<Unicode>
"နောက်နှစ်ရက်နေရင်ဆင်းလို့ရပြီ "
Dayက ဆေးသွင်းထားတဲ့ပိုက်တွေကိုဖြုတ်ပေးကာပြောသည်။ ဒေါ်ကြီးကတော့ ဘေးနားကနေထိုင်နေသည်။ မင်းဆက်ကတော့ သိပ်ပြီးမရွှင်လန်းတဲ့မျက်နှာနဲ့ ခေါင်းညိတ်သည်။
"ဟုတ် ကျွန်တော်လဲဆင်းချင်နေပြီ"
မင်းဆက်ကခပ်ယဲ့ယဲ့လေးပြုံးကာပြောသည်။မင်းဆက်ပြောလိုက်တော့ Dayက မင်းဆက်ရဲ့ခေါင်းကိုကိုင်လိုက်သည်။
"ကျန်းမာရေးကိုသေချာဂရုစိုက်နော်၊ ခဏခဏဖျားတာမကောင်းဘူး ၊၊ ပြီးတော့ အာဏာ"
Dayက စကားစလိုက်တော့မင်းဆက်ကမျက်နှာငယ်သွားသည်။ သူသိတာပေါ့။ ဒီကလေး၂ယောက်ဆက်ဆံရေးကို။ ခုလိုမျိုးတွေကြုံရတဲ့အခါ နှစ်ယောက်စလုံးနာကျင်နေရပြီ။
"အရမ်းကြီးစိတ်မပူပါနဲ့၊၊ သူအန္တာရာယ်ကင်းမှာပါ"
"ဦးဒေး"
"ဟင် ပြောလေ"
မင်းဆက်ခေါ်လိုက်တော့ Dayကစကားထောင်ပေးသည်။ မင်းဆက်ကကုတင်ပေါ်မှာထိုင်နေရင်းဘေးနားမှာရပ်နေတဲ့ Dayကိုမော်ကြည့်လိုက်သည်။
"ကျွန်တော်ဘာဆက်လုပ်ရမလဲ"
"မင်းဆက်"
"ကျွန်တော် အာဏာကိုခုလိုထွက်ပြေးပြီး သူတို့တွေရှာမတွေ့အောင်လုပ်ပေးရမလား။ ဒါ ဒါမှမဟုတ် သူ့ကိုရအောင်ရှာပြီးအပြစ်တွေဆပ်ဖို့နားချရမလား ဟင် ကျွန်တော်ဘာလုပ်ရမလဲ ဦးဒေး"
မင်းဆက်ကတုန်တုန်ရင်ရင်နဲ့မေးသည်။မင်းဆက်ခေါင်းငိုက်စိုက်ကြသွားသည်။ မျက်ဝန်းကျစီးကျနေတဲ့မျက်ရည်ပူတွေကိုမသုတ်မိ၊ မဖယ်ရှားမိ။
" ဘာ ဘာဆက်လုပ်ရမှန်းမသိတော့ဘူး "
ခပ်တိုးတိုးစကားသံက ဘေးနားကDayနဲ့ဒေါ်ကြီးကို
မျက်ရည်ကျစေသည်။ ဒေါ်ကြီးကတော့ မျက်ရည်တွေကျပြီး ဘေးနားကထွက်သွားပြီးအခန်းအပြင်ထွက်သွားသည်။
Dayက ခေါင်းငုံ့နေတဲ့မင်းဆက်ရဲ့လက်ကိုကိုင်လိုက်သည်။
"ထိတ်တိုက်တွေ့ရမယ်"
Dayပြောလိုက်တော့ မင်းဆက်မျက်ရည်တွေနဲ့ခေါင်းမော့ကြည့်လာသည်။ဆိုလိုတာကိုသူနားမလည်ပေ။ ထိတ်တိုက်တွေ့ရမယ်တဲ့လား။
"ဘာကိုဆိုလိုတာလဲ"
သူမေးလိုက်တော့ Dayက သက်ပြင်းချသည်။ ထို့နောက်
"အာဏာနဲ့ထိတ်တိုက်တွေ့ရမယ်။ သူသတ်လားဘာကြောင့်လဲ သတ်ရတာလဲမေးရမယ်မဟုတ်ဘူလားမင်းဆက်။
တကယ်လို့သူသတ်ရင်တောင် ငါတို့သူ့ကိုအပြစ်ဆပ်ဖို့နားချရမယ် တစ်သက်လုံးသူ့ကိုဝရမ်းပြေအနေနဲ့ နေခိုင်းတော့မှာလား"
Dayက မင်းဆက်ကိုရှင်းပြသည်။ ဆက်ပြီး
"မင်းDaddyကရော တကယ်လို့အာဏာသာသတ်ခဲ့ရင် မရရအောင်အပြစ်ကလွတ်အောင်လုပ်ပေးမယ်ထင်လား"
"ဦးဒေး"
"မလုပ်ဘူးမင်းဆက်။ တကယ်လို့အာဏာသတ်ခဲ့တာသာဆို မင်းတို့Daddyက တစ်ကိုယ်ကောင်းစိတ်နဲ့ အာဏာကိုအပြစ်ကလွတ်အောင်လုပ်ပေးမှာမဟုတ်ဘူး။ အပြစ်ဆပ်ဖို့ပဲ ပြောလိမ့်မယ်။ ခုတောင် သူတို့ဒီကိစ္စတွေကိုသိနေလောက်ပြီမင်းဆက် "
Dayစကားကြောင့် မင်းဆက်မျက်ရည်တွေပိုကျလာသည်။ ဘယ်လိုဆက်လုပ်ရမလဲ။
"အာဏာကိုတွေ့တဲ့အခါ နားချပါမင်းဆက်။အပြစ်ကိုဆပ်ဖို့မင်းဆုံးမပေးပါ"
===================
ညအချိန်ရောက်တော့ ဆေးရုံကအနည်းငယ်တိတ်ဆိတ်သွားသည်။ တာဝန်ကျဆရာဝန်တွေ သူနာပြူတွေကလွဲလို့ ကျန်တဲ့ဆရာဝန်တွေလဲ ပြန်ကုန်ကြပြီဖြစ်သည်။
ထိုစဉ် လူရှင်းတဲ့နေရာကနေဝင်လာတဲ့လူတစ်ယောက်။ ဦးထုတ်ကိုခပ်ငိုက်ငိုက်စောင်းထားပြီးကျောမှာဆံပင်တွေဖြာကျနေသည်။
တစ်ကိုယ်လုံးအနက်ရောင်ကိုဝတ်ထာတဲ့သူ့ကိုသန့်ရှင်းရေးဝန်ထမ်းတွေတောင်မမြင်။
ထို့နောက် သူအခန်းတစ်ခန်းကိုဦးတည်ခဲ့သည်။ အခန်းရှေ့ရောက်တာနဲ့ တံခါးကိုညင်သာစွာဖွင့်လိုက်သည်။
အခန်းရှေ့ အစောင့်မရှိတဲ့အတွက်သူပို၍အဆင်ပြေသည်။ အခန်းတံခါးလေးကိုပြန်ပိတ်လိုက်ပြီး သူအခန်းထဲကိုဝေ့ကြည့်လိုက်သည်။
လူကုတင်ပေါ်မှာအိပ်စက်နေတဲ့လူတစ်ယောက်။ ထိုသူကသေချာပေါက်မင်းဆက်ပင်ဖြစ်သည်။ တဖက်ကလူနာစောင့်ကုတင်ပေါ်မှာတော့ ဘယ်သူမှရှိမနေနဲ့အတွက် သူသက်ပြင်းချလိုက်သည်။
ထို့နောက် ဖြည်းဖြည်းလေးလျောက်လာကာ မင်းဆက်ရဲ့ကုတင်နားရောက်လာသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ကုတင်ပေါ်ကလူသားလေးကိုကြည့်ကာ သူပြုံးမိသည်။
ကောင်းကောင်းအိပ်ပျော်နေတာပဲ။
ဘေးနားမှာရှိတဲ့ ခုံပေါ်မှာသူထိုင်လိုက်ပြီးအိပ်စက်နေတဲ့ သူ့အသဲအသက်လေးကိုတစိမ့်စိမ့်ကြည့်မိသည်။
မမြင်ရမတွေ့ရတဲ့နေ့တွေမှာ ဘယ်လောက်တောင်နာကျင်နေမလဲ၊၊ ဘယ်လောက်တောင်ငိုနေမလဲ ။
ဆေးရုံမှာအောက်စီဂျင်ပိုက်တန်းလန်းနဲ့နေနေရတဲ့အချိန် သူအနားမှာရှိနေချင်တာရူးမတတ်ဖြစ်ရခဲ့သည်။
ဆေးရုံ၁ပတ်လောက်တတ်နေရတော့ ကိုယ်လေးကအနည်းငယ်ပိန်သွားသည်။ ဆေးရုံတတ်နေရတဲ့အချိန် အနားမှာ အားရှိတဲ့အစားအစာတွေကျွေးပြီး မတည့်တာတွေစားရင် အိပ်ရေးဝဝမအိပ်ရင်၊ ဆေးမသောက်ချင်ရင်ဆူချင်သည်။
ခုတော့ ဘာတစ်ခုမှသူမတတ်နိုင်ခဲ့၊၊ ညပိုင်းလူအိပ်ချိနာမှာသာ မျက်နှာလေးကိုမြင်နိုင်သည်။
မျက်လုံးလေးမှိတ်ကာအိပ်နေတဲ့ သူလေးကိုသူထိုင်ကြည့်မနေတာ မနက်၂နာရီပင်ထိုးခဲ့ပြီ။
နဖူးလေးကိုဖွဖွအနမ်းပေးချင်ပေမဲ့ နိုးသွားမှာစိုးတဲ့အတွက် စိတ်လျော့ပြီး ထိုင်နေရာမှရပ်လိုက်သည်။
ထို့နောက် သူမျက်ရည်လည်ကာနောက်ဆုတ်လိုက်ရင်းအခန်းတံခါးရှိရာကိုဦးတည်ခဲ့သည်။ ဒီနေ့ဖို့မျက်နှာလေးမြင်လိုက်ရရင် ကျေနပ်ပြီ။
အခန်းတံခါးနားအရောက် တံခါးဖွင့်ဖို့လက်ကိုင်ဘုကိုကိုင်လိုက်စဉ် ရုတ်တရက်နောက်ကျောကနေမှီပြီး ခါးကိုတင်းနေအောင်ဖက်ထားတဲ့လက်လေးတစ်စုံကြောင့် အာဏာ ရပ်သွားသည်။
တစ်ချက်တစ်ချက်ရှိုက်သံကြားရပြီး ကျောပြင်ကပူနွေးနွေးကြောင့် မျက်ရည်တွေဆိုတာသူသိလိုက်သည်။
ခါးပေါ်ကလက်ကိုဖယ်ဖို့ကြိုးစားတော့ တင်းနေအောင်ဖက်ထားသည်။ သူ့ခါးကိုတင်းနေအောင်ဖက်ထားပြီး ငိုရှိုက်နေသည်။
"ခိုးပြီးလာရတာပျော်လား ဟမ်"
နောက်ကျောကအသံခပ်အက်အက်လေးကြောင့် အာဏာမျက်ရည်လည်လာသည်။ခုသူမျက်နှာချင်းဆိုင်ဖို့တောင် မဝံ့မရဲဖြစ်နေပြီ။
"ကိုကို"
"ငါမသိအောင်လာတွေ့ရတာပျော်လားလို့"
သူစိတ်မထိန်းနိုင်စွာ ခါးကလက်တွေကိုဖြုတ်ပြီးမျက်နှာချင်းဆိုင်လှည့်ပြီး ဦးထုတ်ကိုချွတ်ပြီး သူ့ရှေ့ကငိုနေတဲ့ကိုကို့ရဲ့ ကိုယ်လေးကိုတင်းကျပ်စွာဖက်ထားမိသည်။
လေးတိုး၍မရအောင် တင်းကျပ်စွာဖက်ထားပြီး မျက်ရည်ကျမိသည်။
"လွမ်းနေခဲ့တာ"
ခပ်တိုးတိုးလေးဆိုရင် သူကိုယ်လုံးအိအိလေးကိုတင်းနေအောင်ဖက်ထားမိသည်။ ဒီလူသားကို ဘယ်လောက်လွမ်းနေလဲဆိုတာသူကိုယ်တိုင်သာသိသည်။
ညတိုင်းခိုးပြီးလာတိုင်း တင်းကျပ်အောင်ဖက်ထားချင်တာ။ နူးနူးညံ့ညံ့နမ်းရှိုက်ချင်တာ။ သူ့အတွက်နဲ့အနှောက်အယှက်ဖြစ်မှာဆိုးတဲ့အတွက် သည်းခံကာကြိတ်မှိတ်နေခဲ့ရတာ။
"သေလောက်အောင်လွမ်းနေတာ"
"ငါကရော ဟမ်! ငါကရော ရူးမတတ်ဖြစ်နေတာသိလား၊ မင်းကိုဘယ်တော့သူတို့ဖမ်းမိမလဲ ငါ့မှာရင်တထိတ်ထိတ်နဲ့ဖြစ်နေတာ "
"ကိုကို "
မင်းဆက်က ဖက်ထားရာမှာရုန်းထွက်လိုက်ပြီး ကယောင်ကခြားနဲ့အာဏာကိုကြည့်ကာ
"အာဏာ ငါတို့ ငါတို့ထွက်ပြေးရအောင်လေ နော်
ငါတို့ဒီကထွက်ပြေးရအောင် သူတို့မမိတော့ဘူးလေ။တခြားကိုထွက်သွာကြမယ် မင်းနဲ့ငါ ဟမ် ပြီးရင်ငါတို့အတူတူနေလို့ရပြီလေ "
အရူးတစ်ယောက်လိုမျက်ရည်တွေကျပြီး ထွက်ပြေးဖို့ ပြောနေတဲ့မင်းဆက်ကြောင့် အာဏာမျက်ရည်တွေအထိန်းအကွပ်မဲ့ကာကျလာသည်။
"ကိုကို"
"နော် လိမ္မာပါတယ်၊၊ ငါတို့ထွက်ပြေးရအောင် ခဏလေး ငါအဝတ်ယူဦးမယ်"
အရူးတစ်ယောက်လိုပြောပြီး အာဏာကိုကျောခိုင်းကာ အခန်းထဲကအဝတ်ယူဖို့တုန်တုန်ရီရီပြောနေတဲ့ မင်းဆက်ကြောင့် အာဏာငိုမိသည်။
"ခဏနေဦး ငါ့အနွေးထည်ယူလိုက်ဦးမယ်"
ချက်ချင်းသူ့ရှေ့ကထွက်သွားပြီး အခန်းထဲမှာတောင်ကြည့်မြောက်ကြည့်နဲ့ အနွေးထည်ရှာနေသည်။ ခဏနေတော့ ကုတင်ဘေးကသူ့အနွေးထည်ကိုပြေးယူလိုက်ပြီး အာဏာရှေ့ကိုပြန်ရောက်လာပြီး အနွေးထည်လေးကိုင်လျက်သားနဲ့......
"သွားကြအောင်လေ"
သူ့ရှေ့ကမျက်ရည်လေးတွေစီးကျပြီး ထွက်ပြေးဖို့ပြောနေတဲ့ သူ့ရှေ့ကိုကိုကို့ကို သူခါးကဆွဲယူပြီးဖက်ထားလိုက်သည်။
ခုသူနဲ့ အတူတူထွက်ပြေးဖို့လုပ်နေတဲ့ ကိုကို့ရဲ့ပုံစံက သူကိုရင်နာစေသည်။ ပိန်သွားလိုက်တာ၊ ကိုယ်လုံးလေးကအရင်တောင့်တောင့်တင်းတင်းမရှိတော့ဘူး။
ခါးကလဲအရင်ထက်သေးသွားသလားပဲ။ သေးသွယ်သွယ်ခါးကို လက်တစ်ဖက်ဖက်ထားပြီး နောက်လက်တဖက်က နူးညံ့အိစက်ပြီး ချောပွတ်တဲ့ပါးပြင်ကိုင်ကာ လွမ်းစွတ်ခဲ့ရတဲ့ နှုတ်ခမ်းလေးကိုဖိကပ်နမ်းရှိုက်လိုက်သည်။
တစ်ချက်တစ်ချက်ရှိုက်နေသေးတဲ့ စီးကျလာတဲ့မျက်ရည်စီးကြောင်း၂ခုဟာ ပေါင်းစုံခဲ့သည်။
သူ့လည်တိုင်ကို ပြန်လည်ဖက်ပြီးတုံ့ပြန်နမ်းရှိုက်နေတဲ့ ကိုကို့ကြောင့် အာဏာ မွတ်သိပ်စွာနမ်းရှိုက်မိသည်။
တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ခံစားချက်နဲ့ အတူနူးညံ့နဲ့နှုတ်ခမ်းကို နမ်းမိသည်ကပြင်းပြင်းရှရှ။
ဒီလူသားကိုသေလောက်လွမ်းခဲ့ရတာ ရူးလောက်အောင်လွမ်းခဲ့ရတာ သူသာသိသည်။
သူ့ရဲ့မပွင့်လင်းခဲ့တဲ့ကိစ္စတွေအတွက် နာကျင်ခဲ့ရတာ သူတစ်ယောက်ထဲမဟုတ်ဘဲ သူမြတ်နိုးရတဲ့ လူသားပါနာကျင်နေရတယ်။
ဆက်နွယ်ထားတဲ့နှုတ်ခမ်းကိုဖယ်ခွာလိုက်ကာ ပါးပြင်ပေါ်ကမျက်ရည်လေးကို လက်မနဲ့ဖွဖွလေးသုတ်ပေးလိုက်သည်။
သူ့ခါးနားကအကျင်္ီစကိုကိုင်ထားကြီး တသွင်သွင်စီးဆင်းနေတဲ့မျက်ရည်တွေနဲ့ရှေ့ကမြတ်နိုးရတဲ့လူကြောင့် အာဏာလဲ မျက်ရည်တွေကျလာသည်။
"ခဏလေး ခဏလေးစောင့်ပေးလို့ရမလား"
"အာဏာ"
သူမေးလိုက်တော့ မျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတဲ့ ကိုကို့ကိုသူပြုံးပြလိုက်ပြီး ပါးလေးကိုကိုင်ကာ
"ကျွန်တော့်ကိုခဏလေးစောင့်ပေးလို့ရမလား "
"မင်း မင်း ဘာတွေလုပ်ဦးမလို့လဲ"
"ပြန်လာမယ်လေ ၊ ကျွန်တော်အားလုံးဖြေရှင်းပြီးရင်
ကိုကို့နားကိုပြန်လာမယ်"
"မင်း သတ်ခဲ့လား"
"ကိုကို"
"ရှင်းခန့်ကိုသတ်ခဲ့လား "
မျက်ရည်တွေနဲ့မေးနေတဲ့မင်းဆက်ရဲ့စကားကိုအာဏာစွံ့အသွားပြီး ပြန်မဖြေနိုင်ခဲ့ပေ။ ခေါင်းငုံ့ကာခပ်တိုးတိုးနဲ့သာ
"တောင်းပန်ပါတယ်"
အာဏာရဲ့စကားအဆုံးမင်းဆက်စိတ်ဓာတ်လုံးဝကျသွားသည်။ ဖက်ထားတဲ့အာဏာရဲ့ လက်ကိုဖယ်လိုက်ကာ နောက်ကိုဆုတ်လိုက်သည်။
"ဘာလို့များ ဘာ လို့ လဲ"
တစ်လုံးချင်ပြောနေတဲ့ မင်းဆက်ကအလွန်နာကျင်နေပုံရသည်။ အချစ်ရဆုံးသူငယ်ချင်းကို အချစ်ရဆုံးချစ်သူကသတ်ပစ်လိုက်တဲ့ ခံစားချက်၊ အဖြစ်အပျက်က သူ့ကိုရူးသွားစေလောက်သည်။
"လောလောဆယ် ကျွန်တော်ဘာမှမပြောနိုင်သေးဘူးကိုကို၊ တစ်ခုပဲ ယုံကြည်ပေးပါ ။ကျွန်တော်ကို့ယုံကြည်ပေးပါ "
အာဏာပြောပြီး အပြင်မှာစကားသံတစ်ချို့ကြားလိုက်ရတဲ့အတွက် မင်းဆက်ကိုကျောခိုင်းပြီး အခန်းအပြင်ကိုထွက်ဖို့လုပ်သည်။
"နောက်ဆုံးပဲ"
နောက်ကျောကထွက်လာတဲ့စကားသံကြောင့် အာဏာရပ်လိုက်သည်။ တုန်ရီနေတဲ့အသံကိုထိန်းကာပြောနေတဲ့ မင်းဆက်။
"နောက်တစ်ခါတွေ့ရင် ငါကိုယ်တိုင်မင်းကိုဖမ်းမှာအာဏာ"
အာဏာနောက်ကိုလှည့်လိုက်ပြီး မင်းဆက်ကိုပြုံးပြလိုက်သည်။
"စောင့်နေပါ့မယ်ကိုကို"
သူပြုံးပြလိုက်ပြီး ဦးထုတ်ကိုစောင်းကာအခန်းထဲကထွက်သွားသည်။
ပိတ်သွားတဲ့တံခါးလေးကိုကြည့်ကာ မင်းဆက်မျက်ရည်တွေစီးကျပြန်သည်။
မင်းကိုယ်တိုင်ရွေးချယ်သွားတာ၊၊ မင်းကိုယ်တိုင် ရွေးချယ်သွားတဲ့လမ်း နောင်တမရပါစေနဲ့အာဏာ။
မျက်ရည်ကျကာရပ်နေတဲ့ကောင်လေးရဲ့လက်ထဲမှာတော့ အနွေးထည်လေးတစ်ထည်ရှိသည်။
===================
"ဆေးရုံဆင်းပေမဲ့ ငါကအမြဲမင်းကျန်းမာရေးကိုစောင့်ကြည့်နေမှာနော် မပေါ့နဲ့"
ဆေးရုံဆင်းတော့မှာဖြစ်တဲ့မင်းဆက်ကို Dayကမှာနေခြင်းဖြစ်သည်။ ဟုတ်သည်လေ။ မင်းဆက်ဆိုတာ ကျန်းမာရေးကိုဂရုမစိုက်တဲ့လူမျိုး။
ဒါကြောင့် သေချာမှာရသည်။
မင်းဆက်က ကုတင်ဘေးမှာရပ်ပြီးကုတ်အရှည်ကိုထပ်ဝတ်လိုက်သည်။ စားပွဲပေါ်တင်ထားတဲ့ ဖုန်းကို ယူလိုက်ကာ
"စိတ်ချပါ၊ ကျွန်တော်ဂရုစိုက်ပါ့မယ်"
"အင်း အပြောနဲ့အလုပ်ညီပါစေ ငါ့ဆေးရုံကိုခဏခဏလာလို့ကတော့တွေ့မယ်"
"အဟင်း ဦးဒေးကိုသတိရရင်တောင်လာဖို့ကိုစဉ်းစားရတော့မှာပဲ"
မင်းဆက်ကခပ်ဟဟရယ်ကာပြောတော့ Dayမျက်နှာမဲ့သည်။ တပ်ထားတဲ့ငွေရောင်ကိုင်းနဲ့ မျက်မှန်ကို ပင့်တင်လိုက်ကာ
"သားအဖတွေတစ်ပုံစံတည်း ။ လိုအပ်တာရှိမှလာကြတာပါကွာ မင်းတို့အကြောင်းငါမသိဘူးထင်နေလား"
"ဦးဒေးကလဲ တစ်ခါတလေတည်းပါ အမြဲတမ်းကြီးတော့မဟုတ်ပါဘူး"
မင်းဆက်ကအကျင်္ီအိတ်နှစ်ဖက်ထဲလက်ထည့်ကာပြောလိုက်သည်။ ဒါကိုDayက...
"အပိုတွေ ၊ အရေးကြုံလာရင် ငါ့ကိုပဲပြေးသတိရကြတာမို့လား "
"ဒါကတော့ အနားမှာအားကိုးစရာဦးဒေးတစ်ယောက်ပဲရှိတာလေ ၊မဟုတ်ဘူးလား"
"အေးပါ "
ဒေါ်ကြီးနဲ့ နောက်ထပ်အစောင့်တွေကတော့ပြန်ဖို့သိမ်းဆည်းနေကြသည်။ ဒေါ်ကြီးက သူတို့၂ယောက်ဘက်ကိုလှည့်လာကာ မင်းဆက်ကိုကြည့်ပြီး
"သား တစ်ခါတည်းပြန်မှာမလား အိမ်ကို"
ဒေါ်ကြီးကမေးလိုက်တော့ မင်းဆက်ကလှည့်ကြည့်ကာခေါင်းခါသည်။
"ကျွန်တော်ပြန်မလိုက်ဘူး ဒေါ်ကြီး၊ သွားစရာရှိလို့"
"ဘယ်သွားမလို့လဲ ခုမှဆေးရုံဆင်းတာအေးအေးဆေးဆေးနားစမ်းပါ တစ်ရက်တလေလောက်"
Dayကဘေးနားကမနေနိုင်စွာဝင်ပြောသည်။ မင်းဆက်ကပြုံးပြီး
"လုပ်စရာရှိလို့ပါဗျာ "
ထိုအခါဒေါ်ကြီးက ပစ္စည်းတွေထည့်ပြီး
"ဒါဆို ဒေါ်ကြီးပြန်နှင့်မယ်နော်သားကြီး အပြင်မှာကြာမနေနဲ့ "
"ဟုတ်ကဲ့ "
ဒေါ်ကြီးကပြောပြီး ခြင်းကိုယူကာအခန်းအပြင်ဘက်ကိုထွက်သွားသည်။ ဒေါ်ကြီးထွက်သွားတော့ မင်းဆက်က Dayကိုကြည့်ပြီး
"သွာတော့မယ်ဦးဒေး "
"အင်း ဂရုစိုက်ကားမောင်း"
"အင်း"
မင်းဆက်ပြုံးပြလိုက်ပြီး ကုတင်ဘေးကဖြတ်လျောက်ကာ အခန်းတံခါးဝကိုဦးတည်လာခဲ့သည်။
"မင်းဆက်"
အခန်းထဲကမထွက်ခင် ခေါ်လိုက်တဲ့Dayကြောင့်မင်းဆက်နောက်ပြန်လှည့်ကြည့်လိုက်သည်။ Dayက ကုတ်အကျင်္ီထဲကိုလက်ထည့်ကာ တည်ကြည်စွာနဲ့
"အကြောင်းပြချက်အရင်မေးမင်းဆက် ပြီးတော့ မင်းလုပ်နိုင်မှာပါ"
"အင်း ကျေးဇူးဦးဒေး နောက်အားရင်လာခဲ့ပါဦးမယ်"
"အချိန်မရွေးပဲ"
မင်းဆက်ပြောပြီးအခန်းထဲကထွက်လာခဲ့သည်။ သူအခန်းထဲကထွက်လာတော့ အပြင်မှာHydraကလူ၂ယောက်ကစောင့်နေသည်။
မင်းဆက်ထိုလူ၂ယောက်ဆီသွားလိုက်ကာ
"ကားသော့ပေး"
သူတောင်းလိုက်တော့ တစ်ယောက်ကကားသော့ကိုထုတ်ပေးသည်။သူလဲ ပေးတဲ့ကားသော့ကိုယူလိုက်ပြီး
"ပြန်နှင့်တော့ "
"သခင်လေးတစ်ယောက်တည်းဖြစ်လို့လား"
" ဖြစ်တယ် ငါသွားစရာရှိလို့ မင်းတို့ပြန်နှင့်"
သူပြောလိုက်တော့ ထိုနှစ်ယောက်ကခေါင်းညိတ်သည်။
"သွားလိုက်ပါဦးမယ်"
"အင်း"
ထိုနှစ်ယောက်ထွက်သွာပြီးနောက် သူလဲ ဆေးရုံရဲ့ကားပါကင်ကိုဆင်းလာခဲ့သည်။ ထို့နောက် ကားရှိရာရောက်တော့ ကားပေါ်တတ်လိုက်ပြီး ရုံးချုပ်ကိုဦးတည်ကာထွက်လာခဲ့သည်။
===================
မင်းဆက် ဆိုဖာပေါ်မှာငြိမ်သက်စွာထိုင်နေပြီးသူ့ရှေ့ကစုံစမ်းရေးမှူးပြောတာကိုနားထောင်ဖို့အဆင်သင့်ပြင်လိုက်သည်။
"ဆေးရုံတတ်ရတယ်ဆို ခုမှဆင်းလာတာလား"
"ဟုတ်ကဲ့"
"အင်း "
စုံစမ်းရေးမှူးကခေါင်တဆက်ဆက်ညိတ်သည်။ မင်းဆက်လဲ ဘာစကားမှစမပြောဘဲငြိမ်နေသည်။
"ငါဘာလို့မင်းကိုခေါ်တာလဲ သိမှာပါမင်းဆက်"
စုံစမ်းရေးမှူးရဲ့စကားကြောင့် သူ ဒူးပေါ်လက်တင်ထားရာမှ လက်သီးကိုဆုတ်လိုက်မိသည်။ ထို့နောက်တည်ငြိမ်စွာနဲ့ပဲ
"ဟုတ်ကဲ့ သိပါတယ်"
"အင်း မင်းရဲ့ညီ အာဏာကခုထွက်ပြေးနေတယ်မင်းဆက်၊၊ ပြီးတော့ သက်သေတွေကလဲ သူဆိုတာအားလုံးထင်ရှားနေတယ် ။ဒါကြောင့် ဒီကွင်းဆက်အမှုအတွက် သူ့ကိုတရားခံအဖြစ်ငါတို့သတ်မှတ်ထားတယ်"
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်"
သူခေါင်းညိတ်လိုက်သည်။ မျက်နှာကတော့အရယ်အပြုံးလုံးဝမရှိ။
မင်းဆက်ကိုကြည့်ပြီး စုံစမ်းရေးမှူးကသက်ပြင်းချလိုက်သည်။ ထို့နောက် ဗူးလေးတစ်ဗူးကို မင်းဆက်ရှေ့ကိုချပေးလိုက်သည်။
ရှေ့ကိုရောက်လာတဲ့ ထိုဗူးလေးကိုကြည့်ကာသူကြောင်တောင်တောင်ဖြစ်သွားသည်။ ထို့နောက် ဗူးကိုယူပြီး ဖွင့်ကြည့်လိုက်သည်။
သူတံဆိပ်ပြား။ လွန်ခဲ့တဲ့၄နှစ်ကအသိမ်းခံရကာရာထူးချခံခဲ့ရတဲ့ တံဆိပ်။
"ဒါက"
သူနားမလည်စွာ စုံစမ်းရေးမှူးကိုကြည့်လိုက်သည်။
"ဒီအမှုကိုမင်းတာဝန်ယူပေးပါ မင်းဆက်"
"စုံစမ်းရေးမှူး!"
"ဒီကိစ္စကမင်းအတွက်ခက်ခဲတယ်ဆိုတာငါသိပါတယ်
ဒါမဲ့ မင်းပဲဒီအမှုကိုအဆုံးသတ်နိုင်မယ်လို့ထင်တယ်"
"ဘာလဲ ကျွန်တော်သာဒီအမှုကိုလိုက်ရင် အာဏာကအဖမ်ခံမယ်လို့ထင်နေတာလား။အဲ့တာဆို မှားမယ်၊၊ အာဏာက ဘယ်တော့မှာသူကိုယ်တိုင်အဖမ်းခံမှာမဟုတ်ဘူး"
"ဘာပဲဆိုဆို မင်းကိုတာဝန်ပေးပါရစေမင်းဆက်"
သူလက်ထဲကတံဆိပ်ပြားလေးကိုကြည့်နေမိသည်။၊သူတကယ်လက်ခံရမလား။ ဒါကိုသာလက်ခံခဲ့ရင် အာဏာနဲ့သူနဲ့က ဆန့်ကျင်ဘက်ဖြစ်သွားပြီ။
ရင်ထဲကတင်းကျပ်လာတဲ့ခံစားချက်၊ ဝဲတတ်လာတဲ့ မျက်ရည်ကိုမျက်တောင်ရှည်ကြီးနဲ့ပုတ်ခတ်လိုက်ပြီး.....
"ကောင်းပြီ၊ ဒီအမှုကိုကျွန်တော်တာဝန်ယူမယ်"
"ကျေးဇူမင်းဆက်"
ထို့နောက် သူမတ်တတ်ရပ်လိုက်ပြီး ....
"ခွင့်ပြုပါဦး"
"ကောင်းပြီ"
စုံစမ်းရေးမှူးကိုအလေးပြုကာသူအခန်းထဲကထွက်လာခဲ့သည်။ ထို့နောက် သူရုံးချုပ်ကနေထွက်လာကာ ဌာနကိုဦးတည်ကာလာခဲ့သည်။
ဌာနဝန်းထဲကိုရောက်တော့ သူကားရပ်ပြီးချက်ချင်းဌာန
အတွင်းကိုဝင်လာခဲ့သည်။ သူရုံးခန်းရှိတာကိုလာပြီးအခန်းရှေ့ရောက်တော့ တံခါးဖွင့်လိုက်သည်။
အခန်းတံခါးဖွင့်ဖွင်ချင်မြင်လိုက်ရတာက အောင်ခန့်၊ စိုင်းအောင်နဲ့ ဂျောင်ဝူး။ သူ့ကိုမြင်တော့ အံ့ဩနေကြသည်။
မင်းဆက်အခန်းထဲကိုဝင်လိုက်တော့ အောင်ခန့်က
"ခေါင်ဆောင် ဘယ်လိုလုပ်"
အောင်ခန့်စကားမဆုံးခင်သူအကျင်္ီအိတ်ထဲက တံဆိတ်ကိုထုတ်ပြလိုက်သည်။
"အာဏာရဲ့အမှုကို ငါတာဝန်ယူထားတယ်"
=================
အလုပ်ကပြန်တော့ လီလီ ရေမိုးချိုးပြီး ညစာစားလိုက်သည်။ ထို့နောက် ကော်ဖီတစ်ခွက်ဖျော်ကာ သောက်ရင်း ဆိုဖာပေါ်မှာထိုင်ကာ TVကြည့်နေလိုက်သည်။
TV Screenပေါ်မှာလာနေတဲ့ သတင်း။ တနည်းအားဖြင့် ဝရမ်းထုတ်ထားတဲ့ အာဏာရဲ့အကြောင်း။
သူမ ကော်ဖီသောက်နေရင်း ကြည့်နေသည်
မင်းနောက်မဆုတ်ဘူးဘဲ အာဏာ။
မင်းရှေ့ကိုဆက်တိုးနေတာပဲ။
#17.12.2020
=======================
<Zawgyi>
"ေနာက္နွစ္ရက္ေနရင္ဆင္းလို႔ရၿပီ "
Dayက ေဆးသြင္းထားတဲ့ပိုက္ေတြကိုျဖဳတ္ေပးကာေျပာသည္။ ေဒၚႀကီးကေတာ့ ေဘးနားကေနထိုင္ေနသည္။ မင္းဆက္ကေတာ့ သိပ္ၿပီးမ႐ႊင္လန္းတဲ့မ်က္နွာနဲ႔ ေခါင္းညိတ္သည္။
"ဟုတ္ ကြၽန္ေတာ္လဲဆင္းခ်င္ေနၿပီ"
မင္းဆက္ကခပ္ယဲ့ယဲ့ေလးၿပံဳးကာေျပာသည္။မင္းဆက္ေျပာလိုက္ေတာ့ Dayက မင္းဆက္ရဲ႕ေခါင္းကိုကိုင္လိုက္သည္။
"က်န္းမာေရးကိုေသခ်ာဂရုစိုက္ေနာ္၊ ခဏခဏဖ်ားတာမေကာင္းဘူး ၊၊ ၿပီးေတာ့ အာဏာ"
Dayက စကားစလိုက္ေတာ့မင္းဆက္ကမ်က္နွာငယ္သြားသည္။ သူသိတာေပါ့။ ဒီကေလး၂ေယာက္ဆက္ဆံေရးကို။ ခုလိုမ်ိဳးေတြႀကဳံရတဲ့အခါ နွစ္ေယာက္စလံုးနာက်င္ေနရၿပီ။
"အရမ္းႀကီးစိတ္မပူပါနဲ႔၊၊ သူအႏၲာရာယ္ကင္းမွာပါ"
"ဦးေဒး"
"ဟင္ ေျပာေလ"
မင္းဆက္ေခၚလိုက္ေတာ့ Dayကစကားေထာင္ေပးသည္။ မင္းဆက္ကကုတင္ေပၚမွာထိုင္ေနရင္းေဘးနားမွာရပ္ေနတဲ့ Dayကိုေမာ္ၾကည့္လိုက္သည္။
"ကြၽန္ေတာ္ဘာဆက္လုပ္ရမလဲ"
"မင္းဆက္"
"ကြၽန္ေတာ္ အာဏာကိုခုလိုထြက္ေျပးၿပီး သူတို႔ေတြရွာမေတြ႕ေအာင္လုပ္ေပးရမလား။ ဒါ ဒါမွမဟုတ္ သူ႔ကိုရေအာင္ရွာၿပီးအျပစ္ေတြဆပ္ဖို႔နားခ်ရမလား ဟင္ ကြၽန္ေတာ္ဘာလုပ္ရမလဲ ဦးေဒး"
မင္းဆက္ကတုန္တုန္ရင္ရင္နဲ႔ေမးသည္။မင္းဆက္ေခါင္းငိုက္စိုက္ၾကသြားသည္။ မ်က္ဝန္းက်စီးက်ေနတဲ့မ်က္ရည္ပူေတြကိုမသုတ္မိ၊ မဖယ္ရွားမိ။
" ဘာ ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး "
ခပ္တိုးတိုးစကားသံက ေဘးနားကDayနဲ႔ေဒၚႀကီးကို
မ်က္ရည္က်ေစသည္။ ေဒၚႀကီးကေတာ့ မ်က္ရည္ေတြက်ၿပီး ေဘးနားကထြက္သြားၿပီးအခန္းအျပင္ထြက္သြားသည္။
Dayက ေခါင္းငံု႔ေနတဲ့မင္းဆက္ရဲ႕လက္ကိုကိုင္လိုက္သည္။
"ထိတ္တိုက္ေတြ႕ရမယ္"
Dayေျပာလိုက္ေတာ့ မင္းဆက္မ်က္ရည္ေတြနဲ႔ေခါင္းေမာ့ၾကည့္လာသည္။ဆိုလိုတာကိုသူနားမလည္ေပ။ ထိတ္တိုက္ေတြ႕ရမယ္တဲ့လား။
"ဘာကိုဆိုလိုတာလဲ"
သူေမးလိုက္ေတာ့ Dayက သက္ျပင္းခ်သည္။ ထို႔ေနာက္
"အာဏာနဲ႔ထိတ္တိုက္ေတြ႕ရမယ္။ သူသတ္လားဘာေၾကာင့္လဲ သတ္ရတာလဲေမးရမယ္မဟုတ္ဘူလားမင္းဆက္။
တကယ္လို႔သူသတ္ရင္ေတာင္ ငါတို႔သူ႔ကိုအျပစ္ဆပ္ဖို႔နားခ်ရမယ္ တစ္သက္လံုးသူ႔ကိုဝရမ္းေျပအေနနဲ႔ ေနခိုင္းေတာ့မွာလား"
Dayက မင္းဆက္ကိုရွင္းျပသည္။ ဆက္ၿပီး
"မင္းDaddyကေရာ တကယ္လို႔အာဏာသာသတ္ခဲ့ရင္ မရရေအာင္အျပစ္ကလြတ္ေအာင္လုပ္ေပးမယ္ထင္လား"
"ဦးေဒး"
"မလုပ္ဘူးမင္းဆက္။ တကယ္လို႔အာဏာသတ္ခဲ့တာသာဆို မင္းတို႔Daddyက တစ္ကိုယ္ေကာင္းစိတ္နဲ႔ အာဏာကိုအျပစ္ကလြတ္ေအာင္လုပ္ေပးမွာမဟုတ္ဘူး။ အျပစ္ဆပ္ဖို႔ပဲ ေျပာလိမ့္မယ္။ ခုေတာင္ သူတို႔ဒီကိစၥေတြကိုသိေနေလာက္ၿပီမင္းဆက္ "
Dayစကားေၾကာင့္ မင္းဆက္မ်က္ရည္ေတြပိုက်လာသည္။ ဘယ္လိုဆက္လုပ္ရမလဲ။
"အာဏာကိုေတြ႕တဲ့အခါ နားခ်ပါမင္းဆက္။အျပစ္ကိုဆပ္ဖို႔မင္းဆံုးမေပးပါ"
===================
ညအခ်ိန္ေရာက္ေတာ့ ေဆးရံုကအနည္းငယ္တိတ္ဆိတ္သြားသည္။ တာဝန္က်ဆရာဝန္ေတြ သူနာျပဴေတြကလြဲလို႔ က်န္တဲ့ဆရာဝန္ေတြလဲ ျပန္ကုန္ၾကၿပီျဖစ္သည္။
ထိုစဥ္ လူရွင္းတဲ့ေနရာကေနဝင္လာတဲ့လူတစ္ေယာက္။ ဦးထုတ္ကိုခပ္ငိုက္ငိုက္ေစာင္းထားၿပီးေက်ာမွာဆံပင္ေတြျဖာက်ေနသည္။
တစ္ကိုယ္လံုးအနက္ေရာင္ကိုဝတ္ထာတဲ့သူ႔ကိုသန္႔ရွင္းေရးဝန္ထမ္းေတြေတာင္မျမင္။
ထို႔ေနာက္ သူအခန္းတစ္ခန္းကိုဦးတည္ခဲ့သည္။ အခန္းေရွ႕ေရာက္တာနဲ႔ တံခါးကိုညင္သာစြာဖြင့္လိုက္သည္။
အခန္းေရွ႕ အေစာင့္မရွိတဲ့အတြက္သူပို၍အဆင္ေျပသည္။ အခန္းတံခါးေလးကိုျပန္ပိတ္လိုက္ၿပီး သူအခန္းထဲကိုေဝ့ၾကည့္လိုက္သည္။
လူကုတင္ေပၚမွာအိပ္စက္ေနတဲ့လူတစ္ေယာက္။ ထိုသူကေသခ်ာေပါက္မင္းဆက္ပင္ျဖစ္သည္။ တဖက္ကလူနာေစာင့္ကုတင္ေပၚမွာေတာ့ ဘယ္သူမွရွိမေနနဲ႔အတြက္ သူသက္ျပင္းခ်လိုက္သည္။
ထို႔ေနာက္ ျဖည္းျဖည္းေလးေလ်ာက္လာကာ မင္းဆက္ရဲ႕ကုတင္နားေရာက္လာသည္။ နွစ္နွစ္ၿခိဳက္ၿခိဳက္အိပ္ေနတဲ့ ကုတင္ေပၚကလူသားေလးကိုၾကည့္ကာ သူၿပံဳးမိသည္။
ေကာင္းေကာင္းအိပ္ေပ်ာ္ေနတာပဲ။
ေဘးနားမွာရွိတဲ့ ခံုေပၚမွာသူထိုင္လိုက္ၿပီးအိပ္စက္ေနတဲ့ သူ႔အသဲအသက္ေလးကိုတစိမ့္စိမ့္ၾကည့္မိသည္။
မျမင္ရမေတြ႕ရတဲ့ေန႔ေတြမွာ ဘယ္ေလာက္ေတာင္နာက်င္ေနမလဲ၊၊ ဘယ္ေလာက္ေတာင္ငိုေနမလဲ ။
ေဆးရံုမွာေအာက္စီဂ်င္ပိုက္တန္းလန္းနဲ႔ေနေနရတဲ့အခ်ိန္ သူအနားမွာရွိေနခ်င္တာရူးမတတ္ျဖစ္ရခဲ့သည္။
ေဆးရံု၁ပတ္ေလာက္တတ္ေနရေတာ့ ကိုယ္ေလးကအနည္းငယ္ပိန္သြားသည္။ ေဆးရံုတတ္ေနရတဲ့အခ်ိန္ အနားမွာ အားရွိတဲ့အစားအစာေတြေကြၽးၿပီး မတည့္တာေတြစားရင္ အိပ္ေရးဝဝမအိပ္ရင္၊ ေဆးမေသာက္ခ်င္ရင္ဆူခ်င္သည္။
ခုေတာ့ ဘာတစ္ခုမွသူမတတ္နိုင္ခဲ့၊၊ ညပိုင္းလူအိပ္ခ်ိနာမွာသာ မ်က္နွာေလးကိုျမင္နိုင္သည္။
မ်က္လံုးေလးမွိတ္ကာအိပ္ေနတဲ့ သူေလးကိုသူထိုင္ၾကည့္မေနတာ မနက္၂နာရီပင္ထိုးခဲ့ၿပီ။
နဖူးေလးကိုဖြဖြအနမ္းေပးခ်င္ေပမဲ့ နိုးသြားမွာစိုးတဲ့အတြက္ စိတ္ေလ်ာ့ၿပီး ထိုင္ေနရာမွရပ္လိုက္သည္။
ထို႔ေနာက္ သူမ်က္ရည္လည္ကာေနာက္ဆုတ္လိုက္ရင္းအခန္းတံခါးရွိရာကိုဦးတည္ခဲ့သည္။ ဒီေန႔ဖို႔မ်က္နွာေလးျမင္လိုက္ရရင္ ေက်နပ္ၿပီ။
အခန္းတံခါးနားအေရာက္ တံခါးဖြင့္ဖို႔လက္ကိုင္ဘုကိုကိုင္လိုက္စဥ္ ရုတ္တရက္ေနာက္ေက်ာကေနမွီျပီး ခါးကိုတင္းေနေအာင္ဖက္ထားတဲ့လက္ေလးတစ္စံုေၾကာင့္ အာဏာ ရပ္သြားသည္။
တစ္ခ်က္တစ္ခ်က္ရႈိက္သံၾကားရၿပီး ေက်ာျပင္ကပူေႏြးေႏြးေၾကာင့္ မ်က္ရည္ေတြဆိုတာသူသိလုိက္သည္။
ခါးေပၚကလက္ကိုဖယ္ဖို႔ႀကိဳးစားေတာ့ တင္းေနေအာင္ဖက္ထားသည္။ သူ႔ခါးကိုတင္းေနေအာင္ဖက္ထားၿပီး ငိုရွိုက္ေနသည္။
"ခိုးၿပီးလာရတာေပ်ာ္လား ဟမ္"
ေနာက္ေက်ာကအသံခပ္အက္အက္ေလးေၾကာင့္ အာဏာမ်က္ရည္လည္လာသည္။ခုသူမ်က္နွာခ်င္းဆိုင္ဖို႔ေတာင္ မဝ့ံမရဲျဖစ္ေနၿပီ။
"ကိုကို"
"ငါမသိေအာင္လာေတြ႕ရတာေပ်ာ္လားလို႔"
သူစိတ္မထိန္းနိုင္စြာ ခါးကလက္ေတြကိုျဖဳတ္ၿပီးမ်က္နွာခ်င္းဆိုင္လွည့္ၿပီး ဦးထုတ္ကိုခြၽတ္ၿပီး သူ႔ေရွ႕ကငိုေနတဲ့ကိုကို႔ရဲ႕ ကိုယ္ေလးကိုတင္းက်ပ္စြာဖက္ထားမိသည္။
ေလးတိုး၍မရေအာင္ တင္းက်ပ္စြာဖက္ထားၿပီး မ်က္ရည္က်မိသည္။
"လြမ္းေနခဲ့တာ"
ခပ္တိုးတိုးေလးဆိုရင္ သူကိုယ္လံုးအိအိေလးကိုတင္းေနေအာင္ဖက္ထားမိသည္။ ဒီလူသားကို ဘယ္ေလာက္လြမ္းေနလဲဆိုတာသူကိုယ္တိုင္သာသိသည္။
ညတိုင္းခိုးၿပီးလာတိုင္း တင္းက်ပ္ေအာင္ဖက္ထားခ်င္တာ။ ႏူးႏူးညံ့ညံ့နမ္းရႈိက္ခ်င္တာ။ သူ႔အတြက္နဲ႔အေနွာက္အယွက္ျဖစ္မွာဆိုးတဲ့အတြက္ သည္းခံကာႀကိတ္မွိတ္ေနခဲ့ရတာ။
"ေသေလာက္ေအာင္လြမ္းေနတာ"
"ငါကေရာ ဟမ္! ငါကေရာ ရူးမတတ္ျဖစ္ေနတာသိလား၊ မင္းကိုဘယ္ေတာ့သူတို႔ဖမ္းမိမလဲ ငါ့မွာရင္တထိတ္ထိတ္နဲ႔ျဖစ္ေနတာ "
"ကိုကို "
မင္းဆက္က ဖက္ထားရာမွာရုန္းထြက္လိုက္ၿပီး ကေယာင္ကျခားနဲ႔အာဏာကိုၾကည့္ကာ
"အာဏာ ငါတို႔ ငါတို႔ထြက္ေျပးရေအာင္ေလ ေနာ္
ငါတို႔ဒီကထြက္ေျပးရေအာင္ သူတို႔မမိေတာ့ဘူးေလ။တျခားကိုထြက္သြာၾကမယ္ မင္းနဲ႔ငါ ဟမ္ ၿပီးရင္ငါတို႔အတူတူေနလို႔ရၿပီေလ "
အရူးတစ္ေယာက္လိုမ်က္ရည္ေတြက်ၿပီး ထြက္ေျပးဖို႔ ေျပာေနတဲ့မင္းဆက္ေၾကာင့္ အာဏာမ်က္ရည္ေတြအထိန္းအကြပ္မဲ့ကာက်လာသည္။
"ကိုကို"
"ေနာ္ လိမၼာပါတယ္၊၊ ငါတို႔ထြက္ေျပးရေအာင္ ခဏေလး ငါအဝတ္ယူဦးမယ္"
အရူးတစ္ေယာက္လိုေျပာၿပီး အာဏာကိုေက်ာခိုင္းကာ အခန္းထဲကအဝတ္ယူဖို႔တုန္တုန္ရီရီေျပာေနတဲ့ မင္းဆက္ေၾကာင့္ အာဏာငိုမိသည္။
"ခဏေနဦး ငါ့အေႏြးထည္ယူလိုက္ဦးမယ္"
ခ်က္ခ်င္းသူ႔ေရွ႕ကထြက္သြားၿပီး အခန္းထဲမွာေတာင္ၾကည့္ေျမာက္ၾကည့္နဲ႔ အေႏြးထည္ရွာေနသည္။ ခဏေနေတာ့ ကုတင္ေဘးကသူ႔အေႏြးထည္ကိုေျပးယူလိုက္ၿပီး အာဏာေရွ႕ကိုျပန္ေရာက္လာၿပီး အေႏြးထည္ေလးကိုင္လ်က္သားနဲ႔......
"သြားၾကေအာင္ေလ"
သူ႔ေရွ႕ကမ်က္ရည္ေလးေတြစီးက်ၿပီး ထြက္ေျပးဖို႔ေျပာေနတဲ့ သူ႔ေရွ႕ကိုကိုကို႔ကို သူခါးကဆြဲယူၿပီးဖက္ထားလိုက္သည္။
ခုသူနဲ႔ အတူတူထြက္ေျပးဖို႔လုပ္ေနတဲ့ ကိုကို႔ရဲ႕ပံုစံက သူကိုရင္နာေစသည္။ ပိန္သြားလိုက္တာ၊ ကိုယ္လံုးေလးကအရင္ေတာင့္ေတာင့္တင္းတင္းမရွိေတာ့ဘူး။
ခါးကလဲအရင္ထက္ေသးသြားသလားပဲ။ ေသးသြယ္သြယ္ခါးကို လက္တစ္ဖက္ဖက္ထားၿပီး ေနာက္လက္တဖက္က ႏူးညံ့အိစက္ၿပီး ေခ်ာပြတ္တဲ့ပါးျပင္ကိုင္ကာ လြမ္းစြတ္ခဲ့ရတဲ့ နႈတ္ခမ္းေလးကိုဖိကပ္နမ္းရႈိက္လိုက္သည္။
တစ္ခ်က္တစ္ခ်က္ရွိုက္ေနေသးတဲ့ စီးက်လာတဲ့မ်က္ရည္စီးေၾကာင္း၂ခုဟာ ေပါင္းစံုခဲ့သည္။
သူ႔လည္တိုင္ကို ျပန္လည္ဖက္ၿပီးတံု႔ျပန္နမ္းရွိုက္ေနတဲ့ ကိုကို႔ေၾကာင့္ အာဏာ မြတ္သိပ္စြာနမ္းရွိုက္မိသည္။
တလွပ္လွပ္ျဖစ္ေပၚလာတဲ့ခံစားခ်က္နဲ႔ အတူႏူးညံ့နဲ႔နႈတ္ခမ္းကို နမ္းမိသည္ကျပင္းျပင္းရွရွ။
ဒီလူသားကိုေသေလာက္လြမ္းခဲ့ရတာ ရူးေလာက္ေအာင္လြမ္းခဲ့ရတာ သူသာသိသည္။
သူ႔ရဲ႕မပြင့္လင္းခဲ့တဲ့ကိစၥေတြအတြက္ နာက်င္ခဲ့ရတာ သူတစ္ေယာက္ထဲမဟုတ္ဘဲ သူျမတ္နိုးရတဲ့ လူသားပါနာက်င္ေနရတယ္။
ဆက္ႏြယ္ထားတဲ့နႈတ္ခမ္းကိုဖယ္ခြာလိုက္ကာ ပါးျပင္ေပၚကမ်က္ရည္ေလးကို လက္မနဲ႔ဖြဖြေလးသုတ္ေပးလိုက္သည္။
သူ႔ခါးနားကအက်ီၤစကိုကိုင္ထားႀကီး တသြင္သြင္စီးဆင္းေနတဲ့မ်က္ရည္ေတြနဲ႔ေရွ႕ကျမတ္နိုးရတဲ့လူေၾကာင့္ အာဏာလဲ မ်က္ရည္ေတြက်လာသည္။
"ခဏေလး ခဏေလးေစာင့္ေပးလို႔ရမလား"
"အာဏာ"
သူေမးလိုက္ေတာ့ မ်က္လံုးျပဴးျပဴးေလးနဲ႔ၾကည့္ေနတဲ့ ကိုကို႔ကိုသူၿပံဳးျပလိုက္ၿပီး ပါးေလးကိုကိုင္ကာ
"ကြၽန္ေတာ့္ကိုခဏေလးေစာင့္ေပးလို႔ရမလား "
"မင္း မင္း ဘာေတြလုပ္ဦးမလို႔လဲ"
"ျပန္လာမယ္ေလ ၊ ကြၽန္ေတာ္အားလံုးေျဖရွင္းၿပီးရင္
ကိုကို႔နားကိုျပန္လာမယ္"
"မင္း သတ္ခဲ့လား"
"ကိုကို"
"ရွင္းခန္႔ကိုသတ္ခဲ့လား "
မ်က္ရည္ေတြနဲ႔ေမးေနတဲ့မင္းဆက္ရဲ႕စကားကိုအာဏာစြံ႕အသြားၿပီး ျပန္မေျဖနိုင္ခဲ့ေပ။ ေခါင္းငံု႔ကာခပ္တိုးတိုးနဲ႔သာ
"ေတာင္းပန္ပါတယ္"
အာဏာရဲ႕စကားအဆံုးမင္းဆက္စိတ္ဓာတ္လံုးဝက်သြားသည္။ ဖက္ထားတဲ့အာဏာရဲ႕ လက္ကိုဖယ္လိုက္ကာ ေနာက္ကိုဆုတ္လိုက္သည္။
"ဘာလို႔မ်ား ဘာ လို႔ လဲ"
တစ္လံုးခ်င္ေျပာေနတဲ့ မင္းဆက္ကအလြန္နာက်င္ေနပံုရသည္။ အခ်စ္ရဆံုးသူငယ္ခ်င္းကို အခ်စ္ရဆံုးခ်စ္သူကသတ္ပစ္လိုက္တဲ့ ခံစားခ်က္၊ အျဖစ္အပ်က္က သူ႔ကိုရူးသြားေစေလာက္သည္။
"ေလာေလာဆယ္ ကြၽန္ေတာ္ဘာမွမေျပာနိုင္ေသးဘူးကိုကို၊ တစ္ခုပဲ ယံုၾကည္ေပးပါ ။ကြၽန္ေတာ္ကို႔ယံုၾကည္ေပးပါ "
အာဏာေျပာၿပီး အျပင္မွာစကားသံတစ္ခ်ိဳ႕ၾကားလိုက္ရတဲ့အတြက္ မင္းဆက္ကိုေက်ာခိုင္းၿပီး အခန္းအျပင္ကိုထြက္ဖို႔လုပ္သည္။
"ေနာက္ဆံုးပဲ"
ေနာက္ေက်ာကထြက္လာတဲ့စကားသံေၾကာင့္ အာဏာရပ္လိုက္သည္။ တုန္ရီေနတဲ့အသံကိုထိန္းကာေျပာေနတဲ့ မင္းဆက္။
"ေနာက္တစ္ခါေတြ႕ရင္ ငါကိုယ္တိုင္မင္းကိုဖမ္းမွာအာဏာ"
အာဏာေနာက္ကိုလွည့္လိုက္ၿပီး မင္းဆက္ကိုၿပံဳးျပလိုက္သည္။
"ေစာင့္ေနပါ့မယ္ကိုကို"
သူၿပံဳးျပလိုက္ၿပီး ဦးထုတ္ကိုေစာင္းကာအခန္းထဲကထြက္သြားသည္။
ပိတ္သြားတဲ့တံခါးေလးကိုၾကည့္ကာ မင္းဆက္မ်က္ရည္ေတြစီးက်ျပန္သည္။
မင္းကိုယ္တိုင္ေ႐ြးခ်ယ္သြားတာ၊၊ မင္းကိုယ္တိုင္ ေ႐ြးခ်ယ္သြားတဲ့လမ္း ေနာင္တမရပါေစနဲ႔အာဏာ။
မ်က္ရည္က်ကာရပ္ေနတဲ့ေကာင္ေလးရဲ႕လက္ထဲမွာေတာ့ အေႏြးထည္ေလးတစ္ထည္ရိွသည္။
===================
"ေဆး႐ံုဆင္းေပမဲ့ ငါကအၿမဲမင္းက်န္းမာေရးကိုေစာင့္ၾကည့္ေနမွာေနာ္ မေပါ့နဲ႔"
ေဆးရံုဆင္းေတာ့မွာျဖစ္တဲ့မင္းဆက္ကို Dayကမွာေနျခင္းျဖစ္သည္။ ဟုတ္သည္ေလ။ မင္းဆက္ဆိုတာ က်န္းမာေရးကိုဂရုမစိုက္တဲ့လူမ်ိဳး။
ဒါေၾကာင့္ ေသခ်ာမွာရသည္။
မင္းဆက္က ကုတင္ေဘးမွာရပ္ၿပီးကုတ္အရွည္ကိုထပ္ဝတ္လိုက္သည္။ စားပြဲေပၚတင္ထားတဲ့ ဖုန္းကို ယူလိုက္ကာ
"စိတ္ခ်ပါ၊ ကြၽန္ေတာ္ဂရုစိုက္ပါ့မယ္"
"အင္း အေျပာနဲ႔အလုပ္ညီပါေစ ငါ့ေဆးရံုကိုခဏခဏလာလို႔ကေတာ့ေတြ႕မယ္"
"အဟင္း ဦးေဒးကုိသတိရရင္ေတာင္လာဖို႔ကိုစဥ္းစားရေတာ့မွာပဲ"
မင္းဆက္ကခပ္ဟဟရယ္ကာေျပာေတာ့ Dayမ်က္နွာမဲ့သည္။ တပ္ထားတဲ့ေငြေရာင္ကိုင္းနဲ႔ မ်က္မွန္ကို ပင့္တင္လိုက္ကာ
"သားအဖေတြတစ္ပံုစံတည္း ။ လိုအပ္တာရွိမွလာၾကတာပါကြာ မင္းတို႔အေၾကာင္းငါမသိဘူးထင္ေနလား"
"ဦးေဒးကလဲ တစ္ခါတေလတည္းပါ အၿမဲတမ္းၿကီးေတာ့မဟုတ္ပါဘူး"
မင္းဆက္ကအက်ီၤအိတ္နွစ္ဖက္ထဲလက္ထည့္ကာေျပာလိုက္သည္။ ဒါကိုDayက...
"အပိုေတြ ၊ အေရးႀကံဳလာရင္ ငါ့ကိုပဲေျပးသတိရၾကတာမို႔လား "
"ဒါကေတာ့ အနားမွာအားကိုးစရာဦးေဒးတစ္ေယာက္ပဲရွိတာေလ ၊မဟုတ္ဘူးလား"
"ေအးပါ "
ေဒၚႀကီးနဲ႔ ေနာက္ထပ္အေစာင့္ေတြကေတာ့ျပန္ဖို႔သိမ္းဆည္းေနၾကသည္။ ေဒၚႀကီးက သူတို႔၂ေယာက္ဘက္ကိုလွည့္လာကာ မင္းဆက္ကိုၾကည့္ၿပီး
"သား တစ္ခါတည္းျပန္မွာမလား အိမ္ကို"
ေဒၚႀကီးကေမးလိုက္ေတာ့ မင္းဆက္ကလွည့္ၾကည့္ကာေခါင္းခါသည္။
"ကြၽန္ေတာ္ျပန္မလိုက္ဘူး ေဒၚႀကီး၊ သြားစရာရွိလို႔"
"ဘယ္သြားမလို႔လဲ ခုမွေဆးရံုဆင္းတာေအးေအးေဆးေဆးနားစမ္းပါ တစ္ရက္တေလေလာက္"
Dayကေဘးနားကမေနနိုင္စြာဝင္ေျပာသည္။ မင္းဆက္ကၿပံဳးၿပီး
"လုပ္စရာရွိလို႔ပါဗ်ာ "
ထိုအခါေဒၚႀကီးက ပစၥည္းေတြထည့္ၿပီး
"ဒါဆို ေဒၚႀကီးျပန္နွင့္မယ္ေနာ္သားႀကီး အျပင္မွာၾကာမေနနဲ႔ "
"ဟုတ္ကဲ့ "
ေဒၚႀကီးကေျပာၿပီး ျခင္းကိုယူကာအခန္းအျပင္ဘက္ကိုထြက္သြားသည္။ ေဒၚႀကီးထြက္သြားေတာ့ မင္းဆက္က Dayကုိၾကည့္ၿပီး
"သြာေတာ့မယ္ဦးေဒး "
"အင္း ဂရုစိုက္ကားေမာင္း"
"အင္း"
မင္းဆက္ၿပံဳးျပလိုက္ၿပီး ကုတင္ေဘးကျဖတ္ေလ်ာက္ကာ အခန္းတံခါးဝကိုဦးတည္လာခဲ့သည္။
"မင္းဆက္"
အခန္းထဲကမထြက္ခင္ ေခၚလိုက္တဲ့Dayေၾကာင့္မင္းဆက္ေနာက္ျပန္လွည့္ၾကည့္လိုက္သည္။ Dayက ကုတ္အက်ီၤထဲကိုလက္ထည့္ကာ တည္ၾကည္စြာနဲ႔
"အေၾကာင္းျပခ်က္အရင္ေမးမင္းဆက္ ၿပီးေတာ့ မင္းလုပ္နိုင္မွာပါ"
"အင္း ေက်းဇူးဦးေဒး ေနာက္အားရင္လာခဲ့ပါဦးမယ္"
"အခ်ိန္မေ႐ြးပဲ"
မင္းဆက္ေျပာၿပီးအခန္းထဲကထြက္လာခဲ့သည္။ သူအခန္းထဲကထြက္လာေတာ့ အျပင္မွာHydraကလူ၂ေယာက္ကေစာင့္ေနသည္။
မင္းဆက္ထိုလူ၂ေယာက္ဆီသြားလိုက္ကာ
"ကားေသာ့ေပး"
သူေတာင္းလိုက္ေတာ့ တစ္ေယာက္ကကားေသာ့ကိုထုတ္ေပးသည္။သူလဲ ေပးတဲ့ကားေသာ့ကိုယူလိုက္ၿပီး
"ျပန္နွင့္ေတာ့ "
"သခင္ေလးတစ္ေယာက္တည္းျဖစ္လို႔လား"
" ျဖစ္တယ္ ငါသြားစရာရွိလို႔ မင္းတို႔ျပန္နွင့္"
သူေျပာလိုက္ေတာ့ ထိုနွစ္ေယာက္ကေခါင္းညိတ္သည္။
"သြားလိုက္ပါဦးမယ္"
"အင္း"
ထိုနွစ္ေယာက္ထြက္သြာၿပီးေနာက္ သူလဲ ေဆးရံုရဲ႕ကားပါကင္ကိုဆင္းလာခဲ့သည္။ ထို႔ေနာက္ ကားရွိရာေရာက္ေတာ့ ကားေပၚတတ္လိုက္ၿပီး ရံုးခ်ဳပ္ကိုဦးတည္ကာထြက္လာခဲ့သည္။
===================
မင္းဆက္ ဆိုဖာေပၚမွာၿငိမ္သက္စြာထိုင္ေနၿပီးသူ႔ေရွ႕ကစံုစမ္းေရးမွဴးေျပာတာကိုိနားေထာင္ဖို႔အဆင္သင့္ျပင္လိုက္သည္။
"ေဆးရံုတတ္ရတယ္ဆို ခုမွဆင္းလာတာလား"
"ဟုတ္ကဲ့"
"အင္း "
စံုစမ္းေရးမွဴးကေခါင္တဆက္ဆက္ညိတ္သည္။ မင္းဆက္လဲ ဘာစကားမွစမေျပာဘဲၿငိမ္ေနသည္။
"ငါဘာလို႔မင္းကိုေခၚတာလဲ သိမွာပါမင္းဆက္"
စံုစမ္းေရးမွဴးရဲ႕စကားေၾကာင့္ သူ ဒူးေပၚလက္တင္ထားရာမွ လက္သီးကိုဆုတ္လိုက္မိသည္။ ထို႔ေနာက္တည္ၿငိမ္စြာနဲ႔ပဲ
"ဟုတ္ကဲ့ သိပါတယ္"
"အင္း မင္းရဲ႕ညီ အာဏာကခုထြက္ေျပးေနတယ္မင္းဆက္၊၊ ၿပီးေတာ့ သက္ေသေတြကလဲ သူဆိုတာအားလံုးထင္ရွားေနတယ္ ။ဒါေၾကာင့္ ဒီကြင္းဆက္အမႈအတြက္ သူ႔ကိုတရားခံအျဖစ္ငါတို႔သတ္မွတ္ထားတယ္"
"ဟုတ္ကဲ့ ကြၽန္ေတာ္နားလည္ပါတယ္"
သူေခါင္းညိတ္လိုက္သည္။ မ်က္နွာကေတာ့အရယ္အၿပံဳးလံုးဝမရွိ။
မင္းဆက္ကိုၾကည့္ၿပီး စံုစမ္းေရးမွဴးကသက္ျပင္းခ်လိုက္သည္။ ထို႔ေနာက္ ဗူးေလးတစ္ဗူးကို မင္းဆက္ေရွ႕ကိုခ်ေပးလိုက္သည္။
ေရွ႕ကိုေရာက္လာတဲ့ ထိုဗူးေလးကိုၾကည့္ကာသူေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။ ထို႔ေနာက္ ဗူးကိုယူၿပီး ဖြင့္ၾကည့္လိုက္သည္။
သူတံဆိပ္ျပား။ လြန္ခဲ့တဲ့၄နွစ္ကအသိမ္းခံရကာရာထူးခ်ခံခဲ့ရတဲ့ တံဆိပ္။
"ဒါက"
သူနားမလည္စြာ စံုစမ္းေရးမွဴးကိုၾကည့္လိုက္သည္။
"ဒီအမႈကိုမင္းတာဝန္ယူေပးပါ မင္းဆက္"
"စံုစမ္းေရးမွဴး!"
"ဒီကိစၥကမင္းအတြက္ခက္ခဲတယ္ဆိုတာငါသိပါတယ္
ဒါမဲ့ မင္းပဲဒီအမႈကိုအဆံုးသတ္နိုင္မယ္လို႔ထင္တယ္"
"ဘာလဲ ကြၽန္ေတာ္သာဒီအမႈကိုလုိက္ရင္ အာဏာကအဖမ္ခံမယ္လို႔ထင္ေနတာလား။အဲ့တာဆို မွားမယ္၊၊ အာဏာက ဘယ္ေတာ့မွာသူကိုယ္တိုင္အဖမ္းခံမွာမဟုတ္ဘူး"
"ဘာပဲဆိုဆို မင္းကိုတာဝန္ေပးပါရေစမင္းဆက္"
သူလက္ထဲကတံဆိပ္ျပားေလးကိုၾကည့္ေနမိသည္။၊သူတကယ္လက္ခံရမလား။ ဒါကိုသာလက္ခံခဲ့ရင္ အာဏာနဲ႔သူနဲ႔က ဆန္႔က်င္ဘက္ျဖစ္သြားၿပီ။
ရင္ထဲကတင္းက်ပ္လာတဲ့ခံစားခ်က္၊ ဝဲတတ္လာတဲ့ မ်က္ရည္ကိုမ်က္ေတာင္ရွည္ႀကီးနဲ႔ပုတ္ခတ္လိုက္ၿပီး.....
"ေကာင္းၿပီ၊ ဒီအမႈကိုကြၽန္ေတာ္တာဝန္ယူမယ္"
"ေက်းဇူမင္းဆက္"
ထို႔ေနာက္ သူမတ္တတ္ရပ္လိုက္ၿပီး ....
"ခြင့္ျပဳပါဦး"
"ေကာင္းၿပီ"
စံုစမ္းေရးမွဴးကိုအေလးျပဳကာသူအခန္းထဲကထြက္လာခဲ့သည္။ ထို႔ေနာက္ သူရံုးခ်ဳပ္ကေနထြက္လာကာ ဌာနကိုဦးတည္ကာလာခဲ့သည္။
ဌာနဝန္းထဲကိုေရာက္ေတာ့ သူကားရပ္ၿပီးခ်က္ခ်င္းဌာန
အတြင္းကိုဝင္လာခဲ့သည္။ သူရံုးခန္းရွိတာကိုလာၿပီးအခန္းေရွ႕ေရာက္ေတာ့ တံခါးဖြင့္လိုက္သည္။
အခန္းတံခါးဖြင့္ဖြင္ခ်င္ျမင္လိုက္ရတာက ေအာင္ခန္႔၊ စိုင္းေအာင္နဲ႔ ေဂ်ာင္ဝူး။ သူ႔ကိုျမင္ေတာ့ အံ့ၾသေနၾကသည္။
မင္းဆက္အခန္းထဲကိုဝင္လိုက္ေတာ့ ေအာင္ခန္႔က
"ေခါင္ေဆာင္ ဘယ္လိုလုပ္"
ေအာင္ခန္႔စကားမဆံုးခင္သူအက်ီၤအိတ္ထဲက တံဆိတ္ကိုထုတ္ျပလိုက္သည္။
"အာဏာရဲ႕အမႈကို ငါတာဝန္ယူထားတယ္"
=================
အလုပ္ကျပန္ေတာ့ လီလီ ေရမိုးခ်ိဳးၿပီး ညစာစားလိုက္သည္။ ထို႔ေနာက္ ေကာ္ဖီတစ္ခြက္ေဖ်ာ္ကာ ေသာက္ရင္း ဆိုဖာေပၚမွာထိုင္ကာ TVၾကည့္ေနလိုက္သည္။
TV Screenေပၚမွာလာေနတဲ့ သတင္း။ တနည္းအားျဖင့္ ဝရမ္းထုတ္ထားတဲ့ အာဏာရဲ႕အေၾကာင္း။
သူမ ေကာ္ဖီေသာက္ေနရင္း ၾကည့္ေနသည္
မင္းေနာက္မဆုတ္ဘူးဘဲ အာဏာ။
မင္းေရွ႕ကိုဆက္တိုးေနတာပဲ။
#17.12.2020
=======================