<Unicode>
ညီလင်းတိုက်ခန်းမှာအေးဆေးနေရင်း ရှင်းခန့်စုံစမ်း
ခိုင်းနေတာကိုစုံစမ်းပေးနေသည်။ အချိုရည်တစ်ဗူးကိုဘေးချထားပြီး မုန့်စားလိုက် အလုပ်လုပ်လိုက်နဲ့
တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။
ရှင်းခန့်ပေးတဲ့USBကိုကြည့်ရင်းမျက်မှောင်ကြုတ်လိုက်သည်။No fileလို့သာပြနေတဲ့အတွက်ဖြစ်သည်။
"ဘာလဲဟ"
သို့သော် သူ့အတွက်ကဒါမျိုးတွေလုပ်ရတာများနေပြီ
ဖြစ်သည်။ညီလင်းက နည်းပညာပိုင်းမှာကျွမ်းကျင်တဲ့
လူတစ်ယောက်။ ထို့ပြင် အလုပ်လဲတခြားအရာမလုပ်။
ခုလိုမျိုးတစ်ခုခုစုံစမ်းချင်တာတွေ၊ ကုမ္မဏီမှာရှယ်ယာ
ကိစ္စတွေကိုသူကူညီပေးခြင်းဖြစ်သည်။
မနက်ထဲက computerရှေ့ကမထရသေး နေ့ခင်း
ပင်ရောက်လာပြီဖြစ်သည်။
"ရပြီကွ!"
ခဏကအကြာ စောနကno fileနေရာမှာပေါ်လာတဲ့
fileတွေကြောင့်ညီလင်းတတ်ကြွစွာအော်လိုက်သည်။
ဘေးနားကအချိုဗူးကိုမော့သောက်လိုက်ပြီး ခုံမှာကျောမှီကာအေးဆေးထိုင်နေလိုက်သည်။မနက်ထဲက ထိုင်နေရတော့ သူညောင်းကာပင်ပန်းနေပြီဖြစ်သည်။
"အဟားး ဒါလေးများလွယ်လွယ်လေးကို"
သူပြောပြီးကျောမှီ ထိုင်နေရာမှ မတ်လိုက်ပြီး
"ကဲ ဘာfileတွေလဲကြည့်ရအောင် ကြည့်လိုက်လို့ ရှင်းခန့်တော့စိတ်မဆိုးလောက်ပါဘူး"
ညီလင်းပြောပြီး fileတစ်ခုချင်းဆီကိုဝင်ကြည့်လိုက်
သည်။ပထမသီချင်လေးညည်းကာအေးအေးဆေနဲ့
ကြည့်နေပေမဲ့ နောက်ပိုင်းညီလင်း လန့်လာသည်။
"ဘာလဲဟ "
ညီလင်းတဖြည်းဖြည်းအံ့ဩလာသည်။ screenပေါ်ကအရာတွေကိုကြည့်ပြီး ညီလင်းလန့်လာသည်။
ထို့နောက် သူချက်ချင်းထိုUSBကိုဖြုတ်လိုက်
သည်။ အနက်ရောင်USBကိုကြည့်ရင်း သူလန့်လာ
သည်။
ထို့နောက် ထိုUSBကိုအံဆွဲထဲထည့်လိုက်ပြီး နောက်ထပ် USBအနီရောင်လေးကို သူတပ်ကြည့်လိုက်
သည်။
ဒီဟာက သင်းရနံ့အိမ်သန့်စင်ခန်းကCctvပင်ဖြစ်
သည်။ ညီလင်း တစ်အိမ်လုံးကcctvတွေကိုကြည့်
ကာနောက်တော့ သင်းရနံ့အိမ်ထဲကိုဝင်လာတာမှစပြီး
ထိုနေရာကိုကြည့်လိုက်သည်။
သင်းရနံ့က သန့်စင်ခန်းသို့သွားပုံရသည်။သန့်စင်
ခန်းထဲကိုဝင်သွားတဲ့အတွက် ညီလင်း သန့်စင်ခန်း
ထဲကcctvကိုကြည့်လိုက်သည်။
သို့သော်မတွေ့၊၊ သန့်စင်ခန်းထဲကမှာဘယ်သူမှရှိမပေ။ဒါဆို သူမကဘယ်ရောက်သွားတာလဲ။
တစ်ခုခုတော့မှားနေတာသူသိလိုက်သည်။ ညီလင်း
မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောနေလိုက်သည်။
ဘာလို့လဲ၊၊ ခဏကြာတော့ သန့်စင်ခန်းထဲမှလဲကျ
နေတဲ့ သူမကိုအမျိုးသားတစ်ယောက်ကပွေ့ချီသွား
သည်။
ဒါကသတို့သားပင်။ ထို့နောက်သန့်စင်ခန်းအပြင်
ဘက်မှာလူတွေများကြီးဖြစ်လာသည်။
"ဒါ ဒါကဘာလဲ"
ရုတ်တရက်ဘာမှမရှိတဲ့သန့်စင်ခန်းထဲကသင်းရနံ့က
လဲကျလျက်သားပေါ်လာပြီးသတို့သားကပွေ့ချီသွား
သည်။
ညီလင်း အနည်းငယ်တော့အံ့ဩသွားသည်။ ထို့နောက်
သူ ထိုအခန်းရဲ့cctcကိုသေချာစစ်ကြည့်လိုက်သည်။
"wtf ဖျတ်ချထားတာလားဟ "
သူပြူးပြဲကာ သေချာကြည့်လိုက်သည်။သင်းရနံ့ဝင်သွားတဲ့အချိန်နဲ့ လဲကျလျက်သားအချိန် ကြားကအရာတွေကိုဖျတ်ချထားခြင်းဖြစ်သည်။
"ခဏနေဦး ဒါပြန်ယူလို့ရတယ်ထင်တယ်"
သူတစ်ယောက်တည်းပြောရင်း ကြားထဲကrecordတွေကိုပြန်ရှာဖို့ ညီလင်းကြိုးစားကြည့်နေလိုက်သည်။
===================
မင်းဆက် သင်းရနံ့အိမ်ကပြန်လာတော့ ညနေပင်ရောက်နေပြီဖြစ်သည်။ သင်းရနံ့ဖခင်ကခေါ်တာနဲ့သူမသွားမဖြစ်၍သွားလိုက်သည်။
သူမ အိမ်ကလုပ်တဲ့အလှူကိစ္စတွေကိုလဲ ကူညီကာပေးလိုက်သည်။ သူအိမ်ရောက်တော့ ကားကိုရပ်ကာ
ဆင်းလိုက်သည်။
သူအိမ်ထဲဝင်လာတော့ ဒေါ်ကြီးကရှိမနေ။ အလုပ်သမားတချို့ကိုသာတွေ့ရသည်။ မင်းဆက်ထမင်း
စားခန်းထဲဝင်ကာ ရေခဲသေတ္တာထဲက ရေဗူးကိုယူပြီး
သောက်လိုက်သည်။
ထို့နောက် ထမင်းစားခန်ထဲမှာ အလုပ်လုပ်နေတဲ့
အလုပ်သမားကောင်မလေးတွေကိုကြည့်ပြီး
"အာဏာ ပြန်ရောက်ပြီလား"
"ဟုတ်ကဲ့ ရောက်နေပါပြီ အပေါ်ကိုတတ်သွားတယ်"
"အင်း "
သူရေဗူးကိုပြန်ထည့်လိုက်ပြီး ထမင်းစားခန်းထဲကထွက်လာကာ အပေါ်ထပ်ကိုတတ်လာခဲ့သည်။
သူအပေါ်ထပ်ရောက်တော့ ကိုယ့်အခန်းထဲကိုယ်ဝင်
လိုက်သည်။ တစ်နေ့လုံးပင်ပန်းလာ၍ သူရေချိုးပြင်
ပြင်ဆင်လိုက်သည်။
အဝတ်အစားချွတ်ကာတဘက်နဲ့ရေချိုးခန်းထဲကိုဝင်လာခဲ့သည်။ သူတကယ်တော့ အတော်ပင်ပန်း
နေပြီဖြစ်သည်။
စိတ်ပင်ပန်း လူပင်ပန်းနဲ့ဖြစ်နေရသည်။ သင်းရနံ့ယသေဆုံးတဲ့နေ့ကစပြီးသူ အမြဲတမ်းကူညီပေးနေခြင်း
ဖြစ်သည်။
သေဆုံးသွာတဲ့သူမ အတွက် တတ်နိုင်သလောက်ကူ
ညီပေးချင်သည်။ bath tubeထဲမှာရေစိမ်နေရင်းအချိန်ကြာလာတော့ သူထိုင်နေရာမှရပ်ကာထွက်လိုက်သည်။
ပင်ပန်းနေတော့ လန်းဆန်းသွားအောင်ရေချိုးပေမဲ့အအေးမိမှာကြောက်ရသေးသည်။
ခုချိန်မှာသူဖျားလို့မဖြစ်။ ဖြေရှင်းစရာကိစ္စတွေမများ
ကြီးရှိသေးသည်။
မင်းဆက်ခါးမှာ တဘက်ကိုပတ်ပြီး ရေချိုးခန်းထဲက
ထွက်လာခဲ့သည်။ ရေချိုးလိုက်တော့အနည်းငယ်တော့
လန်းသွားသည်။
သူအဝတ်အစာထုတ်ဖို့ပြင်လိုက်စဉ် စားပွဲပေါ်ကဖုန်း
က အသံကြောင့်သူသွားပြီးကြည့်လိုက်သည်။ ဆက်တာကရှင်းခန့်။
မင်းဆက်ဖုန်းကိုကိုင်လိုက်ပြီး....
"အင်း ပြော"
"မနက်ဖြန်လောက်သိမယ်ထင်တယ် ၊ Cctvကိစ္စ
က"
တစ်ဖက်ကရှင်းခန့်စကားကြောင့် မင်းဆက်အာရုံစိုက်
ကာနားထောင်လိုက်သည်။
"ပြီးတော့ရော "
"ပြီးတော့ fileကိစ္စကိုသိမယ်ထင်တယ်"
"အင်း မင်းသိရင်ငါ့ကိုအကြောင်းကြားလိုက်တော့"
"ok ငါပြောမယ်"
"အင်း"
"ဒါပဲ ဟေ့ကောင်ရ ငါအလုပ်ရှိသေးလို့"
"အင်း ဒါပဲ"
မင်းဆက်ဖုန်းချလိုက်ကာ ဖုန်းကိုပြန်တင်ထားလိုက်
သည်။ ထို့နောက် အဝတ်အစားဝတ်ကာ အာဏာ
ဆီကိုထွက်လာခဲ့သည်။
အခန်းထဲကထွက်ပြီး အာဏာရဲ့အခန်းရှေ့ကိုရောက်
တော့ သူတံခါးကိုညင်သာစွာဖွင့်လိုက်သည်။သူတံခါးဖွင့်လိုက်တော့ အခန်းကတိတ်ဆိတ်နေတဲ့အပြင် မီး
ရောင်လဲသိပ်မရှိပေ။
အခန်းထဲကိုသူဝင်လာပြီးတံခါးကိုပြန်ပိတ်လိုက်သည်။
ထို့နောက် အလုပ်စားပွဲကိုကြည့်လိုက်တော့အာဏာကရှိမနေ။
မွေ့ရာကိုကြည့်တော့လဲ မရှိ။ မင်းဆက်အခန်းထဲယဝေ့ကြည့်နေတုန်း နောက်ကနေရုတ်တရပ်သိုင်းဖက်ခံ
လိုက်ရတာမို့ လန့်သွားသည်။
"ကိုကို"
နောက်ကျောသိုင်းဖက်ခံလိုက်ရပြီး ခပ်ဩဩအသံက
ထွက်လာသည်။
"ဘယ်ရောက်နေတာလဲ ငါကြည့်နေတာမင်းကိုမတွေ့လို့"
မင်းဆက်ကပြောပြီး မျက်နှာချင်းဆိုင်လှည့်လိုက်သည်။ အာဏာက ဆံပင်ကိုခါတိုင်းလိုထုံးမထားဘဲဒီတိုင်းချထာတော့ ကျောမှာဖြာကျနေသည်။
မျက်နှာရှေ့အုပ်ချင်နေတဲ့ ဆံပင်ကိုမင်းဆက်က
လက်နဲ့ဖယ်ပြီး နားနောက်ကိုညှပ်ပေးလိုက်သည်။
အာဏာကပြုံးပြီး မင်းဆက်ကိုလွှတ်ပေးကာ အလုပ်စားပွဲဆီကိုသွားလိုက်သည်။ မင်းဆက်လဲသူ့ကိုလွှတ်ကာအလုပ်စားပွဲကို သွားနေတဲ့အာဏာနောက်ကနေလိုက်လာခဲ့သည်။
အာဏာက ခုံမှာထိုင်လိုက်ပြီး မင်းဆက်ကိုကြည့်ကာ
"လာလေ"
အာဏာကခေါ်နေတော့ မင်းဆက်လဲ သွားလိုက်
သည်။ အနားရောက်တော့ ရုတ်တရက်လက်ကိုဆွဲ
ချလိုက်တဲ့ အာဏာကြောင့်မင်းဆက် သူ့ပေါင်ပေါ်ကို
ထိုင်လျက်သားဖြစ်သွားသည်။
အာဏာရဲ့ပေါင်ပေါ်မှာဘေးတစောင်းလေးထိုင်လျက်
သားဖြစ်ပြီး အာဏာက မင်းဆက်ရဲ့ခါးကိုဖက်ထားသည်။
မင်းဆက်ကအနေတတ်စွာနဲ့ အာဏာကိုတွန်းပြီး
"ဖယ် ငါကိုယ့်ဘာသာထိုင်မယ်"
"ဘာလို့လဲ "
"ဒီလိုကြီးမထိုင်ချင်ဘူး"
မင်းဆက်ရဲ့စကားကို အာဏာကနားမထောင်။ ပိုတိုး
ကာဖက်ထားလိုက်ပြီး သူ့ထက်မြင့်နေတဲ့မင်းဆက်ယရဲ့ ရင်ဘက်ပေါ်မှာခေါင်းကိုတင်ကာမှီထားလိုက်သည်။
"တစ်နေ့လုံးလျောက်သွားနေတာ ခုမှတွေ့ရတယ်တွေရတဲ့အချိန်လေးလိမ်လိမ်မာမာနေပေးလို့မရဘူးလား"
အာဏာကပြောလိုက်တော့မင်းဆက်ကမျက်နှာမဲ့
သွားသည်။ ကျောပြင်ကအာဏာရဲ့ ဆံပင်တွေကို
လက်နဲ့ကိုင်နေပြီး
"ငါကိုပြောတော့ မင်းကရောဘယ်ကိုသွားနေတာလဲ
တစ်နေ့တစ်နေ့ ဌာနမှာလဲမရှိ အိမ်မှာလဲမရှိ "
"အဟင်း ! ကျွန်တော်စုံစမ်းနေတာလေ အလကား
လျောက်သွားနေတာမှမဟုတ်ဘဲ"
မင်းဆက်စကားကို အာဏာကပြန်ပြောသည်။ မင်းဆက်ကအာဏာရဲ့စကားကြောင့် စိတ်ထဲအနည်းငယ်ပေါ့
သွားသည်။
"ကျွန်တော့်ကျတော့ပြောတယ် ကိုကိုကျတော့ရော
တစ်နေ့တစ်နေ့အပြင်ပဲထွက်နေတာ မျက်နှာလေးတွေ့ဖို့တောင်ခက်နေပြီ"
" ငါကလဲကိစ္စရှိလို့လေ၊ ရနံ့ရဲ့မိသားစုတွေ ကိုကူညီပေးနေရတာ သူ့အတွက်ငါဒီလောက်တော့လုပ်ပေးသင့်တယ်မလား"
မင်းဆက်ပြောလိုက်တော့ အာဏာမျက်နှာနည်းနည်း
တင်းသွားသည်။ မင်းဆက်ရဲ့ခါးကိုပိုတိုးကာဖက်ထား
လိုက်ပြီး မျက်နှာကိုမော့ကြည့်ကာ
"ဒါမဲ့ ကိုယ့်အကန့်နဲ့ကိုယ်နေတာကောင်းတယ်ကိုကို
ကျွန်တော်ကသဘောထားသေးသိမ်တဲ့လူမဟုတ်
ပါဘူး၊ မမရနံ့ကိစ္စကိုကူညီတာ ကျွန်တော်အပြစ်မပြောဘူး၊ ကိုကိုကကူညီပေးတာကောင်းပေမဲ့ ကြာလာ
ရင်တော့မကောင်းဘူးကိုကိုလူတွေကကူညီတာများသွားရင် အားနည်းယောင်ဆောင်ပြီးခဏခဏအကူအညီလာတောင်းလိမ့်မယ် ဒါကြောင့် ကူညီရင်တောင်ချင့်ချိန်ရမယ်"
"မင်းကလဲ ကူညီတာတောင်limitနဲ့"
"ဟားးး ဟုတ်တယ်လေ၊၊ မသိရင်သတို့သားက
ကိုကိုကျနေတာပဲ ကိစ္စတိုင်းကို ကိုကိုကပဲဦးဆောင်
လုပ်ပေးနေရတာ"
မကျေနပ်ချက်ကိုပြောနေတဲ့ အာဏာကြောင့်မင်း
ဆက်ရယ်လိုက်သည်။ အာဏာရဲ့ပါးကိုခပ်ဖွဖွဆွဲ
လိုက်ပြီး
" နောက်နေ့သွားစရာမလိုတော့ပါဘူးကွာ ဒီနေ့က
အလှူလုပ်လို့ပါ "
"အင်းပါပြောတာပဲ"
အာဏာကပြောပြီး မင်းဆက်ရဲ့မေးလေးကိုနမ်းလိုက်
သည်။
"ကိုကို"
"အင်း "
"တကယ်လို့ ကိုကိုမကြိုက်တာ ကျွန်တော်လုပ်မိရင်
စိတ်ဆိုးမှာလား"
အာဏာရဲ့စကားကြောင့်မင်းဆက်စိတ်ထဲတစ်မျိုးဖြစ်
သွားသည်။
"ဘာကိုဆိုလိုတာလဲ"
"ကျွန်တော် ကိုကိုမကြိုက်တဲ့အရာကိုလုပ်မိရင်ရော
ခွင့်လွှတ်မှာလား"
"ဟင့်အင်း"
"ကိုကို"
မင်းဆက်ချက်ချင်းပင်ငြင်းလိုက်သည်။ အာဏာရဲ့
ပါးပြင်ကိုကိုင်လိုက်ပြီး
"ငါခွင့်မလွှတ်ဘူး၊ ဒါကြောင့်မင်း ငါမကြိုက်တဲ့
ကိစ္စတွေကိုမလုပ်ရဘူးအာဏာ ပြီးတော့ မင်းအဲ့လိုမလုပ်အောင်ငါတားမှာ"
အာဏာရဲ့နဖူးလေးကိုသူနူဖူးနဲ့ ထိလိုက်ကာမျက်
လုံးမှိတ်ချလိုက်၏။
"ကျေးဇူးပြုပြီး ငါ့စကားကိုနားထောင်ပေးပါ မောင် "
==================
ဒီနေ့လဲ အာဏာကမနက်ပိုင်းတွေဘယ်မှမသွားဘဲအိမ်မှာသာနေသည်။
မင်းဆက်ကလဲ အပြင်မသွားဘဲ ကိုယ့်အခန်းထဲမှာကိုယ် ကုမ္မဏီကအလုပ်တွေလုပ်နေသည်။ မိုက်ခ်ကိုချည်း လွဲထားလို့မရတော့ သူကိုယ်တိုင်ဝင်လုပ်နေရခြင်းဖြစ်သည်။
ထမင်းစားပြီးထဲက ၂ယောက်သားကိုယ့်အခန်းထဲကိုယ်ဝင်လိုက်ပြီး အလုပ်လုပ်နေခြင်းဖြစ်သည်။အာဏာ ဘာတွေလုပ်နေလဲတော့သူမသိ။
သူလဲ အလုပ်တွေကိုသာလုပ်စရာရှိတာလုပ်နေလိုက်သည်။
ဒေါက်! ဒေါက်!
"ဝင်ခဲ့"
အခန်းတံခါးခေါက်သံကြောင့် မင်းဆက်လှမ်းပြောလိုက်တော့ တံခါးဖွင့်ကာဝင်လာတာက အာဏာ။ဆံပင်ကိုထုံးထားပြီး အနက်ရောင်အကျင်္ီကိုဝတ်ထားသည်။
လက်ထဲမှာလဲ နွားနို့တစ်ခွက်ကိုယူလာသေးသည်။
မင်းဆက်ရဲ့စားပွဲနားကိုရောက်လာပြီး ပြုံးကာ
"နွားနို့လာပို့တာ သောက်လိုက်ဦး"
အာဏာက ခွက်ကိုမင်းဆက်ကိုကမ်းပေးလာသည်။
မင်းဆက်ကနွားနို့ခွက်ကိုကြည့်ကာပြုံးပြီး
"ထားလိုက် ငါသောက်လိုက်မယ်"
မင်းဆက်ပြောလိုက်တော့ အာဏာကမျက်နှာကိုမဲ့လိုက်သည်။ထို့နောက်ခွက်ကို စားပွဲပေါ်တင်ပေးလိုက်ပြီး
"ကျွန်တော်ကိုယ်တိုင်ကျိုလာတာနော် ကိုကိုဖို့"
မင်းဆက်လဲ သူမသောက်မချင်းရစ်နေမဲ့ပုံရတဲ့အာဏာ
ကြောင့် စားပွဲပေါ်ကခွက်ကိုယူပြီး သောက်ရန်ပြင်သည်။
"မွှေးတယ်မလား"
"အာဏာက ပြုံးစိစိနဲ့မေးလိုက်တော့ မင်းဆက်ကပြုံး
ကာ.....
"အင်း မွှေးတယ်"
ထို့နောက် မင်းဆက်နွားနို့ကိုမော့သောက်လိုက်သည်။ အာဏာကသူ့ရှေ့ကခုံမှာထိုင်ကာစားပွဲပေါ်
က စာရွက်တွေကိုကြည့်လာသည်။
"ကုမ္မဏီကကိစ္စတွေလား"
မင်းဆက်လဲ ကုန်သွားတဲ့နွားနို့ခွက်ကိုပြန်ချလိုက်ပြီး
အာဏာမေးနေတဲ့စာရွက်တွေကိုကြည့်ကာခေါင်းညိတ်
လိုက်သည်။
"အင်း ကုမ္မဏီကကိစ္စတွေ"
အာဏာကတော့ ဘာမှဆက်မမေး။ စာရွက်တွေကိုသာ
ကြည့်နေသည်။
မင်းဆက် အာဏာကိုဆက်ပြီးမပြောတော့ဘဲအလုပ်ဆက်လုပ်နေလိုက်သည်။ သူလုပ်နေရင်းအိပ်ချင်စိတ်ကထိန်းမရ။ သန်းဝေလာသလို မျက်လုံးတွေလေးလာသည်။ နားထင်ကိုဖိပြီးနေပေမဲ့မရ။
သူ့ရှေ့မှာထိုင်နေတဲ့အာဏာကိုလဲမသဲမကွဲဖြစ်လာသည်။ သူနောက်ဆုံးသိလိုက်တဲ့အသိကသူ့ရှေမှာထိုင်တဲ့အာဏာပင်။
အာဏာ စားပွဲပေါ်မှာမှောက်ကျသွားတဲ့မင်းဆက်
ကိုကြည်လိုက်သည်။ ထို့နောက် သူထိုင်နေရာမှထရပ်
လိုက်ပြီး မင်းဆက်ရဲ့ဘေးနားကိုသွားလိုက်သည်။
အိပ်ပျော်သွားတဲ့ မင်းဆက်ကိုပွေ့ချီကာ မွေ့ရာရှိရာကို
သူသွားလိုက်သည်။ သူ့လက်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုကအိပ်ပျော်သွားတဲ့ မင်းဆက်ကိုကြည့်ပြီး အာဏာ
မွေ့ရာပေါ်ကို ဖြည်းဖြည်းချင်းချပေးလိုက်သည်။
မွေ့ရာပေါ်မှာသေသေချာချာလေးတင်ပေးပြီးစောင်
ကိုကခြုံပေးလိုက်သည်။ နူးညံတဲ့မျက်နှာလေးကို
လက်နဲ့ဖွဖွလေးပွတ်ပေးလိုက်ပြီး နဖူးလေးကိုငုံနမ်းလိုက်သည်။
"တောင်းပန်ပါတယ် ထပ်ပြီးတောင်းပန်ပါတယ်"
အာဏာမျက်ရည်တွေဝေ့သီကာပြောလိုက်သည်။မွေ့ရာ
ဘေးမှာရှိတဲ့ ဖုန်းကိုယူလိုက်ပြီး အာဏာစက်ပိတ်
ထားလိုက်သည်။
ထို့နောက် သူအခန်းထဲကပြန်ထွက်သွားသည်။
ထို့နောက် ခြံထဲကထွက်သွားတဲ့ကားတစ်ဦး ။ ထိုကားကိုမောင်းသွားထွက်သွားတာတော့ အာဏာ။
သူဘယ်ကိုသွားတာလဲသူသာသိလိမ့်မည်။
====================
ရှင်းခန့် ဌာနမသွားဘဲ တိုက်ခန်းမှာပဲနေတာကြာ
ပြီဖြစ်သည်။ ညီလင်းဆီကို USBတွေပေးထားတာ
လဲ ၂ရက်ရှိပြီဖြစ်သည်။ ဘာသတင်းမှမကြားရသေး
တဲ့အတွက်သူ စိတ်ပူနေသည်။
တကယ်လို့ညီလင်းသာမသိရင် ဒီကိစ္စကပိုပြီးခက်ခဲသွားနိုင်သည်။
ညရောက်တော့ရှင်းခန့် တိုက်ခန်းမှာညစာစားနေရင်း ညီလင်းဆီက အကြောင်းကြားမလားစောင့်နေသည်။
သူစားနေရင်း laptopကိုကြည့်ကာ အလုပ်လုပ်ရ
သေးသည်။ အချိန်အားဖြင့် ည၉နာရီလောက်ဖြစ်
နေပြီဖြစ်သည်။
ရှင်းခန့် စားနေရင်းဝင်လာတဲ့mailကြောင့်လက်ထဲကဇလုံကြီးကိုချလိုက်ပြီး ကပြာကယာကြည့်လိုက်သည်။
ညီလင်းဆီကဖြစ်တဲ့အတွက် သူကအာရုံစိုက်ကာ
သေချာကြည့်လိုက်သည်။ သန့်စင်ခန်းထဲက
cctvမှတ်တမ်းဖြစ်ပြီး သင်းရနံ့သေဆုံးတဲ့နေရာ
ဖြစ်သည်။
sreen ပေါ်တွင်ပေါနေတဲ့ သင်းရနံ့ရဲ့ပုံကိုရှင်းခန့်သေချာကြည့်နေမိသည်။
အိမ်ထဲကိုဝင်လာပြီးနောက် သူမကသန့်စင်ခန်းရှေ့
ရောက်လာသည်။ သူ သင်းရနံ့အိမ်မှာကြည့်တုန်း
ထိုနေရာမှစပြီးနောက်ပိုင်းတွေမပါတော့တာဖြစ်သည်။
ထို့ကြောင့် ရှင်းခန့် အာရုံစိုက်ကာကြည့်နေသည်။ သူမကသန့်စင်ခန်းထဲဝင်ပြီးနောက် ဘေစင်မှာလက်ဆေး
နေသည်။ ထိုစဉ် နောက်ကနေလူတစ်ယောက်
ပေါ်လာပြီး သူမ ပါးစပ်ကိုလက်နဲ့ပိတ်ထားလိုက်ပြီး
လည်ပင်းကို သေးငယ်တဲ့အရာတစ်ခုနဲ့လှီးဖြတ်လိုက်
သည်။ သေးငယ်တဲ့အရာဖြစ်တဲ့အတွက် ဘာလဲဆိုတာ
သူသဲကွဲအောင်မမြင်ရပေ။
သို့သော်.....
"ဒါက"
ဆံပင်ရှည်ကိုတစ်ဝက်သာစီးထားပြီး အနောက်တိုင်း
ဝတ်ဆုံနဲ့လူက သူမရဲ့လည်ပင်းကိုလှှီးဖြတ်လိုက်ခြင်း။
လှီးလိုက်တဲ့နေရာ သူတို့စစ်ဆေးထားသလိုသွေးကြော
ကိုလှီးဖြတ်လိုက်ခြင်းဖြစ်သည်။
လှီးပြီးနောက် သူမ က ကြမ်းပြင်ပေါ်လဲကျသွား
ပြီး နောက်သွေးတွေထွက်လာသည်။ ထိုလူကိုတော့
သွေးတွေမပေ။ ထို့နောက် ဘေစင်မှာလက်ဆေးကာ
cctvကိုတစ်ချက်ကြည့်ကာထိုလူကပြုံးသည်။
cctvတပ်ထားတာကို သိနေပုံပင်။ ထို့နောက်ထိုလူကပြန်ထွက်သွားသည်။ထိုလူပြန်ထွက်သွာတဲ့နေရာကို
လိုက်ကြည့်တော့ ဧည့်ခံပွဲကိုသွားတဲ့နေရာဖြစ်နေသည်။
ရှင်းခန့် screenပေါ်ကမြင်ကွင်းကိုကြည့်ကာ အံ့ဩ၍
မဆုံး။ဘာလို့လဲ။
အာဏာကဘာလို့လဲ။
"ဟားးး "
ရှင်းခန့်ဝေ့သီလာတဲ့မျက်ရည်တွေကို ခေါင်းမော့ကာ
ထိန်းသိမ်းလိုက်သည်။
ဘာအကြောင်းကြောင့်လဲ၊၊ တိုက်ခန်းအမှုတုန်းကမျက်
နှာသေချာမမြင်ရတဲ့အတွက်သူမယုံကြည်ခဲ့။ ဒါကြောင့်
လဲ သူမင်းဆက်ကိုပဲပြောတာဖြစ်ပြီးညီ ဖြစ်တဲ့ အောင်
ခန့်ကိုတောင်မပြောပေ။
ဘာလို့လဲ။ ရှင်းခန့် မယုံနိုင်လောက်အောင်အံ့ဩ
နေရသည်။ အာဏာဆိုတာ သူ့ညီလေးလိုသံယောဇဉ်
ရှိတဲ့ကောင်လေး။ မင်းဆက်ကိုသိပ်ချစ်ရှာတဲ့ကောင်လေး။
"ဘာလို့မင်းဖြစ်နေတာလဲ"
ရှင်းခန့် အံ့ဩချင်းမျာစွာနဲ့ဖြစ်နေစဉ် ညီလင်းဆီက
နောက်ထပ်mailရောက်လာသည်။
_ငါ့ဆီကိုလာခဲ့လို့ရမလား နောက်တစ်ခုကmail
ပို့လို့အဆင်မပြေဘူး လူကိုယ်တိုင်တွေ့မှရမယ်_
ီညီလင်းရဲ့စာကြောင့် ရှင်းခန့် ဖုန်းဆက်ရန်လုပ်သည်။
ဘေးနားချထားတဲ့ဖုန်းကိုယူလိုက်ပြီး ညီလင်းဆီ
ကိုဆက်လိုက်သည်။
ဖုန်းဝင်ဝင်ချင်းတစ်ဖက်ကညီလင်းက ချက်ချင်းကိုင်
သည်။
"ရှင်းခန့်"
"အေး ငါခုလာခဲ့မယ် ဖြစ်လား"
"အေး လာခဲ့၊ မြန်မြန်လာ၊ ငါmailကပို့လို့အဆင်မပြေဘူး"
"အေး ငါခုထွက်လာပြီဟေ့ကောင် စောင့်နေ"
"အေး ငါစောင့် တီ!"
တစ်ဖက်ကဖုန်းချသွားတဲ့ ညီလင်းကြောင့်ရှင်းခန့်လန့်သွားသည်။ စိတ်ထဲ မသင်္ကာတဲ့အတွက် သူ ဖုန်းကိုချက်ချင်းချလိုက်ပြီး အနက်ရောင်အနွေးထည့်နဲ့ ကားသော့ကိုယူကာ ချက်ချင်းထွက်လာခဲ့သည်။
ကားပေါ်ကိုချက်ချင်းတတ်ပြီး ညီလင်းရဲ့တိုက်ခန်း
ဆီကို အမြန်ဆုံးမောင်းလာခဲ့သည်။ ကားမောင်းနေ
ရင်းနဲ့လဲ ညီလင်းဖုန်းကိုဆက်တိုက်ခေါ်နေမိသည်။
သို့သော် ဖုန်းကလုံးဝဆက်သွယ်မရ။စက်ပိတ်ထားသည်သာပြောနေသည်။
ရှင်းခန့် စိတ်တိုစွာဖုန်းကိုထပ်ပြီးမဆက်တော့ပဲကားကို
အမြန်ဆုံးမောင်းလာခဲ့သည်။
တိုက်ခန်းရှေ့ရောက်တော့ သူချကချင်းးကားပေါ်
ကဆင်းပြီး ညီလင်းရဲ့တိုက်ခန်းရှိရာအထပ်ကိုပြေးတတ်လိုက်သည်။
ဒုတိယအထပ်မို့တော်သေးသည်လို့ပြောရမည်။ ရှင်းခန့် လှေကားထစ်ကိုပြေးတတ်လာရင်းညီလင်းတိုက်ခန်း
ရှေ့ကိုရောက်လာသည်။
တံခါးက ဟထားတဲ့အတွက်သူစိုးရိမ်စွာအထဲကိုအမြန်ဝင်လိုက်သည်။ဧည့်ခန်းထဲမှာ ဘာမှမတွေ့တာမို့ ရှင်းခန့် ထိတ်လန့်သွားသည်။
"ညီလင်း ! ဟေ့ကောင်! "
ဘာသံမှမကြားရ။သူညီလင်းရဲ့အခန်းတံခါးကိုသွား
ပြီးဖွင့်လိုက်တော့မြင်ရတဲ့မြင်ကွင်းကြောင့် တစ်ကိုယ်
လုံးတောင့်တင်းသွားသည်။
ကြမ်းပြင်မှာပက်လက်လဲကျနေတဲ့ညီလင်း။လည်ပင်းမှာသွေးတွေစီးကျလျက်။ မျက်လုံးကဖွင့်လျက်သား။
သေချာတာက အသက်မဲ့နေပြီ။
================
တိတ်ဆိတ်တဲ့ ကားလမ်းဘေးမှာရပ်ထားတဲ့ကား
တစ်စီး။ ကားပေါ်ကလူကတော့ အေးအေးဆေးဆေး
ဆေးလိပ်သောက်နေသည်။
ရှည်လျားတဲ့ဆံနွယ်ကိုထုံးထားပြီး ရှေ့မှာကပိုကရိုကျ
နေသည်။ အပြာရောင်မျက်ဝန်လေးကလက်ထဲကအနက်ရောင်USBကိုစိုက်ကြည်လျက်။
လက်ထဲကUSBကိုတစ်စစီချိုးလိုက်ပြီး နှုတ်ခမ်းက
ခပ်မဲ့မဲ့ပြုံးလိုက်သည်။ချိုးဖျက်ခြင်းခံလိုက်ရတဲ့USBထဲကအချက်အလက်တွေကတော့ စုတ်ပြတ်သပ်ကာအထဲကအချက်အလက်တွေလဲ ပျက်စီးသွားပြီ။
ထို့နောက် ကားစက်နှိုးကာမောင်းထွက်သွားတဲ့ကားလေး။ ကားပေါ်ကကောင်လေးကတော့ မျက်လုံးအပြာ
ရောင်လေးနဲ့ ပြုံးလျက်။
သူ့ရဲ့အပြုံးက ကိုယ်လုပ်ချင်တာကိုလုပ်လိုက်ရလို့ပျော်နေတဲ့ကလေးတစ်ယောက်လိုပင်။
#12.12.2020
===================
<Zawgyi>
ညီလင္းတိုက္ခန္းမွာေအးေဆးေနရင္း ရွင္းခန္႔စံုစမ္း
ခိုင္းေနတာကိုစံုစမ္းေပးေနသည္။ အခ်ိဳရည္တစ္ဗူးကိုေဘးခ်ထားၿပီး မုန္႔စားလိုက္ အလုပ္လုပ္လိုက္နဲ႔
တစ္ေယာက္တည္းအလုပ္ရႈပ္ေနသည္။
ရွင္းခန္႔ေပးတဲ့USBကိုၾကည့္ရင္းမ်က္ေမွာင္ၾကဳတ္လိုက္သည္။No fileလို႔သာျပေနတဲ့အတြက္ျဖစ္သည္။
"ဘာလဲဟ"
သို႔ေသာ္ သူ႔အတြက္ကဒါမ်ိဳးေတြလုပ္ရတာမ်ားေနၿပီ
ျဖစ္သည္။ညီလင္းက နည္းပညာပိုင္းမွာကြၽမ္းက်င္တဲ့
လူတစ္ေယာက္။ ထို႔ျပင္ အလုပ္လဲတျခားအရာမလုပ္။
ခုလိုမ်ိဳးတစ္ခုခုစံုစမ္းခ်င္တာေတြ၊ ကုမၼဏီမွာရွယ္ယာ
ကိစၥေတြကိုသူကူညီေပးျခင္းျဖစ္သည္။
မနက္ထဲက computerေရွ႕ကမထရေသး ေန႔ခင္း
ပင္ေရာက္လာၿပီျဖစ္သည္။
"ရၿပီကြ!"
ခဏကအၾကာ ေစာနကno fileေနရာမွာေပၚလာတဲ့
fileေတြေၾကာင့္ညီလင္းတတ္ႂကြစြာေအာ္လိုက္သည္။
ေဘးနားကအခ်ိဳဗူးကိုေမာ့ေသာက္လိုက္ၿပီး ခံုမွာေက်ာမွီကာေအးေဆးထိုင္ေနလိုက္သည္။မနက္ထဲက ထိုင္ေနရေတာ့ သူေညာင္းကာပင္ပန္းေနၿပီျဖစ္သည္။
"အဟားး ဒါေလးမ်ားလြယ္လြယ္ေလးကို"
သူေျပာၿပီးေက်ာမွီ ထိုင္ေနရာမွ မတ္လိုက္ၿပီး
"ကဲ ဘာfileေတြလဲၾကည့္ရေအာင္ ၾကည့္လိုက္လို႔ ရွင္းခန္႔ေတာ့စိတ္မဆိုးေလာက္ပါဘူး"
ညီလင္းေျပာၿပီး fileတစ္ခုခ်င္းဆီကိုဝင္ၾကည့္လိုက္
သည္။ပထမသီခ်င္ေလးညည္းကာေအးေအးေဆနဲ႔
ၾကည့္ေနေပမဲ့ ေနာက္ပိုင္းညီလင္း လန္႔လာသည္။
"ဘာလဲဟ "
ညီီလင္းတျဖည္းျဖည္းအံ့ၾသလာသည္။ screenေပၚကအရာေတြကိုၾကည့္ၿပီး ညီလင္းလန္႔လာသည္။
ထို႔ေနာက္ သူခ်က္ခ်င္းထိုUSBကိုျဖဳတ္လိုက္
သည္။ အနက္ေရာင္USBကိုၾကည့္ရင္း သူလန္႔လာ
သည္။
ထို႔ေနာက္ ထိုUSBကိုအံဆြဲထဲထည့္လိုက္ၿပီး ေနာက္ထပ္ USBအနီေရာင္ေလးကို သူတပ္ၾကည့္လိုက္
သည္။
ဒီဟာက သင္းရနံ႔အိမ္သန္႔စင္ခန္းကCctvပင္ျဖစ္
သည္။ ညီလင္း တစ္အိမ္လံုးကcctvေတြကိုၾကည့္
ကာေနာက္ေတာ့ သင္းရနံ႔အိမ္ထဲကိုဝင္လာတာမွစၿပီး
ထိုေနရာကိုၾကည့္လိုက္သည္။
သင္းရနံ႔က သန္႔စင္ခန္းသို႔သြားပံုရသည္။သန္႔စင္
ခန္းထဲကိုဝင္သြားတဲ့အတြက္ ညီလင္း သန္႔စင္ခန္း
ထဲကcctvကိုၾကည့္လိုက္သည္။
သို႔ေသာ္မေတြ႕၊၊ သန္႔စင္ခန္းထဲကမွာဘယ္သူမွရွိမေပ။ဒါဆို သူမကဘယ္ေရာက္သြားတာလဲ။
တစ္ခုခုေတာ့မွားေနတာသူသိလိုက္သည္။ ညီလင္း
မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေတြးေတာေနလိုက္သည္။
ဘာလို႔လဲ၊၊ ခဏၾကာေတာ့ သန္႔စင္ခန္းထဲမွလဲဲက်
ေနတဲ့ သူမကိုအမ်ိဳးသားတစ္ေယာက္ကေပြ႕ခ်ီသြား
သည္။
ဒါကသတို႔သားပင္။ ထို႔ေနာက္သန္႔စင္ခန္းအျပင္
ဘက္မွာလူေတြမ်ားႀကီးျဖစ္လာသည္။
"ဒါ ဒါကဘာလဲ"
ရုတ္တရက္ဘာမွမရွိတဲ့သန္႔စင္ခန္းထဲကသင္းရနံ႔က
လဲက်လ်က္သားေပၚလာၿပီးသတို႔သားကေပြ႕ခ်ီသြား
သည္။
ညီလင္း အနည္းငယ္ေတာ့အံ့ၾသသြားသည္။ ထို႔ေနာက္
သူ ထိုအခန္းရဲ႕cctcကိုေသခ်ာစစ္ၾကည့္လိုက္သည္။
"wtf ဖ်တ္ခ်ထားတာလားဟ "
သူျပဴးၿပဲကာ ေသခ်ာၾကည့္လိုက္သည္။သင္းရနံ႔ဝင္သြားတဲ့အခ်ိန္နဲ႔ လဲက်လ်က္သားအခ်ိန္ ၾကားကအရာေတြကိုဖ်တ္ခ်ထားျခင္းျဖစ္သည္။
"ခဏေနဦး ဒါျပန္ယူလို႔ရတယ္ထင္တယ္"
သူတစ္ေယာက္တည္းေျပာရင္း ၾကားထဲကrecordေတြကိုျပန္ရွာဖို႔ ညီလင္းႀကိဳးစားၾကည့္ေနလိုက္သည္။
===================
မင္းဆက္ သင္းရနံ႔အိမ္ကျပန္လာေတာ့ ညေနပင္ေရာက္ေနၿပီျဖစ္သည္။ သင္းရနံ႔ဖခင္ကေခၚတာနဲ႔သူမသြားမျဖစ္၍သြားလိုက္သည္။
သူမ အိမ္ကလုပ္တဲ့အလွဴကိစၥေတြကိုလဲ ကူညီကာေပးလိုက္သည္။ သူအိမ္ေရာက္ေတာ့ ကားကိုရပ္ကာ
ဆင္းလိုက္သည္။
သူအိမ္ထဲဝင္လာေတာ့ ေဒၚႀကီးကရွိမေန။ အလုပ္သမားတခ်ိဳ႕ကိုသာေတြ႕ရသည္။ မင္းဆက္ထမင္း
စားခန္းထဲဝင္ကာ ေရခဲေသတၱာထဲက ေရဗူးကိုယူၿပီး
ေသာက္လိုက္သည္။
ထို႔ေနာက္ ထမင္းစားခန္ထဲမွာ အလုပ္လုပ္ေနတဲ့
အလုပ္သမားေကာင္မေလးေတြကိုၾကည့္ၿပီး
"အာဏာ ျပန္ေရာက္ၿပီလား"
"ဟုတ္ကဲ့ ေရာက္ေနပါၿပီ အေပၚကိုတတ္သြားတယ္"
"အင္း "
သူေရဗူးကိုျပန္ထည့္လိုက္ၿပီး ထမင္းစားခန္းထဲကထြက္လာကာ အေပၚထပ္ကိုတတ္လာခဲ့သည္။
သူအေပၚထပ္ေရာက္ေတာ့ ကိုယ့္အခန္းထဲကိုယ္ဝင္
လိုက္သည္။ တစ္ေန႔လံုးပင္ပန္းလာ၍ သူေရခ်ိဳးျပင္
ျပင္ဆင္လိုက္သည္။
အဝတ္အစားခြၽတ္ကာတဘက္နဲ႔ေရခ်ိဳးခန္းထဲကိုဝင္လာခဲ့သည္။ သူတကယ္ေတာ့ အေတာ္ပင္ပန္း
ေနၿပီျဖစ္သည္။
စိတ္ပင္ပန္း လူပင္ပန္းနဲ႔ျဖစ္ေနရသည္။ သင္းရနံ႔ယေသဆံုးတဲ့ေန႔ကစၿပီးသူ အၿမဲတမ္းကူညီေပးေနျခင္း
ျဖစ္သည္။
ေသဆံုးသြာတဲ့သူမ အတြက္ တတ္နိုင္သေလာက္ကူ
ညီေပးခ်င္သည္။ bath tubeထဲမွာေရစိမ္ေနရင္းအခ်ိန္ၾကာလာေတာ့ သူထိုင္ေနရာမွရပ္ကာထြက္လိုက္သည္။
ပင္ပန္းေနေတာ့ လန္းဆန္းသြားေအာင္ေရခ်ိဳးေပမဲ့အေအးမိမွာေၾကာက္ရေသးသည္။
ခုခ်ိန္မွာသူဖ်ားလို႔မျဖစ္။ ေျဖရွင္းစရာကိစၥေတြမမ်ား
ႀကီးရွိေသးသည္။
မင္းဆက္ခါးမွာ တဘက္ကိုပတ္ၿပီး ေရခ်ိဳးခန္းထဲက
ထြက္လာခဲ့သည္။ ေရခ်ိဳးလိုက္ေတာ့အနည္းငယ္ေတာ့
လန္းသြားသည္။
သူအဝတ္အစာထုတ္ဖို႔ျပင္လိုက္စဥ္ စားပြဲေပၚကဖုန္း
က အသံေၾကာင့္သူသြားၿပီးၾကည့္လိုက္သည္။ ဆက္တာကရွင္းခန္႔။
မင္းဆက္ဖုန္းကိုကိုင္လိုက္ၿပီး....
"အင္း ေျပာ"
"မနက္ျဖန္ေလာက္သိမယ္ထင္တယ္ ၊ Cctvကိစၥ
က"
တစ္ဖက္ကရွင္းခန္႔စကားေၾကာင့္ မင္းဆက္အာရံုစိုက္
ကာနားေထာင္လိုက္သည္။
"ၿပီးေတာ့ေရာ "
"ၿပီးေတာ့ fileကိစၥကိုသိမယ္ထင္တယ္"
"အင္း မင္းသိရင္ငါ့ကိုအေၾကာင္းၾကားလိုက္ေတာ့"
"ok ငါေျပာမယ္"
"အင္း"
"ဒါပဲ ေဟ့ေကာင္ရ ငါအလုပ္ရွိေသးလို႔"
"အင္း ဒါပဲ"
မင္းဆက္ဖုန္းခ်လိုက္ကာ ဖုန္းကိုျပန္တင္ထားလိုက္
သည္။ ထို႔ေနာက္ အဝတ္အစားဝတ္ကာ အာဏာ
ဆီကိုထြက္လာခဲ့သည္။
အခန္းထဲကထြက္ၿပီး အာဏာရဲ႕အခန္းေရွ႕ကိုေရာက္
ေတာ့ သူတံခါးကိုညင္သာစြာဖြင့္လိုက္သည္။သူတံခါးဖြင့္လိုက္ေတာ့ အခန္းကတိတ္ဆိတ္ေနတဲ့အျပင္ မီး
ေရာင္လဲသိပ္မရွိေပ။
အခန္းထဲကိုသူဝင္လာျပီးတံခါးကိုျပန္ပိတ္လိုက္သည္။
ထို႔ေနာက္ အလုပ္စားပြဲကိုၾကည့္လိုက္ေတာ့အာဏာကရွိမေန။
ေမြ့ရာကိုၾကည့္ေတာ့့လဲ မရွိ။ မင္းဆက္အခန္းထဲယေဝ့ၾကည့္ေနတုန္း ေနာက္ကေနရုတ္တရပ္သိုင္းဖက္ခံ
လိုက္ရတာမို႔ လန္႔သြားသည္။
"ကိုကို"
ေနာက္ေက်ာသိုင္းဖက္ခံလိုက္ရၿပီး ခပ္ၾသၾသအသံက
ထြက္လာသည္။
"ဘယ္ေရာက္ေနတာလဲ ငါၾကည့္ေနတာမင္းကိုမေတြ႕လို႔"
မင္းဆက္ကေျပာၿပီး မ်က္နွာခ်င္းဆိုင္လွည့္လိုက္သည္။ အာဏာက ဆံပင္ကိုခါတိုင္းလိုထံုးမထားဘဲဒီတိုင္းခ်ထာေတာ့ ေက်ာမွာျဖာက်ေနသည္။
မ်က္နွာေရွ႕အုပ္ခ်င္ေနတဲ့ ဆံပင္ကိုမင္းဆက္က
လက္နဲ႔ဖယ္ၿပီး နားေနာက္ကိုညႇပ္ေပးလိုက္သည္။
အာဏာကၿပံဳးၿပီး မင္းဆက္ကိုလႊတ္ေပးကာ အလုပ္စားပြဲဆီကိုသြားလိုက္သည္။ မင္းဆက္လဲသူ႔ကိုလႊတ္ကာအလုပ္စားပြဲကို သြားေနတဲ့အာဏာေနာက္ကေနလိုက္လာခဲ့သည္။
အာဏာက ခံုမွာထိုင္လိုက္ၿပီး မင္းဆက္ကိုၾကည့္ကာ
"လာေလ"
အာဏာကေခၚေနေတာ့ မင္းဆက္လဲ သြားလိုက္
သည္။ အနားေရာက္ေတာ့ ရုတ္တရက္လက္ကိုဆြဲ
ခ်လိုက္တဲ့ အာဏာေၾကာင့္မင္းဆက္ သူ႔ေပါင္ေပၚကို
ထိုင္လ်က္သားျဖစ္သြားသည္။
အာဏာရဲ႕ေပါင္ေပၚမွာေဘးတေစာင္းေလးထိုင္လ်က္
သားျဖစ္ၿပီး အာဏာက မင္းဆက္ရဲ႕ခါးကိုဖက္ထားသည္။
မင္းဆက္ကအေနတတ္စြာနဲ႔ အာဏာကိုတြန္းၿပီး
"ဖယ္ ငါကိုယ့္ဘာသာထိုင္မယ္"
"ဘာလို႔လဲ "
"ဒီလိုႀကီးမထိုင္ခ်င္ဘူး"
မင္းဆက္ရဲ႕စကားကို အာဏာကနားမေထာင္။ ပိုတိုး
ကာဖက္ထားလိုက္ၿပီး သူ႔ထက္ျမင့္ေနတဲ့မင္းဆက္ယရဲ႕ ရင္ဘက္ေပၚမွာေခါင္းကိုတင္ကာမွီထားလိုက္သည္။
"တစ္ေန႔လံုးေလ်ာက္သြားေနတာ ခုမွေတြ႕ရတယ္ေတြရတဲ့အခ်ိန္ေလးလိမ္လိမ္မာမာေနေပးလို႔မရဘူးလား"
အာဏာကေျပာလိုက္ေတာ့မင္းဆက္ကမ်က္ႏွာမဲ့
သြားသည္။ ေက်ာျပင္ကအာဏာရဲ႕ ဆံပင္ေတြကို
လက္နဲ႔ကုိင္ေနၿပီး
"ငါကိုေျပာေတာ့ မင္းကေရာဘယ္ကိုသြားေနတာလဲ
တစ္ေန႔တစ္ေန႔ ဌာနမွာလဲမရွိ အိမ္မွာလဲမရွိ "
"အဟင္း ! ကြၽန္ေတာ္စံုစမ္းေနတာေလ အလကား
ေလ်ာက္သြားေနတာမွမဟုတ္ဘဲ"
မင္းဆက္စကားကို အာဏာကျပန္ေျပာသည္။ မင္းဆက္ကအာဏာရဲ႕စကားေၾကာင့္ စိတ္ထဲအနည္းငယ္ေပါ့
သြားသည္။
"ကြၽန္ေတာ့္က်ေတာ့ေျပာတယ္ ကိုကိုက်ေတာ့ေရာ
တစ္ေန႔တစ္ေန႔အျပင္ပဲထြက္ေနတာ မ်က္နွာေလးေတြ႕ဖို႔ေတာင္ခက္ေနၿပီ"
" ငါကလဲကိစၥရွိလို႔ေလ၊ ရနံ႔ရဲ႕မိသားစုေတြ ကိုကူညီေပးေနရတာ သူ႔အတြက္ငါဒီေလာက္ေတာ့လုပ္ေပးသင့္တယ္မလား"
မင္းဆက္ေျပာလိုက္ေတာ့ အာဏာမ်က္နွာနည္းနည္း
တင္းသြားသည္။ မင္းဆက္ရဲ႕ခါးကိုပိုတိုးကာဖက္ထား
လိုက္ၿပီး မ်က္နွာကိုေမာ့ၾကည့္ကာ
"ဒါမဲ့ ကိုယ့္အကန္႔နဲ႔ကိုယ္ေနတာေကာင္းတယ္ကိုကို
ကြၽန္ေတာ္ကသေဘာထားေသးသိမ္တဲ့လူမဟုတ္
ပါဘူး၊ မမရနံ႔ကိစၥကိုကူညီတာ ကြၽန္ေတာ္အျပစ္မေျပာဘူး၊ ကိုကိုကကူညီေပးတာေကာင္းေပမဲ့ ၾကာလာ
ရင္ေတာ့မေကာင္းဘူးကိုကိုလူေတြကကူညီတာမ်ားသြားရင္ အားနည္းေယာင္ေဆာင္ၿပီးခဏခဏအကူအညီလာေတာင္းလိမ့္မယ္ ဒါေၾကာင့္ ကူညီရင္ေတာင္ခ်င့္ခ်ိန္ရမယ္"
"မင္းကလဲ ကူညီတာေတာင္limitနဲ႔"
"ဟားးး ဟုတ္တယ္ေလ၊၊ မသိရင္သတို႔သားက
ကိုကိုက်ေနတာပဲ ကိစၥတိုင္းကို ကိုကိုကပဲဦးေဆာင္
လုပ္ေပးေနရတာ"
မေက်နပ္ခ်က္ကိုေျပာေနတဲ့ အာဏာေၾကာင့္မင္း
ဆက္ရယ္လိုက္သည္။ အာဏာရဲ႕ပါးကိုခပ္ဖြဖြဆြဲ
လိုက္ၿပီး
" ေနာက္ေန႔သြားစရာမလိုေတာ့ပါဘူးကြာ ဒီေန႔က
အလွဴလုပ္လို႔ပါ "
"အင္းပါေျပာတာပဲ"
အာဏာကေျပာၿပီး မင္းဆက္ရဲ႕ေမးေလးကိုနမ္းလိုက္
သည္။
"ကိုကို"
"အင္း "
"တကယ္လို႔ ကိုကိုမႀကိဳက္တာ ကြၽန္ေတာ္လုပ္မိရင္
စိတ္ဆိုးမွာလား"
အာဏာရဲ႕စကားေၾကာင့္မင္းဆက္စိတ္ထဲတစ္မ်ိဳးျဖစ္
သြားသည္။
"ဘာကိုဆိုလိုတာလဲ"
"ကြၽန္ေတာ္ ကိုကိုမႀကိဳက္တဲ့အရာကိုလုပ္မိရင္ေရာ
ခြင့္လႊတ္မွာလား"
"ဟင့္အင္း"
"ကိုကို"
မင္းဆက္ခ်က္ခ်င္းပင္ျငင္းလိုက္သည္။ အာဏာရဲ႕
ပါးျပင္ကိုကိုင္လိုက္ၿပီး
"ငါခြင့္မလႊတ္ဘူး၊ ဒါေၾကာင့္မင္း ငါမႀကိဳက္တဲ့
ကိစၥေတြကိုမလုပ္ရဘူးအာဏာ ၿပီးေတာ့ မင္းအဲ့လိုမလုပ္ေအာင္ငါတားမွာ"
အာဏာရဲ႕နဖူးေလးကိုသူႏူဖူးနဲ႔ ထိလိုက္ကာမ်က္
လံုးမွိတ္ခ်လိုက္၏။
"ေက်းဇူးျပဳၿပီး ငါ့စကားကိုနားေထာင္ေပးပါ ေမာင္ "
==================
ဒီေန႔လဲ အာဏာကမနက္ပိုင္းေတြဘယ္မွမသြားဘဲအိမ္မွာသာေနသည္။
မင္းဆက္ကလဲ အျပင္မသြားဘဲ ကိုယ့္အခန္းထဲမွာကိုယ္ ကုမၼဏီကအလုပ္ေတြလုပ္ေနသည္။ မိုက္ခ္ကိုခ်ည္း လြဲထားလို႔မရေတာ့ သူကိုယ္တိုင္ဝင္လုပ္ေနရျခင္းျဖစ္သည္။
ထမင္းစားၿပီးထဲက ၂ေယာက္သားကိုယ့္အခန္းထဲကိုယ္ဝင္လိုက္ၿပီး အလုပ္လုပ္ေနျခင္းျဖစ္သည္။အာဏာ ဘာေတြလုပ္ေနလဲေတာ့သူမသိ။
သူလဲ အလုပ္ေတြကိုသာလုပ္စရာရွိတာလုပ္ေနလိုက္သည္။
ေဒါက္! ေဒါက္!
"ဝင္ခဲ့"
အခန္းတံခါးေခါက္သံေၾကာင့္ မင္းဆက္လွမ္းေျပာလိုက္ေတာ့ တံခါးဖြင့္ကာဝင္လာတာက အာဏာ။ဆံပင္ကိုထံုးထားၿပီး အနက္ေရာင္အက်ီၤကိုဝတ္ထားသည္။
လက္ထဲမွာလဲ ႏြားနို႔တစ္ခြက္ကိုယူလာေသးသည္။
မင္းဆက္ရဲ႕စားပြဲနားကိုေရာက္လာၿပီး ၿပံဳးကာ
"ႏြားနို႔လာပို႔တာ ေသာက္လိုက္ဦး"
အာဏာက ခြက္ကိုမင္းဆက္ကိုကမ္းေပးလာသည္။
မင္းဆက္ကႏြားနို႔ခြက္ကိုၾကည့္ကာၿပံဳးၿပီး
"ထားလိုက္ ငါေသာက္လိုက္မယ္"
မင္းဆက္ေျပာလိုက္ေတာ့ အာဏာကမ်က္နွာကိုမဲ့လိုက္သည္။ထို႔ေနာက္ခြက္ကို စားပြဲေပၚတင္ေပးလိုက္ၿပီး
"ကြၽန္ေတာ္ကိုယ္တိုင္က်ိဳလာတာေနာ္ ကိုကိုဖို႔"
မင္းဆက္လဲ သူမေသာက္မခ်င္းရစ္ေနမဲ့ပံုရတဲ့အာဏာ
ေၾကာင့္ စားပြဲေပၚကခြက္ကိုယူၿပီး ေသာက္ရန္ျပင္သည္။
"ေမႊးတယ္မလား"
"အာဏာက ၿပံဳးစိစိနဲ႔ေမးလိုက္ေတာ့ မင္းဆက္ကၿပံဳး
ကာ.....
"အင္း ေမႊးတယ္"
ထို႔ေနာက္ မင္းဆက္ႏြားနို႔ကိုေမာ့ေသာက္လိုက္သည္။ အာဏာကသူ႔ေရွ႕ကခံုမွာထိုင္ကာစားပြဲေပၚ
က စာ႐ြက္ေတြကိုၾကည့္လာသည္။
"ကုမၼဏီကကိစၥေတြလား"
မင္းဆက္လဲ ကုန္သြားတဲ့ႏြားနို႔ခြက္ကိုျပန္ခ်လိုက္ၿပီး
အာဏာေမးေနတဲ့စာ႐ြက္ေတြကိုၾကည့္ကာေခါင္းညိတ္
လိုက္သည္။
"အင္း ကုမၼဏီကကိစၥေတြ"
အာဏာကေတာ့ ဘာမွဆက္မေမး။ စာ႐ြက္ေတြကိုသာ
ၾကည့္ေနသည္။
မင္းဆက္ အာဏာကိုဆက္ၿပီးမေျပာေတာ့ဘဲအလုပ္ဆက္လုပ္ေနလိုက္သည္။ သူလုပ္ေနရင္းအိပ္ခ်င္စိတ္ကထိန္းမရ။ သန္းေဝလာသလို မ်က္လံုးေတြေလးလာသည္။ နားထင္ကိုဖိၿပီးေနေပမဲ့မရ။
သူ႔ေရွ႕မွာထိုင္ေနတဲ့အာဏာကိုလဲမသဲမကြဲျဖစ္လာသည္။ သူေနာက္ဆံုးသိလိုက္တဲ့အသိကသူ႔ေရွမွာထိုင္တဲ့အာဏာပင္။
အာဏာ စားပြဲေပၚမွာေမွာက္က်သြားတဲ့မင္းဆက္
ကိုၾကည္လိုက္သည္။ ထို႔ေနာက္ သူထိုင္ေနရာမွထရပ္
လိုက္ၿပီး မင္းဆက္ရဲ႕ေဘးနားကိုသြားလိုက္သည္။
အိပ္ေပ်ာ္သြားတဲ့ မင္းဆက္ကိုေပြ႕ခ်ီကာ ေမြ့ရာရွိရာကို
သူသြားလိုက္သည္။ သူ႔လက္ေပၚမွာနွစ္နွစ္ၿခိဳက္ၿခိဳကအိပ္ေပ်ာ္သြားတဲ့ မင္းဆက္ကိုၾကည့္ၿပီး အာဏာ
ေမြ့ရာေပၚကို ျဖည္းျဖည္းခ်င္းခ်ေပးလိုက္သည္။
ေမြ့ရာေပၚမွာေသေသခ်ာခ်ာေလးတင္ေပးၿပီးေစာင္
ကိုကၿခံဳေပးလိုက္သည္။ ႏူးညံတဲ့မ်က္နွာေလးကို
လက္နဲ႔ဖြဖြေလးပြတ္ေပးလိုက္ၿပီး နဖူးေလးကိုငံုနမ္းလိုက္သည္။
"ေတာင္းပန္ပါတယ္ ထပ္ၿပီးေတာင္းပန္ပါတယ္"
အာဏာမ်က္ရည္ေတြေဝ့သီကာေျပာလိုက္သည္။ေမြ့ရာ
ေဘးမွာရွိတဲ့ ဖုန္းကိုယူလိုက္ၿပီး အာဏာစက္ပိတ္
ထားလိုက္သည္။
ထို႔ေနာက္ သူအခန္းထဲကျပန္ထြက္သြားသည္။
ထို႔ေနာက္ ၿခံထဲကထြက္သြားတဲ့ကားတစ္ဦး ။ ထိုကားကိုေမာင္းသြားထြက္သြားတာေတာ့ အာဏာ။
သူဘယ္ကိုသြားတာလဲသူသာသိလိမ့္မည္။
====================
ရွင္းခန္႔ ဌာနမသြားဘဲ တိုက္ခန္းမွာပဲေနတာၾကာ
ၿပီျဖစ္သည္။ ညီလင္းဆီကို USBေတြေပးထားတာ
လဲ ၂ရက္ရွိၿပီျဖစ္သည္။ ဘာသတင္းမွမၾကားရေသး
တဲ့အတြက္သူ စိတ္ပူေနသည္။
တကယ္လို႔ညီလင္းသာမသိရင္ ဒီကိစၥကပိုၿပီးခက္ခဲသြားနိုင္သည္။
ညေရာက္ေတာ့ရွင္းခန္႔ တိုက္ခန္းမွာညစာစားေနရင္း ညီလင္းဆီက အေၾကာင္းၾကားမလားေစာင့္ေနသည္။
သူစားေနရင္း laptopကိုၾကည့္ကာ အလုပ္လုပ္ရ
ေသးသည္။ အခ်ိန္အားျဖင့္ ည၉နာရီေလာက္ျဖစ္
ေနၿပီျဖစ္သည္။
ရွင္းခန္႔ စားေနရင္းဝင္လာတဲ့mailေၾကာင့္လက္ထဲကဇလံုႀကီးကိုခ်လိုက္ၿပီး ကျပာကယာၾကည့္လိုက္သည္။
ညီလင္းဆီကျဖစ္တဲ့အတြက္ သူကအာရံုစိုက္ကာ
ေသခ်ာၾကည့္လိုက္သည္။ သန္႔စင္ခန္းထဲက
cctvမွတ္တမ္းျဖစ္ၿပီး သင္းရနံ႔ေသဆံုးတဲ့ေနရာ
ျဖစ္သည္။
sreen ေပၚတြင္ေပါေနတဲ့ သင္းရနံ႔ရဲ႕ပံုကိုရွင္းခန္႔ေသခ်ာၾကည့္ေနမိသည္။
အိမ္ထဲကိုဝင္လာၿပီးေနာက္ သူမကသန္႔စင္ခန္းေရွ႕
ေရာက္လာသည္။ သူ သင္းရနံ႔အိမ္မွာၾကည့္တုန္း
ထိုေနရာမွစၿပီးေနာက္ပိုင္းေတြမပါေတာ့တာျဖစ္သည္။
ထို႔ေၾကာင့္ ရွင္းခန္႔ အာရံုစိုက္ကာၾကည့္ေနသည္။ သူမကသန္႔စင္ခန္းထဲဝင္ၿပီးေနာက္ ေဘစင္မွာလက္ေဆး
ေနသည္။ ထိုစဥ္ ေနာက္ကေနလူတစ္ေယာက္
ေပၚလာၿပီး သူမ ပါးစပ္ကိုလက္နဲ႔ပိတ္ထားလိုက္ၿပီး
လည္ပင္းကို ေသးငယ္တဲ့အရာတစ္ခုနဲ႔လွီးျဖတ္လိုက္
သည္။ ေသးငယ္တဲ့အရာျဖစ္တဲ့အတြက္ ဘာလဲဆိုတာ
သူသဲကြဲေအာင္မျမင္ရေပ။
သို႔ေသာ္.....
"ဒါက"
ဆံပင္ရွည္ကိုတစ္ဝက္သာစီးထားၿပီး အေနာက္တိုင္း
ဝတ္ဆံုနဲ႔လူက သူမရဲ႕လည္ပင္းကိုလွွီးျဖတ္လိုက္ျခင္း။
လွီးလိုက္တဲ့ေနရာ သူတို႔စစ္ေဆးထားသလိုေသြးေၾကာ
ကိုလွီးျဖတ္လိုက္ျခင္းျဖစ္သည္။
လွီးၿပီးေနာက္ သူမ က ၾကမ္းျပင္ေပၚလဲက်သြား
ၿပီး ေနာက္ေသြးေတြထြက္လာသည္။ ထိုလူကိုေတာ့
ေသြးေတြမေပ။ ထို႔ေနာက္ ေဘစင္မွာလက္ေဆးကာ
cctvကိုတစ္ခ်က္ၾကည့္ကာထိုလူကၿပံဳးသည္။
cctvတပ္ထားတာကို သိေနပံုပင္။ ထို႔ေနာက္ထိုလူကျပန္ထြက္သြားသည္။ထိုလူျပန္ထြက္သြာတဲ့ေနရာကို
လိုက္ၾကည့္ေတာ့ ဧည့္ခံပြဲကိုသြားတဲ့ေနရာျဖစ္ေနသည္။
ရွင္းခန္႔ screenေပၚကျမင္ကြင္းကိုၾကည့္ကာ အံ့ၾသ၍
မဆံုး။ဘာလို႔လဲ။
အာဏာကဘာလို႔လဲ။
"ဟားးး "
ရွင္းခန္႔ေဝ့သီလာတဲ့မ်က္ရည္ေတြကို ေခါင္းေမာ့ကာ
ထိန္းသိမ္းလိုက္သည္။
ဘာအေၾကာင္းေၾကာင့္လဲ၊၊ တိုက္ခန္းအမႈတုန္းကမ်က္
နွာေသခ်ာမျမင္ရတဲ့အတြက္သူမယံုၾကည္ခဲ့။ ဒါေၾကာင့္
လဲ သူမင္းဆက္ကိုပဲေျပာတာျဖစ္ၿပီးညီ ျဖစ္တဲ့ ေအာင္
ခန္႔ကိုေတာင္မေျပာေပ။
ဘာလို႔လဲ။ ရွင္းခန္႔ မယံုနိုင္ေလာက္ေအာင္အံ့ၾသ
ေနရသည္။ အာဏာဆိုတာ သူ႔ညီေလးလိုသံေယာဇဥ္
ရွိတဲ့ေကာင္ေလး။ မင္းဆက္ကိုသိပ္ခ်စ္ရွာတဲ့ေကာင္ေလး။
"ဘာလို႔မင္းျဖစ္ေနတာလဲ"
ရွင္းခန္႔ အံ့ၾသခ်င္းမ်ာစြာနဲ႔ျဖစ္ေနစဥ္ ညီလင္းဆီက
ေနာက္ထပ္mailေရာက္လာသည္။
_ငါ့ဆီကိုလာခဲ့လို႔ရမလား ေနာက္တစ္ခုကmail
ပို႔လို႔အဆင္မေျပဘူး လူကိုယ္တိုင္ေတြ႕မွရမယ္_
ီညီလင္းရဲ႕စာေၾကာင့္ ရွင္းခန္႔ ဖုန္းဆက္ရန္လုပ္သည္။
ေဘးနားခ်ထားတဲ့ဖုန္းကိုယူလိုက္ၿပီး ညီလင္းဆီ
ကိုဆက္လိုက္သည္။
ဖုန္းဝင္ဝင္ခ်င္းတစ္ဖက္ကညီလင္းက ခ်က္ခ်င္းကိုင္
သည္။
"ရွင္းခန္႔"
"ေအး ငါခုလာခဲ့မယ္ ျဖစ္လား"
"ေအး လာခဲ့၊ ျမန္ျမန္လာ၊ ငါmailကပို႔လို႔အဆင္မေျပဘူး"
"ေအး ငါခုထြက္လာၿပီေဟ့ေကာင္ ေစာင့္ေန"
"ေအး ငါေစာင့္ တီ!"
တစ္ဖက္ကဖုန္းခ်သြားတဲ့ ညီလင္းေၾကာင့္ရွင္းခန္႔လန္႔သြားသည္။ စိတ္ထဲ မသကာၤတဲ့အတြက္ သူ ဖုန္းကိုခ်က္ခ်င္းခ်လိုက္ၿပီး အနက္ေရာင္အေႏြးထည့္နဲ႔ ကားေသာ့ကိုယူကာ ခ်က္ခ်င္းထြက္လာခဲ့သည္။
ကားေပၚကိုခ်က္ခ်င္းတတ္ၿပီး ညီလင္းရဲ႕တိုက္ခန္း
ဆီကို အျမန္ဆံုးေမာင္းလာခဲ့သည္။ ကားေမာင္းေန
ရင္းနဲ႔လဲ ညီလင္းဖုန္းကိုဆက္တိုက္ေခၚေနမိသည္။
သို႔ေသာ္ ဖုန္းကလံုးဝဆက္သြယ္မရ။စက္ပိတ္ထားသည္သာေျပာေနသည္။
ရွင္းခန္႔ စိတ္တိုစြာဖုန္းကိုထပ္ၿပီးမဆက္ေတာ့ပဲကားကို
အျမန္ဆံုးေမာင္းလာခဲ့သည္။
တိုက္ခန္းေရွ႕ေရာက္ေတာ့ သူခ်ကခ်င္းးကားေပၚ
ကဆင္းၿပီး ညီလင္းရဲ႕တိုက္ခန္းရွိရာအထပ္ကိုေျပးတတ္လိုက္သည္။
ဒုတိယအထပ္မို႔ေတာ္ေသးသည္လို႔ေျပာရမည္။ ရွင္းခန္႔ ေလွကားထစ္ကိုေျပးတတ္လာရင္းညီလင္းတိုက္ခန္း
ေရွ႕ကိုေရာက္လာသည္။
တံခါးက ဟထားတဲ့အတြက္သူစိုးရိမ္စြာအထဲကိုအျမန္ဝင္လိုက္သည္။ဧည့္ခန္းထဲမွာ ဘာမွမေတြ႕တာမို႔ ရွင္းခန္႔ ထိတ္လန္႔သြားသည္။
"ညီလင္း ! ေဟ့ေကာင္! "
ဘာသံမွမၾကားရ။သူညီလင္းရဲ႕အခန္းတံခါးကိုသြား
ၿပီးဖြင့္လိုက္ေတာ့ျမင္ရတဲ့ျမင္ကြင္းေၾကာင့္ တစ္ကိုယ္
လံုးေတာင့္တင္းသြားသည္။
ၾကမ္းျပင္မွာပက္လက္လဲက်ေနတဲ့ညီလင္း။လည္ပင္းမွာေသြးေတြစီးက်လ်က္။ မ်က္လံုးကဖြင့္လ်က္သား။
ေသခ်ာတာက အသက္မဲ့ေနၿပီ။
================
တိတ္ဆိတ္တဲ့ ကားလမ္းေဘးမွာရပ္ထားတဲ့ကား
တစ္စီး။ ကားေပၚကလူကေတာ့ ေအးေအးေဆးေဆး
ေဆးလိပ္ေသာက္ေနသည္။
ရွည္လ်ားတဲ့ဆံႏြယ္ကိုထံုးထားၿပီး ေရွ႕မွာကပိုကရိုက်
ေနသည္။ အျပာေရာင္မ်က္ဝန္ေလးကလက္ထဲကအနက္ေရာင္USBကိုစိုက္ၾကည္လ်က္။
လက္ထဲကUSBကိုတစ္စစီခ်ိဳးလိုက္ၿပီး နႈတ္ခမ္းက
ခပ္မဲ့မဲ့ၿပံဳးလိုက္သည္။ခ်ိဳးဖ်က္ျခင္းခံလိုက္ရတဲ့USBထဲကအခ်က္အလက္ေတြကေတာ့ စုတ္ျပတ္သပ္ကာအထဲကအခ်က္အလက္ေတြလဲ ပ်က္စီးသြားၿပီ။
ထို႔ေနာက္ ကားစက္နႈိုးကာေမာင္းထြက္သြားတဲ့ကားေလး။ ကားေပၚကေကာင္ေလးကေတာ့ မ်က္လံုးအျပာ
ေရာင္ေလးနဲ႔ ၿပံဳးလ်က္။
သူ႔ရဲ႕အၿပံဳးက ကိုယ္လုပ္ခ်င္တာကိုလုပ္လိုက္ရလို႔ေပ်ာ္ေနတဲ့ကေလးတစ္ေယာက္လိုပင္။
#12.12.2020
===================