<Unicode>
တစ်ကိုယ်လုံးကို တင်းကျပ်စွာဖက်ထားတဲ့
အာဏာကြောင့် မင်းဆက်နိုးလာခဲ့သည်။သူ့ကို
တင်းကျပ်စွာဖက်ထားတဲ့အာဏာကို မော့ကြည့်မိ
သည်။
ဆံပင်တွေကိုစည်းမထားတဲ့အတွက် ခေါင်းအုံးပေါ်
တွေရော ပခုံးပေါ်တွေရောမှဖြာကျနေသည်။သူများ
ထက်ထူးခြားပြီး နက်မှောင်တဲ့မျက်ခုံး။
ဖြောင့်ဆင်းနေတဲ့နှာတံ၊ ခပ်မဲ့ပြုံးရင်တောင်သိပ်ကြည့်
လို့ကောင်းတဲ့နှုတ်ခမ်း။ မင်းဆက်ကြည့်နေရင်း အဖု
အထစ်မရှိတဲ့ ပြောင်ချောနေတဲ့ ပါးပြင်ကိုဖွဖွလေး
ပွတ်သပ်မိသည်။
လက်တွေကလဲ သူ့ကိုဖက်ထားတာကို ခုထိမလွှတ်သေး။မင်းဆက် သူခေါင်းအုံးထားတာ အာဏာရဲ့လက်
ဆိုတာသိတော့ ခေါင်းကိုကြွကာဖယ်ပေးဖို့ပြင်လိုက်
သည်။
တစ်ညလုံးခေါင်းထားတာကိုသိလိုက်တော့ အားနာ
သွားသည်။ တစ်ညလုံးခေါင်းအုံးထားတော့ ညောင်း
နေမည်ဆိုး၍ မင်းဆက်ခေါင်းကိုကြွလိုက်ပြီး ထရန်
ပြင်လိုက်သည်။
စောင်ကိုအသာလှပ်ပြီး မွေ့ရာပေါ်ကိုဆင်းရန်တစ်ဖက်ကိုလှည့်လိုက်သည်။ ရုတ်တရက် အာဏာကနောက်ကိုခါးကိုပြန်ဆွဲလိုက်တဲ့အတွက် သူ အာဏာရဲ့လက်ပေါ် ခေါင်းပြန်အုံးမိသွားသည်။
"ဖယ်တော့ ငါထတော့မယ်"
မင်းဆက်ပြောလိုက်သော်လည်း အာဏာဖယ်မပေး။ ပိုတိုးကာဖက်လိုက်ပြီး မင်းဆက်ရဲ့ဂုတ်ကိုမျက်နှာအပ်ကာ ဖက်ထားသည်။
မင်းဆက် ဂုတ်ကရွစိရွစိဖြစ်လာတဲ့အတွက် အနည်း
ငယ်ရုန်းလိုက်သည်။
"ယားတယ် ဖယ်တော့"
"အင်း ခဏလေး"
အာဏာက တစ်ခွန်းပဲပြောပြီး ဆက်ပြီးဖက်ထား
သည်။ မင်းဆက်ကလဲ ဆက်ပြီးတော့
"ထတော့လေ ဌာနသွားရမယ်လေ"
သူပြောလိုကတော့ အာဏာကဖက်ထားတာကို လွှတ်
ပေးလိုက်သည်။ မင်းဆက်လဲ ထိုအခါမှထလိုက်ပြီး
မွေ့ရာအစပ်မှာထိုင်နေလိုက်သည်။
မွေ့ရာပေါ်မှာထိုင်နေပြီးခြေထောက်ကိုအောက်ချ
ထားသည့်မင်းဆက်ရဲ့နောက်ကနေအာဏာက
ခါးကိုသိုင်းဖက်လာသည်။
မင်းဆက်ရဲ့ လည်တိုင်ကိုမျက်နှာအပ်ပြီး လက်က
ခါးကိုဖက်ထားသည်။ တစ်ချက်တစ်ချက် လည်တိုင်
ကို ကိုက်ကာအမှတ်အသားပေးနေတဲ့ အာဏာ
ကြောင့် မင်းဆက်အနည်းငယ်ရုန်းမိသည်။
"အပျင်းကြီးမနေနဲ့။ ဌာနသွားဖို့ပြင်တော့"
"အင်းပါ "
မင်းဆက်ထပ်ပြောလိုက်မှ အာဏာကဖက်ထားရက
နေလွှတ်ပြီး မွေ့ရာပေါ်ကဆင်းလာသည်။ ကျောမှာ
ပြန့်ကျဲနေတဲ့ ဆံပင်ကို စားပွဲပေါ်တင်ထားတဲ့
အနက်ရောင် ခေါင်းစည်းကြိုးနဲ့စည်းကာ ရေချိုး
ခန်ထဲဝင်သွားသည်။
မင်းဆက်ကတော့ မွေ့ရာပေါ်ကမဆင်းသေး။ခဏကြာတော့ အာဏာကရေချိုးခန်းထဲကမျက်နှာသစ်ပြီးထွက်လာသည်။
မွေ့ရာပေါ်မှာထိုင်နေတဲ့ မင်းဆက်ရဲ့ဘေးနားသွား
ကာပါးကိုနမ်းလိုက်တော့ မင်းဆက်ကတွန်းဖယ်သည်။
"ဖယ်စမ်း အေးတယ်"
"အေးတာနဲ့ မျက်နှာတောင်မသစ်တော့ဘူးပေါ့ ဟုတ်လား ညစ်ပက်အိုးလေး"
"ငါမျက်နှာမသစ်ဘူးလို့ပြောမိလို့လား ဖယ်"
"တဖယ်ဖယ်နဲ့ ဘာဖြစ်နေတာလဲ ဟမ်! ပြောရ ဆိုရသိပ်ခက်နေတာပဲ "
"စကားမများနဲ့ သွားဖို့ပြင်"
မင်းဆက်ကမွေ့ရာပေါ်ကဆင်းလာပြီးပြောသည်။အာဏာက မျက်နှာသုတ်နေရင်း မင်းဆက်ကိုကြည့်ကာ
"ဘာလဲ ကိုကိုလိုက်မလို့လား"
"အင်း လိုက်မှာ"
မင်းဆက်ကလိုက်မယ်ပြောတော့ အာဏာကတွေးစစနဲ့
"ကောင်းပြီလေ လိုက်ခဲ့"
"အွန်း"
မင်းဆက်က ပြောပြီးရေချိုးခန်းထဲဝင်လာခဲ့သည်။
မှန်မှာထင်ဟက်နေတဲ့ မျက်နှာကိုကြည့်ကာ သက်
ပြင်းချမိသည်။
ညကသင်းရနံ့ကိစ္စကိုသတိရမိတော့ မျက်ရည်လည်
လာသည်။ တစ်ဦးတည်းသောသူငယ်ချင်း၊ မင်္ဂလာပွဲ
မှာခုလိုကြုံရတာ မင်းဆက်အတွက်အတော်ခံရခက်
သည်။
ပါးပြင်ကိုစီးကျလာတဲ့ မျက်ရည်တွေကိုသုတ်လိုက်
ပြီး မြန်မြန်ပဲမျက်နှာသစ်လိုက်သည်။
မင်းဆက်မျက်နှာသစ်ပြီလို့ အပြင်ထွက်လာတော့
အာဏာကအဝတ်အစားတောင်လဲပြီးနေပြီဖြစ်သည်။
ထုံးစံအတိုင်းအနက်ရောင်ကိုသာဝတ်ပြီး မွေ့ရာပေါ်
မှာထိုင်နေသည်။
"ပြီးပြီလား ဟိုဘက်အခန်းထဲပြန်လဲတာလား"
ခုရောက်နေတာသူ့ရဲ့အခန်းဖြစ်တဲ့အတွက်အာဏာကိုအဝတ်အစားဟိုဘက်အခန်းပြန်လဲတာလားမေးလိုက်ခြင်းဖြစ်သည်။
အာဏာက ခေါင်းညိတ်ကာ
"အင်း "
"ခဏစောင့်ဦးငါအဝတ်အစားလဲလိုက်ဦးမယ်"
"အေးအေးဆေးဆေးလုပ် ကျွန်တော်စောင့်နေမယ်"
မင်းဆက်က ခေါင်းညိတ်ကာအဝတ်ဗီဒိုကိုသွားပြီး
အဝတ်အစားထုတ်လိုက်သည်။ ပေါ့ပေါ့ပါးပါးဖြစ်
စေမဲ့အဝတ်အစားကိုသာဝတ်လိုက်ပြီး ပြင်ဆင်ခြင်း
ပြီးဆုံးသွားသည်။
"သွားမယ်"
"အင်း"
ထို့နောက်၂ယောက်သားအခန်းထဲကထွက်လာခဲ့သည်။ အောက်ထပ်ရောက်တော့ အာဏာကမင်းဆက်ကိုလှည့်ကြည့်လာပြီး
"ကိုကို ကျွန်တော့်ကားကိုမောင်းလာခဲ့။ ကျွန်တော်
ညကဌာနကကားကိုမောင်းလာလိုက်မယ်"
"ဖြစ်တယ်လေ ပေး ကားသော့"
မင်းဆက်ကလက်ဖြန့်ကာကားသော့တောင်းလိုက်
တော့ အာဏာကကားသော့ကိုပေးလာသည်။
မင်းဆက်ကအာဏာပေးတဲ့ကားသော့ကိုယူလိုက်ပြီး
"မင်းသွားနှင့်လေ ငါနောက်ကလိုက်ခဲ့မယ်"
"အင်း ဂရုစိုက်မောင်း"
"အင်း"
အာဏာကပြောပြီး အလုပ်သမားကောင်လေးကိုညကဌာနကကားကိုသွားထုတ်ခိုင်းလိုက်သည်။ထို့နောက် ထိုကားကိုမောင်းကာကခြံထဲကထွက်သွားသည်။
ထွက်သွားတဲ့ကားကိုကြည့်ပြီးမင်းဆက်လဲ ကားဖြင့်
နောက်ကနေလိုက်လာခဲ့သည်။
====================
"ငါ သင်းရနံ့အိမ်ကိုသွားလိုက်မယ်"
ဌာနရောက်တော့ မင်းဆက်ကအားလုံးကို
ပြောလိုက်သည်။ အားလုံးက ကြောင်တောင်
တောင်နဲ့ သူ့ကိုကြည့်နေတော့ မင်းဆက်ပြုံးလိုက်ပြီး
"လျောက်တွေးမနေနဲ့။ ငါကငါ့ဘာသာသွားစုံစမ်းမှာ
မင်းတို့နဲ့မဆိုင်ဘူး။ ဒါကြောင့် ငါပြဿနာတစ်ခုခုဖြစ်ရင်တောင်မင်းတို့နဲ့လုံးဝမပက်သက်ဘူး"
မင်းဆက်က Blue Moonကလူမဟုတ်တော့အတွက်ကြောင့်ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
"ကျွန်တော်လိုက်ခဲ့မယ်ကိုကို"
မင်းဆက်စကားဆုံးတော့ အာဏာက သူလိုက်မယ်လို့
ထပြောလာသည်။ မင်းဆက်ကခေါင်းခါပြပြီး
"မလိုက်နဲ့ မင်းကျန်ခဲ့။ တခြားလုပ်စရာတွေလဲရှိ
သေးတာကို "
"ဒါမဲ့"
"ငါအဆင်ပြေတယ် စိတ်မပူနဲ့
ဘယ်လိုမှပြောမရတော့တဲ့မင်းဆက်ကြောင့်အာ
ဏာ လက်လျော့လိုက်ရသည်။ မင်းဆက်ကိုကြည့်
ကာ
"တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်နော်"
"အင်းပါ စိတ်ချ"
"အွန်း"
မင်းဆက်ကိုပြောပြီးအခန်းထဲကထွက်သွားသည်။
ကျန်ခဲ့တဲ့ လူတွေကလဲ ခေါင်းခြောက်နေကြသည်။
ပထမမကိစ္စမပြီးသေး နောက်ကိစ္စကပေါ်လာပြန်သည်။
"အာ ဒီမှာ အလောင်းကဒဏ်ရာပုံ"
အောင်ခန့်က မင်းဆက်ထွက်သွားမှသတိရသွားတဲ့
ပုံစံနဲ့ ပြလိုက်သည်။
"ခေါင်းဆောင်ကိုတောင်မပြလိုက်ရဘူး။ သတိတွေကလဲ"
"ပြန်လာမှပြလို့လဲရတာကို"
ရှင်းခန့်ကပြောပြီး အောင်ခန့်ပေးတဲ့ စာအိတ်ကိုယူလိုက်သည်။ အောင်ခန့်ကလဲခေါင်းညိတ်လိုက်သည်။
အာဏာကတော့ ဘေးနားကနေကြည့်နေသည်။
ရှင်းခန့်ကစာအိတ်ကိုဖောက်ပြီး ဓာတ်ပုံတွေကို စားပွဲ
ပေါ်ကိုသွန်ချလိုက်တော့ ပုံတွေအများအပြားထွက်
လာသည်။
အာဏာက ထိုပုံတွေကထဲကတစ်ပုံကိုယူပြီးကြည့်
လိုက်သည်။ ရှင်းခန့်ကလဲ ပုံတစ်ပုံကိုယူကြီးကြည့်
လိုကာသည်။
လည်ပင်းပြတ်ရာကြီးကအရမ်းကြီးမကြီးပေ။ သို့
သော် နက်ပုံရသည်။
"ဓားလို့ထင်လား"
ရှင်းခန့်မေးလိုက်တော့ အားလုံးကသူ့ကိုကြည့်လာသည်။ ဂျောင်ဝူးကလဲ အနားရောက်လာပြီး ကြောင်တောင်တောင်လေးနဲ့ပြူးကြည့်လာသည်။
ထို့နောက် စားပွဲပေါ်တငထားတဲ့ ပုံကိုယူပြီး ကြည့်
လိုက်သည်။
"ကျွန်တော်ကတော့ ဓားလို့ထင်တယ်"
ဂျောင်ဝူးကပြောတော့ ရှင်းခန့်က
"ငါထင်တာဟုတ်တယ်မလား ။ ငါလဲဓားလို့ပဲထင်တယ်၊ ခက်တာက ဓားဆိုတဲ့သက်သေရှိမှမရှိတာ"
"ဓားဆိုရင်တောင်တော်တော်ပြတ်တဲ့ဓားဖြစ်ရမယ် ဘာလို့လဲဆို ရှရာကကြီးပြီးနက်ပေမဲ့ ဒဏ်ရာကသိပ်မသိသာဘူးနော်"
ဂျောင်ဝူးပြောလိုက်တော့ အားလုံးကပုံကိုသေချာ
ပြန်ကြည့်သည်။ စိုင်းအောင်ကလဲ ပုံကိုပြူးပြဲပြီးကြည့်နေသည်။
အမှန်ပင်။ ဂျောင်ဝူးပြောသလို ဒဏ်ရာကကသွေး
တိတ်သွားတော့ သိပ်မသိသာ။ ဒဏ်ရာကိုသေချာ
ကြည့်မှ ရှရာက၆လက်မလောက်ရှိသည်။
သေးပြီးပြတ်လွန်းတဲ့အရာနဲ့ ဖြတ်လိုက်ပုံပင်။ ဘယ်
သူကဒီလောက်ရက်စက်နဲ့နည်းကိုသုံးလိုက်ရတာလဲ
သူတို့မသိ။
"ဓားလို့မထင်ဘူး"
အာဏာရဲ့စကားကြောင့် အားလုံးကကြောင်သွား
သည်။ ရှင်းခန့်ကမျက်မှောင်ကြုတ်ကာ
"ဘာကိုဆိုလိုတာလဲ"
ရှင်းခန့်မေးလိုက်တော့ အာဏာကလက်ထဲပပုံကိုပြန်ချလိုက်သည်။ ပြီးမှာ ခပ်တည်တည်နဲ့
"ဓားလို့ထင်စရာကောင်းပေမဲ့ သက်သေမရှိဘူးလေ
ဓားနဲ့တူနဲ့အရာရောမဖြစ်နိုင်ဘူးလား"
"ဆိုလိုတာက"
"အတိအကျတော့မသိသေးဘူး။ စိတ်ကြိုက်တွေး
ကြည့်ပေါ့"
ရှင်းခန့်ကတော့ အာဏာရဲ့စကားကိုနားမလည်ဖြစ်
နေသည်။
"အားး!"
"ဖြစ်တာလဲ အလန့်တကြားနဲ့"
ရုတ်တရက်ထအော်လိုက်တဲ့အောင်ခန့်ကြောင့်စိုင်းအောင်ကလန့်သွားကာဆိုလိုက်သည်။အောင်ခန့်က ထိုင်နေရာကနေထသွားပြီး အလုပ်စားပွဲပေါ်ကတစ်ခုခုကိုသွားယူသည်။
ထို့နောက် ပြန်လာပြီးပုံတစ်ပုံကိုချပေးလိုက်သည်။
"ဒီမှာကြည့်စမ်း"
စားကွဲပေါ်တင်လိုက်တဲ့ ပုံကြောင့် အားလုံးစိတ်ဝင်တစားကြည့်လိုက်သည်။ အာဏာကလဲ စိတ်ဝင်စားစွာကြည့်လိုက်သည်။
အောင်ခန့်က သင်းရနံ့ရဲ့ဒဏ်ရာနဲ့ တိုက်ခန်းထဲမှာ
သေသွားတဲ့ကောင်မလေးဒဏ်ရာကိုယှဉ်ပြသည်။
"မတူဘူးလား"
ယှဉ်ပြီးကြည့်လိုက်တော့ ဒဏ်ရာကတူနေသည်။လည်ပင်းချင်းတူသည်သာမကဒဏ်ရာက တစ်ထပ်တည်းတူနေသည်။
"တစ်ယောက်တည်းပဲ"
ရှင်းခန့်ရဲ့စကားကို အာဏာစူးစိုက်ကာနားထောင်
နေသည်။
"ဒါဆိုရင်"
"အင်း သတ်တဲ့လူကတစ်ယောက်တည်းပဲ"
ရှင်းခန့်ကပြောပြီး ထိုင်နေရာကနေထရပ်လိုက်သည်။
စိုင်းအောင်ကကြည့်ပြီး
"ဘာလို့လဲ"
"ငါအပြင်သွားလိုက်ဦးမယ် မင်းတို့ဆက်ပြီးရှင်း ထားကြ"
ရှင်းခန့်ကပြောပြီးကားသော့ကိုယူကာအခန်းထဲကထွက်သွားသည်။ စိုင်းအောင်ကစူပုတ်ပုတ်နဲ့ကျန်ခဲ့ပြီး
"အားး ဘာရှင်းရမှာလဲ။ ဘယ်ကစပြီးဘယ်လိုလုပ်
ရမှန်းတောင်မသိဘူး"
ထိုစဉ် အာဏာကထရက်ပြီး
"ကျွန်တော်လဲ အပြင်ခဏသွာဦးမယ် "
ပြောပြီးအာဏာကထွက်သွားပြန်သည်။အောင်ခန့်က
ထွက်သွားတဲ့ အာဏာကိုကြည့်ကာသက်ပြင်းချ
ပြီး
"တစ်ယောက်ပြီးတစ်ယောက်သွားပြီ။ငါတို့ပဲကျန်တော့တယ်"
အောင်ခန့်ကမျက်နှာကြီးမဲ့ကာပြောရှာသည်။ ဂျောင်ဝူး
ကတော့ခုံပေါ်ကပုံတွေကိုပြန်ချထားလိုက်ပြီး သူ့
စားပွဲကိုသူပြန်သွားသည်။
"သိချင်တာရှိရင်ပြော ငါgameဆော့လိုက်ဦးမယ်"
"ဘာ မင်းကခုလိုအခြေအနေမှာGame ဆော့ဦးမယ်ပေါ့ ဟုတ်လား"
အောင်ခန့်ကမျက်လုံးပြူးကာမေးသည်။ ဂျောင်ဝူးက
နောက်လှည့်လာပြီး မထီမဲ့မြင်ပုံစံနဲ့
"ဘာလို့လဲ။ ငါအလုပ်ကရှိမှမရှိတာ၊ မင်းတို့ပဲ ရှိတာလေ ကြောင်တောင်တောင်နဲ့"
ဂျောင်ဝူးကပြောပြီးတစ်ဖက်ကိုလှည့်သွားကာGameဆော့နေသည်။ အောင်ခန့်ကတော့ဂျောင်ဝူးကိုအံ့ဩလို့မဆုံး။
"ဟုတ်တယ်လေ သူ့အလုပ်မှမရှိတာ။ သူ့အလုပ်ကငါတို့လိုချင်တဲ့အချက်အလက်ကိုရှာပေးရုံပဲလေ"
စိုင်းအောင်ကဝင်ပြောတော့ အောင်ခန့်ကမျက်လုံး
စွေကာကြည့်ပြီး
"မင်းယောက်ဖကိုကာကွယ်ပေးနေလိုက်"
"သူ့မှာညီမမရှိဘူးကွ"
"ခွေးကောင် "
ဂျောင်ဝူးကလှမ်းဆဲတော့ အောင်ခန့်ကမသိချင်
ယောင်ဆောင်ကာ ဖုန်းကိုထုတ်လိုက်သည်။တစ်ခုခုကိုအာရုံစိုက်ကြည့်နေတဲ့ အောင်ခန့်ကြောင့်စိုင်းအောင်ကဘေးနားကပ်လာသည်။
အောင်ခန့်ကြည့်နေတဲ့ ဖုန်းထဲကအရာကိုမြင်တော့
စိုင်းအောင်က
"အယ် အဲ့တာNemophilaတွေမို့လား"
"အင်း "
အောင်ခန့်က အင်းတစ်လုံးသာပြောပြီးဖုန်းကိုသာ
ဆက်ကြည့်နေသည်။ စိုင်းအောင်ကလဲ ဘေးနားက
နေကပ်ကာကြည့်နေသည်။
"ဘာလုပ်မလို့လဲ"
"တအားစပ်စုတာပဲ မင်းကလဲ"
"ဟ ငါကသိချင်လို့ပါ"
"ငါနဲ့ရင်းအသေးလေးနဲ့ နောက်ပိုင်းအလုပ်တွေ
အားရင်သွားမလို့"
အောင်ခန့်ပြောလိုက်တော့ စိုင်းအောင်ကပြုံးပြီး
"အလဲ့ မိုက်တယ်ဟ။ ဟန်းနီးမွန်းပေါ့"
"ဒါပေါ့"
"ငါလဲ လိုက်မယ်လေ "
"နေစမ်းပါ မင်းကသူများကြားထဲလိုက်ပြီး ဘာလုပ်
မလိုလဲ"
"မင်းကလဲ ငါကမင်းတို့ကိုဓာတ်ပုံလိုက်ရိုက်ပေး
မယ်လေ။ ရင်းနဲ့မင်းကနေရာစုံသွား။ ငါကနောက်က
camera manလုပ်မယ်၊ ဘယ်လောက်မိုက်လဲ"
စိုင်းအောင်ကပြုံးစိစိနဲ့ပြောတော့ အောင်ခန့်က
"မဆိုးဘူး သားကြီးမင်းတော်တယ်"
"ဟားး တော်ရမယ်လေ မင်းကလဲ"
အောင်ခန့်နဲ့ စိုင်းအောင်နဲ့ကတော့ တိုင်ပင်နေကြ
သည်။ အလုပ်လဲ မလုပ်သလို ဘာကစလုပ်ရမှန်း
လဲမသိကြပေ။
#10.12.2020
====================
<Zawgyi>
တစ္ကိုယ္လံုးကုိ တင္းက်ပ္စြာဖက္ထားတဲ့
အာဏာေၾကာင့္ မင္းဆက္နိုးလာခဲ့သည္။သူ႔ကို
တင္းက်ပ္စြာဖက္ထားတဲ့အာဏာကို ေမာ့ၾကည့္မိ
သည္။
ဆံပင္ေတြကိုစည္းမထားတဲ့အတြက္ ေခါင္းအံုးေပၚ
ေတြေရာ ပခံုးေပၚေတြေရာမွျဖာက်ေနသည္။သူမ်ား
ထက္ထူးျခားၿပီး နက္ေမွာင္တဲ့မ်က္ခံုး။
ေျဖာင့္ဆင္းေနတဲ့ႏွာတံ၊ ခပ္မဲ့ၿပံဳးရင္ေတာင္သိပ္ၾကည့္
လို႔ေကာင္းတဲ့နႈတ္ခမ္း။ မင္းဆက္ၾကည့္ေနရင္း အဖု
အထစ္မရွိတဲ့ ေျပာင္ေခ်ာေနတဲ့ ပါးျပင္ကိုဖြဖြေလး
ပြတ္သပ္မိသည္။
လက္ေတြကလဲ သူ႔ကိုဖက္ထားတာကို ခုထိမလႊတ္ေသး။မင္းဆက္ သူေခါင္းအံုးထားတာ အာဏာရဲ႕လက္
ဆိုတာသိေတာ့ ေခါင္းကိုႂကြကာဖယ္ေပးဖို႔ျပင္လိုက္
သည္။
တစ္ညလံုးေခါင္းထားတာကိုသိလိုက္ေတာ့ အားနာ
သြားသည္။ တစ္ညလံုးေခါင္းအံုးထားေတာ့ ေညာင္း
ေနမည္ဆိုး၍ မင္းဆက္ေခါင္းကိုႀကြလိုက္ၿပီး ထရန္
ျပင္လိုက္သည္။
ေစာင္ကိုအသာလွပ္ၿပီး ေမြ့ရာေပၚကိုဆင္းရန္တစ္ဖက္ကိုလွည့္လိုက္သည္။ ရုတ္တရက္ အာဏာကေနာက္ကိုခါးကိုျပန္ဆြဲလိုက္တဲ့အတြက္ သူ အာဏာရဲ႕လက္ေပၚ ေခါင္းျပန္အံုးမိသြားသည္။
"ဖယ္ေတာ့ ငါထေတာ့မယ္"
မင္းဆက္ေျပာလိုက္ေသာ္လည္း အာဏာဖယ္မေပး။ ပိုတိုးကာဖက္လိုက္ၿပီး မင္းဆက္ရဲ႕ဂုတ္ကိုမ်က္နွာအပ္ကာ ဖက္ထားသည္။
မင္းဆက္ ဂုတ္က႐ြစိ႐ြစိျဖစ္လာတဲ့အတြက္ အနည္း
ငယ္ရုန္းလိုက္သည္။
"ယားတယ္ ဖယ္ေတာ့"
"အင္း ခဏေလး"
အာဏာက တစ္ခြန္းပဲေျပာၿပီး ဆက္ၿပီးဖက္ထား
သည္။ မင္းဆက္ကလဲ ဆက္ၿပီးေတာ့
"ထေတာ့ေလ ဌာနသြားရမယ္ေလ"
သူေျပာလိုကေတာ့ အာဏာကဖက္ထားတာကို လႊတ္
ေပးလိုက္သည္။ မင္းဆက္လဲ ထိုအခါမွထလိုက္ၿပီး
ေမြ့ရာအစပ္မွာထိုင္ေနလိုက္သည္။
ေမြ့ရာေပၚမွာထိုင္ေနၿပီးေျခေထာက္ကိုေအာက္ခ်
ထားသည့္မင္းဆက္ရဲ႕ေနာက္ကေနအာဏာက
ခါးကိုသိုင္းဖက္လာသည္။
မင္းဆက္ရဲ႕ လည္တိုင္ကိုမ်က္နွာအပ္ၿပီး လက္က
ခါးကိုဖက္ထားသည္။ တစ္ခ်က္တစ္ခ်က္ လည္တိုင္
ကို ကိုက္ကာအမွတ္အသားေပးေနတဲ့ အာဏာ
ေၾကာင့္ မင္းဆက္အနည္းငယ္ရုန္းမိသည္။
"အပ်င္းၿကီးမေနနဲ႔။ ဌာနသြားဖို႔႔ျပင္ေတာ့"
"အင္းပါ "
မင္းဆက္ထပ္ေျပာလိုက္မွ အာဏာကဖက္ထားရက
ေနလႊတ္ၿပီး ေမြ့ရာေပၚကဆင္းလာသည္။ ေက်ာမွာ
ျပန္႔က်ဲေနတဲ့ ဆံပင္ကို စားပြဲေပၚတင္ထားတဲ့
အနက္ေရာင္ ေခါင္းစည္းႀကိဳးနဲ႔စည္းကာ ေရခ်ိဳး
ခန္ထဲဝင္သြားသည္။
မင္းဆက္ကေတာ့ ေမြ့ရာေပၚကမဆင္းေသး။ခဏၾကာေတာ့ အာဏာကေရခ်ိဳးခန္းထဲကမ်က္နွာသစ္ၿပီးထြက္လာသည္။
ေမြ့ရာေပၚမွာထိုင္ေနတဲ့ မင္းဆက္ရဲ႕ေဘးနားသြား
ကာပါးကိုနမ္းလိုက္ေတာ့ မင္းဆက္ကတြန္းဖယ္သည္။
"ဖယ္စမ္း ေအးတယ္"
"ေအးတာနဲ႔ မ်က္နွာေတာင္မသစ္ေတာ့ဘူးေပါ့ ဟုတ္လား ညစ္ပက္အိုးေလး"
"ငါမ်က္နွာမသစ္ဘူးလို႔ေျပာမိလို႔လား ဖယ္"
"တဖယ္ဖယ္နဲ႔ ဘာျဖစ္ေနတာလဲ ဟမ္! ေျပာရ ဆိုရသိပ္ခက္ေနတာပဲ "
"စကားမမ်ားနဲ႔ သြားဖို႔ျပင္"
မင္းဆက္ကေမြ့ရာေပၚကဆင္းလာၿပီးေျပာသည္။အာဏာက မ်က္နွာသုတ္ေနရင္း မင္းဆက္ကိုၾကည့္ကာ
"ဘာလဲ ကိုကိုလိုက္မလို႔လား"
"အင္း လိုက္မွာ"
မင္းဆက္ကလိုက္မယ္ေျပာေတာ့ အာဏာကေတြးစစနဲ႔
"ေကာင္းၿပီေလ လိုက္ခဲ့"
"အြန္း"
မင္းဆက္က ေျပာၿပီးေရခ်ိဳးခန္းထဲဝင္လာခဲ့သည္။
မွန္မွာထင္ဟက္ေနတဲ့ မ်က္နွာကိုၾကည့္ကာ သက္
ျပင္းခ်မိသည္။
ညကသင္းရနံ႔ကိစၥကိုသတိရမိေတာ့ မ်က္ရည္လည္
လာသည္။ တစ္ဦးတည္းေသာသူငယ္ခ်င္း၊ မဂၤလာပြဲ
မွာခုလိုႀကံဳရတာ မင္းဆက္အတြက္အေတာ္ခံရခက္
သည္။
ပါးျပင္ကိုစီးက်လာတဲ့ မ်က္ရည္ေတြကိုသုတ္လိုက္
ၿပီး ျမန္ျမန္ပဲမ်က္နွာသစ္လိုက္သည္။
မင္းဆက္မ်က္နွာသစ္ၿပီလို႔ အျပင္ထြက္လာေတာ့
အာဏာကအဝတ္အစားေတာင္လဲၿပီးေနၿပီျဖစ္သည္။
ထံုးစံအတိုင္းအနက္ေရာင္ကိုသာဝတ္ၿပီး ေမြ့ရာေပၚ
မွာထုိင္ေနသည္။
"ၿပီးၿပီလား ဟိုဘက္အခန္းထဲျပန္လဲတာလား"
ခုေရာက္ေနတာသူ႔ရဲ႕အခန္းျဖစ္တဲ့အတြက္အာဏာကိုအဝတ္အစားဟိုဘက္အခန္းျပန္လဲတာလားေမးလိုက္ျခင္းျဖစ္သည္။
အာဏာက ေခါင္းညိတ္ကာ
"အင္း "
"ခဏေစာင့္ဦးငါအဝတ္အစားလဲလိုက္ဦးမယ္"
"ေအးေအးေဆးေဆးလုပ္ ကြၽန္ေတာ္ေစာင့္ေနမယ္"
မင္းဆက္က ေခါင္းညိတ္ကာအဝတ္ဗီဒိုကိုသြားၿပီး
အဝတ္အစားထုတ္လိုက္သည္။ ေပါ့ေပါ့ပါးပါးျဖစ္
ေစမဲ့အဝတ္အစားကိုသာဝတ္လိုက္ၿပီး ျပင္ဆင္ျခင္း
ၿပီးဆံုးသြားသည္။
"သြားမယ္"
"အင္း"
ထို႔ေနာက္၂ေယာက္သားအခန္းထဲကထြက္လာခဲ့သည္။ ေအာက္ထပ္ေရာက္ေတာ့ အာဏာကမင္းဆက္ကိုလွည့္ၾကည့္လာၿပီး
"ကိုကို ကြၽန္ေတာ့္ကားကိုေမာင္းလာခဲ့။ ကြၽန္ေတာ္
ညကဌာနကကားကိုေမာင္းလာလိုက္မယ္"
"ျဖစ္တယ္ေလ ေပး ကားေသာ့"
မင္းဆက္ကလက္ျဖန္႔ကာကားေသာ့ေတာင္းလိုက္
ေတာ့ အာဏာကကားေသာ့ကိုေပးလာသည္။
မင္းဆက္ကအာဏာေပးတဲ့ကားေသာ့ကိုယူလိုက္ၿပီး
"မင္းသြားနွင့္ေလ ငါေနာက္ကလိုက္ခဲ့မယ္"
"အင္း ဂရုစိုက္ေမာင္း"
"အင္း"
အာဏာကေျပာၿပီး အလုပ္သမားေကာင္ေလးကိုညကဌာနကကားကိုသြားထုတ္ခိုင္းလိုက္သည္။ထို႔ေနာက္ ထိုကားကိုေမာင္းကာကျခံထဲကထြက္သြားသည္။
ထြက္သြားတဲ့ကားကိုၾကည့္ၿပီးမင္းဆက္လဲ ကားျဖင့္
ေနာက္ကေနလိုက္လာခဲ့သည္။
====================
"ငါ သင္းရနံ႔အိမ္ကိုသြားလိုက္မယ္"
ဌာနေရာက္ေတာ့ မင္းဆက္ကအားလံုးကို
ေျပာလိုက္သည္။ အားလံုးက ေၾကာင္ေတာင္
ေတာင္နဲ႔ သူ႔ကိုၾကည့္ေနေတာ့ မင္းဆက္ၿပံဳးလိုက္ၿပီး
"ေလ်ာက္ေတြးမေနနဲ႔။ ငါကငါ့ဘာသာသြားစံုစမ္းမွာ
မင္းတို႔နဲ႔မဆိုင္ဘူး။ ဒါေၾကာင့္ ငါျပႆနာတစ္ခုခုျဖစ္ရင္ေတာင္မင္းတို႔နဲ႔လံုးဝမပက္သက္ဘူး"
မင္းဆက္က Blue Moonကလူမဟုတ္ေတာ့အတြက္ေၾကာင့္ထိုသို႔ေျပာလိုက္ျခင္းျဖစ္သည္။
"ကြၽန္ေတာ္လိုက္ခဲ့မယ္ကိုကို"
မင္းဆက္စကားဆံုးေတာ့ အာဏာက သူလိုက္မယ္လို႔
ထေျပာလာသည္။ မင္းဆက္ကေခါင္းခါျပၿပီး
"မလိုက္နဲ႔ မင္းက်န္ခဲ့။ တျခားလုပ္စရာေတြလဲရွိ
ေသးတာကို "
"ဒါမဲ့"
"ငါအဆင္ေျပတယ္ စိတ္မပူနဲ႔
ဘယ္လိုမွေျပာမရေတာ့တဲ့မင္းဆက္ေၾကာင့္အာ
ဏာ လက္ေလ်ာ့လိုက္ရသည္။ မင္းဆက္ကိုၾကည့္
ကာ
"တစ္ခုခုျဖစ္ရင္ ဖုန္းဆက္လိုက္ေနာ္"
"အင္းပါ စိတ္ခ်"
"အြန္း"
မင္းဆက္ကိုေျပာၿပီးအခန္းထဲကထြက္သြားသည္။
က်န္ခဲ့တဲ့ လူေတြကလဲ ေခါင္းေျခာက္ေနၾကသည္။
ပထမမကိစၥမၿပီးေသး ေနာက္ကိစၥကေပၚလာျပန္သည္။
"အာ ဒီမွာ အေလာင္းကဒဏ္ရာပံု"
ေအာင္ခန္႔က မင္းဆက္ထြက္သြားမွသတိရသြားတဲ့
ပံုစံနဲ႔ ျပလိုက္သည္။
"ေခါင္းေဆာင္ကိုေတာင္မၿပလိုက္ရဘူး။ သတိေတြကလဲ"
"ျပန္လာမွျပလို႔လဲရတာကို"
ရွင္းခန္႔ကေျပာၿပီး ေအာင္ခန္႔ေပးတဲ့ စာအိတ္ကိုယူလိုက္သည္။ ေအာင္ခန္႔ကလဲေခါင္းညိတ္လိုက္သည္။
အာဏာကေတာ့ ေဘးနားကေနၾကည့္ေနသည္။
ရွင္းခန္႔ကစာအိတ္ကိုေဖာက္ၿပီး ဓာတ္ပံုေတြကို စားပြဲ
ေပၚကိုသြန္ခ်လိုက္ေတာ့ ပံုေတြအမ်ားအျပားထြက္
လာသည္။
အာဏာက ထိုပံုေတြကထဲကတစ္ပံုကိုယူၿပီးၾကည့္
လိုက္သည္။ ရွင္းခန္႔ကလဲ ပံုတစ္ပံုကိုယူႀကီးၾကည့္
လိုကာသည္။
လည္ပင္းျပတ္ရာႀကီးကအရမ္းႀကီးမႀကီးေပ။ သို႔
ေသာ္ နက္ပံုရသည္။
"ဓားလို႔ထင္လား"
ရွင္းခန္႔ေမးလိုက္ေတာ့ အားလံုးကသူ႔ကိုၾကည့္လာသည္။ ေဂ်ာင္ဝူးကလဲ အနားေရာက္လာၿပီး ေၾကာင္ေတာင္ေတာင္ေလးနဲ႔ျပဴးၾကည့္လာသည္။
ထို႔ေနာက္ စားပြဲေပၚတငထားတဲ့ ပံုကိုယူၿပီး ၾကည့္
လိုက္သည္။
"ကြၽန္ေတာ္ကေတာ့ ဓားလို႔ထင္တယ္"
ေဂ်ာင္ဝူးကေျပာေတာ့ ရွင္းခန္႔က
"ငါထင္တာဟုတ္တယ္မလား ။ ငါလဲဓားလို႔ပဲထင္တယ္၊ ခက္တာက ဓားဆိုတဲ့သက္ေသရွိမွမရွိတာ"
"ဓားဆိုရင္ေတာင္ေတာ္ေတာ္ျပတ္တဲ့ဓားျဖစ္ရမယ္ ဘာလို႔လဲဆို ရွရာကႀကီးၿပီးနက္ေပမဲ့ ဒဏ္ရာကသိပ္မသိသာဘူးေနာ္"
ေဂ်ာင္ဝူးေျပာလိုက္ေတာ့ အားလံုးကပံုကိုေသခ်ာ
ျပန္ၾကည့္သည္။ စိုင္းေအာင္ကလဲ ပံုကိုျပဴးၿပဲၿပီးၾကည့္ေနသည္။
အမွန္ပင္။ ေဂ်ာင္ဝူးေျပာသလို ဒဏ္ရာကကေသြး
တိတ္သြားေတာ့ သိပ္မသိသာ။ ဒဏ္ရာကိုေသခ်ာ
ၾကည့္မွ ရွရာက၆လက္မေလာက္ရွိသည္။
ေသးၿပီးျပတ္လြန္းတဲ့အရာနဲ႔ ျဖတ္လိုက္ပံုပင္။ ဘယ္
သူကဒီေလာက္ရက္စက္နဲ႔နည္းကိုသံုးလိုက္ရတာလဲ
သူတို႔မသိ။
"ဓားလို႔မထင္ဘူး"
အာဏာရဲ႕စကားေၾကာင့္ အားလံုးကေၾကာင္သြား
သည္။ ရွင္းခန္႔ကမ်က္ေမွာင္ၾကဳတ္ကာ
"ဘာကိုဆိုလိုတာလဲ"
ရွင္းခန္႔ေမးလိုက္ေတာ့ အာဏာကလက္ထဲပပံုကိုျပန္ခ်လိုက္သည္။ ၿပီးမွာ ခပ္တည္တည္နဲ႔
"ဓားလို႔ထင္စရာေကာင္းေပမဲ့ သက္ေသမရွိဘူးေလ
ဓားနဲ႔တူနဲ႔အရာေရာမျဖစ္နိုင္ဘူးလား"
"ဆိုလိုတာက"
"အတိအက်ေတာ့မသိေသးဘူး။ စိတ္ႀကိဳက္ေတြး
ၾကည့္ေပါ့"
ရွင္းခန္႔ကေတာ့ အာဏာရဲ႕စကားကိုနားမလည္ျဖစ္
ေနသည္။
"အားး!"
"ျဖစ္တာလဲ အလန္႔တၾကားနဲ႔"
ရုတ္တရက္ထေအာ္လိုက္တဲ့ေအာင္ခန္႔ေၾကာင့္စိုင္းေအာင္ကလန္႔သြားကာဆိုလိုက္သည္။ေအာင္ခန္႔က ထိုင္ေနရာကေနထသြားၿပီး အလုပ္စားပြဲေပၚကတစ္ခုခုကိုသြားယူသည္။
ထို႔ေနာက္ ျပန္လာၿပီးပံုတစ္ပံုကိုခ်ေပးလိုက္သည္။
"ဒီမွာၾကည့္စမ္း"
စားကြဲေပၚတင္လိုက္တဲ့ ပံုေၾကာင့္ အားလံုးစိတ္ဝင္တစားၾကည့္လိုက္သည္။ အာဏာကလဲ စိတ္ဝင္စားစြာၾကည့္လိုက္သည္။
ေအာင္ခန္႔က သင္းရနံ႔ရဲ႕ဒဏ္ရာနဲ႔ တိုက္ခန္းထဲမွာ
ေသသြားတဲ့ေကာင္မေလးဒဏ္ရာကိုယွဥ္ျပသည္။
"မတူဘူးလား"
ယွဥ္ၿပီးၾကည့္လိုက္ေတာ့ ဒဏ္ရာကတူေနသည္။လည္ပင္းခ်င္းတူသည္သာမကဒဏ္ရာက တစ္ထပ္တည္းတူေနသည္။
"တစ္ေယာက္တည္းပဲ"
ရွင္းခန္႔ရဲ႕စကားကို အာဏာစူးစိုက္ကာနားေထာင္
ေနသည္။
"ဒါဆိုရင္"
"အင္း သတ္တဲ့လူကတစ္ေယာက္တည္းပဲ"
ရွင္းခန္႔ကေျပာၿပီး ထိုင္ေနရာကေနထရပ္လိုက္သည္။
စိုင္းေအာင္ကၾကည့္ၿပီး
"ဘာလို႔လဲ"
"ငါအျပင္သြားလိုက္ဦးမယ္ မင္းတို႔ဆက္ၿပီးရွင္း ထားၾက"
ရွင္းခန္႔ကေျပာၿပီးကားေသာ့ကိုယူကာအခန္းထဲကထြက္သြားသည္။ စိုင္းေအာင္ကစူပုတ္ပုတ္နဲ႔က်န္ခဲ့ၿပီး
"အားး ဘာရွင္းရမွာလဲ။ ဘယ္ကစၿပီးဘယ္လိုလုပ္
ရမွန္းေတာင္မသိဘူး"
ထိုစဥ္ အာဏာကထရက္ၿပီး
"ကြၽန္ေတာ္လဲ အျပင္ခဏသြာဦးမယ္ "
ေျပာၿပီးအာဏာကထြက္သြားျပန္သည္။ေအာင္ခန္႔က
ထြက္သြားတဲ့ အာဏာကိုၾကည့္ကာသက္ျပင္းခ်
ၿပီး
"တစ္ေယာက္ၿပီးတစ္ေယာက္သြားၿပီ။ငါတို႔ပဲက်န္ေတာ့တယ္"
ေအာင္ခန္႔ကမ်က္နွာႀကီးမဲ့ကာေျပာရွာသည္။ ေဂ်ာင္ဝူး
ကေတာ့ခံုေပၚကပံုေတြကိုျပန္ခ်ထားလိုက္ၿပီး သူ႔
စားပြဲကိုသူျပန္သြားသည္။
"သိခ်င္တာရွိရင္ေျပာ ငါgameေဆာ့လိုက္ဦးမယ္"
"ဘာ မင္းကခုလိုအေျခအေနမွာGame ေဆာ့ဦးမယ္ေပါ့ ဟုတ္လား"
ေအာင္ခန္႔ကမ်က္လံုးျပဴးကာေမးသည္။ ေဂ်ာင္ဝူးက
ေနာက္လွည့္လာၿပီး မထီမဲ့ျမင္ပံုစံနဲ႔
"ဘာလို႔လဲ။ ငါအလုပ္ကရွိမွမရွိတာ၊ မင္းတို႔ပဲ ရွိတာေလ ေၾကာင္ေတာင္ေတာင္နဲ႔"
ေဂ်ာင္ဝူးကေျပာၿပီးတစ္ဖက္ကုိလွည့္သြားကာGameေဆာ့ေနသည္။ ေအာင္ခန္႔ကေတာ့ေဂ်ာင္ဝူးကိုအံ့ၾသလို႔မဆံုး။
"ဟုတ္တယ္ေလ သူ႔အလုပ္မွမရွိတာ။ သူ႔အလုပ္ကငါတို႔လိုခ်င္တဲ့အခ်က္အလက္ကိုရွာေပးရံုပဲေလ"
စိုင္းေအာင္ကဝင္ေျပာေတာ့ ေအာင္ခန္႔ကမ်က္လံုး
ေစြကာၾကည့္ၿပီး
"မင္းေယာက္ဖကိုကာကြယ္ေပးေနလိုက္"
"သူ႔မွာညီမမရွိဘူးကြ"
"ေခြးေကာင္ "
ေဂ်ာင္ဝူးကလွမ္းဆဲေတာ့ ေအာင္ခန္႔ကမသိခ်င္
ေယာင္ေဆာင္ကာ ဖုန္းကိုထုတ္လိုက္သည္။တစ္ခုခုကိုအာ႐ံုစိုက္ၾကည့္ေနတဲ့ ေအာင္ခန္႔ေၾကာင့္စိုင္းေအာင္ကေဘးနားကပ္လာသည္။
ေအာင္ခန္႔ၾကည့္ေနတဲ့ ဖုန္းထဲကအရာကိုျမင္ေတာ့
စိုင္းေအာင္က
"အယ္ အဲ့တာNemophilaေတြမို႔လား"
"အင္း "
ေအာင္ခန္႔က အင္းတစ္လံုးသာေျပာၿပီးဖုန္းကိုသာ
ဆက္ၾကည့္ေနသည္။ စိုင္းေအာင္ကလဲ ေဘးနားက
ေနကပ္ကာၾကည့္ေနသည္။
"ဘာလုပ္မလို႔လဲ"
"တအားစပ္စုတာပဲ မင္းကလဲ"
"ဟ ငါကသိခ်င္လို႔ပါ"
"ငါနဲ႔ရင္းအေသးေလးနဲ႔ ေနာက္ပိုင္းအလုပ္ေတြ
အားရင္သြားမလို႔"
ေအာင္ခန္႔ေျပာလိုက္ေတာ့ စိုင္းေအာင္ကၿပံဳးၿပီး
"အလဲ့ မိုက္တယ္ဟ။ ဟန္းနီးမြန္းေပါ့"
"ဒါေပါ့"
"ငါလဲ လိုက္မယ္ေလ "
"ေနစမ္းပါ မင္းကသူမ်ားၾကားထဲလိုက္ၿပီး ဘာလုပ္
မလိုလဲ"
"မင္းကလဲ ငါကမင္းတို႔ကိုဓာတ္ပံုလိုက္ရိုက္ေပး
မယ္ေလ။ ရင္းနဲ႔မင္းကေနရာစံုသြား။ ငါကေနာက္က
camera manလုပ္မယ္၊ ဘယ္ေလာက္မိုက္လဲ"
စိုင္းေအာင္ကၿပံဳးစိစိနဲ႔ေျပာေတာ့ ေအာင္ခန္႔က
"မဆိုးဘူး သားႀကီးမင္းေတာ္တယ္"
"ဟားး ေတာ္ရမယ္ေလ မင္းကလဲ"
ေအာင္ခန္႔နဲ႔ စိုင္းေအာင္နဲ႔ကေတာ့ တိုင္ပင္ေနၾက
သည္။ အလုပ္လဲ မလုပ္သလို ဘာကစလုပ္ရမွန္း
လဲမသိၾကေပ။
#10.12.2020
====================