<Unicode>
ဆေးရုံထဲကိုဝင်လိုက်တော့ သူနာပြုမလေးကတော့ ငေးကြည့်နေသည်။ အာဏာကတော့ ဂရုမစိုက်။ ဦးတည်ရာလမ်းအတိုင်းသာလျောက်လာခဲ့သည်။
ထို့နောက်ကောင်တာကိုသွားလိုက်ပြီး သူနာပြုမလေး
တစ်ယောက်အားမေးလိုက်၏။
"ဆေးရုံအုပ်ရုံးခန်းကဘယ်နားမှာလဲ"
အာဏာမေးလိုက်တော့ သူနာပြုမလေးက .....
"ဒီကနေတည့်တည့်သွားရှင့်၊ အဆုံမှဓာတ်လှေကား
ရှိတယ်။ အဲ့ကနေ ဒုတိယထပ်ကိုတတ်လိုက်။ ပြီးရင်ဆေးရုံအုပ်ရဲ့ရုံးခန်းကိုတန်းရောက်တယ်"
"ကျေးဇူး"
"ဟုတ်ကဲ့ပါ"
သူနာပြုမလေးကိုကျေးဇူးစကားဆိုပြီး အာဏာညွှန်ပြလိုက်တဲ့လမ်းအတိုင်းလာခဲ့သည်။ နောက်ကတိုးတိုးစကားသံတွေကိုမကြားချင်ယောင်ဆောင်လျက်။
ဒုတိယထပ်ရောက်တော့ ဆေးရုံအုပ်ရုံးခန်းကိုတွေ့လိုက်ရသည်။ ထိုအခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည်။
ဒေါက်! ဒေါက်!
"ဝင်ခဲ့ပါ"
အထဲကDayအသံကြောင့် အာဏာအခန်းတံခါးကိုကိုယ့်ဘာသာဖွင့်ကာဝင်လာလိုက်သည်။အခန်းကသန့်ရှင်းသက်ရပ်ကာအတော်ကျယ်လှ၏။
"ဆေးရုံအထိတောင်လိုက်လာတာဆိုတော့ ငါထီထိုးဦးမှပဲ"
Dayက ပြောပြီး အလုပ်စားပွဲကနေထကာဆိုဖာပေါ်လာလိုက်သည်။ အာဏာလဲဆိုဖာပေါ်ထိုင်လိုက်သည်။
"အားလား"
"မအားဘူးဆိုရင်ရော"
"အဟင်း မအားလဲကျွန်တော်မေးတာအရင်ဖြေပေး"
အာဏာက ပြောတော့Dayရယ်သည်။ သူ့Daddyအတိုင်းပဲ ။ သိချင်တာလိုချင်တာရှိရင်ချက်ချင်း။
"ကဲ ဘာမေးမှာလဲ"
Dayမေးလိုက်တော့ အာဏာကleather jackထဲက ဓာတ်ပုံတစ်ပုံကိုထုတ်ပြလာသည်။ ထိုဓာတ်ပုံကို Dayရှေ့မှာချပေးလိုက်၏။
"ဒီလူကိုသိလား"
အာဏာကမေးတော့ Dayက စားပွဲပေါ်ကဓာတ်ပုံကိုယူကာကြည့်လိုက်သည်။အာဏာလဲ Dayရဲ့အဖြေစကားကိုစောင့်နေလိုက်သည်။
"ဦးအောင်သာ"
Dayက ဓာတ်ပုံကိုကြည့်ကာရေရွတ်လိုက်သည်။ အာဏာကသိချင်စိတ်နဲ့ Dayကိုကြည့်ကာ
"သိတယ်မလား"
အာဏာကမေး၏။ Dayက ပုံကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး ခေါင်းညိတ်ကာ
"အင်း သိတယ်။ USမှာတုန်းက ဆေးရုံတစ်ခုမှသူ့ကိုတွေ့ဖူးတယ်။ "
"ဦးဒေးနဲ့ရင်းနှီးလား"
"ရင်းရင်းနှီးကြီးသိတာတော့မဟုတ်ဘူး ။ သူ့ရဲ့ကိစ္စတွေကြောင့်သိလိုက်ရတာ"
Dayကပြောတော့ အာဏာကစိတ်ဝင်စားသွားဟန်နဲ့
"ဘာကိစ္စလဲ"
အာဏာမေးလိုက်တော့ Day ဆိုဖာပေါ်မှာမှီထားပြီး အေးအေးဆေးဆေးနဲ့ဖြေသည်။
"ငါဒီကိုမရောက်ခင်တုန်းက သူပြဿနာဖြစ်တာ။
ဆေးရုံမှာခွင့်ပြုချက်မရှိဘဲ ဆေးတစ်မျိုးစမ်းသပ်ထုတ်လို့။ သူကတော့ သူ့ဘာသာထုတ်တာ၊ ဒါမဲ့ဆေးရုံကဆရာဝန်က တရားမဝင်ဆေးတွေစမ်းသပ်ထုတ်ပြီး လူနာတစ်ချို့ကိုတိုက်နေတယ်လို့သတင်းတွေကြားပြီး သူ့ကိုဆေးရုံကအလုပ်ထုတ်လိုက်တယ်။
အဲ့တုန်းက ဦးအောင်သာရဲ့ပြဿနာကတော်တော်ကြီးမားသွားတယ်။ တခြားဆေးရုံတွေကပါ သူ့ကိုလက်မခံတော့တာ"
Day ကပြောတော့ အာဏာကခေါင်းညိတ်သည်။
"ဒါနဲ့ သူကဘာဆေးတွေစမ်းသပ်ခဲ့လို့လဲ"
အာဏာမေးလိုက်တော့ Dayခေါင်းခါသည်။ သူမသိ။
"တိတိကျကျတော့မသိဘူး။ ဒါမဲ့ ငါအသံကြားမိတာတော့ မူးရစ်ဆေးတစ်မျိုးလို့ကြားရတယ်"
Dayပြောတော့ အာဏာကတစ်ခုခုကိုစဉ်းစားနေသလို လုပ်နေပြီး
"သူစမ်းသပ်ခဲ့တဲ့ဆေးအကြောင်းကို ကျွန်တော်သိချင်တယ်။ ဦးဒေးစုံစမ်းပေးလို့ရမလား"
"လာပြီ မင်းတို့သာအဖတွေက ငါ့ကိုဘဲလာပြီးခိုင်းနေတယ်။ အဖေရောသားရောတစ်ပုံစံတည်း"
"လုပ်ပါ အားကိုးစရာဆိုလို့ဦးဒေးပဲရှိတာကို"
"လာပြီလာပြီ စကားတွေနဲ့ချုပ်ပြီ။ ပြီးရော ငါစုံစမ်းထားမယ်"
"Ok ဒါဆိုကျွန်တော်ပြန်ပြီ"
အာဏာကပြောပြီးထိုင်ရာမှထလိုက်သည်။ အာဏာကထလိုက်တော့ Dayကမျက်နှာမဲ့သည်။
"မြင်လား လိုချင်တာရပြီးတော့ပြန်ပြီ"
"အဟားး အလုပ်မအားလို့ပါဗျာ"
"အေးပါသွားတော့။ ဒါနဲ့ မင်းဆက်ရောပြန်မလာသေးဘူးလား"
Dayစကားကြောင့်ရယ်နေတဲ့ အာဏာကချက်ချင်းမျက်နှာတည်သွားသည်။
"အင်း မသိသေးဘူး။ ကျွန်တော်သွားပြီနော်"
"အေး"
Dayကို နှုတ်ဆက်ပြီး အာဏာအခန်းထဲကထွက်လာခဲ့သည်။ ဆေးရုံကနေထွက်လာပြီး ကားနားရောက်တော့ ဖုန်းသံကြောင့် ဘောင်းဘီအိတ်ထဲကထုတ်လိုက်ပြီး ကြည့်လိုက်တော့ အောင်ခန့်။
"အင်း "
"ဆေးစစ်ချက်ထွက်ပြီး လာခဲ့တော့ "
"ok ခုလာခဲ့မယ်"
ဖုန်းချပြီး ကားပေါ်တတ်ကာချက်ချင်းဆေးရုံဝန်းထဲကထွက်လာခဲ့သည်။
=================
"ဒါလေးနည်းနည်းထပ်စားလိုက်ဦး "
မွေ့ရာပေါ်မှာထိုင်နေတဲ့ မင်းဆက်ကိုထာမဏေက ဆန်ပြုတ်တိုက်နေခြင်း။ နေမကောင်းတော့ ထမင်းမစားဘဲဆန်ပြုတ်သာသောက်နေရသည်။ အဖျားကလဲ တာရှည်နေတော့ ထာမဏေလဲ အနားကမခွာစောင့်ကြည့်နေရသည်။
သူ့ရှေ့ကဆန်ပြုတ်ပန်းကန်ကိုကြည့်ကာ မင်းဆက်ခေါင်းခါလိုက်သည်။
"မသောက်ချင်ဘူး"
"နည်းနည်းလေးပါ ပြီးရင်ဆေးသောက်ရမယ်လေ"
သူမကချော့ပြောမှာ သက်ပြင်းချပြီးဆန်ပြုတ်ကိုဆက်သောက်သည်။ ထာမဏေလဲ မင်းဆက်ဆန်ပြုတ်သောက်နတုန်း ဆေးကိုယူကာစောင့်နေရသည်။
"ပြီးပြီ"
ပန်းကန်ထဲကဆန်ပြုတ်ကိုကြိတ်မှိတ်သောက်လိုက်ပြီး ရှေ့ကိုပြန်ချလိုက်သည်။ ထာမဏေက ပန်းကန်ကိုသိမ်းလိုက်ပြီး ဆေးကိုပေးလိုက်တော့ မင်းဆက်ကတစ်ခါတည်းသောက်လိုက်သည်။
သူမက ဆန်ပြုတ်ပန်းကန်တွေ ရေခွက်တွေကို လက်ဗန်းထဲသေချာထည့်ပြီး မင်းဆက်ကိုကြည့်ကာ
"လန်းလန်းဆန်းဆန်းလေးနေပါ။ ကြည့်လိုက်ရင်မှိုင်နေတာချည်းပဲ"
"ထာ"
"အင်း ပြောလေ"
"ကျွန်တော်အပြင်သွားချင်တယ်"
မင်းဆက်ရဲ့စကားကိုထာ်ဏေက မျက်လုံးပြူးသွားသည်။
"နေမကောင်းတာကို အပြင်မသွားချင်ပါနဲ့ မင်းဆက်ရယ် ထပ်ဖျားနေပါ့မယ်"
"ကျွန်တော်မွန်းကျပ်တယ်။၊ဒီအိမ်ပြင်ကိုမထွက်ရတာဘယ်လောက်ကြာပြီလဲ။ ခဏပဲလေ ထာ၊ ကူညီပါ"
မင်းဆက်ပြောတာတကယ်ပဲဟုတ်ပါသည်။ ၄နှစ်ပြည့်သွားတဲ့အတွက် ရုံးခွဲကိုသွားစရာမလိုတော့။။Loriကတော့ ပြန်မလွှတ်သေးဘဲ အိမ်ထဲမှာသာနေစေသည်။ ဒါကိုမင်းဆက်ကလုံးဝသဘောကျ။ နေမကောင်း၍ သာငြိမ်နေခြင်းဖြစ်သည်။
"အနီးအနားလေးပဲလေ ကားနဲ့သွားရင်လေမတိုးတော့ဘူး "
တကယ်ကိုအပြင်အရမ်းသွားချင်နေရှာတဲ့ မင်းဆက်ကောင့် ထာမဏေသက်ပြင်းချလိုက်သည်။
"အငိး ဒီအနီးအနားမှာ ပန်းခြံလေးရှိတယ်။ အဲ့ကိုပဲလိုက်ပိုပေးမယ် ဟုတ်ပြီလား"
"အင်း ကျေးဇူးပဲ"
"လာ အနွေးထည်ဝတ်ဦး "
ထာမဏေက ထိုင်နေရာမှထလိုက်ပြီး အဝတ်ဗီဒိုရှိရာကိုသွားပြီး မင်းဆက်အတွက် အနွေးထည်ကိုထုတ်ပေးလိုက်သည်။ အနွေးထည်ထူထူကိုယူလာပြီး ေမွ့ရာပေါ်မှာခြေထောက်လေးချကာထိုင်နေတဲ့ မင်းဆက်ကိုပေးလိုက်တော့ မင်းဆက်ကယူပြီးဝတ်လိုက်သည်။
"လာ သွားမယ်"
"အန်ကယ်ရော"
မင်းဆက်မေးလိုက်တော့ သူမက ....
"အန်ကယ်အပြင်ထွက်သွားတယ်။ လာ သူမရှိတုန်းသွားရမှာ"
"အင်း"
ထို့နောက်၂ယောက်သားအခန်းထဲကထွက်လာခဲ့သည်။ အောက်ထပ်ရောက်တော့ ထာမဏေက အလုပ်သမားတစ်ယောက်ကိုခေါ်လိုက်သည်။
"မမလေး ဘာလို့လဲ"
ထိုလူကအနားရောက်လာတော့ သူမက...
"ဒီနားကပန်းခြံကိုသွားမလို့ အဲ့တာလိုက်ပို့ပေး"
"ဗျာ ! မဖြစ်ဖူးထင်တယ်။ အကိုလေးကိုဘယ်ကိုမှမသွားခိုင်းဘူးလေ"
ထိုလူကငြင်းသည်။ မင်းဆက်က တည်တည်ငြိမ်ငြိမ်နဲ့
"ခဏလေးပဲ လိုက်ပို့ပေး ၊၊ မပို့ရင်ကိုယ့်ဘာသာခြေလျင်လျောက်သွားမှာ"
မင်းဆက်စကားကြောင့် ထိုလူကလိုက်ပို့ပေးဖို့ဆုံးဖြတ်လိုက်ရသည်။
"ခဏလေး ကျွန်တော်ကားသွားထုတ်လိုက်ဦးမယ်"
"အင်း"
ထိုလူက အိမ်ပြင်ကိုခပ်သွက်သွက်ထွက်သွား၏။ မင်းဆက်နဲ့ထာမဏေလဲ နောက်ကနေလိုက်လာခဲ့သည်။
သူတို့အပြင်ရောက်တော့ ကားကရောက်နေပြီ။ ထာမဏေက တံခါးဖွင့်ပေးပြီးမင်းဆက်ကိုကားပေါ်တတ်ဖို့လုပ်ပေးတော့ မင်းဆက်ကကားနောက်ခန်းကိုတတ်လိုက်သည်။ ထို့နောက် ထာမဏေကလဲ မင်းဆက်ရဲ့ဘေးမှာဝင်ထိုင်လိုက်သည်။
ထို့နောက် ကားလေးကတရွေ့ရွေ့နဲ့ပန်းခြံရှိရာသို့။
================
ခုံတန်းလေးမှာထိုင်နေရင်း ရှေ့ကလှပတဲ့ပန်းအမျိုးအစားပေါင်းစွာကိုသဘောတကျကြည့်နေမိသည်။
အိမ်ထဲမှာပိတ်လှောင်နေပြီးနေရတာကြာတော့ ခုလို ပန်းလေးတွေကိုတွေ့တော့ လန်းဆန်းသွားသည်။
ထာမဏေကတော့ ဘေးနားမှာငြိမ်ကာထိုင်နေသည်။
"ထာ"
"ဟင် ပြောလေ"
မင်းဆက်ခေါ်လိုက်တော့ သူမကထူးသည်။ မင်းဆက်ကရှေ့က ပန်းပင်လေးတွေကိုကြည့်ပြီး
"ကျွန်တော်ဒီကိုဘာလို့ရောက်ဘာတာလဲသိတယ်မလား"
"အင်း မူးရစ်ဆေးကိစ္စမို့လား"
သူမကဖြေလိုက်တော့ မင်းဆက်ကပြုံး၏။
"အဲ့ဒီအမှုက အန်ကယ်လုပ်တာလား"
"အဟင်း"
မင်းဆက်ရဲ့အမေးကိုသူမကရယ်သည်။ အကျီအတိထဲကို လက်ထည့်ပြီး ခြေထောက်ကိုလွှဲလိုက်ကာသူမကဖြေသည်။
"မင်းကိုခေါ်ချင်ရင် ဒီလိုမူးရစ်ဆေးကိစ္စတွေလုပ်စရာမလိုဘူးမင်းဆက်၊၊ အန်ကယ်ကဒီလိုလုက်မယ်ထင်နေတာလား"
သူမကမေးတော့ မင်းဆက်ကပြုံးလိုက်သည်။
"ထင်တာလေးမေးကြည့်တာပါ"
ထို့နောက် ၂ယောက်စလုံးတိတ်ဆိတ်သွားပြန်သည်။ မင်းဆက်ကစပြီး
"ထာ"
"အင်း"
"ကျွန်တော်ကော်ဖီသောက်ချင်တယ်။ ဒီနားမှာဆိုင်ရှိလား"
သူမေးလိုက်တော့ ထာမဏေကလှည့်ကြည့်လာ၏
။ထို့နောက်သူမကစဉ်းစားသလိုလေးလုပ်ပြီး
"အင်း ရှိတယ် သောက်ချင်ရင်သွားဝယ်ပေးမယ်လေ"
"အင်း အားနာပေမဲ့ဝယ်ပေးပါ့လား"
သူကခပ်ပြုံးပြုံးလေးအာနာသလိုပြောတော့ မကရယ်သည်။ မင်းဆက်ပခုံးကိုပုတ်လိုက်ပြီး
"အားနာစရာမလိုဘူး ဝယ်ပေးမယ်။ ဒီမှာစောင့်နေ"
"ကျေးဇူး"
ထာမဏေက သူ့ကိုစောင့်ခိုင်းထားပြီးထွက်သွားသည်။ မင်းဆက်လဲ ခုံပေါ်မှာထိုင်နေရင်း ငြိမ်ကာငေးနေသည်။
ဖုန်းလဲမရှိတော့ ပျင်းစရာကောင်းလှသည်။သူ့အဖြစ်က ရယ်ပန်ဇယ်လိုဖြစ်နေသည်။ အိမ်ထဲနေပြီး ဘာအဆက်အသွယ်မှမလုပ်ရ။ ပိတ်လှောင်ကာနေရသည်။
အရင်ကအလုပ်သွားရတုန်းက ထာမဏေနဲ့အတူတူသွားတော့တော်သေး။ ခုတော့ အလုပ်ကသွားစရာမလိုတော့တဲ့အပြင် နေမကောင်းဖြစ်လာတော့ သူ့ကိုဘယ်မှပေးမသွား။
မင်းဆက်ထိုင်နေရင်းနောက်ကတစ်ယောက်ယောက်ကြည့်နေသလိုခံစားလာရသည်။ သူနောက်ကိုလှည့်ကြည့်လိုက်တော့ လူကမရှိ။
သို့သော် Blue Moonမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူ့အဖို့ ဒါမျိုးကလွယ်လွန်းသည်။ မင်းဆက်ထိုင်နေရာမှထလိုက်ပြီး တစ်နေရရာရကိုတန်းမတ်နေအောင်သွားလိုက်သည်။
သူ ပန်းပင်ရုံလေးရှေ့မှာရပ်လိုက်၏။
"ထွက်လာခဲ့"
သူပြောလိုက်တော့ ဘာမှမထူးခြား။ မင်းဆက်ပြုံးလိုက်သည်။ အကျင်္ီအိတ်ထဲလည်ထည့်ကာ ခပ်ငေးငေးလေးနဲ့ ပန်းရုံလေးကိုကြည့်လိုက်သည်။
"ခုထွက်လာ"
သူထပ်ပြောလိုက်တော့ ပန်းပင်ရုံနောက်က လူ၂ယောက်ထွက်လာသည်။ ကြည့်ရတာပုန်းနေပုံပင်။ မင်းဆက်သူတို့ထဲကတစ်ယောက်ကိုကြည့်ကာအံ့ဩသွားသည်။
"မင်းက "
"အကိုလေး ကျွန်တော်က"
မင်းဆက် သူတို့ကိုလိုက်ပို့တဲ့ဒရိုင်ဘာကြောင့်နည်းနည်းတော့အံသြသွား၏။ driver ကဘာလို့ဒီလိုချောင်းနေတာလဲ။
ဘေးကနောက်တစ်ယောက်ကြောင့် မင်းဆက်ထပ်အံ့ဩသွားပြန်သည်။ လည်ပင်းမှာcameraတစ်လုံးကိုချိတ်ပြီး မျက်နှာကတစ်ခုခုကိုစိုးရိမ်နေဟန်ဖြစ်နေသည်။
မင်းဆက်က လက်လှမ်းပြီး...
"အဲ့cameraကိုပေး"
"သခင်လေး!"
သူပြောပြောလိုက်တော့ cameraနဲ့လူက မျက်လုံးပြူးသွားကာ သခင်လေးဟုရေရွတ်လိုက်တဲ့အတွက် မင်းဆက်သဘောပေါက်သွားသည်။
"ဘာဖြစ်တာလဲ မင်းဆက်!"
ထိုစဉ် ထာမဏေက ကော်ဖီဗူးကိုယူကာအနားကိုပြေးလာသည်။ သူမကိုကြည့်ကာ နောက်ကရပ်နေတဲ့ ၂ယောက်ဘက်ကိုပြန်လှည့်ကြည့်ကာ.....
"ငါ့နောက်လိုက်လာခဲ့"
=================
"ရော့"
အောင်ခန့်ပေးတဲ့ စာရွက်ကိုယူကာ ခုံပေါ်မှာထိုင်လိုက်သည်။အောင်ခန့်ကလဲ သူ့ဘေးမှာလာထိုင်သည်။
"ဆေးစစ်ချက်ကထူးဆန်းတယ်။ ဒီကောင်လေးကဆေးတစ်ခုခုကိုသုံးစွဲထားတယ်။ ဘယ်ဆေးလဲမသိဘူး။ ရှင်းရှင်းပြောရရင် အမည်မရှိတဲ့ဆေး
တစ်ယောက်ယောက်က ကိုယ့်ဘာသာတီထွင်စမ်းသပ်ပြီး ဒီကောင်လေးကိုတိုက်လိုက်သလိုပဲ။ဆေးရဲ့အာနိသင်ကြောင့် ကောင်လေးကခုလိုဖြစ်နေတာ။"
အောင်ခန့်က ဆေးစာရွက်ပါအကြောင်းအရာတွေကို တစ်ခါတည်းရှင်းပြသည်။ စိုင်းအောင်တို့ကတော့ ဘေးမှာထိုင်နေဆဲ။ရှင်းခန့်ကတော့ ထိုကောင်လေးအခန်းမှာ။
အာဏာကစာရွက်ကိုပြန်ချလိုက်ပြီး ....
"ဒါဆို ကောင်လေးကစမ်းသပ်ခံဖြစ်သွားတယ်ဆိုတဲ့သဘောလား"
"အင်းအဲ့လိုဖြစ်သွားတယ်။ ပြောရရင်ကွာ ကောလဟာလတွေလို Zombieလိုမျိုး။ ဒါမဲ့ သူကရောဂါပိုးမဟုတ်ဘူး။ မူးရစ်ဆေးပုံစံမျိုး ဆေးကြောင့်အသိစိတ်ပျောက်သွားတာ"
"ကုလို့ရလောက်လား"
"ဟင်း အဲ့တာတော့မသိသေဘူး။ ဒီဆေးရဲ့အရင်းအပြမစ်ကိုသိရင်တော့ ကုလို့ရမယ်ထင်တယ်"
အောင်ခန့်က သူသိသလောက်ကိုပြောပြသည်။ အာဏာကခေါင်းညိတ်ပြီး
"ကျွန်တော် အဲ့ကောင်လေးကိုသွားကြည့်လိုက်ဦးမယ်"
"အင်း"
အာဏာပြောပြီး အခန်းထဲကထွက်လာခဲ့သည်။ သူလဲ ကောင်လေးကိုထားတဲ့အခန်းကိုဦးတည်လာခဲ့သည်။
"လွှတ်စမ်း ငါ့သားကိုတွေ့ခွင့်ပေး!"
ဆူဆူညံညံအသံကြောင့် သူလမ်းလျောက်နေရရင်း ရပလိုက်သည်။ အသံလာရာအခန်းကိုသွားပြီးကြည့်လိုက်တော့ ကောင်လေးရဲ့မိခင်။ ကြည့်ရတာသူသားကိုတွေ့ချင်နေပုံရသည်။
အာဏာ အခန်းထဲကအော်ဟစ်နေတဲ့အမျိုးသမီးကြောင့်သက်ပြင်းချကာ အခန်းတံခါးဖွင့်ပေးရင်း ဝင်လာခဲ့သည်။
သူ့ကိုမြင်တော့ သူမကငြိမ်ကျသွားသည်။၊ထို့နောက် သူမကိုဆွဲထားတဲ့ လူ၂ယောက်ဆီကအတင်းရုန်းကာ အာဏာရှိရာကိုလာသည်။
"ကျွန်မသားလေးကိုတွေ့ပြီမို့လား။ ကျွန်မနဲ့တွေ့ခွင့်ပေးပါလား"
သူမကသားဖြစ်သူကိုတွေ့ချင်၍ ခွင့်တောင်းရှာသည်။အာဏာက ဘာစကားမှမပြော။ နောက်ကအစောင့်၂ယောက်ကိုထွက်သွားရန် အချက်ပြလိုက်တော့ သူတို့၂ယောက်ကထွက်သွားသည်။
ထို၂ယောက်ထွက်သွားတော့ အာဏာကသူ့ရှေ့ကအမျိုးသမီးကိုကြည့်ပြီး
"တွေ့လို့မရသေးဘူးအစ်မ။ ခဏလောက်စောင့်ပေးပါ"
အာဏာကပြောလိုက်တော့ သူမကဒေါသထွက်သွားဟန်။
"ဘယ်အချိန်ထိစောင့်ရဦးမှာလဲ"
"အမသားကိုခုဆေးစစ်ထားရတယ်။ အနည်သိတဲ့ ဆေးတစ်မျိုးကိုသုံးဆွဲထားတယ်လို့အဖြေထွက်တယ်။
သူသုံးခဲ့တဲ့ဆေးကဘာဆေးလဲဆိုတာ သူကလောလောဆယ်အသိစိတ်ပုံမှန်မဟုတ်တဲ့အတွက် မေးလို့မရဘူး။ အဲ့ဒီအတွက် ကျွန်တော်တို့စုံစမ်းနေဆဲ။
ဒါကြောင့် အားလုံးကအစ်မသားကိုကုသပေးဖို့ အရမ်းအလုပ်ရှုပ်နေတယ်။
ပြီးတော့ ကျွန်တော်တို့လဲ တရားခံကိုရှာဖို့ကြိုးစားနေတယ်။ ဒါမဲ့ သေချာတစ်ခု အစ်မအိမ်ကအဒေါ်ကြီးကိုသတ်လိုက်တာ အစ်မသားပဲ"
"မဖြစ်နိုင်ဘူး ညာနေတာ၊၊ မင်းတို့အဓိပ္ပါယ်မရှိဘူး!!"
သူမကထိတ်လန့်စွာအော်သည်။ သူမအော်လိုက်တော့အာဏာကစိတ်ရှုပ်သွားသည်။
"မဖြစ်နိုင်တာလို့ထင်ချင်လဲ ထင်။ တစ်ခုပဲ ကျွန်တော်တို့အလုပ်ကိုလာမနှောက်ယှက်နဲ့ !!"
အာဏာ၏ စိတ်ရှုပ်ကာအော်လိုက်တော့ သူမကချက်ချင်းရ ပ်သွားသည်။ အာဏာစိတ်လျော့ပြီး
"အေးအေးဆေးဆေးနေ ပြဿနာမရှာနဲ့"
သူပြောပြီးအခန်းထဲကထွက်လာခဲ့သည်။ ထို့နောက်ဦးတုခဲ့တာကကောင်လေးရှိတဲ့အခန်း။ သူအခန်းရှေ့နားရောက်ခါနီးတော့ ရှင်းခန့်ကိုတွေ့လိုက်ရသည်။
"အဆင်ပြေလား"
သူမေးလိုက်တော့ ရှင်းခန့်ကသက်ပြင်းချသည်။
အခန်းထဲက အော်ဟစ်ကာအသိစိတ်ပျောက်နေတဲ့ကောင်လေးကိုကြည့်ကာ
"အခြေအနေကတော့မြင်တဲ့အတိုင်းပဲ။ ဒီတစ်ခါကိစ္စက နက်နဲတယ်။ ငါတို့ကလူသတ်သမားကိုတွေ့ပေမဲ့ သူ့ကိုလူသတ်အောင်လှုံဆော်ပေးတဲ့ အရာကိုသိအောင်လုပ်ရဦးမယ်။ အနည်းအားဖြင့် ငါတို့ရှာရမှာနောက်တစ်ယောက်ရှိနေတယ်။ကောင်လေးကိုလူသတ်သမားဖြစ်အောင် လုပ်တဲ့သူ"
အာဏာကတော့ ဘာမှမပြော။ အခန်းထဲက ကောင်လေးကိုသာကြည့်နေသည်။
===================
"ဒါဆို အာဏာမင်းတို့ကိုလွှတ်လိုက်တာပေါ့ ဟုတ်လား"
မင်းဆက် သူ့ရှေ့က ၂ယောက်ကိုမေးလိုက်သည်။ ထာမဏေနဲ့မင်းဆက်ကခုံပေါ်မှာထိုင်နေပြီး ထို၂ယောက်ကတော့ ခေါင်းငုံ့ကာရှေ့မှာရပ်နေကြသည်။
ဘေးကထိုင်နေတဲ့ ထာမဏေကတော့ ဘာမှဝင်မပြောသေး။ မင်းဆက်ကတော့ ထို၂ယောက်အားမေးမြန်းနေပြီ။
"ဘယ်အချိန်ထဲကလဲ ငါ့ကိုစောင့်ကြည့်ခိုင်းထာတာ"
"ကျွန်တော်တို့ကိုဒုသခင်လေးကစောင့်ကကြည့်ထားတာ လွန်ခဲ့တဲ့၄နှစ်ထဲက"
driverကဖြေသည်။
"ဘာ!"
မင်းဆက်အံ့ဩသွားသည်။ အာဏာ သူတို့၂ယောက် အဆက်အသွယ်ဖြတ်လိုက်ထဲက စောင့်ကြည့်ခိုင်းထားတာလား။ဒီကောင်လေးကတော့။ မင်းဆက် မျက်ရည်ဝဲလာသည်။
"ဟုတ်တယ်၊၊ ဒုသခင်လေးက အမြဲတမ်းသူ့ကို သခင်လေးရဲပုံတွေပို့ခိုင်းတယ်။ "
"တခြားဘာတွေမေးသေးလဲ"
"ကျွန်တော့်ကိုတော့သခင်လေးနေတဲ့အိမ်အကြောင်းနဲ့ မမလေးထာမဏေနဲ့ပတ်သက်မှုကိုမေးတယ်။ ကျန်တာတော့သိပ်မမေးဘူး။ ကျွန်တော်ကလဲ မမးတော့ပြောမပြဘူး"
"ငါ့ကျန်းမာရေးအခြေအနေကိုသူသိလား"
မင်းဆက်မေးလိုက်သည်။ အာဏာမသိပါစေနဲ့ ဆုတောင်းရင်း။
"မသိဘူးသခင်လေး။ ကျွန်တော်သူ့ကိုသတင်းတွေမပို့တာကြာပြီ။ သူလဲအလုပ်ရှုပ်နေပုံပဲ "
ထိုအဖြေကိုကြားရမှာမင်းဆက်စိတ်အေးသွားသည်။ သူ့ကျန်းမာရေးကိုအာဏာကိုမသိစေချင်။ သိသာသိရင် ချက်ချင်းရောက်လာမလားမသိ။ အာဏာကို အန်ကယ်loriနဲ့ထိပ်တိုက်မတွေ့စေချင်ပေ။
"ကောင်းပြီ နောက်ရက်ကစပြီး အာဏာကို ဘာသတင်းမှမပို့နဲ့တော့"
"ဗျာ!"
"ကြားလား "
မင်းဆက်ကခပ်တည်တည်နဲ့ပြောလိုက်တော့ ၂ယောက်သားငြိမ်ကုတ်သွား၏။
"ဟုတ်ကဲ့ ကျွန်တော်သတင်းတွေပုံတွေမပို့တော့ပါဘူး"
"ကောင်းပြီး မင်းတို့ကိုယုံတယ်"
မင်းတို့ကိုယုံတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် သူတို့ုသခင်လေးကိုခိုးပြီး ပို့လို့မရတော့ချေ။
#3.12.2020
=========================
<Zawgyi>
"ကျေးဇူး"
"ဟုတ်ကဲ့ပါ"
ဒေါက်! ဒေါက်!
"ဝင်ခဲ့ပါ"
"အားလား"
"မအားဘူးဆိုရင်ရော"
"ကဲ ဘာမေးမှာလဲ"
"ဒီလူကိုသိလား"
"ဦးအောင်သာ"
"သိတယ်မလား"
"ဦးဒေးနဲ့ရင်းနှီးလား"
"ဘာကိစ္စလဲ"
"အေး"
"အင်း "
"ok ခုလာခဲ့မယ်"
=================
"မသောက်ချင်ဘူး"
"ပြီးပြီ"
"ထာ"
"အင်း ပြောလေ"
မင်းဆက်ရဲ့စကားကိုထ်ာဏေက မျက်လုံးပြူးသွားသည်။
"အင်း ကျေးဇူးပဲ"
"လာ အနွေးထည်ဝတ်ဦး "
"လာ သွားမယ်"
"အန်ကယ်ရော"
"အင်း"
"မမလေး ဘာလို့လဲ"
"အင်း"
================
"ထာ"
"ဟင် ပြောလေ"
"အဟင်း"
"ထာ"
"အင်း"
"ကျေးဇူး"
"ထွက်လာခဲ့"
"ခုထွက်လာ"
"မင်းက "
"အကိုလေး ကျွန်တော်က"
"အဲ့cameraကိုပေး"
"သခင်လေး!"
"ဘာဖြစ်တာလဲ မင်းဆက်!"
"ငါ့နောက်လိုက်လာခဲ့"
=================
"ရော့"
"ကုလို့ရလောက်လား"
"အင်း"
"အဆင်ပြေလား"
===================
"ကျွန်တော်တို့ကိုဒုသခင်လေးကစောင့်ကကြည့်ထားတာ လွန်ခဲ့တဲ့၎နှစ်ထဲက"
driverကဖြေသည်။
"ဘာ!"
"တခြားဘာတွေမေးသေးလဲ"
"ဗျာ!"
"ကြားလား "
မင်းတို့ကိုယုံတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် သူတို့သခင်လေးကိုခိုးပြီး ပို့လို့မရတော့ချေ။
#3.12.2020
=========================