<Unicode>
"အပြင်ခဏသွားဦးမယ်"
အာဏာရဲ့စကားကြောင့် မင်းဆက်မွေ့ရာပေါ်မှာစာအုပ်ဖတ်နေရင်း မော့ကြည့်လိုက်သည်။ အာဏာကတော့ အပြင်သွားဖို့အတွက် အဝတ်အစားလဲနေသည်။
"ဘယ်ကိုလဲ"
မင်းဆက်မေးလိုက်တော့ ကျောခိုင်းပြီးအဝတ်လဲနေတဲ့
အာဏာကလှည့်ကြည့်လာသည်။ မင်းဆက်ကိုပြုံး
ပြပြီး
"ဒီနားတင်ပါ၊ မကြာဘူး"
မသေချာမရေရာတဲ့အာဏာရဲ့အဖြေစကားကြောင့်
မင်းဆက်စိတ်ထဲအနည်းငယ်ထင့်သွားသည်။ ဒါမဲ့
သူလဲ သူ့အကြောင်းနဲ့သူရှိမှာပဲ ဟုတွေးကာစိတ်
လျော့လိုက်သည်။
"သိပ်မကြာနဲ့နော် သတိထားကားမောင်းဦး"
"အင်းပါ ကျွန်တော်ခဏပဲကြာမယ်"
"အင်း ငါစောင့်နေမယ်"
"ဟုတ် ကိုကို "
သူပါးကိုဖွဖွလေးနမ်းပြီး အာဏာကအခန်းထဲက
ထွက်သွားသည်။အခန်းထဲကထွက်သွားတဲ့ အာဏာကြည့်ကာမင်းဆက်အတွေးတွေများကာကျန်ရစ်ခဲ့သည်။
ခုရက်ပိုင်း အလုပ်ကိစ္စတွေနဲ့ အာဏာအလုပ်ရှုပ်နေမှန်းသူသိပါသည်။ သို့သော် ခုလိုမျိုးကြီးကသူ့စိတ်ကိုဘဝင်မကျပေ။
မင်းဆက်သက်ပြင်းချလိုက်ပြီး လက်ထဲကဖက်လက်စ
စာအုပ်ကို ဘေးနားကစားပွဲပေါ်ပြန်တင်ထားလိုက်
သည်။
ထို့နောက် မွေ့ရာပေါ်ကဆင်းပြီး အခန်းတံခါးနား
ကိုလာခဲ့သည်။ ခုရက်ပိုင်းသူ အာဏာရဲ့အခန်းထဲ
မှာသာနေမိသည်။
အာဏာကလဲ မင်းဆက်ကိုသူ့အခန်းထဲမှာသာနေ
စေသည်။ မင်းဆက်က ပထမ ကိုယ့်အခန်းကိုယ်ပြန်နေဖို့ လုပ်ပေမဲ့ အာဏာက သူအခန်းမှာသာအတင်းနေခိုင်းတဲ့အတွက် မင်းဆက်လဲ အခန်းပြန်ဖို့လက်လျော့လိုက်ရသည်။
အခန်းထဲကထွက်လာပြီး ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။အာဏာနဲ့သူနဲ့အခန်းကသိပ်မဝေးပေ။
အခန်းရှေ့ရောကတော့ တံခါးဖွင့်ကာအခန်းထဲဝင်လာခဲ့သည်။ တစ်ခါတည်းပြန်ပိတ်ပြီး အလုပ်စားပွဲရှိရာကိုသွားလိုက်သည်။
အရင်ရက်ကအာဏာရဲ့အခန်းထဲမှာပဲ သူကုမ္မဏီ
စာရင်းတွေကို လုပ်တတ်သည်။ အဲ့တာကလဲ အာဏာ
ကသူ့ကိုအလုပ်လုပ်ဖို့အခန်းထဲမပြန်ခိုင်းတဲ့အတွက်
သူအာဏာရဲ့အခန်းထဲမှာ အလုပ်လုပ်ရခြင်း။
ခုတော့ အာဏာမရှိတဲ့အတွက် သူအလုပ်စားပွဲဆီကို
လာခဲ့သည်။
တောင်!
လက်ထဲကိုင်ထားတဲ့ ဖုန်းကmessageသံကြောင့်
မင်းဆက် ဖုန်းကိုငုံ့ကြည့်လိုက်သည်။ Daddyဆီက messageဖြစ်တဲ့အတွက် သူစိတ်ဝင်စားသွားသည်။
'maill ပို့ထားတယ်'
တိုတိုနဲ့လိုရင်းဖြစ်တဲ့စကားကြောင့်သူစိတ်ဝင်စား
သွားသည်။ ဖုန်းကိုကိုင်ပြီး တစ်ခါတည်းအလုပ်စားပွဲ
ပေါ်က laptopရှိရာကိုချက်ချင်းသွားလိုက်သည်။
ဖုန်းကိုသားပွဲပေါ်တင်ပြီး ထိုင်ခုံမှာထိုင်ကာLaptop
ကိုချက်ချင်းဖွင့်လိုက်သည်။ အဝင်Mailတွေကို
စစ်ကြည့်တဲ့အခါ Daddyပို့ထားတဲ့ mailကြောင့်
သူအမြန်ဝင်ကြည့်လိုက်သည်။
Hydraတံဆိပ်နဲ့ ပို့ထားတဲ့ အချက်အလက်ကြောင့်
သူအံ့ဩသွားရသည်။ ပို့ထားတဲ့ အချက်အလက်တွေ
အားလုံးကိုစစ်ကြည့်လိုက်ရင်း မင်းဆက်မျက်ရည်
ဝဲလာရသည်။
တောင်!
ထပ်မံဝင်လာတဲ့messageကြောင့် မင်းဆက်
အမြန်ကြည့်လိုက်သည်။
'အားလုံးအဆင်ပြေပြီမို့စိတ်မပူနဲ့တော့သားကြီး'
ထိုစာကြောင်းလေးတစ်ကြောင်းနဲ့တင်သူမျက်ရည်ဝဲလာရသည်။ သူ့အတွက် အမြဲတမ်းအဆင်သင့်ရှိတဲ့Daddyက ခုလဲ သူ့ရဲ့အခက်အခဲတွေကိုလဲဖြေရှင်းပေးသွားပြန်သည်။
laptop screenပေါ်ကအချက်အလက်တွေကိုကြည့်
ကာသူပြုံးမိသည်။
လွန်ခဲ့တဲ့၄နှစ်ကမူးရစ်ဆေးအမှု။ သူရာထူးကျခဲ့ရတဲ့ အမှု။ သူကတရားခံပါဆိုပြီးထင်ရှားခဲ့တဲ့အမှုကခုအားလုံးအဖြေမှန်သိရပြီ။
ဓာတ်ပုံထဲမှာ ပါတဲ့လူကမင်းဆက်မဟုတ်ပေ။ ရုပ်ချင်းအနည်းငယ်ဆင်တဲ့လူသာဖြစ်သည်။ ချွတ်စွတ်တူနေတဲ့ ဆိုတဲ့ဓာတ်ပုံကအမှား။
ပြင်ထားတဲ့editပုံပင်ဖြစ်သည်။ သေချာကြည့်ရင်မင်းဆက်သာဖြစ်သည်။ ချောက်ချသွားတဲ့လူကလဲတကယ်ပိရိသည်။
အားလုံးကိုသေချာပြင်စစ်ဆန်းကြည့်တဲ့အခါထိုလူကတခြားလူတစ်ယောက်ဖြစ်သည်။သူ့ရဲ့မျက်နှာကို သုံးကာ တရားခံကသူဖြစ်အောင်ကြံစည်ထားခြင်။
ဘယ်သူမှစုံစမ်းလို့မရခဲ့တဲ့ ဒီကိစ္စကိုHydraက
ရနေအာင်စုံစမ်းခဲ့သည်။
ဘာလို့သူ့ကို အပြစ်သားဖြစ်အောင် လုပ်တာလဲ။ဘယ်သူကချောက်ချသွားတာလဲသူစဉ်းစားမရ။
သူ့ကိုရည်ရွယ်ချက်ရှိရှိ ရာထူးကထုတ်ပယ်အောင်လုပ်ခဲ့တာဘယ်သူလဲ။
ရုတ်တရက်ခေါင်းထဲဝင်လာတာ စုံစမ်းရေးမှူး။
=============
ညကလဲ နောက်ကျမှပြန်လာတဲ့အာဏာကခုလဲ အပြင်ထွက်သွားပြန်သည်။ သူလဲ ဘာမှမပြောတော့။
ဒီနေ့ သူရှင်းခန့်နဲ့တွေ့ဖို့ချိန်းထားခြင်းဖြစ်သည်။ဘာပဲဆိုဆို ရှင်းခန့်ဆီက တစ်ခုခုသိရလိမ့်မယ်လို့သူထင်နေသည်။
အံဆွဲထဲကUSBကိုယူပြီး အကျင်္ီအိတ်ထဲကိုသေချာ
ထည့်လိုက်သည်။ အပေါ်ထပ်ကနေ အကွက်လေးတွေနဲ့ ထပ်အကျီကိုဝတ်ကာ ကားသော့ကိုယူပြီး အခန်းထဲကထွက်လာခဲ့သည်။
အခန်းထဲကထွက်လာပြီးအောက်ထပ်ရောက်တော့
အဒေါ်ကြီးကိုအပြင်လို့သာပြောပြီးထွက်လာခဲ့သည်။
ထို့နောက် ရှင်းခန့်နဲ့တွေ့ဖို့ ချိန်းထားတဲ့ဆိုင်ကိုတစ်ခါတည်းဦးတည်လာခဲ့သည်။
ကိုယ့်ဘာသာကားမမောင်းတာကြာတော့ နည်းနည်းတော့ ဂရုစိုက်ရသေးသည်။ အရင်ရက်ကကုမ္မဏီသွားတုန်းက အာဏာလိုက်ပို့ပေးခြင်းဖြစ်သည်။
ဟိုမှာနေတဲ့၄နှစ်ကလဲ ကားမမောင်းခဲ့ရပေ။ဒါကြောင့် ကားကိုမောင်းရတာအရင်လောက်အဆင်မပြေ။ ခုတော့သတိထားပြီးမောင်းနေရသည်။
ခဏကြာတော့ ချိန်ထားတဲ့ဆိုင်လေးကိုရောက်လာသည်။ ကားကိုရပ်ပြီး ခပ်မြန်မြန်ဆိုင်ထဲဝင်လာခဲ့သည်။
ဆိုင်ထဲကကောင်မလေးတချို့နဲ့ကောင်လေးတချို့
ကတော့ အရှည်ရှည်ရှည်၊ အသားဖြူဖြူနဲ့ ချောမောတဲ့မင်းဆက်ကိုသာအကြည့်ရောက်ကြသည်။
မင်းဆက်ဆိုင်ထဲရောက်လာတော့ ရှင်းခန့်ကိုရှာလိုက်သည်။ ထောင့်နားဝိုင်းကလက်လှမ်းပြလိုက်တဲ့ရှင်းခန့်ကြောင့် သူပြုံးပြပြီးထိုဝိုင်းကိုဦးတည်လာခဲ့သည်။
ရှင်းခန့်ထိုင်နေတဲ့ ဝိုင်းရောက်တော့ သူမျက်နှာချင်း
ဆိုင်ဝင်ထိုင်လိုက်သည်။
"sorry ငါနည်းနည်းနောက်ကျသွားတယ်"
မင်းဆက်ပြောလိုက်တော့ ရှင်းခန့်ကခေါင်းခါပြသည်။
"ငါလဲခုမှပါ"
ရှင်းခန့်ကရှေ့ကရေခွက်ကိုယူမော့လိုက်သည်။ ထို့
နောက် စားပွဲထိုးကောင်လေးတစ်ယောက်ကလာပြီး
ထောပတ်သီးဖျော်ရည်ကိုလာချပေးသည်။
မင်းဆက်က ဖျော်ရည်ခွက်ကိုကြည့်ပြီး
"မင်းမှာထားတာလား"
"အင်း ငါမှာထားတာ၊ မင်းထောပတ်သီးကြိုက်တယ်မလား"
"အင်း ကြိုက်တယ်"
မင်းဆက်ကပြောပြီးဖျော်ရည်ခွက်ကိုယူကာအနည်းငယ်သောက်လိုက်သည်။ ရှင်းခန့်ကလဲသောက်ပြီး ခွက်ကိုပြန်ချလိုက်ကာ မင်းဆက်ကိုကြည့်ပြီး
"မင်း ဘာပြောစရာရှိလို့လဲ"
ရှင်းခန့်ကစမေးသည်။ မင်းဆက် ရှင်းခန့်မေးလိုက်
တော့ အကျင်္ီအိတ်ထဲကတစ်ခုခုထုတ်လိုက်နေလိုက်
သည်။
ရှင်းခန့်ကတော့ မင်းဆက်ကိုသာကြည့်နေသည်။
အကျင်္ီအိတ်ထဲကUSBကိုထုတ်ပြီး ရှင်းခန့်ကိုပေးလိုက်သည်။
ရှင်းခန့်ကလဲ မင်းဆက်ပေးနေတဲ့ USBကိုယူထားလိုက်သည်။
"ဒါကဘာလဲ!
"လောလောဆယ်အဲ့တာကိုယူထားရှင်းခန့်"
ထို့နောက် မင်းဆက်က ဖုန်းကိုဖွင့်ကာ ရှင်းခန့်ကိုပေးလိုက်သည်။
"ဒီမှာ"
ရှင်းခန့်ကလဲ မင်းဆက်ပေးတဲ့ဖုန်းကိုယူပြီးကြည့်လိုက်သည်။ ဖုန်းscreenပေါ်ကချက်အလက်တွေနဲ့ ဓာတ်ပုံတွေကြောင့် ရှင်းခန့်အံ့ဩသွားသည်။
သူရှေ့က မင်းဆက်ကိုကြည့်ပြီး
"ဒါတွေက"
"ဟုတ်တယ်ရှင်းခန့်၊ အဲ့တာလွန်ခဲ့တဲ့၄နှစ်ကငါလို့
စွပ်စွဲခဲ့တဲ့ မူးရစ်ဆေးအမှုအဲ့ဒီလူက ငါမဟုတ်ဘူး"
မင်းဆက်ကတည်ငြိမ်စွာပြောသည်။ ရှင်းခန့်ကတော့
ပုံတွေကိုသာအံ့ဩစွာကြည့်နေသည်။ မင်းဆက်လို့
ထင်အောင်လုပ်ထားတဲ့ပုံနဲ့ တကယ်အမှန်ပုံကိုယှဉ်ကြည့်လိုက်သည်။
ပြီးမှကြည့်နေရင်း သူသဘောပေါက်သွားသည်။ မင်းဆက်က ဒီပုံထဲကလိုအဝတ်အစားမျိုးကိုတစ်ခုမှမဝတ်ပေ။
လူငယ်တွေ၊ဆယ်ကျော်သက်လေးတွေဝတ်သလို
ကြိုးတွဲလောင်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်အကျင်္ီတွေ ဘောင်း
ဘီတွေမဝတ်ပေ။
ဒီပုံထဲကလူက အဝတ်အစားကအရမ်းခေတ်ဆန်နေ
သည်။ သူတို့ဘာလို့ဒါကိုသတိမထားမိခဲ့တာလဲ။
ရှင်းခန့်ကဖုန်းကိုပြန်ပိတ်လိုက်ပြီး မင်းဆက်ကိုပြန်ပေးလိုက်သည်။မင်းဆက်ကလဲ ဖုန်းကိုပြန်ယူပြီး ဘောင်းဘီအိတ်ထဲပြန်ထည့်လိုက်သည်။
"ဒါဆို မင်းဘယ်လိုဆက်လုပ်မလဲ၊ ဒီသက်သေတွေနဲ့ဆို မင်းရာထူးပြန်ရနိုင်တယ်နော်မင်းကိုမစဉ်းစားမဆင်ခြင်ဘဲ အပြစ်ပေးခဲ့တဲ့စုံစမ်းရေးမှူးတောင် ပြဿနာတတ်နိုင်တယ်"
ရှင်းခန့်ကမင်းဆက်ရဲ့သဘောထားကိုမေးသည်။ မင်းဆက်ကတာ့ ဘာမှမဆို၊၊ ဖျော်ရည်ကိုသာသောက်နေသည်။
"မင်း ခုဘာဆက်လုပ်မလဲ"
"ဟင့်အင်း ဘာမှမလုပ်ဘူး"
"ဟမ်! တကယ်ပဲ မင်းဘာမှဆက်မလုပ်ဘူးလား"
ရှင်းခန့်ကအံ့ဩစွာနဲ့မေးသည်။ မင်းဆက်ကတော့
အေးအေးဆေးဆေးပုံနဲ့ ခေါင်းညိတ်သည်။ဒါကိုရှင်းခန့်ကနားမလည်သလိုနဲ့ မျက်မှောင်ကြုတ်ကာ
"ဘာလို့လဲ "
ရှင်းခန့်မေးလိုက်တော့ မင်းဆက်ကစိုက်ကြည့်လာသည်။ ထို့နောက် လေသံတိုးတိုးလေးနဲ့
"ငါဘယ်သူ့ကိုမှမယုံလို့"
"ဘာကို"
ရှင်းခန့်ကအံ့ဩသွားသည်။
"မင်းဆိုလိုတာက"
"ငါ့ကိုချောက်ချတဲ့လူကငါ့အနားမှာရှိတဲ့လူလို့ငါထင်နေတယ်"
"မင်း စုံစမ်းရေးမှူးလို့ထင်လား"
ရှင်းခန့်ကခန့်မှန်းကာမေးသည်။ မင်းဆက်က ခေါင်းကိုလက်လေးနဲ့ဖွပြီး
"ငါမသိဘူးရှင်းခန့်၊ သေချာတာကတော့ခုလောလောဆယ်မှာ ငါဘယ်သူ့ကိုမှမယုံချင်ဘူး"
"ဒီကိစ္စကိုအာဏာသိလား"
"မသိဘူး"
"မင်းသူ့ကို ပြောမပြသေးးဘူးလား"
ရှင်းခန့်ကမေး၏။ မင်းဆက်ကတွေတွေလေးဆိုင်အပြင်ဘက်ကိုငေးနေသည်။
"ငါ့စိတ်ထဲမှာတစ်မျိုးကြီးပဲရှင်းခန့်၊ ငါ ငါစိတ်ထင်နေတာပဲလား မသိဘူး၊ အာဏာကငါမသိအောင်တစ်ခုခုလုပ်ထားသလိုပဲ"
မင်းဆက်ရဲ့စကားကို ရှင်းခန့်ကမျက်ခုံးပင့်သွားသည်။ ထို့နောက်မင်းဆက်က
"ငါစိတ်တွေပဲထွေပြားနေတာလားမသိဘူး။ ငါ ငါသူ့ကိုတစ်ခါတလေကြောက်လာတယ်အာဏာကအရင်ကထက်ပိုပြီးလျှိုဝှက်လာတယ် သူကအရင်ကနဲ့မတူတော့လိုကြီး ငါစိတ်ထင်နေတာလားတော့မသိဘူး သူကအရင်ကအာဏာထက် ပိုပြီးထူးခြားနေတယ် ငါ ရူးနေပြီလားမသိဘူး ရှင်းခန့်"
မင်းဆက်ကသူ့ရဲ့ခံစားချက်တွေကို သေချာပြောပြသည်။
"မင်းစိတ်အေးအေးထားပါ၊ စိတ်ပင်ပန်းလို့ဖြစ်မှာပါ အရမ်းကြီးတော့သူ့ကိုသံသဃမဝင်ပါနဲ့"
ရှင်းခန့်က စိတ်သက်အောင် နှစ်သိမ့်ပေးသည်။
"အေးပါ ငါစိတ်ထင်နေတာဖြစ်မယ်"
"ဒါနဲ့ ငါညရင်videoတစ်ခုပို့လိုက်မယ်မင်းသေချာကြည့်ကြည့်ပေါ့"
ရှင်းခန့်စကားကိုမင်းဆက်ကခေါင်းညိတ်သည်။
"အင်း ပို့လိုက်"
မင်းဆက်ပြောပြီး ဖျော်ရည်ခွက်ကိုယူကာအေးအေးဆေးဆေးသောက်နေလိုက်သည်။
စိတ်ထဲမှာတော့မတင်မကျဖြစ်နေတဲ့ကိစ္စကြီးက
တော်တော်နေရခက်သည်။
==================
ရှင်းခန့်နဲ့တွေ့ပြီး မင်းဆက်ပြန်လာခဲ့သည်။ဘယ်မှလဲ သွားစရာမရှိတော့။ သွားချင်စိတ်လဲမရှိတော့ပေ။
ဘာမှတွေးတောမနေတော့ပဲ အိမ်ကိုသာတန်းပြန်လာခဲ့သည်။ ဌာနကိုလဲ မသွားတော့။ရှင်းခန့်ကတော့ ဌာနကိုသာပြန်သွားသည်။
တဖြည်းဖြည်းမောင်းလာရင်း ခြံထဲကိုရောက်လာခဲ့သည်။ ခြံထဲမှာရပ်ထာတဲ့ သူမမြင်ဖူးတဲ့ကားတစ်စီးကြောင့် မင်းဆက်မျက်မှောင်ကြုတ်လိုက်သည်။
ဒါကဘယ်သူ့ကားလဲ။
ဖြည်းဖြည်းချင်းကာရပ်လိုက်ကာ ကားပေါ်ကဆင်းလာခဲ့သည်။ သူကားပေါ်ကဆင်းလိုက်တော့အလုပ်သမား၂ယောက်ကချက်ချင်းရောက်လာပြီး ကားကိုမောင်းကာဂိုထောင်ထဲသွင်းလိုက်သည်။
မင်းဆက် အိမ်ထဲဝင်လာတော့ ဒေါ်ကြီးကအိမ်အဝင်
ဝမှာရပ်နေသည်။ သူ့ကိုမြင်တော့အနားရောက်လာပြီး
"ဧည့်သည်ရောက်နေတယ်သား လာကြည့်ပါဦး"
ဧည့်သည်ဆိုတဲ့အတွက် မင်းဆက်အနည်းငယ်တော့စိတ်ဝင်စားသွားသည်။ ဘယ်သူလဲ။
သူတစ်ခါတည်းဧည့်ခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတာက သင်းရနံ့။ သူ့ကိုမြင်တော့ အနားရောက်လာပြီး
"လာ ငါနင့်ကိုစောင့်နေတာ"
သူမကတော့ မင်းဆက်လဲဆိုဖာပေါ်မှာဝင်ထိုင်လိုက်သည်။ သူမကဘေးကအမျိုးသားတစ်ယောက်
ကြောင့် ဒီလူကသင်းရနံ့ရဲ့ သတို့သားလောင်းဆိုတာ
သိလိုက်သည်။
ရုပ်ရည်ကအရမ်းကြီးမချောပေမဲ့ ယောကျာ်းဆန်ဆန်
တည်ငြိမ်ရင့်ကျက်ပုံပေါ်သည်။ သင်းရနံ့က ပြုံးပြီး
"ငါမိတ်ဆက်ပေးမလို့ ၊ ဒါကငါ့နဲ့လက်ထပ်မဲ့သူလေ
ဇွဲလင်းမြတ်တဲ့"
"တွေ့ရတာဝမ်းသာပါတယ်ဗျ ၊ ကျွန်တော်ကရနံ့ရဲ့
သူငယ်ချင်းပါ"
"ဟုတ်ကဲ့ ဝမ်းသာပါတယ်"
"ငါဖိတ်စာလာပေးတာ၊"
သူမကပြောပြီးအိတ်ထဲက ငွေရောင်တလက်လက်နဲ့
ဖိတ်စာလေးကိုထုတ်ကာမင်းဆက်ရှေ့ကိုကမ်းပေးလိုက်သည်။
မင်းဆက်လဲ ဖိတ်စာလေးကိုယူထားပြီးရက်ကိုကြည့်တော့ နီးနေပြီ။
"ငါ ဖိတ်စာကိုပထမဆုံးနင့်ကိုပေးတာနော် တခြားသူတွေကိုမပေးရသေးဘူး"
သူမကပြုံးပြီးပြောသည်။ မင်းဆက်ကလဲ ဖိတ်စာ
လေးကိုကြည့်ကာ ခေါင်းညိတ်ပြီး
"အေးပါ ငါလာခဲ့မယ် စိတ်ချ ဟုတ်ပြီလား"
"မောင်လေးကိုပါခေါ်ခဲ့နော် "
"အေးပါ ငါသူ့ကိုသေချာပေါက်ခေါ်လာမှာပါ"
"အင်းအင်း ငါစောင့်နေမယ်။ ငါ့လက်ထပ်ပွဲမှာ ငယ်သူငယ်ချစ်ဖြစ်တဲ့နင့်ကိုရှိစေချင်လို့ပါတစ်ဦးတည်းသောသမီးဖြစ်တဲ့ငါ့အတွက် နင်ကငါ့အကိုပဲ"
"အေးပါ နင့်လက်ထပ်ပွဲကိုသေချာပေါက်လာခဲ့မယ်
အဲ့နေ့ကျရင်တော့သင်းရနံ့တို့ တအားပျော်နေမှာမြင်
ယောင်သေး"
မင်းဆက်ပြောတော့ ဘေးနားကသူမချစ်သူကလဲရယ်သည်။သူမကတော့ ပြုံးပြုံးလေးသာနေသည်။
"ငါပြန်တော့မယ် အန်တီတို့အိမ်ကိုသွားမလို့"
သူမကထရပ်ကာပြောသည်။ မင်းဆက်လဲ ခေါင်းညိတ်
ပြပြီး
"အေး သွားလေ "
"အင်း ငါပြန်ပြီ "
"အေးအေး"
"ကျွန်တော်ပြန်ပြီ "
"ဟုတ်ကဲ့ ဂရုစိုက်ပြန်ကြဦး"
"အင်း "
ခြုံထဲကမောင်းထွက်သွားတဲ့ ကားကိုကြည့်ကာမင်းဆက်ပြုံးမိသည်။ သူ့သူငယ်ချင်းမလေးတောင်အိမ်ထောင်ပြုတော့မှာပဲ။
မိန်းမကောင်းလေးဖြစ်တဲ့သင်းရနံ့ကသေချာပေါက် သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်မှာပါ။
=================
ညရောက်နေပေမဲ့ အာဏာကထုံးစံအတိုင်းပြန်မလာသေး။ မင်းဆက်မွေ့ရာပေါ်မှာထိုငိကာ ဖုန်းဆက်
ကြည့်ပေမဲ့ မကိုင်ပေ။
အလုပ်များနေတယ်လို့သာမှတ်လိုက်ပြီး ဖုန်းသုံး
နေလိုက်သည်။
မီးအရမ်းလင်းရင်မကြိုက်တဲ့ သူ့ကြောင့် အခန်းမီးကို
မှိန်မှိန်သာထွန်းထားသည်။
ရုတ်တရက်ဝင်လာတဲ့messageကြောင့် သူမျက်ခုံးပင့်လိုက်သည်။ ပြီးမှ ရှင်းခန့်ကvideoပို့လိုက်မယ်လို့ပြောတာကိုသတိရသွားသည်။
သူစောနကရောက်လာတဲ့videoကိုဖွင့်ကြည့်
လိုက်သည်။
သူထိုvideoကိုကြည့်နေရင်း မျက်လုံးပြူးသွားသည်။ အံ့ဩလွန်းလို့ဘာမှမဆိုနိုင်။ စိတ်ကိုထိန်းကာ စိတ်အေးအေးထားပြီး သေချာကြည့်မိသည်။
Cctvမှတ်တမ်းမှာမိထားတဲ့ ပုံရိပ်။ အနည်းငယ်
ဝေဝါးနေတဲ့အပြင် မျက်နှာမှာmaskတပ်ထားတာ
မို့သေချာမမြင်ရပေ။
သို့သော် ဆံပင်က၊ ဆံပင်အရှည်နဲ့လူ။Leather jackရဲ့အိတ်ထဲကို လက်ထည့်ပြီးလမ်းလျောက်နေတဲ့ပုံက သူ့ကိုတုန်လှုပ်သွားစေသည်။
တကယ်ပဲ ဘာတွေလဲ။ သူဘာကိုမှမတွေးနိုင်တော့။
"အဲ့တာ ဘာလုပ်နေတာလဲ"
ရုတ်တရက် တိတ်ဆိတ်တဲ့အခန်းထဲကဟိန်းထွက်
သွားတဲ့အသံကြောင့် မင်းဆက်လန့်သွားသည်။
"ဘာလုပ်နေတာလဲ"
အေးစက်စက်နဲ့မေးလိုက်တဲ့ အာဏာရဲ့စကားသံက သူ့ကိုထိတ်လန့်စေသည်။
အနားကိုတဖြည်းဖြည်းတိုးကပ်လာတဲ့ အာဏာက
သူထိုင်နေတဲ့ မွေ့ရာနားပင်ရောက်လာသည်။
"မေးနေတယ် ဘာလုပ်နေတာလဲ"
"အာ အာဏာ!"
#8.12.2020
======================
<Zawgyi>
"အျပင္ခဏသြားဦးမယ္"
အာဏာရဲ႕စကားေၾကာင့္ မင္းဆက္ေမြ့ရာေပၚမွာစာအုပ္ဖတ္ေနရင္း ေမာ့ၾကည့္လိုက္သည္။ အာဏာကေတာ့ အျပင္သြားဖို႔အတြက္ အဝတ္အစားလဲေနသည္။
"ဘယ္ကိုလဲ"
မင္းဆက္ေမးလိုက္ေတာ့ ေက်ာခိုင္းၿပီးအဝတ္လဲေနတဲ့
အာဏာကလွည့္ၾကည့္လာသည္။ မင္းဆက္ကိုၿပံဳး
ျပၿပီး
"ဒီနားတင္ပါ၊ မၾကာဘူး"
မေသခ်ာမေရရာတဲ့အာဏာရဲ႕အေျဖစကားေၾကာင့္
မင္းဆက္စိတ္ထဲအနည္းငယ္ထင့္သြားသည္။ ဒါမဲ့
သူလဲ သူ႔အေၾကာင္းနဲ႔သူရွိမွာပဲ ဟုေတြးကာစိတ္
ေလ်ာ့လိုက္သည္။
"သိပ္မၾကာနဲ႔ေနာ္ သတိထားကားေမာင္းဦး"
"အင္းပါ ကြၽန္ေတာ္ခဏပဲၾကာမယ္"
"အင္း ငါေစာင့္ေနမယ္"
"ဟုတ္ ကိုကို "
သူပါးကိုဖြဖြေလးနမ္းၿပီး အာဏာကအခန္းထဲက
ထြက္သြားသည္။အခန္းထဲကထြက္သြားတဲ့ အာဏာၾကည့္ကာမင္းဆက္အေတြးေတြမ်ားကာက်န္ရစ္ခဲ့သည္။
ခုရက္ပိုင္း အလုပ္ကိစၥေတြနဲ႔ အာဏာအလုပ္ရႈပ္ေနမွန္းသူသိပါသည္။ သို႔ေသာ္ ခုလိုမ်ိဳးႀကီးကသူ႔စိတ္ကိုဘဝင္မက်ေပ။
မင္းဆက္သက္ျပင္းခ်လိုက္ၿပီး လက္ထဲကဖက္လက္စ
စာအုပ္ကို ေဘးနားကစားပြဲေပၚျပန္တင္ထားလိုက္
သည္။
ထို႔ေနာက္ ေမြ့ရာေပၚကဆင္းၿပီး အခန္းတံခါးနား
ကိုလာခဲ့သည္။ ခုရက္ပိုင္းသူ အာဏာရဲ႕အခန္းထဲ
မွာသာေနမိသည္။
အာဏာကလဲ မင္းဆက္ကိုသူ႔အခန္းထဲမွာသာေန
ေစသည္။ မင္းဆက္က ပထမ ကိုယ့္အခန္းကိုယ္ျပန္ေနဖို႔ လုပ္ေပမဲ့ အာဏာက သူအခန္းမွာသာအတင္းေနခိုင္းတဲ့အတြက္ မင္းဆက္လဲ အခန္းျပန္ဖို႔လက္ေလ်ာ့လိုက္ရသည္။
အခန္းထဲကထြက္လာၿပီး ကိုယ့္အခန္းကိုယ္ျပန္လာခဲ့သည္။အာဏာနဲ႔သူနဲ႔အခန္းကသိပ္မေဝးေပ။
အခန္းေရွ႕ေရာကေတာ့ တံခါးဖြင့္ကာအခန္းထဲဝင္လာခဲ့သည္။ တစ္ခါတည္းျပန္ပိတ္ၿပီး အလုပ္စားပြဲရွိရာကိုသြားလိုက္သည္။
အရင္ရက္ကအာဏာရဲ႕အခန္းထဲမွာပဲ သူကုမၼဏီ
စာရင္းေတြကို လုပ္တတ္သည္။ အဲ့တာကလဲ အာဏာ
ကသူ႔ကိုအလုပ္လုပ္ဖို႔အခန္းထဲမျပန္ခိုင္းတဲ့အတြက္
သူအာဏာရဲ႕အခန္းထဲမွာ အလုပ္လုပ္ရျခင္း။
ခုေတာ့ အာဏာမရွိတဲ့အတြက္ သူအလုပ္စားပြဲဆီကို
လာခဲ့သည္။
ေတာင္!
လက္ထဲကိုင္ထားတဲ့ ဖုန္းကmessageသံေၾကာင့္
မင္းဆက္ ဖုန္းကိုငံု႔ၾကည့္လိုက္သည္။ Daddyဆီက messageျဖစ္တဲ့အတြက္ သူစိတ္ဝင္စားသြားသည္။
'maill ပို႔ထားတယ္'
တိုတိုနဲ႔လိုရင္းျဖစ္တဲ့စကားေၾကာင့္သူစိတ္ဝင္စား
သြားသည္။ ဖုန္းကိုကိုင္ၿပီး တစ္ခါတည္းအလုပ္စားပြဲ
ေပၚက laptopရွိရာကိုခ်က္ခ်င္းသြားလိုက္သည္။
ဖုန္းကိုသားပြဲေပၚတင္ၿပီး ထိုင္ခံုမွာထိုင္ကာLaptop
ကိုခ်က္ခ်င္းဖြင့္လိုက္သည္။ အဝင္Mailေတြကို
စစ္ၾကည့္တဲ့အခါ Daddyပို႔ထားတဲ့ mailေၾကာင့္
သူအျမန္ဝင္ၾကည့္လိုက္သည္။
Hydraတံဆိပ္နဲ႔ ပို႔ထားတဲ့ အခ်က္အလက္ေၾကာင့္
သူအံ့ၾသသြားရသည္။ ပို႔ထားတဲ့ အခ်က္အလက္ေတြ
အားလံုးကိုစစ္ၾကည့္လိုက္ရင္း မင္းဆက္မ်က္ရည္
ဝဲလာရသည္။
ေတာင္!
ထပ္မံဝင္လာတဲ့messageေၾကာင့္ မင္းဆက္
အျမန္ၾကည့္လိုက္သည္။
'အားလံုးအဆင္ေျပၿပီမို႔စိတ္မပူနဲ႔ေတာ့သားႀကီး'
ထိုစာေၾကာင္းေလးတစ္ေၾကာင္းနဲ႔တင္သူမ်က္ရည္ဝဲလာရသည္။ သူ႔အတြက္ အၿမဲတမ္းအဆင္သင့္ရွိတဲ့Daddyက ခုလဲ သူ႔ရဲ႕အခက္အခဲေတြကိုလဲေျဖရွင္းေပးသြားျပန္သည္။
laptop screenေပၚကအခ်က္အလက္ေတြကိုၾကည့္
ကာသူၿပံဳးမိသည္။
လြန္ခဲ့တဲ့၄နွစ္ကမူးရစ္ေဆးအမႈ။ သူရာထူးက်ခဲ့ရတဲ့ အမႈ။ သူကတရားခံပါဆိုၿပီးထင္ရွားခဲ့တဲ့အမႈကခုအားလံုးအေျဖမွန္သိရၿပီ။
ဓာတ္ပံုထဲမွာ ပါတဲ့လူကမင္းဆက္မဟုတ္ေပ။ ရုပ္ခ်င္းအနည္းငယ္ဆင္တဲ့လူသာျဖစ္သည္။ ခြၽတ္စြတ္တူေနတဲ့ ဆိုတဲ့ဓာတ္ပံုကအမွား။
ျပင္ထားတဲ့editပံုပင္ျဖစ္သည္။ ေသခ်ာၾကည့္ရင္မင္းဆက္သာျဖစ္သည္။ ေခ်ာက္ခ်သြားတဲ့လူကလဲတကယ္ပိရိသည္။
အားလံုးကိုေသခ်ာျပင္စစ္ဆန္းၾကည့္တဲ့အခါထိုလူကတျခားလူတစ္ေယာက္ျဖစ္သည္။သူ႔ရဲ႕မ်က္နွာကို သံုးကာ တရားခံကသူျဖစ္ေအာင္ႀကံစည္ထားျခင္။
ဘယ္သူမွစံုစမ္းလို႔မရခဲ့တဲ့ ဒီကိစၥကိုHydraက
ရေနအာင္စံုစမ္းခဲ့သည္။
ဘာလို႔သူ႔ကို အျပစ္သားျဖစ္ေအာင္ လုပ္တာလဲ။ဘယ္သူကေခ်ာက္ခ်သြားတာလဲသူစဥ္းစားမရ။
သူ႔ကိုရည္႐ြယ္ခ်က္ရွိရွိ ရာထူးကထုတ္ပယ္ေအာင္လုပ္ခဲ့တာဘယ္သူလဲ။
ရုတ္တရက္ေခါင္းထဲဝင္လာတာ စံုစမ္းေရးမွဴး။
=============
ညကလဲ ေနာက္က်မွျပန္လာတဲ့အာဏာကခုလဲ အျပင္ထြက္သြားျပန္သည္။ သူလဲ ဘာမွမေျပာေတာ့။
ဒီေန႔ သူရွင္းခန္႔နဲ႔ေတြ႕ဖို႔ခ်ိန္းထားျခင္းျဖစ္သည္။ဘာပဲဆိုဆုိ ရွင္းခန္႔ဆီက တစ္ခုခုသိရလိမ့္မယ္လို႔သူထင္ေနသည္။
အံဆြဲထဲကUSBကိုယူၿပီး အက်ီၤအိတ္ထဲကိုေသခ်ာ
ထည့္လိုက္သည္။ အေပၚထပ္ကေန အကြက္ေလးေတြနဲ႔ ထပ္အက်ီီကိုဝတ္ကာ ကားေသာ့ကိုယူၿပီး အခန္းထဲကထြက္လာခဲ့သည္။
အခန္းထဲကထြက္လာၿပီးေအာက္ထပ္ေရာက္ေတာ့
အေဒၚႀကီးကိုအျပင္လို႔သာေျပာၿပီးထြက္လာခဲ့သည္။
ထို႔ေနာက္ ရွင္းခန္႔နဲ႔ေတြ႕ဖို႔ ခ်ိန္းထားတဲ့ဆိုင္ကိုတစ္ခါတည္းဦးတည္လာခဲ့သည္။
ကိုယ့္ဘာသာကားမေမာင္းတာၾကာေတာ့ နည္းနည္းေတာ့ ဂရုစိုက္ရေသးသည္။ အရင္ရက္ကကုမၼဏီသြားတုန္းက အာဏာလိုက္ပို႔ေပးျခင္းျဖစ္သည္။
ဟိုမွာေနတဲ့၄နွစ္ကလဲ ကားမေမာင္းခဲ့ရေပ။ဒါေၾကာင့္ ကားကိုေမာင္းရတာအရင္ေလာက္အဆင္မေျပ။ ခုေတာ့သတိထားၿပီးေမာင္းေနရသည္။
ခဏၾကာေတာ့ ခ်ိန္ထားတဲ့ဆိုင္ေလးကိုေရာက္လာသည္။ ကားကိုရပ္ၿပီး ခပ္ျမန္ျမန္ဆိုင္ထဲဝင္လာခဲ့သည္။
ဆိုင္ထဲကေကာင္မေလးတခ်ိဳ႕နဲ႔ေကာင္ေလးတခ်ိဳ႕
ကေတာ့ အရွည္ရွည္ရွည္၊ အသားျဖဴျဖဴနဲ႔ ေခ်ာေမာတဲ့မင္းဆက္ကိုသာအၾကည့္ေရာက္ၾကသည္။
မင္းဆက္ဆိုင္ထဲေရာက္လာေတာ့ ရွင္းခန္႔ကိုရွာလိုက္သည္။ ေထာင့္နားဝိုင္းကလက္လွမ္းၿပလိုက္တဲ့ရွင္းခန္႔ေၾကာင့္ သူၿပံဳးျပၿပီးထိုဝိုင္းကိုဦးတည္လာခဲ့သည္။
ရွင္းခန္႔ထုိင္ေနတဲ့ ဝိုင္းေရာက္ေတာ့ သူမ်က္နွာခ်င္း
ဆိုင္ဝင္ထိုင္လိုက္သည္။
"sorry ငါနည္းနည္းေနာက္က်သြားတယ္"
မင္းဆက္ေျပာလိုက္ေတာ့ ရွင္းခန္႔ကေခါင္းခါျပသည္။
"ငါလဲခုမွပါ"
ရွင္းခန္႔ကေရွ႕ကေရခြက္ကိုယူေမာ့လိုက္သည္။ ထို႔
ေနာက္ စားပြဲထိုးေကာင္ေလးတစ္ေယာက္ကလာၿပီး
ေထာပတ္သီးေဖ်ာ္ရည္ကိုလာခ်ေပးသည္။
မင္းဆက္က ေဖ်ာ္ရည္ခြက္ကိုၾကည့္ၿပီး
"မင္းမွာထားတာလား"
"အင္း ငါမွာထားတာ၊ မင္းေထာပတ္သီးႀကိဳက္တယ္မလား"
"အင္း ႀကိဳက္တယ္"
မင္းဆက္ကေျပာၿပီးေဖ်ာ္ရည္ခြက္ကိုယူကာအနည္းငယ္ေသာက္လိုက္သည္။ ရွင္းခန္႔ကလဲေသာက္ၿပီး ခြက္ကိုျပန္ခ်လိုက္ကာ မင္းဆက္ကိုၾကည့္ၿပီး
"မင္း ဘာေျပာစရာရွိလို႔လဲ"
ရွင္းခန္႔ကစေမးသည္။ မင္းဆက္ ရွင္းခန္႔ေမးလိုက္
ေတာ့ အက်ီၤအိတ္ထဲကတစ္ခုခုထုတ္လိုက္ေနလိုက္
သည္။
ရွင္းခန္႔ကေတာ့ မင္းဆက္ကိုသာၾကည့္ေနသည္။
အက်ီၤအိတ္ထဲကUSBကိုထုတ္ၿပီး ရွင္းခန္႔ကိုေပးလိုက္သည္။
ရွင္းခန္႔ကလဲ မင္းဆက္ေပးေနတဲ့ USBကိုယူထားလိုက္သည္။
"ဒါကဘာလဲ!
"ေလာေလာဆယ္အဲ့တာကိုယူထားရွင္းခန္႔"
ထို႔ေနာက္ မင္းဆက္က ဖုန္းကိုဖြင့္ကာ ရွင္းခန္႔ကိုေပးလိုက္သည္။
"ဒီမွာ"
ရွင္းခန္႔ကလဲ မင္းဆက္ေပးတဲ့ဖုန္းကိုယူၿပီးၾကည့္လိုက္သည္။ ဖုန္းscreenေပၚကခ်က္အလက္ေတြနဲ႔ ဓာတ္ပံုေတြေၾကာင့္ ရွင္းခန္႔အံ့ၾသသြားသည္။
သူေရွ႕က မင္းဆက္ကိုၾကည့္ၿပီး
"ဒါေတြက"
"ဟုတ္တယ္ရွင္းခန္႔၊ အဲ့တာလြန္ခဲ့တဲ့၄နွစ္ကငါလို႔
စြပ္စြဲခဲ့တဲ့ မူးရစ္ေဆးအမႈအဲ့ဒီလူက ငါမဟုတ္ဘူး"
မင္းဆက္ကတည္ၿငိမ္စြာေျပာသည္။ ရွင္းခန္႔ကေတာ့
ပံုေတြကိုသာအံ့ၾသစြာၾကည့္ေနသည္။ မင္းဆက္လို႔
ထင္ေအာင္လုပ္ထားတဲ့ပံုနဲ႔ တကယ္အမွန္ပံုကိုယွဥ္ၾကည့္လိုက္သည္။
ၿပီးမွၾကည့္ေနရင္း သူသေဘာေပါက္သြားသည္။ မင္းဆက္က ဒီပံုထဲကလိုအဝတ္အစားမ်ိဳးကိုတစ္ခုမွမဝတ္ေပ။
လူငယ္ေတြ၊ဆယ္ေက်ာ္သက္ေလးေတြဝတ္သလို
ႀကိဳးတြဲေလာင္းနဲ႔ ရႈပ္ရႈပ္ယွက္ယွက္အက်ီၤေတြ ေဘာင္း
ဘီေတြမဝတ္ေပ။
ဒီပံုထဲကလူက အဝတ္အစားကအရမ္းေခတ္ဆန္ေန
သည္။ သူတို႔ဘာလို႔ဒါကိုသတိမထားမိခဲ့တာလဲ။
ရွင္းခန္႔ကဖုန္းကိုျပန္ပိတ္လိုက္ၿပီး မင္းဆက္ကိုျပန္ေပးလိုက္သည္။မင္းဆက္ကလဲ ဖုန္းကိုျပန္ယူၿပီး ေဘာင္းဘီအိတ္ထဲျပန္ထည့္လိုက္သည္။
"ဒါဆို မင္းဘယ္လိုဆက္လုပ္မလဲ၊ ဒီသက္ေသေတြနဲ႔ဆို မင္းရာထူးျပန္ရနိုင္တယ္ေနာ္မင္းကိုမစဥ္းစားမဆင္ျခင္ဘဲ အျပစ္ေပးခဲ့တဲ့စံုစမ္းေရးမွဴးေတာင္ ျပႆနာတတ္နိုင္တယ္"
ရွင္းခန္႔ကမင္းဆက္ရဲ႕သေဘာထားကိုေမးသည္။ မင္းဆက္ကတာ့ ဘာမွမဆို၊၊ ေဖ်ာ္ရည္ကိုသာေသာက္ေနသည္။
"မင္း ခုဘာဆက္လုပ္မလဲ"
"ဟင့္အင္း ဘာမွမလုပ္ဘူး"
"ဟမ္! တကယ္ပဲ မင္းဘာမွဆက္မလုပ္ဘူးလား"
ရွင္းခန္႔ကအံ့ၾသစြာနဲ႔ေမးသည္။ မင္းဆက္ကေတာ့
ေအးေအးေဆးေဆးပံုနဲ႔ ေခါင္းညိတ္သည္။ဒါကိုရွင္းခန္႔ကနားမလည္သလိုနဲ႔ မ်က္ေမွာင္ၾကဳတ္ကာ
"ဘာလို႔လဲ "
ရွင္းခန္႔ေမးလိုက္ေတာ့ မင္းဆက္ကစိုက္ၾကည့္လာသည္။ ထို႔ေနာက္ ေလသံတိုးတိုးေလးနဲ႔
"ငါဘယ္သူ႔ကိုမွမယံုလို႔"
"ဘာကို"
ရွင္းခန္႔ကအံ့ၾသသြားသည္။
"မင္းဆိုလိုတာက"
"ငါ့ကိုေခ်ာက္ခ်တဲ့လူကငါ့အနားမွာရွိတဲ့လူလို႔ငါထင္ေနတယ္"
"မင္း စံုစမ္းေရးမွဴးလို႔ထင္လား"
ရွင္းခန္႔ကခန္႔မွန္းကာေမးသည္။ မင္းဆက္က ေခါင္းကိုလက္ေလးနဲ႔ဖြၿပီး
"ငါမသိဘူးရွင္းခန္႔၊ ေသခ်ာတာကေတာ့ခုေလာေလာဆယ္မွာ ငါဘယ္သူ႔ကိုမွမယံုခ်င္ဘူး"
"ဒီကိစၥကိုအာဏာသိလား"
"မသိဘူး"
"မင္းသူ႔ကို ေျပာမျပေသးးဘူးလား"
ရွင္းခန္႔ကေမး၏။ မင္းဆက္ကေတြေတြေလးဆိုင္အျပင္ဘက္ကိုေငးေနသည္။
"ငါ့စိတ္ထဲမွာတစ္မ်ိဳးႀကီးပဲရွင္းခန္႔၊ ငါ ငါစိတ္ထင္ေနတာပဲလား မသိဘူး၊ အာဏာကငါမသိေအာင္တစ္ခုခုလုပ္ထားသလိုပဲ"
မင္းဆက္ရဲ႕စကားကို ရွင္းခန္႔ကမ်က္ခံုးပင့္သြားသည္။ ထို႔ေနာက္မင္းဆက္က
"ငါစိတ္ေတြပဲေထြျပားေနတာလားမသိဘူး။ ငါ ငါသူ႔ကိုတစ္ခါတေလေၾကာက္လာတယ္အာဏာကအရင္ကထက္ပိုၿပီးလ်ွိုဝွက္လာတယ္ သူကအရင္ကနဲ႔မတူေတာ့လိုႀကီး ငါစိတ္ထင္ေနတာလားေတာ့မသိဘူး သူကအရင္ကအာဏာထက္ ပိုၿပီးထူးျခားေနတယ္ ငါ ရူးေနၿပီလားမသိဘူး ရွင္းခန္႔"
မင္းဆက္ကသူ႔ရဲ႕ခံစားခ်က္ေတြကို ေသခ်ာေျပာျပသည္။
"မင္းစိတ္ေအးေအးထားပါ၊ စိတ္ပင္ပန္းလို႔ျဖစ္မွာပါ အရမ္းႀကီးေတာ့သူ႔ကိုသံသဃမဝင္ပါနဲ႔"
ရွင္းခန္႔က စိတ္သက္ေအာင္ နွစ္သိမ့္ေပးသည္။
"ေအးပါ ငါစိတ္ထင္ေနတာျဖစ္မယ္"
"ဒါနဲ႔ ငါညရင္videoတစ္ခုပို႔လိုက္မယ္မင္းေသခ်ာၾကည့္ၾကည့္ေပါ့"
ရွင္းခန္႔စကားကိုမင္းဆက္ကေခါင္းညိတ္သည္။
"အင္း ပို႔လိုက္"
မင္းဆက္ေျပာၿပီး ေဖ်ာ္ရည္ခြက္ကိုယူကာေအးေအးေဆးေဆးေသာက္ေနလိုက္သည္။
စိတ္ထဲမွာေတာ့မတင္မက်ျဖစ္ေနတဲ့ကိစၥႀကီးက
ေတာ္ေတာ္ေနရခက္သည္။
==================
ရွင္းခန္႔နဲ႔ေတြ႕ၿပီး မင္းဆက္ျပန္လာခဲ့သည္။ဘယ္မွလဲ သြားစရာမရွိေတာ့။ သြားခ်င္စိတ္လဲမရွိေတာ့ေပ။
ဘာမွေတြးေတာမေနေတာ့ပဲ အိမ္ကိုသာတန္းျပန္လာခဲ့သည္။ ဌာနကိုလဲ မသြားေတာ့။ရွင္းခန္႔ကေတာ့ ဌာနကိုသာျပန္သြားသည္။
တျဖည္းျဖည္းေမာင္းလာရင္း ၿခံထဲကိုေရာက္လာခဲ့သည္။ ၿခံထဲမွာရပ္ထာတဲ့ သူမျမင္ဖူးတဲ့ကားတစ္စီးေၾကာင့္ မင္းဆက္မ်က္ေမွာင္ၾကဳတ္လိုက္သည္။
ဒါကဘယ္သူ႔ကားလဲ။
ျဖည္းျဖည္းခ်င္းကာရပ္လိုက္ကာ ကားေပၚကဆင္းလာခဲ့သည္။ သူကားေပၚကဆင္းလိုက္ေတာ့အလုပ္သမား၂ေယာက္ကခ်က္ခ်င္းေရာက္လာၿပီး ကားကိုေမာင္းကာဂိုေထာင္ထဲသြင္းလိုက္သည္။
မင္းဆက္ အိမ္ထဲဝင္လာေတာ့ ေဒၚႀကီးကအိမ္အဝင္
ဝမွာရပ္ေနသည္။ သူ႔ကိုျမင္ေတာ့အနားေရာက္လာၿပီး
"ဧည့္သည္ေရာက္ေနတယ္သား လာၾကည့္ပါဦး"
ဧည့္သည္ဆိုတဲ့အတြက္ မင္းဆက္အနည္းငယ္ေတာ့စိတ္ဝင္စားသြားသည္။ ဘယ္သူလဲ။
သူတစ္ခါတည္းဧည့္ခန္းထဲဝင္လိုက္ေတာ့ ျမင္လိုက္ရတာက သင္းရနံ႔။ သူ႔ကိုျမင္ေတာ့ အနားေရာက္လာၿပီး
"လာ ငါနင့္ကိုေစာင့္ေနတာ"
သူမကေတာ့ မင္းဆက္လဲဆိုဖာေပၚမွာဝင္ထိုင္လိုက္သည္။ သူမကေဘးကအမ်ိဳးသားတစ္ေယာက္
ေၾကာင့္ ဒီလူကသင္းရနံ႔ရဲ႕ သတို႔သားေလာင္းဆိုတာ
သိလိုက္သည္။
ရုပ္ရည္ကအရမ္းႀကီးမေခ်ာေပမဲ့ ေယာက်ာ္းဆန္ဆန္
တည္ၿငိမ္ရင့္က်က္ပံုေပၚသည္။ သင္းရနံ႔က ၿပံဳးၿပီး
"ငါမိတ္ဆက္ေပးမလို႔ ၊ ဒါကငါ့နဲ႔လက္ထပ္မဲ့သူေလ
ဇြဲလင္းျမတ္တဲ့"
"ေတြ႕ရတာဝမ္းသာပါတယ္ဗ် ၊ ကြၽန္ေတာ္ကရနံ႔ရဲ႕
သူငယ္ခ်င္းပါ"
"ဟုတ္ကဲ့ ဝမ္းသာပါတယ္"
"ငါဖိတ္စာလာေပးတာ၊"
သူမကေျပာၿပီးအိတ္ထဲက ေငြေရာင္တလက္လက္နဲ႔
ဖိတ္စာေလးကိုထုတ္ကာမင္းဆက္ေရွ႕ကိုကမ္းေပးလိုက္သည္။
မင္းဆက္လဲ ဖိတ္စာေလးကိုယူထားၿပီးရက္ကိုၾကည့္ေတာ့ နီးေနၿပီ။
"ငါ ဖိတ္စာကိုပထမဆံုးနင့္ကိုေပးတာေနာ္ တျခားသူေတြကိုမေပးရေသးဘူး"
သူမကၿပံဳးၿပီးေျပာသည္။ မင္းဆက္ကလဲ ဖိတ္စာ
ေလးကိုၾကည့္ကာ ေခါင္းညိတ္ၿပီး
"ေအးပါ ငါလာခဲ့မယ္ စိတ္ခ် ဟုတ္ၿပီလား"
"ေမာင္ေလးကိုပါေခၚခဲ့ေနာ္ "
"ေအးပါ ငါသူ႔ကိုေသခ်ာေပါက္ေခၚလာမွာပါ"
"အင္းအင္း ငါေစာင့္ေနမယ္။ ငါ့လက္ထပ္ပြဲမွာ ငယ္သူငယ္ခ်စ္ျဖစ္တဲ့နင့္ကိုရိွေစခ်င္လို႔ပါတစ္ဦးတည္းေသာသမီးျဖစ္တဲ့ငါ့အတြက္ နင္ကငါ့အကိုပဲ"
"ေအးပါ နင့္လက္ထပ္ပြဲကိုေသခ်ာေပါက္လာခဲ့မယ္
အဲ့ေန႔က်ရင္ေတာ့သင္းရနံ႔တို႔ တအားေပ်ာ္ေနမွာျမင္
ေယာင္ေသး"
မင္းဆက္ေျပာေတာ့ ေဘးနားကသူမခ်စ္သူကလဲရယ္သည္။သူမကေတာ့ ၿပံဳးၿပံဳးေလးသာေနသည္။
"ငါျပန္ေတာ့မယ္ အန္တီတို႔အိမ္ကိုသြားမလို႔"
သူမကထရပ္ကာေျပာသည္။ မင္းဆက္လဲ ေခါင္းညိတ္
ျပၿပီး
"ေအး သြားေလ "
"အင္း ငါျပန္ၿပီ "
"ေအးေအး"
"ကြၽန္ေတာ္ျပန္ၿပီ "
"ဟုတ္ကဲ့ ဂရုစိုက္ျပန္ႀကဦး"
"အင္း "
ၿခံဳထဲကေမာင္းထြက္သြားတဲ့ ကားကိုၾကည့္ကာမင္းဆက္ၿပံဳးမိသည္။ သူ႔သူငယ္ခ်င္းမေလးေတာင္အိမ္ေထာင္ျပဳေတာ့မွာပဲ။
မိန္းမေကာင္းေလးျဖစ္တဲ့သင္းရနံ႔ကေသခ်ာေပါက္ သာယာတဲ့အိမ္ေထာင္ေရးကိုပိုင္ဆိုင္မွာပါ။
=================
ညေရာက္ေနေပမဲ့ အာဏာကထံုးစံအတိုင္းျပန္မလာေသး။ မင္းဆက္ေမြ့ရာေပၚမွာထိုငိကာ ဖုန္းဆက္
ၾကည့္ေပမဲ့ မကိုင္ေပ။
အလုပ္မ်ားေနတယ္လို႔သာမွတ္လိုက္ၿပီး ဖုန္းသံုး
ေနလိုက္သည္။
မီးအရမ္းလင္းရင္မႀကိဳက္တဲ့ သူ႔ေၾကာင့္ အခန္းမီးကို
မွိန္မွိန္သာထြန္းထားသည္။
ရုတ္တရက္ဝင္လာတဲ့messageေၾကာင့္ သူမ်က္ခံုးပင့္လိုက္သည္။ ၿပီးမွ ရွင္းခန္႔ကvideoပို႔လိုက္မယ္လို႔ေျပာတာကိုသတိရသြားသည္။
သူေစာနကေရာက္လာတဲ့videoကိုဖြင့္ၾကည့္
လိုက္သည္။
သူထိုvideoကိုၾကည့္ေနရင္း မ်က္လံုးျပဴးသြားသည္။ အံ့ၾသလြန္းလို႔ဘာမွမဆိုနိုင္။ စိတ္ကိုထိန္းကာ စိတ္ေအးေအးထားျပီး ေသခ်ာၾကည့္မိသည္။
Cctvမွတ္တမ္းမွာမိထားတဲ့ ပံုရိပ္။ အနည္းငယ္
ေဝဝါးေနတဲ့အျပင္ မ်က္နွာမွာmaskတပ္ထားတာ
မို႔ေသခ်ာမျမင္ရေပ။
သို႔ေသာ္ ဆံပင္က၊ ဆံပင္အရွည္နဲ႔လူ။Leather jackရဲ႕အိတ္ထဲကို လက္ထည့္ၿပီးလမ္းေလ်ာက္ေနတဲ့ပံုက သူ႔ကိုတုန္လႈပ္သြားေစသည္။
တကယ္ပဲ ဘာေတြလဲ။ သူဘာကိုမွမေတြးနိုင္ေတာ့။
"အဲ့တာ ဘာလုပ္ေနတာလဲ"
ရုတ္တရက္ တိတ္ဆိတ္တဲ့အခန္းထဲကဟိန္းထြက္
သြားတဲ့အသံေၾကာင့္ မင္းဆက္လန္႔သြားသည္။
"ဘာလုပ္ေနတာလဲ"
ေအးစက္စက္နဲ႔ေမးလိုက္တဲ့ အာဏာရဲ႕စကားသံက သူ႔ကိုထိတ္လန္႔ေစသည္။
အနားကိုတျဖည္းျဖည္းတိုးကပ္လာတဲ့ အာဏာက
သူထိုင္ေနတဲ့ ေမြ့ရာနားပင္ေရာက္လာသည္။
"ေမးေနတယ္ ဘာလုပ္ေနတာလဲ"
"အာ အာဏာ!"
#8.12.2020
======================