THE EYE

By Ginkgo_San

960K 122K 8.4K

FINALLY S2 21.9.2020 »» 29.12.2020 More

Part_1
Part_2
Part_3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️

Part_25

12.3K 1.6K 85
By Ginkgo_San

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
မင္းဆက္နဲ႔အာဏာ ကားေပၚကဆင္းၿပီး ၿခံထဲသို႔ဝင္ရန္လာၾကသည္။သူတို႔၂ေယာက္လာၾကေတာ့ ရဲေတြကဝင္ခြင့္ေပးသည္။ မင္းဆက္တို႔လဲ ၿခံထဲမွရဲမ်ားကိုျဖတ္ၿပီး အိမ္အတြင္းသို႔ဝင္လာခဲ့သည္။

မင္းဆက္တို႔အိမ္ထဲေရာက္ေတာ့အိမ္ရွင္ျဖစ္သူေဒၚပန္းဆီကငိုေနသည္။ ေဘးနားတြင္လည္း ရွင္းခန္႔တို႔ညီအကို၂ေယာက္ကရပ္ေနသည္။

ရွင္းခန္႔ကေမးသည္။

"ဒါဆိုရင္ ေသဆံုးသူကကိုယ့္ဘာသာသတ္ေသတယ္လို႔ေျပာခ်င္တာလား"

မင္းဆက္နဲ႔အာဏာကေတာ့ ေဘးနားကေနရပ္ကာ နားေထာင္ေနသည္။ အာဏာကလဲ အိမ္ကိုေဝ့ကာၾကည့္ေနသည္။

ထိုအခါ ေဒၚပန္းဆီကမ်က္ရည္ေတြသုတ္ကာ ငိုထား၍ တုန္ယင္ေနေသာအသံနွင့္ေျဖသည္။

"ကြၽန္မကမနက္စာစားဖို႔အတြက္ သြားေခၚတာ...ခါတိုင္းလဲ ဆူးေလးကိုကြၽန္မကမနက္စာျပင္ၿပီးရင္သြားေခၚေနၾကပါ....တစ္ခါေခၚရံုနဲ႔သူကထြက္လာတတ္တယ္... ဒီေန႔ကြၽန္မေခၚေတာ့ သူကထြက္မလာဘူး...ကြၽန္မလဲ စိတ္ထဲတမ်ိဳးျဖစ္လို႔ သြားၿပီးၾကည့္တာ...အထဲမွာ ဆူးေလးက အီးးးးဟီးးးး ႀကိဳးတြဲေလာင္းနဲ႔"

ေဒၚပန္းဆီကေျပာရင္းငိုသည္။မင္းဆက္တို႔လဲစိတ္မေကာင္းေပ။ငိုေႂကြးေနေသာ သူမကိုၾကည့္ကာသနားမိသည္။

ထို႔ေနာက္မင္းဆက္ကေျပာသည္။

"ေသဆံုးသူရဲ႕အေလာင္းကို ကြၽန္ေတာ္တို႔စစ္ေဆးဖို႔ယူသြားမယ္..ကိုယ့္ဘာသာသတ္ေသတယ္ပဲဆိုဆို တာဝန္အရကြၽန္ေတာ္တို႔စစ္ေဆးဖို႔ပါ"

မင္းဆက္ကရွင္းျပေတာ့ သူမကမ်က္ရည္ေတြကိုသုတ္ကာ ေခါင္းညိတ္သည္။

"ေကာင္းပါၿပီ .... ဆရာတို႔အဆင္ေျပသလိုလုပ္ပါ"

"သမီးေလး!! ငါ့သမီးး!"

ထိုစဥ္ အိမ္ထဲသို႔ဝင္လာေသာလူတစ္ေယာက္ေၾကာင့္ မင္းဆက္တို႔အနည္းငယ္လန႔္သြားသည္။ ထိုလူကအိမ္ထဲဝင္လာၿပီး မင္းဆက္တို႔ကိုျမင္ေတာ့ အံ့ၾသသြားသည္။ထို႔ေနာက္ ေဒၚပန္းဆီ ဆီသို႔သြားၿပီးငိုသည္။

"မိန္းမ .... ငါ့သမီးေလးေရာ...ငါ့သမီးေရာလို႔...."

မ်က္ရည္မ်ားက်ကာေမးေနေသာ ထိုလူကိုၾကည့္ၿပီးေဒၚပန္းဆီကငိုကာေျပာသည္။

"သမီးေလး.. ဆူးေလးမရွိေတာ့ဘူးေယာက်ာ္း...ဆူးေလး ဆံုးသြားၿပီ"

ခံုေပၚသို႔အရုပ္ႀကိဳးပ်က္ ထိုင္ခ်လိုက္ေသာလူေၾကာင့္ မင္းဆက္စိတ္မေကာင္းျဖစ္ရသည္။ အေျခအေနအရ ဒီလူသည္ ေသဆံုးသူ၏ ဖခင္ျဖစ္ေၾကာင္းနားလည္လိုက္သည္။

ေဒၚပန္းဆီကလဲ ငိုၿပီးေတာ့ဆက္ေျပာသည္။

"ကြၽန္မအမွားေတြပါ..... ကြၽန္မသူ႔ကိုေစာင့္ၾကည့္ေနရမွာ.... အီးးးဟီးးး"

ေသဆံုးသူဖခင္ကေတာ့ မ်က္ရည္မ်ားက်ၿပီးဘာမွမေျပာနိုင္ေတာ့ေပ။သမီးျဖစ္သူအားဆံုးရွံုးလိုက္ရသည့္အတြက္မည္မ်ွခံစားရမည္ျဖစ္ေၾကာင္သူတို႔နားလည္ပါသည္။

ထို႔ေနာက္ ေသဆံုးသူ၏ အေလာင္းကိုစစ္ေဆးရန္အတြက္သယ္ေဆာင္သြားၿပီး ေမးျမန္းရန္အတြက္ ေသဆံုး၏ မိသားစုဝင္၂ေယာက္အား စခန္းသို႔ေခၚခဲ့ၾကသည္။

ေအာင္ခန္႔က အခန္းအျပင္တြင္ရပ္ေနၿပီးေျပာသည္။

"ကြၽန္ေတာ္ေမးလိုက္မယ္"

ေအာင္ခန္႔ေျပာေတာ့ ရွင္းခန္႔ကေခါင္းညိတ္သည္။

"တစ္ေယာက္ျခင္းဆီေမးလိုက္... မင္းနဲ႔စိုင္းေအာင္က"

"အင္း ေကာင္းၿပီ... ငါအထက္ကိုအေၾကာင္းၾကားလိုက္ဦးမယ္"

"ေကာင္းၿပီ ... သြားေလ"

"အင္း"

ရွင္းခန္႔လဲ ေျပာၿပီထြက္လာခဲ့သည္။ အျပင္ေရာက္ေတာ့ အာဏာတို႔၂ေယာက္နွင့္ေတြ႕ေတာ့ မင္းဆက္ကေမးသည္။

"ဘယ္လိုလုပ္လိုက္လဲ"

ရွင္းခန္႔ကေျဖ၏။

"ေအာင္ခန္႔နဲ႔စိုင္းေအာင္ကိုတစ္ေယာက္ခ်င္းစစ္ေမးခိုင္းထားတယ္... ငါကေတာ့အထက္ကိုအေၾကာင္းၾကားမလို႔"

ရွင္းခန္႔ေျဖေတာ့ မင္းဆက္ကေခါင္းညိတ္သည္။

"ေကာင္းၿပီ....ငါတို႔၂ေယာက္ကအေလာင္းစစ္ေဆးခ်က္ကိုသြားေစာင့္ေနလိုက္မယ္"

"သြားေစာင့္မလို႔လား...ႀကိဳးဆြဲခ်ေတာ့ လည္ပင္းရိုးတစ္ခုခုျဖစ္သြားရံုေလာက္ပဲလို႔ထင္တယ္"

ရွင္းခန္႔းကေတြးေတာကာေျပာသည္။ ထို႔အခါ မင္းဆက္ကရယ္ၿပီး ရွင္းခန္႔ပခံုးကိုပုတ္လိုက္သည္။

"တျခားထူးဆန္းတာလဲ ျဖစ္နိုင္ေသးတယ္ေလ"

မင္းဆက္ကမ်က္လံုးတစ္ဖက္မွိတ္ကေျဖေတာ့ ရွင္းခန္႔ကရယ္သည္။ပခံုးေပၚကမင္းဆက္ရဲ႕လက္ကိုဖယ္ခ်လိုက္သည္။

"ထူးဆန္းတာကေတာ့ မင္းညီပဲ... ဟိုမွာၾကည့္ဦး"

ရွင္းခန္႔ကေမးဆတ္ျပေတာ့ မင္းဆက္လဲလွည့္ၾကည့္လိုက္သည္။ကားကိုမွွီကာလက္ပိုက္ေနေသာ အာဏာကိုျမင္လိုက္ရသည္။ ကုတ္ထားေသာမ်က္ခံုးေၾကာင့္ မင္းဆက္ၿပံဳးျပလိုက္သည္။

သာမာန္ထက္အနည္းငယ္ေတာက္ပေနေသာ မ်က္လံုးေၾကာင့္မင္းဆက္တစ္မ်ိဳးျဖစ္သြားသည္။သို႔ေသာ္စိတ္ထင္သည္ဟုသာမွတ္လိုက္သည္။

"ကဲ သြားေတာ့...ငါလဲသြားေတာ့မယ္"

"ေကာင္းၿပီ "

ထို႔ေနာက္ ရွင္းခန္႔လဲကားျဖင့္ထြက္သြားသည္။ ရွင္းခန္႔ထြက္သြားေတာ့ မင္းဆက္လဲ အာဏာရွိရာ ကားနားသို႔လာၿပီးဆိုသည္။

"သြားၾကမယ္ "

"အြန္း"

အာဏာကတစ္လံုးသာေျဖၿပီး ကားေပၚတတ္လိုက္သည္။ မင္းဆက္လဲ ကားေပၚတတ္ကာ ထိုင္လိုက္သည္။ထို႔ေနာက္ ၂ေယာက္သား အေလာင္းစစ္ေဆးေနေသာေနရာသို႔ထြက္လာခဲ့ၾကသည္။

မင္းဆက္ ထိုင္ေနရင္းဖုန္းကိုထုတ္ကာဆက္လိုက္သည္။

"ေဂ်ာင္ဝူး"

"ဟုတ္... ေျပာေလ"

"ေသဆံုးသူ ဆူးခတ္ရဲ႕အေၾကာင္းကိုစံုစမ္းထားေပး....သူ႔ရဲ႕အေၾကာင္းအားလံုးပဲ"

"ဟုတ္ကဲ့... ကြၽန္ေတာ္စံုစမ္းထားလိုက္မယ္"

"ok"

မင္းဆက္ဖုန္းခ်လိုက္ၿပီး ေရွ႕သို႔သာၾကည့္ေမလိုက္သည္။အာဏာကေတာ့ ေအးေအးေဆးေဆးကားေမာင္းေနသည္။မင္းဆက္တိတ္ဆိတ္ေနေသာအာဏာေၾကာင့္ ေခါင္းကိုေစာင္းငဲ့ကာၾကည့္လိုက္သည္။

အရင္ကဆို စကားစ၍ ေျပာတတ္ေသာအာဏာကခုလိုတိတ္ဆိတ္ေနေသာေၾကာင့္ မင္းဆက္မသိမသာေလးေစာင္းၾကည့္ရင္းေခၚလိုက္သည္။

"အာဏာ"

"___"

ျပန္မေျဖ ။ မင္းဆက္ေသခ်ာၾကည့္ေတာ့ အာဏာကေရွ႕ကိုသာၾကည့္ၿပီးကားေမာင္းေနသည္။

"အာဏာ"

"ေျပာေလ ကိုကို"

မင္းဆက္ထပ္ေခၚလိုက္ေသာအခါအာဏာကလွည့္မၾကည့္ဘဲနွင့္ေျဖသည္။မင္းဆက္သူ႔ကိုအေရးမစိုက္သလိုလုပ္ေနသာအာဏာေၾကာင့္ စိတ္ဘဝင္မက်ျဖစ္သြားသည္။

မင္းဆက္လဲ ဘဝင္မက်သည့္စိတ္ကိုဖယ္ထားလိုက္ၿပီး ေမးလိုက္သည္။

"မင္းဒီကိစၥကိုဘယ္လိုထင္လဲ"

မင္းဆက္ေမးေသာအခါ အာဏာကလွည့္ၾကည့္လာသည္။ထို႔ေနာက္ခ်က္ခ်င္းျပန္လွည့္သြားသည္။

"သာမာန္အမႈပဲေလ... ေကာင္မေလးကသူ႔အေၾကာင္းနဲ႔သူတစ္ခုခုျဖစ္လို႔ ကိုယ့္ဘာသာသတ္ေသတယ္လို႔ထင္တယ္"

အာဏာေျပာေသာအခါ မင္းဆက္ကသက္ျပင္းခ်လိုက္ၿပီးေျပာလိုက္သည္။

"အဲ့လိုလို႔မင္းထင္တယ္ေပါ့"

"အင္း"

"တျခားေရာမထင္ဘူးလား"

"ဘာကိုလဲ"

မင္းဆက္က ေမးသည္ကိုအာဏာကနားမလည္သလိုေမးသည္။

"တျခားလူသတ္သြားတယ္လို႔ေရာမထင္ဘူးလား"

မင္းဆက္ကထပ္ေမးသည္။ အာဏာက ပခံုးတြန္႔ျပၿပီးေျဖသည္။

"မသိဘူးေလ... ကိုကိုေျပာသလိုျဖစ္ခ်င္လဲျဖစ္မွာေပါ့"

ထို႔ေနာက္ ကားကိုေတြ႕ဝင္လိုက္ၿပီးရပ္လိုက္သည္။ အာဏာက မင္းဆက္ကိုမၾကည့္ဘဲ ခါးပတ္ကိုျဖဳတ္ၿပီးဆို၏။

"ေရာက္ၿပီ... ဆင္းေတာ့"

အေလာင္းစစ္ေဆးေသာေနရာသို႔ေရာက္လာေသာေၾကာင့္ အာဏာကေျပာသည္။မင္းဆက္သူ႔ကို အေရးမစိုက္သလိုလုပ္ေနေသာအာဏာေၾကာင့္ စိတ္အနည္းငယ္တိုသြားသည္။ အရင္ကဆို ႔ကိုအၿမဲစကားေျပာၿပီး တရင္းတနွီးေနေနက်ျဖစ္ေပမဲ့ခုအခ်ိန္တြင္သူတို႔၂ေယာက္သည္ ေမးထူးေခၚေျပာအဆင့္သာသာျဖစ္ေန၍၊မင္းဆက္သေဘာမက်ျဖစ္လာသည္။

ကားေပၚကဆင္းရန္ျပင္ေနေသာ အာဏာေၾကာင့္ မင္းဆက္ နႈတ္ခမ္းကိုဖိကိုက္လိုက္ၿပီး ခါးကခါးပတ္ကိုအျမန္ျဖဳတ္ၿပီး အာဏာကိုအျမန္ဆြဲထားလိုက္သည္။

အာဏာက ကားေပၚကဆင္းရန္တံခါးဖြင့္ကာခါနီး ရုတ္တရက္လွမ္းဆြဲလိုက္ေသာ မင္းဆက္ေၾကာင့္ လန္႔ၿပီးေနာက္ကိုလန္က်မလိုျဖစ္သြားသည္။

အမွတ္တမဲ့ေနာက္ကိုလွည့္အၾကည့္ နီးကပ္ေနေသာမ်က္နွာေၾကာင့္ အာဏာမွင္သက္သြာရသည္။ ၃လက္မသာကြာေဝးသာ မ်က္နွာ၂ခုအၾကား အသက္ရွဴရာမွထြက္ေပၚလာေသာေလေႏြးေႏြးမ်ားသည္ တစ္ေယာက္မ်က္နွာတစ္ေယာက္ရိုက္ခတ္ေနသည္။

မင္းဆက္ သူ႔ေရွ႕ကျပာလဲ့လဲ့မ်က္လံုးေလးကိုၾကည့္ေနမိသည္။အရင္ကဆိုဒီမ်က္လံုးေလးက သူ႔အတြက္သိပ္မထူဆန္းေပ။Daddyမွာေရာ အာဏာမွာေရာဒီလိုမ်က္လံုးေလးေတြရွိသည့္အတြက္ သူအတြက္မထူးဆန္း။

သို႔ေသာ္ အခုသူ႔ေရွ႕ကမ်က္ဝန္းျပာျပာေလးဟာ တလဲ့လဲ့ေတာက္ပေနသည္။တန္ဖိုးႀကီးလွေသာစိန္လိုမ်ိဳး တလဲလဲ့ေတာက္ပေနသည္မွာ သိပ္ကိုလွပသည္။

မင္းဆက္ ထိုမ်က္လံုးေလးမ်ားကိုၾကည့္ေနရင္း အနားသို႔တိုးကပ္သြားသည္။ ၃လက္မ သာျခားေနေသာသူတို႔၂ေယာက္၏ မ်က္နွာ၂ခုသည္ အခုဆိုအလြန္မွနီးကပ္သြားၿပီျဖစ္သည္။

အာဏာ သူ႔ေရွ႕တြင္အလြန္နီးကပ္ေနေသာ မ်က္နွာေလးေၾကာင့္ အသက္ေအာင့္ထားရသည္။သူ႔ပခံုးေပၚတြင္လက္တင္ထားေသာ မင္းဆက္လက္ကိုလဲသူဖယ္မခ်နိုင္။ ေက်ာက္ရုပ္ပမာ ၿငိမ္ေနရသည္။

တျဖည္းျဖည္းနီးကပ္လာေသာမင္းဆက္၏ မ်က္နွာေၾကာင့္ အာဏာ မ်က္လံုးကိုမွိတ္လိုက္မိသည္။

ႏူးၫံေသာ အရာေလးသည္ မ်က္ခြံေပၚသို႔က်ေရာက္လာ၍အာဏာနွလံုးခုန္သံေတြျမန္လာသည္။ႏူးညံေသာအရာေလးက ျပန္လည္ထြက္ခြာသြားမွ သူမ်က္လံုးဖြင့္ႏုိင္သည္။

"သေဘာက်တယ္....အဲ့မ်က္လံုးေလးေတြကို"

မင္းဆက္ကေျပာရင္းနွင့္ အစြယ္ေလးေပၚေအာင္ရယ္ျပသည္။ဘာျဖစ္မွန္းမသိ သူ၏ပါးႏွစ္ဖက္ပူလာသလိုခံစားလိုက္သည္။

အစြယ္ခြၽန္ခြၽန္ေလးေပၚေအာင္ရယ္ေနေသာမင္းဆက္ကို အာဏာေငးေနမိသည္။ထို႔ေနာက္ မင္းဆက္ကကိုယ္ကိုေနရာတက်ျပန္ေနလိုက္ၿပီးတည္ၿငိမ္စြာပင္ဆိုသည္။

"သြားရေအာင္ "

ေျပာၿပီကားေပၚကဆင္းသြားေသာမင္းဆက္ကိုအာဏာၾကည့္ေနမိသည္။ထို႔ေနာက္ အာဏာလဲအသက္ဝဝရွဴၿပီးကားေပၚကဆင္းလာခဲ့သည္။

၂ေယာက္သား အေလာင္းရွိရာသို႔သြားလိုက္သည္။ မင္းဆက္တို႔လာေတာ့ ေကာင္မေလးတစ္ေယာက္ကထြက္လာသည္။

"ဆရာ ဘာကိစၥရွိလို႔လဲရွင့္"

"လီလီရွိလား"

မင္းဆက္ေမးေသာအခါ ေကာင္မေလးကေခါင္းငံု႔ကာေျဖသည္။

"ဟုတ္ကဲ့... ေဒါက္တာရွိပါတယ္"

ေကာင္မေလးေျဖေတာ့ မင္းဆက္ကေခါင္းညိတ္ျပၿပီး။

"သြားေတြ႕လိုက္ဦးမယ္"

"ဟုတ္ကဲ့"

ထို႔ေနာက္အာဏာလဲ မင္းဆက္၏ အေနာက္မွလိုက္လာခဲ့သည္။ မင္းဆက္ေျပာေသာ လီလီဆိုေသာလူကိုအာဏာလဲမသိ၍ ၿငိမ္၍သာလိုက္လာခဲ့သည္။

အေဆာက္အအံုတစ္ခုလံုးတိတ္ဆိတ္ေန၍ အနည္းငယ္ေတာ့ေျခာက္ျခားစရာေကာင္းသည္။လူေသအေလာင္းမ်ားစစ္ေဆးေသာေနရာျဖစ္၍ ေျခာက္ျခားစရာေကာင္းသည္မွာမလြန္လွေပ။

မင္းဆက္သြားရင္းနွင့္ အခန္းတစ္ခန္းေရာက္ေတာ့ ရပ္လိုက္ၿပီး တံခါးဖြင့္ကာဝင္လိုက္သည္။အာဏာလဲ ေနာက္ကေနလိုက္၍ဝင္လိုက္သည္။

"လီလီ"

အခန္းထဲတြင္ဘယ္သူမွမရွိ။ အာဏာကေတာ့ အခန္းကိုလွည့္ပတ္ၾကည့္ေနသည္။မီးထိန္ထိန္လင္းေနၿပီး ေအးစိမ့္စိမ့္နွင့္ေနရသည္မွာ အနည္းငယ္ထူးဆန္းသည္။

"မင္းဆက္"

ေနာက္ကေနအသံၾကားရ၍ မင္းဆက္လွည္ၾကည့္လိုက္သည္။အာဏာလဲ အသံလာရာကိုၾကည့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ေယာက္။ အသက္အ႐ြယ္အားျဖင့္၄၀ေက်ာ္ေလာက္ဟုသူထင္လိုက္သည္။အနက္ေရာင္ေဘာင္းဘီအရွည္ကို အျဖဴေရာင္အက်ီၤနွင့္တြဲဖတ္ဝတ္ဆင္ထားၿပီးခပ္ရဲရဲနႈတ္ခမ္းနီနွင့္သူမက ေခတ္မွီလွေသာအမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။ ပိန္ပါးေသာကိုယ္ေၾကာင့္ သူမ၏ပံုစံဟာစမတ္က်လွသည္။

သူမက မင္းဆက္ရွိရာသို႔ေလ်ာက္လာသည္။

"ဘာလို႔လဲမင္းဆက္ ...ခုလိုေရာက္လာပံုအရ ကိစၥတစ္ခုခုရွိပံုပဲ"

သူမကေမးေတာ့ မင္းဆက္ကရယ္သည္။

"ဟုတ္တယ္ လီလီ...ကိစၥရွိလို႔"

မင္းဆက္ေျဖေတာ့ သူမကေခါင္းညိတ္သည္။ ထို႔ေနာက္ေဘးကအာဏာကိုၾကည့္ၿပီးေတာ့ မင္းဆက္ကိုေမးလိုက္သည္။

"ညီေလးလား"

"ဟုတ္တယ္...ညီေလး"

"အေခ်ာေလးပဲ"

အာဏာကေတာ့ ခပ္တည္တည္သာေနသည္။ထို႔ေနာက္လီလီကေမး၏။

"ကိစၥရွိတယ္ဆိုေျပာေလ"

မင္းဆက္ေျပာလိုက္သည္။

" အေလာင္းတစ္ေလာင္းကိုစစ္ေဆးေပးဖို႔ပါ"

"အာ ဒါကတို႔တာဝန္ပဲေလ...အထူးအဆန္းက်လို႔.... ေသဆံုးသူကဘယ္သူလဲ"

"ဆူးခတ္"

မင္းဆက္ကေျပာေတာ့ သူမရယ္ေနရာမွရပ္သြားသည္။ထို႔ေနာက္ သူမက စားပြဲေပၚမွဖိုင္တစ္ခုကိုယူၿပီးၾကည့္လိုက္သည္။ထို႔ေနာက္ နားထင္ကိုရလက္နွင့္ေထာက္လိုက္ၿပီးခပ္ေတြေတြေလးေျပာသည္။

"မနက္ကေရာက္လာတဲ့ေသဆံုးသူထင္တယ္"

"ဟုတ္တယ္... သူပဲ"

"အဲ့တာကတို႔အပိုင္းမဟုတ္ဘူးေလ...ေဒါက္တာဟန္နီလင္းရဲ႕တာဝန္...ၿပီးေတာ့ စစ္ေဆးၿပီးသားမဟုတ္လား...လည္ပင္းရိုးက်ိဳးသြားတာတဲ့ ...ႀကိဳးဆြဲခ်ေသတာမို႔လား"

မင္းဆက္အေလးအနက္ေျပာလိုက္သည္။

"ကူညီပါလီလီ ...လီလီအတြက္ဒါကမခက္ခဲပါဘူး ....ဟုတ္တယ္မလား"

မင္းဆက္ေျပာေသာအခါ သူမကရယ္သည္။ထို႔ေနာက္ ၂ေယာက္စလံုးကိုၾကည့္လိုက္ၿပီးသူမကၿပံဳး၍ဆိုသည္။

"ေနာက္ကလိုက္ခဲ့ "

====================

ေအာင္ခန္႔ သူေရွ႕တြင္မ်က္ရည္က်ေနၿပီးထိုင္ေနေသာ ေဒၚပန္းဆီကိုၾကည့္ကာ သက္ျပင္းခ်လိုက္သည္။

"ကြၽန္ေတာ္ေမးလို႔ရၿပီလား"

သူေမးေတာ့ ေဒၚပန္းဆီကေခါင္းညိတ္သည္။

"ေကာင္းၿပီ... ကြၽန္ေတာ္စၿပီးေမးမယ္... အမွန္တိုင္းေျဖေပးပါ"

"ဟုတ္ကဲ့ပါ"

ငိုထား၍ ခက္အက္အက္အသံနွင့္ေဒၚပန္းဆီကဆိုသည္။

ေအာင္ခန္႔ကစ၍ေမးသည္။

"မဆူးခတ္က မေသဆံုးခင္ညမွာဘာေတြလုပ္ခဲ့လဲ"

ေဒၚပန္းဆီကေျဖသည္။

"ဆူးေလးက မေန႔ညကအျပင္ထြက္ဦးမယ္လို႔ေျပာတယ္.... ညေရာက္ေနေတာ့ ကြၽန္မလဲ မသြားဖို႔ေျပာေသးတယ္.... ဒါမဲ့သူက ခဏေလးပါဆိုလို႔ကြၽန္မခြင့္ျပဳလိုက္တယ္...သူျပန္လာတဲ့အထိေစာင့္ေနလိုက္တယ္"

ေအာင္ခန္႔ထပ္ေမးလိုက္သည္။

"ဘယ္အခ်ိန္ကသြားၿပီး ဘယ္အခ်ိန္ျပန္ေရာက္လဲ"

သူမကေျဖသည္။

"သြားတာကည၉နာရီပါ... ျပန္ေရာက္တာက၉နာခြဲေလာက္နာရီဝက္ပဲၾကာၿပီးျပန္လာတယ္"

"ဘယ္သူနဲ႔သြားေတြ႕မယ္လို႔ေျပာေသးလား"

ေအာင္ခန္႔ေမးေသာအခါ ေဒၚပန္းဆီကေခါင္းညိတ္သည္။

"ဟုတ္ကဲ့...  ေျပာတယ္သူ႔သူငယ္ခ်င္းနဲ႔ခဏသြားေတြ႕မယ္လို႔ေျပာတယ္"

"သူျပန္လာေတာ့ ထူးျခားတာေတြ႕ရလား"

ေအာင္ခန္႔ေမးေသာအခါ ေဒၚပန္းဆီကစဥ္းစားသလိုလုပ္ၿပီးေခါင္းညိတ္၏။

"အဲ့ဒီသူငယ္ခ်င္းကိုသိလား"

"ဟုတ္ကဲ့ .. နိုင္းပါ နာမည္က.... ဆူးေလးကေျပာသြားတာ နိုင္းနဲ႔ေတြ႕မလို႔တဲ့"

"ေကာင္းၿပီ ... ေနာက္ထပ္ေမးမယ္...မဆူးခတ္က ေဒၚပန္းဆီရဲ႕ေယာက်ာ္းကပါလာတဲ့သမီးေနာ္ "

"ဟုတ္ပါတယ္ရွင့္... ဆူးေလးကကြၽန္မရဲ႕သမီးအရင္းမဟုတ္ပါဘူး....အမ်ိဳးသားကပါလာတဲ့သမီးပါ"

"မဆူးခတ္နဲ႔အဆင္ျပလား... ေျပာခ်င္တာက တစ္ေယာက္နဲ႔တစ္ေယာက္ျပႆနာေတြရွိခဲ့လား"

ေအာင္ခန္႔ေမးေသာအခါ သူမကေခါင္းခါသည္။

"ဆူေလးက လင္ပါသမီးဆိုေပမဲ့ ကြၽန္မသမီးအရင္မးလိုပါပဲ....ကေလးမရနိုင္တဲ့အတြက္ ကြၽန္မကဆူေလးကိုသမီးအရင္းေလးလိုေစာင့္ေရွာက္ခဲ့တာပါ...ပတ္ဝန္းက်င္ကေတာင္သိပါတယ္... ဆူးေလးနဲ႔တစ္ခါမွျပႆနာမတတ္ဖူးပါဘူး"

သူမကမ်က္ရည္ေတြက်ကာ ေျပာသည္။

ထို႔ေနာက္ေအာင္ခန္႔ေခါင္းညိတ္ကာေျပာလိုက္ူည္။

"ေကာင္းၿပီ ... ေဒၚပန္းဆီတို႔အတြက္  ဒီေန႔တစ္ရက္ေတာ့ ကြၽန္ေတာ္တို႔စီစဥ္ေပးတဲ့ေနရာမွ ခဏေနေစခ်င္ပါတယ္....မဆူးခတ္ကဘာေၾကာင့္ ကိုယ့္ဘာသာသတ္ေသရသလဲဆိုတာကိုသိေအာင္လုပ္ဖို႔အတြက္ပါ"

သူေျပာေတာ့ ေဒၚပန္းဆီကေခါင္းညိတ္လက္ခံသည္။

"ဟုတ္ကဲ့... အဆင္ေျပတာသာလုပ္ေပးပါရွင္"

"ေကာင္းၿပီ"

=======================

တစ္ဖက္တြင္လည္း  စိုင္းေအာင္ကဆူးခတ္၏ ဖခင္ကိုေမးေနသည္။ ၂ေယာက္စလံုးအား တၿပိဳင္ထဲေမးေနျခင္းျဖစ္သည္။ အေျဖမ်ားကိုတူမတူစစ္ေဆးရန္အတြက္ပင္။

"ဒါဆို ဦးေလးကခရီးသြားေနတာေပါ့"

"ဟုတ္ပါတယ္ .... ကြၽန္ေတာ္ကအလုပ္ကိစၥနဲ႔ခရီးသြားေနတာ ၁ပတ္ေလာကိရွိပါၿပီ"

"ေဒၚပန္းဆီနဲ႔ သမီးျဖစ္သူဆူးခတ္ကဆက္ဆံေရးေကာင္းလားဗ် "

"ေကာင္းပါတယ္...သူတို႔၂ေယာက္ကမသိရင္သားအမိအရင္းေတြလို႔ေတာင္ထင္ရပါတယ္.... ျပႆနာလဲတစ္စံုတစ္ခုမွမျဖစ္ဖူးဘူး"

ခရီးသြားေနတာ၁ပတ္ရွိေနေသာေၾကာင့္ ေသဆံုးသူဖခင္ကို ေမးခြန္းေမးရန္နည္းသြားခဲ့သည္။

"ေကာင္းၿပီ... ေလာေလာဆယ္ကြၽန္ေတာ္တို႔စီစဥ္ေပးတာကိုလက္ခံေပးပါ"

"ဟုတ္ကဲ့ပါ"

စိုင္းေအာင္အခန္းထဲကေန ဖိုင္ကိုယူကာထြက္လာေတာ့ အျပင္မွာေအာင္ခန္႔ကေစာင့္ေနသည္။

"အဆင္ေျပလား"

ေအာင္ခန္႔ေမးေတာ့ စိုင္းေအာင္ကေခါင္းညိတ္ျပ၏။

"အင္း... ေျပတယ္"

ထိုစဥ္ ဖုန္းလာ၍ ေအာင္ခန္႔ၾကည့္လိုက္ေသာအခါ ရွင္းခန္႔ျဖစ္ေနသည္။

"ဘာလို႔လဲ"

"မင္းတို႔ ရဲမွဴးကိုသြားျပလိုက္ေတာ့... ငါဒီမွကိစၥရွိလို႔ မင္းတို႔၂ေယာက္သြားလိုက္"

ရွင္းခန္႔ကေျပာေတာ့ ေအာင္ခန္႔ကစို္င္းေအာက္ကိုၾကည့္လိုက္ၿပီးေျပာသည္။

"ဟုတ္ကဲ့... ကြၽန္ေတာ္တို႔သြားလိုက္မယ္"

"ေအး "

ဖုန္းခ်ၿပီးေတာ့ ေအာင္ခန္႔ကဖုန္းကိုေဘာင္းဘီအိတ္ထဲသို႔ျပန္ထည့္လိုက္သည္။

"ငါတို႔႔ပဲသြားရမယ္ထင္တယ္ "

"အဲ့တာဆိုလဲသြားၾကတာေပါ့"

ထို႔ေနာက္၂ေယာက္သား ကားျဖင့္အစီအရင္ခံျပရန္ထြက္လာခဲ့ၾကသည္။

===================

စာပြဲေရွ႕တြင္၂ေယာက္သား ရပ္ေနၿပီး ရဲမွဴးကအစီအရင္ခံစာကိုဖတ္ေနသည္။

ထို႔ေနာက္ သူတို႔၂ေယာက္ကိုၾကည့္ၿပီးဆိုသည္။

"ဒီတိုင္းဆို ေသဆံုးသူကကိုယ့္ဘာသာသတ္ေသတယ္လို႔မွတ္ယူလို႔ရတယ္...ကိုယ့္ဘာသာဆြဲႀကိဳးခ်ေသတာေတြကခုအရမ္းမ်ားေနတာပဲ...ဘာပဲေျပာေျပာ မဆူးခတ္ကလဲ ဒီလူေတြထဲကတစ္ေယာက္ျဖစ္သြားတာပဲ...ျပီးေတာ့ အေလာင္းစစ္ေဆးခ်က္က လည္ပင္းရိုးႀကိဳးသြားတာ... အဲ့တာေၾကာင့္ ကိုယ္ဘာသာသတ္ေသတာက ရာနႈန္းျပည့္ေသခ်ာေနတယ္"

ထို႔ေနာက္ ရဲမွဴးႀကီးက မ်က္မွန္ကိုပင့္တင္ၿပီး။

"ေသဆံုးသူကမိေထြးရွိတယ္ေနာ္"

"ဟုတ္ပါတယ္"

"ေသဆံုးသူရဲ႕ ဖခင္ကိုဆက္သြယ္ေပး"

ရဲမွဴးႀကီးေျပာေသာအခါ ေအာင္ခန္႔ကဖုန္းကိုထုတ္ၿပီး စခန္းကိုဖုန္းဆက္လိုက္သည္။

"မဆူးခတ္ရဲ႕ဖခင္ကိုစကားေျပာခ်င္တယ္... ဖုန္းေပးလိုက္ပါ"

ထို႔ေနာက္ တစ္ဖက္ကေသဆံုးသူဖခင္အသံေၾကာင့္ ေအာင္ခန္႔သူ႔ရဲ႕ဖုန္းကိုယူၿပီး ရဲမွဴးႀကီးကိုေပးလိုက္သည္။

"ဟယ္လို ... ကြၽန္ေတာ္ကရဲမွဴးဦးဟန္သြင္ပါ "

ထို႔ေနာက္အနည္းငယ္ၾကာေအာင္စကားေျပာၿပီးေသာအခါ ဖုန္းကိုခ်လိုက္ၿပီး ေအာင္ခန႔္ကိုျပန္ေပးလိုက္သည္။ထို႔ေနာက္ မ်က္နွာကိုခြၽတ္လိုက္ၿပီး ၾကည့္လက္စ ဖိုင္ကိုပိတ္လိုက္သည္။ထို႔ေနာက္ ရဲမွဴးကေျပာသည္။

"ေသဆံုးသူမဆူးခတ္ရဲ႕အမႈကို ေသဆံုးသူရဲ႕မိသားစုဝင္ေတြရဲ႕ဆႏၵအရေရာ၊ အေလာင္းစစ္ေဆးခ်က္အရလူေသမႈအျဖစ္သတ္မွတ္ၿပီး အမႈပိတ္လိုက္ၿပီ"

၂ေယာက္စလံုးအံ့ၾသသြားသည္။

"ဗ်ာ!!"

ရဲမွဴးႀကီးကဆက္ေျပာသည္။

"ေသဆံုးသူရဲ႕ဖခင္အဆႏၵအရျဖစ္တဲ့အတြက္ မဆူးခတ္ရဲ႕အမႈကိုဆက္ၿပီးစံုစမ္းစရာမလိုေတာ့ဘူး"

=================

မင္းဆက္ သူေရွ႕ကသြားေနေသာ လီလီ၏ေနာက္မွလိုက္လာခဲ့သည္။ အခန္တစ္ခန္းေရွ႕ေရာက္ေတာ့ သူမကရပ္သြားသည္။ထိုစဥ္ ေကာင္မေလးတစ္ေယာက္ကေရာက္လာသည္။

"ေဒါက္တာ  ဘာလုပ္မလို႔လဲ"

သူမေမးေတာ့ လီလီကၿပံဳးၿပီးဆိုသည္။

"စစ္ေဆးမလို႔... တံခါးဖြင့္လိုက္"

"ဒါကေဒါက္တာရဲ႕အပိုင္းနဲ႔မဆိုင္ဘူးေလ"

ထိုစဥ္ မင္းဆက္ကဝင္ေျပာသည္။

"ကြၽန္ေတာ္တို႔စစ္ေဆးခိုင္းတာ... အဲ့တာဆိုရတယ္မလား"

မင္းဆက္က blue moonတံဆိပ္ပါေသာ ကပ္ျပားကိုထုတ္ျပေသာအခါ ေကာင္မေလးကစကားရပ္သြားကာ တံခါးဖြင့္ေပးသည္။Blue Moonသည္ တစ္နိုင္ငံလံုးအသိအမွတ္ျပဳအဖြဲ႕ျဖစ္၍ ေတာ္ရံုမဆန္႔က်င္ရဲေပ။

ေကာင္္မေလးက တံခါးဖြင့္ေပးေသာအခါ လီလီကၿပံဳးလိုက္ၿပီး ၃ေယာက္သားအထဲသို႔ဝင္လာခဲ့သည္။

မင္းဆက္ေရွ႕တြင္ရွိေသာ အေလာင္းကိုၾကည့္ေနမိသည္။လည္ပင္းတြင္အနည္းငယ္ညိဳမဲေနေသာ ဒဏ္ရာႀကီးနွင့္ေသဆံုးေနေသာ ဆူးခတ္ကိုၾကည့္ေနမိသည္။

လီလီကေတာ့ လက္အိတ္စြပ္ကာ ေသဆံုးသူ၏ လည္ပင္းကိုၾကည့္ေနသည္။လီလီက ေသေသခ်ာခ်ာၾကည့္ေနရင္း  အာဏာကလဲ ေဘးနာကေနအေလာင္းကိုၾကည့္ေနသည္။

ရုတ္တရက္ လီလီကနားမလည္သလိုနွင့္ လည္ပင္းကိုၾကည့္ေနေသာေၾကာင့္ မင္းဆက္အနားသြားကာေမးလိုက္သည္။

"ဘာလို႔လဲ"

သူမ မေျဖဘဲ ဆက္ၿပီးစစ္ေဆးသည္။ လက္ကိုကိုင္ကာစမ္းသပ္ၿပီး ေသဆံုးသူ၏ နွာေခါင္းကိုလဲေသခ်ာစမ္းသပ္သည္။

ထိုစဥ္ လီလီကေျပာသည္။

"လည္ပင္းရိုးမက်ိဳးဘူးမင္းဆက္"

"ဟမ္!"

မင္းဆက္ေရာအာဏာေရာအံ့ၾသကာအနားေရာက္သြားသည္။ သူမက လည္ပင္းကိုေသခ်ာျပၿပီးဆိုသည္။

"ဆြဲႀကိဳးခ်ေသတယ္ဆိုရင္ လည္ပင္းရိုးက်ိဳးတာမ်ားတယ္...သူကမက်ိဳးဘူး.... အသက္ရွဴလမ္းေၾကာင္းရပ္သြားတာျဖစ္ဖို႔မ်ားတယ္... ေသခ်ာေအာင္စစ္ၾကည့္မွရမယ္"

"ေကာင္းၿပီ"

လီလီလဲ တစ္ေယာက္ထဲနွင့္ အေလာင္းကိုအားလံုးစစ္ေဆးလိုက္သည္။နာရီအနည္းငယ္ၾကာသည့္အခါ သူမကစာ႐ြက္တစ္႐ြက္ကိုကိုင္ကာ မင္းဆက္ကိုျပသည္။

"ႀကိဳးဆြဲခ်ေသတဲ့လူေတြက လည္ပင္းရိုးက်ိဳးတဲ့လူရွိတယ္...အသက္ရွဴက်ပ္ၿပီးေသတဲ့လူလဲရွိတယ္...လည္ပင္ရိုးကေတာ့ အရွိန္နဲ႔က်တဲ့အခါ က်ိဳးၿပီးေသတယ္...တခ်ိဳ႕က်ေတာ့ အသက္ရွဴက်ပ္ၿပီးေသတယ္...တြဲေလာင္းအေနအထားၾကာတဲ့အခါ လည္ပင္းရိုးကမခံနိုင္ဘဲက်ဳိးသြားတဲ့လူေတြလဲရွိတယ္...ဒါမဲ့"

သူမကေနာက္ထပ္စာ႐ြက္ကိုေပးၿပီးဆက္ေျပာသည္။

"သူမရဲ႕ေလႁပြန္ေပါက္မွာတစ္ခုခုပိတ္ေနတယ္"

သူတို႔၂ေယာက္အံ့ၾသသြားၿပီး ၾကည့္လိုက္သည္။

"စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ေဆးတစ္လံုးျဖစ္ေနတယ္"

"ေဆး.. ဟုတ္လား"

အာဏာေမးေတာ့ သူမကေခါင္းညိတ္ျပသည္။ထို႔ေနာက္ဗန္းေလးထဲမွေဆးေလးတစ္လံုးကိုျပကာေျပာသည္။

"ဟုတ္တယ္  အိပ္ေဆး... ေဆးကေသာက္တာနဲ႔မတူဘူးနွာေခါင္းထဲကေနဝင္သြားတာ... ေသဆံုးသူက မေသခင္မွာ နွာေခါင္းထဲကိုေဆးလံုးဝင္သြားတယ္... အဲ့တာကေနအသက္ရွဴက်ပ္မယ္... ေဆးလံုးကအသက္ရွဴလမ္းေၾကာင္းကိုပိတ္ေနတဲ့အတြက္ လံုးဝအသက္အႏၲာရယ္ရွိတယ္... ေဆးလံုးဝင္သြားတာနဲ႔ အသက္ရွဴက်ပ္ၿပီးမိနစ္ပိုင္းအတြင္းေသနိုင္တယ္ မင္းဆက္"

အာဏာ သေဘာေပါက္သြားသည္။ လက္ထဲကစာ႐ြက္ကိုခ်ၿပီးအာဏာကေမးသည္။

"ဒါဆိုရင္ ေသဆံုးသူက ေသၿပီးမွႀကိဳးဆြဲခ်ခံထားရတယ္လို႔ဆိုလိုတာလား"

အာဏာရဲ႕အေမးစကားကိုမင္းဆက္ကအံ့ၾသသြားသည္။ လီလီကေခါင္းညိတ္သည္။

"ေတာ္တယ္ ...မင္းေျပာတာဟုတ္တယ္... အရွင္းဆံုးေျပာရရင္ တစ္ေယာက္ေယာက္ကသတ္ၿပီးမွႀကိဳးနဲ႔ဆြဲခ်ထားတာ"

ထို႔ေနာက္ သူမကေနာက္ထပ္စာ႐ြက္ကိုထပ္ေပးသည္။ မင္းဆက္တို႔လဲ စာ႐ြက္ကိုယူၿပီးၾကည့္လိုက္ေတာ့ အလြန္အံ့ၾသသြားသည္။

"ဒါက"

"ဟုတ္တယ္....သူမမွာကိုယ္ဝန္ရွိေနတယ္"

မင္းဆက္တို႔၂ေယာက္စလံုးအံ့ၾသလြန္း၍ ဘာစကားမွမေျပာနိုင္ေပ။

ထိုစဥ္ ဖုန္းလာ၍ မင္းဆက္ကကိုင္လိုက္၏။

"ဟယ္လို"

"ေခါင္းေဆာင္ ျပႆနာတတ္ၿပီ"

တစ္ဖက္က ေအာင္ခန္႔၏အထိတ္တလန္႔အသံေၾကာင့္ မင္းဆက္ကလန္႔သြားသည္။

"ဘာလို႔လဲ"

"ရဲမွဴးက မဆူးခတ္ရဲ႕အမႈကို လူေသမႈလို႔သတ္မွတ္ၿပီး အမႈပိတ္လိုက္ၿပီ"

"ဘာ!!!"


#5.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
 
မင်းဆက်နဲ့အာဏာ ကားပေါ်ကဆင်းပြီး ခြံထဲသို့ဝင်ရန်လာကြသည်။သူတို့၂ယောက်လာကြတော့ ရဲတွေကဝင်ခွင့်ပေးသည်။ မင်းဆက်တို့လဲ ခြံထဲမှရဲများကိုဖြတ်ပြီး အိမ်အတွင်းသို့ဝင်လာခဲ့သည်။

မင်းဆက်တို့အိမ်ထဲရောက်တော့အိမ်ရှင်ဖြစ်သူဒေါ်ပန်းဆီကငိုနေသည်။ ဘေးနားတွင်လည်း ရှင်းခန့်တို့ညီအကို၂ယောက်ကရပ်နေသည်။

ရှင်းခန့်ကမေးသည်။

"ဒါဆိုရင် သေဆုံးသူကကိုယ့်ဘာသာသတ်သေတယ်လို့ပြောချင်တာလား"

မင်းဆက်နဲ့အာဏာကတော့ ဘေးနားကနေရပ်ကာ နားထောင်နေသည်။ အာဏာကလဲ အိမ်ကိုဝေ့ကာကြည့်နေသည်။

ထိုအခါ ဒေါ်ပန်းဆီကမျက်ရည်တွေသုတ်ကာ ငိုထား၍ တုန်ယင်နေသောအသံနှင့်ဖြေသည်။

"ကျွန်မကမနက်စာစားဖို့အတွက် သွားခေါ်တာ...ခါတိုင်းလဲ ဆူးလေးကိုကျွန်မကမနက်စာပြင်ပြီးရင်သွားခေါ်နေကြပါ....တစ်ခါခေါ်ရုံနဲ့သူကထွက်လာတတ်တယ်... ဒီနေ့ကျွန်မခေါ်တော့ သူကထွက်မလာဘူး...ကျွန်မလဲ စိတ်ထဲတမျိုးဖြစ်လို့ သွားပြီးကြည့်တာ...အထဲမှာ ဆူးလေးက အီးးးးဟီးးးး ကြိုးတွဲလောင်းနဲ့"

ဒေါ်ပန်းဆီကပြောရင်းငိုသည်။မင်းဆက်တို့လဲစိတ်မကောင်းပေ။ငိုကြွေးနေသော သူမကိုကြည့်ကာသနားမိသည်။

ထို့နောက်မင်းဆက်ကပြောသည်။

"သေဆုံးသူရဲ့အလောင်းကို ကျွန်တော်တို့စစ်ဆေးဖို့ယူသွားမယ်..ကိုယ့်ဘာသာသတ်သေတယ်ပဲဆိုဆို တာဝန်အရကျွန်တော်တို့စစ်ဆေးဖို့ပါ"

မင်းဆက်ကရှင်းပြတော့ သူမကမျက်ရည်တွေကိုသုတ်ကာ ခေါင်းညိတ်သည်။

"ကောင်းပါပြီ .... ဆရာတို့အဆင်ပြေသလိုလုပ်ပါ"

"သမီးလေး!! ငါ့သမီးး!"

ထိုစဉ် အိမ်ထဲသို့ဝင်လာသောလူတစ်ယောက်ကြောင့် မင်းဆက်တို့အနည်းငယ်လန့်သွားသည်။ ထိုလူကအိမ်ထဲဝင်လာပြီး မင်းဆက်တို့ကိုမြင်တော့ အံ့ဩသွားသည်။ထို့နောက် ဒေါ်ပန်းဆီ ဆီသို့သွားပြီးငိုသည်။

"မိန်းမ .... ငါ့သမီးလေးရော...ငါ့သမီးရောလို့...."

မျက်ရည်များကျကာမေးနေသော ထိုလူကိုကြည့်ပြီးဒေါ်ပန်းဆီကငိုကာပြောသည်။

"သမီးလေး.. ဆူးလေးမရှိတော့ဘူးယောကျာ်း...ဆူးလေး ဆုံးသွားပြီ"

ခုံပေါ်သို့အရုပ်ကြိုးပျက် ထိုင်ချလိုက်သောလူကြောင့် မင်းဆက်စိတ်မကောင်းဖြစ်ရသည်။ အခြေအနေအရ ဒီလူသည် သေဆုံးသူ၏ ဖခင်ဖြစ်ကြောင်းနားလည်လိုက်သည်။

ဒေါ်ပန်းဆီကလဲ ငိုပြီးတော့ဆက်ပြောသည်။

"ကျွန်မအမှားတွေပါ..... ကျွန်မသူ့ကိုစောင့်ကြည့်နေရမှာ.... အီးးးဟီးးး"

သေဆုံးသူဖခင်ကတော့ မျက်ရည်များကျပြီးဘာမှမပြောနိုင်တော့ပေ။သမီးဖြစ်သူအားဆုံးရှုံးလိုက်ရသည့်အတွက်မည်မျှခံစားရမည်ဖြစ်ကြောင်သူတို့နားလည်ပါသည်။

ထို့နောက် သေဆုံးသူ၏ အလောင်းကိုစစ်ဆေးရန်အတွက်သယ်ဆောင်သွားပြီး မေးမြန်းရန်အတွက် သေဆုံး၏ မိသားစုဝင်၂ယောက်အား စခန်းသို့ခေါ်ခဲ့ကြသည်။

အောင်ခန့်က အခန်းအပြင်တွင်ရပ်နေပြီးပြောသည်။

"ကျွန်တော်မေးလိုက်မယ်"

အောင်ခန့်ပြောတော့ ရှင်းခန့်ကခေါင်းညိတ်သည်။

"တစ်ယောက်ခြင်းဆီမေးလိုက်... မင်းနဲ့စိုင်းအောင်က"

"အင်း ကောင်းပြီ... ငါအထက်ကိုအကြောင်းကြားလိုက်ဦးမယ်"

"ကောင်းပြီ ... သွားလေ"

"အင်း"

ရှင်းခန့်လဲ ပြောပြီထွက်လာခဲ့သည်။ အပြင်ရောက်တော့ အာဏာတို့၂ယောက်နှင့်တွေ့တော့ မင်းဆက်ကမေးသည်။

"ဘယ်လိုလုပ်လိုက်လဲ"

ရှင်းခန့်ကဖြေ၏။

"အောင်ခန့်နဲ့စိုင်းအောင်ကိုတစ်ယောက်ချင်းစစ်မေးခိုင်းထားတယ်... ငါကတော့အထက်ကိုအကြောင်းကြားမလို့"

ရှင်းခန့်ဖြေတော့ မင်းဆက်ကခေါင်းညိတ်သည်။

"ကောင်းပြီ....ငါတို့၂ယောက်ကအလောင်းစစ်ဆေးချက်ကိုသွားစောင့်နေလိုက်မယ်"

"သွားစောင့်မလို့လား...ကြိုးဆွဲချတော့ လည်ပင်းရိုးတစ်ခုခုဖြစ်သွားရုံလောက်ပဲလို့ထင်တယ်"

ရှင်းခန့်းကတွေးတောကာပြောသည်။ ထို့အခါ မင်းဆက်ကရယ်ပြီး ရှင်းခန့်ပခုံးကိုပုတ်လိုက်သည်။

"တခြားထူးဆန်းတာလဲ ဖြစ်နိုင်သေးတယ်လေ"

မင်းဆက်ကမျက်လုံးတစ်ဖက်မှိတ်ကဖြေတော့ ရှင်းခန့်ကရယ်သည်။ပခုံးပေါ်ကမင်းဆက်ရဲ့လက်ကိုဖယ်ချလိုက်သည်။

"ထူးဆန်းတာကတော့ မင်းညီပဲ... ဟိုမှာကြည့်ဦး"

ရှင်းခန့်ကမေးဆတ်ပြတော့ မင်းဆက်လဲလှည့်ကြည့်လိုက်သည်။ကားကိုမှှီကာလက်ပိုက်နေသော အာဏာကိုမြင်လိုက်ရသည်။ ကုတ်ထားသောမျက်ခုံးကြောင့် မင်းဆက်ပြုံးပြလိုက်သည်။

သာမာန်ထက်အနည်းငယ်တောက်ပနေသော မျက်လုံးကြောင့်မင်းဆက်တစ်မျိုးဖြစ်သွားသည်။သို့သော်စိတ်ထင်သည်ဟုသာမှတ်လိုက်သည်။

"ကဲ သွားတော့...ငါလဲသွားတော့မယ်"

"ကောင်းပြီ "

ထို့နောက် ရှင်းခန့်လဲကားဖြင့်ထွက်သွားသည်။ ရှင်းခန့်ထွက်သွားတော့ မင်းဆက်လဲ အာဏာရှိရာ ကားနားသို့လာပြီးဆိုသည်။

"သွားကြမယ် "

"အွန်း"

အာဏာကတစ်လုံးသာဖြေပြီး ကားပေါ်တတ်လိုက်သည်။ မင်းဆက်လဲ ကားပေါ်တတ်ကာ ထိုင်လိုက်သည်။ထို့နောက် ၂ယောက်သား အလောင်းစစ်ဆေးနေသောနေရာသို့ထွက်လာခဲ့ကြသည်။

မင်းဆက် ထိုင်နေရင်းဖုန်းကိုထုတ်ကာဆက်လိုက်သည်။

"ဂျောင်ဝူး"

"ဟုတ်... ပြောလေ"

"သေဆုံးသူ ဆူးခတ်ရဲ့အကြောင်းကိုစုံစမ်းထားပေး....သူ့ရဲ့အကြောင်းအားလုံးပဲ"

"ဟုတ်ကဲ့... ကျွန်တော်စုံစမ်းထားလိုက်မယ်"

"ok"

မင်းဆက်ဖုန်းချလိုက်ပြီး ရှေ့သို့သာကြည့်မေလိုက်သည်။အာဏာကတော့ အေးအေးဆေးဆေးကားမောင်းနေသည်။မင်းဆက်တိတ်ဆိတ်နေသောအာဏာကြောင့် ခေါင်းကိုစောင်းငဲ့ကာကြည့်လိုက်သည်။

အရင်ကဆို စကားစ၍ ပြောတတ်သောအာဏာကခုလိုတိတ်ဆိတ်နေသောကြောင့် မင်းဆက်မသိမသာလေးစောင်းကြည့်ရင်းခေါ်လိုက်သည်။

"အာဏာ"

"___"

ပြန်မဖြေ ။ မင်းဆက်သေချာကြည့်တော့ အာဏာကရှေ့ကိုသာကြည့်ပြီးကားမောင်းနေသည်။

"အာဏာ"

"ပြောလေ ကိုကို"

မင်းဆက်ထပ်ခေါ်လိုက်သောအခါအာဏာကလှည့်မကြည့်ဘဲနှင့်ဖြေသည်။မင်းဆက်သူ့ကိုအရေးမစိုက်သလိုလုပ်နေသာအာဏာကြောင့် စိတ်ဘဝင်မကျဖြစ်သွားသည်။

မင်းဆက်လဲ ဘဝင်မကျသည့်စိတ်ကိုဖယ်ထားလိုက်ပြီး မေးလိုက်သည်။

"မင်းဒီကိစ္စကိုဘယ်လိုထင်လဲ"

မင်းဆက်မေးသောအခါ အာဏာကလှည့်ကြည့်လာသည်။ထို့နောက်ချက်ချင်းပြန်လှည့်သွားသည်။

"သာမာန်အမှုပဲလေ... ကောင်မလေးကသူ့အကြောင်းနဲ့သူတစ်ခုခုဖြစ်လို့ ကိုယ့်ဘာသာသတ်သေတယ်လို့ထင်တယ်"

အာဏာပြောသောအခါ မင်းဆက်ကသက်ပြင်းချလိုက်ပြီးပြောလိုက်သည်။

"အဲ့လိုလို့မင်းထင်တယ်ပေါ့"

"အင်း"

"တခြားရောမထင်ဘူးလား"

"ဘာကိုလဲ"

မင်းဆက်က မေးသည်ကိုအာဏာကနားမလည်သလိုမေးသည်။

"တခြားလူသတ်သွားတယ်လို့ရောမထင်ဘူးလား"

မင်းဆက်ကထပ်မေးသည်။ အာဏာက ပခုံးတွန့်ပြပြီးဖြေသည်။

"မသိဘူးလေ... ကိုကိုပြောသလိုဖြစ်ချင်လဲဖြစ်မှာပေါ့"

ထို့နောက် ကားကိုတွေ့ဝင်လိုက်ပြီးရပ်လိုက်သည်။ အာဏာက မင်းဆက်ကိုမကြည့်ဘဲ ခါးပတ်ကိုဖြုတ်ပြီးဆို၏။

"ရောက်ပြီ... ဆင်းတော့"

အလောင်းစစ်ဆေးသောနေရာသို့ရောက်လာသောကြောင့် အာဏာကပြောသည်။မင်းဆက်သူ့ကို အရေးမစိုက်သလိုလုပ်နေသောအာဏာကြောင့် စိတ်အနည်းငယ်တိုသွားသည်။ အရင်ကဆို့ကိုအမြဲစကားပြောပြီး တရင်းတနှီးနေနေကျဖြစ်ပေမဲ့ခုအချိန်တွင်သူတို့၂ယောက်သည် မေးထူးခေါ်ပြောအဆင့်သာသာဖြစ်နေ၍၊မင်းဆက်သဘောမကျဖြစ်လာသည်။

ကားပေါ်ကဆင်းရန်ပြင်နေသော အာဏာကြောင့် မင်းဆက် နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ခါးကခါးပတ်ကိုအမြန်ဖြုတ်ပြီး အာဏာကိုအမြန်ဆွဲထားလိုက်သည်။

အာဏာက ကားပေါ်ကဆင်းရန်တံခါးဖွင့်ကာခါနီး ရုတ်တရက်လှမ်းဆွဲလိုက်သော မင်းဆက်ကြောင့် လန့်ပြီးနောက်ကိုလန်ကျမလိုဖြစ်သွားသည်။

အမှတ်တမဲ့နောက်ကိုလှည့်အကြည့် နီးကပ်နေသောမျက်နှာကြောင့် အာဏာမှင်သက်သွာရသည်။ ၃လက်မသာကွာဝေးသာ မျက်နှာ၂ခုအကြား အသက်ရှူရာမှထွက်ပေါ်လာသောလေနွေးနွေးများသည် တစ်ယောက်မျက်နှာတစ်ယောက်ရိုက်ခတ်နေသည်။

မင်းဆက် သူ့ရှေ့ကပြာလဲ့လဲ့မျက်လုံးလေးကိုကြည့်နေမိသည်။အရင်ကဆိုဒီမျက်လုံးလေးက သူ့အတွက်သိပ်မထူဆန်းပေ။Daddyမှာရော အာဏာမှာရောဒီလိုမျက်လုံးလေးတွေရှိသည့်အတွက် သူအတွက်မထူးဆန်း။

သို့သော် အခုသူ့ရှေ့ကမျက်ဝန်းပြာပြာလေးဟာ တလဲ့လဲ့တောက်ပနေသည်။တန်ဖိုးကြီးလှသောစိန်လိုမျိုး တလဲလဲ့တောက်ပနေသည်မှာ သိပ်ကိုလှပသည်။

မင်းဆက် ထိုမျက်လုံးလေးများကိုကြည့်နေရင်း အနားသို့တိုးကပ်သွားသည်။ ၃လက်မ သာခြားနေသောသူတို့၂ယောက်၏ မျက်နှာ၂ခုသည် အခုဆိုအလွန်မှနီးကပ်သွားပြီဖြစ်သည်။

အာဏာ သူ့ရှေ့တွင်အလွန်နီးကပ်နေသော မျက်နှာလေးကြောင့် အသက်အောင့်ထားရသည်။သူ့ပခုံးပေါ်တွင်လက်တင်ထားသော မင်းဆက်လက်ကိုလဲသူဖယ်မချနိုင်။ ကျောက်ရုပ်ပမာ ငြိမ်နေရသည်။

တဖြည်းဖြည်းနီးကပ်လာသောမင်းဆက်၏ မျက်နှာကြောင့် အာဏာ မျက်လုံးကိုမှိတ်လိုက်မိသည်။

နူးညံသော အရာလေးသည် မျက်ခွံပေါ်သို့ကျရောက်လာ၍အာဏာနှလုံးခုန်သံတွေမြန်လာသည်။နူးညံသောအရာလေးက ပြန်လည်ထွက်ခွာသွားမှ သူမျက်လုံးဖွင့်နိုင်သည်။

"သဘောကျတယ်....အဲ့မျက်လုံးလေးတွေကို"

မင်းဆက်ကပြောရင်းနှင့် အစွယ်လေးပေါ်အောင်ရယ်ပြသည်။ဘာဖြစ်မှန်းမသိ သူ၏ပါးနှစ်ဖက်ပူလာသလိုခံစားလိုက်သည်။

အစွယ်ချွန်ချွန်လေးပေါ်အောင်ရယ်နေသောမင်းဆက်ကို အာဏာငေးနေမိသည်။ထို့နောက် မင်းဆက်ကကိုယ်ကိုနေရာတကျပြန်နေလိုက်ပြီးတည်ငြိမ်စွာပင်ဆိုသည်။

"သွားရအောင် "

ပြောပြီကားပေါ်ကဆင်းသွားသောမင်းဆက်ကိုအာဏာကြည့်နေမိသည်။ထို့နောက် အာဏာလဲအသက်ဝဝရှူပြီးကားပေါ်ကဆင်းလာခဲ့သည်။

၂ယောက်သား အလောင်းရှိရာသို့သွားလိုက်သည်။ မင်းဆက်တို့လာတော့ ကောင်မလေးတစ်ယောက်ကထွက်လာသည်။

"ဆရာ ဘာကိစ္စရှိလို့လဲရှင့်"

"လီလီရှိလား"

မင်းဆက်မေးသောအခါ ကောင်မလေးကခေါင်းငုံ့ကာဖြေသည်။

"ဟုတ်ကဲ့... ဒေါက်တာရှိပါတယ်"

ကောင်မလေးဖြေတော့ မင်းဆက်ကခေါင်းညိတ်ပြပြီး။

"သွားတွေ့လိုက်ဦးမယ်"

"ဟုတ်ကဲ့"

ထို့နောက်အာဏာလဲ မင်းဆက်၏ အနောက်မှလိုက်လာခဲ့သည်။ မင်းဆက်ပြောသော လီလီဆိုသောလူကိုအာဏာလဲမသိ၍ ငြိမ်၍သာလိုက်လာခဲ့သည်။

အဆောက်အအုံတစ်ခုလုံးတိတ်ဆိတ်နေ၍ အနည်းငယ်တော့ခြောက်ခြားစရာကောင်းသည်။လူသေအလောင်းများစစ်ဆေးသောနေရာဖြစ်၍ ခြောက်ခြားစရာကောင်းသည်မှာမလွန်လှပေ။

မင်းဆက်သွားရင်းနှင့် အခန်းတစ်ခန်းရောက်တော့ ရပ်လိုက်ပြီး တံခါးဖွင့်ကာဝင်လိုက်သည်။အာဏာလဲ နောက်ကနေလိုက်၍ဝင်လိုက်သည်။

"လီလီ"

အခန်းထဲတွင်ဘယ်သူမှမရှိ။ အာဏာကတော့ အခန်းကိုလှည့်ပတ်ကြည့်နေသည်။မီးထိန်ထိန်လင်းနေပြီး အေးစိမ့်စိမ့်နှင့်နေရသည်မှာ အနည်းငယ်ထူးဆန်းသည်။

"မင်းဆက်"

နောက်ကနေအသံကြားရ၍ မင်းဆက်လှည်ကြည့်လိုက်သည်။အာဏာလဲ အသံလာရာကိုကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက်။ အသက်အရွယ်အားဖြင့်၄၀ကျော်လောက်ဟုသူထင်လိုက်သည်။အနက်ရောင်ဘောင်းဘီအရှည်ကို အဖြူရောင်အကျင်္ီနှင့်တွဲဖတ်ဝတ်ဆင်ထားပြီးခပ်ရဲရဲနှုတ်ခမ်းနီနှင့်သူမက ခေတ်မှီလှသောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ ပိန်ပါးသောကိုယ်ကြောင့် သူမ၏ပုံစံဟာစမတ်ကျလှသည်။

သူမက မင်းဆက်ရှိရာသို့လျောက်လာသည်။

"ဘာလို့လဲမင်းဆက် ...ခုလိုရောက်လာပုံအရ ကိစ္စတစ်ခုခုရှိပုံပဲ"

သူမကမေးတော့ မင်းဆက်ကရယ်သည်။

"ဟုတ်တယ် လီလီ...ကိစ္စရှိလို့"

မင်းဆက်ဖြေတော့ သူမကခေါင်းညိတ်သည်။ ထို့နောက်ဘေးကအာဏာကိုကြည့်ပြီးတော့ မင်းဆက်ကိုမေးလိုက်သည်။

"ညီလေးလား"

"ဟုတ်တယ်...ညီလေး"

"အချောလေးပဲ"

အာဏာကတော့ ခပ်တည်တည်သာနေသည်။ထို့နောက်လီလီကမေး၏။

"ကိစ္စရှိတယ်ဆိုပြောလေ"

မင်းဆက်ပြောလိုက်သည်။

" အလောင်းတစ်လောင်းကိုစစ်ဆေးပေးဖို့ပါ"

"အာ ဒါကတို့တာဝန်ပဲလေ...အထူးအဆန်းကျလို့.... သေဆုံးသူကဘယ်သူလဲ"

"ဆူးခတ်"

မင်းဆက်ကပြောတော့ သူမရယ်နေရာမှရပ်သွားသည်။ထို့နောက် သူမက စားပွဲပေါ်မှဖိုင်တစ်ခုကိုယူပြီးကြည့်လိုက်သည်။ထို့နောက် နားထင်ကိုရလက်နှင့်ထောက်လိုက်ပြီးခပ်တွေတွေလေးပြောသည်။

"မနက်ကရောက်လာတဲ့သေဆုံးသူထင်တယ်"

"ဟုတ်တယ်... သူပဲ"

"အဲ့တာကတို့အပိုင်းမဟုတ်ဘူးလေ...ဒေါက်တာဟန်နီလင်းရဲ့တာဝန်...ပြီးတော့ စစ်ဆေးပြီးသားမဟုတ်လား...လည်ပင်းရိုးကျိုးသွားတာတဲ့ ...ကြိုးဆွဲချသေတာမို့လား"

မင်းဆက်အလေးအနက်ပြောလိုက်သည်။

"ကူညီပါလီလီ ...လီလီအတွက်ဒါကမခက်ခဲပါဘူး ....ဟုတ်တယ်မလား"

မင်းဆက်ပြောသောအခါ သူမကရယ်သည်။ထို့နောက် ၂ယောက်စလုံးကိုကြည့်လိုက်ပြီးသူမကပြုံး၍ဆိုသည်။

"နောက်ကလိုက်ခဲ့ "

====================

အောင်ခန့် သူရှေ့တွင်မျက်ရည်ကျနေပြီးထိုင်နေသော ဒေါ်ပန်းဆီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကျွန်တော်မေးလို့ရပြီလား"

သူမေးတော့ ဒေါ်ပန်းဆီကခေါင်းညိတ်သည်။

"ကောင်းပြီ... ကျွန်တော်စပြီးမေးမယ်... အမှန်တိုင်းဖြေပေးပါ"

"ဟုတ်ကဲ့ပါ"

ငိုထား၍ ခက်အက်အက်အသံနှင့်ဒေါ်ပန်းဆီကဆိုသည်။

အောင်ခန့်ကစ၍မေးသည်။

"မဆူးခတ်က မသေဆုံးခင်ညမှာဘာတွေလုပ်ခဲ့လဲ"

ဒေါ်ပန်းဆီကဖြေသည်။

"ဆူးလေးက မနေ့ညကအပြင်ထွက်ဦးမယ်လို့ပြောတယ်.... ညရောက်နေတော့ ကျွန်မလဲ မသွားဖို့ပြောသေးတယ်.... ဒါမဲ့သူက ခဏလေးပါဆိုလို့ကျွန်မခွင့်ပြုလိုက်တယ်...သူပြန်လာတဲ့အထိစောင့်နေလိုက်တယ်"

အောင်ခန့်ထပ်မေးလိုက်သည်။

"ဘယ်အချိန်ကသွားပြီး ဘယ်အချိန်ပြန်ရောက်လဲ"

သူမကဖြေသည်။

"သွားတာကည၉နာရီပါ... ပြန်ရောက်တာက၉နာခွဲလောက်နာရီဝက်ပဲကြာပြီးပြန်လာတယ်"

"ဘယ်သူနဲ့သွားတွေ့မယ်လို့ပြောသေးလား"

အောင်ခန့်မေးသောအခါ ဒေါ်ပန်းဆီကခေါင်းညိတ်သည်။

"ဟုတ်ကဲ့...  ပြောတယ်သူ့သူငယ်ချင်းနဲ့ခဏသွားတွေ့မယ်လို့ပြောတယ်"

"သူပြန်လာတော့ ထူးခြားတာတွေ့ရလား"

အောင်ခန့်မေးသောအခါ ဒေါ်ပန်းဆီကစဉ်းစားသလိုလုပ်ပြီးခေါင်းညိတ်၏။

"အဲ့ဒီသူငယ်ချင်းကိုသိလား"

"ဟုတ်ကဲ့ .. နိုင်းပါ နာမည်က.... ဆူးလေးကပြောသွားတာ နိုင်းနဲ့တွေ့မလို့တဲ့"

"ကောင်းပြီ ... နောက်ထပ်မေးမယ်...မဆူးခတ်က ဒေါ်ပန်းဆီရဲ့ယောကျာ်းကပါလာတဲ့သမီးနော် "

"ဟုတ်ပါတယ်ရှင့်... ဆူးလေးကကျွန်မရဲ့သမီးအရင်းမဟုတ်ပါဘူး....အမျိုးသားကပါလာတဲ့သမီးပါ"

"မဆူးခတ်နဲ့အဆင်ပြလား... ပြောချင်တာက တစ်ယောက်နဲ့တစ်ယောက်ပြဿနာတွေရှိခဲ့လား"

အောင်ခန့်မေးသောအခါ သူမကခေါင်းခါသည်။

"ဆူလေးက လင်ပါသမီးဆိုပေမဲ့ ကျွန်မသမီးအရင်မးလိုပါပဲ....ကလေးမရနိုင်တဲ့အတွက် ကျွန်မကဆူလေးကိုသမီးအရင်းလေးလိုစောင့်ရှောက်ခဲ့တာပါ...ပတ်ဝန်းကျင်ကတောင်သိပါတယ်... ဆူးလေးနဲ့တစ်ခါမှပြဿနာမတတ်ဖူးပါဘူး"

သူမကမျက်ရည်တွေကျကာ ပြောသည်။

ထို့နောက်အောင်ခန့်ခေါင်းညိတ်ကာပြောလိုက်ူည်။

"ကောင်းပြီ ... ဒေါ်ပန်းဆီတို့အတွက်  ဒီနေ့တစ်ရက်တော့ ကျွန်တော်တို့စီစဉ်ပေးတဲ့နေရာမှ ခဏနေစေချင်ပါတယ်....မဆူးခတ်ကဘာကြောင့် ကိုယ့်ဘာသာသတ်သေရသလဲဆိုတာကိုသိအောင်လုပ်ဖို့အတွက်ပါ"

သူပြောတော့ ဒေါ်ပန်းဆီကခေါင်းညိတ်လက်ခံသည်။

"ဟုတ်ကဲ့... အဆင်ပြေတာသာလုပ်ပေးပါရှင်"

"ကောင်းပြီ"

=======================

တစ်ဖက်တွင်လည်း  စိုင်းအောင်ကဆူးခတ်၏ ဖခင်ကိုမေးနေသည်။ ၂ယောက်စလုံးအား တပြိုင်ထဲမေးနေခြင်းဖြစ်သည်။ အဖြေများကိုတူမတူစစ်ဆေးရန်အတွက်ပင်။

"ဒါဆို ဦးလေးကခရီးသွားနေတာပေါ့"

"ဟုတ်ပါတယ် .... ကျွန်တော်ကအလုပ်ကိစ္စနဲ့ခရီးသွားနေတာ ၁ပတ်လောကိရှိပါပြီ"

"ဒေါ်ပန်းဆီနဲ့ သမီးဖြစ်သူဆူးခတ်ကဆက်ဆံရေးကောင်းလားဗျ "

"ကောင်းပါတယ်...သူတို့၂ယောက်ကမသိရင်သားအမိအရင်းတွေလို့တောင်ထင်ရပါတယ်.... ပြဿနာလဲတစ်စုံတစ်ခုမှမဖြစ်ဖူးဘူး"

ခရီးသွားနေတာ၁ပတ်ရှိနေသောကြောင့် သေဆုံးသူဖခင်ကို မေးခွန်းမေးရန်နည်းသွားခဲ့သည်။

"ကောင်းပြီ... လောလောဆယ်ကျွန်တော်တို့စီစဉ်ပေးတာကိုလက်ခံပေးပါ"

"ဟုတ်ကဲ့ပါ"

စိုင်းအောင်အခန်းထဲကနေ ဖိုင်ကိုယူကာထွက်လာတော့ အပြင်မှာအောင်ခန့်ကစောင့်နေသည်။

"အဆင်ပြေလား"

အောင်ခန့်မေးတော့ စိုင်းအောင်ကခေါင်းညိတ်ပြ၏။

"အင်း... ပြေတယ်"

ထိုစဉ် ဖုန်းလာ၍ အောင်ခန့်ကြည့်လိုက်သောအခါ ရှင်းခန့်ဖြစ်နေသည်။

"ဘာလို့လဲ"

"မင်းတို့ ရဲမှူးကိုသွားပြလိုက်တော့... ငါဒီမှကိစ္စရှိလို့ မင်းတို့၂ယောက်သွားလိုက်"

ရှင်းခန့်ကပြောတော့ အောင်ခန့်ကစိုင်းအောက်ကိုကြည့်လိုက်ပြီးပြောသည်။

"ဟုတ်ကဲ့... ကျွန်တော်တို့သွားလိုက်မယ်"

"အေး "

ဖုန်းချပြီးတော့ အောင်ခန့်ကဖုန်းကိုဘောင်းဘီအိတ်ထဲသို့ပြန်ထည့်လိုက်သည်။

"ငါတို့ပဲသွားရမယ်ထင်တယ် "

"အဲ့တာဆိုလဲသွားကြတာပေါ့"

ထို့နောက်၂ယောက်သား ကားဖြင့်အစီအရင်ခံပြရန်ထွက်လာခဲ့ကြသည်။

===================

စာပွဲရှေ့တွင်၂ယောက်သား ရပ်နေပြီး ရဲမှူးကအစီအရင်ခံစာကိုဖတ်နေသည်။

ထို့နောက် သူတို့၂ယောက်ကိုကြည့်ပြီးဆိုသည်။

"ဒီတိုင်းဆို သေဆုံးသူကကိုယ့်ဘာသာသတ်သေတယ်လို့မှတ်ယူလို့ရတယ်...ကိုယ့်ဘာသာဆွဲကြိုးချသေတာတွေကခုအရမ်းများနေတာပဲ...ဘာပဲပြောပြော မဆူးခတ်ကလဲ ဒီလူတွေထဲကတစ်ယောက်ဖြစ်သွားတာပဲ...ပြီးတော့ အလောင်းစစ်ဆေးချက်က လည်ပင်းရိုးကြိုးသွားတာ... အဲ့တာကြောင့် ကိုယ်ဘာသာသတ်သေတာက ရာနှုန်းပြည့်သေချာနေတယ်"

ထို့နောက် ရဲမှူးကြီးက မျက်မှန်ကိုပင့်တင်ပြီး။

"သေဆုံးသူကမိထွေးရှိတယ်နော်"

"ဟုတ်ပါတယ်"

"သေဆုံးသူရဲ့ ဖခင်ကိုဆက်သွယ်ပေး"

ရဲမှူးကြီးပြောသောအခါ အောင်ခန့်ကဖုန်းကိုထုတ်ပြီး စခန်းကိုဖုန်းဆက်လိုက်သည်။

"မဆူးခတ်ရဲ့ဖခင်ကိုစကားပြောချင်တယ်... ဖုန်းပေးလိုက်ပါ"

ထို့နောက် တစ်ဖက်ကသေဆုံးသူဖခင်အသံကြောင့် အောင်ခန့်သူ့ရဲ့ဖုန်းကိုယူပြီး ရဲမှူးကြီးကိုပေးလိုက်သည်။

"ဟယ်လို ... ကျွန်တော်ကရဲမှူးဦးဟန်သွင်ပါ "

ထို့နောက်အနည်းငယ်ကြာအောင်စကားပြောပြီးသောအခါ ဖုန်းကိုချလိုက်ပြီး အောင်ခန့်ကိုပြန်ပေးလိုက်သည်။ထို့နောက် မျက်နှာကိုချွတ်လိုက်ပြီး ကြည့်လက်စ ဖိုင်ကိုပိတ်လိုက်သည်။ထို့နောက် ရဲမှူးကပြောသည်။

"သေဆုံးသူမဆူးခတ်ရဲ့အမှုကို သေဆုံးသူရဲ့မိသားစုဝင်တွေရဲ့ဆန္ဒအရရော၊ အလောင်းစစ်ဆေးချက်အရလူသေမှုအဖြစ်သတ်မှတ်ပြီး အမှုပိတ်လိုက်ပြီ"

၂ယောက်စလုံးအံ့ဩသွားသည်။

"ဗျာ!!"

ရဲမှူးကြီးကဆက်ပြောသည်။

"သေဆုံးသူရဲ့ဖခင်အဆန္ဒအရဖြစ်တဲ့အတွက် မဆူးခတ်ရဲ့အမှုကိုဆက်ပြီးစုံစမ်းစရာမလိုတော့ဘူး"

=================

မင်းဆက် သူရှေ့ကသွားနေသော လီလီ၏နောက်မှလိုက်လာခဲ့သည်။ အခန်တစ်ခန်းရှေ့ရောက်တော့ သူမကရပ်သွားသည်။ထိုစဉ် ကောင်မလေးတစ်ယောက်ကရောက်လာသည်။

"ဒေါက်တာ  ဘာလုပ်မလို့လဲ"

သူမမေးတော့ လီလီကပြုံးပြီးဆိုသည်။

"စစ်ဆေးမလို့... တံခါးဖွင့်လိုက်"

"ဒါကဒေါက်တာရဲ့အပိုင်းနဲ့မဆိုင်ဘူးလေ"

ထိုစဉ် မင်းဆက်ကဝင်ပြောသည်။

"ကျွန်တော်တို့စစ်ဆေးခိုင်းတာ... အဲ့တာဆိုရတယ်မလား"

မင်းဆက်က blue moonတံဆိပ်ပါသော ကပ်ပြားကိုထုတ်ပြသောအခါ ကောင်မလေးကစကားရပ်သွားကာ တံခါးဖွင့်ပေးသည်။Blue Moonသည် တစ်နိုင်ငံလုံးအသိအမှတ်ပြုအဖွဲ့ဖြစ်၍ တော်ရုံမဆန့်ကျင်ရဲပေ။

ကောင်မလေးက တံခါးဖွင့်ပေးသောအခါ လီလီကပြုံးလိုက်ပြီး ၃ယောက်သားအထဲသို့ဝင်လာခဲ့သည်။

မင်းဆက်ရှေ့တွင်ရှိသော အလောင်းကိုကြည့်နေမိသည်။လည်ပင်းတွင်အနည်းငယ်ညိုမဲနေသော ဒဏ်ရာကြီးနှင့်သေဆုံးနေသော ဆူးခတ်ကိုကြည့်နေမိသည်။

လီလီကတော့ လက်အိတ်စွပ်ကာ သေဆုံးသူ၏ လည်ပင်းကိုကြည့်နေသည်။လီလီက သေသေချာချာကြည့်နေရင်း  အာဏာကလဲ ဘေးနာကနေအလောင်းကိုကြည့်နေသည်။

ရုတ်တရက် လီလီကနားမလည်သလိုနှင့် လည်ပင်းကိုကြည့်နေသောကြောင့် မင်းဆက်အနားသွားကာမေးလိုက်သည်။

"ဘာလို့လဲ"

သူမ မဖြေဘဲ ဆက်ပြီးစစ်ဆေးသည်။ လက်ကိုကိုင်ကာစမ်းသပ်ပြီး သေဆုံးသူ၏ နှာခေါင်းကိုလဲသေချာစမ်းသပ်သည်။

ထိုစဉ် လီလီကပြောသည်။

"လည်ပင်းရိုးမကျိုးဘူးမင်းဆက်"

"ဟမ်!"

မင်းဆက်ရောအာဏာရောအံ့ဩကာအနားရောက်သွားသည်။ သူမက လည်ပင်းကိုသေချာပြပြီးဆိုသည်။

"ဆွဲကြိုးချသေတယ်ဆိုရင် လည်ပင်းရိုးကျိုးတာများတယ်...သူကမကျိုးဘူး.... အသက်ရှူလမ်းကြောင်းရပ်သွားတာဖြစ်ဖို့များတယ်... သေချာအောင်စစ်ကြည့်မှရမယ်"

"ကောင်းပြီ"

လီလီလဲ တစ်ယောက်ထဲနှင့် အလောင်းကိုအားလုံးစစ်ဆေးလိုက်သည်။နာရီအနည်းငယ်ကြာသည့်အခါ သူမကစာရွက်တစ်ရွက်ကိုကိုင်ကာ မင်းဆက်ကိုပြသည်။

"ကြိုးဆွဲချသေတဲ့လူတွေက လည်ပင်းရိုးကျိုးတဲ့လူရှိတယ်...အသက်ရှူကျပ်ပြီးသေတဲ့လူလဲရှိတယ်...လည်ပင်ရိုးကတော့ အရှိန်နဲ့ကျတဲ့အခါ ကျိုးပြီးသေတယ်...တချို့ကျတော့ အသက်ရှူကျပ်ပြီးသေတယ်...တွဲလောင်းအနေအထားကြာတဲ့အခါ လည်ပင်းရိုးကမခံနိုင်ဘဲကျိုးသွားတဲ့လူတွေလဲရှိတယ်...ဒါမဲ့"

သူမကနောက်ထပ်စာရွက်ကိုပေးပြီးဆက်ပြောသည်။

"သူမရဲ့လေပြွန်ပေါက်မှာတစ်ခုခုပိတ်နေတယ်"

သူတို့၂ယောက်အံ့ဩသွားပြီး ကြည့်လိုက်သည်။

"စစ်ဆေးကြည့်တဲ့အခါမှာတော့ ဆေးတစ်လုံးဖြစ်နေတယ်"

"ဆေး.. ဟုတ်လား"

အာဏာမေးတော့ သူမကခေါင်းညိတ်ပြသည်။ထို့နောက်ဗန်းလေးထဲမှဆေးလေးတစ်လုံးကိုပြကာပြောသည်။

"ဟုတ်တယ်  အိပ်ဆေး... ဆေးကသောက်တာနဲ့မတူဘူးနှာခေါင်းထဲကနေဝင်သွားတာ... သေဆုံးသူက မသေခင်မှာ နှာခေါင်းထဲကိုဆေးလုံးဝင်သွားတယ်... အဲ့တာကနေအသက်ရှူကျပ်မယ်... ဆေးလုံးကအသက်ရှူလမ်းကြောင်းကိုပိတ်နေတဲ့အတွက် လုံးဝအသက်အန္တာရယ်ရှိတယ်... ဆေးလုံးဝင်သွားတာနဲ့ အသက်ရှူကျပ်ပြီးမိနစ်ပိုင်းအတွင်းသေနိုင်တယ် မင်းဆက်"

အာဏာ သဘောပေါက်သွားသည်။ လက်ထဲကစာရွက်ကိုချပြီးအာဏာကမေးသည်။

"ဒါဆိုရင် သေဆုံးသူက သေပြီးမှကြိုးဆွဲချခံထားရတယ်လို့ဆိုလိုတာလား"

အာဏာရဲ့အမေးစကားကိုမင်းဆက်ကအံ့ဩသွားသည်။ လီလီကခေါင်းညိတ်သည်။

"တော်တယ် ...မင်းပြောတာဟုတ်တယ်... အရှင်းဆုံးပြောရရင် တစ်ယောက်ယောက်ကသတ်ပြီးမှကြိုးနဲ့ဆွဲချထားတာ"

ထို့နောက် သူမကနောက်ထပ်စာရွက်ကိုထပ်ပေးသည်။ မင်းဆက်တို့လဲ စာရွက်ကိုယူပြီးကြည့်လိုက်တော့ အလွန်အံ့ဩသွားသည်။

"ဒါက"

"ဟုတ်တယ်....သူမမှာကိုယ်ဝန်ရှိနေတယ်"

မင်းဆက်တို့၂ယောက်စလုံးအံ့ဩလွန်း၍ ဘာစကားမှမပြောနိုင်ပေ။

ထိုစဉ် ဖုန်းလာ၍ မင်းဆက်ကကိုင်လိုက်၏။

"ဟယ်လို"

"ခေါင်းဆောင် ပြဿနာတတ်ပြီ"

တစ်ဖက်က အောင်ခန့်၏အထိတ်တလန့်အသံကြောင့် မင်းဆက်ကလန့်သွားသည်။

"ဘာလို့လဲ"

"ရဲမှူးက မဆူးခတ်ရဲ့အမှုကို လူသေမှုလို့သတ်မှတ်ပြီး အမှုပိတ်လိုက်ပြီ"

"ဘာ!!!"


#5.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

Continue Reading

You'll Also Like

869K 97.9K 76
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြောင်းကို ကိုယ်ဘာသာပြောပြနေသလိုမျိုးပါ ကိုယ...
1.6M 89.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
149K 14.5K 27
ငါတို့နှစ်ယောက် မေတ္တာစစ်တမ်းကစားကြည့်ကြမလား။
182K 9.1K 89
Boy×Boy (OC) သူခံစားနေရတာတွေကို ကူညီဖြေဖျောက်ပေးနိုင်ဖို့ ကျနော်သူ့ရဲ့ ကိုယ်ပိုင် painkillerဖြစ်ချင်တယ်.. ...