<Unicode>
"ဘယ်လိုဖြစ်လို့မင်းကပြန်လာတာလဲ ဟိုမှ ခြေချုပ်မိနေတာမဟုတ်ဘူးလား"
နံရံကိုမှီကာဆေးလိပ်သောက်ရင်းအာဏာမေးလိုက်သည်။ ဒီမှာဆိုးလွန်လို့ အဖေနှစ်ယောက်မထိန်းနိုင်ဘဲUSက အဖိုးအဖွားတွေဆီကိုပို့လိုက်တာ ခုတော့ပြန်ရောက်လာသည်။
အကြောင်းမကြားဘာမကြားနဲ့။
သူ့အမေးစကားကို မိုးကောင်းစွဲက မျက်နှာရှုံ့သည်။ သူနဲ့မျက်နှာချင်းဆိုင် မှာရပ်ပြီး
"ပျင်းလို့ခိုးပြန်လာတာ"
"စာလုပ်ရမဲ့အရွယ်စာသာလုပ်စွဲ ပြဿနာပတ်ရှာမနေနဲ့"
သူပြောလိုက်ပြီး ဆေးလိပ်ကိုတစ်ဖွားလောက်ရှိုက်လိုက်သည်။ ရှေ့ကမိုးကောင်းစွဲက
"တစ်နှစ်လောက်လေးကြီးတာကို မင်းငါ့ကို အကိုကြီးလိုမဆက်ဆံစမ်းပါနဲ့"
"ဘာပဲပြောပြောငါကအကြီးပဲ"
"အေးပါ ငါမပြောတော့ဘူး"
မိုးကောင်းစွဲစိတ်ပျက်လက်ပျက်နဲ့ မြေပြင်ပေါ်မှာဆောင့်ကြောင့်ထိုင်ချလိုက်သည်။
အာဏာကတော့ နံရံမှီကာဆေးလိပ်သောက်ဆဲ။
ဆေးလိပ်သောက်နေတဲ့ အာဏာကိုကြည့်ကာ မိုးကောင်းစွဲက
"မင်းဆေးလိပ်သောက်တတ်နေတာလား"
"အင်း "
"ကောင်တဲ့အကျင့်မဟုတ်ဘူးဆိုပြီး ကိုဆက်ကမဆူဘူးလား"
မင်းဆက်ရဲ့အကြောင်းကိုပြောလိုက်တော့ အာဏာက အနည်းငယ်ငြိမ်သက်သွားသည်။ ထို့နောက်
"မဆူဘူး"
"ဩော်"
"နေစမ်းပါဦး မင်းဘာလို့ဒီကိုပြန်ရောက်လာတာလဲ၊
ပြီးတော့ ငါ့နောက်ကိုဘာလို့လိုက်လာတာလဲ"
သူမေးလိုက်တော့ ရှေ့ကမိုကောင်းစွဲ ထိုင်နေရာကနေမတ်တတ်ထရပ်လိုက်သည်။ထို့နောက် အကျင်္ီအိတ်ကပ်ထဲက ပီကေတစ်ခုကိုထုတ်လိုက်ပြီး အခွံခွာရင်း
"မြန်မာမလေးတွေကိုမခွဲနိုင်လို့"
အဖြေကောင်းလှတဲ့မိုးကောင်းစွဲကြောင့် အာဏာခပ်မဲ့မဲ့ရယ်လိုက်သည်။
မိုးကောင်းစွဲဆိုတာ တကယ်ကိုပရမ်းပတာကောင်။
"ပြန်လာတာ ဦးဒေးသိလား"
"အင်း "
"ဘာလို့ဦးဒေးဆီကိုမပြန်ဘဲ ငါ့ဆီရောက်လာတာလဲ"
သူခပ်တည်တည်မေးလိုက်တော့ မိုးကောင်းစွဲက ပီကေဝါချင်နေရင်း မျက်လုံးတစ်ဖက်ပင့်ကာ ပြုံးစိစိနဲ့
"မင်းလိုပဲ စွန့်စားကြည့်ရင်ကောင်းမလားလို့"
မိုးကောင်းစွဲစကားကြောင့် သူတစ်ဖက်ကိုမျက်နှာလှည့်လိုက်သည်။ ဝရမ်းပြေးဖြစ်နေတာကို ကောင်းတယ်ထင်နေတာလားမသိ။
"အမှန်အတိုင်းပြော မင်းကိုဘယ်သူလွှတ်လိုက်တာလဲ"
သူရဲ့စကားကြောင့် မိုးကောင်းစွဲ ပြောင်ချော်ချော်လုပ်နရာကနေ အနည်းငယ်တည်သွားသည်။ ထို့နောက် ပါးစပ်ထဲကပီကေကိုထုတ်လိုက်ပြီး ဘေးကနံရံမှာကပ်လိုက်သည်။
စည်းမရှိကမ်းမရှိတဲ့ကောင်။
"မြန်မာမလေးတွေကိုလွမ်းလို့ပါဆို"
"အဟင်း!"
မိုးကောင်းစွဲစကားကြောင့် သူခပ်ဟဟရယ်မိသည်။
ထို့နောက် မိုးကောင်းစွဲရှေ့နားကိုသွားပြီး သူပြုံးကာ
"မင်းကိုမင်း လိမ်တာပိရိတယ်ထင်နေတာလား"
သူပြောလိုကိတော့ မိုးကောင်းစွဲက သူ့ရင်ဘက်ကိုလက်နဲတွန်းလိုက်သည်။
မျက်နှာမဲ့နေတဲ့ မိုးကောင်းစွဲကိုကြည့်ကာ
"ပြော မင်းကိုတစ်ယောက်ယောက်ကငါ့နားကိုလွှတ်လိုက်တာမလား "
ထိုအခါမိုးကောင်းစွဲက အင်တင်တင်နဲ့ခေါင်းညိတ်သည်။
ထင်တော့ ထင်သား၊ ဒီကောင်လိမ်နေတာဆိုတာကို။
"ဘယ်သူလဲ Daddyလား"
သူစကားမှန်ပုံသည်။ မိုးကောင်းစွဲ အနည်းငယ်တော့ မူပျက်သွားသည်။ ထို့နောက် သူ့ကို မျက်လုံးစွေကာကြည့်ပြီး
"ငလူး သိလဲမေးမနေနဲ့လေ "
အာဏာ အနည်းငယ်တော့တွေဝေသွားသည်။
ဘာလို့လဲ၊၊ သူဝရမ်းထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး Daddyတို့ဘက်က တစ်စုံတစ်ရာထုတ်ပြောတာလဲမရှိသေး။ ပြန်လာတာလဲမရှိသေး၊၊ ဒါမဲ့ ဘာလို့မိုးကောင်းစွဲကိုလွှတ်လိုက်ရတာလဲ။
"အန်ကယ် ဘာလို့ငါ့ကိုလွှတ်လိုက်တယ်ဆိုတာကိုတွေးနေတာမလား ငလူးလေး"
"ငါမင်းထက်အသက်ကြီးတယ် မိုးကောင်းစွဲ"
"အယ် တစ်နှစ်ထဲကိုသောက်ဂရုစိုက်စရာလား "
အဆဲမပြတ်တဲ့ မိုးကောင်းစွဲကြောင့် အာဏာ စိတ်ပျက်လက်ပျက်တဲ့ ဆေးလိပ်ကိုသာသောက်နေလိုက်သည်။
"မင်း ကိုဆက်ကိုမသနားဘူးလား "
မိုးကောင်းစွဲစကားကြောင့် အာဏာက တိတ်ဆိတ်သွားသည်။ ဘာမှမဖြေပဲနဲ့ သူနေလိုက်ပေမဲ့ မိကောင်းစွဲကဆက်ပြီး
"မင်းသိလား ကိုဆက်ရဲ့အမေအသက်ရှင်နေသေးတာ"
"ဘာ !"
ထိုစကားကြောင့် သူအံ့ဩသွားသည်။
တကယ်ပဲ ကိုကို့အမေကအသက်ရှင်နေတာလား။ စွန့်ပစ်ခဲ့တဲ့ ကိုကို့မိခင်က ခုထိရှိသေးတာလား။
သူတို့သိထားတာ ထိုအမျိုးသမီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကသေဆုံးသွားပြီလို့ပင်။
သားဖြစ်သူကိုဂေဟာမှာ စွန်ပြစ်ပြီးမကြာခင်သေဆုံးသွားတယ်လို့သိထားခြင်းဖြစ်သည်။
" ဘယ်သူလဲမင်းသိလား "
သူမေးလိုက်တော့ မိုးကောင်းစွဲက ပခုံးကိုတွန့်ပြပြီးကောင်းခါသည်။ အကျင်္ီအိတ်နှစ်ဖက်ထဲကိုလက်ထည့်ရင်း
"ဟားး အဲ့တာတော့မသိသေးဘူး။ ထာမဏေဆိုတဲ့ အမျိုးသမီးက ကိုဆက်ကိုပြောတာ"
"ထာမဏေ"
"အင်း မင်းသိတယ်မလား"
"သိတယ် "
"အေး သူကစုံစမ်းပေးနေတာ၊၊ ကိုဆက်ကသူ့အမေမသေသေးတာကိုသိသွားပြီ ဒါမဲ့ သူ မတွေ့သေးဘူး "
မိုးကောင်းစွဲစကားကိုနာထောင်ရင်းသူငိုင်ကြသွားသည်။
ခုလောက်ဆိုတစ်ယောက်တည်ဘာတွေတွေးနေပြီလဲ၊
စိတ်ညစ်ရင် လုပ်တတ်သလို အိပ်ရာပေါ်မှာခွေပြီး ငြိမ်နေပြီလား။
ရေပန်းအောက်မှာ အကြာကြီးထိုင်နေပြီလား။တွေးရင်နဲ့ သူရင်ပူရသည်။
"တွေ့မယ်လို့ထင်လား"
"အင်း မကြာခင်တွေ့မယ်လို့ငါထင်တယ် မင်းစဉ်းစားကြည့်လေ၊ မွေးထားတဲ့မိခင်ကိုသူတစ်ခါလောက်တော့ တွေ့မှာပဲ နောက်မှ လက်ခံတာမခံတာကသူ့အပိုင်းလေ"
သူတို့ဖြစ်ပျက်နေတဲ့ကိစ္စတော်တော်များများကိုသိနေတဲ့ မိုးကောင်းစွဲကိုအာဏာ စိတ်ထင့်လာသည်။
ဘာလို့ ဒီကောင်ဒီလောက်တောင်သိနေရတာလဲ။
အာဏာ မြေကြီးကိုကြည့်နေတဲ့ မိုးကောင်းစွဲကိုစိုက်ကြည့်ကာ
"မင်း ဘယ်အချိန်ထဲကဒီကိုရောက်နေတာလဲမိုးကောင်းစွဲ"
သူမေးလိုက်တော့ မိုးကောင်းစွဲက နှုတ်ခမ်းတစ်ဖက်ကိုကွေးနေအောင်ပြုံးပြသည်။ ထို့နောက် အာဏာကို အကြည့်လွှဲလိုက်ပြီး အောက်ကိုငုံ့ကာ မြေကြီးကိုခြေထောက်နဲ့ထိုးနေလိုက်သည်။
"ခုမှပါ"
"အပိုတွေမပြောနဲ့ မင်းဘယ်အချိန်ထဲကရောက်နေတာလဲ"
"အင်း အတိအကျပြောရရင် မင်းလူစသတ်ထဲက"
အာဏာမျက်ခုံးပင့်သွားသည်။
ဒါဆို ရောက်နေတာကြာပြီပဲ။ အရင်ထဲကမိုးကောင်းစွဲကနောက်ကနေ သူတို့အကြောင်းတွေကိုစုံစမ်းထားတာလား။
ဒါဆို သူနဲ့ကိုကိုရဲ့အကြောင်း။
"အရမ်ကြီးအတွေးမများနဲ့ ငါမင်းတို့ဆက်ဆံရေးကိုသိတယ်"
"ဘယ်လိုဖြစ်ပြီး"
"ငါကမသိစရာလားငလူးရ "
မိုးကောင်းစွဲကပြုံးစိစိနဲ့ပြောလာသည်။ အာဏာ မိုးကောင်းစွဲကိုကြည့်ကာ စိတ်ထဲတစ်မျိုးဖြစ်လာသည်။
မိုးကောင်းစွဲက သူထင်သလောက်မရိုးရှင်းဘူးပဲ။
"လူသတ်ရတာအရသာရှိလို့လား"
မိုးကောင်းစွဲစကားကြောင့် သူဆေးလိပ်သောက်နေရင်းကြည့်လိုက်သည်။
ဒီကောင် စိတ်မှန်သေးလားမသိ။
"အင်း အရသာရှိတယ်၊၊ လည်ပင်းလေးကိုတိခနဲ့လှီးရတာဘယ်လောက်မိုက်လဲသိလား"
"ဘာ ဟားဟားးး နောက်တစ်ခေါက်သတ်ရင် ငါ့ကိုလဲခေါ်ပါ့လား ငါလဲသတ်ချင်လို့"
မိုးကောင်းစွဲစကားကြောင့် အာဏာကရယ်သည်။ ထို့နောက် လက်ထဲကဆေးလိပ်ကို မြေကြီးကိုချလိုက်ပြီး ဖိနပ်နဲ့ ဖိနင်းကာ မီးသတ်လိုက်သည်။
ထို့နောက် သူ့ရှေ့ကမိုးကောင်းစွဲကိုကြည့်ကာ ....
"လူသတ်မဲ့အစား ကျပ်ပြည့်အောင်အရင်လုပ် ကြားလား"
"ခွေးကောင် နေပါဦး ဒါနဲ့ မင်းခုဘယ်သွားမှာလဲ"
"ရောက်တတ်ရာရာပေါ့"
"ဟားး ညပိုင်းကြီလေ အိပ်စရာတော့ရှာရမှာပေါ့
လာ ငါနောက်လိုက်ခဲ့"
သူ့ရှေ့ကနေ ခပ်တည်တည်နဲ့ထွက်သွားတဲ့ မိုးကောင်းစွဲကိုကြည့်ကာ သူခေါင်းခါလိုက်သည်။
ဒီကောင်နဲ့တွေ့ရင် သူပြဿနာတစ်ခုမဟုတ်တစ်ခုတော့တတ်မှာအသေအချာ။
"ခွေးကောင် လာကွ"
နောက်ကိုလှည့်ပြီး အဆဲတစ်လုံးနဲ့ခေါ်လိုက်တဲ့ရှက်ပြာမိုးကောင်းစွဲကြောင့် အာဏာလဲ နောက်ကနေလိုက်လာခဲ့သည်။
================
"မနေ့က တည်းခိုခန်းမှာလို့ သတင်းရတယ်တယ်ဆို"
မင်းဆက်ရဲ့စကားကြောင့် အောင်ခန့်ကထိုင်နေရာကနေမော့ကြည့်လိုက်သည်။
အောင်ခန့်ကဘာမှမပြောဘဲ ငြိမ်နေသည်။ စိုင်အောင်ကဝင်ပြီး
"ဟုတ်တယ်၊ ကျွန်တော်တို့ကိုသတင်းလာပေးတဲ့လူကြောင့် သွားကြတာ။ဒါမဲ့ နောက်ကျသွားတယ်"
"သူကအဲ့တည်းခိုခန်းမှာရှိတာသေချာလို့လား"
"သေချာတယ်၊၊ ကျွန်တော်တို့သွားပြီမေးကြည့်တာ
အာဏာမှာအဲ့တည်းခဲ့တာ။သူ့အခန်းကိုသွားကြည့်ပေမဲ့ ကျွန်တော်တို့လာတာကိုသိသွားပုံရတယ်။မတွေ့တော့ဘူး"
စိုင်းအောင်စကားကြောင့်မင်ဆက်ကခေါင်းညိတ်လိုက်သည်။
"နောက်တစ်ခါငါ့ကိုအကြောင်းကြားပေး၊၊ "
"ဟုတ်ကဲ့"
မင်းဆက်ကပြောပြီးအခန်းထဲကထွက်သွားသည်။ မင်းဆက်ထွက်သွားတော့ ဂျောင်ဝူးက စိုင်းအောင်တို့နှစ်ယောက်ဘက်ကိုလှည့်လာပြီး
"ငါ တည်းခိုခန်းရဲ့ပတ်ဝန်းကျင်ကလူတွေကိုမေးစေချင်တယ် ၊၊ ထွက်ပြေးသွားတယ်ဆို တစ်ယောက်ယောက်တော့မတော်တဆမမြင်နိုငိဘူးလား"
ဂျောင်ဝူးကပြောတော့ အောင်ခန့်ကခေါင်းခါသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး
" အာဏာကအဲ့လောက်ပေါ့ဆမဲ့လူမဟုတ်ဘူး"
ထို့နောက် သူ ထရပ်လိုက်ပြီး
"ခေါင်းဆောင်ကိုစောင့်ကြည့်ထား၊၊ အာဏာနဲ့ အဆက်အရှိနိုင်တဲ့တစ်ဦးတည်းသောလူပဲ"
"အင်း"
=================
အိမ်ရောက်တာနဲ့ မနားရပေ။ အာဏာရှိလောက်မဲ့နေရာကိုစုံစမ်းရသေးသည်။ မြို့ပြင်မှာရှိတဲ့ hyrdaရဲ့ လူတွေသာနေတဲ့စံအိမ်မှာလဲ မရှိ။
အာဏာလဲ အဲ့ဒီနေရာကိုသွားမှာမဟုတ်ပေ။ အောင်ခန့်ရဲ့စကားအရ သူတို့ အာဏာကိုတွေ့အောင်ရှာဖို့ အတော်ခက်မည်။
တစ်နေရာရာမှာပုံးနေတာမျိုးမဟုတ်ဘဲ လျောက်ပြီးသွားနေတာက ပိုပြီးတော့ရှာရခက်စေသည်။
မင်းဆက် သက်ပြင်းချလိုက်ပြီး နာရီကြည့်လိုက်တော့ ည၇နာရီ။
ခုလောက်ဆို ဘယ်မှာအိပ်နေပြီလဲ။ ဘာနဲ့စားလဲ။ ငွေရော ရှိသေးရဲ့လား။တကယ်ကိုစိတ်ပူရသည်။ နှုတ်ကသာ ဖမ်းမယ်ဆိုပေမဲ့ သူဘယ်လိုစိတ်နဲ့ဖမ်းရမလဲ။
ီငယ်ငယ်ထဲကကိုယ်စောင့်ရှောက်လာတဲ့ကလေးကိုသူကိုယ်တိုင် ဖမ်းရမဲ့အဖြစ်က ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ။လုပ်စားပွဲမှာထိုင်နေရာကနေထပြီး သူမွေ့ရာရှိရာကိုလျောက်သွားလိုက်သည်။
မွေ့ရာစပ်မှာထိုင်ချလိုက်ပြီး ဖုန်းကိုယူကာသူ နံပါတ်တစ်ခုကိုဆက်လိုက်သည်။
ဝင်ဝင်ချင်းတစ်ခဏအတွင်း တစ်ဖက်ကဖုန်းကိုင်လိုက်သည်။ သူရင်တုန်နေတဲ့အတွက် စိတ်အေးအေးထားကာစကားပြောဖို့ ပြင်လိုက်သည်။
"ထာ"
"စဉ်းစားပြီးပြီးလာ မင်းဆက်"
တစ်ဖက်ကထာမဏေရဲ့စကားကြောင့်သူစဉ်းစားပြီးရဲ့သားနဲပြန်တွေဝေသွားသည်။
သွားတွေ့သင့်လား။ သူတစ်ခါလောက်တော့ မျက်နှာကိုမြင်ဖူးသင့်တယ်မလား။
စိတ်အေးအေးထားကာသူမျက်လုံးမှိတ်ချလိုက်သည်။
"ကျွန်တော်တွေ့မယ် ထာ"
"ကောင်းပြီ။ မင်းဆုံးဖြတ်ချက်မှန်ပါတယ်မင်းဆက်
သူမကိုတစ်ခါလောက်သွားတွေ့သင့်ပါတယ်"
"အင်း "
"တွေ့တဲ့အခါ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ အေးအေးဆေးဆေးေေဆွးနွေးကြပါ"
"အကြံပေးတာကျေးဇူးပါထာ "
"မလိုဘူးမင်းဆက်၊ ကျေးဇူးတင်ချင်ရင် အန်ကယ့်ကိုကျေးဇူးတင်ပါ"
"ဟုတ်ကဲ့"
ခဏကြာတော့သူဖုန်းချလိုက်ပြီး နောက် ကြမ်းပြင်ကိုငုံ့ကြည့်ကာငြိမ်နေလိုက်သည်။
သူသွားတွေ့ရင်အဆင်ပြေပါ့မလား၊ စိတ်ထဲထင့်နေသည်။အာဏာကရှိရင်ရော။
ကိုကိုစိတ်မပူနဲ့လို့ပြောမှာလား။ စိတ်အေးအေးထားဆိုပြီး အေးစက်နေတဲ့သူ့လက်တွေကိုနွေးထွေးအောင်လုပ်ပေးမှာလား။တွေးရင်မျက်ရည်ကျလာသည်။
ပါးပြင်ကမျက်ရည်ကိုလက်မနဲ့ဖိသုတ်လိုက်ပြီး မွေ့ရာပေါ်မှာလှဲချလိုက်သည်။
အရင်လိုနွေးထွေးအောင်ဖက်ထားပေးမဲ့သူမရှိတော့ဘူး။
===============
အိမ်ကထွက်လာပြီး ကားမောင်းလာတဲ့တစ်လျောက်လုံး သူရင်တုန်နေသည်။
တစ်ခါမှမမြင်ဖူးတဲ့ မိခင်ကိုတွေ့ရမှဆိုတော့ သူအနည်းငယ်တော့ ထိတ်လန့်သည်။
ထာမဏေပို့ပေးထာတဲ့ လိပ်စာအတိုင်းသူအိမ်ကထွက်လာခဲ့သည်။ထာမဏေကသူနဲ့မလိုက်ပေမဲ့ အားလုံးအဆင်ပြေအောင်စီစဉ်ပေးထားပုံပင်။
စိတ်အေးအေးထားကာကားမောင်းနေရင်း ဖုန်းသံကြောင့်ကြည့်လိုက်တော့ထာမဏေ။
"ဟယ်လို"
"အင်း စိတ်အေးအေးထားနော် အခန်းနံပါတ် ၆မှာ
ဆိုင်ဝန်ထမ်းလေးကိုမေးလိုက်ရင် လိုက်ပို့ပေးလိမ့်မယ် ဟုတ်ပြီလား"
အစစအရာရာစီစဉ်ပေးထားတဲ့ထာမဏေကိုသူတကယ်ကျေးဇူးတင်လှသည်။ ဘာပဲဖြစ်ဖြစ် မွေးထားပေးတဲ့အတွက် သူတစ်ခေါက်တော့ သွားတွေ့သင့်တယ်မလား။
"ကျေးဇူပါထာ အားလုံးကူညီပေးလို့"
"မလိုပါဘူး တို့လဲအဆင်ပြေပါစေလို့ဆုတောင်းပေးတယ်"
"ဟုတ်ကဲ့"
"ကားကိုဂရုစိုက်မောင်း "
"စိတ်ချပါထာ"
"အင်း"
ဖုန်းချလိုက်ပြီး သူကားကိုသာ ဂရုတစိုက်မောင်လိုက်သည်။
ချိန်ထားတဲ့ဆိုင်ရောက်တော့ သူကားရပ်လိုက်ပြီးကားပေါ်ကဆင်းလိုက်သည်။ ဆိုင်ကိုအပြင်ကတစ်ချက်ကြည့်ကာ သူဆိုင်ရဲ့မှန်တံခါးကိုတွန်းပြီးအထဲဝင်လာခဲ့သည်။
သူအထဲရောက်တာနဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ကအနာရောက်လာသည်။ သူကိုပြုံးပြပြီး....
"ကျွန်မနဲ့လိုက်ခဲ့ပါရှင့်"
"အင်း"
သူထိုဝန်ထမ်းကောင်မလေးနောက်ကနေလိုက်သွားလိုက်သည်။ ဆိုင်က စားပွဲဝိုင်းတွေနဲ့လဲ စားလိုက်ရပြီး
သီးသန့်စားချင်တဲ့လူတွေအတွက် VIPအခန်းရှိသည်။
ကြည့်ရတာ ထာမဏေက သီးသန့်ခန်းစီစဉ်ပေးထားခြင်းဖြစ်နိုင်သည်။သူ့ရှေ့ကဝန်ထမ်းကောင်မလေးကအခန်းတစ်ခန်းရှေ့ရောက်တော့ သူ့ကိုတံခါးဖွင့်ပေးသည်။
"ဧည့်သည်နောက်တစ်ယောက်ကတော့မလာသေးဘူး
အထဲမှာစောင့်နေပေးပါနော်"
"ဟုတ်ကဲ့"
သူခေါင်းငုံ့နှုတ်ဆက်လိုက်ပြီးအခန်းထဲဝင်ကာစားပွဲမှာထိုင်နေလိုက်သည်။ ထိုင်စောင့်နေရင်း ထိုအမျိုးသမီးအလာကိုစောင့်နေလိုက်သည်။
သူစားပွဲထိုင်ရင်း လက်ကနာရီကြည့်လိုက်တော့ ချိန်းထားတဲ့အချိန်ထက်အနည်းငယ်နောက်ကျနေသည်။
ဂျောက်!
ရုတ်တရက်တံခါးဖွင့်သံကြောင့် သူထိုင်ရပ်ကနေခါးမတ်သွားသည်။ ဒေါက်ဖိနပ်တဂွပ်ဂွပ်သံနဲ့အတူရှေ့ကိုရောက်လာတဲ့အရိပ်။
သူထိုင်နေရာကနေ ထပြီးမော့ကြည့်လိုက်သည်။
ရှေ့ကမျက်နှာချင်းဆိုင်ရပ်နေတဲ့အမျိုးသမီးကြောင့် မင်ဆက်အံ့ဩပြီးမျက်လုံးပြူးသွားသည်။
ရှေ့ကအမျိုးသမီး၊၊ သူ့ကိုဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ အမျိုးသမီး။
"လီလီ!"
#18.12.2020
====================
မိုးကောင်းစွဲကDayရဲ့သားပါ မသိတဲ့လူများ။
=========================
<Zawgyi>
"ဘယ္လိုျဖစ္လို႔မင္းကျပန္လာတာလဲ ဟိုမွ ေျခခ်ဳပ္မိေနတာမဟုတ္ဘူးလား"
နံရံကိုမွီကာေဆးလိပ္ေသာက္ရင္းအာဏာေမးလိုက္သည္။ ဒီမွာဆိုးလြန္လို႔ အေဖနွစ္ေယာက္မထိန္းနိုင္ဘဲUSက အဖိုးအဖြားေတြဆီကိုပို႔လိုက္တာ ခုေတာ့ျပန္ေရာက္လာသည္။
အေၾကာင္းမၾကားဘာမၾကားနဲ႔။
သူ႔အေမးစကားကို မိုးေကာင္းစြဲက မ်က္နွာရွံု႔သည္။ သူနဲ႔မ်က္နွာခ်င္းဆိုင္ မွာရပ္ၿပီး
"ပ်င္းလို႔ခိုးျပန္လာတာ"
"စာလုပ္ရမဲ့အ႐ြယ္စာသာလုပ္စြဲ ျပႆနာပတ္ရွာမေနနဲ႔"
သူေျပာလိုက္ၿပီး ေဆးလိပ္ကိုတစ္ဖြားေလာက္ရွိုက္လိုက္သည္။ ေရွ႕ကမိုးေကာင္းစြဲက
"တစ္နွစ္ေလာက္ေလးႀကီးတာကို မင္းငါ့့ကို အကိုႀကီးလိုမဆက္ဆံစမ္းပါနဲ႔"
"ဘာပဲေျပာေျပာငါကအႀကီးပဲ"
"ေအးပါ ငါမေျပာေတာ့ဘူး"
မိုးေကာင္းစြဲစိတ္ပ်က္လက္ပ်က္နဲ႔ ေျမျပင္ေပၚမွာေဆာင့္ေၾကာင့္ထိုင္ခ်လိုက္သည္။
အာဏာကေတာ့ နံရံမွီကာေဆးလိပ္ေသာက္ဆဲ။
ေဆးလိပ္ေသာက္ေနတဲ့ အာဏာကိုၾကည့္ကာ မိုးေကာင္းစြဲက
"မင္းေဆးလိပ္ေသာက္တတ္ေနတာလား"
"အင္း "
"ေကာင္တဲ့အက်င့္မဟုတ္ဘူးဆိုၿပီး ကိုဆက္ကမဆူဘူးလား"
မင္းဆက္ရဲ႕အေၾကာင္းကိုေျပာလိုက္ေတာ့ အာဏာက အနည္းငယ္ၿငိမ္သက္သြားသည္။ ထုိ႔ေနာက္
"မဆူဘူး"
"ေၾသာ္"
"ေနစမ္းပါဦး မင္းဘာလို႔ဒီကိုျပန္ေရာက္လာတာလဲ၊
ၿပီးေတာ့ ငါ့ေနာက္ကိုဘာလို႔လိုက္လာတာလဲ"
သူေမးလိုက္ေတာ့ ေရွ႕ကမိုေကာင္းစြဲ ထိုင္ေနရာကေနမတ္တတ္ထရပ္လိုက္သည္။ထို႔ေနာက္ အက်ီၤအိတ္ကပ္ထဲက ပီေကတစ္ခုကိုထုတ္လိုက္ၿပီး အခြံခြာရင္း
"ျမန္မာမေလးေတြကိုမခြဲနိုင္လို႔"
အေျဖေကာင္းလွတဲ့မိုးေကာင္းစြဲေၾကာင့္ အာဏာခပ္မဲ့မဲ့ရယ္လိုက္သည္။
မိုးေကာင္းစြဲဆိုတာ တကယ္ကိုပရမ္းပတာေကာင္။
"ျပန္လာတာ ဦးေဒးသိလား"
"အင္း "
"ဘာလို႔ဦးေဒးဆီကိုမျပန္ဘဲ ငါ့ဆီေရာက္လာတာလဲ"
သူခပ္တည္တည္ေမးလိုက္ေတာ့ မိုးေကာင္းစြဲက ပီေကဝါခ်င္ေနရင္း မ်က္လံုးတစ္ဖက္ပင့္ကာ ၿပံဳးစိစိနဲ႔
"မင္းလိုပဲ စြန္႔စားၾကည့္ရင္ေကာင္းမလားလို႔"
မိုးေကာင္းစြဲစကားေၾကာင့္ သူတစ္ဖက္ကိုမ်က္နွာလွည့္လိုက္သည္။ ဝရမ္းေျပးျဖစ္ေနတာကို ေကာင္းတယ္ထင္ေနတာလားမသိ။
"အမွန္အတိုင္းေျပာ မင္းကိုဘယ္သူလႊတ္လိုက္တာလဲ"
သူရဲ႕စကားေၾကာင့္ မိုးေကာင္းစြဲ ေျပာင္ေခ်ာ္ေခ်ာ္လုပ္နရာကေန အနည္းငယ္တည္သြားသည္။ ထို႔ေနာက္ ပါးစပ္ထဲကပီေကကိုထုတ္လိုက္ၿပီး ေဘးကနံရံမွာကပ္လိုက္သည္။
စည္းမရွိကမ္းမရွိတဲ့ေကာင္။
"ျမန္မာမေလးေတြကိုလြမ္းလို႔ပါဆို"
"အဟင္း!"
မိုးေကာင္းစြဲစကားေၾကာင့္ သူခပ္ဟဟရယ္မိသည္။
ထို႔ေနာက္ မိုးေကာင္းစြဲေရွ႕နားကိုသြားၿပီး သူၿပံဳးကာ
"မင္းကိုမင္း လိမ္တာပိရိတယ္ထင္ေနတာလား"
သူေျပာလိုကိေတာ့ မိုးေကာင္းစြဲက သူ႔ရင္ဘက္ကိုလက္နဲတြန္းလိုက္သည္။
မ်က္နွာမဲ့ေနတဲ့ မိုးေကာင္းစြဲကိုၾကည့္ကာ
"ေျပာ မင္းကိုတစ္ေယာက္ေယာက္ကငါ့နားကိုလႊတ္လိုက္တာမလား "
ထိုအခါမိုးေကာင္းစြဲက အင္တင္တင္နဲ႔ေခါင္းညိတ္သည္။
ထင္ေတာ့ ထင္သား၊ ဒီေကာင္လိမ္ေနတာဆိုတာကို။
"ဘယ္သူလဲ Daddyလား"
သူစကားမွန္ပံုသည္။ မိုးေကာင္းစြဲ အနည္းငယ္ေတာ့ မူပ်က္သြားသည္။ ထို႔ေနာက္ သူ႔ကို မ်က္လံုးေစြကာၾကည့္ၿပီး
"ငလူး သိလဲေမးမေနနဲ႔ေလ "
အာဏာ အနည္းငယ္ေတာ့ေတြေဝသြားသည္။
ဘာလို႔လဲ၊၊ သူဝရမ္းထုတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး Daddyတို႔ဘက္က တစ္စံုတစ္ရာထုတ္ေျပာတာလဲမရွိေသး။ ျပန္လာတာလဲမရွိေသး၊၊ ဒါမဲ့ ဘာလို႔မိုးေကာင္းစြဲကိုလႊတ္လိုက္ရတာလဲ။
"အန္ကယ္ ဘာလို႔ငါ့ကိုလႊတ္လိုက္တယ္ဆိုတာကုိေတြးေနတာမလား ငလူးေလး"
"ငါမင္းထက္အသက္ႀကီးတယ္ မိုးေကာင္းစြဲ"
"အယ္ တစ္နွစ္ထဲကိုေသာက္ဂရုစိုက္စရာလား "
အဆဲမျပတ္တဲ့ မိုးေကာင္းစြဲေၾကာင့္ အာဏာ စိတ္ပ်က္လက္ပ်က္တဲ့ ေဆးလိပ္ကိုသာေသာက္ေနလိုက္သည္။
"မင္း ကိုဆက္ကိုမသနားဘူးလား "
မိုးေကာင္းစြဲစကားေၾကာင့္ အာဏာက တိတ္ဆိတ္သြားသည္။ ဘာမွမေျဖပဲနဲ႔ သူေနလိုက္ေပမဲ့ မိေကာင္းစြဲကဆက္ၿပီး
"မင္းသိလား ကိုဆက္ရဲ႕အေမအသက္ရွင္ေနေသးတာ"
"ဘာ !"
ထိုစကားေၾကာင့္ သူအံ့ၾသသြားသည္။
တကယ္ပဲ ကိုကို႔အေမကအသက္ရွင္ေနတာလား။ စြန္႔ပစ္ခဲ့တဲ့ ကိုကို႔မိခင္က ခုထိရွိေသးတာလား။
သူတို႔သိထားတာ ထိုအမ်ိဳးသမီးကလြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာထဲကေသဆံုးသြားၿပီလို႔ပင္။
သားျဖစ္သူကိုေဂဟာမွာ စြန္ျပစ္ၿပီးမၾကာခင္ေသဆံုးသြားတယ္လို႔သိထားျခင္းျဖစ္သည္။
" ဘယ္သူလဲမင္းသိလား "
သူေမးလိုက္ေတာ့ မိုးေကာင္းစြဲက ပခုံးကိုတြန္႔ျပၿပီးေကာင္းခါသည္။ အက်ီၤအိတ္နွစ္ဖက္ထဲကိုလက္ထည့္ရင္း
"ဟားး အဲ့တာေတာ့မသိေသးဘူး။ ထာမေဏဆိုတဲ့ အမ်ိဳးသမီးက ကိုဆက္ကိုေျပာတာ"
"ထာမေဏ"
"အင္း မင္းသိတယ္မလား"
"သိတယ္ "
"ေအး သူကစံုစမ္းေပးေနတာ၊၊ ကိုဆက္ကသူ႔အေမမေသေသးတာကိုသိသြားၿပီ ဒါမဲ့ သူ မေတြ႕ေသးဘူး "
မိုးေကာင္းစြဲစကားကိုနာေထာင္ရင္းသူငိုင္ၾကသြားသည္။
ခုေလာက္ဆိုတစ္ေယာက္တည္ဘာေတြေတြးေနၿပီလဲ၊
စိတ္ညစ္ရင္ လုပ္တတ္သလို အိပ္ရာေပၚမွာေခြၿပီး ၿငိမ္ေနၿပီလား။
ေရပန္းေအာက္မွာ အၾကာႀကီးထိုင္ေနၿပီလား။ေတြးရင္နဲ႔ သူရင္ပူရသည္။
"ေတြ႕မယ္လို႔ထင္လား"
"အင္း မၾကာခင္ေတြ႕မယ္လို႔ငါထင္တယ္ မင္းစဥ္းစားၾကည့္ေလ၊ ေမြးထားတဲ့မိခင္ကိုသူတစ္ခါေလာက္ေတာ့ ေတြ႕မွာပဲ ေနာက္မွ လက္ခံတာမခံတာကသူ႔အပိုင္းေလ"
သူတို႔ျဖစ္ပ်က္ေနတဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကိုသိေနတဲ့ မိုးေကာင္းစြဲကိုအာဏာ စိတ္ထင့္လာသည္။
ဘာလို႔ ဒီေကာင္ဒီေလာက္ေတာင္သိေနရတာလဲ။
အာဏာ ေျမႀကီးကိုၾကည့္ေနတဲ့ မိုးေကာင္းစြဲကိုစိုက္ၾကည့္ကာ
"မင္း ဘယ္အခ်ိန္ထဲကဒီကိုေရာက္ေနတာလဲမိုးေကာင္းစြဲ"
သူေမးလိုက္ေတာ့ မိုးေကာင္းစြဲက နႈတ္ခမ္းတစ္ဖက္ကိုေကြးေနေအာင္ၿပံဳးျပသည္။ ထို႔ေနာက္ အာဏာကို အၾကည့္လႊဲလိုက္ၿပီး ေအာက္ကိုငံု႔ကာ ေျမႀကီးကိုေျခေထာက္နဲ႔ထိုးေနလိုက္သည္။
"ခုမွပါ"
"အပိုေတြမေျပာနဲ႔ မင္းဘယ္အခ်ိန္ထဲကေရာက္ေနတာလဲ"
"အင္း အတိအက်ေျပာရရင္ မင္းလူစသတ္ထဲက"
အာဏာမ်က္ခုံးပင့္သြားသည္။
ဒါဆို ေရာက္ေနတာၾကာၿပီပဲ။ အရင္ထဲကမိုးေကာင္းစြဲကေနာက္ကေန သူတို႔အေၾကာင္းေတြကိုစုံစမ္းထားတာလား။
ဒါဆို သူနဲ႔ကိုကိုရဲ႕အေၾကာင္း။
"အရမ္ႀကီးအေတြးမမ်ားနဲ႔ ငါမင္းတို႔ဆက္ဆံေရးကိုသိတယ္"
"ဘယ္လိုျဖစ္ၿပီး"
"ငါကမသိစရာလားငလူးရ "
မိုးေကာင္းစြဲကၿပံဳးစိစိနဲ႔ေျပာလာသည္။ အာဏာ မိုးေကာင္းစြဲကိုၾကည့္ကာ စိတ္ထဲတစ္မ်ိဳးျဖစ္လာသည္။
မိုးေကာင္းစြဲက သူထင္သေလာက္မရိုးရွင္းဘူးပဲ။
"လူသတ္ရတာအရသာရွိလို႔လား"
မိုးေကာင္းစြဲစကားေၾကာင့္ သူေဆးလိပ္ေသာက္ေနရင္းၾကည့္လိုက္သည္။
ဒီေကာင္ စိတ္မွန္ေသးလားမသိ။
"အင္း အရသာရွိတယ္၊၊ လည္ပင္းေလးကိုတိခနဲ႔လွီးရတာဘယ္ေလာက္မိုက္လဲသိလား"
"ဘာ ဟားဟားးး ေနာက္တစ္ေခါက္သတ္ရင္ ငါ့ကိုလဲေခၚပါ့လား ငါလဲသတ္ခ်င္လို႔"
မိုးေကာင္းစြဲစကားေၾကာင့္ အာဏာကရယ္သည္။ ထို႔ေနာက္ လက္ထဲကေဆးလိပ္ကို ေျမႀကီးကိုခ်လိုက္ၿပီး ဖိနပ္နဲ႔ ဖိနင္းကာ မီးသတ္လိုက္သည္။
ထို႔ေနာက္ သူ႔ေရွ႕ကမိုးေကာင္းစြဲကိုၾကည့္ကာ ....
"လူသတ္မဲ့အစား က်ပ္ျပည့္ေအာင္အရင္လုပ္ ၾကားလား"
"ေခြးေကာင္ ေနပါဦး ဒါနဲ႔ မင္းခုဘယ္သြားမွာလဲ"
"ေရာက္တတ္ရာရာေပါ့"
"ဟားး ညပိုင္းႀကီေလ အိပ္စရာေတာ့ရွာရမွာေပါ့
လာ ငါေနာက္လိုက္ခဲ့"
သူ႔ေရွ႕ကေန ခပ္တည္တည္နဲ႔ထြက္သြားတဲ့ မိုးေကာင္းစြဲကိုၾကည့္ကာ သူေခါင္းခါလိုက္သည္။
ဒီေကာင္နဲ႔ေတြ႕ရင္ သူျပႆနာတစ္ခုမဟုတ္တစ္ခုေတာ့တတ္မွာအေသအခ်ာ။
"ေခြးေကာင္ လာကြ"
ေနာက္ကိုလွည့္ၿပီး အဆဲတစ္လံုးနဲ႔ေခၚလိုက္တဲ့ရွက္ျပာမိုးေကာင္းစြဲေၾကာင့္ အာဏာလဲ ေနာက္ကေနလိုက္လာခဲ့သည္။
================
"မေန႔က တည္းခိုခန္းမွာလို႔ သတင္းရတယ္တယ္ဆို"
မင္းဆက္ရဲ႕စကားေၾကာင့္ ေအာင္ခန္႔ကထိုင္ေနရာကေနေမာ့ၾကည့္လိုက္သည္။
ေအာင္ခန္႔ကဘာမွမေျပာဘဲ ၿငိမ္ေနသည္။ စိုင္ေအာင္ကဝင္ၿပီး
"ဟုတ္တယ္၊ ကြၽန္ေတာ္တို႔ကိုသတင္းလာေပးတဲ့လူေၾကာင့္ သြားၾကတာ။ဒါမဲ့ ေနာက္က်သြားတယ္"
"သူကအဲ့တည္းခိုခန္းမွာရွိတာေသခ်ာလို႔လား"
"ေသခ်ာတယ္၊၊ ကြၽန္ေတာ္တို႔သြားၿပီေမးၾကည့္တာ
အာဏာမွာအဲ့တည္းခဲ့တာ။သူ႔အခန္းကိုသြားၾကည့္ေပမဲ့ ကြၽန္ေတာ္တို႔လာတာကိုသိသြားပံုရတယ္။မေတြ႕ေတာ့ဘူး"
စိုင္းေအာင္စကားေၾကာင့္မင္ဆက္ကေခါင္းညိတ္လိုက္သည္။
"ေနာက္တစ္ခါငါ့ကိုအေၾကာင္းၾကားေပး၊၊ "
"ဟုတ္ကဲ့"
မင္းဆက္ကေျပာၿပီးအခန္းထဲကထြက္သြားသည္။ မင္းဆက္ထြက္သြားေတာ့ ေဂ်ာင္ဝူးက စိုင္းေအာင္တို႔နွစ္ေယာက္ဘက္ကိုလွည့္လာၿပီး
"ငါ တည္းခိုခန္းရဲ႕ပတ္ဝန္းက်င္ကလူေတြကိုေမးေစခ်င္တယ္ ၊၊ ထြက္ေျပးသြားတယ္ဆို တစ္ေယာက္ေယာက္ေတာ့မေတာ္တဆမျမင္နိုငိဘူးလား"
ေဂ်ာင္ဝူးကေျပာေတာ့ ေအာင္ခန္႔ကေခါင္းခါသည္။ ထို႔ေနာက္ သက္ျပင္းခ်လိုက္ၿပီး
" အာဏာကအဲ့ေလာက္ေပါ့ဆမဲ့လူမဟုတ္ဘူး"
ထို႔ေနာက္ သူ ထရပ္လိုက္ၿပီး
"ေခါင္းေဆာင္ကိုေစာင့္ျကည့္ထား၊၊ အာဏာနဲ႔ အဆက္အရွိနိုင္တဲ့တစ္ဦးတည္းေသာလူပဲ"
"အင္း"
=================
အိမ္ေရာက္တာနဲ႔ မနားရေပ။ အာဏာရွိေလာက္မဲ့ေနရာကိုစံုစမ္းရေသးသည္။ ၿမိဳ႕ျပင္မွာရွိတဲ့ hyrdaရဲ႕ လူေတြသာေနတဲ့စံအိမ္မွာလဲ မရွိ။
အာဏာလဲ အဲ့ဒီေနရာကိုသြားမွာမဟုတ္ေပ။ ေအာင္ခန္႔ရဲ႕စကားအရ သူတို႔ အာဏာကိုေတြ႕ေအာင္ရွာဖို႔ အေတာ္ခက္မည္။
တစ္ေနရာရာမွာပံုးေနတာမ်ိဳးမဟုတ္ဘဲ ေလ်ာက္ၿပီးသြားေနတာက ပိုၿပီးေတာ့ရွာရခက္ေစသည္။
မင္းဆက္ သက္ျပင္းခ်လိုက္ၿပီး နာရီၾကည့္လိုက္ေတာ့ ည၇နာရီ။
ခုေလာက္ဆို ဘယ္မွာအိပ္ေနၿပီလဲ။ ဘာနဲ႔စားလဲ။ ေငြေရာ ရွိေသးရဲ႕လား။တကယ္ကိုစိတ္ပူရသည္။ နႈတ္ကသာ ဖမ္းမယ္ဆိုေပမဲ့ သူဘယ္လိုစိတ္နဲ႔ဖမ္းရမလဲ။
ီငယ္ငယ္ထဲကကိုယ္ေစာင့္ေရွာက္လာတဲ့ကေလးကိုသူကိုယ္တိုင္ ဖမ္းရမဲ့အျဖစ္က ဘယ္လိုလုပ္ခံနိုင္ရည္ရွိပါ့မလဲ။လုပ္စားပြဲမွာထိုင္ေနရာကေနထၿပီး သူေမြ့ရာရွိရာကိုေလ်ာက္သြားလိုက္သည္။
ေမြ့ရာစပ္မွာထိုင္ခ်လိုက္ၿပီး ဖုန္းကိုယူကာသူ နံပါတ္တစ္ခုကိုဆက္လိုက္သည္။
ဝင္ဝင္ခ်င္းတစ္ခဏအတြင္း တစ္ဖက္ကဖုန္းကိုင္လိုက္သည္။ သူရင္တုန္ေနတဲ့အတြက္ စိတ္ေအးေအးထားကာစကားေျပာဖို႔ ျပင္လိုက္သည္။
"ထာ"
"စဥ္းစားၿပီးၿပီးလာ မင္းဆက္"
တစ္ဖက္ကထာမေဏရဲ႕စကားေၾကာင့္သူစဥ္းစားၿပီးရဲ႕သားနဲျပန္ေတြေဝသြားသည္။
သြားေတြ႕သင့္လား။ သူတစ္ခါေလာက္ေတာ့ မ်က္နွာကိုျမင္ဖူးသင့္တယ္မလား။
စိတ္ေအးေအးထားကာသူမ်က္လံုးမွိတ္ခ်လိုက္သည္။
"ကြၽန္ေတာ္ေတြ႕မယ္ ထာ"
"ေကာင္းၿပီ။ မင္းဆံုးျဖတ္ခ်က္မွန္ပါတယ္မင္းဆက္
သူမကိုတစ္ခါေလာက္သြားေတြ႕သင့္ပါတယ္"
"အင္း "
"ေတြ႕တဲ့အခါ စိတ္လိုက္မာန္ပါမလုပ္ပါနဲ႔ ေအးေအးေဆးေဆးေေဆြးေႏြးၾကပါ"
"အႀကံေပးတာေက်းဇူးပါထာ "
"မလိုဘူးမင္းဆက္၊ ေက်းဇူးတင္ခ်င္ရင္ အန္ကယ့္ကိုေက်းဇူးတင္ပါ"
"ဟုတ္ကဲ့"
ခဏၾကာေတာ့သူဖုန္းခ်လိုက္ၿပီး ေနာက္ ၾကမ္းျပင္ကိုငံု႔ၾကည့္ကာၿငိမ္ေနလိုက္သည္။
သူသြားေတြ႕ရင္အဆင္ေျပပါ့မလား၊ စိတ္ထဲထင့္ေနသည္။အာဏာကရွိရင္ေရာ။
ကိုကိုစိတ္မပူနဲ႔လို႔ေျပာမွာလား။ စိတ္ေအးေအးထားဆုိၿပီး ေအးစက္ေနတဲ့သူ႔လက္ေတြကိုေႏြးေထြးေအာင္လုပ္ေပးမွာလား။ေတြးရင္မ်က္ရည္က်လာသည္။
ပါးျပင္ကမ်က္ရည္ကိုလက္မနဲ႔ဖိသုတ္လိုက္ၿပီး ေမြ့ရာေပၚမွာလွဲခ်လိုက္သည္။
အရင္လိုေႏြးေထြးေအာင္ဖက္ထားေပးမဲ့သူမရွိေတာ့ဘူး။
===============
အိမ္ကထြက္လာၿပီး ကားေမာင္းလာတဲ့တစ္ေလ်ာက္လံုး သူရင္တုန္ေနသည္။
တစ္ခါမွမျမင္ဖူးတဲ့ မိခင္ကိုေတြ႕ရမွဆိုေတာ့ သူအနည္းငယ္ေတာ့ ထိတ္လန္႔သည္။
ထာမေဏပို႔ေပးထာတဲ့ လိပ္စာအတိုင္းသူအိမ္ကထြက္လာခဲ့သည္။ထာမေဏကသူနဲ႔မလိုက္ေပမဲ့ အားလံုးအဆင္ေျပေအာင္စီစဥ္ေပးထားပံုပင္။
စိတ္ေအးေအးထားကာကားေမာင္းေနရင္း ဖုန္းသံေၾကာင့္ၾကည့္လိုက္ေတာ့ထာမေဏ။
"ဟယ္လို"
"အင္း စိတ္ေအးေအးထားေနာ္ အခန္းနံပါတ္ ၆မွာ
ဆိုင္ဝန္ထမ္းေလးကိုေမးလိုက္ရင္ လိုက္ပို႔ေပးလိမ့္မယ္ ဟုတ္ၿပီလား"
အစစအရာရာစီစဥ္ေပးထားတဲ့ထာမေဏကိုသူတကယ္ေက်းဇူးတင္လွသည္။ ဘာပဲျဖစ္ျဖစ္ ေမြးထားေပးတဲ့အတြက္ သူတစ္ေခါက္ေတာ့ သြားေတြ႕သင့္တယ္မလား။
"ေက်းဇူပါထာ အားလံုးကူညီေပးလို႔"
"မလိုပါဘူး တို႔လဲအဆင္ေျပပါေစလို႔ဆုေတာင္းေပးတယ္"
"ဟုတ္ကဲ့"
"ကားကိုဂရုစိုက္ေမာင္း "
"စိတ္ခ်ပါထာ"
"အင္း"
ဖုန္းခ်လိုက္ၿပီး သူကားကိုသာ ဂရုတစိုက္ေမာင္လိုက္သည္။
ခ်ိန္ထားတဲ့ဆိုင္ေရာက္ေတာ့ သူကားရပ္လိုက္ၿပီးကားေပၚကဆင္းလိုက္သည္။ ဆိုင္ကိုအျပင္ကတစ္ခ်က္ၾကည့္ကာ သူဆိုင္ရဲ႕မွန္တံခါးကိုတြန္းၿပီးအထဲဝင္လာခဲ့သည္။
သူအထဲေရာက္တာနဲ႔ ဝန္ထမ္းေကာင္မေလးတစ္ေယာက္ကအနာေရာက္လာသည္။ သူကိုၿပံဳးျပၿပီး....
"ကြၽန္မနဲ႔လိုက္ခဲ့ပါရွင့္"
"အင္း"
သူထိုဝန္ထမ္းေကာင္မေလးေနာက္ကေနလိုက္သြားလိုက္သည္။ ဆိုင္က စားပြဲဝိုင္းေတြနဲ႔လဲ စားလိုက္ရၿပီး
သီးသန္႔စားခ်င္တဲ့လူေတြအတြက္ VIPအခန္းရွိသည္။
ၾကည့္ရတာ ထာမေဏက သီးသန္႔ခန္းစီစဥ္ေပးထားျခင္းျဖစ္နိုင္သည္။သူ႔ေရွ႕ကဝန္ထမ္းေကာင္မေလးကအခန္းတစ္ခန္းေရွ႕ေရာက္ေတာ့ သူ႔ကိုတံခါးဖြင့္ေပးသည္။
"ဧည့္သည္ေနာက္တစ္ေယာက္ကေတာ့မလာေသးဘူး
အထဲမွာေစာင့္ေနေပးပါေနာ္"
"ဟုတ္ကဲ့"
သူေခါင္းငံု႔နႈတ္ဆက္လိုက္ၿပီးအခန္းထဲဝင္ကာစားပြဲမွာထိုင္ေနလိုက္သည္။ ထိုင္ေစာင့္ေနရင္း ထိုအမ်ိဳးသမီးအလာကိုေစာင့္ေနလိုက္သည္။
သူစားပြဲထိုင္ရင္း လက္ကနာရီၾကည့္လိုက္ေတာ့ ခ်ိန္းထားတဲ့အခ်ိန္ထက္အနည္းငယ္ေနာက္က်ေနသည္။
ေဂ်ာက္!
ရုတ္တရက္တံခါးဖြင့္သံေၾကာင့္ သူထိုင္ရပ္ကေနခါးမတ္သြားသည္။ ေဒါက္ဖိနပ္တဂြပ္ဂြပ္သံနဲ႔အတူေရွ႕ကိုေရာက္လာတဲ့အရိပ္။
သူထိုင္ေနရာကေန ထၿပီးေမာ့ၾကည့္လိုက္သည္။
ေရွ႕ကမ်က္နွာခ်င္းဆိုင္ရပ္ေနတဲ့အမ်ိဳးသမီးေၾကာင့္ မင္ဆက္အံ့ၾသၿပီးမ်က္လံုးျပဴးသြားသည္။
ေရွ႕ကအမ်ိဳးသမီး၊၊ သူ႔ကိုဝမ္းနည္းေနတဲ့မ်က္ဝန္းေတြနဲ႔ၾကည့္ေနတဲ့ အမ်ဳိးသမီး။
"လီလီ!"
#18.12.2020
====================
မိုးေကာင္းစြဲကDayရဲ႕သားပါ မသိတဲ့လူမ်ား။
=========================