<Unicode>
"ဒါလေး စားဦး"
"မစားချင်ပါဘူးဆို အဲ့တာကြီးငါမကြိုက်ဘူး"
ကိုယ်ကတော့ အားပြည့်အောင် အားရှိတဲ့အစားအစာတွေ၊ မုန့်တွေကျွေး။ သူကတော့ မစားချင်ဘူးသာငြင်းနေသည်။
အာဏာ ကိတ်မုန့်ပန်းကန်ကို မစားချင်လို့အော်နေတဲ့မင်းဆက်ကြောင့် သက်ပြင်းချလိုက်ပြီး စားပွဲပေါ်ကိုပြန်တင်လိုက်သည်။
သူ့ရှေ့ကိုကြည့်တော့ စိတ်မကြည်သလိုနဲ့ဖြစ်နေတဲ့ကိုကို။ ဘာဖြစ်ရပြန်ပြီလဲ။ ခုရက်ပိုင်းတော်တော်ဆိုးနေတယ်။ပြောမရဆိုမရ၊ဂျစ်တစ်တစ်နဲ့။
"အားရှိအောင်စားရမယ်လေ။ ဆေးတွေသောက် အားရှိတဲ့ အစားအစာတွေကိုစားမှ အရင်လိုပြန်ပြီးအားပြည့်မှာပေါ့"
"မစားချင်ပါဘူး ဒီတိုင်းလဲအားရှိနေတာကို ။ ခုတောင်ငါအလုပ်လုပ်နိုင်တယ်"
မင်းဆက်ကပြောပြီးတိတ်ကျသွားသည်။ ပြီးမှပြုံးလာပြီး အာဏာကိုကြည့်ကာရယ်ကျဲကျဲနဲ့......
"အာ မေ့နေတာ ငါ့မှာအလုပ်မှမရှိတာ"
"ကိုကိုရော"
သူမချိတင်ကဲရေရွတ်ကာ မင်းဆက်ရဲ့ကိုယ်လေးကိုဖက်ထားမိသည်။ သူရာထူးကဖြုတ်ခံထားရတာကိုမေ့သွားပုံရသည်။
ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေမလဲ။
"နေပါဦး "
သူဖက်ထားတာကိုအတင်းရုန်းပြန်တော့ လွှတ်ပေးလိုက်ရသည်။ တကယ့်ကိုဆက်ဆက်ထိမခံ။ စကားကလဲများလာသေးသည်။
တစ်နေ့တစ်နေ့ပြောရတဲ့စကားတွေဆိုတာ ရေပတ်မဝင်။
"မင်းကဘာလို့ဒီဆံပင်ကိုအရှည်ထားနေတာလဲ"
သူ့ခေါင်းကဆံပင်ကိုဖွကာ မျက်လုံးပြူးပြူးလေးနဲ့မေးလာသည်။လက်ကအငြိမ်မနေ။ ခေါင်းကိုလာဖွနေတာမို့ သူလက်ကိုဖမ်းလိုက်တော့ စူပုတ်ပုတ်ဖြစ်သွားပြန်သည်။
"ဘာလို့လဲ ဆံပင်လေးကိုင်တာကို"
"ခေါင်းကိုလာဖွနေတာလေ "
"ငါလဲအရှည်ထားလိုက်ရမလား"
"မထားရပါဘူး။ ကိုကိုဒီလိုပုံမှန်လေးပဲလှတယ်"
"ချောတယ်လုပ်စမ်းပါ ဘာလှတာလဲ"
မင်းဆက်က သဘောမကျလိုပြောသည်။ သူ့ကိုလှတယ်လို့ပြောရင်လုံးဝမကြိုက်။ တကယ်လဲလှတာကို ။
"မဟုတ်လို့လား ကိုကိုမျက်နှာလေးဒီလောက်လှတာကို"
"မပြောစမ်းနဲ့ ငါကချောတာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ကိုကိုကပြောပြီး သူ့ဗိုက်ကိုလာကိုင်နေသည်။ စူစမ်းသလိုကြည့်ကာ ဗိုက်ကိုကိုင်၏။
"မိုက်လိုက်တာ Gynဆော့တာလား"
သူ့ဗိုက်ကကြွက်သားတွေကိုကြည့်ကာသဘောကျနေခြင်း။ လက်ကလဲအငြိမ်မနေ။ သူ့အကျင်္ီစကို လာလှန်နေသည်။
"ဝိုးးးး ငါလဲGynဆော့ဦးမှပဲ "
"မဆော့ရပါဘူး ၊ ဒီတိုင်းလေးပဲကောင်းတယ်"
"ဘာကောင်းလို့လဲ ကြွက်သားလဲမရှိဘူး ကြည့်ဦး
ပြားချပ်ချပ်နဲ့ "
ပြောပြီး သူ့အကျင်္ီကိုလှန်ပြလိုက်သေးသည်။ သူမျက်လုံးပြူးသွားရသည်။ ကိုကိုက သူ့ဗိုက်မှာကြွက်သားမရှိကြောင်း သက်သေပြကာ အကျင်္ီတောင်လှန်ပြလိုက်သေး။
ဖြူဖွေဖွေးဗိုက်လေးက ထင်းခနဲ့ပေါ်လာတော့ သူအတင်းအကျင်္ီကိုပြန်ချပေးလိုက်သည်။ မင်းဆက်ကတောင်နားမလည်သလိုပြူးကြောင်ကြောင်လေး။
"အဟမ်း! အကျင်္ီကိုလှန်တင်မထားနဲ့။ ဗိုက်အအေးပတ်မယ်"
မင်းဆက် ကတော့ ဘာမှဆက်မပြော။ သူကလဲ ဘာမှမပြောပဲ၂ယောက်သားငြိမ်နေမိသည်။
"ဒါနဲ့ ထာမဏေဆိုတဲ့အမျိုးသမီးက"
"အာ ထာမဏေက သဘောကောင်းပါတယ်။ အမတစ်ယောက်လိုပဲ ငါနေမကောင်းရင်သူကအမြဲတမ်းနားလာပြီး ပြုစုပေးတာ တကယ်သဘောကောင်းတယ် သိလား"
"အဲ့လောက်တောင်ချီးကျူးနေတာလား"
"ဟမ်!"
ထာမဏေနဲ့ ဘာမှမဆိုင်ကြောင်း ခပ်သွက်သွက်ရှင်းပြလိုက်ပေမဲ့ ပုံစံကထာမဏေကိုဘယ်လောက်တော်ကြောင်ချီးကျုးသလိုဖြစ်သွားသည်။
"အာ မဟုတ်ဘူးလေ ၊ သူနဲ့ဘာမှမသက်ဆိုကြောင်းရှင်းပြတာလေ မင်းလဲ"
အာဏာတမင်စနေတာဖြစ်သည်။ ထာမဏေနဲ့ ကိုကိုနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာသူသိသည်။ ဒါမဲ့ သူအထင်လွဲရင် ကိုကိုဘယ်လိုရှင်းပြမလဲဆိုတာသိချင်လို့ တမင်ညစ်လိုက်ခြင်းပင်။
သူကဘာမှမပြောပဲငြိမ်နေတော့ ကိုကိုကမျက်မှောင်ကြုတ်ကာကြည့်လာသည်။ ဘာလဲ ဆက်ရှင်းမပြတော့တာလား။
"မယုံသင်္ကာဖြစ်နေတာလား။ မယုံလဲမတတ်နိုင်ဘူးနော် ထင်ချင်ရာထင်ပဲ၊ I don't care အမောခံပြီးရှင်းမပြဘူး"
ပြောပြီးတုံးခနဲ့လှဲသွားတဲ့ မင်းဆက်ကြောင့် သူအံ့ဩသွားသည်။ ဘာဖြစ်သွားပြန်တာလဲ။
"နေဦး ဒါကစိတ်ကောက်တာလား"
"ကောက်စရာလားခွေးကောင်ရ"
ပက်ခနဲ့ပြန်ပြောလိုက်သေးသည်။ သေချာပါတယ်။ ဒါကစိတ်ကောက်နေတာ။ သူကျောခိုင်းကာလှဲနေတဲ့ ကို့ကိုနောက်ကိုသွားကာ ခါးကိုဖက်လိုက်တော့ ရုန်းသည်။
"ဖယ်စမ်း မဖက်နဲ့"
"အဲ့တာဖက်တာမဟုတ်ဘူး ကိုင်တာ"
"တူတူပဲ"
"မတူပါဘူးဆို"
သူကလဲ မလုပ်နဲ့ပြောရင်ပိုလုပ်ချင်တဲ့လူမို့ ကိုကို့ခါးလေးကိုသာသွားပြီးကိုင်နေမိသည်။
သူ့လက်ဝါးကြီးထဲ ခါးသးသေးလေးကိုအံဝင်ခွင်ကျဖြစ်နေပြီး ကိုကိုကတော့ ကော့လန်နေအောင်ရုန်းသည်။
သူလဲ မင်းဆက်မောနေမှာဆိုးလို့ ခါးကိုဆက်မဖက်တော့ပဲ ဖယ်ပေးမှရုန်းနေတာရပ်သွားသည်။
လှုပ်လှုပ်ရှားရှားလုပ်ခါမှချွေးလေးတွေထွက်လာသည်။
နဖူးမှာချွေးလေးတွေစို့နေတော့ သူကဖွဖွလေးသုတ်ပေးလိုက်ပြီး
"ငြိမ်ငြိမ်နေ ဘာမှမလုပ်ဘူး "
သူပြောလိုက်တော့ငြိမ်သွားသည်။နေမကောင်းလို့ အန်ရောင်ဘောင်းဘီလေးနဲ့ သူ့အဖြူရောင်hoddieကြီးကိုဝတ်ပေးထားတော့ သူကအဝတ်ထဲမြုပ်နေသည်။
ခုလဲ မွေ့ရာပေါ်မှာပက်လက်လေးဖြစ်နေပြီး ငြိမ်နေပြန်သည်။ ကြည့်ရတာမောသွားဖြစ်မည်။
သူလဲ ဘေးသွားပြီး လှဲလိုက်တော့ မလှုပ်မယှက်။ ပါးစပ်လေးကိုဟကာ အမောဖြေနေသည်။
ဟစိဟစိနဲ့ ပါးလေးလိုအသက်ရှူနေတဲ့ နှုတ်ခမ်းလေးကို ရုတ်တရက်သွားနမ်းလိုက်တော့ မျက်လုံးပြူးသွားသည်။
အပေါ်မှအုပ်မိုးကာနမ်းရှိုက်မိသည်က မြတ်နိုးစွာ။ ရုတ်တရက်ဆိုတော့လန့်သွားပုံရသည်။
လက်တွေကို သူ့ပခုံးကိုလာတွန်းသည်။ သို့သော်ဖယ်မပေးနိုင်။ ၄နှစ်လုံးလုံးလွမ်းခဲ့ရတာ စက္ကန့်ပိုင်းလောက်နဲ့တော့ မတင်းတိမ်နိုင်။
တွန်းနေတဲ့လက်ကိုဖယ်လိုက်ပြီး သူ့လည်တိုင်မှာတင်ပေးလိုက်တော့လက်လျော့သွားပုံရသည်။ ဆက်ပြီးမရုန်းတော့။ လည်တိုင်သာကိုသာဖက်ထားသည်။
တွန်းကန်ခြင်းမရှိတော့ သူလဲ ဆက်လက်နမ်းလိုက်သည်။ နူးညံ့တဲ့နှုတ်ခမ်းလေးကနေတစ်ဆင့် ခပ်နွေးနွေးလျှာလေးကိုစုပ်ယူလိုက်တော့ အလိုက်သင့်စွာ နှုတ်ခမ်းကိုဟပေးသည်။
ကိုကိုကတော်တော်အလိုက်သိလာတာပဲ။
လျှာလေးကိုစုပ်ယူရင်း လက်တစ်ဖက်က ချောမွတ်ကာ ရှက်စိတ်ကြောင့်ပန်းရောင်သန်းနေတဲ့ ပါးပြင်လေးကိုကိုင်ထားမိသည်။
နောက်လက်တစ်ဖက်က ခါးအောက်ကိုလျှိုကာ ခါးသိမ်သိမ်ကိုကိုင်ကာ ပြင်းပြင်းရှရှနမ်းမိသည်။ တကယ့်ကိုနူးညံ့သည်။
ဒီနှုတ်ခမ်းလေးကိုလွမ်းနေရတာအမြဲတမ်း။ အနားရောက်လာတာတောင် မထိရက်မကိုင်ရက်ဖြစ်ရတာ။ မြတ်နိုးလွန်းလို့။
ဒီလူသားလေးကိုမြတ်နိုးလွန်းလို့ အရိပ်တကြည့်ကြည့်ဂရုစိုက်နေရတာ။ ကိုယ့်လိုပဲ သာမာန်ယောကျာ်းတစ်ယောက်ဖြစ်နေတာတောင်စိုးရိမ်သည်။
ကိုကိုကကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်တဲ့ လူတစ်ယောက်ဆိုတာကိုသိပေမဲ့ သူစိတ်မချ။ ပိုတယ်ပဲဆိုဆို သူ့မျက်စိအောက်မှာသာထားချင်သည်။
အမြဲတမ်းတွေ့ချင်သည်။ ဒီလောက်ထိကို အထိအခိုက် မခံနိုင်လောက်အောင်မြတ်နိုးရသည်။
အနမ်းတွေပြင်းပြလာတာနဲ့အမျှ လည်တိုင်ကိုဖက်ထားတဲ့ လက်သွယ်သွယ်လေးတွေက တင်းကျပ်လာသည်။
ခါးကိုကိုင်ထားရာမှ အကျင်္ီအောက်ထဲလျှိုဝင်ကာ ကျောပြင်နုနုကိုပွတ်သပ်မိတော့ ကြွတတ်လာတဲ့ခါးလေး။
အတန်ကြာနမ်းရှိုက်ပြီးတော့သူစိတ်ထိန်းကာ နှုတ်ခမ်းနူးနူးညံ့ညံ့လေးကိုလွှတ်ပေးလိုက်ရသည်။
နေမကောင်းတဲ့လူကိုအတင်းအကြပ်ကြီးမလုပ်ချင်။ တော်ကြာပြန်ဖျားရင် ကိုယ်နမ်းလို့ပါလို့ပြောရင်ဒုက္ခ။ မင်းဆက်ဟိန်းကလွယ်တာမဟုတ်ဘူး။
နှုတ်ခမ်းလေးကိုဖယ်ခွာလိုက်ပြီး သူ့အောက်မှာပက်လက်လေးဖြစ်နေတဲ့ ကိုကို့ကိုကြည့်လိုက်တော့ ဖရိုဖရဲလေးဖြစ်နေသည်။
နမ်းထားလို့နီရဲနေတဲ့ နှုတ်ခမ်းလေးကထော်နေသယောင်ဖြစ်ကာ ဆံပင်လေးတွေကလဲရှုပ်ပွနေသည်။
အနမ်းရှိန်ကြောင့်လား ရှက်စိတ်ကြောင့်လားတော့မသိ ပါးပြင်ကရဲကာမျက်ရည်တွေဝေ့နေသည်။
Hoddieအကြီးကြီးနဲ့ ဖရိုဖရဲလေးဖြစ်နေတဲ့ ကိုကိုကြည့်ကာအူယားမိသည်။ ဘာလေးမှန်းကိုမသိ။
"မောသွားပြီလား"
နဖူးလေးကိုဖွဖွလေးသပ်ကာမေးတော့ မျက်စောင်းကာဒိုင်းခနဲ့ရောက်လာသည်။ ဝိုး မျက်စောင်းတောင်ထိုးနေပြီ။
"ဘယ်လိုတွေလုပ်နေတာလဲ အသဲယားရင်ဝါးစားလိုက်မှာနော်"
သူအံကြိတ်ကာမချိတင်ကဲ အသံနဲ့ပြောလိုက်မိသည်။
"နေမကောင်းတဲ့လူကို လုပ်ချင်တိုင်းလုပ်နေတာ
အသက်ရှူကျပ်ပြီးသေတော့ မလားတောင်မှတ်ရတယ် ငလူးရဲ့"
"အဟားး သေအောင်နမ်းမလားကိုကို၊ နမ်းလို့သေတဲ့လူတစ်ယာက်မှမရှိဘူး။ ကျွန်တော်ကဖြည်းဖြည်းချင်းဆီနမ်းမှာ"
သူပြောရင်း ငုံ့ချလိုက်တော့ လက်နဲ့သူ့မျက်နှာကိုတွန်သည်။
"ဖယ်စမ်း တော်ပြီ"
သူ့မျက်နှာကိုတွန်းထားတဲ့ လက်လေးကိုကိုင်ထားပြီး လက်ထိတ်ရဲရဲလေးတွေကိုအသဲယားစွာကိုက်လိုက်သည်။
"အ့! ခွေးကောင် လက်ကိုကိုက်စရာလား"
"ကိုက်ချင်နေတာ ကိုကို့တစ်ကိုယ်လုံးကိုကိုက်ချင်နေတာသိလား"
သူအပြောကိုတဆုံးထိတွေးလိုက်ပုံရတဲ့ ကိုကိုက ပါးလေးတွေရဲလာပြန်သည်။ အတွေးတွေမှောင်မိုက်နေတာပဲ။ စချင်လို့ သူရှက်နေတဲ့ လူကြီးလေးရဲ့နားနားကိုကပ်ကာ
"ကိုက်လို့ရလား တစ်ကိုယ်လုံးကို"
"ဖယ် ဖယ်စမ်း ကိုက်ရအောင်မင်းကခွေးလား"
"ခွေးဖြစ်တောင် ကိုကိုတစ်ယောက်ထဲကိုကိုက်မှာ လာခဲ့"
သူ့အောက်ကစွာစိလန်နေတဲ့ ကိုကို့ရဲ့အကျီလည်ပင်းကိုဆွဲချလိုက်တော့ လည်တိုင်ဖွေးဖွေးကထင်လာသည်။
လည်တိုင်ဖြူဖြူလေးကို ငုံ့ကာမွှေးကြူပြီး အနီကွက်ဖြစ်အောင်အထိကိုက်လိုက်တော့ တွန်းကန်လာသည်။
"အာ့! နာတယ်! ဖယ်ပေး! ဟေ့ကောင်! "
ဖယ်မပေးရင်စိတ်ကောက်သွားမှာလဲကြောက်ရသေး။ သူဖယ်ပေးလိုက်တော့ အနီကွက်လေးကထင်းနေသည်။
သဘောတကျနဲ့ထိုအနီကွက်လေးကိုကြည့်လိုက်တော့ အောက်ကတစ်ယောက်က မျက်ခုံးကိုကြုံ့ကာကြည့်နေပြီ။
တကယ်၊ ဘာလုပ်တွေလုပ်ပြနေတာလဲမသိဘူး။ အူယားစရာကောင်းအောင်။ ဒီလူကစိတ်မထိန်းနိုင်လို့ နမ်းတာကိုက်တာလုပ်ရင်လဲ မကြိုက်။ ဒီလူကြီးလေးနဲ့လဲ ခက်သည်။
"နာသွားလား"
"မင်းခံကြည့်ပါလား နာမနာဆိုတာ"
ပတ်ခနဲ့ပြန်ပြောလိုက်သည်က မကျေနပ်စွာ။ တော်တော်စွာတာပဲ။
သူခပ်ညစ်ညစ်အပြုံးကိုပြုံးလိုက်ပြီးခန္တာကိုယ်ကို တစ်ပတ်လှိမ့်လိုက်တော့ လန့်သွားပြီးသူ့ကိုဖက်ထားသည်။
သူ့ကိုယ်ပေါ်မှာ မှောက်ခုံလေးဖြစ်နေပြီး ငြိမ်နေသည်။
"ဘာလုပ်တာလဲ လန့်လိုက်တာ"
ကိုကိုကပြောတော့ သူကအကျင်္ီကြယ်သီးကို ၃လုံးလောက်အထိဖြုတ်လိုက်သည်။ ရင်ဘက်ဟကွဲဖြစ်သွားတဲ့ သူ့ကို ကိုကိုကနားမလည်သလိုကြည့်နေတော့
"ကိုက်ချင်လို့ဆို ကိုက်လေ"
သူပြောတော့ မျက်လုံးကစွေကြည့်သည်။ ဘယ်လိုတွေလုပ်ပြနေတာလဲ။
"ကိုက်မယ်နော်"
"အင်း ကိုက်"
သူပြောလိုက်တော့ ကိုကိုကလည်ပင်းနားကိုရောက်လသည်။ လည်တိုင်ကိုသူ့အစွယ်လေးနဲ့ထိအောင်ကိုက်လိုက်တော့ ဆစ်ခနဲ့ဖြစ်သွားသည်။
ထို့နောက် တဖြည်းဖြည်းအောက်ရောက်လာပြီး ရင်ဘက်တွေပါကိုက်လာသည်။
တတိတိနဲ့ကိုက်နေတဲ့ ကိုကိုကို့အူယားစွာ ခါးလေးကိုဖက်ထားပြီး လက်တစ်ဖက်က တင်းပါးပေါ်ရောက်သွားတော့ တွန့်ခနဲ့ဖြစ်သွားသည်။
"ငြိမ်ငြိမ်နေ"
သူ့အခြေအနေကိုသိပုံရတဲ့ကိုကိုက ဆက်မလှုပ်တော့ ။ ငြိမ်ငြိမ်လေးနေနေသည်။ တင်ပါးလေးကိုအားထည့်ကာညှစ်လိုက်တော့ နှုတ်ခမ်းကကိုက်လိုက်သေးသည်။
မင်းဆက်အဖြစ်ကရှက်လဲရှက်။ အခြေအနေကိုလဲမပြောချင်ဖြစ်နေပုံရသည်။ မျက်နှာကလဲ နီလို့။
"ဖယ်ပေးတော့ "
"အင်း"
သူလဲ ဖက်ထားရာမှလွှတ်ပေးလိုက်တော့ ကိုယ်ပေါ်ကဆင်းသွားသည်။
သူ့အပေါ်ကနေဆင်းသွားသည်။ နားတွေရဲနေသည်ကရှက်နေပုံ။ သူလဲလှဲနေရာမှထလိုက်ပြီး
"ရှက်နေတာလား"
သူပြုံးစိစိနဲ့မေးလိုက်တော့ ပြူးကြောင်ကြောင်နဲ့မော့ကြည့်လာသည်။
"ဟင် ဘာကိုရှက်ရမှာလဲ ငလူးရဲ့"
ဒေါက်! ဒေါက်!
"သား အောက်ထပ်မှာဧည့်သည်ရောက်နေတယ်"
အခန်းတံခါးခေါက်သံနဲ့အတူ ဒေါ်ကြီးရဲ့အသံကြောင့် သူကုတင်ပေါ်ကဆင်းပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
သူတံခါးဖွင့်လိုက်တာ့ ဒေါ်ကြီးကရှေ့မှာရပ်နေဆဲ။
"ဘယ်သူလဲဒေါ်ကြီး"
"မသိဘူးသားရဲ့ သားကြီးကိုတွေ့ချင်လို့တော့ပြောတယ်"
ကိုကို့ကိုတွေချင်တယ်ဆိုတော့ဘယ်သူလဲ ။
"ကောင်းပြီ ကျွန်တော်တို့ဆင်းလာခဲ့မယ်"
"အေးအေး"
ဒေါ်ကြီးကထွက်သွားတော့ သူအခန်းထဲပြန်လာသည်။ ကိုကိုကတော့ သူ့ကိုကြည့်ကာ
"ဘယ်သူလဲ "
"မသိဘူး ကျွန်တော်အရင်သွားကြည့်လိုက်မယ်
ပြီးမှဆင်းလာခဲ့"
"ခုလိုက်မယ် ဧည့်သည်ကိုအားနာစရာကြီး"
===================
"ကြည့်စမ်းပါဦး ပိန်သွားလိုက်တာ"
သူ့နားလာပြီးတတွတ်တွတ်နဲ့ ပြောနေတဲ့ရင်းကြောင့်ပြုံးလိုက်သည။ဒီကလေးကသူ့ကိုတအားစိတ်ပူနေတာသိသာလှသည်။
"နေကောင်းအောင်နေတာမဟုတ်ဘူး။ အကို ဟိုတစ်ယောက်ကဂရုမစိုက်ရင် ကျွန်တော်နဲ့လိုက်နေသိလား"
မင်းဆက်သူ့ကို လိုက်နေဖို့ပြောနေတဲ့ ရင်းအသေးလေးကိုကြည့်ကာသဘောကျမိသည်။ ဒီကောင်လေးကတကယ်ကိုပဲ။ ချစ်စရာလေး။
သူ ရင်းအသေးလေးနဲ့ အောင်ခန့်အကြောင်းသိပြီးပြီဖြစ်သည်။
၂ယောက်စလုံးကလူကောင်းတွေမို့ ကိစ္စမရှိ။ ခုလဲကြည့်။ အောင်ခန့်ကမအားလို့ သူ့ဘာသာဆိုင်ကယ်နဲ့ရောက်ချလာပြီ သတင်းလာမေးနေသည်။
"နေပါဦး မင်းကဘာလို့ဒီလောက်တောင်အတင်းခေါ်နေရတာလဲ ကိုကိုကငါနဲ့နေမှာ"
အာဏာကပြောလိုက်တော့ရင်းကမျက်နှာမဲ့သည်။ ဒီကောင်လေးတကယ်ပဲ။
"စကားအဖြစ်တောင်ပြောလို့မရဘူးလား ဖြစ်ပျက်နေတာပဲ။ ဒါနဲ့ မင်းစကားပြောတာဆင်ြခင်နော် ငါကမင်းထက်အသက်ကြီးတယ်"
ရင်းကခပ်တည်တည်နဲ့ပြောလိုက်သည်။ သူကတော့ရင်းအပြောကြောင့် ကြိတ်ရယ်မိသည်။
"အသက်သာကြီးတာ လူလဲကြည့်ဦး။ လက်တောက်လောက်နဲ့ "
"မင်း!"
အသေးလေးကစိတ်တိုသွားပြီး မျက်စောင်းထိုးကာကြည်ာသညဟ
ဟုတ်တယ်လေ။ အာဏာနဲ့ရင်းအသေးလေးနဲ့ယှဉ်ရင်ဆင်နဲ့ပုရွတ်ဆိတ်လောက်ဖြစ်နေတာကို။
"တော်ပါတော့ကွာ မင်းတို့ကလဲ ၊၊နေပါဦး ရင်းအသေးလေးကဒီနေ့အားနေတာလား"
သူမေးလိုက်တော့ ရင်းကခေါင်းညိတ်သည်။ ထို့နောက် အာဏာကိုခပ်မဲ့မဲ့ကြည့်လိုက်သည်။ အာဏာကလဲ ပြန်ကြည့် ။ သူကတော့ အကြည့်ချင်းစစ်တိုက်နေတဲ့ ယောက်ကြောင့် မျက်ခုံးပင့်သည်။
ထို့နောက် ရင်းကသူ့ကိုကြည့်လာပြီး
"ကျွန်တော်ဒီနေ့ဒီမှာနေလို့ရတယ်မလားအကို"
ရင်းက မျက်လုံးလေးတလက်လက်နဲ့မေးလာသည်။ သူလဲ အသဲယားလာပြီး ခေါင်းလေးကိုပုတ်ကာ
"နေလေ ညနေမှပြန် ဟုတ်ပြီလား"
"ကိုကို့!"
အာဏာ သူ့ကိုလှမ်ခေါ်လိုက်တော့ ရင်းက
"ဘာလဲ ဘာလဲ အကိုကတောင်ခွင့်ပြုနေတာကို မင်းကဘာဖြစ်နေတာလဲ"
"အာဏာကလဲ ရင်းကမတွေ့ရတာကြာပြီကို၊၊ ညနေမှပြန်ခိုင်းမယ်"
"ကောင်းတယ်အကို ကျွန်တော်အကို့ကိုမုန့်လုပ်ကျွေးရမလား"
"တကယ် ရင်းလေးကမုန့်လုပ်တတ်တယ်လား"
သူအံ့သြစွာမေးမိသည်။ အာဏာကတော့ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေသည်။ ရင်းတစ်နေ့လုံးနေမယ်ဆိုတာကို သဘောမကျဟန်။
"တကယ်ပါဆို အကိုကလဲ။ အကိုစားချင်တာသာပြော။ ကျွန်တော်အကုန်လုပ်ပေးမယ်"
ရင်းကပြောပြီး မင်းဆက်အနားကိုတိုးကပ်သွားပြီး အာဏာကိုတစ်ချက်ကြည့်ကာ
"သူ့ကိုပလစ်ထားလိုက် "
"ဘာ!!"
ဘာဆိုတဲ့အသံကအာဏာဆီကထွက်လာခြင်း။ ရင်း တိုးတိုးလေးပြောတာကိုကြားပြီး
"ကျုပ်ကိုင်ပေါက်မိတော့မယ်နော်"
"အကြီးကိုနော် "
မင်းဆက်ကပြောလိုက်မှ အာဏာကတိတ်သွားသည်။
ရင်းကတော့မဲ့ပြုံးပြုံးပြီး
"လုပ်ရဲတာလဲ မဟုတ်ပဲနဲ့လေကြီးနေတယ်"
သူမနိုင်ပဲနဲ့သွားစပြန်ပြီ။ ဟိုကကိုင်ပေါက်ရင် တစ်ကိုင်စာရှိတာကို။
"တော်တော် ရင်းလေး လာ အကို့ကိုမုန့်လုပ်ကျွေး"
သူပြောပြီထရပ်လိုက်တော့ ရင်းကကာပြုံးပြီးထရပ်လာသည်။ အာဏာကမျက်လုံးပြူးကာ
"ဘယ်သွားမလို့လဲ"
"မီးဖိုချောင်ထဲပေါ့ကွ၊ မုန့်စားမလို့ပါဆို မင်းကတစ်မျိုး"
သူအာဏာကိုပြောပြီး ရင်းကိုခေါ်ကာထွက်လာခဲ့သည်။
"ဟေ့ ကိုကို့မတည့်တာတွေမကျွေးနဲ့နော်"
"ငါသိတယ် လျှာမရှည်နဲ့"
ခပ်စွာစွာရင်းအသေးလေးရဲ့ စကားသံကမီးဖိုခန်းထဲကပြန့်လွင့်သွားသည်။ သေချာတာတော့ ဒီနေ့ ထို၂ယောက်ကို အာဏာတားရမည်မဟုတ်ပေ။
================
အာဏာအလုပ်မပြီးသေးလို့ စားကွဲမှာအလုပ်လုပ်နေခြင်း။ မင်းဆက်ကတော့ အိပ်သွားပြီဖြစ်သည်။
ဆေးတိုက်ကာအိပ်ခိုင်းထားခြင်း။ မဟုတ်ရင် သူ့စားပွဲပေါ်ကအမှုဖိုင်တွဲတွေကို လာလာကြည့်တတ်သောကြောင့်ပင်။
သူ မရှိတဲ့ ၄နှစ်အတွင်းဖြစ်ပျက်သွားတဲ့ကိစ္စမှန်သမှန်သမျှကို မနားတမ်းမေးသည်။
တအားကိုစပ်စုချင်တဲ့စိတ်က ဘယ်ကပါလာလဲမသိ။
မွေ့ရာပေါ်မှာနှစ်နှစ်ကခြိုက်အိပ်ပြီဆိုမှ သူအလုပ်လုပ်ရခြင်း။ အိပ်ဆေးပါထည့်ထားတော့ နိုးလာမဲ့ပုံမပေါ်။
သူ့ကိုကျောခိုင်းကာ အိပ်နေတဲ့ ကိုကိုကြောင့်ပြုံးလိုက်ပြီး အလုပ်ဆက်လုပ်လိုက်သည်။
မေသစ္စာကို XXXမှာဝင်ဖို့လဲ သူစီစဉ်ပေးရသေးသည်။ အလုပ်ကတော့များသား။
ကော်ဖီခွက်ကိုဘေးချပြီး အေးအေးဆေးဆေးအလုပ်လုပ်လိုက်သည်။
ထိုစဉ် ဘေးနားမှာတင်ထားတဲ့ဖုန်ကမီးလင်းလာတဲ့အတွက် အာဏာကြည့်မိလိုက်သည်။
မင်းဆက်အိပ်နေတဲ့အတွက် ဖုန်းကိုSilentလုပ်ထားခြင်း။ မတော်လို့လန့်နိုးရင် ပြဿနာကရှာပြီး အဆဲခံရဦးမည်။
အမည်မသိတဲ့ ဖုန်းနံပါတ်ကြောင့်မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဘယ်သူလဲသိချင်တဲ့အတွက် ဖုန်းကိုင်လိုက်သည်။
"ဟယ်လို"
"မင်းအာဏာစက်"
တစ်ခါမှမကြားဖူးတဲ့အသံက သူ့နာမည်ကိုခေါ်
လိုက်တဲ့အတွက် သူနည်းနည်တော့စိတ်ထဲ တမျိုးဖြစ်
သွားသည်။
"ဘယ်သူလဲ"
သူမေလိုက်တဲ့စကားနဲ့အတူတိတ်ဆိတ်သွားတဲ့အတွက် သူဘဝင်မကျ။ ခဏကြာမှထွက်လာတာက
"lori"
#4.12.2020
=======================
<Zawgyi>
"ဒါေလး စားဦး"
"မစားခ်င္ပါဘူးဆို အဲ့တာႀကီးငါမႀကိဳက္ဘူး"
ကိုယ္ကေတာ့ အားျပည့္ေအာင္ အားရွိတဲ့အစားအစာေတြ၊ မုန္႔ေတြေကြၽး။ သူကေတာ့ မစားခ်င္ဘူးသာျငင္းေနသည္။
အာဏာ ကိတ္မုန္႔ပန္းကန္ကို မစားခ်င္လို႔ေအာ္ေနတဲ့မင္းဆက္ေၾကာင့္ သက္ျပင္းခ်လိုက္ၿပီး စားပြဲေပၚကိုျပန္တင္လိုက္သည္။
သူ႔ေရွ႕ကိုၾကည့္ေတာ့ စိတ္မၾကည္သလိုနဲ႔ျဖစ္ေနတဲ့ကိုကို။ ဘာျဖစ္ရျပန္ၿပီလဲ။ ခုရက္ပိုင္းေတာ္ေတာ္ဆိုးေနတယ္။ေျပာမရဆိုမရ၊ဂ်စ္တစ္တစ္နဲ႔။
"အားရွိေအာင္စားရမယ္ေလ။ ေဆးေတြေသာက္ အားရွိတဲ့ အစားအစာေတြကိုစားမွ အရင္လိုျပန္ၿပီးအားျပည့္မွာေပါ့"
"မစားခ်င္ပါဘူး ဒီတိုင္းလဲအားရွိေနတာကို ။ ခုေတာင္ငါအလုပ္လုပ္နိုင္တယ္"
မင္းဆက္ကေျပာၿပီးတိတ္က်သြားသည္။ ၿပီးမွၿပံဳးလာၿပီး အာဏာကိုၾကည့္ကာရယ္က်ဲက်ဲနဲ႔......
"အာ ေမ႔ေနတာ ငါ့မွာအလုပ္မွမရွိတာ"
"ကုိကိုေရာ"
သူမခ်ိတင္ကဲေရ႐ြတ္ကာ မင္းဆက္ရဲ႕ကိုယ္ေလးကိုဖက္ထားမိသည္။ သူရာထူးကျဖဳတ္ခံထားရတာကိုေမ့သြားပံုရသည္။
ဘယ္ေလာက္ေတာင္စိတ္မေကာင္းျဖစ္ေနမလဲ။
"ေနပါဦး "
သူဖက္ထားတာကိုအတင္းရုန္းျပန္ေတာ့ လႊတ္ေပးလိုက္ရသည္။ တကယ့္ကိုဆက္ဆက္ထိမခံ။ စကားကလဲမ်ားလာေသးသည္။
တစ္ေန႔တစ္ေန႔ေျပာရတဲ့စကားေတြဆိုတာ ေရပတ္မဝင္။
"မင္းကဘာလို႔ဒီဆံပင္ကိုအရွည္ထားေနတာလဲ"
သူ႔ေခါင္းကဆံပင္ကိုဖြကာ မ်က္လံုးျပဴးျပဴးေလးနဲ႔ေမးလာသည္။လက္ကအၿငိမ္မေန။ ေခါင္းကိုလာဖြေနတာမို႔ သူလက္ကိုဖမ္းလိုက္ေတာ့ စူပုတ္ပုတ္ျဖစ္သြားျပန္သည္။
"ဘာလို႔လဲ ဆံပင္ေလးကိုင္တာကို"
"ေခါင္းကိုလာဖြေနတာေလ "
"ငါလဲအရွည္ထားလိုက္ရမလား"
"မထားရပါဘူး။ ကိုကိုဒီလိုပံုမွန္ေလးပဲလွတယ္"
"ေခ်ာတယ္လုပ္စမ္းပါ ဘာလွတာလဲ"
မင္းဆက္က သေဘာမက်လိုေျပာသည္။ သူ႔ကိုလွတယ္လို႔ေျပာရင္လံုးဝမႀကိဳက္။ တကယ္လဲလွတာကို ။
"မဟုတ္လို႔လား ကိုကိုမ်က္နွာေလးဒီေလာက္လွတာကို"
"မေျပာစမ္းနဲ႔ ငါကေခ်ာတာ"
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ"
ကိုကိုကေျပာၿပီး သူ႔ဗိုက္ကိုလာကိုင္ေနသည္။ စူစမ္းသလိုၾကည့္ကာ ဗိုက္ကိုကိုင္၏။
"မိုက္လိုက္တာ Gynေဆာ့တာလား"
သူ႔ဗိုက္ကႂကြက္သားေတြကိုၾကည့္ကာသေဘာက်ေနျခင္း။ လက္ကလဲအၿငိမ္မေန။ သူ႔အက်ီၤစကို လာလွန္ေနသည္။
"ဝိုးးးး ငါလဲGynေဆာ့ဦးမွပဲ "
"မေဆာ့ရပါဘူး ၊ ဒီတိုင္းေလးပဲေကာင္းတယ္"
"ဘာေကာင္းလို႔လဲ ႂကြက္သားလဲမရွိဘူး ၾကည့္ဦး
ျပားခ်ပ္ခ်ပ္နဲ႔ "
ေျပာၿပီး သူ႔အက်ီၤကိုလွန္ျပလိုက္ေသးသည္။ သူမ်က္လံုးျပဴးသြားရသည္။ ကိုကိုက သူ႔ဗိုက္မွာႂကြက္သားမရွိေၾကာင္း သက္ေသျပကာ အက်ီၤေတာင္လွန္ျပလိုက္ေသး။
ျဖဴေဖြေဖြးဗိုက္ေလးက ထင္းခနဲ႔ေပၚလာေတာ့ သူအတင္းအက်ီၤကိုျပန္ခ်ေပးလိုက္သည္။ မင္းဆက္ကေတာင္နားမလည္သလိုျပဴးေၾကာင္ေၾကာင္ေလး။
"အဟမ္း! အက်ီၤကိုလွန္တင္မထားနဲ႔။ ဗိုက္အေအးပတ္မယ္"
မင္းဆက္ ကေတာ့ ဘာမွဆက္မေျပာ။ သူကလဲ ဘာမွမေျပာပဲ၂ေယာက္သားၿငိမ္ေနမိသည္။
"ဒါနဲ႔ ထာမေဏဆိုတဲ့အမ်ိဳးသမီးက"
"အာ ထာမေဏက သေဘာေကာင္းပါတယ္။ အမတစ္ေယာက္လိုပဲ ငါေနမေကာင္းရင္သူကအၿမဲတမ္းနားလာၿပီး ျပဳစုေပးတာ တကယ္သေဘာေကာင္းတယ္ သိလား"
"အဲ့ေလာက္ေတာင္ခ်ီးက်ဴးေနတာလား"
"ဟမ္!"
ထာမေဏနဲ႔ ဘာမွမဆိုင္ေၾကာင္း ခပ္သြက္သြက္ရွင္းျပလိုက္ေပမဲ့ ပံုစံကထာမေဏကိုဘယ္ေလာက္ေတာ္ေၾကာင္ခ်ီးက်ဳးသလိုျဖစ္သြားသည္။
"အာ မဟုတ္ဘူးေလ ၊ သူနဲ႔ဘာမွမသက္ဆိုေၾကာင္းရွင္းျပတာေလ မင္းလဲ"
အာဏာတမင္စေနတာျဖစ္သည္။ ထာမေဏနဲ႔ ကိုကိုနဲ႔ ဘာမွမသက္ဆိုင္ဘူးဆိုတာသူသိသည္။ ဒါမဲ့ သူအထင္လြဲရင္ ကိုကိုဘယ္လိုရွင္းျပမလဲဆိုတာသိခ်င္လို႔ တမင္ညစ္လိုက္ျခင္းပင္။
သူကဘာမွမေျပာပဲၿငိမ္ေနေတာ့ ကိုကိုကမ်က္ေမွာင္ၾကဳတ္ကာၾကည့္လာသည္။ ဘာလဲ ဆက္ရွင္းမျပေတာ့တာလား။
"မယံုသကာၤျဖစ္ေနတာလား။ မယံုလဲမတတ္နိုင္ဘူးေနာ္ ထင္ခ်င္ရာထင္ပဲ၊ I don't care အေမာခံၿပီးရွင္းမျပဘူး"
ေျပာၿပီးတံုးခနဲ႔လွဲသြားတဲ့ မင္းဆက္ေၾကာင့္ သူအံ့ၾသသြားသည္။ ဘာျဖစ္သြားျပန္တာလဲ။
"ေနဦး ဒါကစိတ္ေကာက္တာလား"
"ေကာက္စရာလားေခြးေကာင္ရ"
ပက္ခနဲ႔ျပန္ေျပာလိုက္ေသးသည္။ ေသခ်ာပါတယ္။ ဒါကစိတ္ေကာက္ေနတာ။ သူေက်ာခိုင္းကာလွဲေနတဲ့ ကို႔ကိုေနာက္ကိုသြားကာ ခါးကိုဖက္လိုက္ေတာ့ ရုန္းသည္။
"ဖယ္စမ္း မဖက္နဲ႔"
"အဲ့တာဖက္တာမဟုတ္ဘူး ကိုင္တာ"
"တူတူပဲ"
"မတူပါဘူးဆို"
သူကလဲ မလုပ္နဲ႔ေျပာရင္ပိုလုပ္ခ်င္တဲ့လူမို႔ ကိုကို႔ခါးေလးကိုသာသြားၿပီးကိုင္ေနမိသည္။
သူ႔လက္ဝါးႀကီးထဲ ခါးသးေသးေလးကိုအံဝင္ခြင္က်ျဖစ္ေနၿပီး ကိုကိုကေတာ့ ေကာ့လန္ေနေအာင္ရုန္းသည္။
သူလဲ မင္းဆက္ေမာေနမွာဆိုးလို႔ ခါးကိုဆက္မဖက္ေတာ့ပဲ ဖယ္ေပးမွရုန္းေနတာရပ္သြားသည္။
လႈပ္လႈပ္ရွားရွားလုပ္ခါမွေခြၽးေလးေတြထြက္လာသည္။
နဖူးမွာေခြၽးေလးေတြစို႔ေနေတာ့ သူကဖြဖြေလးသုတ္ေပးလိုက္ၿပီး
"ၿငိမ္ၿငိမ္ေန ဘာမွမလုပ္ဘူး "
သူေျပာလိုက္ေတာ့ၿငိမ္သြားသည္။ေနမေကာင္းလို႔ အန္ေရာင္ေဘာင္းဘီေလးနဲ႔ သူ႔အျဖဴေရာင္hoddieႀကီးကိုဝတ္ေပးထားေတာ့ သူကအဝတ္ထဲျမဳပ္ေနသည္။
ခုလဲ ေမြ့ရာေပၚမွာပက္လက္ေလးျဖစ္ေနၿပီး ၿငိမ္ေနျပန္သည္။ ၾကည့္ရတာေမာသြားျဖစ္မည္။
သူလဲ ေဘးသြားၿပီး လွဲလိုက္ေတာ့ မလႈပ္မယွက္။ ပါးစပ္ေလးကိုဟကာ အေမာေျဖေနသည္။
ဟစိဟစိနဲ႔ ပါးေလးလိုအသက္ရွဴေနတဲ့ နႈတ္ခမ္းေလးကို ရုတ္တရက္သြားနမ္းလိုက္ေတာ့ မ်က္လံုးျပဴးသြားသည္။
အေပၚမွအုပ္မိုးကာနမ္းရႈိက္မိသည္က ျမတ္နိုးစြာ။ ရုတ္တရက္ဆိုေတာ့လန္႔သြားပံုရသည္။
လက္ေတြကို သူ႔ပခံုးကိုလာတြန္းသည္။ သို႔ေသာ္ဖယ္မေပးနိုင္။ ၄နွစ္လံုးလံုးလြမ္းခဲ့ရတာ စကၠန္႔ပိုင္းေလာက္နဲ႔ေတာ့ မတင္းတိမ္နိုင္။
တြန္းေနတဲ့လက္ကိုဖယ္လိုက္ၿပီး သူ႔လည္တိုင္မွာတင္ေပးလိုက္ေတာ့လက္ေလ်ာ့သြားပံုရသည္။ ဆက္ၿပီးမရုန္းေတာ့။ လည္တိုင္သာကိုသာဖက္ထားသည္။
တြန္းကန္ျခင္းမရွိေတာ့ သူလဲ ဆက္လက္နမ္းလိုက္သည္။ ႏူးညံ့တဲ့နႈတ္ခမ္းေလးကေနတစ္ဆင့္ ခပ္ေႏြးေႏြးလ်ွာေလးကိုစုပ္ယူလိုက္ေတာ့ အလိုက္သင့္စြာ နႈတ္ခမ္းကိုဟေပးသည္။
ကိုကိုကေတာ္ေတာ္အလိုက္သိလာတာပဲ။
လ်ွာေလးကိုစုပ္ယူရင္း လက္တစ္ဖက္က ေခ်ာမြတ္ကာ ရွက္စိတ္ေၾကာင့္ပန္းေရာင္သန္းေနတဲ့ ပါးျပင္ေလးကိုကိုင္ထားမိသည္။
ေနာက္လက္တစ္ဖက္က ခါးေအာက္ကိုလ်ွိုကာ ခါးသိမ္သိမ္ကိုကိုင္ကာ ျပင္းျပင္းရွရွနမ္းမိသည္။ တကယ့္ကိုႏူးညံ့သည္။
ဒီနႈတ္ခမ္းေလးကိုလြမ္းေနရတာအၿမဲတမ္း။ အနားေရာက္လာတာေတာင္ မထိရက္မကိုင္ရက္ျဖစ္ရတာ။ ျမတ္နိုးလြန္းလို႔။
ဒီလူသားေလးကိုျမတ္နိုးလြန္းလို႔ အရိပ္တၾကည့္ၾကည့္ဂရုစိုက္ေနရတာ။ ကိုယ့္လိုပဲ သာမာန္ေယာက်ာ္းတစ္ေယာက္ျဖစ္ေနတာေတာင္စိုးရိမ္သည္။
ကိုကိုကကိုယ့္ဘာသာကိုယ္ကာကြယ္နိုင္တဲ့ လူတစ္ေယာက္ဆိုတာကိုသိေပမဲ့ သူစိတ္မခ်။ ပိုတယ္ပဲဆိုဆို သူ႔မ်က္စိေအာက္မွာသာထားခ်င္သည္။
အၿမဲတမ္းေတြ႕ခ်င္သည္။ ဒီေလာက္ထိကို အထိအခိုက္ မခံနိုင္ေလာက္ေအာင္ျမတ္နိုးရသည္။
အနမ္းေတြျပင္းျပလာတာနဲ႔အမ်ွ လည္တိုင္ကိုဖက္ထားတဲ့ လက္သြယ္သြယ္ေလးေတြက တင္းက်ပ္လာသည္။
ခါးကိုကိုင္ထားရာမွ အက်ီၤေအာက္ထဲလ်ွိုဝင္ကာ ေက်ာျပင္ႏုႏုကိုပြတ္သပ္မိေတာ့ ႂကြတတ္လာတဲ့ခါးေလး။
အတန္ၾကာနမ္းရွိုက္ၿပီးေတာ့သူစိတ္ထိန္းကာ နႈတ္ခမ္းႏူးႏူးညံ့ညံ့ေလးကိုလႊတ္ေပးလိုက္ရသည္။
ေနမေကာင္းတဲ့လူကိုအတင္းအၾကပ္ႀကီးမလုပ္ခ်င္။ ေတာ္ၾကာျပန္ဖ်ားရင္ ကိုယ္နမ္းလို႔ပါလို႔ေျပာရင္ဒုကၡ။ မင္းဆက္ဟိန္းကလြယ္တာမဟုတ္ဘူး။
နႈတ္ခမ္းေလးကိုဖယ္ခြာလိုက္ၿပီး သူ႔ေအာက္မွာပက္လက္ေလးျဖစ္ေနတဲ့ ကိုကို႔ကိုၾကည့္လိုက္ေတာ့ ဖရိုဖရဲေလးျဖစ္ေနသည္။
နမ္းထားလို႔နီရဲေနတဲ့ နႈတ္ခမ္းေလးကေထာ္ေနသေယာင္ျဖစ္ကာ ဆံပင္ေလးေတြကလဲရႈပ္ပြေနသည္။
အနမ္းရွိန္ေၾကာင့္လား ရွက္စိတ္ေၾကာင့္လားေတာ့မသိ ပါးျပင္ကရဲကာမ်က္ရည္ေတြေဝ့ေနသည္။
Hoddieအႀကီးႀကီးနဲ႔ ဖရိုဖရဲေလးျဖစ္ေနတဲ့ ကိုကိုၾကည့္ကာအူယားမိသည္။ ဘာေလးမွန္းကိုမသိ။
"ေမာသြားၿပီလား"
နဖူးေလးကိုဖြဖြေလးသပ္ကာေမးေတာ့ မ်က္ေစာင္းကာဒိုင္းခနဲ႔ေရာက္လာသည္။ ဝိုး မ်က္ေစာင္းေတာင္ထိုးေနၿပီ။
"ဘယ္လိုေတြလုပ္ေနတာလဲ အသဲယားရင္ဝါးစားလိုက္မွာေနာ္"
သူအံႀကိတ္ကာမခ်ိတင္ကဲ အသံနဲ႔ေျပာလိုက္မိသည္။
"ေနမေကာင္းတဲ့လူကို လုပ္ခ်င္တိုင္းလုပ္ေနတာ
အသက္ရွဴက်ပ္ၿပီးေသေတာ့ မလားေတာင္မွတ္ရတယ္ ငလူးရဲ႕"
"အဟားး ေသေအာင္နမ္းမလားကိုကို၊ နမ္းလို႔ေသတဲ့လူတစ္ယာက္မွမရွိဘူး။ ကြၽန္ေတာ္ကျဖည္းျဖည္းခ်င္းဆီနမ္းမွာ"
သူေျပာရင္း ငံု႔ခ်လိုက္ေတာ့ လက္နဲ႔သူ႔မ်က္နွာကိုတြန္သည္။
"ဖယ္စမ္း ေတာ္ၿပီ"
သူ႔မ်က္နွာကိုတြန္းထားတဲ့ လက္ေလးကိုကိုင္ထားၿပီး လက္ထိတ္ရဲရဲေလးေတြကိုအသဲယားစြာကိုက္လိုက္သည္။
"အ့! ေခြးေကာင္ လက္ကိုကိုက္စရာလား"
"ကိုက္ခ်င္ေနတာ ကိုကို႔တစ္ကိုယ္လံုးကိုကိုက္ခ်င္ေနတာသိလား"
သူအေျပာကိုတဆံုးထိေတြးလိုက္ပံုရတဲ့ ကိုကိုက ပါးေလးေတြရဲလာျပန္သည္။ အေတြးေတြေမွာင္မိုက္ေနတာပဲ။ စခ်င္လို႔ သူရွက္ေနတဲ့ လူႀကီးေလးရဲ႕နားနားကိုကပ္ကာ
"ကိုက္လို႔ရလား တစ္ကိုယ္လံုးကို"
"ဖယ္ ဖယ္စမ္း ကိုက္ရေအာင္မင္းကေခြးလား"
"ေခြးျဖစ္ေတာင္ ကိုကိုတစ္ေယာက္ထဲကိုကိုက္မွာ လာခဲ့"
သူ႔ေအာက္ကစြာစိလန္ေနတဲ့ ကိုကို႔ရဲ႕အက်ီီ္လည္ပင္းကိုဆြဲခ်လိုက္ေတာ့ လည္တိုင္ေဖြးေဖြးကထင္လာသည္။
လည္တိုင္ျဖဴျဖဴေလးကို ငံု႔ကာေမႊးၾကဴၿပီး အနီကြက္ျဖစ္ေအာင္အထိကိုက္လိုက္ေတာ့ တြန္းကန္လာသည္။
"အာ့! နာတယ္! ဖယ္ေပး! ေဟ့ေကာင္! "
ဖယ္မေပးရင္စိတ္ေကာက္သြားမွာလဲေၾကာက္ရေသး။ သူဖယ္ေပးလိုက္ေတာ့ အနီကြက္ေလးကထင္းေနသည္။
သေဘာတက်နဲ႔ထိုအနီကြက္ေလးကိုၾကည့္လိုက္ေတာ့ ေအာက္ကတစ္ေယာက္က မ်က္ခံုးကိုႀကံဳ႕ကာၾကည့္ေနၿပီ။
တကယ္၊ ဘာလုပ္ေတြလုပ္ျပေနတာလဲမသိဘူး။ အူယားစရာေကာင္းေအာင္။ ဒီလူကစိတ္မထိန္းနိုင္လို႔ နမ္းတာကိုက္တာလုပ္ရင္လဲ မႀကိဳက္။ ဒီလူႀကီးေလးနဲ႔လဲ ခက္သည္။
"နာသြားလား"
"မင္းခံၾကည့္ပါလား နာမနာဆိုတာ"
ပတ္ခနဲ႔ျပန္ေျပာလိုက္သည္က မေက်နပ္စြာ။ ေတာ္ေတာ္စြာတာပဲ။
သူခပ္ညစ္ညစ္အၿပံဳးကိုၿပံဳးလိုက္ၿပီးခႏၲာကိုယ္ကို တစ္ပတ္လွိမ့္လိုက္ေတာ့ လန္႔သြားၿပီးသူ႔ကိုဖက္ထားသည္။
သူ႔ကိုယ္ေပၚမွာ ေမွာက္ခံုေလးျဖစ္ေနၿပီး ၿငိမ္ေနသည္။
"ဘာလုပ္တာလဲ လန္႔လိုက္တာ"
ကိုကိုကေျပာေတာ့ သူကအက်ီၤၾကယ္သီးကို ၃လံုးေလာက္အထိျဖဳတ္လိုက္သည္။ ရင္ဘက္ဟကြဲျဖစ္သြားတဲ့ သူ႔ကို ကိုကိုကနားမလည္သလိုၾကည့္ေနေတာ့
"ကိုက္ခ်င္လို႔ဆို ကိုက္ေလ"
သူေျပာေတာ့ မ်က္လံုးကေစြၾကည့္သည္။ ဘယ္လိုေတြလုပ္ျပေနတာလဲ။
"ကိုက္မယ္ေနာ္"
"အင္း ကိုက္"
သူေျပာလိုက္ေတာ့ ကိုကိုကလည္ပင္းနားကိုေရာက္လသည္။ လည္တိုင္ကိုသူ႔အစြယ္ေလးနဲ႔ထိေအာင္ကိုက္လိုက္ေတာ့ ဆစ္ခနဲ႔ျဖစ္သြားသည္။
ထို႔ေနာက္ တျဖည္းျဖည္းေအာက္ေရာက္လာၿပီး ရင္ဘက္ေတြပါကိုက္လာသည္။
တတိတိနဲ႔ကိုက္ေနတဲ့ ကိုကိုကို႔အူယားစြာ ခါးေလးကိုဖက္ထားၿပီး လက္တစ္ဖက္က တင္းပါးေပၚေရာက္သြားေတာ့ တြန္႔ခနဲ႔ျဖစ္သြားသည္။
"ၿငိမ္ၿငိမ္ေန"
သူ႔အေျခအေနကိုသိပံုရတဲ့ကိုကိုက ဆက္မလႈပ္ေတာ့ ။ ၿငိမ္ၿငိမ္ေလးေနေနသည္။ တင္ပါးေလးကိုအားထည့္ကာညႇစ္လိုက္ေတာ့ နႈတ္ခမ္းကကိုက္လိုက္ေသးသည္။
မင္းဆက္အျဖစ္ကရွက္လဲရွက္။ အေျခအေနကိုလဲမေျပာခ်င္ျဖစ္ေနပံုရသည္။ မ်က္နွာကလဲ နီလို႔။
"ဖယ္ေပးေတာ့ "
"အင္း"
သူလဲ ဖက္ထားရာမွလႊတ္ေပးလိုက္ေတာ့ ကိုယ္ေပၚကဆင္းသြားသည္။
သူ႔အေပၚကေနဆင္းသြားသည္။ နားေတြရဲေနသည္ကရွက္ေနပံု။ သူလဲလွဲေနရာမွထလိုက္ၿပီး
"ရွက္ေနတာလား"
သူၿပံဳးစိစိနဲ႔ေမးလိုက္ေတာ့ ျပဴးေၾကာင္ေၾကာင္နဲ႔ေမာ့ၾကည့္လာသည္။
"ဟင္ ဘာကိုရွက္ရမွာလဲ ငလူးရဲ႕"
ေဒါက္! ေဒါက္!
"သား ေအာက္ထပ္မွာဧည့္သည္ေရာက္ေနတယ္"
အခန္းတံခါးေခါက္သံနဲ႔အတူ ေဒၚႀကီးရဲ႕အသံေၾကာင့္ သူကုတင္ေပၚကဆင္းၿပီး တံခါးသြားဖြင့္ေပးလိုက္သည္။
သူတံခါးဖြင့္လိုက္တာ့ ေဒၚႀကီးကေရွ႕မွာရပ္ေနဆဲ။
"ဘယ္သူလဲေဒၚႀကီး"
"မသိဘူးသားရဲ႕ သားႀကီးကိုေတြ႕ခ်င္လို႔ေတာ့ေျပာတယ္"
ကိုကို႔ကိုေတြခ်င္တယ္ဆိုေတာ့ဘယ္သူလဲ ။
"ေကာင္းၿပီ ကြၽန္ေတာ္တို႔ဆင္းလာခဲ့မယ္"
"ေအးေအး"
ေဒၚႀကီးကထြက္သြားေတာ့ သူအခန္းထဲျပန္လာသည္။ ကိုကိုကေတာ့ သူ႔ကိုၾကည့္ကာ
"ဘယ္သူလဲ "
"မသိဘူး ကြၽန္ေတာ္အရင္သြားၾကည့္လိုက္မယ္
ၿပီးမွဆင္းလာခဲ့"
"ခုလိုက္မယ္ ဧည့္သည္ကိုအားနာစရာၿကီး"
===================
"ၾကည့္စမ္းပါဦး ပိန္သြားလိုက္တာ"
သူ႔နားလာၿပီးတတြတ္တြတ္နဲ႔ ေျပာေနတဲ့ရင္းေၾကာင့္ၿပံဳးလိုက္သည။ဒီကေလးကသူ႔ကိုတအားစိတ္ပူေနတာသိသာလွသည္။
"ေနေကာင္းေအာင္ေနတာမဟုတ္ဘူး။ အကို ဟိုတစ္ေယာက္ကဂရုမစိုက္ရင္ ကြၽန္ေတာ္နဲ႔လိုက္ေနသိလား"
မင္းဆက္သူ႔ကို လိုက္ေနဖို႔ေျပာေနတဲ့ ရင္းအေသးေလးကိုၾကည့္ကာသေဘာက်မိသည္။ ဒီေကာင္ေလးကတကယ္ကိုပဲ။ ခ်စ္စရာေလး။
သူ ရင္းအေသးေလးနဲ႔ ေအာင္ခန္႔အေၾကာင္းသိၿပီးၿပီျဖစ္သည္။
၂ေယာက္စလံုးကလူေကာင္းေတြမို႔ ကိစၥမရွိ။ ခုလဲၾကည့္။ ေအာင္ခန္႔ကမအားလို႔ သူ႔ဘာသာဆိုင္ကယ္နဲ႔ေရာက္ခ်လာၿပီ သတင္းလာေမးေနသည္။
"ေနပါဦး မင္းကဘာလို႔ဒီေလာက္ေတာင္အတင္းေခၚေနရတာလဲ ကိုကိုကငါနဲ႔ေနမွာ"
အာဏာကေျပာလိုက္ေတာ့ရင္းကမ်က္နွာမဲ့သည္။ ဒီေကာင္ေလးတကယ္ပဲ။
"စကားအျဖစ္ေတာင္ေျပာလို႔မရဘူးလား ျဖစ္ပ်က္ေနတာပဲ။ ဒါနဲ႔ မင္းစကားေျပာတာဆငျ္ခင္ေနာ္ ငါကမင္းထက္အသက္ႀကီးတယ္"
ရင္းကခပ္တည္တည္နဲ႔ေျပာလိုက္သည္။ သူကေတာ့ရင္းအေျပာေၾကာင့္ ႀကိတ္ရယ္မိသည္။
"အသက္သာႀကီးတာ လူလဲၾကည့္ဦး။ လက္ေတာက္ေလာက္နဲ႔ "
"မင္း!"
အေသးေလးကစိတ္တိုသြားၿပီး မ်က္ေစာင္းထိုးကာၾကည္ာသညဟ
ဟုတ္တယ္ေလ။ အာဏာနဲ႔ရင္းအေသးေလးနဲ႔ယွဥ္ရင္ဆင္နဲ႔ပု႐ြတ္ဆိတ္ေလာက္ျဖစ္ေနတာကို။
"ေတာ္ပါေတာ့ကြာ မင္းတို႔ကလဲ ၊၊ေနပါဦး ရင္းအေသးေလးကဒီေန႔အားေနတာလား"
သူေမးလိုက္ေတာ့ ရင္းကေခါင္းညိတ္သည္။ ထို႔ေနာက္ အာဏာကိုခပ္မဲ့မဲ့ၾကည့္လိုက္သည္။ အာဏာကလဲ ျပန္္ၾကည့္ ။ သူကေတာ့ အၾကည့္ခ်င္းစစ္တိုက္ေနတဲ့ ေယာက္ေၾကာင့္ မ်က္ခံုးပင့္သည္။
ထို႔ေနာက္ ရင္းကသူ႔ကိုၾကည့္လာၿပီး
"ကြၽန္ေတာ္ဒီေန႔ဒီမွာေနလို႔ရတယ္မလားအကို"
ရင္းက မ်က္လံုးေလးတလက္လက္နဲ႔ေမးလာသည္။ သူလဲ အသဲယားလာၿပီး ေခါင္းေလးကိုပုတ္ကာ
"ေနေလ ညေနမွျပန္ ဟုတ္ၿပီလား"
"ကိုကို႔!"
အာဏာ သူ႔ကိုလွမ္ေခၚလိုက္ေတာ့ ရင္းက
"ဘာလဲ ဘာလဲ အကိုကေတာင္ခြင့္ျပဳေနတာကို မင္းကဘာျဖစ္ေနတာလဲ"
"အာဏာကလဲ ရင္းကမေတြ႕ရတာၾကာၿပီကို၊၊ ညေနမွျပန္ခိုင္းမယ္"
"ေကာင္းတယ္အကို ကြၽန္ေတာ္အကို႔ကိုမုန္႔လုပ္ေကြၽးရမလား"
"တကယ္ ရင္းေလးကမုန္႔လုပ္တတ္တယ္လား"
သူအံ့ျသစြာေမးမိသည္။ အာဏာကေတာ့ စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ေနသည္။ ရင္းတစ္ေန႔လံုးေနမယ္ဆိုတာကို သေဘာမက်ဟန္။
"တကယ္ပါဆို အကိုကလဲ။ အကိုစားခ်င္တာသာေျပာ။ ကြၽန္ေတာ္အကုန္လုပ္ေပးမယ္"
ရင္းကေျပာၿပီး မင္းဆက္အနားကိုတိုးကပ္သြားၿပီး အာဏာကိုတစ္ခ်က္ၾကည့္ကာ
"သူ႔ကိုပလစ္ထားလိုက္ "
"ဘာ!!"
ဘာဆိုတဲ့အသံကအာဏာဆီကထြက္လာျခင္း။ ရင္း တိုးတိုးေလးေျပာတာကိုၾကားၿပီး
"က်ဳပ္ကိုင္ေပါက္မိေတာ့မယ္ေနာ္"
"အႀကီးကိုေနာ္ "
မင္းဆက္ကေျပာလိုက္မွ အာဏာကတိတ္သြားသည္။
ရင္းကေတာ့မဲ့ၿပံဳးၿပံဳးၿပီး
"လုပ္ရဲတာလဲ မဟုတ္ပဲနဲ႔ေလႀကီးေနတယ္"
သူမနိုင္ပဲနဲ႔သြားစျပန္ၿပီ။ ဟိုကကိုင္ေပါက္ရင္ တစ္ကိုင္စာရွိတာကို။
"ေတာ္ေတာ္ ရင္းေလး လာ အကို႔ကိုမုန္႔လုပ္ေကြၽး"
သူေျပာၿပီထရပ္လိုက္ေတာ့ ရင္းကကာၿပံဳးၿပီးထရပ္လာသည္။ အာဏာကမ်က္လံုးျပဴးကာ
"ဘယ္သြားမလို႔လဲ"
"မီးဖိုေခ်ာင္ထဲေပါ့ကြ၊ မုန္႔စားမလို႔ပါဆို မင္းကတစ္မ်ိဳး"
သူအာဏာကိုေျပာၿပီး ရင္းကိုေခၚကာထြက္လာခဲ့သည္။
"ေဟ့ ကိုကို႔မတည့္တာေတြမေကြၽးနဲ႔ေနာ္"
"ငါသိတယ္ လ်ွာမရွည္နဲ႔"
ခပ္စြာစြာရင္းအေသးေလးရဲ႕ စကားသံကမီးဖိုခန္းထဲကျပန္႔လြင့္သြားသည္။ ေသခ်ာတာေတာ့ ဒီေန႔ ထို၂ေယာက္ကို အာဏာတားရမည္မဟုတ္ေပ။
================
အာဏာအလုပ္မၿပီးေသးလို႔ စားကြဲမွာအလုပ္လုပ္ေနျခင္း။ မင္းဆက္ကေတာ့ အိပ္သြားၿပီျဖစ္သည္။
ေဆးတိုက္ကာအိပ္ခိုင္းထားျခင္း။ မဟုတ္ရင္ သူ႔စားပြဲေပၚကအမႈဖိုင္တြဲေတြကို လာလာၾကည့္တတ္ေသာေၾကာင့္ပင္။
သူ မရွိတဲ့ ၄နွစ္အတြင္းျဖစ္ပ်က္သြားတဲ့ကိစၥမွန္သမွန္သမ်ွကို မနားတမ္းေမးသည္။
တအားကိုစပ္စုခ်င္တဲ့စိတ္က ဘယ္ကပါလာလဲမသိ။
ေမြ့ရာေပၚမွာနွစ္နွစ္ကၿခိဳက္အိပ္ၿပီဆိုမွ သူအလုပ္လုပ္ရျခင္း။ အိပ္ေဆးပါထည့္ထားေတာ့ နိုးလာမဲ့ပံုမေပၚ။
သူ႔ကိုေက်ာခိုင္းကာ အိပ္ေနတဲ့ ကိုကိုေၾကာင့္ၿပံဳးလိုက္ၿပီး အလုပ္ဆက္လုပ္လိုက္သည္။
ေမသစၥာကို XXXမွာဝင္ဖို႔လဲ သူစီစဥ္ေပးရေသးသည္။ အလုပ္ကေတာ့မ်ားသား။
ေကာ္ဖီခြက္ကိုေဘးခ်ၿပီး ေအးေအးေဆးေဆးအလုပ္လုပ္လိုက္သည္။
ထိုစဥ္ ေဘးနားမွာတင္ထားတဲ့ဖုန္ကမီးလင္းလာတဲ့အတြက္ အာဏာၾကည့္မိလိုက္သည္။
မင္းဆက္အိပ္ေနတဲ့အတြက္ ဖုန္းကိုSilentလုပ္ထားျခင္း။ မေတာ္လို႔လန္႔နုိးရင္ ျပႆနာကရွာၿပီး အဆဲခံရဦးမည္။
အမည္မသိတဲ့ ဖုန္းနံပါတ္ေၾကာင့္မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သို႔ေသာ္ ဘယ္သူလဲသိခ်င္တဲ့အတြက္ ဖုန္းကိုင္လိုက္သည္။
"ဟယ္လို"
"မင္းအာဏာစက္"
တစ္ခါမွမၾကားဖူးတဲ့အသံက သူ႔နာမည္ကိုေခၚ
လိုက္တဲ့အတြက္ သူနည္းနည္ေတာ့စိတ္ထဲ တမ်ိဳးျဖစ္
သြားသည္။
"ဘယ္သူလဲ"
သူေမလိုက္တဲ့စကားနဲ႔အတူတိတ္ဆိတ္သြားတဲ့အတြက္ သူဘဝင္မက်။ ခဏၾကာမွထြက္လာတာက
"lori"
#4.12.2020
=======================