<Unicode>
"လီလီ"
မင်းဆက် အံ့ဩလွန်းလို့ ဘာမှမဆိုနိုင်။ ဘာလို့လီလီလဲ။
"သား"
သူမျက်ရည်တွေကျလာကာ ပြောဖို့စကားလုံးများပြောက်ရှနေသည်။
သူ့ရှေ့ကလီလီကတော့ မျက်ရည်တွေဝဲနေသည်။ မျက်ဝန်းမှာကြေကွဲခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းတွေကိန်းအောင်းနေသည်။
"စိတ်အေးအေးထား "
သူနောက်ဆုံး ခုံပေါ်မှာပြန်ထိုင်လိုက်ပြီးခေါင်းသာငုံ့ထားမိသည်။ ရှေ့ကလီလီကလဲ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်။
အခန်းထဲနှစ်ယောက်စလုံးထိုင်နေပြီး ဘယ်သူမှစပြီးစကားပြောခြင်းမရှိ။ မင်းဆက်လဲ ခေါင်းငုံ့ကာနေသည်။
"အံ့ဩသွားမယ်ဆိုနားလည်တယ်"
ထွက်ပေါ်လာတဲ့လီလီစကား။ သူမော့ကြည့်လိုက်သည်။ မျက်ရည်ဝဲနေတဲ့ လီလီရဲ့မျက်ဝန်းထဲမှာလေးနက်ခြင်းတွေရှိနေသည်။
သို့သော် လီလီရဲ့စကားကိုသူပြန်ပြီး ဘာမှမဆို။ ငြိမ်၍သာနေမိသည်။
"မမေးချင်ဘူးလား ဘာလို့စွန့်ပစ်ခဲ့တာလဲဆိုတာ"
လီလီရဲ့ တုန်ရီကာနာကျင်နေတဲ့စကားသံကြောင့်သူမော့ကြည့်လိုက်သည်။
"မတတ်နိုင်ခဲ့လို့၊ မင်းကိုဆက်ပြီးစောင့်ရှောက်ဖို့ မတတ်နိုင်ခဲ့လို့တို့နဲ့သာနေခဲ့ရင် မင်းအသက်ဆုံးရှုံးရမှာ"
လီလီကပြောပြီး ရှေ့ကရေခွက်ကိုယူပြီးသောက်လိုက်သည်။ ထို့နောက်ပြန်ချလိုက်ပြီး....
"မင်းသိပြီသားဖြစ်မှာပါ၊၊ မင်းရဲ့အန်ကယ်ရဲ့အရှုပ်တွေနဲ့ မင်းအဖေရဲ့ပြဿနာတွေ။အဲ့ဒီပြဿနာတွေကြားထဲမှာမင်းကိုမြေစာပင်အဖြစ်မခံနိုင်လို့ ခေါ်ပြီးထွက်ပြေးခဲ့တယ်။
မင်းအဖေရဲ့ပြသနာမင်းထင်ထားတာထက်များတယ်။
အဲ့ဒီအတွက် ဘယ်သူမှမသိတဲ့နေရာမှာ သားအမိနှစ်ယောက်နေဖို့စိတ်ကူးခဲ့တယ်။ဒါမဲ့ ထင်သလောက်မလွယ်ကူခဲ့ပြီ။ ၇လသားအရွယ်ကိုခေါ်ပြီး တို့မရှင်သန်နိုင်တော့ဘူး။
ဒါကြောင့် မိဘမဲ့ဂေဟာမှာမင်းကိုထားခဲ့တယ် ။အနည်းဆုံးတော့ မင်းနေထိုင်ရအဆင်ပြေမယ်လေ"
သူမကမျက်ရည်တွေကျရင်း သူမအဖြစ်အပျက်ကိုပြောသည်။ မင်းဆက်လဲ နားထောင်ရင်းမျက်ရည်တွေကျလာခဲ့သည်။
ဒီလောက်တောင်ဖြစ်ခဲ့တာလား။
" မင်းကိုဂေဟာရှေ့မှာ လူမြင်အောင်ထားခဲ့တယ်။ဂေဟာကဆရာမကြီးတွေ မင်းကိုအထဲကိုခေါ်သွားတဲ့အချိန်ထိတို့အပြင်မှာစောင့်ကြည့်နေခဲ့တယ်။
မင်းကိုစိတ်ချရမှ တို့ပြန်ခဲ့တယ်။ ဒါမဲ့ အပြန်လမ်းမှာ ကားတိုက်မှုဖြစ်ခဲ့တယ်"
သူမစကားကြောင့် မင်းဆက်ကအနည်းငယ်လန့်သွားသည်။ လန့်သွားပုံရတဲ့မင်းဆက်ကိုကြည့်ကာ လီလီကပြုံးပြသည်။
"ကားပိုင်ရှင်က အစစရာရာကူညီပေးခဲ့တယ်၊ ခြေထောက်တစ်ချောင်းလမ်းလျောက်မရအောင်အထိဖြစ်ခဲ့တယ်
ဒါမဲ့၁နှစ်လောက်အကြာမှာပြန်ကောင်းသွားတယ်။
အဲ့နောက်ပိုင်း ကူညီပေးခဲ့တဲ့အမျိုးသမီးနဲ့အတူတူနေခဲ့တယ်။ကံကောင်းစွာနဲ့ သူမအကူအညီနဲ့ တို့အလုပ်ရခဲ့တယ်။ခုအလုပ်ပေါ့။
အရာအားလုံးအဆင်ပြေတဲ့အခါ မင်းကိုပြန်ခေါ်ဖို့လုပ်ခဲ့တယ်။ ဒါမဲ့ ကံမကောင်းစွာLoriနဲ့တွေ့ခဲ့တယ်။မင်းကိုပထမ သူခေါ်သွားတာလို့ထင်ခဲ့တာ။ နောက်မှ မင်းကိုHydraကခေါ်သွားတယ်လို့သိခဲ့ရတယ်။
ပထမ မင်းကိုHydraကပြန်လာခေါ်ဖို့ကြိုးစားခဲ့တယ်
ဒါမဲ့ ဖခင်နှစ်ယောက်နဲ့ပျော်ရွှင်နေတဲ့မင်း၊ တို့လာခေါ်ရင်ရော လိုက်မှာတဲ့လား။မိခင်ကိုမှတ်မိမှာတဲ့လား။
ဖခင်နှစ်ယောက်ကရော မင်းကိုပြန်ပို့ပေးမှာတဲ့လား။
ဒီအကြောင်းတွေကြောင့် မင်းကိုပြန်မခေါ်ဘဲအဲ့အချိန်ကစလို့မင်းအနားမှာနေနိုင်ဖို့ကြိုးစားခဲ့တယ်။မင်း blue moonကိုရောက်တော့ ပျော်တယ်ဆိုတာထက် ပိုပြီးစိုးရိမ်ခဲ့တယ်၊၊ မင်းအန္တာရာယ်ဖြစ်မှာကိုစိုးရိမ်တယ်
မင်းဘက်က လိုလိုလားလားတွေ့မဲ့အချိန်ထိ စောင့်နေဖို့ဆုံးဖြတ်ခဲ့တယ်။
ဘာပဲပြောပြော မင်းဆီကအမေလို့ခေါ်သံမကြားရပေမဲ့ အနားမှာတော့နေနိုင်ခဲ့တယ်လေ"
သူငိုရလွန်းလို့ မျက်ရည်တွေလဲခမ်းပြီ။ အနားမှာရှိရက်နဲ့ သူမသိခဲ့တာပဲ။
သားဖြစ်သူဆီက အမေခေါ်သံမကြားရတဲ့အပြင် သူစိမ်းတစ်ယောက်လိုဆက်ဆံခံရတဲ့သူမ။
"ကျွန်တော်တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်၊ မိခင်ကိုရှာဖို့ မကြိုးစားခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
ခေါင်းငုံ့ကာတောင်းပန်မိသည်။ သူသာကြိုးစားခဲ့မယ်ဆို ၊ သူသာမိခင်ကိုရှာခဲ့မယ်ဆို သူမဒီလောက်နာကျင်ခဲ့ရမှာမဟုတ်ဘူး။
"မလိုပါဘူးမင်းဆက်၊ ဒါကမင်းကိုစွန့်ပစ်ခဲ့လို့ ပြန်ရလိုက်တဲ့အပြစ်ဒဏ်ပါ မင်းတောင်းပန်စရာမလိုဘူး"
အပြုံးလေးနဲ့ပြောနေတဲ့သူမမျက်ဝန်းမှာ မျက်ရည်များဟာအတောမသတ်ပေ။
"ကျန်တာမလိုအပ်ဘူး မင်းဆီက အမေလို့ခေါ်သံကိုကြားချင်ရုံပဲ တခြားဘာကိုမှမလိုအပ်ဘူး"
ခေါင်းငုံ့ကာပြောလိုက်တဲ့သူမစကားကြောင့် သူနာကျင်ရသည်။ ထိုင်နေရာမှထရပ်လိုက်ပြီး သူမဘေးနားမှာသွားရပ်လိုက်တော့ မော့ကြည့်လာတာကမျက်ရည်စတွေနဲ့မျက်ဝန်း။
ထိုင်နေတဲ့ လီလီရဲ့ပါးပြင်ကမျက်ရည်တွေကိုသူ လက်မလေးနဲ့ညင်သာစွာသုတ်ပေးလိုက်သည်။
"အမြဲတမ်းခေါ်ပေးမှာမို့ မငိုနဲ့ လီလီငိုရင် ကျွန်တော် ဒီနားကနာတယ်"
ဘယ်ဘက်ရင်ဖက်ကိုလက်ညှိုးလေးနဲ့ထိုးပြလိုက်တဲ့ မင်းဆက် ။ သူမပြုံးပြီးထရပ်လိုက်ကာ ရှေ့ကသားဖြစ်သူကိုဖက်ထားလိုက်သည်။
တကယ်ကိုကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တာ။ အလှပဆုံး ပန်းလေးအဖြစ်သူ့သားလေးကကြီးပြင်းလာခဲ့တာ။
အတော်ဆုံးသူတစ်ယောက်အဖြစ်ကြီးပြင်းလာတာ။ဒီလောက်ဆို သူကျေနပ်ပြီ။
"အမြဲတမ်းတွေ့ချင်ခဲ့တာ ။ အမေဆိုတာကို ငယ်ငယ်လေးထဲက တွေ့ချင်ခဲ့တာ အဖေနှစ်ယောက်ရှိပေမဲ့ အမေဆိုတာကိုမြင်ချင်တွေ့ချင်တာ ကျွန်တော်လောဘကြီးသွားလားမေမေ"
လီလီ သူ့ကိုဖက်ထားတဲ့ မင်းဆက်ရဲ့မျက်နှာကိုဖွဖွလေးကိုင်လိုက်ကာ ခေါင်းခါမိသည်။ သူ့သားလေးကသူ့ကိုတွေ့ချင်နေတာပဲ။
"မကြီးဘူး။ သားတွေ့ချင်မှန်းသိရင်စောစောထဲကမေမေ သားကိုလာတွေ့တယ် မေမေ သတ္တိမရှိခဲ့လို့ အဝေးကသာကြည့်နေခဲ့ရတာ"
"အင်း ရတယ်။ ခုလိုတွေ့ရရင်ကျေနပ်တယ်မေမေ"
နှစ်ယောက်စလုံး မျက်နှာချင်းဆိုင်ထိုင်ပြီး မှာထားတဲ့အစားအစာတွေကိုအေးအေးဆေးဆေးစားနေကြသည်။
မင်းဆက်ကလဲ စကားမပြောဘဲစားစရာကိုသာစားနေလိုက်သည်။
"မင်းအန်ကယ်ကျန်းမာရေးရောကောင်းလား"
လီလီရဲ့စကားကြောင့် မင်းဆက်စားနေရာကနေမော့ညြ့်လိုက်သည်။ ထို့နောက်ခေါင်းညိတ်လိုက်ပြီး
"အင်း ကောင်းတယ်၊၊ ကျွန်တော်နဲ့တွေ့တဲ့အချိန်တုန်းကတော့ ကျန်းကျန်းမာမာပါပဲ"
"အင်း ၊၊ ဘာပဲဆိုဆို ထာမဏေကိုကျေးဇူးတင်ရမယ်
သူ့ကြောင့် အားလုံးအဆင်ပြေခဲ့တာ"
လီလီကပြုံးကာပြောသည်။ မင်းဆက်ကလဲ ခေါင်းညိတိပြီး
"အင်း ထာမဏေကတကယ်ကိုတော်တဲ့သူတစ်ယောက်။ ကျွန်တော်အကူအညီလိုတဲ့အခါလဲ သူ မညည်းမညူကူညီပေးတယ်"
"မေမေစိတ်တိုင်းကျသာဆို ထာမဏေကို ချွေးမတော်ချင်တာ"
"ဗျာ"
မင်းဆက်ကစားနေရင်း လန့်သွားသည်။ လန့်သွားတဲ့မင်းဆက်ကိုကြည့်ကာ လီလီကပြုံးသည်။
ကိုင်ထားတဲ့ ခရင်းနဲ့ဇွန်းကိုချလိုက်ပြီး ပြုံးကာ
"သဘောပြောတာပါ၊ မေမေ သားနဲ့အာဏာရဲ့ဆက်ဆံရေးကိုသိတယ်"
"ကျွန်တော်"
"နေဦး၊၊ ဘာကိုမှဖြေရှင်းချက်ပေးစရာမလိုဘူး။သားတို့ကိုနားလည်တယ် ။ ဒီနှစ်တွေအတွင်း သာတို့ရဲ့သံယောဇဉ်က တော်ရုံတန်ရုံမဟုတ်တာမေမေသိတယ်
ဒါကြောင့် ဘာကိုမှအားမနာနဲ့ သားတို့ဖြစ်တည်မှုကိုနားလည်သလို အာဏာကိုလဲ နားလည်တယ် သူသားကိုသိပ်ချစ်တာ မေမေသိတယ်"
"ကျေးဇူးပါ တကယ်ကျေးဇူးပါ"
မင်းဆက် ခေါင်းငုံ့ကာကျေးဇူးတင်စကားဆိုမိသည်။ လီလီကပြုံးကာ
"သားအမိတွေကြာမှာကျေးဇူးတင်စကားမလိုပါဘူး။
လွန်ခဲ့တဲ့နှစ်တွေမှာ မေမေမပေးခဲ့ရတဲ့ မေတ္တာတွေ၊ ချစ်ခြင်းတရားတွေကို အာဏာကပေးခဲ့တာနဲ့တင် မေမေ ကျေးဇူးတင်လှပြီ"
သူမျက်ရည်ဝဲကာရှေ့ကမိခင်ကိုကြည့်မိသည်။ ခုဆို သူတို့နှစ်ယောက်ကြားမှာ ဘာအခက်အခဲမှမရှိပေ။
မင်းသာ ခုလိုမလုပ်ခဲ့ရင် ငါတို့နီးစပ်နေပြီအာဏာ။
ခုတော့ မင်းကြောင့်။
================
မနက်အိပ်ယာနိုးတာနဲ့ ဘေးနားကပြူတင်းပေါက်ကိုကြည့်လိုက်တော့ နေရောင်တောင်အခန်းထဲဝင်လာပြီ။
အခန်းကိုကြည့်ပြီးမှပြန်သတိရသည်။ သူမိုးကောင်းစွဲအိမ်ကိုညကလိုက်လာတာပဲ။
ရှုပ်ပွနေတဲ့ဆံပင်တွေကို ခေါင်းစီးကွင်းတစ်ကွင်းနဲ့စုစည်းပြီး မျက်နှာသစ်လိုက်သည်။ ရေချိုးခန်းထဲကမှန်မှာပေါ်နေတဲ့ မျက်နှာကိုကြည့်မိသည်။
မုတ်ဆိတ်မွှေး ၊ နှုတ်ခမ်းမွှေးတွေတောင်ငုတ်စိလေးတွေထွက်နေသည်။ ဂျုတ်လဲမရှိတာနဲ့ သူဒီတိုင်းသာမျက်နှာသစ်လိုက်သည်။
ထို့နောက် သူရေချိုးခန်းထဲကထွက်လာတော့ ကုတင်ပေါ်မှာ အဝတ်အစားတွေကိုတွေ့လိုက်ရသည်။
မိုးကောင်းစွဲထားသွားတာကိုသူသိလိုက်သည်။ အာဏာ ကုတင်ပေါ်ကအဝတ်အစားတွေကိုယူပြီး သူအဝတ်လဲလိုက်သည်။
အားလုံးပြင်ဆင်ပြီးတော့ ကုတင်ပေါ်ကခေါင်းအုံးအောက်မှာထားတဲ့ သေနတ်ကိုယူလိုက်ပြီး ခါးမှာထိုးထားလိုက်သည်။
ပြီးနောက် သူအခန်းထဲကထွက်လာခဲ့သည်။ သူအခန်အပြင်ရောက်တော့ မိုးကောင်းစွဲရှိလောက်တဲ့ ထမင်းခန်းထဲကို သူဝင်လာခဲ့သည်။
ထင်ထားတဲ့အတိုင်း မိုးကောင်းစွဲကကော်ဖီဖျော်ပြီး ပေါင်မုန့်မီးကင်နေသည်။ သူလဲ ထမင်းစားခန်းထဲဝင်လာပြီး ထမင်းစားဝိုင်းမှာ ခုံတစ်ခုံမှာဝင်ပြီးထိုင်လိုက်သည်။
သူထိုင်လိုက်တော့ မိုးကောင်းစွဲက လှည့်ကြည့်လာသည်။
"ရောက်လာပြီလား"
"အင်း"
မိုးကောင်းစွဲ အေပရွန်ကိုချွတ်လိုက်ပြီး ကော်ဖီခွက်နဲ့ ပေါင်မုန့်မီးကင်ကိုချပေးသည်။ ထို့နောက် စတော်ဘယ်ရီကိုယိုဗူးကိုချပေးသည်။
"ကြိုက်တယ်မလား"
"အင်း "
အာဏာ ကပြောပြီးရှေ့ ယိုဗူးကိုယူလိုက်ပြီး ပေါင်မုန့်မှာသုတ်လိုက်ပြီးစားလိုက်သည်။
"မင်းဒီလိုပဲပြေးနေတော့မှာလား"
မိုးကောင်းစွဲက အာဏာကိုမေးလိုက်သည်။ ထိုစကားကို အာဏာက စားနေရင်းနဲ့
"ဘာလို့လဲ"
"မင်းကလဲ ဘာပဲဖြစ်ဖြစ် ကိုဆက်ကိုတော့ မင်းရှင်းပြသင့်တယ်ထင်တယ်"
"မလိုဘူး"
"ခွေးကောင်၊ မင်း ကိုဆက်ကိုပြောသင့်တယ် ဘာပဲပြောပြော မင်းတို့နှစ်ယောက်ကိစ္စကလဲရှိသေးတယ်လေ
မင်းကအသဲမာပေမဲ့ ကိုဆက်ကအဲ့လိုမဟုတ်ဘူးအာဏာ ကိုယ့်အတွက်ကိုယ်ပဲမကြည့်နဲ့
မင်းကိုတစ်ချိန်လုံးစိတ်ပူနေတဲ့ ကိုဆက်ကို သနားဦး"
မိုးကောင်းစွဲစကားကြောင့် သူပြုံးလိုက်သည်။ ထို့နောက် ဘေးနားကတစ်သျှူးဗူးထဲက တစ်သျှူးတစ်ရွက်ကို ဆွဲယူလိုက်ပြီး
"မင်းထင်လား၊၊ သူကငါ့ထင်တောင်ပိုပြီးပြတ်သားတယ်စွဲ ငါ့ကိုသူကိုယ်တိုင်တောင်ဖမ်းမယ်တဲ့။သူတောင်ဖမ်ရဲသေးတာ ငါကရော ဘာကိုဂရုစိုက်ရမှာလဲ"
"မင်း ကပ်သပ်ပြီးမပြောနဲ့အာဏာ မင်းကိုဖမ်းမယ်လို့ပြောနေပေမဲ့ သူဘယ်လောက်တောင်နာကျင်နေမယ်ဆိုတာ ဘေးလူငါတောင်နားလည်တယ်
မင်နားမလည်ဘူးလို့တော့မပြောနဲ့အာဏာ"
"ငါဝပြီ"
အာဏာက တစ်သျှူးကိုအမှိုက်ခြင်းထဲကိုထည့်လိုက်ပြီး စာပွဲဝိုင်းကနေထလိုက်သည်။
ထို့နောက်ကျောခိုင်းပြီး အခန်းထဲကထွက်ဖို့အပြင်
"မင်း သူ့ကိုဆက်ပြီးနာကျင်အောင်လုပ်မယ်ဆိုရင်
ငါသူ့ကိုရအောင်ယူရလိမ့်မယ်"
နောက်ကမိုးကောင်းစွဲရဲ့ စကားကြောင့် အာဏာရပ်လိုက်သည်။ ဆက်ပြီး
"မင်းလက်ထဲက ငါ ကိုဆက်ကိုရအောင်ယူမလား"
မိုးကောင်းစွဲရဲ့စကားအဆုံး သူရယ်လိုက်သည်။ ထိ့ုနောက် နောက်ကိုလှည့်ကြည့်လိုက်ကာ.....
"မင်းမလုပ်ရက်ပါဘူး စွဲ"
အာဏာကပြောပြီးအခန်းထဲကထွက်သွားသည်။ ထို့နောက် အိမ်ရှေ့ဧည့်ခန်းထဲကလှမ်းပြောသည်။
"ကားငါယူသွားမယ်"
အာဏာကပြောပြီးထွက်သွားသည်။ ထမင်းးခန်းထဲမှာကျန်ခဲ့တာက မိုးကောင်းစွဲတစ်ယောက်တည်း။
ခြံထဲကကြားလိုက်ရတဲ့ ကားသံ။ သူနားထောင်ရင်းပြုံးမိသည်။ငါ လုမယူရက်ဘူးဆိုတာ မင်းသိနေတာပဲအာဏာ။
တင့်တင့်တယ်တယ်ပွင့်လန်းနေတာတဲ့ပန်းကို ငါမယူရက်ဘူးအာဏာ။
===================
အောင်ခန့် ရင်းနဲ့တွေ့ဖို့အတွက် ခါတိုင်းတွေ့နေကျနေရာမှာစောင့်နေလိုက်သည်။ ကားကိုရပ်ထားပြီး သူပန်းခြံရှေ့မှာစောင့်နေလိုက်သည်။
ညပိုင်းမီးတွေထိန်အောင်ထွန်းထားတဲ့အတွက် ပတ်ဝန်းကျင်ကတော်တော်ကိုလင်းထိန်နေသည်။
တကယ်ဆို သူအလုပ်မအားပေ။ အာဏာဘယ်မှာရှိလဲဆိုတာကို နီးစပ်ရာတွေအားလုံးကိုစုံစမ်းနေရသည်။
ခုရင်းအသေးလေးက ပြောစရရှိတယ်လို့ပြောလို့သူအလုပ်တွေကိုစိုင်းအောင်ကိုလွှဲပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။
"အောင်ခန့်"
အသံကြားလိုက်ရလို့ ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်။ ဂါဝန်ပန်းရောင်အတိုလေးနဲ့ သူ့အနားကိုေေရာက်လာသည်။
"ငါ့ကိုမမှတ်မိဘူးလား"
သူကပြုံးကာမေးလာသည်။ သူပထမဘယ်သူလဲဆိုတာစဉ်းစားမရ။ နောက်မှသေချာစဉ်းစားကြည့်တော့ ကျောင်းတတ်တုန်းက တွဲခဲ့တဲ့ကောင်မလေး။
"အာ နင်း မေမြတ်ဇင်"
"မှတ်မိသွားပြီပဲ မတွေ့တာကြာလို့ပိုပြီးတောင်ကြည့်ကောင်းလာတယ်"
သူက အောင်ခန့်ရဲ့လက်မောင်းကိုတွဲကာပြောသည်။ အောင်ခန့်လဲ မိန်းကလေးတစ်ယောက်ဖြစ်တာရော တွန်းမထုတ်လိုက်ပေမဲ့ သူမလက်ကို မသိမသာဖယ်နေလိုက်သည်။
သို့သော် သူမကဖယ်မပေး။
"ငါနဲ့မုန့်သွားစားရအောင်လေ၊ ခုမှပြန်တွေ့ရတာကို နော်"
အရင်ကတွဲခဲ့တယ်ဆိုရင်တောင် ခုတော့သူနဲ့ကဘာမှမပတ်သက်တော့တဲ့ သူမကိုမုန့်တော့လိုက်မကျွေးနိုင်ပေ။
ပြီးတော့ညပိုင်းကြီး ၊ ရင်းအသေးလေးကိုလဲ သူစောင့်နေရသေးတဲ့အတွက် ....
"နောက်မှငါလိုက်ကျွေးပါ့မယ် ခုတော့ ငါမအားဘူး"
"ဟင် ဘာလို့လဲ နင်အလုပ်ရှိလို့လဲ ငါလဲကူစောင့်ပေးမယ်လေ"
"နေရတယ် နင်ပြန်တော့လေ မှောင်နေပြီ"
"နင်ကလဲ အတင်းကိုနှင်ထုတ်နေတာပဲ"
သူမက အောင်ခန့်ရဲ့လက်ကိုဆွဲကာ ပြောသည်။ အောင်ခန့်လဲ စိတ်အိုက်ပြီး သူမဆွဲထားတဲ့လက်ကိုခါလိုက်သည်။
ရုတ်တရက်မို့ သူ့ကခြေချော်သွားပြီး ထိုင်လျက်သားလဲကျသွားသည်။
"အာ့!"
ပြီးမှအောင်ခန့်လဲ လန့်သွားပြီး သူမဘေးနားထိုင်ချလိုက်သည်။
"ရလား နာသွားလား"
"နာတယ် ခြေထောက်ခေါက်သွားပြီထင်တယ်"
သူလဲ ကိုယ့်ကြောင့်ဖြစ်သွားတဲ့အတွက် အားနာသွားပြီး သူမကိုပွေ့ကာtaxiငှားပေးဖို့လုပ်သည်။
"ကိုကြီး"
ရောက်ချလာတဲ့ ရင်းက သူတို့၂ယောက်ကိုကြည့်ကာ အံ့ဩနေသည်။
ပွေ့ချီထားတဲ့သူမကိုလဲလွှတ်ချမရ။ အောင်ခန့်ရင်းကိုကြည့်ပြီး
"ခဏစောင့်"
"နေဦး အဲ့တာကဘာဖြစ်နေတာလဲ ဟမ်!ပတ်ဝန်ကျင်မှာ စည်းတော့စောင့်ပါဦး"
"ကျစ် ! ထင်ရာတွေစွတ်ပြောမနေနဲ့ရင်း ခဏစောင့်နေ"
"မိန်းကလေးတစ်ယောက်ကိုတယုတယပွေ့ချီထားတဲ့ ကိုယ့်ချစ်သူကိုဘယ်လိုလုပ်ပြီး ကျွန်တော်ကြည့်နေနိုင်မှာလဲ"
"ရင်း ! မရစ်နဲ့ ခဏစောင့်လို့ငါပြောနေတယ်!"
အောင်ခန့်က ပြောပြီးရင်အရှေ့က သူမကိုပွေ့ကာလမ်းမဘက်ကိုထွက်သွားသည်။ ထို့နောက် သူမကိုtaxiငှားပေးပြီး
"နင်taxiနဲ့ပြန်လိုက်တော့ ငါမအားလို့"
သူမလဲ စိတ်သဘောမကျပေမဲ့ အယောင်ဆောင်ပြုံးကာ အောင်ခန့်ဆီကဖုန်းနံပါတ်တောင်းပြီးပြန်သွားသည်။
ထို့နောက် အောင်ခန့်ကရင်းဆီကိုပြန်ရောက်လာသည်။ ရင်းကတောာ့ဘေးနားကဆိုင်ကယ်ပေါ်တတ်ကာ ပြန်ဖို့လုပ်နေသည်။
သူစိတ်မရှည်တော့ဘဲ ဆိုင်ကယ်ရှေ့မှာပိတ်ရပ်လိုက်သည်။
"ဒါဘာလုပ်တာလဲရင်း !"
"ပြန်တော့မယ် အဲ့မိန်းမရေမွှေးနံ့တွေနေတဲ့ ခင်ဗျားနဲ့စကားမပြောချင်ဘူး"
"တောက်စ်! ရစ်စရာမရှိကြံဖန်မရှိမရစ်နဲ့ရင်း ငါအလုပ်မအားတဲ့ကြားက ငါလာခဲ့ရတာ"
"မအားဘူးမို့လား ပြန်တော့ ကျွန်တော်လဲ ပြန်တော့မယ်"
"အေး ပြန်ကွာ "
သူစကားဆုံးတာနဲ့ ရင်းကတစ်ချက်ရှိုက်လိုက်ပြီးဆိုင်ကယ်ကိုစက်နှိုးကာပြန်ကွေ့သွားသည်။
သူလဲ စိတ်ညစ်ကာ ကားပေါ်ကိုတတ်လိုက်သည်။အာဏာကိုဒေါသထွက်ပြီး ကားတံခါးကိုခပ်ကြမ်းကြမ်းပိတ်လိုက်ပြီး မောင်းထွက်လာခဲ့သည်။
အလုပ်တွေရှုပ်ရတာတစ်မျိူး၊ အာဏာကိုစုံစမ်းနေရတာတစ်မျိုး၊ အရင်ရက်ကအကိုဖြစ်သူကိုဆုံးရှုံးထားရတဲ့အတွက် သူစိတ်တွေတအားရှုပ်နေသည်။
သူနောက်မှ ရင်းကိုပြန်တောင်းပန်မယ်လိုတွေးလိုက်ပြီး ကားကိုသာအေးအေးဆေးဆေးမောင်းသွားလိုက်သည်။
ဌာနနဲ့ သူမောင်းနေတဲ့နေရာကအနည်းငယ်ဝေး၍ ဌာနပြန်ရောက်ဖို့ အချိန်တော့ကြာသည်။ခန့်မှန်းအားဖြင့် ၂၅မိနစ်လောက်မောင်းရသည်။
သူဌာနပြန်ရောက်ခါနီး သူနဲ့ဆန့်ကျင်ဘက်ကနေရဲကားတွေထွက်သွားတဲ့အတွက်သူမျက်မှောင်ကြုတ်လိုက်သည်။
အောင်ခန့် ပထမသာမာန်နေပေမဲ့ သူစိုးရိမ်လာသည်။ ထိုစဉ်ဖုန်းလာလို့ကြည့်လိုက်တော့ ရဲစခန်းက။
"ဘာဖြစ်လို့လဲ"
"___နားမှာနောက်တစ်ယောက်အသတ်ခံလိုက်ရပြီ"
တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် သူလန့်သွားသည်။ အဲ့နေရာက သူခုတင်ပြန်လာတဲ့နေရာ။
အောင်ခန့် ချက်ချင်းကားကိုပြန်ကွေ့ပြီး ထိုနေရာကို အမြန်ဆုံးမောင်းလာခဲ့သည်။ တစ်လမ်းလုံးလဲ သူ့အရင်ပြန်သွားတဲ့ရင်းကိုစိတ်ပူနေသည်။
ထိုနေရာရောက်တာနဲ့ သူချက်ချင်းကားပေါ်ကဆင်းလိုက်သည်။ သူ့အရင်ရောက်နေတဲ့ ရဲတွေတားထားတဲ့နေရာကိုအတင်းတိုးပြီး သွားလိုက်သည်။
ရှေ့နားကမြင်နေရတဲ့ အလောင်းကြောင့်အောင်ခန့် ရပ်တန့်သွားသည်။
မြေပြင်မှာ လဲကျနေတဲ့ကောင်လေး၊၊ သူဘေးမှာ မင်းဆက်က ဒူးထောက်ကာထိုင်နေသည်။
ခေါင်းငုံ့ကာ ပခုံးတွေတုန်ရီနေတဲ့ မင်းဆက်ကငိုနေမှန်းသိသာသည်။
သေဆုံးနေတဲ့ကောင်လေး။ ဘေးမှာဆိုင်ကယ်ဦးထုတ်လေးနဲ့။
တွန့်ဆုတ်နေတဲ့ ခြေလှမ်းတွေနဲ့သူအနားသွားလိုက်သည်။ မျက်နှာကိုမြင်လိုက်ရတဲ့ တစ်ခဏ ။အောင်ခန့်ဒူးထောက်ကာကျသွားသည်။
မျက်ရည်တွေကျကာ သူခေါင်းငုံ့ချလိုက်သည်။
"ရင်း"
#18.12.2020
========================
<Zawgyi>
"လီလီ"
မင္းဆက္ အံ့ၾသလြန္းလို႔ ဘာမွမဆိုနိုင္။ ဘာလို႔လီလီလဲ။
"သား"
သူမ်က္ရည္ေတြက်လာကာ ေျပာဖို႔စကားလံုးမ်ားေျပာက္ရွေနသည္။
သူ႔ေရွ႕ကလီလီကေတာ့ မ်က္ရည္ေတြဝဲေနသည္။ မ်က္ဝန္းမွာေၾကကြဲျခင္း၊ ဝမ္းနည္းျခင္း၊ နာက်င္ျခင္းေတြကိန္းေအာင္းေနသည္။
"စိတ္ေအးေအးထား "
သူေနာက္ဆံုး ခံုေပၚမွာျပန္ထိုင္လိုက္ၿပီးေခါင္းသာငံု႔ထားမိသည္။ ေရွ႕ကလီလီကလဲ သူနဲ႔မ်က္နွာခ်င္းဆိုင္မွာ ထိုင္ေနသည္။
အခန္းထဲနွစ္ေယာက္စလံုးထိုင္ေနၿပီး ဘယ္သူမွစၿပီးစကားေျပာျခင္းမရွိ။ မင္းဆက္လဲ ေခါင္းငံု႔ကာေနသည္။
"အံ့ၾသသြားမယ္ဆိုနားလည္တယ္"
ထြက္ေပၚလာတဲ့လီလီစကား။ သူေမာ့ၾကည့္လိုက္သည္။ မ်က္ရည္ဝဲေနတဲ့ လီလီရဲ႕မ်က္ဝန္းထဲမွာေလးနက္ျခင္းေတြရွိေနသည္။
သို႔ေသာ္ လီလီရဲ႕စကားကိုသူျပန္ၿပီး ဘာမွမဆို။ ၿငိမ္၍သာေနမိသည္။
"မေမးခ်င္ဘူးလား ဘာလို႔စြန္႔ပစ္ခဲ့တာလဲဆိုတာ"
လီလီရဲ႕ တုန္ရီကာနာက်င္ေနတဲ့စကားသံေၾကာင့္သူေမာ့ၾကည့္လိုက္သည္။
"မတတ္နိုင္ခဲ့လို႔၊ မင္းကိုဆက္ၿပီးေစာင့္ေရွာက္ဖို႔ မတတ္နိုင္ခဲ့လို႔တို႔နဲ႔သာေနခဲ့ရင္ မင္းအသက္ဆံုးရွံုးရမွာ"
လီလီကေျပာၿပီး ေရွ႕ကေရခြက္ကိုယူၿပီးေသာက္လိုက္သည္။ ထို႔ေနာက္ျပန္ခ်လိုက္ၿပီး....
"မင္းသိၿပီသားျဖစ္မွာပါ၊၊ မင္းရဲ႕အန္ကယ္ရဲ႕အရႈပ္ေတြနဲ႔ မင္းအေဖရဲ႕ျပႆနာေတြ။အဲ့ဒီျပႆနာေတြၾကားထဲမွာမင္းကိုေျမစာပင္အျဖစ္မခံနိုင္လို႔ ေခၚၿပီးထြက္ေျပးခဲ့တယ္။
မင္းအေဖရဲ႕ျပသနာမင္းထင္ထားတာထက္မ်ားတယ္။
အဲ့ဒီအတြက္ ဘယ္သူမွမသိတဲ့ေနရာမွာ သားအမိနွစ္ေယာက္ေနဖို႔စိတ္ကူးခဲ့တယ္။ဒါမဲ့ ထင္သေလာက္မလြယ္ကူခဲ့ၿပီ။ ၇လသားအ႐ြယ္ကိုေခၚၿပီး တို႔မရွင္သန္နိုင္ေတာ့ဘူး။
ဒါေၾကာင့္ မိဘမဲ့ေဂဟာမွာမင္းကိုထားခဲ့တယ္ ။အနည္းဆံုးေတာ့ မင္းေနထိုင္ရအဆင္ေျပမယ္ေလ"
သူမကမ်က္ရည္ေတြက်ရင္း သူမအျဖစ္အပ်က္ကိုေျပာသည္။ မင္းဆက္လဲ နားေထာင္ရင္းမ်က္ရည္ေတြက်လာခဲ့သည္။
ဒီေလာက္ေတာင္ျဖစ္ခဲ့တာလား။
" မင္းကိုေဂဟာေရွ႕မွာ လူျမင္ေအာင္ထားခဲ့တယ္။ေဂဟာကဆရာမႀကီးေတြ မင္းကိုအထဲကိုေခၚသြားတဲ့အခ်ိန္ထိတို႔အျပင္မွာေစာင့္ၾကည့္ေနခဲ့တယ္။
မင္းကိုစိတ္ခ်ရမွ တို႔ျပန္ခဲ့တယ္။ ဒါမဲ့ အျပန္လမ္းမွာ ကားတိုက္မႈျဖစ္ခဲ့တယ္"
သူမစကားေၾကာင့္ မင္းဆက္ကအနည္းငယ္လန္႔သြားသည္။ လန္႔သြားပံုရတဲ့မင္းဆက္ကိုၾကည့္ကာ လီလီကၿပံဳးျပသည္။
"ကားပိုင္ရွင္က အစစရာရာကူညီေပးခဲ့တယ္၊ ေျခေထာက္တစ္ေခ်ာင္းလမ္းေလ်ာက္မရေအာင္အထိျဖစ္ခဲ့တယ္
ဒါမဲ့၁နွစ္ေလာက္အၾကာမွာျပန္ေကာင္းသြားတယ္။
အဲ့ေနာက္ပိုင္း ကူညီေပးခဲ့တဲ့အမ်ိဳးသမီးနဲ႔အတူတူေနခဲ့တယ္။ကံေကာင္းစြာနဲ႔ သူမအကူအညီနဲ႔ တို႔အလုပ္ရခဲ့တယ္။ခုအလုပ္ေပါ့။
အရာအားလံုးအဆင္ေျပတဲ့အခါ မင္းကိုျပန္ေခၚဖို႔လုပ္ခဲ့တယ္။ ဒါမဲ့ ကံမေကာင္းစြာLoriနဲ႔ေတြ႕ခဲ့တယ္။မင္းကိုပထမ သူေခၚသြားတာလို႔ထင္ခဲ့တာ။ ေနာက္မွ မင္းကိုHydraကေခၚသြားတယ္လို႔သိခဲ့ရတယ္။
ပထမ မင္းကိုHydraကျပန္လာေခၚဖို႔ႀကိဳးစားခဲ့တယ္
ဒါမဲ့ ဖခင္နွစ္ေယာက္နဲ႔ေပ်ာ္႐ႊင္ေနတဲ့မင္း၊ တို႔လာေခၚရင္ေရာ လိုက္မွာတဲ့လား။မိခင္ကိုမွတ္မိမွာတဲ့လား။
ဖခင္နွစ္ေယာက္ကေရာ မင္းကိုျပန္ပို႔ေပးမွာတဲ့လား။
ဒီအေၾကာင္းေတြေၾကာင့္ မင္းကိုျပန္မေခၚဘဲအဲ့အခ်ိန္ကစလို႔မင္းအနားမွာေနနိုင္ဖို႔ႀကိဳးစားခဲ့တယ္။မင္း blue moonကိုေရာက္ေတာ့ ေပ်ာ္တယ္ဆိုတာထက္ ပိုၿပီးစိုးရိမ္ခဲ့တယ္၊၊ မင္းအႏၲာရာယ္ျဖစ္မွာကိုစိုးရိမ္တယ္
မင္းဘက္က လိုလိုလားလားေတြ႕မဲ့အခ်ိန္ထိ ေစာင့္ေနဖို႔ဆံုးျဖတ္ခဲ့တယ္။
ဘာပဲေျပာေျပာ မင္းဆီကအေမလို႔ေခၚသံမၾကားရေပမဲ့ အနားမွာေတာ့ေနနိုင္ခဲ့တယ္ေလ"
သူငိုရလြန္းလို႔ မ်က္ရည္ေတြလဲခမ္းၿပီ။ အနားမွာရွိရက္နဲ႔ သူမသိခဲ့တာပဲ။
သားျဖစ္သူဆီက အေမေခၚသံမၾကားရတဲ့အျပင္ သူစိမ္းတစ္ေယာက္လိုဆက္ဆံခံရတဲ့သူမ။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ တကယ္ေတာင္းပန္ပါတယ္၊ မိခင္ကိုရွာဖို႔ မႀကိဳးစားခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္"
ေခါင္းငံု႔ကာေတာင္းပန္မိသည္။ သူသာႀကိဳးစားခဲ့မယ္ဆို ၊ သူသာမိခင္ကိုရွာခဲ့မယ္ဆို သူမဒီေလာက္နာက်င္ခဲ့ရမွာမဟုတ္ဘူး။
"မလိုပါဘူးမင္းဆက္၊ ဒါကမင္းကိုစြန္႔ပစ္ခဲ့လို႔ ျပန္ရလိုက္တဲ့အျပစ္ဒဏ္ပါ မင္းေတာင္းပန္စရာမလိုဘူး"
အၿပံဳးေလးနဲ႔ေျပာေနတဲ့သူမမ်က္ဝန္းမွာ မ်က္ရည္မ်ားဟာအေတာမသတ္ေပ။
"က်န္တာမလိုအပ္ဘူး မင္းဆီက အေမလို႔ေခၚသံကိုၾကားခ်င္ရံုပဲ တျခားဘာကိုမွမလိုအပ္ဘူး"
ေခါင္းငံု႔ကာေျပာလိုက္တဲ့သူမစကားေၾကာင့္ သူနာက်င္ရသည္။ ထိုင္ေနရာမွထရပ္လိုက္ၿပီး သူမေဘးနားမွာသြားရပ္လိုက္ေတာ့ ေမာ့ၾကည့္လာတာကမ်က္ရည္စေတြနဲ႔မ်က္ဝန္း။
ထိုင္ေနတဲ့ လီလီရဲ႕ပါးျပင္ကမ်က္ရည္ေတြကိုသူ လက္မေလးနဲ႔ညင္သာစြာသုတ္ေပးလိုက္သည္။
"အၿမဲတမ္းေခၚေပးမွာမို႔ မငိုနဲ႔ လီလီငိုရင္ ကြၽန္ေတာ္ ဒီနားကနာတယ္"
ဘယ္ဘက္ရင္ဖက္ကိုလက္ညႇိုးေလးနဲ႔ထိုးျပလိုက္တဲ့ မင္းဆက္ ။ သူမၿပံဳးၿပီးထရပ္လိုက္ကာ ေရွ႕ကသားျဖစ္သူကိုဖက္ထားလိုက္သည္။
တကယ္ကိုေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့တာ။ အလွပဆံုး ပန္းေလးအျဖစ္သူ႔သားေလးကႀကီးျပင္းလာခဲ့တာ။
အေတာ္ဆံုးသူတစ္ေယာက္အျဖစ္ႀကီးျပင္းလာတာ။ဒီေလာက္ဆို သူေက်နပ္ၿပီ။
"အၿမဲတမ္းေတြ႕ခ်င္ခဲ့တာ ။ အေမဆိုတာကို ငယ္ငယ္ေလးထဲက ေတြ႕ခ်င္ခဲ့တာ အေဖနွစ္ေယာက္ရွိေပမဲ့ အေမဆိုတာကိုျမင္ခ်င္ေတြ႕ခ်င္တာ ကြၽန္ေတာ္ေလာဘႀကီးသြားလားေမေမ"
လီလီ သူ႔ကိုဖက္ထားတဲ့ မင္းဆက္ရဲ႕မ်က္နွာကိုဖြဖြေလးကိုင္လိုက္ကာ ေခါင္းခါမိသည္။ သူ႔သားေလးကသူ႔ကိုေတြ႕ခ်င္ေနတာပဲ။
"မႀကီးဘူး။ သားေတြ႕ခ်င္မွန္းသိရင္ေစာေစာထဲကေမေမ သားကိုလာေတြ႕တယ္ ေမေမ သတၲိမရွိခဲ့လို႔ အေဝးကသာၾကည့္ေနခဲ့ရတာ"
"အင္း ရတယ္။ ခုလိုေတြ႕ရရင္ေက်နပ္တယ္ေမေမ"
နွစ္ေယာက္စလံုး မ်က္နွာခ်င္းဆိုင္ထိုင္ၿပီး မွာထားတဲ့အစားအစာေတြကိုေအးေအးေဆးေဆးစားေနၾကသည္။
မင္းဆက္ကလဲ စကားမေျပာဘဲစားစရာကိုသာစားေနလိုက္သည္။
"မင္းအန္ကယ္က်န္းမာေရးေရာေကာင္းလား"
လီလီရဲ႕စကားေၾကာင့္ မင္းဆက္စားေနရာကေနေမာ့ျည့္လိုက္သည္။ ထို႔ေနာက္ေခါင္းညိတ္လိုက္ၿပီး
"အင္း ေကာင္းတယ္၊၊ ကြၽန္ေတာ္နဲ႔ေတြ႕တဲ့အခ်ိန္တုန္းကေတာ့ က်န္းက်န္းမာမာပါပဲ"
"အင္း ၊၊ ဘာပဲဆိုဆို ထာမေဏကိုေက်းဇူးတင္ရမယ္
သူ႔ေၾကာင့္ အားလံုးအဆင္ေျပခဲ့တာ"
လီလီကၿပံဳးကာေျပာသည္။ မင္းဆက္ကလဲ ေခါင္းညိတိၿပီး
"အင္း ထာမေဏကတကယ္ကိုေတာ္တဲ့သူတစ္ေယာက္။ ကြၽန္ေတာ္အကူအညီလိုတဲ့အခါလဲ သူ မညည္းမညဴကူညီေပးတယ္"
"ေမေမစိတ္တိုင္းက်သာဆို ထာမေဏကို ေခြၽးမေတာ္ခ်င္တာ"
"ဗ်ာ"
မင္းဆက္ကစားေနရင္း လန္႔သြားသည္။ လန္႔သြားတဲ့မင္းဆက္ကိုၾကည့္ကာ လီလီကၿပံဳးသည္။
ကိုင္ထားတဲ့ ခရင္းနဲ႔ဇြန္းကိုခ်လိုက္ၿပီး ၿပံဳးကာ
"သေဘာေျပာတာပါ၊ ေမေမ သားနဲ႔အာဏာရဲ႕ဆက္ဆံေရးကိုသိတယ္"
"ကြၽန္ေတာ္"
"ေနဦး၊၊ ဘာကိုမွေျဖရွင္းခ်က္ေပးစရာမလိုဘူး။သားတို႔ကိုနားလည္တယ္ ။ ဒီႏွစ္ေတြအတြင္း သာတို႔ရဲ႕သံေယာဇဥ္က ေတာ္ရံုတန္ရံုမဟုတ္တာေမေမသိတယ္
ဒါေၾကာင့္ ဘာကိုမွအားမနာနဲ႔ သားတို႔ျဖစ္တည္မႈကိုနားလည္သလို အာဏာကုိလဲ နားလည္တယ္ သူသားကိုသိပ္ခ်စ္တာ ေမေမသိတယ္"
"ေက်းဇူးပါ တကယ္ေက်းဇူးပါ"
မင္းဆက္ ေခါင္းငံု႔ကာေက်းဇူးတင္စကားဆိုမိသည္။ လီလီကၿပံဳးကာ
"သားအမိေတြၾကာမွာေက်းဇူးတင္စကားမလိုပါဘူး။
လြန္ခဲ့တဲ့နွစ္ေတြမွာ ေမေမမေပးခဲ့ရတဲ့ ေမတၲာေတြ၊ ခ်စ္ျခင္းတရားေတြကို အာဏာကေပးခဲ့တာနဲ႔တင္ ေမေမ ေက်းဇူးတင္လွၿပီ"
သူမ်က္ရည္ဝဲကာေရွ႕ကမိခင္ကိုၾကည့္မိသည္။ ခုဆို သူတို႔နွစ္ေယာက္ၾကားမွာ ဘာအခက္အခဲမွမရွိေပ။
မင္းသာ ခုလိုမလုပ္ခဲ့ရင္ ငါတို႔နီးစပ္ေနၿပီအာဏာ။
ခုေတာ့ မင္းေၾကာင့္။
================
မနက္အိပ္ယာနိုးတာနဲ႔ ေဘးနားကျပဴတင္းေပါက္ကိုၾကည့္လိုက္ေတာ့ ေနေရာင္ေတာင္အခန္းထဲဝင္လာၿပီ။
အခန္းကိုၾကည့္ၿပီးမွျပန္သတိရသည္။ သူမိုးေကာင္းစြဲအိမ္ကိုညကလိုက္လာတာပဲ။
ရႈပ္ပြေနတဲ့ဆံပင္ေတြကို ေခါင္းစီးကြင္းတစ္ကြင္းနဲ႔စုစည္းၿပီး မ်က္နွာသစ္လိုက္သည္။ ေရခ်ိဳးခန္းထဲကမွန္မွာေပၚေနတဲ့ မ်က္နွာကိုၾကည့္မိသည္။
မုတ္ဆိတ္ေမႊး ၊ ႏႈတ္ခမ္းေမႊးေတြေတာင္ငုတ္စိေလးေတြထြက္ေနသည္။ ဂ်ဳတ္လဲမရွိတာနဲ႔ သူဒီတိုင္းသာမ်က္နွာသစ္လိုက္သည္။
ထို႔ေနာက္ သူေရခ်ိဳးခန္းထဲကထြက္လာေတာ့ ကုတင္ေပၚမွာ အဝတ္အစားေတြကိုေတြ႕လိုက္ရသည္။
မိုးေကာင္းစြဲထားသြားတာကိုသူသိလိုက္သည္။ အာဏာ ကုတင္ေပၚကအဝတ္အစားေတြကိုယူၿပီး သူအဝတ္လဲလိုက္သည္။
အားလံုးျပင္ဆင္ၿပီးေတာ့ ကုတင္ေပၚကေခါင္းအံုးေအာက္မွာထားတဲ့ ေသနတ္ကိုယူလိုက္ၿပီး ခါးမွာထိုးထားလိုက္သည္။
ၿပီးေနာက္ သူအခန္းထဲကထြက္လာခဲ့သည္။ သူအခန္အျပင္ေရာက္ေတာ့ မိုးေကာင္းစြဲရွိေလာက္တဲ့ ထမင္းခန္းထဲကို သူဝင္လာခဲ့သည္။
ထင္ထားတဲ့အတိုင္း မိုးေကာင္းစြဲကေကာ္ဖီေဖ်ာ္ၿပီး ေပါင္မုန္႔မီးကင္ေနသည္။ သူလဲ ထမင္းစားခန္းထဲဝင္လာၿပီး ထမင္းစားဝိုင္းမွာ ခံုတစ္ခံုမွာဝင္ၿပီးထိုင္လိုက္သည္။
သူထိုင္လိုက္ေတာ့ မိုးေကာင္းစြဲက လွည့္ၾကည့္လာသည္။
"ေရာက္လာၿပီလား"
"အင္း"
မိုးေကာင္းစြဲ ေအပ႐ြန္ကိုခြၽတ္လိုက္ၿပီး ေကာ္ဖီခြက္နဲ႔ ေပါင္မုန္႔မီးကင္ကိုခ်ေပးသည္။ ထို႔ေနာက္ စေတာ္ဘယ္ရီကိုယိုဗူးကိုခ်ေပးသည္။
"ႀကိဳက္တယ္မလား"
"အင္း "
အာဏာ ကေျပာၿပီးေရွ႕ ယိုဗူးကိုယူလိုက္ၿပီး ေပါင္မုန္႔မွာသုတ္လိုက္ၿပီးစားလိုက္သည္။
"မင္းဒီလိုပဲေျပးေနေတာ့မွာလား"
မိုးေကာင္းစြဲက အာဏာကိုေမးလိုက္သည္။ ထိုစကားကို အာဏာက စားေနရင္းနဲ႔
"ဘာလို႔လဲ"
"မင္းကလဲ ဘာပဲျဖစ္ျဖစ္ ကိုဆက္ကိုေတာ့ မင္းရွင္းျပသင့္တယ္ထင္တယ္"
"မလိုဘူး"
"ေခြးေကာင္၊ မင္း ကိုဆက္ကိုေျပာသင့္တယ္ ဘာပဲေျပာေျပာ မင္းတို႔နွစ္ေယာက္ကိစၥကလဲရွိေသးတယ္ေလ
မင္းကအသဲမာေပမဲ့ ကိုဆက္ကအဲ့လိုမဟုတ္ဘူးအာဏာ ကိုယ့္အတြက္ကိုယ္ပဲမၾကည့္နဲ႔
မင္းကိုတစ္ခ်ိန္လံုးစိတ္ပူေနတဲ့ ကိုဆက္ကို သနားဦး"
မိုးေကာင္းစြဲစကားေၾကာင့္ သူၿပံဳးလိုက္သည္။ ထို႔ေနာက္ ေဘးနားကတစ္သ်ွဴးဗူးထဲက တစ္သ်ွဴးတစ္႐ြက္ကို ဆြဲယူလိုက္ၿပီး
"မင္းထင္လား၊၊ သူကငါ့ထင္ေတာင္ပိုၿပီးျပတ္သားတယ္စြဲ ငါ့ကိုသူကိုယ္တိုင္ေတာင္ဖမ္းမယ္တဲ့။သူေတာင္ဖမ္ရဲေသးတာ ငါကေရာ ဘာကိုဂရုစိုက္ရမွာလဲ"
"မင္း ကပ္သပ္ၿပီးမေျပာနဲ႔အာဏာ မင္းကိုဖမ္းမယ္လို႔ေျပာေနေပမဲ့ သူဘယ္ေလာက္ေတာင္နာက်င္ေနမယ္ဆိုတာ ေဘးလူငါေတာင္နားလည္တယ္
မင္နားမလည္ဘူးလို႔ေတာ့မေျပာနဲ႔အာဏာ"
"ငါဝၿပီ"
အာဏာက တစ္သ်ွဴးကိုအမႈိက္ျခင္းထဲကိုထည့္လိုက္ၿပီး စာပြဲဝိုင္းကေနထလိုက္သည္။
ထို႔ေနာက္ေက်ာခိုင္းၿပီး အခန္းထဲကထြက္ဖို႔အျပင္
"မင္း သူ႔ကိုဆက္ၿပီးနာက်င္ေအာင္လုပ္မယ္ဆိုရင္
ငါသူ႔ကိုရေအာင္ယူရလိမ့္မယ္"
ေနာက္ကမိုးေကာင္းစြဲရဲ႕ စကားေၾကာင့္ အာဏာရပ္လိုက္သည္။ ဆက္ၿပီး
"မင္းလက္ထဲက ငါ ကိုဆက္ကိုရေအာင္ယူမလား"
မိုးေကာင္းစြဲရဲ႕စကားအဆံုး သူရယ္လိုက္သည္။ ထိ႔ုေနာက္ ေနာက္ကိုလွည့္ၾကည့္လိုက္ကာ.....
"မင္းမလုပ္ရက္ပါဘူး စြဲ"
အာဏာကေျပာၿပီးအခန္းထဲကထြက္သြားသည္။ ထို႔ေနာက္ အိမ္ေရွ႕ဧည့္ခန္းထဲကလွမ္းေျပာသည္။
"ကားငါယူသြားမယ္"
အာဏာကေျပာၿပီးထြက္သြားသည္။ ထမင္းးခန္းထဲမွာက်န္ခဲ့တာက မိုးေကာင္းစြဲတစ္ေယာက္တည္း။
ၿခံထဲကၾကားလိုက္ရတဲ့ ကားသံ။ သူနားေထာင္ရင္းၿပံဳးမိသည္။ငါ လုမယူရက္ဘူးဆိုတာ မင္းသိေနတာပဲအာဏာ။
တင့္တင့္တယ္တယ္ပြင့္လန္းေနတာတဲ့ပန္းကို ငါမယူရက္ဘူးအာဏာ။
===================
ေအာင္ခန္႔ ရင္းနဲ႔ေတြ႕ဖို႔အတြက္ ခါတိုင္းေတြ႕ေနက်ေနရာမွာေစာင့္ေနလိုက္သည္။ ကားကိုရပ္ထားၿပီး သူပန္းၿခံေရွ႕မွာေစာင့္ေနလိုက္သည္။
ညပိုင္းမီးေတြထိန္ေအာင္ထြန္းထားတဲ့အတြက္ ပတ္ဝန္းက်င္ကေတာ္ေတာ္ကိုလင္းထိန္ေနသည္။
တကယ္ဆို သူအလုပ္မအားေပ။ အာဏာဘယ္မွာရိွလဲဆိုတာကို နီးစပ္ရာေတြအားလံုးကိုစံုစမ္းေနရသည္။
ခုရင္းအေသးေလးက ေျပာစရရွိတယ္လို႔ေျပာလို႔သူအလုပ္ေတြကိုစိုင္းေအာင္ကိုလႊဲၿပီး ထြက္လာခဲ့ျခင္းျဖစ္သည္။
"ေအာင္ခန္႔"
အသံၾကားလိုက္ရလို႔ ၾကည့္လိုက္ေတာ့ မိန္းကေလးတစ္ေယာက္။ ဂါဝန္ပန္းေရာင္အတိုေလးနဲ႔ သူ႔အနားကိုေေရာက္လာသည္။
"ငါ့ကိုမမွတ္မိဘူးလား"
သူကၿပံဳးကာေမးလာသည္။ သူပထမဘယ္သူလဲဆိုတာစဥ္းစားမရ။ ေနာက္မွေသခ်ာစဥ္းစားၾကည့္ေတာ့ ေက်ာင္းတတ္တုန္းက တြဲခဲ့တဲ့ေကာင္မေလး။
"အာ နင္း ေမျမတ္ဇင္"
"မွတ္မိသြားၿပီပဲ မေတြ႕တာၾကာလို႔ပိုၿပီးေတာင္ၾကည့္ေကာင္းလာတယ္"
သူက ေအာင္ခန္႔ရဲ႕လက္ေမာင္းကိုတြဲကာေျပာသည္။ ေအာင္ခန္႔လဲ မိန္းကေလးတစ္ေယာက္ျဖစ္တာေရာ တြန္းမထုတ္လိုက္ေပမဲ့ သူမလက္ကို မသိမသာဖယ္ေနလိုက္သည္။
သို႔ေသာ္ သူမကဖယ္မေပး။
"ငါနဲ႔မုန္႔သြားစားရေအာင္ေလ၊ ခုမွျပန္ေတြ႕ရတာကို ေနာ္"
အရင္ကတြဲခဲ့တယ္ဆိုရင္ေတာင္ ခုေတာ့သူနဲ႔ကဘာမွမပတ္သက္ေတာ့တဲ့ သူမကိုမုန္႔ေတာ့လိုက္မေကြၽးနိုင္ေပ။
ၿပီးေတာ့ညပိုင္းႀကီး ၊ ရင္းအေသးေလးကိုလဲ သူေစာင့္ေနရေသးတဲ့အတြက္ ....
"ေနာက္မွငါလိုက္ေကြၽးပါ့မယ္ ခုေတာ့ ငါမအားဘူး"
"ဟင္ ဘာလို႔လဲ နင္အလုပ္ရွိလို႔လဲ ငါလဲကူေစာင့္ေပးမယ္ေလ"
"ေနရတယ္ နင္ျပန္ေတာ့ေလ ေမွာင္ေနၿပီ"
"နင္ကလဲ အတင္းကိုနွင္ထုတ္ေနတာပဲ"
သူမက ေအာင္ခန္႔ရဲ႕လက္ကိုဆြဲကာ ေျပာသည္။ ေအာင္ခန္႔လဲ စိတ္အိုက္ၿပီး သူမဆြဲထားတဲ့လက္ကိုခါလိုက္သည္။
ရုတ္တရက္မို႔ သူ႔ကေျခေခ်ာ္သြားၿပီး ထိုင္လ်က္သားလဲက်သြားသည္။
"အာ့!"
ၿပီးမွေအာင္ခန္႔လဲ လန္႔သြားၿပီး သူမေဘးနားထိုင္ခ်လိုက္သည္။
"ရလား နာသြားလား"
"နာတယ္ ေျခေထာက္ေခါက္သြားၿပီထင္တယ္"
သူလဲ ကိုယ့္ေၾကာင့္ျဖစ္သြားတဲ့အတြက္ အားနာသြားၿပီး သူမကိုေပြ႕ကာtaxiငွားေပးဖို႔လုပ္သည္။
"ကိုႀကီး"
ေရာက္ခ်လာတဲ့ ရင္းက သူတို႔၂ေယာက္ကိုၾကည့္ကာ အံ့ၾသေနသည္။
ေပြ႕ခ်ီထားတဲ့သူမကိုလဲလႊတ္ခ်မရ။ ေအာင္ခန္႔ရင္းကိုၾကည့္ၿပီး
"ခဏေစာင့္"
"ေနဦး အဲ့တာကဘာျဖစ္ေနတာလဲ ဟမ္!ပတ္ဝန္က်င္မွာ စည္းေတာ့ေစာင့္ပါဦး"
"က်စ္ ! ထင္ရာေတြစြတ္ေျပာမေနနဲ႔ရင္း ခဏေစာင့္ေန"
"မိန္းကေလးတစ္ေယာက္ကိုတယုတယေပြ႕ခ်ီထားတဲ့ ကိုယ့္ခ်စ္သူကိုဘယ္လိုလုပ္ၿပီး ကြၽန္ေတာ္ၾကည့္ေနနိုင္မွာလဲ"
"ရင္း ! မရစ္နဲ႔ ခဏေစာင့္လို႔ငါေျပာေနတယ္!"
ေအာင္ခန္႔က ေျပာၿပီးရင္အေရွ႕က သူမကိုေပြ႕ကာလမ္းမဘက္ကိုထြက္သြားသည္။ ထို႔ေနာက္ သူမကိုtaxiငွားေပးၿပီး
"နင္taxiနဲ႔ျပန္လိုက္ေတာ့ ငါမအားလို႔"
သူမလဲ စိတ္သေဘာမက်ေပမဲ့ အေယာင္ေဆာင္ၿပံဳးကာ ေအာင္ခန္႔ဆီကဖုန္းနံပါတ္ေတာင္းၿပီးျပန္သြားသည္။
ထို႔ေနာက္ ေအာင္ခန္႔ကရင္းဆီကိုျပန္ေရာက္လာသည္။ ရင္းကေတာာ့ေဘးနားကဆိုင္ကယ္ေပၚတတ္ကာ ျပန္ဖို႔လုပ္ေနသည္။
သူစိတ္မရွည္ေတာ့ဘဲ ဆိုင္ကယ္ေရွ႕မွာပိတ္ရပ္လိုက္သည္။
"ဒါဘာလုပ္တာလဲရင္း !"
"ျပန္ေတာ့မယ္ အဲ့မိန္းမေရေမႊးနံ႔ေတြေနတဲ့ ခင္ဗ်ားနဲ႔စကားမေျပာခ်င္ဘူး"
"ေတာက္စ္! ရစ္စရာမရွိႀကံဖန္မရွိမရစ္နဲ႔ရင္း ငါအလုပ္မအားတဲ့ၾကားက ငါလာခဲ့ရတာ"
"မအားဘူးမို႔လား ျပန္ေတာ့ ကြၽန္ေတာ္လဲ ျပန္ေတာ့မယ္"
"ေအး ျပန္ကြာ "
သူစကားဆံုးတာနဲ႔ ရင္းကတစ္ခ်က္ရွိုက္လိုက္ၿပီးဆိုင္ကယ္ကိုစက္နွိုးကာျပန္ေကြ႕သြားသည္။
သူလဲ စိတ္ညစ္ကာ ကားေပၚကိုတတ္လိုက္သည္။အာဏာကိုေဒါသထြက္ၿပီး ကားတံခါးကိုခပ္ၾကမ္းၾကမ္းပိတ္လိုက္ၿပီး ေမာင္းထြက္လာခဲ့သည္။
အလုပ္ေတြရႈပ္ရတာတစ္မ်ိဴး၊ အာဏာကိုစံုစမ္းေနရတာတစ္မ်ိဳး၊ အရင္ရက္ကအကိုျဖစ္သူကိုဆံုးရွံုးထားရတဲ့အတြက္ သူစိတ္ေတြတအားရႈပ္ေနသည္။
သူေနာက္မွ ရင္းကိုျပန္ေတာင္းပန္မယ္လိုေတြးလိုက္ၿပီး ကားကိုသာေအးေအးေဆးေဆးေမာင္းသြားလိုက္သည္။
ဌာနနဲ႔ သူေမာင္းေနတဲ့ေနရာကအနည္းငယ္ေဝး၍ ဌာနျပန္ေရာက္ဖို႔ အခ်ိန္ေတာ့ၾကာသည္။ခန္႔မွန္းအားျဖင့္ ၂၅မိနစ္ေလာက္ေမာင္းရသည္။
သူဌာနျပန္ေရာက္ခါနီး သူနဲ႔ဆန္႔က်င္ဘက္ကေနရဲကားေတြထြက္သြားတဲ့အတြက္သူမ်က္ေမွာင္ၾကဳတ္လိုက္သည္။
ေအာင္ခန္႔ ပထမသာမာန္ေနေပမဲ့ သူစိုးရိမ္လာသည္။ ထိုစဥ္ဖုန္းလာလို႔ၾကည့္လိုက္ေတာ့ ရဲစခန္းက။
"ဘာျဖစ္လို႔လဲ"
"___နားမွာေနာက္တစ္ေယာက္အသတ္ခံလိုက္ရၿပီ"
တစ္ဖက္ကေျပာလိုက္တဲ့စကားေၾကာင့္ သူလန္႔သြားသည္။ အဲ့ေနရာက သူခုတင္ျပန္လာတဲ့ေနရာ။
ေအာင္ခန္႔ ခ်က္ခ်င္းကားကိုျပန္ေကြ႕ၿပီး ထိုေနရာကုိ အျမန္ဆံုးေမာင္းလာခဲ့သည္။ တစ္လမ္းလံုးလဲ သူ႔အရင္ျပန္သြားတဲ့ရင္းကိုစိတ္ပူေနသည္။
ထိုေနရာေရာက္တာနဲ႔ သူခ်က္ခ်င္းကားေပၚကဆင္းလိုက္သည္။ သူ႔အရင္ေရာက္ေနတဲ့ ရဲေတြတားထားတဲ့ေနရာကိုအတင္းတိုးၿပီး သြားလိုက္သည္။
ေရွ႕နားကျမင္ေနရတဲ့ အေလာင္းေၾကာင့္ေအာင္ခန္႔ ရပ္တန္႔သြားသည္။
ေျမျပင္မွာ လဲက်ေနတဲ့ေကာင္ေလး၊၊ သူေဘးမွာ မင္းဆက္က ဒူးေထာက္ကာထိုင္ေနသည္။
ေခါင္းငံု႔ကာ ပခံုးေတြတုန္ရီေနတဲ့ မင္းဆက္ကငိုေနမွန္းသိသာသည္။
ေသဆံုးေနတဲ့ေကာင္ေလး။ ေဘးမွာဆိုင္ကယ္ဦးထုတ္ေလးနဲ႔။
တြန္႔ဆုတ္ေနတဲ့ ေျခလွမ္းေတြနဲ႔သူအနားသြားလိုက္သည္။ မ်က္နွာကိုျမင္လိုက္ရတဲ့ တစ္ခဏ ။ေအာင္ခန္႔ဒူးေထာက္ကာက်သြားသည္။
မ်က္ရည္ေတြက်ကာ သူေခါင္းငံု႔ခ်လိုက္သည္။
"ရင္း"
#18.12.2020
========================