THE EYE

By Ginkgo_San

960K 122K 8.4K

FINALLY S2 21.9.2020 »» 29.12.2020 More

Part_1
Part_2
Part_3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️

Part_39

7.9K 1.2K 117
By Ginkgo_San

<Unicode>

"ဒါဆို ပြိုင်ပွဲမဝင်ခင်က သူတို့၂ယောက်တွေ့သေးတ
ပေါ့"

သူ့ရှေ့ကအမျိုးသမီးကိုဆိုလိုက်ခြင်း။ သေဆုံးသူက ပြိုင်ပွဲမဝင်ခင် နောက်ထပ်ပြိုင်ပွဲဝင်အမျိုးသမီးတစ်ယောက်နဲ့၂ယောက်ထဲတွေ့ခဲ့ခြင်း။

သို့သော် ထိုအမျိုးသမီးနဲ့ သေဆုံးသူကပြေပြစ်တဲ့ဆက်ဆံရေးမရှိ။ ဆုရဖို့အတွက်တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်ကြိုးစားကြရင်း မသိလျှင်သူများအမြင်မှာရန်သူတော်တွေလိုဖြစ်နေသည်။

ရှေ့ကကောင်မလေးကတော့ သူတို့၂ယောက်အကြောင်းကိုသိသလောက်ပြောပြနေခြင်း။ အာဏာဂရုစိုက်ကာနားထောင်မိသည်။

"ဟုတ်ပါတယ်၊၊ မပြိုင်ခင်မှာရွှေလွန်းက သူ့ကိုကော်ဖီတိုက်ခဲ့သေးတယ်၊၊ သူကလဲယူပြီးသောက်လိုက်တယ်၊ကျွန်မအထင်အဲ့ကော်ဖီကတစ်ခုခုပဲ"

ရွှေလွန်းဆိုသည်မှာ လက်ရှိသံသဃရှိတဲ့ပြိုင်ပွဲဝင်အမျိုးသမီး။ အာဏာသူ့ရှေ့ကအမျိုးသမီးကိုကြည့်လိုက်ရင်း

"ဒါဆိုရင် ခင်ဗျားပြောချင်တာက ရွှေလွန်းဆိုတဲ့အမျိုးသမီးက ကော်ဖီထဲတစ်ခုခုထည့်လိုက်တာပေါ့"

"ဒါကကျွန်မအထင်ပါ။  သူတစ်ပါးကိုအရမ်းကြီးလဲမစွတ်စွဲချင်ပါဘူး"

"ကောင်းပြီ။  ကျွန်တော်ကရေကူးကန်ကိုသွားကြည့်လိုက်မယ်၊၊သေဆုံးသူမိသားစုနဲ့ရင်းနှီးတယ်မလား"

"ဟုတ်ကဲ့။ ရင်းနှီးပါတယ်"

"ဟုတ်ပြီ။  မိသားစုကိုလဲ ပြောလိုက်ပါ။  မသေချာသေးပဲနဲ့ရွှေလွန်းဆိုတာတဲ့သူကို အရမ်းကြီးသံသဃမဝင်ပါနဲ့လို့။ ကျွန်တော်ရအောင်အဖြေရှာပေးပါ့မယ်"

"ကျေးဇူးပါရှင့် ကျွန်မပြောလိုက်ပါ့မယ်"

သူမကခေါင်းငုံ့ကာရိုသေစွာပြောသည်။ အာဏာလဲ ကိုယ့်ထက်အသက်ကြီးသူကခေါင်းငုံ့ကာကြောနေတဲ့အတွက် သူပါခေါင်းငုံ့ကာနှုတ်ဆက်ပြီး ဆိုင်ထဲကထွက်လာခဲ့သည်။

ကားကိုရောက်တာနဲ့ စက်နှိုးပြီး ရေကူးကန်ကိုသွားဖို့ပြင်၏။

ထိုစဉ်  ဖုန်းringtoneသံကြောင့် ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ် ကြည့်လိုက်တော့ စိုင်းအောင်။

"ဟယ်လို"

"အေး  စစ်ဆေးချက်ထွက်ပြီကွ"

"ဘာတဲ့လဲ"

"မသေဆုံးခင် ကော်ဖီသောက်ထားတယ်ဆိုတာလဲအမှန်ပဲ။ပြီးတော့အိပ်ဆေးတွေလဲတွေ့ရတယ်"

"အိပ်ဆေး ဟုတ်လား"

တစ်ဖက်ကစိုင်းအောင်စကားကြောင့်မျက်မှောင်ကြုံ့မေးလိုက်သည်။ အိပ်ဆေးတဲ့  ဘာသဘောလဲ။

"အေး  ဆရာဝန်တွေကတော့ကော်ဖီထဲမှာအိပ်ဆေးထည့်ပြီးသောက်မိထားတယ်လို့ဖြေတယ်"

"အင်း  ကျွန်တော်သဘောပေါက်ပြီ။  ခုရေကူးကန်ကိုသွားလိုက်ဦးမယ်"

"ok ပြီးရင်ပြန်လာမှာမဟုတ်လား"

"အင်း  ပြန်လာမယ်"

ဖုန်းချလိုက်ပြီး   အခင်းဖြစ်သွားတဲ့ရေကူးကန်ကိုထွက်လာခဲ့သည်။  ကားကိုအာရုံစိုက်ကာမောင်းနေပေမဲ့ စိတ်ထဲရေရွတ်မိသည်။

လွမ်းလိုက်တာ။

===================

"ကျွန်တော်မဟုတ်ဘူးလို့ပြောနေတယ်လေ!သက်သေရှိလား"

"သက်သေကရှင်းနေတာပဲ။  မင်းဆိုတာမသိဘူးထင်နေလား။  မနေ့ကနောက်ဆုံးပြန်သွားတာမင်းပဲရှိတယ်။ အဲ့တာမင်းမယူလို့ဘယ်သူယူရမှာလဲ"

မင်းဆက်သူ့ရှေ့ကလူကိုကြည့်ပါစိတ်တိုလာသည်။ သူ့ကိုမဟုတ်မမှန်စွတ်စွဲနေခြင်း။ ရုံးခွဲမှူးက  မရှိတော့ သူတို့ကလုပ်ချင်တိုင်းလုပ်နေခြင်း။

"မင်းဘာသာအသိမ်းမှားတာရောမဖြစ်နိုင်ဘူးလား
ငါကမင်းရဲ့နာရီကိုယူစရာလား!"

မင်းဆက်စိတ်တိုကာပြောမိသည်။ သိန်း၁ထောင်လောကာရှိတဲ့ နာရီလေးတစ်လုံးပျောက်တာ သူ့ကိုစွတ်စွဲနေခြင်း။

မနာလိုသူတွေတကယ်ပေါသည်။ ခုလိုနိုင်ငံခြားမှာ ကိုယ့်လူမျိုးအချင်းချင်း ချောက်ချတဲ့လူတွေကရှိသေး။

"မယုံဘူး။  မင်းဆိုတာသေချာတယ်။  ငါရှာကြည့်လို့တွေ့ရင်မင်းဘာလုပ်မလဲ။ဒူးထောက်ပြီးတောင်းပန်မလား"

အနားလာပြီးရွဲ့ကာပြောတဲ့စကားကြောင့်သူစိတ်တိုသွားသည်။ သူ့ရှေ့ကသကောင့်သားကိုစိတ်တိုစွာတွန်းလွှတ်လိုက်တော့ နောက်ကိုလန်ကျသွားသည်။

"မင်း ဘာလုပ်တာလဲ၊ဟမ်!! အရိုင်းအစိုင်းကောင်။  မင်းနေရာကိုငါတို့ရှာမယ် တွေ့ရင်ငါမင်းကိုအရှက်ခွဲပြမယ်"

"ငါယူတယ်လို့မင်းမြင်လို့လား ဟမ်!! မင်းရဲ့တန်ဖိုးမရှိတဲ့နာရီကိုငါကယူစရာလား စဉ်းစားပြီးပြော!!"

မင်းဆက်စိတ်တိုပြီး သူ့ရှေ့ကငနဲကိုလက်သီးနဲ့ထိုးဖို့လုပ်လိုက်သည်။သို့သော်သူစိတ်ထိန်းကာ ကော်လံစကိုသာဆုတ်ကိုင်ထားလျက်။ ဒေါသကိုရှေ့မတင်ဖို့ လျှော့ချလိုက်ရသည်။

"မင်းကငါ့ကိုထိုးမလို့လား။  မင်းအပြစ်ပေးခံရလို့ဒီရောက်လာတာငါသိတယ်။ မင်းလိုအပြစ်ပေးခံနေရတဲ့အောက်တန်းစားကများငါကိုလက်နဲ့ရွယ်တယ်"

ထိုတစ်ယောက်ကမင်းဆက်ကို တွန်းလွှတ်ကာပြောလိုက်သည်။

"တော်စမ်း!!"

နောက်ကနေထွက်လာတဲ့အသံကြောင့်မင်းဆက်ရော ထိုလူရောလှည့်ကြည့်မိလိုက်သည်။  တီရှပ်အဖြူရောင်နဲ့ ဒူးလောက်စကပ်အနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်အနက်ရောင်နဲ့သူမက လှပသည်ထပ်ပိုသည်။

ဒေါက်ဖိနပ်သံ တဂွက်ဂွက်နဲ့အတူအနားရောက်လာတဲ့သူမကမင်းဆက်ကိုကြည့်လိုက်သည်။ ထို့နောက် ဘေးနားက ထိုလူကိုကြည့်ကာမဲ့ပြုံးပြုံးလိုက်ပြီး

"နင့်နာရီထောင်ဂဏန်းလေးကို မင်းဆက်ဟိန်းကဂရုစိုက်မယ်ထင်နေတာလား  ဟမ်!!"

သူမပြောလိုက်တော့ ထိုလူကရယ်သည်။

"အဟား မဟုတ်လို့လား။  ဒီလိုထောင်ဂဏန်းဆိုတာသူအတွက်တော့များပြားတဲ့ငွေပမာဏမို့လား ကြံမိကြံရာ လုပ်လိုက်တာနေမှာပေါ့"

ထိုလူကပြောလိုက်တော့ သူမကရယ်သည်။မင်းဆက်ကတော့ ထိုအမျိုးသမီးဘေးကနေရပ်သာကြည့်နေသည်။ ထို့နောက်သူမက ထိုလူကိုရွံရှာသလိုကြည့်လိုက်ပြီး

"မင်းဆက်ဟိန်းက နင်လိုအောက်တန်းစားမဟုတ်ဘူး။ နားလည်လား။  ရုံးမှာအားလုံးစည်းလုံးရမဲ့အစား အချင်းချင်းချောက်ချတယ်။ အောက်တန်းကျတာနင်မှအစစ်။ ဘာတဲ့ မင်းဆက်ဟိန်းကကြံမိကြံရာတာတဲ့  ။ သူကဘယ်မိသားစုကလဲဆိုတာမသိတာလား  ၊၊ နင့်ဘဝတစ်ခုလုံးကိုရစရာမရှိအောင်လုပ်ပြစ်လို့ရတယ် သိလား"

"ဘာ!! သူကဘာမို့လို့ငါ့ကိုလုပ်နိုင်ရမှာလဲ  စိတ်ကူးတအားယဉ်နေတာမဟုတ်ဘူးလား"

"အဟား ရယ်စရာတွေ။ မင်ဆက်ဟိန်းကHydraကသားကြီးဆိုတာမသိတာလား  ဟမ်!"

"ဘာ!"

ဖြစ်ပျက်သွားတဲ့ထိုလူရဲမျက်နှာမှာ အံ့ဩမှုအပြင်ထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်းတွေပါပါဝင်နေသည်။

"နင်Hydraကိုတော့သိမှာပါ၊၊ အဲ့တာကြောင့်"

သူမကထိုလူရဲ့ရှေ့ကိုသွားပြီး လက်ပိုက်ကာ အထင်သေးသလိုကြည့်ပြီး

"မကောင်းကြံချင်ပြီး အပြစ်ရှာချင်လဲသေချာစုံစမ်းပြီးမှလုပ် ဟုတ်ပြီလား။ မဟုတ်ရင်အရှက်ကွဲလိမ့်မယ် ရှက်စရာကြီး"

ထိုလူကတော့ သူမပြောလိုက်တာနဲ့တစ်ခါတည်း ရှက်ရမ်းရမ်ကာထွက်သွား၏။  ကမူးရှူးထိုးနဲ့ထွက်သွားတဲ့ လူကိုကြည့်ရင်းသူမရယ်လိုက်သည်။

ထို့နောက်  နောက်မှာရပ်နေတဲ့မင်းဆက်ကိုလှည့်ကြည့်ကာပြုံးပြလိုက်သည်။

" အဆင်ပြေတယ်မလား"

မင်းဆက်သူ့ကိုမေးတဲ့အမျိုးသမီးကြောင့် ပြုံးပြီးခေါင်းညိတ်လိုက်သည်။ 

"ပြေပါတယ် "

"ဘာလို့ပြန်မပြောတာလဲ  ငြိမ်နေရင်ပိုဆိုးမယ်"

"အဟင်း  အလကားပြဿနာမဖြစ်ချင်လို့ပါ"

"နောက်တစ်ခါငြိမ်ခံမနေနဲ့ သူတစ်ချက်ဆိုကိုယ်တစ်ချက်၊ သူတစ်ခွန်းဆို ကိုယ်တစ်ခွန်းပဲ ဟုတ်ပြီလား"

သူရှေ့ကပြုံးပြီး ပြောနေတဲ့အမျိုးသမီးက ခုနကလိုမဟုတ်တော့။ ခက်ထန်နေတဲ့မျက်နှာမဟုတ်တော့ဘဲ ပြုံးရွှင်လို့ပင်။

"အင်း  ကျေးဇူးပဲ"

သူပြောလိုက်တော့ သူမကလက်ကာပြ၏။

" အလကားနေကျေးဇူးတင်မနေနဲ့၊  ဒီလိုလုပ်  ကျေးဇူးတင်ရင် ညနေကျမုန့်လိုက်ဝယ်ကျွေးမလား"

"အင်း  ဖြစ်တယ်လေ ၊အလုပ်ပြီးရင်လိုက်ဝယ်ကျွေးမယ်၊၊"

"okok ကျေးဇူး  ဩော်  နာမည်ပြောရဦးမယ်
မှတ်ထားဦး  ထာမဏေ တဲ့။ သွားပြီ"

"အင်း"

သူမကနာမည်ပြောပြီးထွက်သွား၏။  မင်းဆက်ကတော့ နာမည်ကိုအထူးအဆန်းဖြစ်နေခြင်း။လှသလိုလိုနဲ့ထူးဆန်းလှသည့်နာမည်။

ထာမဏေ။

==================

ရေကူးကန်ကိုမသွားဘဲ  ရေကူးကန်ကိုသန့်ရှင်းရေးလုပ်ပေူရပြီး စစ်ဆေးပေးရတဲ့ အစောင့်ဆီကိုတန်းသွားလိုက်သည်။

Cctvကိုစစ်ဆေးဖို့က ထိုအစောင့်ရှိမှရမည်လေ။ ထိုအစောင့်ဦးလေးကြီးကို ခေါ်လာပြီးနောက် Cctvကိုစစ်ဆေးရသည်။

သေဆုံးသူကပြိုင်ပွဲမဝင်ခင်ရွှေလွန်းဆိုတဲ့အမျိုးသမီးနဲ့တွေ့ခဲ့သည်။ ရွှေလွန်းကသူမကို ကော်ဖီခွက်ပေးခဲ့သည်။ သူမကသောက်သည်။  ဒီအထိအားလုံးကထင်ထင်ရှားရှား။

နောက်တော့ သူတို့၂ယောက်စကားပြောပြီး ရွှေလွန်းဆိုတဲ့အမျိုးသမီးကထွက်သွား၏။  သေဆုံးသူကတာ့ကော်ဖီခွက်ကိုကိုင်ပြီထိုနေမှာသာကျန်ခဲ့သည်။

ထို့နောက် ကော်ဖီကိုမသောက်ဘဲ တစ်နေရာရာကိုထွက်သွားသည်။

"သူထွက်သွာတဲ့ နေရာမှာCCTVရှိလား"

မင်ကွင်းထဲကထွက်သွားတဲ့ အမျိုးသမီးကြောင့်အာဏာ  နောက်ထပ်တစ်နေရာကိုပြပေးရန်ပြောလိုက်သည်။

"ခဏနော် ဒီဘက်ဆိုရင် သူတို့နားတဲ့နေရာပဲ၊၊ ရှိတော့ရှိတယ်ဗျ၊ အဲ့အခန်းက ရေကူးတဲ့အမျိုးသမီးတွေ အဝတ်အစားလဲ၊ နားတဲ့နေရာဆိုတော့ တော်ရုံအဲ့အခန်းကCCTVကိုမဖွင့်ဘူး"

"ခုကြည့်လို့ရမလား"

"ဟုတ်ကဲ့ ကျွန်တော်ပြပေးပါ့မယ်"

ထို့နောက် သေဆုံးသူဝင်သွားတဲ့ အခန်းကCCTVကိုကြည့်လိုက်သည်။  မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အာဏာအနည်းငယ်တော့အံ့ဩသွား၏။

သေဆုံးသူက အထုတ်တစ်ထုတ်ထဲကအမှုန့်တွေကို ကော်ဖီခွက်ထဲထည့်နေသည်။ ထို့နောက်ထိုကော်ဖီခွက်ကို သောက်နေသည်။

ထိုအမှုန့်ထုတ်ကို အမှုန့်ထုတ်ကို ဘေးနားက အမှိုက်ခြင်းသေးသေးလေးထဲကိုထည့်ပြီးနောက် ပြန်ထွက်သွား၏။

အာဏာကစိတ်ထဲတွင် ဒီCaseကိုနားလည်သလောက်ရှိသွာပြီ။

"ကျွန်တော်သူတို့အခန်းထဲကိုခဏသွားကြည့်လို့ရမလား။ မကြာပါဘူး"

အာဏာမေးလိုက်တော့ ဦးလေးကြီးကခေါင်းညိတ်ကာ ဘေးနားကသော့တွဲကိုယူပြီး

"ရတယ် လိုက်ပို့ပေးမယ် လာ"

"ကျေးဇူးပါ"

ထိုဦးလေးကြီးနောက်ကနေ သေဆုံးသူနားတဲ့အခန်းထဲကိုသွားလိုက်သည်။ အခန်းကိုရောက်ဖို့ တော်တော်တော့လမ်းလျောက်ရသေး၏။

ခဏနေတော့ အခန်းတစ်ခန်းရှေ့ရောက်သွား၏။

"ဒီအခန်း  အပြင်မှာစောင့်နေမယ် ။ ဝင်ကြည့်လိုက်လေ"

"ဟုတ်ကဲ့"

သတိထားကအခန်းထဲဝင်ကြည့်လိုက်သည်။ Cctvကြည့်ထားတဲ့အတွက် သေဆုံးသူလွှတ်ပစ်လိုက်တဲ့  အမှိုက်ပုံးကိုသွားကြည့်လိုက်သည်

ကံကောင်းတယ်ပဲဆိုရမလား။ အမှိုက်ခြင်းကမသွန်ရသေး။ ပုံးကသန့်ရှင်းနေပြီး အထဲကစက္ကူအခွံကိုတွေ့လိုက်ရသည်။

အာဏာ လက်အိတ်ကိုထုတ်စွတ်ပြီး ထိုစက္ကူကိုယူက ကြည့်လိုက်သည်။ စက္ကူအိတ်ကိုနမ်းကြည့်လိုက်တော့ ဆေးနံ့ကထွက်သည်။၊

သေချာတာကတော့ ဒါကအိပ်ဆေး။ သေဆုံးသူအလောင်းကိုစစ်ဆေးတာလဲ အိပ်ဆေးသောက်ထားတယ်ဆိုတဲ့ဆေးစစ်ချက်။ အားလုံးကကကွက်တိ။

အာဏာက ဖြစ်ရပ်အကုန်လုံးကိုသဘောပေါက်သွားသည်။

ထိုစက္ကူအိတ်ကိုအိတ်အကြည်လေးနဲ့ထည့်ပြီး အခန်ထဲကနေ အပြင်ထွက်လာခဲ့သည်။

သူအပြင်ရောက်တော့ဦးလေးကြီးကစောင့်နေဆဲ။

"ကျေးဇူးပါဦးလေး ကျွန်တော်ပြန်တော့မယ်"

"အေးအေး အဆင်ပြေတယ်မလား"

"ဟုတ်ကဲ့ ပြေပါတယ်"

အခန်းလိုက်ပြတဲ့ အစောင့်ဦးလေးကြီးကိုနှုတ်ဆက်ကာ အာဏာဌာနကိုပြန်လာခဲ့သည်။

ကားမောင်းနေရင်း ဖုန်းကိုထုတ်ကာရှင်းခန့်ဆီကိုဆက်လိုက်သည်။

"အာဏာ ပြော"

"ရွှေလွန်းဆိုတဲ့အမျိုးသမီးနဲ့ ဘာမှမဆိုင်ဘူး "

"မင်းသိပြီလား"

"အင်း အားလုံးသိပြီ။  ခုကျွန်တော်ပြန်လာနေပြီ"

"ok  ငါတို့စောင့်နေမယ်"

"အွန်း"

ဖုန်ချပြီး ကားကိုအရှိန်မြှင့်တင်ကာ ဌာနကိုအမြန်ဆုံးမောင်းလာခဲ့သည်။
ဖြစ်ပျက်သွားတဲ့  ဒီတစ်ခေါက်caseက အထူးအဆန်းကြီး။

"အဟင်း!"

အသံထွက်ကာခပ်မဲ့မဲ့ပြုံးရင်းရေရွတ်မိသေးသည်။

"သေတာနည်းတောင်နည်းသေး"

#28.11.2020
==========================

<Zawgyi>

"ဒါဆို ၿပိဳင္ပြဲမဝင္ခင္က သူတို႔၂ေယာက္ေတြ႕ေသးတ
္ေပါ့"

သူ႔ေရွ႕ကအမ်ိဳးသမီးကိုဆိုလိုက္ျခင္း။ ေသဆံုးသူက ၿပိဳင္ပြဲမဝင္ခင္ ေနာက္ထပ္ၿပိဳင္ပြဲဝင္အမ်ိဳးသမီးတစ္ေယာက္နဲ႔၂ေယာက္ထဲေတြ႕ခဲ့့ျခင္း။

သို႔ေသာ္ ထိုအမ်ိဳးသမီးနဲ႔ ေသဆံုးသူကေျပျပစ္တဲ့ဆက္ဆံေရးမရွိ။ ဆုရဖို႔အတြက္တစ္ေယာက္နဲ႔တစ္ေယာက္အၿပိဳင္အဆိုင္ႀကိဳးစားၾကရင္း မသိလ်ွင္သူမ်ားအျမင္မွာရန္သူေတာ္ေတြလိုျဖစ္ေနသည္။

ေရွ႕ကေကာင္မေလးကေတာ့ သူတို႔၂ေယာက္အေၾကာင္းကိုသိသေလာက္ေျပာျပေနျခင္း။ အာဏာဂရုစိုက္ကာနားေထာင္မိသည္။

"ဟုတ္ပါတယ္၊၊ မၿပိဳင္ခင္မွာေ႐ႊလြန္းက သူ႔ကိုေကာ္ဖီတိုက္ခဲ့ေသးတယ္၊၊ သူကလဲယူၿပီးေသာက္လိုက္တယ္၊ကြၽန္မအထင္အဲ့ေကာ္ဖီကတစ္ခုခုပဲ"

ေ႐ႊလြန္းဆိုသည္မွာ လက္ရွိသံသဃရွိတဲ့ၿပိဳင္ပြဲဝင္အမ်ိဳးသမီး။ အာဏာသူ႔ေရွ႕ကအမ်ိဳးသမီးကိုၾကည့္လိုက္ရင္း

"ဒါဆိုရင္ ခင္ဗ်ားေျပာခ်င္တာက ေ႐ႊလြန္းဆိုတဲ့အမ်ိဳးသမီးက ေကာ္ဖီထဲတစ္ခုုခုထည့္လိုက္တာေပါ့"

"ဒါကကြၽန္မအထင္ပါ။  သူတစ္ပါးကိုအရမ္းႀကီးလဲမစြတ္စြဲခ်င္ပါဘူး"

"ေကာင္းၿပီ။  ကြၽန္ေတာ္ကေရကူးကန္ကိုသြားၾကည့္လိုက္မယ္၊၊ေသဆံုးသူမိသားစုနဲ႔ရင္းနွီးတယ္မလား"

"ဟုတ္ကဲ့။ ရင္းနွီးပါတယ္"

"ဟုတ္ၿပီ။  မိသားစုကိုလဲ ေျပာလိုက္ပါ။  မေသခ်ာေသးပဲနဲ႔ေ႐ႊလြန္းဆိုတာတဲ့သူကို အရမ္းႀကီးသံသဃမဝင္ပါနဲ႔လို႔။ ကြၽန္ေတာ္ရေအာင္အေျဖရွာေပးပါ့မယ္"

"ေက်းဇူးပါရွင့္ ကြၽန္မေျပာလိုက္ပါ့မယ္"

သူမကေခါင္းငံု႔ကာရိုေသစြာေျပာသည္။ အာဏာလဲ ကိုယ့္ထက္အသက္ႀကီးသူကေခါင္းငံု႔ကာေၾကာေနတဲ့အတြက္ သူပါေခါင္းငံု႔ကာနႈတ္ဆက္ၿပီး ဆိုင္ထဲကထြက္လာခဲ့သည္။

ကားကိုေရာက္တာနဲ႔ စက္နႈိးၿပီး ေရကူးကန္ကိုသြားဖို႔ျပင္၏။

ထိုစဥ္  ဖုန္းringtoneသံေၾကာင့္ ေဘာင္းဘီအိတ္ထဲက ဖုန္းကိုထုတ္ ၾကည့္လိုက္ေတာ့ စိုင္းေအာင္။

"ဟယ္လို"

"ေအး  စစ္ေဆးခ်က္ထြက္ၿပီကြ"

"ဘာတဲ့လဲ"

"မေသဆံုးခင္ ေကာ္ဖီေသာက္ထားတယ္ဆိုတာလဲအမွန္ပဲ။ၿပီးေတာ့အိပ္ေဆးေတြလဲေတြ႕ရတယ္"

"အိပ္ေဆး ဟုတ္လား"

တစ္ဖက္ကစိုင္းေအာင္စကားေၾကာင့္မ်က္ေမွာင္ႀကံဳ႕ေမးလိုက္သည္။ အိပ္ေဆးတဲ့  ဘာသေဘာလဲ။

"ေအး  ဆရာဝန္ေတြကေတာ့ေကာ္ဖီထဲမွာအိပ္ေဆးထည့္ၿပီးေသာက္မိထားတယ္လို႔ေျဖတယ္"

"အင္း  ကြၽန္ေတာ္သေဘာေပါက္ၿပီ။  ခုေရကူးကန္ကိုသြားလိုက္ဦးမယ္"

"ok ၿပီးရင္ျပန္လာမွာမဟုတ္လား"

"အင္း  ျပန္လာမယ္"

ဖုန္းခ်လိုက္ၿပီး   အခင္းျဖစ္သြားတဲ့ေရကူးကန္ကိုထြက္လာခဲ့သည္။  ကားကိုအာရံုစိုက္ကာေမာင္းေနေပမဲ့ စိတ္ထဲေရ႐ြတ္မိသည္။

လြမ္းလိုက္တာ။

===================

"ကြၽန္ေတာ္မဟုတ္ဘူးလို႔ေျပာေနတယ္ေလ!သက္ေသရွိလား"

"သက္ေသကရွင္းေနတာပဲ။  မင္းဆိုတာမသိဘူးထင္ေနလား။  မေန႔ကေနာက္ဆံုးျပန္သြားတာမင္းပဲရွိတယ္။ အဲ့တာမင္းမယူလို႔ဘယ္သူယူရမွာလဲ"

မင္းဆက္သူ႔ေရွ႕ကလူကိုၾကည့္ပါစိတ္တိုလာသည္။ သူ႔ကိုမဟုတ္မမွန္စြတ္စြဲေနျခင္း။ ရံုးခြဲမွဴးက  မရွိေတာ့ သူတို႔ကလုပ္ခ်င္တိုင္းလုပ္ေနျခင္း။

"မင္းဘာသာအသိမ္းမွားတာေရာမျဖစ္နိုင္ဘူးလား
ငါကမင္းရဲ႕နာရီကိုယူစရာလား!"

မင္းဆက္စိတ္တိုကာေျပာမိသည္။ သိန္း၁ေထာင္ေလာကာရွိတဲ့ နာရီေလးတစ္လံုးေပ်ာက္တာ သူ႔ကိုစြတ္စြဲေနျခင္း။

မနာလိုသူေတြတကယ္ေပါသည္။ ခုလိုနိုင္ငံျခားမွာ ကိုယ့္လူမ်ိဳးအခ်င္းခ်င္း ေခ်ာက္ခ်တဲ့လူေတြကရွိေသး။

"မယံုဘူး။  မင္းဆိုတာေသခ်ာတယ္။  ငါရွာၾကည့္လို႔ေတြ႕ရင္မင္းဘာလုပ္မလဲ။ဒူးေထာက္ၿပီးေတာင္းပန္မလား"

အနားလာၿပီး႐ြဲ႕ကာေျပာတဲ့စကားေၾကာင့္သူစိတ္တိုသြားသည္။ သူ႔ေရွ႕ကသေကာင့္သားကိုစိတ္တိုစြာတြန္းလႊတ္လိုက္ေတာ့ ေနာက္ကိုလန္က်သြားသည္။

"မင္း ဘာလုပ္တာလဲ၊ဟမ္!! အရိုင္းအစိုင္းေကာင္။  မင္းေနရာကိုငါတို႔ရွာမယ္ ေတြ႕ရင္ငါမင္းကိုအရွက္ခြဲျပမယ္"

"ငါယူတယ္လို႔မင္းျမင္လို႔လား ဟမ္!! မင္းရဲ႕တန္ဖိုးမရွိတဲ့နာရီကိုငါကယူစရာလား စဥ္းစားၿပီးေျပာ!!"

မင္းဆက္စိတ္တိုၿပီး သူ႔ေရွ႕ကငနဲကိုလက္သီးနဲ႔ထိုးဖို႔လုပ္လိုက္သည္။သို႔ေသာ္သူစိတ္ထိန္းကာ ေကာ္လံစကိုသာဆုတ္ကိုင္ထားလ်က္။ ေဒါသကိုေရွ႕မတင္ဖို႔ ေလ်ွာ႔ခ်လိုက္ရသည္။

"မင္းကငါ့ကိုထိုးမလို႔လား။  မင္းအျပစ္ေပးခံရလို႔ဒီေရာက္လာတာငါသိတယ္။ မင္းလိုအျပစ္ေပးခံေနရတဲ့ေအာက္တန္းစားကမ်ားငါကိုလက္နဲ႔႐ြယ္တယ္"

ထိုတစ္ေယာက္ကမင္းဆက္ကို တြန္းလႊတ္ကာေျပာလိုက္သည္။

"ေတာ္စမ္း!!"

ေနာက္ကေနထြက္လာတဲ့အသံေၾကာင့္မင္းဆက္ေရာ ထိုလူေရာလွည့္ၾကည့္မိလိုက္သည္။  တီရွပ္အျဖဴေရာင္နဲ႔ ဒူးေလာက္စကပ္အနက္ေရာင္ကိုတြဲဖက္ဝတ္ဆင္ထားၿပီး ေဒါက္ဖိနပ္အနက္ေရာင္နဲ႔သူမက လွပသည္ထပ္ပိုသည္။

ေဒါက္ဖိနပ္သံ တဂြက္ဂြက္နဲ႔အတူအနားေရာက္လာတဲ့သူမကမင္းဆက္ကိုၾကည့္လိုက္သည္။ ထို႔ေနာက္ ေဘးနားက ထိုလူကိုၾကည့္ကာမဲ့ၿပံဳးၿပံဳးလိုက္ၿပီး

"နင့္နာရီေထာင္ဂဏန္းေလးကို မင္းဆက္ဟိန္းကဂရုစိုက္မယ္ထင္ေနတာလား  ဟမ္!!"

သူမေျပာလိုက္ေတာ့ ထိုလူကရယ္သည္။

"အဟား မဟုတ္လို႔လား။  ဒီလိုေထာင္ဂဏန္းဆိုတာသူအတြက္ေတာ့မ်ားျပားတဲ့ေငြပမာဏမို႔လား ႀကံမိႀကံရာ လုပ္လိုက္တာေနမွာေပါ့"

ထိုလူကေျပာလိုက္ေတာ့ သူမကရယ္သည္။မင္းဆက္ကေတာ့ ထိုအမ်ိဳးသမီးေဘးကေနရပ္သာၾကည့္ေနသည္။ ထို႔ေနာက္သူမက ထိုလူကို႐ြံရွာသလိုၾကည့္လိုက္ၿပီး

"မင္းဆက္ဟိန္းက နင္လိုေအာက္တန္းစားမဟုတ္ဘူး။ နားလည္လား။  ရံုးမွာအားလံုးစည္းလံုးရမဲ့အစား အခ်င္းခ်င္းေခ်ာက္ခ်တယ္။ ေအာက္တန္းက်တာနင္မွအစစ္။ ဘာတဲ့ မင္းဆက္ဟိန္းကႀကံမိႀကံရာတာတဲ့  ။ သူကဘယ္မိသားစုကလဲဆိုတာမသိတာလား  ၊၊ နင့္ဘဝတစ္ခုလံုးကိုရစရာမရွိေအာင္လုပ္ျပစ္လို႔ရတယ္ သိလား"

"ဘာ!! သူကဘာမို႔လို႔ငါ့ကိုလုပ္နိုင္ရမွာလဲ  စိတ္ကူးတအားယဥ္ေနတာမဟုတ္ဘူးလား"

"အဟား ရယ္စရာေတြ။ မင္ဆက္ဟိန္းကHydraကသားႀကီးဆိုတာမသိတာလား  ဟမ္!"

"ဘာ!"

ျဖစ္ပ်က္သြားတဲ့ထိုလူရဲမ်က္နွာမွာ အံ့ၾသမႈအျပင္ထိတ္လန္႔ျခင္း၊ မယံုနိုင္ျခင္းေတြပါပါဝင္ေနသည္။

"နင္Hydraကိုေတာ့သိမွာပါ၊၊ အဲ့တာေၾကာင့္"

သူမကထိုလူရဲ႕ေရွ႕ကိုသြားၿပီး လက္ပိုက္ကာ အထင္ေသးသလိုၾကည့္ၿပီး

"မေကာင္းႀကံခ်င္ၿပီး အျပစ္ရွာခ်င္လဲေသခ်ာစံုစမ္းၿပီးမွလုပ္ ဟုတ္ၿပီလား။ မဟုတ္ရင္အရွက္ကြဲလိမ့္မယ္ ရွက္စရာႀကီး"

ထိုလူကေတာ့ သူမေျပာလိုက္တာနဲ႔တစ္ခါတည္း ရွက္ရမ္းရမ္ကာထြက္သြား၏။  ကမူးရွဴးထိုးနဲ႔ထြက္သြားတဲ့ လူကိုၾကည့္ရင္းသူမရယ္လိုက္သည္။

ထို႔ေနာက္  ေနာက္မွာရပ္ေနတဲ့မင္းဆက္ကိုလွည့္ၾကည့္ကာၿပံဳးျပလိုက္သည္။

" အဆင္ေျပတယ္မလား"

မင္းဆက္သူ႔ကိုေမးတဲ့အမ်ိဳးသမီးေၾကာင့္ ၿပံဳးၿပီးေခါင္းညိတ္လိုက္သည္။ 

"ေျပပါတယ္ "

"ဘာလို႔ျပန္မေျပာတာလဲ  ၿငိမ္ေနရင္ပိုဆိုးမယ္"

"အဟင္း  အလကားျပႆနာမျဖစ္ခ်င္လို႔ပါ"

"ေနာက္တစ္ခါၿငိမ္ခံမေနနဲ႔ သူတစ္ခ်က္ဆိုကိုယ္တစ္ခ်က္၊ သူတစ္ခြန္းဆို ကိုယ္တစ္ခြန္းပဲ ဟုတ္ၿပီလား"

သူေရွ႕ကၿပံဳးၿပီး ေျပာေနတဲ့အမ်ိဳးသမီးက ခုနကလိုမဟုတ္ေတာ့။ ခက္ထန္ေနတဲ့မ်က္နွာမဟုတ္ေတာ့ဘဲ ၿပံဳး႐ႊင္လို႔ပင္။

"အင္း  ေက်းဇူးပဲ"

သူေျပာလိုက္ေတာ့ သူမကလက္ကာျပ၏။

" အလကားေနေက်းဇူးတင္မေနနဲ႔၊  ဒီလိုလုပ္  ေက်းဇူးတင္ရင္ ညေနက်မုန္႔လိုက္ဝယ္ေကြၽးမလား"

"အင္း  ျဖစ္တယ္ေလ ၊အလုပ္ၿပီးရင္လိုက္ဝယ္ေကြၽးမယ္၊၊"

"okok ေက်းဇူး  ေၾသာ္  နာမည္ေျပာရဦးမယ္
မွတ္ထားဦး  ထာမေဏ တဲ့။ သြားၿပီ"

"အင္း"

သူမကနာမည္ေျပာၿပီးထြက္သြား၏။  မင္းဆက္ကေတာ့ နာမည္ကိုအထူးအဆန္းျဖစ္ေနျခင္း။လွသလိုလိုနဲ႔ထူးဆန္းလွသည့္နာမည္။

ထာမေဏ။

==================

ေရကူးကန္ကိုမသြားဘဲ  ေရကူးကန္ကိုသန္႔ရွင္းေရးလုပ္ေပူရၿပီး စစ္ေဆးေပးရတဲ့ အေစာင့္ဆီကိုတန္းသြားလိုက္သည္။

Cctvကိုစစ္ေဆးဖို႔က ထိုအေစာင့္ရွိမွရမည္ေလ။ ထိုအေစာင့္ဦးေလးႀကီးကို ေခၚလာၿပီးေနာက္ Cctvကိုစစ္ေဆးရသည္။

ေသဆံုးသူကၿပိဳင္ပြဲမဝင္ခင္ေ႐ႊလြန္းဆိုတဲ့အမ်ိဳးသမီးနဲ႔ေတြ႕ခဲ့သည္။ ေ႐ႊလြန္းကသူမကို ေကာ္ဖီခြက္ေပးခဲ့သည္။ သူမကေသာက္သည္။  ဒီအထိအားလံုးကထင္ထင္ရွားရွား။

ေနာက္ေတာ့ သူတို႔၂ေယာက္စကားေျပာၿပီး ေ႐ႊလြန္းဆိုတဲ့အမ်ိဳးသမီးကထြက္သြား၏။  ေသဆံုးသူကတာ့ေကာ္ဖီခြက္ကိုကိုင္ၿပီထိုေနမွာသာက်န္ခဲ့သည္။

ထို႔ေနာက္ ေကာ္ဖီကိုမေသာက္ဘဲ တစ္ေနရာရာကိုထြက္သြားသည္။

"သူထြက္သြာတဲ့ ေနရာမွာCCTVရွိလား"

မင္ကြင္းထဲကထြက္သြားတဲ့ အမ်ိဳးသမီးေၾကာင့္အာဏာ  ေနာက္ထပ္တစ္ေနရာကိုျပေပးရန္ေျပာလိုက္သည္။

"ခဏေနာ္ ဒီဘက္ဆိုရင္ သူတို႔နားတဲ့ေနရာပဲ၊၊ ရွိေတာ့ရွိတယ္ဗ်၊ အဲ့အခန္းက ေရကူးတဲ့အမ်ိဳးသမီးေတြ အဝတ္အစားလဲ၊ နားတဲ့ေနရာဆိုေတာ့ ေတာ္ရံုအဲ့အခန္းကCCTVကိုမဖြင့္ဘူး"

"ခုၾကည့္လို႔ရမလား"

"ဟုတ္ကဲ့ ကြၽန္ေတာ္ျပေပးပါ့မယ္"

ထို႔ေနာက္ ေသဆံုးသူဝင္သြားတဲ့ အခန္းကCCTVကိုၾကည့္လိုက္သည္။  ျမင္လိုက္ရတဲ့့ျမင္ကြင္းေၾကာင့္ အာဏာအနည္းငယ္ေတာ့အံ့ၾသသြား၏။

ေသဆံုးသူက အထုတ္တစ္ထုတ္ထဲကအမႈန္႔ေတြကို ေကာ္ဖီခြက္ထဲထည့္ေနသည္။ ထို႔ေနာက္ထိုေကာ္ဖီခြက္ကို ေသာက္ေနသည္။

ထိုအမႈန္႔ထုတ္ကို အမႈန္႔ထုတ္ကို ေဘးနားက အမႈိက္ျခင္းေသးေသးေလးထဲကိုထည့္ၿပီးေနာက္ ျပန္ထြက္သြား၏။

အာဏာကစိတ္ထဲတြင္ ဒီCaseကိုနားလည္သေလာက္ရွိသြာၿပီ။

"ကြၽန္ေတာ္သူတို႔အခန္းထဲကိုခဏသြားၾကည့္လို႔ရမလား။ မၾကာပါဘူး"

အာဏာေမးလိုက္ေတာ့ ဦးေလးႀကီးကေခါင္းညိတ္ကာ ေဘးနားကေသာ့တြဲကိုယူၿပီး

"ရတယ္ လိုက္ပို႔ေပးမယ္ လာ"

"ေက်းဇူးပါ"

ထိုဦးေလးႀကီးေနာက္ကေန ေသဆံုးသူနားတဲ့အခန္းထဲကိုသြားလိုက္သည္။ အခန္းကိုေရာက္ဖို႔ ေတာ္ေတာ္ေတာ့လမ္းေလ်ာက္ရေသး၏။

ခဏေနေတာ့ အခန္းတစ္ခန္းေရွ႕ေရာက္သြား၏။

"ဒီအခန္း  အျပင္မွာေစာင့္ေနမယ္ ။ ဝင္ၾကည့္လိုက္ေလ"

"ဟုတ္ကဲ့"

သတိထားကအခန္းထဲဝင္ၾကည့္လိုက္သည္။ Cctvၾကည့္ထားတဲ့အတြက္ ေသဆံုးသူလႊတ္ပစ္လိုက္တဲ့  အမႈိက္ပုံုးကိုသြားၾကည့္လိုက္သည္

ကံေကာင္းတယ္ပဲဆိုရမလား။ အမႈိက္ျခင္းကမသြန္ရေသး။ ပံုးကသန္႔ရွင္းေနၿပီး အထဲကစကၠဴအခြံကိုေတြ႕လိုက္ရသည္။

အာဏာ လက္အိတ္ကိုထုတ္စြတ္ၿပီး ထိုစကၠဴကိုယူက ၾကည့္လိုက္သည္။ စကၠဴအိတ္ကိုနမ္းၾကည့္လိုက္ေတာ့ ေဆးနံ႔ကထြက္သည္။၊

ေသခ်ာတာကေတာ့ ဒါကအိပ္ေဆး။ ေသဆံုးသူအေလာင္းကိုစစ္ေဆးတာလဲ အိပ္ေဆးေသာက္ထားတယ္ဆိုတဲ့ေဆးစစ္ခ်က္။ အားလံုးကကကြက္တိ။

အာဏာက ျဖစ္ရပ္အကုန္လံုးကိုသေဘာေပါက္သြားသည္။

ထိုစကၠဴအိတ္ကိုအိတ္အၾကည္ေလးနဲ႔ထည့္ၿပီး အခန္ထဲကေန အျပင္ထြက္လာခဲ့သည္။

သူအျပင္ေရာက္ေတာ့ဦးေလးႀကီးကေစာင့္ေနဆဲ။

"ေက်းဇူးပါဦးေလး ကြၽန္ေတာ္ျပန္ေတာ့မယ္"

"ေအးေအး အဆင္ေျပတယ္မလား"

"ဟုတ္ကဲ့ ေျပပါတယ္"

အခန္းလိုက္ျပတဲ့ အေစာင့္ဦးေလးႀကီးကိုနႈတ္ဆက္ကာ အာဏာဌာနကိုျပန္လာခဲ့သည္။

ကားေမာင္းေနရင္း ဖုန္းကိုထုတ္ကာရွင္းခန္႔ဆီကိုဆက္လိုက္သည္။

"အာဏာ ေျပာ"

"ေ႐ႊလြန္းဆိုတဲ့အမ်ိဳးသမီးနဲ႔ ဘာမွမဆိုင္ဘူး "

"မင္းသိၿပီလား"

"အင္း အားလံုးသိၿပီ။  ခုကြၽန္ေတာ္ျပန္လာေနၿပီ"

"ok  ငါတို႔ေစာင့္ေနမယ္"

"အြန္း"

ဖုန္ခ်ၿပီး ကားကိုအရွိန္ျမႇင့္တင္ကာ ဌာနကိုအျမန္ဆံုးေမာင္းလာခဲ့သည္။
ျဖစ္ပ်က္သြားတဲ့  ဒီတစ္ေခါက္caseက အထူးအဆန္းႀကီး။

"အဟင္း!"

အသံထြက္ကာခပ္မဲ့မဲ့ျပံဳးရင္းေရ႐ြတ္မိေသးသည္။

"ေသတာနည္းေတာင္နည္းေသး"

#28.11.2020
==========================

Continue Reading

You'll Also Like

182K 9.1K 89
Boy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. ...
536K 63.2K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
392K 26.8K 47
ရိုးရွင္းေသာ အခ်စ္ ရိုးရွင္းေသာ အိမ္ေထာင္ေရးကိုသာ လိုခ်င္ေသာ ေကာင္ေလးတစ္ဦး ရိုးရှင်းသော အချစ် ရိုးရှင်းသော အိမ်ထောင်ရေးကိုသာ လိုချင်သော ကောင်လေးတစ...
133K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង