THE EYE
By Ginkgo_San
960K 122K 8.4K
FINALLY S2 21.9.2020 »» 29.12.2020 More
Part_1
Part_2
Part_3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️
Part_44
7.9K 1.2K 172
By Ginkgo_San
<Unicode>
"လောလောဆယ် အပြင်လူတွေဝင်လို့မရပါဘူး ကျွန်တော်တို့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့"
အခင်းဖြစ်တဲ့အိမ်ရှေ့မှာ ရဲတွေကလာသတင်းထောက်
တွေကိုတားနေခြင်း။ စုံစမ်းစစ်ဆေးလို့မပြီးသေးတဲ့အတွက် အပြင်လူတွေတစ်ယောက်မှဝင်ခွင့်မရှိ။
ခြံပြင်ကနေ ကြိုးဝါတွေနဲ့စည်းထားသည်။ သို့သော်
သတင်းထောက်များက သတင်းရဖို့အရေးကိုအတွင်း
ဝင်ရန် တောင်းဆိုနေကြတော့ ရဲတွေလဲ အခက်တွေ့ရသည်။
ပတ်ဝန်းကျင်ကလူတချို့ကလဲစူးစမ်းချင်သေး။သတင်း
ထောက်တွေကတမျိုး ၊ ပတ်ဝန်းကျင်ကလူတွေကတစ်မျိုး ရဲတွေလဲ အလုပ်ရှုပ်နေရသည်။
"ကျွန်တော်တို့မကြာခင်သတင်းပေးပါ့မယ်၊ ခုတော့ အထဲကိုဝင်ခွင့်လုံးဝမပေးနိုင်ပါဘူး။ စစ်ဆေးလို့တောင် မပြီးသေးတဲ့အခြေအနေမှာ ခင်ဗျားတို့ကိုသတင်း
ယူဖို့ခွင့်ပြုလို့မရဘူး။နားလည်ပေးပါ"
စိုင်းအောင်က အိမ်ထဲကတွက်လာပြီးသတင်းထောက်တွေကို ပြောတော့  တချို့ကပြန်သွားသည်။ တချို့ကတော့ ခြံရှေ့မှာစောင့်နေဆဲ။
အိမ်ထဲမဝင်ရင်ပြီးရောဆိုကာ စိုင်းအောင်လဲ အာဏာ
လာတာကိုစောင့်နေလိုက်သည်။
ထိုစဉ် ခြံရှေ့ကမှာထိုးရပ်သွားတဲ့ကားတစ်စီးကြောင့်
အာဏာလာပြီးဆိုတာကိုသိလိုက်သည်။ ကားရပ်ပြီးဆင်းလာတဲ့လူကြောင့် သတင်းထောက်တွေကအနည်းငယ်တော့စိတ်ဝင်စားသွားကြသည်။
Blue Moonနဲ့ခေါင်းဆောင်ကလွန်ခဲ့တဲ့၄နှစ်လောက်ထဲကနိုင်ငံခြားကိုထွက်သွားခြင်း။ နောက်တစ်ယောက်က ခေါင်းဆောင်ဖြစ်သွားသည်။
အရင်ကခေါင်းဆောင်ကနွေးထွေးသလောက် ခုခေါင်းဆောင်က အေးအေးစက်စက်နဲ့ကြောက်စရာ။
ကားပေါ်ကဆင်းလာတဲ့ အာဏာကိုကြည့်ကာသတင်း
ထောက်တွေကလုှပ်လုှပ်ရွရွဖြစ်သွား၏။ အာဏာငတော့ဂရုမစိုက်။ ခပ်တည်တည်နဲ့ ခြံဝန်းထဲဝင်လာခဲ့သည်။
အိမ်ရှေ့မှာရပ်နေတဲ့ စိုင်းအောင်အနားသွားပြီး
"အလောင်းကဘယ်မှာလဲ"
"အပေါ်ထပ်ကအခန်းထဲမှာ ၊ လာ လိုက်ခဲ့"
စိုင်းအောင်ကရှေ့ကသွားတော့ အာဏာလဲ နောက်က
လိုက်ခဲ့သည်။ အိမ်ကလူချမ်းသာတွေရဲ့အိမ်ဆိုတော့ ကြီးမား၏။
လှေကားထစ်အများကြီးကိုဖြတ်ကျော်ကာ အပေါ်ထပ်အခန်းထဲသို့ဝင်လာခဲ့သည်။
"ရောက်လာပြီလား "
အခန်းထဲရောက်တော့  ရှင်းခန်နဲ့အောင်ခန့်၂ယောက်က အလောင်းဘေးမှာစစ်ဆေးနေကြသည်။
အလောင်းကိုပုံမပျက်ဒီတိုင်းထားပြီး စစ်ဆေးနေခြင်း။
အာဏာအနားကိုသွားကာ ဘေးမှာထိုင်လိုက်သည်။
သေဆုံးသူက ခန့်မှန်းခြေအသက်၄၀လောက်ရှိမည်။
အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဒီအိမ်ကြီးရဲ့အိမ်အကူ
ဖြစ်၏။
မျက်နှာမှာသွေးတွေပေကျံနေပြီး လည်ပင်းမှာဒဏ်ရာ
ကြီးနှင့် ။ မြင်ရတာသွေးပျက်စရာ။
လောလောဆယ် ဘယ်သူဘယ်ဝါသတ်တယ်ဆိုတာ
ကိုမသိသေးသလို ဘာကြောင့်သေဆုံးသွားရတာလဲမသိသေး။
အာဏာ ထိုင်ကာသေဆုံးသူကိုကြည့်နေရာမှ ထရပ်လိုက်သည်။ ထို့နောက် အခန်းအတွင်းလှည့်လည်ကာ
ကြည့်လိုက်သည်။
အခန်းအပြင်အဆင်ကိုကြည့်လိုက်တာနဲ့ယောကျာ်းလေးတစ်ယောက်ရဲ့ အခန်းမှန်းသိသာ၏။ အာဏာ တံခါးပိတ်ထားတဲ့ ရေချိုးခန်းဟုထင်ရတဲ့ အခန်းရှေ့ကို
သွားလိုက်သည်။
အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့  မြင်လိုက်ရတာကအံ့သြစရာ။ဘေစင်မှာသွေးတွေပေကျံနေပြီး ညစ်ပတ်နေသည်။
"ဘာတွေလဲ"
အောင်ခန့်ကအနားရောက်လာပြီးမေးတော့ အာဏာက
"ကြည့်ရတာ လူသတ်သမားကဒီအိမ်ကလူပဲ"
သူ့နောက်ကရပ်နေတဲ့ အောင်ခန့်ကအခန်းထဲကိုဝေ့ကြည့်လိုက်သည်။
"Cctvမရှိတော့နည်းနည်တော့ခက်မယ်"
"အလောင်းကိုသယ်သွားလိုက်တော့ ၊၊ ပြီးရင်လီလီဆီကိုပို့ပေးလိုက်"
"အင်း  ငါပို့လိုက်မယ်"
"အောင်ခန့်က လှည့်ထွက်ခါနီး အာဏာက
"ဒီအိမ်ကအိမ်ရှင်ရော "
"ဌာနမှာပို့ထားတယ်။ ပြီးတော့ဒီအိမ်ရှင်ရဲ့ သားဖြစ်သူကပျောက်နေတယ်။သံသဃရှိတာတော့ သူ့သားဖြစ်သူကိုပဲ"
"အင်း ကျွန်တော်စုံစမ်းလိုက်မယ်"
"Ok"
အောင်ခန့်ကထွက်သွားပြီး အလောင်းကိုစစ်ဆေးဖို့အတွက် သယ်သွားရန်ပြောနေသည်။ ခဏကြာတော့
အခန်းထဲမှာဘယ်သူမှမရှိတော့။ အာဏာတစ်ယောက်
ထဲသာရှိတော့သည်။
အခန်းထဲကချက်ချင်းမထွက်သေးဘဲလျောက်ကြည့်နေပြီး စားပွဲတစ်ခုနားမှာရပ်လိုက်သည်။
သားအမိ၂ယောက်ဓာတ်ပုံကိုတွေ့တော့အာဏာယူ
ပြီးကြည့်လိုက်သည်။ ဆုယူထားတဲ့ သားဖြစ်သူကို
အိမ်ရှင်အမျိုးသမီးက ဖက်ထားကာပြုံးနေသည့်ပုံ။
မြင်ရတာကြည်နူးစရာ။
ဓာတ်ပုံကိုနေရာတကျထားလိုက်ပြီး အခန်းထဲကထွက်
လာခဲ့သည်။
===================
"ဒါဆို  အစ်မရဲ့သားကပျောက်နေတာပေါ့ ဟုတ်လား"
အာဏာ သူ့ရှေ့ကအိမ်ရှင်အမျိုးသမီကိုမေးနေခြင်း။ သူမကတော့ မျက်ရည်သာကျနေသည်။
"ဟုတ်ကဲ့ သားလေးကပျောက်နေတယ် ။ ကူညီကြပါ
ဦးရှင်"
သူမကသားဇောနဲ့ အာဏာတို့ကိုအကူအညီတောင်းရှာ
သည်။ ရှင်းခန့်ကလဲ သူမကိုကြည့်ပြီးစိတ်တော့မကောင်း။အာဏာကခုံမှာအေးအေးဆေးဆေးထိုင်ပြီး......
"အစ်မဒီနေ့မနက်ကြုံရတာလေးကိုပြန်ပြောပြလို့အဆင်ပြေမလား"
"ဟုတ်ကဲ့ ပြေပါတယ်ကျွန်မပြောပြပါ့မယ်"
"ကောင်းပြီ  အစ်မသိသလောက်အကုန်လုံးပြောပြပါ"
"ဟုတ်ကဲ့ "
သူမကခေါင်းညိတ်ကာ ပြောပြဖို့ဆုံးဖြတ်သည်။
"ကျွန်မဒီနေ့မနကအလုပ်မသွားခင် အိမ်အကူအဒေါ်ကြီးကို သားလေးနိုးလာရင် စာလုပ်ရင်းစားဖို့သောက်ဖို့
မုန့်တွေ နွားနို့တွေပြင်ခိုင်းခဲ့ပါတယ်
ကျွန်မသားလေးအခန်းကိုသွားတုန်းကသူကအိပ်နေတုန်းပါ။ အဲ့တာကြောင့် ကျွန်မအာလုံးကိုမှာခဲ့တာပါ
အဒေါ်ကြီးကလဲ ကျွန်မတို့အိမ်မှာ အလုပ်လုပ်တာ ၃နှစ်လောက်ရှိပါပြီ။ ကျွန်မအားလုံးမှာကြားပြီး အလုပ်သွားပါတယ်။
ပစ္စည်းတစ်ခုကျန်ခဲ့လို့ ကျွန်မပြန်လာတော့ လာတိုင်းအိမ်ရှေ့ထွက်ပြီး  ခြံတံခါးဖွင့်ပေးတဲ့ အဒေါ်ကြီးကိုမတွေ့တော့ စိတ်ထဲတော့ တစ်မျိုးဖြစ်သွားတယ်။
ဒါမဲ့ အလုပ်မအားလို့ထင်ပြီး ကျွန်မကိုယ့်ဘာသာဝင်လာခဲ့တယ်။ တစ်အိမ်လုံးတိတ်ဆိတ်နေလို့ ကျွန်မ
မသင်္ကာတာနဲ့ သားလေးအခန်းထဲဝင်သွားကြည့်လိုကတော့  အဒေါ်ကြီးကို သေဆုံးလျက်သားတွေ့လိုရတယ်။
အဟင့်! ကျွန်မလဲထိတ်လန့်သွားပြီး အခန်းထဲမှာသားလေးကိုရှာကြည့်တော့လုံးဝမတွေ့ရဘူး ရေချိုးခန်းထဲကသွေးတွေပဲ တွေ့ရတယ်။
ကူညီကြပါဦး  ကျွန်မသားလေးဘယ်ရောက်သွားမှန်း
မသိဘူး။ တစ်ယောက်ယောက်ကဖမ်းသွားတာဖြစ်မလား"
သူမကရှိုက်ငင်ကာပြောသည်။ သားပျောက်သွားလို့
ပူဆွေးနေတဲ့ မိခင်သူမကို ရှင်းခန့်တို့လဲစိတ်မကောင်း။
"လက်ရှိမှာတော့ သံသဃရှိတဲလူက အစ်မရဲ့သားပဲ"
အာဏာက ပြောလိုက်သည်။ အောင်ခန့်တို့ရှင်းခန့်တို့ကတော့ ဘာမှဝင်မပြော။ ဘာလို့လဲဆို ဒီလိုကိစ္စတွေမှာ အာဏာသူမတူအောင်ကျွမ်းကျင်တဲ့အတွက်ဖြစ်သည်။
အာဏာရဲ့ စကားကိုသူမကမျက်လုံးပြူးကာအံ့ဩသွားသည်။
"မဖြစ်နိုင်တာ ကျွန်မသားလေးကအဲ့လိုလုပ်မှာမဟုတ်ဘူး။  ဘာကိစ္စနဲ့ ကျွန်မသားကလူသတ်ရမှာလဲ။၊
မဖြစ်နိုင်တာ"
"စိတ်အေးအေးထားပါအစ်မ။ ကျွန်တော်တို့ကသံသဃရှိတယ်လို့ပဲ ပြောတာပါ။ အတိအကျမပြောသေးပါဘူး"
ရှင်းခန့်ကဘေးကနေ ဝင်ပြီးထိန်းပေးသည်။ အာဏာကတော့မျက်နှာသေနဲ့ထိုင်နေလျက်။
"အရင်ရက်ကသားဖြစ်သူကထူးထူးဆန်းဆန်းလုပ်ရက်
တွေလုပ်သေးလား"
အာဏာက ဆက်လက်မေး၏။ သူမကစဉ်းစားသလိုနဲ့
"ခါတိုင်းနဲ့တော့သိပ်မတူဘူး"
"ဘယ်လိုမတူတာလဲ"
"သူကခုရက်ပိုင်း စိတ်ဆက်လာသလိုပဲ။ ကျွန်မပဲစိတ်ထင်လို့လားမသိဘူး။အရင်ကထက် ပိုပြီးဂျစ်ကန်ကန်ဖြစ်လာတယ်။"
"အသေးစိတ်လေးပြောပြလို့မရမလား"
"ဟုတ်ကဲ့။ သားလေးတကယ်တော့လိမ္မာတဲ့ကလေးပါ။ စာကလွဲလို့တခြားဘာကိုမှ သိပ်ပြီးဂရုမစိုက်တတ်ဘူး။ အားရင်စာပဲလုပ်နေတာ။
လွန်ခဲ့တဲ့လကစလို့ သားလေးကထူးဆန်းလာတယ်။
ဒေါသထွက်လွယ်လာတယ်။ အရင်ကအေးအေးဆေးဆေးနဲ့ ပြုံးပြုံးရွှင်ရွှင်နေတတ်ပေမဲ့ ခုရက်ပိုင်း
အရမ်းထူးဆန်းတယ်။တစ်ခါတလေ ခုံတွေကိုလက်သည်းတွေနဲ့ခြစ်နေတတ်တယ်။"
"လက်သည်းနဲ့ကုပ်တတ်တယ် ဟုတ်လား"
အာဏာက မျက်မှောင်ကြုတ်ကာမေးလိုက်သည်။
"ဟုတ်တယ်"
"ကောင်းပြီ။ ကျွန်တော်တို့အမရဲ့သာဖြစ်သူကိုအမြန်ဆုံးရှာပေးမယ် ။ လောလောဆယ် ကျွန်တော်တို့နေခိုင်းတဲ့နေရာမှာပဲနေပေးပါ"
ရှင်းခန့် အမျိုးသမီးကိုရှင်းပြသည်။ သူမကခေါင်းညိတ်၏။
"ဖြစ်ပါတယ်။ ကျွန်မနေပါမယ်။ သားလေးကိုသာရအောင်ရှာပေးကြပါ"
"စိတ်ချပါ။ အတတ်နိုင်ဆုံးကြိုးစားပေးမယ်"
အာဏာက ထိုင်နေရာကနေထရပ်လိုက်ပြီး
"ကျွန်တော်လီလီဆီသွားလိုက်ဦးမယ်"
"အင်း သွား။ ဒီက ကိစ္စကိုငါကြည့်ပြီလုပ်လိုက်မယ်"
"အင်း"
အာဏာ ပြောပြီး အခန်းထဲကထွက်လာခဲ့သည်။ ထို့နောက် ကားပေါ်တတ်ကာစက်နှိုးပြီး လီလီရှိရာကိုလာခဲ့သည်။
==================
"ဝါး ချောလိုက်တာဟဲ့  ဆံပင်ကအရှည်နဲ့ လန်းတယ်"
အလောင်းစစ်ဆေးတဲ့ နေရာရောက်လာတာနဲ့ ကောင်မလေးတွေရဲ့ တိုးတိုးနဲ့ စကားသံတွေကို သူကြားနေသည်။
ရှေ့ဆံပင်ကအနည်းငယ်ရှည်နေပြီး နောက်ဘက်မှာတော့ ဂုတ်တော်တော်ကျော်တဲ့အထိရှည်နေသည်။ ဆံပင်ကိုအနည်းငယ်မြင့်ကာထုံးထားပြီး  ရှေ့ဆံပင်မှာလဲနဖူးပေါ်မှာခပ်ဖွဖွလေးဝဲကျနေသည်မှာ အလွန်ပင်ကြည့်ကောင်းလှသည်။
ဒီတစ်ချက်ကမိန်းကလေးတွေကို ဆွဲဆောင်နေသလို။
သို့သော်အာဏာကတော့  ဂရုမစိုက်။ ခပ်တည်တည်နဲ့ လီလီရဲ့ ရုံးခန်းကိုတတ်လာခဲ့သည်။
အခန်းဝင်လိုက်တာနဲ့  လီလီက အလိုက်သိစွာ ထိုင်နေရာကနေထလာ၏။
"စောနက ပို့လိုက်တဲ့အလောင်းမို့လား"
"အင်း  စစ်ပြီးပြီလား"
အာဏာ မေးလိုက်တော့ သူမကစားကွဲပေါ်ကဖိုင်ကို
ယူပြီး အာဏာရှေ့ရောက်လာသည်။
"နောက်ကလိုက်ခဲ့။ အလောင်းကိုပြမယ်"
"အင်း"
လီလီနောက်ကိုလိုက်လာကာ အလောင်းရှိရာအခန်းထဲ
ကိုဝင်လာခဲ့သည်။ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့အလောင်းကို  အဖြူရောင်ပုဝါစလေးကိုသာအုပ်ထား
ပြီး ဒီတိုင်းထားသည်။
အခန်းထဲတိတ်ဆိတ်နေပြီး အနည်းငယ်တော့ခြောက်ခြားစရာကောင်းလှသည်။၂ယောက်သားအလောင်းဘေးနားသွားရပ်ပြီး လီလီကပိတ်စကိုဖွင့်လိုက်တော့ လည်ပင်းမှာဒဏရာရှိနေတဲ့ အလောင်းကိုပီပြင်စွာတွေ့လိုက်ရသည်။
"အပုတ်ခံတဲ့ဆေးထိုးထားတယ်။အဲ့တာကြောင့် မေးကနည်းနည်းဖောင်းနေတယ်"
"အင်း "
လီလီကပြောပြီး တစ်ဖက်ကိုလျောက်သွားသည်။အံဆွဲထဲက နှာခေါင်းစည်းနဲ့ တစ်ခါသုံးလက်အိတ်အဖြူရောင်ကိုယူလာပြီး အာဏာကိုပေးလိုက်သည်။
အာဏာလဲ လီလီပေးတဲ့ နှာခေါင်းစည်းနဲ့လက်အိတ်ကို
ယူကာတပ်လိုက်သည်။ လီလီကလဲ  နှာခေါင်းစည်းကိုတပ်ပြီး လက်အိတ်ကိုစွတ်ကာ အလောင်းရဲ့ မျက်နှာကိုတို့ထိပြသည်။
"ဒီကိုကြည့်"
လီလီကအလောင်းရဲ့ မျက်နှာတစ်ဝိုက်ကိုပင့်ကာ
လည်ပင်းကိုပြသည်။  ကိုက်ရာတွေ့လိုက်ရတဲ့အာဏာအံ့ဩသွားသည်။
"ဒါက ကိုက်ရာမို့လား"
"အင်း ကိုက်ရာ။ သေဆုံးသူက နှလုံးရောဂါ၊ ဆီးချိုရှိတဲ့ အသက်ကြီးအမျိုးသမီးတစ်ယောက်။ ထိတ်လန့်စရာကြုံရင် နှလုံးရပ်သေနိုင်တယ်။
တို့အထင်ပြောရရင် ဒီသေဆုံးသူကထိတ်လန့်ဖွယ်ကောင်းတာကိုကြုံခဲ့ရပုံပဲ။ပြီးတော့သူ့လည်ပင်းမှာမကိုက်ခံထားတာရတယ်။ထူးတော့မထူးဆန်းဘူးလား။ "
"ပြောချင်တာက"
"အသိစိတ်လွတ်သလိုမျိုး အားရပါးရကိုက်ထားပုံရတယ်။အကိုက်ခံရလို့မသေနိုင်ပေမဲ့ ခုနကပြောသလို
သေဆုံးသူကရောဂါအခံရှိတော့ နှလုံးရပ်ပြီးသေ
တာ"
"သတ်တဲ့လူကစိတ်ဝေဒနာသည်ဖြစ်နိုင်လား"
"၁၀၀ရာခိုင်နှုန်းပဲ၊၊ အကောင်းဆုံးကတော့  ပျောက်သွားတဲ့ ကောင်လေးကိုအရင်ရှာ။ နောက်ပြီး ရေချိုးခန်းထဲမှာ သွေးတွေတွေ့ခဲ့တယ်မို့လား"
"အင်း"
"တို့အထင် ကောင်လေးက သူသတ်ပြီးလက်ဆေးတလို့ထင်တယ်။ပြီးရင်ထွက်ပြေးတယ်။ကိုက်တာရယ်။ လက်ဆေးတာတောင်ဘေစင်ကိုပြောင်အောင် ရေမဆေးပဲ သဲလွန်စချန်ထားသလိုကြီးဖြစ်နေတော့ တို့ခန့်မှန်းချက်အရ သူကမူမမှန်ဘူး အာဏာ"
"အင်း  ကျွန်တော်နားလည်ပြီး။  ဆေးစစ်ချက်တွေယူထားလိုက်ဦး။ ကောင်လေးကိုရှာဖို့အရင်စီစဉ်ရဦးမယ်"
"အင်း  "
"ပြန်တော့မယ်"
"Ok"
အာဏာက  ပြောပြီးလီလီရဲ့ဘေးနားကလှည့်ထွက်လာခဲ့သည်။ နှာခေါင်းစည်းနဲ့ လက်အိတ်ကိုချွတ်ပြီး
အမှိုက်ဗုံးထဲကိုသွားထည့်လိုက်ကာ အခန်းထဲကထွက်လာခဲ့သည်။
အပြင်ထွက်လာပြီး ကားပေါ်တတ်ကာ ချက်ချင်းပြန်လာခဲ့သည်။
ပျောက်သွားတဲ့ ကောင်လေးကို စုံစမ်းဖို့အတွက် ဂျောင်
ဝူးကိုအားကိုးရဦးမည်။  ဖုန်းကိုယူကာ နံပါတ်တစ်ခုကိုဆက်လိုက်သည်။တစ်ဖက်က ဖုန်းဝင်ဝင်ချင်းကိုင်လိုက်ကာ
"ဟယ်လို "
"အင်း ကျွန်တော့်ကို တစ်ခုစုံစမ်းပေးဦး"
"ပြော"
"ပျောက်သွားတဲ့ကောင်လေးမှာသူငယ်ချင်းတွေရှိလား
စုံစမ်းပေး။ ယောကျာ်းလေးတစ်ယောက်ယောက်တော့ သူငယ်ချင်းအဖြစ်ရှိမှာပဲ၊၊ "
"အင်း ဒါနဲ့ အိမ်ရှင်အမျိုးသမီးကိုမေးလို့ရနေတာကို"
ဂျောင်ဝူးကပြောသည်။ အာဏာက မျက်ခုံးတစ်ဘက်
ပင့်တတ်သွားရင်း
"မေးမှာ  ရှာထားတဲ့အဖြေနဲ့ မေးထားတဲ့အဖေကို
တိုက်ကြည့်ရင်ပိုမကောင်းဘူးလား"
"ok ဖြစ်တယ် ငါဒီညအပြီးရှာထားလိုက်မယ်။ မနက်ဖြန်လာခဲ့"
"အင်း ကျွန်တော်မနက်ဖြန်မှလာခဲ့မယ်"
"ok"
ဌာနကိုသွားစရာမလိုတော့တဲ့အတွက် ကားကိုကွေ့ ကာ တစ်နေရာရာကိုဦးတည်လာခဲ့သည်။
===============
"ငါကဘယ်သူလဲလို့ကြည့်နေတာာ နင်ဖြစ်နေတာကို"
clubကိုတစ်ယောက်တည်းလာရင်း ဝိုင်းတစ်ဝိုင်းမှာ
အေးအေးဆေးဆေးထိုင်နေတုန်း သူအနားရောက
လာတဲ့ကောင်မလေးတစ်ယောက်ကြောင့် အာဏာမော့ကြည့လိုက်သည်။
"မေသစ္စာ"
"မှတ်မိသားပဲ"
သူကပြုံးရင်း အာဏာရှေ့နားရောက်လာသည်။
"ငါထိုင်လို့ရတယ်မလား"
"အင်း  ထိုင်"
အာဏာကခွင့်ပြုလိုက်တော့  မေသစ္စာကရှေ့ကခုံမှာ
ဝင်ထိုင်လိုက်သည်။သူက လက်ထဲကပါလာတဲ့ဝိုင်
ခွက်ကိုမော့သောက်လိုက်ရင်းအာဏာကိုကြည့်ကာ
"နင်တစ်ယောက်တည်းလား"
"အင်း"
"အဟင်း  လွမ်းနေတယ်ပေါ့"
သူမကမေးတော့ အာဏာကရှေ့ကအရက်ခွက်ကိုယူ
ကာမော့သောက်လိုက်သည်။
"အင်း  ရူးမတတ်ပဲ ။ သူကတော့ပျော်နေတယ်ထင်ပါ့"
"အူတိုနေတာပဲ။ ထင်ရာတွေမတွေးနဲ့။ သူလဲလွမ်းနေမှာပေါ့"
သူမကပြုံးကာပြောသည်။
"နေပါဦး နင်ရော ကျောင်းပြီးသွားထဲကပျောက်နေတာပဲ"
"ဒီလိုပဲ ကျောင်းပြီးတော့ အလုပ်ဝင်ဖို့စဉ်းစားနေတာ
XXXမှာလေ"
"အင်း  နင်ဝင်မယ်ဆိုငါအဆင်ပြေအောင်လုပ်ပေးမယ်"
"ကျေးဇူး "
ထိုစဉ် မလုံတလုံဝတ်ထားတဲ့ကောင်မလေးတစ်ယောက်က အာဏာတို့အနားကိုရောက်လာကာ ခပ်ပြုံး
ပြုံးနဲ့
"အဖော်လိုလား"
အာဏာဘာမှမပြောသလို ဂရုလဲမစိုက်။ အေးအေးဆေးဆေး သူဘာသာသောက်နေသည်။ ကောင်မလေးကိုရှိတယ်လို့ကိုမထင်။
"ဟေး  မင်းသွားတော့၊ သူအဖော်မလိုဘူး "
မေသစ္စာကပြောလိုက်တော့ကောင်မလေးကမျက်နှာမဲ့ကာ ထွက်သွားသည်။ မေသစ္စာကသူ့ရှေ့မှာထိုင်နေတဲ့အာဏာကိုကြည့်ပြီး
" စောစောစီးစီးပြန်၊၊ နင်ကတစ်ယောက်တည်းလာတာ၊ မူးရင်ထိန်းပေးမဲ့လူရှိတာမဟုတ်ဘူး။ မြင်တဲ့အတိုင်းပဲ
တစ်ခုခုမှားသွားမယ်"
"နင်ရော မပြန်သေးဘူးလား"
"ငါကအေးအေးဆေးဆေးပဲ။ အဖော်တွေအများကြီး
ပါတယ်၊ နင်သာပြန်တော့။မိန်းမမာယာကကြောက်ဖို့ကောင်းတယ်၊၊ နင်သတိထားနေ"
သူမကပြောတော့ အာဏာကပြုံးလိုက်သည်။ သူလဲအနည်းငယ်မူးနေတဲ့အတွက် ပြန်ရန်ဆုံးဖြတ်လိုက်သည်။
"ငါပြန်ပြီ"
"အွန်း"
====================
အိမ်ပြန်ရောက်တာနဲ့ ရေချိုးဖို့ပြင်ရသည်။ စိတ်အိုက်စွာ အဝတ်အစားတွေချွတ်ပြီး တဘက်ကိုခါးမှပက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။
အေးအေးဆေးဆေးချိုးဖို့အတွက် ရေဖြည့်ထားပြီး
bath tubeထဲကိုဝင်ထိုင်လိုက်သည်။
၄နှစ်တာကာလအတွင်း အာဏာဟာအရာအားလုံးပြောင်းလဲသွားခဲ့သည်။ အရင်ကလို ကောင်လေးမဟုတ်တော့။ မဆက်သွယ်ဘဲနေရအောင်ဆိုတဲ့ ချစ်သူစ
ကားကြောင့် အာဏာဟာအရင်ကထက်ပိုပြီးအေးစက်ယသွားသလို မင်းဆက်ကိုလုံးဝမဆက်သွယ်ခဲ့ပေ။
အလုပ်တစ်ဖက်နဲ့စာကိုကြိုးစားရင်ဘွဲ့ပင်ရခဲ့ပြီ။ အရင်ကမင်းဆက်နဲ့မတိမ်းမယိမ်းရှိတဲ့အာဏာက ခုတော့ အရင်ကအာဏာနဲ့လားလားမျှမဆိုင်တော့။
Daddyဖြစ်သူနဲ့တူစွာ အရပ်မှာလဲအလွန်ရှည်ကာ၆ပေ၃လက်မရှိသည်။ နေ့စဉ် Gymဆော့ကာ
အားကစားလိုက်စားတဲ့အတွက် အန္ဓာကိုယ်မှာ အရင်နဲ့လုံးဝမတူတော့ပေ။
တောင့်တင်းသောကိုယ်၊ ကြွက်သားအဖုအထစ်တွေနဲ့
ကြည့်လို့ကောင်းလှပြီး အလွန်ကြည့်လို့ကောင်းလာပြီး ယောကျာ်းအချင်းချင်းပင် အားကျလောက်ရသည်။
ရည်လျားတဲ့ဆံပင်တွေကိုအမြဲတမ်းကပိုကရိုစည်းထ
တတ်ပြီး All black ကိုသာအမြဲတမ်းဝတ်ဆက်တဲ့
အာဏာက ကြည့်လို့ကောင်းလှသည်။
ကျောပြင်ကျယ်ကြီးမှာလဲ အသက်ဝင်လွန်းလှတဲ့
Hydra tattooက ဆွဲဆောင်မှုတစ်ရပ်။
ရေချိုးပြီးနောက် bath tubeထဲထွက်လာလိုက်ပြီး  တဘက်ကိုပတ်ကာအခန်းအပြင်ထွက်လာခဲ့သည်။
စားပွဲပေါ်မှာတင်ထားတဲ့ ဖုန်းကMessageသံကြားရတဲ့အတွက် အာဏာလှည့်ကြည့်လိုက်သည်။
အဝတ်အစားလဲပြီးတော့  ဖုန်းကိုယူကာ မွေ့ရာပေါ်ထိုငိပြီးကြည့်လိုကိတော့မြောက်မြားလှတဲ့ဓာတ်ပုံတွေ။
တနည်းအားဖြင့် မင်းဆက်ရဲ့ပုံတွေ။
အာဏာကြည့်ရင်းခပ်မဲ့မဲ့ပြုံးမိသည်။ အဆက်အသွယ်ဖြတ်ထဲက သူကိုကို့နောက်ကိုလိုက်ပြီးစုံစမ်းဖို့
လူလွှတ်ထားခြင်း ။
စကားမပြောရပေမဲ့ ပုံလေးတွေကြည့်ကာအလွမ်းဖြေသည်။ ဟိုမှာအနေများတဲ့ ကိုကိုကအသားတွေကပိုဖြူလာပြီး ပိုချောမောလာသည်။ သူကသာပြောင်းလဲလာတ ကိုကိုကတော့နဂိုအတိုင်းပင်။
ပိုပြီးတော့ချစ်စရာကောင်းနေသေးသည်။ ဓာတ်ပုံတွေကိုကြည့်ရင်း အာဏာခပ်မဲ့မဲ့ပြုံးမိသည်။ သူကသာ လွမ်းလွန်းလို့နောက်ကနေစောင့်ပြီးပုံတွေပို့ခိုင်းထားတာ လွန်ခဲ့တဲ့၄နှစ်ထဲက။
ကိုကိုကတော့ သူ့ကိုလိမ်သည်။ အလုပ်ကိစ္စထွေထွေထူးထူးမရှိဘဲနဲ့ သူ့ကိုလိမ်သည်။ တိုက်ခန်းမှာမနေဘဲနဲ့ လူတစ်ယောက်ရဲ့အိမ်မှာနေသည်။ ထိုအိမ်ထဲ သူလူတစ်ယောက်လွှတ်ထားပြီး စောင့်ကြည့်ခိုင်းထားတဲ့
အတွက် စိတ်ချနေရခြင်း။
ကိုကိုကတော့ထာမဏေဆိုတဲ့အမျိုးသမီးနဲ့ အတူသွားလိုက်၊ လည်လိုက်ပတ်လိုက်ပင်။
ပြန်လာမှာကောင်းကောင်းအပြစ်ပေးရမယ်.။
1.12.2020
===================
AN_ အာဏာရဲ့ဆံပင်ကဒီလို။ ပုံမနဲရှာလိုက်ရတယ် တူတာလေးကို
===================
<Zawgyi>
"အလောင်းကဘယ်မှာလဲ"
"ရောက်လာပြီလား "
ဖြစ်၏။
ကြီးနှင့် ။ မြင်ရတာသွေးပျက်စရာ။
ကြည့်လိုက်သည်။
သွားလိုက်သည်။
"ဘာတွေလဲ"
"အင်း  ငါပို့လိုက်မယ်"
"ဒီအိမ်ကအိမ်ရှင်ရော "
"Ok"
ထဲသာရှိတော့သည်။
မြင်ရတာကြည်နူးစရာ။
လာခဲ့သည်။
===================
ဦးရှင်"
"ဟုတ်ကဲ့ "
မသကာင်္တာနဲ့ သားလေးအခန်းထဲဝင်သွားကြည့်လိုကတော့  အဒေါ်ကြီးကို သေဆုံးလျက်သားတွေ့လိုရတယ်။
အာဏာရဲ့ စကားကိုသူမကမျက်လုံးပြူးကာအံ့သြသွားသည်။
မဖြစ်နိုင်တာ"
တွေလုပ်သေးလား"
အာဏာက ဆက်လက်မေး၏။ သူမကစဉ်းစားသလိုနဲ့
"ဘယ်လိုမတူတာလဲ"
"ဟုတ်တယ်"
"အင်း"
==================
"အင်း  စစ်ပြီးပြီလား"
"နောက်ကလိုက်ခဲ့။ အလောင်းကိုပြမယ်"
"အင်း"
ပြီး ဒီတိုင်းထားသည်။
"အင်း "
"ဒီကိုကြည့်"
လည်ပင်းကိုပြသည်။  ကိုက်ရာတွေ့လိုက်ရတဲ့အာဏာအံ့သြသွားသည်။
"ဒါက ကိုက်ရာမို့လား"
"ပြောချင်တာက"
တာ"
"အင်း"
"အင်း  "
"ပြန်တော့မယ်"
"Ok"
"ဟယ်လို "
"ပြော"
ဂျောင်ဝူးကပြောသည်။ အာဏာက မျက်ခုံးတစ်ဘက်
ပင့်တတ်သွားရင်း
"ok"
===============
"မေသစ္စာ"
"မှတ်မိသားပဲ"
"ငါထိုင်လို့ရတယ်မလား"
"အင်း  ထိုင်"
"နင်တစ်ယောက်တည်းလား"
"အင်း"
"အဟင်း  လွမ်းနေတယ်ပေါ့"
ကာမော့သောက်လိုက်သည်။
"အူတိုနေတာပဲ။ ထင်ရာတွေမတွေးနဲ့။ သူလဲလွမ်းနေမှာပေါ့"
သူမကပြုံးကာပြောသည်။
XXXမှာလေ"
"ကျေးဇူး "
ပြုံးနဲ့
"အဖော်လိုလား"
တစ်ခုခုမှားသွားမယ်"
"ငါကအေးအေးဆေးဆေးပဲ။ အဖော်တွေအများကြီး
"ငါပြန်ပြီ"
"အွန်း"
====================
လူလွှတ်ထားခြင်း ။
အတွက် စိတ်ချနေရခြင်း။
1.12.2020
===================
===================
Continue Reading
You'll Also Like
132K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
1.6M 89.1K 48
115K 8.3K 37
"အမြဲပြုံးနေရမယ်၊ ဟုတ်တယ်၊ အမြဲပြုံးနေမှ လူချစ်လူခင် ပေါမှာ" အက်ဒရစ် "တစ်ခုပဲပြောချင်တယ...
869K 97.9K 76
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြောင်းကို ကိုယ်ဘာသာပြောပြနေသလိုမျိုးပါ ကိုယ...