
ရှေ့ကဖခင်ကိုကြည့်ပြီး မိုးကောင်းစွဲစူပုပ်ကာပြောလိုက်သည်။ အတင်းကိုကျောင်းပြန်တတ်ခိုင်းနေသတယ်။
"မင်းလုပ်ချင်တာတွေလုပ်ပြီးပြီလေ မင်းလဲ ကျောင်းမတတ်ချင်ရင် အလုပ်တစ်ခုခုတော့ သေချာလုပ်
ယောင်ခြောက်ဆယ်နဲ့ ဟိန်းလေးကိုသွားပြီး မနှောက်ယှက်နဲ့"
ဦးကောင်းထက်ကပြောသည်။Dayကတော့ ဘာမှဝင်မပြော။ ငြိမ်ကာကြည့်နေသည်။
ခဏကြာတော့ Dayက
"မင်းဆက် အဆင်ပြေလား"
မိုးကောင်းစွဲက ပြုံးပြီး
"အင်း ပြေတယ်လို့တော့ထင်တာပဲ"
"အင်း အာဏာရောဘာသတင်းရလဲ"
"ဟင့်အင်း ၊ မရဘူး၊ အဆက်အသွယ်လဲမရဘူးလူလွှတ်ပြီးစုံစမ်းခိုင်းထားတာလဲ မရဘူး"
မိုးကောင်းစွဲကစိတ်ပျက်လက်ပျက်နဲ့ပြောသည်အာဏာက လုံးဝအစအနရှာလို့မရအောင်ပျောက်သွားသည်။
မင်းဆက် ထွက်သွားဆိုတဲ့ စကားတစ်ခွန်းနဲ့ ကိုယ်ယောင်ဖျောက်သွားသည်။
ဘယ်လိုမှကိုရှာမရတော့ပေ။
=====================
"ကိုဆက်ရှိလား အန်ကယ်"
မိုးကောင်းစွဲ မင်းဆက်တို့အိမ်ကိုရောက်လာခြင်းဖြစ်သည်။ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဦးမှိုင်းကိုမေးလိုက်သည်
။
"ရှိတယ် အခန်းထဲမှာပဲ"
"ဟုတ် ကျွန်တော်သွားလိုက်ဦးမယ်"
"အေးအေး"
မိုးကောင်းစွဲပြောပြီး အပေါ်ထပ်ကိုတတ်လာခဲ့သည်။ သူမင်းဆက်ရဲ့ အခန်းရှေ့ရောက်တော့ တံခါးခေါက်မလို့လုပ်ပေမဲ့ တံခါးဟထားတဲ့အတွက် သူတွန်းပြီးတော့သာဝင်လာခဲ့သည်။
သူအခန်းထဲရောက်တော့ တံခါးကိုပြန်ပိတ်လိုက်ပြီး မင်းဆက်ကိုရှာလိုက်သည်။
ရှေနားလေးဆက်သွားလိုက်တော့ မွေ့ရာပေါ်မှာထိုင်နေတဲ့ မင်းဆက်ကိုတွေ့လိုက်ရသည်။
"ကိုဆက်"
မိုးကောင်းစွဲခေါ်လိုက်တော့ မင်းဆက်ကလှည့်ကြည့်လာသည်။ ထို့နောက်မွေ့ရာပေါ်ကဆင်းလာပြီး
"စွဲ လာလေ"
မင်းဆက်က မွေ့ရာပေါ်လာပြီး အခန်းထဲက ဆိုဖာပေါ်မှာထိုင်လိုက်တော့ မိုကောင်းစွဲလဲ မင်ဆက်နဲ့မျက်နှာချင်းဆိုင်ဆိုဖာပေါ်မှာထိုင်လိုက်သည်။
မင်းဆက်ကစပြီး
"ဘယ်လိုဖြစ်လို့ရောက်လာတာလဲ "
"ဒီလိုပါပဲဗျာ ကျွန်တော်ကဘာအလုပ်မှမရှိတော့အေးဆေးဖြစ်နေတာ"
"ဦးဒေးရဲ့ ဆေးရုံမှာဝင်လုပ်ပေါ့"
"တော်ပါ မလုပ်ချင်ဘူး"
"ဘာလို့လဲ အဲ့တာဆို ငါ့ကုမ္မဏီမှာလာလုပ်"
"ပိုဆိုးသေး ကိုယ့်ဘာသာပဲအေးအေးဆေးဆေးနေပါရစေ"
မိုးကောင်းစွဲက ဆိုဖာပေါ်မှီတွယ်ကာထိုင်ရင်း အလုပ်မလုပ်ချင်ကြောင်းပြောသည်။ မင်းဆက်ကတော့ အပျင်းထူနေတဲ့ မိုးကောင်းစွဲကို ပြုံးပြီးခေါင်းတခါခါနဲ့သာကြည့်နေသည်။
ခဏကြာတော့ မင်းဆက်က
"စွဲ"
"အင်း"
"စိုင်းအောင်တို့အဖွဲ့ပတ်သက်ပြီး အားလုံးအစအနပျောက်သွားပြီလား"
မင်းဆက်မေးလိုက်တော့ ဆိုဖာပေါ်မှီထိုင်နေတဲ့မိုးကောင်းစွဲက ချက်ချင်းမတ်ကာထိုင်လိုက်သည်။
ထို့နောက် ....
"အင်း အားလုံးကတော့ဖမ်းဆီးပြီးသွားပြီလေ စိုင်းအောင်ရော ရင်းရောကမရှိတော့ဘူး ကျန်တဲ့ သူတို့နဲ့ပူးပေါင်းလုပ်ခဲ့တဲ့ လူတွေကိုလဲ အားလုံးဖမ်းလိုက်ပြီ။လွတ်မြောက်သွားတာလဲမရှိပါဘူး"
"စိုင်းအောင်နဲ့ရင်း နှစ်ယောက်ရဲ့နောက်မှာ နောက်ထပ်တစ်ယောက်ရှိမယ်လို့ထင်လား"
"ဘာကိုဆိုလိုတာလဲ"
"ငါပြောချင်တာ ဒီကိစ္စတွေမှာ စိုင်းအောင်နဲ့ရင်း အပြင်နောက်ထပ် လူတစ်ယောက်ရှိဦးမယ်လို့ထင်တယ်"
မိုးကောင်းစွဲက မင်းဆက်စကားကိုနားထောင်ပြီး
မျက်နှာတည်သွားသည်။
နောက်တစ်ယောက်ရှိတယ်ဆိုတာဖြစ်နိုင်မလား။
"ဒါကငါ့အတွေးပါခန့်မှန်းကြည့်တာ ဒီလောက်ကြီးမားတဲ့ကိစ္စရဲ့နောက်ကွယ်မှာ နောက်ထပ်လူတစ်ယောက်ရှိဦးမယ်ထင်ကြည့်တာပါ"
"ဒါမဲ့ သက်သေအားလုံးအရကတော့ ဘယ်သူမှမရှိတော့ဘူး ပြီးတော့ဒီအမှုကပြီးဆုံးသွားတဲ့အတွက် ဆက်ပြီးစုံစမ်းစရာမရှိတော့ဘူးလေ
နောက်ပြီးဘာတတင်းအစအနဘာတစ်ခုမှမကျတော့ဘူး ကျွန်တော့်စိတ်ထင်တော့ နောက်ထပ်လူရှိခဲ့ရင်တောင် ကျွန်တော်တို့ဖမ်းလို့မရတော့ဘူး ကိုဆက်"
"အင်း ငါတို့စိတ်ထင်နေတာဖြစ်မှာပါ"
"အင်း"
ထို့နောက် နှစ်ယောက်စလုံးပြန်လည်တိတ်ဆိတ်သွားသည်။ ခဏကြာတော့ တိတ်ဆိတ်ကိုဖြိုခွင်းလိုက်တာက မင်းဆက်။
"အာဏာရဲ့သတင်းရသေးလား"
မင်းဆက် မျှော်လင့်ချက်အနည်းငယ်လေးနဲ့မေးလာသည်။ မိုးကောင်းစွဲက သက်ပြင်းချင်ပြီး ခေါင်းခါသည်။
"မရဘူး အဆက်အသွယ်လေးမရတာကြာပြီ အန်ကယ်တို့ရော စုံစမ်းနေတယ်မလား"
မိုးကောင်းစွဲမေးတော့ မင်းဆက်ကခေါင်းညိတ်သည်။ သို့ပေမဲ့ မျက်နှာမကောင်း။
"Daddyတို့လဲရှာနေပေမဲ့ အစအနမရဘူး"
မင်းဆက်ကပြောပြီး ခေါင်းငုံ့သွားသည်။ ထို့နောက် တုန်ရင်နေတဲ့အသံနဲ့ဆိုလာသည်။
"ငါ ငါသူ့ကိုမယုံကြည်ခဲ့မိဘူး စွဲ"
တုန်ရင်နေတဲ့ အသံကြောင့်မင်းဆက်မျက်ရည်ကျနေတာကိုမိုးကောင်းစွဲသိလိုက်သည်။ သို့သော်ခေါင်းငုံ့ထားတဲ့အတွက် သူမမြင်ရပေ။
"ကိုဆက်"
"ငါနည်းနည်းဖြစ်ဖြစ်ယုံခဲ့သင့်တာ စွဲ ပြီးတော့ ငါကိုယ်တိုင် သူ့ကို သေနတ်နဲ့ပစ်ခဲ့တာ"
"ကိုဆက် "
ပခုံးတွေတုန်တဲ့အထိငိုရှိုက်နေတဲ့မင်းဆက်ကြောင့် မိုးကောင်းစွဲလဲစိတ်မကောင်းပေ။ သူထိုနေရာကထလိုက်ပြီး မင်းဆက်ရဲ့ဘေးမှာသွားထိုင်လိုက်သည်။
ထို့နောက် ခေါင်းငုံ့ကာငိုနေတဲ့မင်းဆက်ရဲပခုံးကိုဖွဖွလေးဆွဲကာ ဖက်ထားလိုက်သည်။
ငိုနေတဲ့မင်းဆက်ကတော့ အသံမထွက်ဘဲကြိတ်ငိုနေသည်။
"ကိုဆက်မမှားဘူးလေ ။ ကျွန်တော်သာဆိုလဲကိုဆက်လိုပဲ တွေမိ အထင်လွဲမိမှာ ပြီးတော့ ကိုဆက် အာဏာကိုဘယ်လောက်ချစ်တာ အားလုံးအသိပဲ
သူ့ကိုအသက်ပေးပြီးတော့တောက်ကာကွယ်ပေးခဲ့တာ
သူနားလည်မှာပါ ကိုဆက် အရမ်းကြီးစိတ်မကောင်းမဖြစ်ပါနဲ့"
မိုးကောင်းစွဲဘယ်လောက်နှစ်သိမ့်ပါစေ သူဖက်ထားတဲ့မင်းဆက်ကတော ငိုဆဲ။
ကိုယ့်ချစ်သူကို ကိုယ်တိုင်သေနတ်ပြစ်လိုက်တဲ့ခံစားချက်။
ပစ်လိုက်တဲ့လူရော အပြစ်ခံရတဲ့လူရော ၂ယောက်စလုံးနာကျင်မှာမဟုတ်လား။
ပစ်လိုက်တဲ့ လူကစိတ်နှလုံးကြေကွဲလောက်အောင်နာကျင်ရမည်။အပစ်ခံလိုက်ရတဲ့လူကတော့ ဒဏ်ရာရော နှလုံးသာရောနာကျင်ရမည်။
ဒါမဲ့ နှလုံးသားလောက်တော့ ဒဏ်ရာကဘယ်နာကျင်ပါ့မလဲ။
=================
<Zawgyi>
"စိုင္းေအာင္"
သူတို႔အားလံုးအံ့ၾသသြားရသည္။ ဘယ္လိုလုပ္ၿပီး စိုင္းေအာင္ျဖစ္ေနရတာလဲ။
စိုင္းေအာင္က လက္ထဲကအာဏာရဲ႕မ်က္နွာနဲ႔တစ္ပံုစံတည္းျဖစ္တဲ့ မ်က္နွာဖံုးကိုလႊတ္ခ်လိုက္ၿပီး မင္းဆက္တို႔ကိုၾကည့္ကာရယ္သည္။
မင္းဆက္တို႔ အားလံုးလဲ စိုင္းေအာင္နဲ႔မ်က္နွာခ်င္းဆိုင္ ခပ္လွမ္းလွမ္းမွာ ေသနတ္နဲ႔ခ်ိန္႐ြယ္ကာ သတိထားေနရသည္။မူမမွန္တဲ့ စိုင္းေအာင္ကေတာ့ အရူးတစ္ေယာက္လိုရယ္ေနသည္။
"မင္း ဘာလို႔အဲ့လိုလုပ္ရတာလဲ"
ေအာင္ခန္႔ကေဒါသထြက္ကာေမးသည္။ သူ႔အကိုကိုသတ္ခဲ့တာက သူ႔ေဘးနားကအရင္နွီးဆံုး သူငယ္ခ်င္းလား။
ေအာင္ခန္႔ေမးလိုက္ေတာ့ စိုင္းေအာင္ကရယ္သည္။
"ဟားဟားးး မင္းသိရက္နဲ႔ေမးေနျပန္ၿပီလား ဘာလဲ ငါကိုယ္တိုင္ေျပာတာကိုၾကားခ်င္တာလား"
"ေခြးေကာင္!"
"အာ ငါေတာ္ေတာ္ပိရိခဲ့ပံုပဲ။ ဟဘယ္သူမွမရိပ္မိဘူး ၾကည့္စမ္း ဟားးဟားးး"
မင္းဆက္သူ႔ေရွ႕ကစိုင္းေအာင္ကိုေဒါသထြက္လာသည္။ အာဏာကို ေခ်ာက္ခ်ခဲ့တာေရာ၊ သူ႔တို႔ကိုသစၥာေဖာက္ခဲ့တာကေရာ မင္းဆက္ ခံျပင္းလြန္းေနသည္။
"ဘာေၾကာင့္လဲ စိုင္းေအာင္ မင္းဘာေၾကာင့္ ဒီလိုေတြလုပ္ရတာလဲ"
မင္းဆက္ေအးအးေဆးေဆးေမးလိုက္သည္။ မဟုတ္ရင္သူတို႔ဒီကိစၥကၿပီးမွမဟုတ္ေတာ့ေပ။
"ဘာလို႔လဲ ဟုတ္လား ဟားဟားးး"
ေမးတာကိုမေျဖဘဲ ရယ္ေနတဲ့စိုင္းေအာင္ကိုၾကည့္ကာ မိုးေကာင္းစြဲကမ်က္ေမွာင္ၾကဳတ္လိုက္သည္။
ထို႔ေနာက္ ေနာက္ေက်ာကေန မင္းဆက္အနားကပ္ၿပီးခပ္တိုးတိုးေလးနဲ႔ေျပာလိုက္သည္။
"သူ႔ကိုၾကည့္ရတာ မူမမွန္ဘူးေနာ္ကိုဆက္ ဆက္ေမးေနလဲ ေျဖမဲ့ပံုမရွိဘူး ကြၽန္ေတာ္တို႔အရင္ဆံုး ဖမ္းရေအာင္"
မိုးေကာင္းစြဲေျပာတာအမွန္ပင္။ စိုင္းေအာင္က ပံုမွန္လူနဲ႔လံုးဝမတူေပ။စိတ္လြတ္ေနတဲ့ လူတစ္ေယာက္လိုျဖစ္ေနသည္။
ဘာလဲ သူကစိတၲဇျဖစ္ေနတဲ့လူတစ္ေယာက္လား။
မင္းဆက္ ေရွ႕ကိုအသာေလးတိုးလိုက္ေတာ့ ရယ္ေနတဲ့စိုင္းေအာင္က ရပ္သြားသည္။ ထို႔ေနာက္ မင္းဆက္ကိုၾကည့္ၿပီး ၿပံဳးကာဆိုသည္။
"ကြၽန္ေတာ္ဘာနဲ႔သတ္လဲမသိခ်င္ဘူးလား"
စိုင္းေအာင္စကားေၾကာင့္ မင္းဆက္တို႔သတိထားလိုက္သည္။
ထို႔စဥ္ စိုင္းေအာင္က လက္တစ္ဖက္ကေသနတ္ကို ကိုင္ထားလ်က္ အက်ီၤအိတ္ထဲက တစ္စံုတစ္ခုကို ထုတ္လိုက္သည္။
မင္းဆက္ အာရံုစိုက္ၾကည့္လိုက္ေတာ့ သံျပားေလး။
ဓားဟုလဲမဆိုသာေပ။ ခပ္ေကြးေကြးသံျပားေလးကိုမွ လက္ကိုင္ေလးလဲပါေသးသည္။
သူဒါမ်ိဳးအရာကို တစ္ခါမွမျမင္ဖူးေပ။ေအာင္ခန္႔တို႔လဲ စိုင္းေအာင္လက္ထဲကအရာကို အံ့ၾသသလိုၾကည့္ေနၾကသည္။
စိုင္းေအာင္က ထိုအရာကိုျပၿပီး ေအာင္ခန္႔ကိုၾကည့္ကာ
"ငါမင္းအကိုကို ဒါေလးနဲ႔သတ္ခဲ့တာေလ သိလားဟားးးး"
"မင္းေစာက္ပါးစပ္ကိုပိတ္ထား!"
ေအာင္ခန္႔ မ်က္ရည္ဝဲကာေအာ္လိုက္သည္။ သူ႔အကိုရဲ႕ လည္ပင္းကိုလီွးလိုက္တဲ့အရာ ။
သူတအားနာက်င္္ရသည္။
"ၿပီးေတာ့ ရင္းဆိုတဲ့ေကာင္ေလးကိုလဲဒါေလးနဲ႔ပဲကြ
သိလား မင္းသိလား အဲ့ေကာင္ေလးကမင္းကိုအမွန္ေတြဝန္ခံဖို႔ လာေတြ႕တာ ။အလကားပါ အတူတူခ်င္းကိုသူကသစၥာေဖာက္မယ္လုပ္ေတာ့ ငါလဲ သတ္လိုက္ရတာ"
မင္းဆက္ မ်က္နွာရဲကာေဒါသထြက္လာသည္။ လူအမ်ားႀကီးရဲ႕ အသက္ေတြ သူ႔ခ်စ္သူကိုဝရမ္းေျပးျဖစ္ေအာင္ လုပ္ခဲ့တာေတြကို မ်က္လံုးထဲျမင္ေယာင္ေတာ့
သူစိုင္းေအာင္ကို ပစ္ဖို႔လုပ္သည္။
ဘာပဲေျပာေျပာ သူတို႔စိုင္းေအာင္ကိုအရွင္ဖမ္းမွရမယ္ဆိုတဲ့အတြက္ မင္းဆက္စိတ္ေလ်ာ့လိုက္ၿပီး ပစ္ဖို႔ကို ရပ္လိုက္သည္။
ထိုစဥ္ စိုင္းေအာင္ကလက္တစ္ဖက္ထဲကသံျပားကိုၾကမ္းျပင္ကိုပစ္ခ်လိုက္သည္။
ထို႔ေနာက္ လက္တစ္ဖက္ကေသနတ္ကိုကိုင္ၿပီး ငံု႔ၾကည့္ေနသည္။
ထို႔ေနာက္ ေအာင္ခန္႔ကိုၾကည့္ၿပီး ၿပံဳးကာဆက္ေျပာသည္။
"ငါတို႔ ပန္းခင္းႀကီးဆီသြားၾကမယ္ေလ ေအာင္ခန္႔"
စိုင္းေအာင္စကားကို ေအာင္ခန္႔မ်က္ရည္ေတြက်လာသည္။ သူတို႔ေျပာခဲ့တဲ့စကားေလးေတြ။
"မင္းနဲ႔ရင္းက Nemophilaပန္းခင္းႀကီးထဲကိုသြား
ငါကေနာက္ကေနဓာတ္ပံုလိုက္ရိုက္ေပးမယ္ေလ"
"မင္းပါးစပ္ကိုပိတ္ထား"
ေအာင္ခန္႔က ေသနတ္ကိုင္ထားတဲ့လက္ေတြ တုန္ရီကာ စိုင္းေအာင္ကိုေျပာသည္။
စိုင္းေအာင္က မ်က္ရည္ဝဲၿပီး ၿပံဳးျပသည္။
"ငါတကယ္မင္းတို႔ကို ဓာတ္ပံုရိုက္ေပးခ်င္တာ ငါတို႔အားလံုး ခရီးေတြထြက္ၿပီး ငါကေနာက္ကေနမင္းတို႔ကို ဓာတ္ပံုရိုက္ေပးခ်င္တာ"
"မင္းေစာက္ပါးစပ္ကိုပိတ္ထားလို႔ ငါေျပာေနတယ္!"'
ေအာင္ခန္႔ မ်က္လံုးမွိတ္ကာေအာ္လိုက္သည္။ မ်က္ရည္ေတြကလဲ စီးက်လ်က္။သူ႔အနီးကပ္ဆံုးသူငယ္ခ်င္းက သစၥာေဖာက္ခဲ့တဲ့ျဖစ္ရပ္။
စိုင္းေအာင္ကမ်က္ရည္ေတြက်ရင္း လက္ထဲကေသနတ္ကို ေျမာက္ကိုင္ကာ သူ႔နားထင္သူခ်ိန္လိုက္သည္။
ထိုအခါ မင္းဆက္တို႔ေအာင္ခန္႔တို႔ အာလံုးလန္႔သြားၿပီး ေနာက္ဆုတ္လိုက္သည္။
"လက္ထဲကေသနတ္ကိုခ်ထားလိုက္စိုင္းေအာင္ မင္းေအးေအးေဆးေဆးအဖမ္းခံလိုက္"
မင္းဆက္က နားထင္ကိုေသနတ္နဲ႔ခ်ိန္ထားတဲ့စိုင္းေအာင္ကို နားခ်လိုက္သည္။
သို႔ေသာ္ စိုင္းေအာင္ကလံုးဝမခ်။ နားထင္ကိုေသနတ္နဲ႔ေထာက္ထားၿပီး လက္မေလးနဲ႔ ေမာင္းတင္လိုက္သည္။
ေခ်ာက္!"
"ခ်ထားလို႔ငါေျပာေနတယ္ေခြးေကာင္ရ! မင္းဒီနည္းနဲ႔ လြတ္မယ္ထင္ေနတာလားစိုင္းေအာင္!"
ေအာင္ခန္႔ေအာ္ကာေမးလိုက္သည္။ စိုင္းေအာင္က သူ႔ခ်စ္ရသူေတြကို သတ္ခဲ့ေပမဲ့ စိုင္းေအာင္ကလဲသူ႔ရဲ႕အခင္ရဆံုးသူငယ္ခ်င္းပဲ။
"ေသနတ္ခ်လိုက္စိုင္းေအာင္ မင္းအျပစ္ေတြကိုဆပ္ၿပီးေအးေအးေဆေဆးေနလို႔ရတယ္ေလ ေက်းဇူးျပဳၿပီး"
ေအာင္ခန္႔တုန္တုန္ရီရီနဲ႔ ေျပာေနမိသည္။ သူ႔ေရွ႕နွာေနာက္တစ္ေယာက္ထြက္သြားတာကိုသူတကယ္မၾကည့္နိုင္ေတာ့ေပ။
မ်က္ရည္ေတြနဲ႔စိုင္းေအာင္ကေတာ့ ၿပံဳးလ်က္။
"ေတာင္းပန္ပါတယ္"
ိဒိုင္း!!
ထြက္သြားတဲ့က်ည္ဆံဟာ စိုင္းေအာင္ရဲ႕နာထင္ကိုေဖာက္ထြက္သြားသည္။
ေသြးအိုင္ထဲမွာလဲေနတဲ့စိုင္းေအာင္ဟာ မ်က္လံုးဖြင့္လ်က္သား။
ေအာင္ခန္႔ မ်က္ဝန္းမွမ်က္ရည္ေတြက်ဆင္းလာသည္။ ေသြးအိုင္ထဲမွာလွဲေနတဲ့စိုင္းေအာင္အနားကိုေလ်ာက္သြားလိုက္ၿပီး ဒူးေထာက္ကာထိုင္ခ်လိုက္သည္။
"အားးးးး!!!! ဘာလို႔လဲ!!!"
ေအာင္ခန္႔ေအာ္ဟစ္ကာငိုေနသည္။ စိုင္းေအာင္ဆိုတာသူနဲ႔ အရင္နွီးဆံုးသူငယ္ခ်င္းတစ္ေယာက္။
ဘာလို႔ဒီလိုမ်ိဳးကိစၥႀကီး။
သူတို႔စခဲ့ေနာက္ခဲ့ၾကတယ္မလား။
'မင္းက ရင္နဲ႔ပန္းခင္းႀကီးထဲသြား ငါကဓာတ္ပံုလိုက္ရိုက္ေပးမယ္'
'ေဟ့ေကာင္ ငါ ငါ ကအေျဖာင့္ကြ'
'ငါအရပ္ရွည္တာကိုမင္းကမနာလိုတာလား'
တစ္ခ်ိန္ကစိုင္းေအာင္ေျပာခဲ့တဲ့စကားေတြ၊၊ဒီေလာက္သေဘာေကာင္းၿပီး ခင္စရာေကာင္းတဲ့သူက ဘာလို႔ဒီလိုလုပ္ခဲ့ရတာလဲ။
ၿပီးေတာ့ မင္းအားလံုးကိုသတ္ၿပီး ငါ့ကိုေရာဘာလို႔မသတ္ခဲ့တာလဲစိုင္းေအာင္။
သူအသံတိတ္မ်က္ရည္ေတြက်လာသည္။ တခ်က္တခ်က္ပခံုးတုန္သြားတဲ့ ေအာင္ခန္႔က ရႈိက္ကာငိုေနသည္။
မင္းဆက္ကေတာ့ ေသနတ္ကိုခ်လိုက္ၿပီး ေအာင္ခန္႔ ေဘးနားကိုသြားလိုက္သည္။
ဒူးေထာက္ကာေခါင္းငံု႔ၿပီးငိုေႂကြးေနတဲ့ ေအာင္ခန္႔ရဲ႕ပခံုးကိုကိုင္လိုက္သည္။
"ၿပီးၿပီ"
ေသဆံုးေနတဲ့ စိုင္းေအာင္ရဲ႕ ေသြးအိုင္ထဲကအေလာင္းကိုၾကည့္ၿပီး မင္းဆက္မ်က္ရည္ဝဲလာသည္။
"အာလံုးၿပီးသြားၿပီ"
လဲေလ်ာင္းေနတဲ့ စိူင္းေအာင္ရဲ႕ေဘးကိုသြားလိုက္ကာမင္းဆက္ထိုငလိုက္သည္။ ဖြင့္လ်က္သားျဖစ္ေနတဲ့အေလာင္းရဲ႕မ်က္လံုးကိုမွိတ္ေနဖို႔ သူလက္ဝါးနဲ႔အုပ္ခ်လိုက္သည္။
ထို႔ေနာက္ သူဝမ္းနည္းစိတ္ကိုထိန္းထားၿပီး ထရပ္လိုက္ကာ ေနာက္မိုးေကာင္းစြဲနဲ႔ တျခားလူေတြကိုေျပာလိုက္သည္။
"အေလာင္းကိုသယ္လိုက္ေတာ့ "
==================
၁ပတ္ေလာက္အၾကာမွာေတာ့ အားလံုးကိစၥေတြၿပီးသြားၿပီျဖစ္သည္။
စိုင္းေအာင္ဆံုးၿပီးေနာက္ပိုင္း Hydraက အားလံုးကိုကူညီကာေဖာ္ထုတ္ေပးသည္။ မင္းဆက္ကိုမူးရစ္ေဆးအမႈနဲ႔ေခ်ာက္ခ်တဲ့ရင္းနဲ႔ စိုင္းေအာင္တို႔က တစ္ဖြဲ႕တည္းျဖစ္ၿပီး သူတို႔၂ေယာက္ရဲ႕ေနာက္မွာ မူးရစ္ေဆးျဖန္႔တဲ့အဖြဲ႕ လူကုန္ကူးတဲ့အဖြဲ႕အစည္းရွိေနသည္။
သူတို႔၂ေယာက္ေသဆံုးသြားတာနဲ႔ ထိုအဖြဲ႕ဟာလည္းတစ္ခါတည္းၿပိဳကြဲသြားသည္။
စိုင္းေအာင္က USBရွိတဲ့လူေတြကိုလိုက္သတ္ရတာက ထိုUSBထဲ သူတို႔၂ေယာက္ရဲ႕ပတ္သက္မႈေတြ၊ သူတို႔အဖြဲ႕ရဲ႕အခ်က္အလက္ေတြအျပင္ ရင္းရဲ႕ သရုပ္မွန္ရွိေနတဲ့အတြက္ မင္းဆက္တို႔လက္ထဲကိုမေရာက္ေအာင္လုပ္ခဲ့ျခင္းျဖစ္သည္။
စိုင္းေအာင္ဟာ Blue Moonကိုမဝင္ခင္၊ ရဲထဲမဝင္ခင္ထဲက ထိုတရားမဝင္တဲ့အဖြဲ႕မွာတာဝန္ထမ္းေဆာင္ေနျခင္းျဖစ္သည္။
ထို႔ေနာက္ အေယာင္ေဆာင္ကာရဲထဲဝင္ၿပီး Blue Moonကိုပိုဝင္ေရာက္လာခဲ့သည္။
ရင္းကလဲ ထိုအတိုင္းပင္။ တျဖည္းျဖည္းနဲ႔ Blue Moonအဖြဲ႕သားေတြကိုခ်ည္းကပ္ခဲ့သည္။ အထူးသျဖင့္ ေအာင္ခန္႔ကိုျဖစ္သည္။
မိုးေကာင္းစြဲကေတာ့ လြန္ခဲ့တဲ့နွစ္ေတြတည္းက ထိုအေၾကာင္းေတြကိုစံုစမ္းေနျခင္းျဖစ္သည္။
သူ႔ေၾကာင့္လဲ အားလံုးပိုၿပီးသိခဲ့ရသည္။ အာဏာကေတာ့ သက္ေသေတြကိုရွာရင္း သူ႔ကိုယ္သူလူသတ္မသားအတိုင္းေနခဲ့သည္။
ေနာက္ဆံုးမိုးေကာင္းစြဲနဲ႔ အာဏာ၂ေယာက္ေတြ႕သြားတဲ့အခါမွ သက္ေသအားလံုးကစံုသြားသည္။ထို႔ေနာက္ Hydraကပါဝင္ၿပီး စိုင္းေအာင္ကတရားခံဆိုတာကိုေဖာ္ထုတ္နိုင္ခဲ့သည္။
မင္းဆက္ သူ႔ေရွ႕က စံုစမ္းေရးမွဴးကိုၾကည့္ကာၿငိမ္ေနလိုက္သည္။
အားလံုးသိၿပီးသြားတဲ့စံုစမ္းေရးမွဴးကေတာ့ သူ႔ကိုအားနာသလို ထူးဆန္းလြန္းတဲ့အျဖစ္အပ်က္ႀကီးကိုအံ့ၾသေနသည္။
"ေက်းဇူးတင္ပါတယ္ မင္းဆက္ အာလံုးကိုေဖာ္ထုတ္ေပးခဲ့လို႔"
စံုစမ္းေရးမွဴးကေျပာေတာ့ သူၿပံဳးလိုက္သည္။ ဒါသူတစ္ေယာက္တည္းလုပ္ခဲ့တဲ့ကိစၥေတြမွမဟုတ္တာ။
"ကြၽန္ေတာ့္ကိုေက်းဇူးတင္စရာမလိုဘူး ဒီကိစၥေတြကို ကြၽန္ေတာ္တို႔အားလံုးေဖာ္ထုတ္ခဲ့ၾကတာပဲ အထူးသျဖင့္ အာဏာ"
ထိုစကားေၾကာင့္စံုစမ္းေရးမွဴးက သက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ မင္းဆက္ကိုၾကည့္ကာ
"အာဏာကိုေတြ႕ရင္ ေျပာပါဟအားလံုးကိုေတာင္းပန္ခ်င္လို႔"
မင္းဆက္မ်က္နွာငယ္သြားသည္။ သူအာဏာကိုနွင္ထုတ္လိုက္တာပဲ။
"ကြၽန္ေတာ္ေျပာလိုက္ပါ့မယ္"
"ေကာင္းပါၿပီ"
"ၿပီးေတာ့ "
မင္းဆက္ကစကားအစခ်ီကာ အိတ္ကပ္ထဲကတစ္ခုခုကိုထုတ္လိုက္သည္။ ထို႔ေနာက္ ထိုအရာေလးကို စံုစမ္းေရးမွဴးေရွ႕ကိုခ်ေပးလိုက္သည္။
စံုစမ္းေရးမွဴးက ထိုအရာေလးကိုၾကည့္ကာနားမလည္ျဖစ္ေနသည္။
"ဒါက"
"ကြၽန္ေတာ္ နႈတ္ထြက္ပါရေစ"
"မင္းဆက္"
စံုစမ္းေရးမွဴးက ေရွ႕ကတံဆိတ္ျပားေလးကိုၾကည့္ကာ အံ့ၾသေနသည္။ ထို႔ေနာက္ မင္းဆက္ကိုနားမလည္သလိုၾကည့္ၿပီး
"ဘာလို႔လဲ "
"ကြၽန္ေတာ္ဒီေလာက္ပဲလုပ္ေပးနိုင္ေတာ့မယ္ ေတာင္းပန္ပါတယ္"
ဆံုးျဖတ္ခ်က္ခိုင္မာေနတဲ့ မင္းဆက္ကိုစံုစမ္းေရးမွဴးလဲ မတားေတာ့ေပ။ တံဆိတ္ကိုျပန္သိမ္းလိုက္ၿပီး
"ေကာင္းၿပီ မင္းျပန္လာခ်င္တဲ့အခါ အခ်ိန္မေ႐ြးပါ "
"ေကာင္ပါၿပီ "
မင္းဆက္ ဆိုဖာေပၚထိုင္ေနရာကေန မတ္တပ္ရပ္လိုက္ၿပီး စံုစမ္းေရးမွဴးကို ေနာက္ဆံုးအႀကိမ္အေလးျပဳလိုက္သည္။
"နႈတ္ဆက္ပါတယ္"
"ေကာင္းၿပီ အစစအရာရာဂရုစိုက္ပါ"
"ဟုတ္ကဲ့"
သူနႈတ္ဆက္ၿပီးအခန္းအျပင္ကိုထြက္လိုက္သည္။ သူအခုဆိုရင္ Blue Moonကေနတရားဝင္ထြက္လိုက္ၿပီျဖစ္သည္။
ဘယ္သူမွမရွိေတာ့တဲ့ ဒီေနရာမွာသူဆက္မေနခ်င္ေတာ့ေပ။
===================
"ေက်ာင္းျပန္တတ္ဖို႔ စိတ္ကူးမရွိေတာ့ဘူးလားမိုးေကာင္းစြဲ"
"ေဖေဖ ကြၽန္ေတာ္ကေက်ာင္းၿပီးၿပီေလ ဘာကိုဆက္တတ္ရဦးမွာလဲ"
ေရွ႕ကဖခင္ကိုၾကည့္ၿပီး မိုးေကာင္းစြဲစူပုပ္ကာေျပာလိုက္သည္။ အတင္းကိုေက်ာင္းျပန္တတ္ခိုင္းေနသတယ္။
"မင္းလုပ္ခ်င္တာေတြလုပ္ၿပီးၿပီေလ မင္းလဲ ေက်ာင္းမတတ္ခ်င္ရင္ အလုပ္တစ္ခုခုေတာ့ ေသခ်ာလုပ္
ေယာင္ေျခာက္ဆယ္နဲ႔ ဟိန္းေလးကိုသြားၿပီး မေနွာက္ယွက္နဲ႔"
ဦးေကာင္းထက္ကေျပာသည္။Dayကေတာ့ ဘာမွဝင္မေျပာ။ ၿငိမ္ကာၾကည့္ေနသည္။
ခဏၾကာေတာ့ Dayက
"မင္းဆက္ အဆင္ေျပလား"
မိုးေကာင္းစြဲက ၿပံဳးၿပီး
"အင္း ေျပတယ္လို႔ေတာ့ထင္တာပဲ"
"အင္း အာဏာေရာဘာသတင္းရလဲ"
"ဟင့္အင္း ၊ မရဘူး၊ အဆက္အသြယ္လဲမရဘူးလူလႊတ္ၿပီးစံုစမ္းခိုင္းထားတာလဲ မရဘူး"
မိုးေကာင္းစြဲကစိတ္ပ်က္လက္ပ်က္နဲ႔ေျပာသည္အာဏာက လံုးဝအစအနရွာလို႔မရေအာင္ေပ်ာက္သြားသည္။
မင္းဆက္ ထြက္သြားဆိုတဲ့ စကားတစ္ခြန္းနဲ႔ ကိုယ္ေယာင္ေဖ်ာက္သြားသည္။
ဘယ္လိုမွကိုရွာမရေတာ့ေပ။
=====================
"ကိုဆက္ရွိလား အန္ကယ္"
မိုးေကာင္းစြဲ မင္းဆက္တို႔အိမ္ကိုေရာက္လာျခင္းျဖစ္သည္။ ဧည့္ခန္းထဲမွာထိုင္ေနတဲ့ ဦးမႈိင္းကိုေမးလိုက္သည္
။
"ရွိတယ္ အခန္းထဲမွာပဲ"
"ဟုတ္ ကြၽန္ေတာ္သြားလိုက္ဦးမယ္"
"ေအးေအး"
မိုးေကာင္းစြဲေျပာၿပီး အေပၚထပ္ကိုတတ္လာခဲ့သည္။ သူမင္းဆက္ရဲ႕ အခန္းေရွ႕ေရာက္ေတာ့ တံခါးေခါက္မလို႔လုပ္ေပမဲ့ တံခါးဟထားတဲ့အတြက္ သူတြန္းၿပီးေတာ့သာဝင္လာခဲ့သည္။
သူအခန္းထဲေရာက္ေတာ့ တံခါးကိုျပန္ပိတ္လိုက္ၿပီး မင္းဆက္ကိုရွာလိုက္သည္။
ေရွနားေလးဆက္သြားလိုက္ေတာ့ ေမြ့ရာေပၚမွာထိုင္ေနတဲ့ မင္းဆက္ကိုေတြ႕လိုက္ရသည္။
"ကိုဆက္"
မိုးေကာင္းစြဲေခၚလိုက္ေတာ့ မင္းဆက္ကလွည့္ၾကည့္လာသည္။ ထို႔ေနာက္ေမြ့ရာေပၚကဆင္းလာၿပီး
"စြဲ လာေလ"
မင္းဆက္က ေမြ့ရာေပၚလာၿပီး အခန္းထဲက ဆိုဖာေပၚမွာထိုင္လိုက္ေတာ့ မိုေကာင္းစြဲလဲ မင္ဆက္နဲ႔မ်က္နွာခ်င္းဆိုင္ဆိုဖာေပၚမွာထိုင္လိုက္သည္။
မင္းဆက္ကစၿပီး
"ဘယ္လိုျဖစ္လို႔ေရာက္လာတာလဲ "
"ဒီလိုပါပဲဗ်ာ ကြၽန္ေတာ္ကဘာအလုပ္မွမရွိေတာ့ေအးေဆးျဖစ္ေနတာ"
"ဦးေဒးရဲ႕ ေဆး႐ံုမွာဝင္လုပ္ေပါ့"
"ေတာ္ပါ မလုပ္ခ်င္ဘူး"
"ဘာလို႔လဲ အဲ့တာဆို ငါ့ကုမၼဏီမွာလာလုပ္"
"ပိုဆိုးေသး ကိုယ့္ဘာသာပဲေအးေအးေဆးေဆးေနပါရေစ"
မိုးေကာင္းစြဲက ဆိုဖာေပၚမွီတြယ္ကာထိုင္ရင္း အလုပ္မလုပ္ခ်င္ေၾကာင္းေျပာသည္။ မင္းဆက္ကေတာ့ အပ်င္းထူေနတဲ့ မိုးေကာင္းစြဲကို ၿပံဳးၿပီးေခါင္းတခါခါနဲ႔သာၾကည့္ေနသည္။
ခဏၾကာေတာ့ မင္းဆက္က
"စြဲ"
"အင္း"
"စိုင္းေအာင္တို႔အဖြဲ႕ပတ္သက္ၿပီး အားလံုးအစအနေပ်ာက္သြားၿပီလား"
မင္းဆက္ေမးလိုက္ေတာ့ ဆိုဖာေပၚမွီထိုင္ေနတဲ့မိုးေကာင္းစြဲက ခ်က္ခ်င္းမတ္ကာထိုင္လိုက္သည္။
ထို႔ေနာက္ ....
"အင္း အားလံုးကေတာ့ဖမ္းဆီးၿပီးသြားၿပီေလ စိုင္းေအာင္ေရာ ရင္းေရာကမရွိေတာ့ဘူး က်န္တဲ့ သူတို႔နဲ႔ပူးေပါင္းလုပ္ခဲ့တဲ့ လူေတြကိုလဲ အားလံုးဖမ္းလိုက္ၿပီ။လြတ္ေျမာက္သြားတာလဲမရွိပါဘူး"
"စိုင္းေအာင္နဲ႔ရင္း နွစ္ေယာက္ရဲ႕ေနာက္မွာ ေနာက္ထပ္တစ္ေယာက္ရွိမယ္လို႔ထင္လား"
"ဘာကိုဆိုလိုတာလဲ"
"ငါေျပာခ်င္တာ ဒီကိစၥေတြမွာ စိုင္းေအာင္နဲ႔ရင္း အျပင္ေနာက္ထပ္ လူတစ္ေယာက္ရွိဦးမယ္လို႔ထင္တယ္"
မိုးေကာင္းစြဲက မင္းဆက္စကားကိုနားေထာင္ၿပီး
မ်က္နွာတည္သြားသည္။
ေနာက္တစ္ေယာက္ရွိတယ္ဆိုတာျဖစ္နိုင္မလား။
"ဒါကငါ့အေတြးပါခန္႔မွန္းၾကည့္တာ ဒီေလာက္ႀကီးမားတဲ့ကိစၥရဲ႕ေနာက္ကြယ္မွာ ေနာက္ထပ္လူတစ္ေယာက္ရွိဦးမယ္ထင္ၾကည့္တာပါ"
"ဒါမဲ့ သက္ေသအားလံုးအရကေတာ့ ဘယ္သူမွမရွိေတာ့ဘူး ၿပီးေတာ့ဒီအမႈကၿပီးဆံုးသြားတဲ့အတြက္ ဆက္ၿပီးစံုစမ္းစရာမရိွေတာ့ဘူးေလ
ေနာက္ၿပီးဘာတတင္းအစအနဘာတစ္ခုမွမက်ေတာ့ဘူး ကြၽန္ေတာ့္စိတ္ထင္ေတာ့ ေနာက္ထပ္လူရွိခဲ့ရင္ေတာင္ ကြၽန္ေတာ္တို႔ဖမ္းလို႔မရေတာ့ဘူး ကိုဆက္"
"အင္း ငါတို႔စိတ္ထင္ေနတာျဖစ္မွာပါ"
"အင္း"
ထို႔ေနာက္ နွစ္ေယာက္စလံုးျပန္လည္တိတ္ဆိတ္သြားသည္။ ခဏၾကာေတာ့ တိတ္ဆိတ္ကိုၿဖိဳခြင္းလိူက္တာက မင္းဆက္။
"အာဏာရဲ႕သတင္းရေသးလား"
မင္းဆက္ ေမ်ွာ္လင့္ခ်က္အနည္းငယ္ေလးနဲ႔ေမးလာသည္။ မိုးေကာင္းစြဲက သက္ျပင္းခ်င္ၿပီး ေခါင္းခါသည္။
"မရဘူး အဆက္အသြယ္ေလးမရတာၾကာၿပီ အန္ကယ္တို႔ေရာ စံုစမ္းေနတယ္မလား"
မိုးေကာင္းစြဲေမးေတာ့ မင္းဆက္ကေခါင္းညိတ္သည္။ သို႔ေပမဲ့ မ်က္နွာမေကာင္း။
"Daddyတို႔လဲရွာေနေပမဲ့ အစအနမရဘူး"
မင္းဆက္ကေျပာၿပီး ေခါင္းငံု႔သြားသည္။ ထို႔ေနာက္ တုန္ရင္ေနတဲ့အသံနဲ႔ဆိုလာသည္။
"ငါ ငါသူ႔ကိုမယံုၾကည္ခဲ့မိဘူး စြဲ"
တုန္ရင္ေနတဲ့ အသံေၾကာင့္မင္းဆက္မ်က္ရည္က်ေနတာကိုမိုးေကာင္းစြဲသိလိုက္သည္။ သို႔ေသာ္ေခါင္းငံု႔ထားတဲ့အတြက္ သူမျမင္ရေပ။
"ကိုဆက္"
"ငါနည္းနည္းျဖစ္ျဖစ္ယံုခဲ့သင့္တာ စြဲ ၿပီးေတာ့ ငါကိုယ္တိုင္ သူ႔ကို ေသနတ္နဲ႔ပစ္ခဲ့တာ"
"ကိုဆက္ "
ပခံုးေတြတုန္တဲ့အထိငိုရႈိက္ေနတဲ့မင္းဆက္ေၾကာင့္ မိုးေကာင္းစြဲလဲစိတ္မေကာင္းေပ။ သူထိုေနရာကထလိုက္ၿပီး မင္းဆက္ရဲ႕ေဘးမွာသြားထိုင္လိုက္သည္။
ထို႔ေနာက္ ေခါင္းငံု႔ကာငိုေနတဲ့မင္းဆက္ရဲပခံုးကိုဖြဖြေလးဆြဲကာ ဖက္ထားလိုက္သည္။
ငိုေနတဲ့မင္းဆက္ကေတာ့ အသံမထြက္ဘဲႀကိတ္ငိုေနသည္။
"ကိုဆက္မမွားဘူးေလ ။ ကြၽန္ေတာ္သာဆိုလဲကိုဆက္လိုပဲ ေတြမိ အထင္လြဲမိမွာ ၿပီးေတာ့ ကိုဆက္ အာဏာကိုဘယ္ေလာက္ခ်စ္တာ အားလံုးအသိပဲ
သူ႔ကိုအသက္ေပးၿပီးေတာ့ေတာက္ကာကြယ္ေပးခဲ့တာ
သူနားလည္မွာပါ ကိုဆက္ အရမ္းႀကီးစိတ္မေကာင္းမျဖစ္ပါနဲ႔"
မိုးေကာင္းစြဲဘယ္ေလာက္နွစ္သိမ့္ပါေစ သူဖက္ထားတဲ့မင္းဆက္ကေတာ ငိုဆဲ။
ကိုယ့္ခ်စ္သူကို ကုိယ္တိုင္ေသနတ္ျပစ္လိုက္တဲ့ခံစားခ်က္။
ပစ္လိုက္တဲ့လူေရာ အျပစ္ခံရတဲ့လူေရာ ၂ေယာက္စလံုးနာက်င္မွာမဟုတ္လား။
ပစ္လိုက္တဲ့ လူကစိတ္ႏွလံုးေၾကကြဲေလာက္ေအာင္နာက်င္ရမည္။အပစ္ခံလိုက္ရတဲ့လူကေတာ့ ဒဏ္ရာေရာ နွလံုးသာေရာနာက်င္ရမည္။
ဒါမဲ့ နွလံုးသားေလာက္ေတာ့ ဒဏ္ရာကဘယ္နာက်င္ပါ့မလဲ။
=================