[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"ေခါင္းက၃ခ်က္ေလာက္ခ်ဳပ္လိုက္ရတယ္.. စိုးရိမ္စရာေတာ့မရွိပါဘူး...မၾကာခင္သတိရလာလိမ့္မယ္"
"ဟုတ္ကဲ့... ေက်းဇူးပါ"
"ရပါတယ္... ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး"
"ဟုတ္ကဲ့"
ဆရာဝန္နွင့္ သူနာျပဳမေလးေတြကထြက္သြားေတာ့ အာဏာလဲ မင္းဆက္ရဲ႕ခုတင္ေဘးက ထိုင္ခံုတြင္ထိုင္လိုက္သည္။ ေခါင္းတြက္ပတ္တီးနွင့္ လဲေလ်ာင္းေနေသာ မင္းဆက္၏ လက္ကိုကိုင္ၿပီး သူ၏ပါးျပင္တြင္ကပ္ထားမိသည္။
ပတ္တီးေပၚတြင္ ဝဲက်ေနေသာဆံပင္ေလးမ်ားကိုျဖည္းျဖည္းေလးသပ္ကာတင္ေပးလိုက္ၿပီး မင္းဆက္၏ မ်က္နွာေလးအားေငးေမာေနမိသည္။
အာဏာ၏ပံုစံမွာ ေလာကတြင္တန္ဖိုးအႀကီးဆံုးအရာအား မ်က္စိေရွ႕ကေပ်ာက္သြားမွာစိုး၍ တစိမ့္စိမ့္ၾကည့္ၿပီး ေငးေမာေနသည္နွင့္ပင္တူေနသည္။
ဦးေအာင္ဇင္က မင္းဆက္ကိုဓားနွင့္ထိုးေနေသာအခ်ိန္တြင္ အာဏာစိတ္ထဲဘာမွျမင္ေတာ့သည့္အထိ စိုးရိမ္မႈမ်ားဖံုးလႊမ္းသြားသည္။
အနည္းငယ္ပြန္းကာ ေသြးစို႔ေနေသာသူ၏လက္ဝါးက်ယ္က်ယ္ထဲတြင္ မိန္းကေလးတစ္ေယာက္၏လက္ထက္ေတာင္လွကာ ေသးသြယ္ေသာလက္ေလးအား ညင္သာစြာဆုပ္ကိုင္ထားမိသည္။
"ကိုကိုသာတစ္ခုခုျဖစ္ခဲ့ရင္ ကြၽန္ေတာ္ေသမယ္ထင္တယ္"
လက္ေလးအား ပါးျပင္တြင္ကပ္ကာခပ္တိုးတိုးေလးေရ႐ြတ္မိသည္။ျပာလဲ့လဲ့မ်က္ဝန္းေလးမွ မ်က္ရည္ေလးဟာ မင္းဆက္၏လက္ေပၚသို႔က်ဆင္းသြားသည္။
ေဒါက္! ေဒါက္!
တံခါးေခါက္သံေၾကာင့္သူ မင္းဆက္၏လက္ေလးကိုရျပန္ခ်ေပးၿပီး ေစာင္ကိုေသခ်ာၿခံဳေပးလိုက္သည္။ထို႔ေနာက္ ထိုင္ေနရာမွထၿပီး အခန္းတံခါးနားသို႔သြားကာ တံခါးဖြင့္ေပးလိုက္သည္။
အခန္းအျပင္ဘက္မွရပ္ေနေသာ ရွင္းခန္႔နွင့္စိုင္းေအာင္ေၾကာင့္ အာဏာ အခန္ထဲဝင္ရန္လမ္းဖယ္ေပးလိုက္သည္။ထိုအခါ ရွင္းခန္႔နွင့္ စိုင္းေအာင္ကအခန္းထဲဝင္လာျပီး မင္းဆက္၏ခုတင္နားသို႔သြား၏။
"အဆင္ေျပတယ္မလား"
ရွင္းခန္႔ေမးေတာ့ အာဏာကေခါင္းညိတ္လိုက္သည္။
"ေျပတယ္.. စိုးရိမ္စရာမရွိပါဘူးတဲ့"
အာဏာကေျဖေတာ့ ရွင္းခန္႔ကေခါင္းညိတ္သည္။ထို႔ေနာက္အာဏာကိုၾကည့္လိုက္ၿပီးေျပာသည္။
"မင္းအိမ္ျပန္လိုက္ဦးေလ... ေသြးေတြေပေနေတာ့ေရေလးဘာေလးခ်ိဳးၿပီးမွျပန္လာခဲ့...ခဏတျဖဳတ္အိပ္လိုက္ဦး.... ငါတို႔ေစာင့္ေပးမယ္"
ရွင္းခန္ေျပာေတာ့ အာဏာကေခါင္းခါသည္။
"ကိုကိုသတိရမွ ျပန္လိုက္မယ္"
"မင္းဆက္သတိရရင္လဲ မင္းျပန္ခ်င္မွာမဟုတ္ဘူး...ကဲပါကြာ ျပန္လိုက္ပါ... ငါတုိ႔ေစာင့္ေနမယ္ ဟုတ္ၿပီလား "
စိုင္းေအာင္ကအတင္းေျပာမွ အာဏာလက္ေလ်ာ့ၿပီးျပန္ဖို႔ကို သေဘာတူလိုက္ရသည္။
"ကိုကို သတိရရင္ခ်က္ခ်င္းအေၾကာင္းၾကားေပး"
"အင္း စိတ္ခ် .. မင္းလဲပင္ပန္းေနၿပီ ...ခဏေလာက္အိပ္လိုက္ဦး"
"ဟုတ္ကဲ့"
===============
အိမ္ေရာက္ေတာ့ ေဒၚႀကီးကျကိဳကာေမးသည္။ ကျပာကယာနွင့္ အိမ္ျပင္သို႔ထြက္ကာ အာဏာဆီသို႔လာေနေသာေဒၚႀကီးက စိတ္ပူေနသည္နွင့္တူသည္။ အာဏာ ကားေပၚကဆင္းလိုက္ၿပီး ေဒၚႀကီးရွိရာသို႔တန္းေနေအာင္သြားလိုက္သည္။
"သားႀကီးေရာ"
"ကိုကိုက ေခါင္းကိုထိခိုက္ထားလို႔ေဆးရံုမွာ...ကြၽန္ေတာ္ကခဏျပန္လာတာ "
"ဟယ္ ဟုတ္လား...သားျပန္သြားရင္ သားႀကီးစားဖို႔ေဒၚႀကီး စြပ္ျပဳတ္ျပဳတ္ေပးလိုက္မယ္ေနာ္"
"ဟုတ္ကဲ့ "
အာဏာ ေျပာၿပီးအေပၚထပ္မွသူအခန္းထဲသို႔တတ္လာခဲ့သည္။အခန္းထဲေရာက္ေတာ့ ေရခ်ိဳးခန္းထဲသို႔တစ္ခါတည္းဝင္လိုက္သည္။ ေသြးေတြစြန္းေပေနေသာ အေပၚထပ္အက်ီီၤကို ခြၽတ္ကာ ျခင္းထဲသို႔ထည့္လိုက္ၿပီးမွန္ေရွ႕သို႔သြားကာရပ္လိုက္သည္။
ေရေအးေအးေလးျဖင့္မ်က္နွာသစ္လိုက္ေတာ့ ဓားရွပ္ထိထားေသာ ဒဏ္ရာကစပ္သြား၍သူအနည္းငယ္မ်က္နွာရွံု႔မိသြားသည္။မွန္ထဲရွိမ်က္နွာကို ၾကည့္လိုက္ၿပီး သူေငးမိသည္။
မ်က္လံုး ၊၊ ဦးေအာင္ဇင္ကိုၾကည့္လိုက္တုန္းကသူဘာျဖစ္သြားလဲမသိ။ စိတ္တိုသည္သာသိသည္။ သူ႔မ်က္လံုးကိုၾကည့္မိေနာက္မူမမွန္ေတာ့ေသာ ဦးေအာင္ဇင္ေၾကာင့္ သူစိတ္ရႈပ္သြားသည္။
ေတြးလက္စရပ္ၿပီး ေရခ်ိဳးလိုက္သည္။ခါးတြင္တဘက္တစ္ထည္ကိုပတ္ကာ ေရခ်ိဳးခန္းထဲမွထြက္လာခဲ့သည္။ ေပါ့ေပါ့ပါးပါးရွိမဲ့ အက်ီၤနွင့္ေဘာင္းဘီကိုသာဝတ္ၿပီးခုတင္နားကိုသြားလိုက္သည္။
တစ္ညလံုး မအိပ္ရေသးေသာေၾကာင့္ေမြ႕ရာေပၚတတ္ကာခဏအိပ္ရန္ျပင္လိုက္သည္။ပင္ပန္းၿပီး ေညာင္းကိုက္ေနေသာေၾကာင့္ ခဏအတြင္းသူအိပ္ေပ်ာ္သြားသည္။
================
ရွင္းခန္႔ ခံုတြင္ထိုင္ကာ ဖုန္းၾကည့္ေနလ်က္။စိုင္းေအာင္ကေတာ့ ဆိုဖာေပၚတြင္လွဲေနၿပီး အိပ္ေနသည္။ ရွင္းခန္႔ ဖုန္ကိုၾကည့္ေနရင္း ေအာင္ခန္႔ကဖုန္းဆက္၍ ကိုင္လိုက္သည္။
"ေျပာ"
"ဦးေအာင္ဇင္အေၾကာင္းသိၿပီ... ေဒၚခ်ိဴဇင္ကလဲဝန္ခံထားၿပီးၿပီ "
"ေကာင္းၿပီ... ငါတို႔ျပန္လာရင္ အားလံုးစီစဥ္မယ္.... ခု မင္းဆက္ေဆးရံုတတ္ေနလို႔ေစာင့္ေနတယ္.... မင္းၾကည့္ၿပီးလုပ္လိုက္ဦး"
"ဟုတ္ကဲ့"
ရွင္းခန္႔ ဖုန္းခ်ၿပီး ေဘးကိုၾကည့္လိုက္ေတာ့ စိုင္းေအာင္ကအိပ္ေနသည္။ရွင္းခန္႔ စိုင္းေအာင္ကိုၾကည့္ကာေခါင္းခါလိုက္ၿပီး မင္းဆက္အနားသို႔သြားလုိက္သည္။
ခုတင္ေဘးနားသြာၿပီး မင္းဆက္ကိုခ်ိတ္ေပးထားေသာ ေဆးပုလင္ကို သြားၿပီးၾကည့္လိုက္သည္။ထိုစဥ္ မ်က္လံုးဖြင့္လာေသာ မင္းဆက္ေၾကာင့္ ရွင္းခန္႔က မ်က္လံုးျပဴးသြားသည္။
ရွင္းခန္႔ေမးသည္။
"သတိရၿပီလား ... သက္သာလား"
မင္းဆက္က မ်က္လံုးဖြင့္ကာအခန္းကိုၾကည့္လိုက္ၿပီး ရွင္းခန္႔ကိုေမးသည္။
"အာဏာေရာ"
နိုးနိုးခ်င္း အာဏာကိုေမးလိုက္ေသာမင္းဆက္ေၾကာင့္ ရွင္းခန္႔နင္သြားသည္။ သူကေတာ့စိုးရိမ္လိုက္ရတာ။ ရွင္းခန္႔လဲ ေဘးနားခံုတြင္ထိုင္ င္းေျဖလိုက္သည္။
"အိမ္ခဏျပန္သြားတယ္...မျပန္ဘူးလုပ္ေနလို႔ အတင္းျပန္ခိုင္းရတယ္"
မင္းဆက္ကေခါင္းကိုသာတဆက္ဆက္ညိတ္လိုက္၏။
"ေၾသာ္"
မင္းဆက္က ထထိုင္ရန္လုပ္ေတာ့ ရွင္းခန္႔ကေခါင္းအံုးကိုမင္းဆက္၏ ေနာက္ေက်ာတြင္ခုေပးၿပီး ထိုင္လို႔အဆင္ေျပေအာင္လုပ္ေပးသည္။
ထို႔ေနာက္မင္းဆက္ကေမးသည္။
"ဦးေအာင္ဇင္ေရာ"
ရွင္းခန္႔က ေဘးကခံုတြင္ျပန္ထိုင္လိုက္ကာေျဖေလသည္။
"စိတ္မပူနဲ႔ ...အားလံုးအဆင္ေျပသြားၿပီ..လူေပ်ာက္တိုင္ထားတဲ့အေဒၚႀကီးရဲ႕သမီးျဖစ္သူကိုေတြ႕ထားတယ္...အသက္ရွင္လ်က္ေတြ႕တာမို႔စိတ္မပူနဲ႔"
ရွင္ခန္႔ကရွင္းျပေတာ့ မင္းဆက္ကဆက္ေမး၏။
"သူသမီးနဲ႔ထြက္ေျပးတဲ့ေကာင္ေလးေရာ...သူ႔သမီးအမ်ိဳးသားကေရာ"
ထိုေမးခြန္းေၾကာင့္ ရွင္းခန္႔ကသက္ျပင္းခ်လိုက္ၿပီးစိတ္မေကာင္းသလိုနွင့္ေျဖေလသည္။
"ဆံုးသြားၿပီလို႔ထင္တယ္....ခုထိေတာ့DNAမစစ္ရေသးဘူး.... မၾကာခင္သိရမွာပါ"
မင္းဆက္လဲ စိတ္မေကာင္းျဖစ္သြားသည္။ထိုစဥ္ ရွင္းခန္႔ကအိပ္ေနေသာစိုင္းေအာင္အနားသို႔သြားလိုက္သည္။ဆိုဖာေပၚတြင္အားရပါးရေအးေအးေဆးေဆးအိပ္ေနေသာ စိုင္ေအာင္ကိုၾကည့္ကာေခါင္းခါလိုက္သည္။
"ေတာ္ေတာ္ပင္ပန္းၿပီး အိပ္ေရးပ်က္ေနပံုပဲ"
မင္းဆက္ကေတာ့ ၿပံဳးရံုသာၿပံဳးသည္။ထိုစဥ္ ရွင္းခန္႔ကအိပ္ေပ်ာ္ေနေသာစိုင္းေအာင္၏နားနားသို႔ကပ္ကာနွိုးလိုက္သည္။
"ေဟ့ေကာင္ "
ရွင္းခန္႔နႈိးေနေသာ္လဲမနိုးေသာ စိုင္းေအာင္ေၾကာင့္နားကာထပ္မံ ကပ္ၿပီးအသံက်ယ္က်ယ္နွင့္ေအာ္လိုက္၏။
"စိုင္းသတၱိေအာင္ "
"ရိွ"
"မင္းေမလင္ကိုရွိ ..... အိပ္ေနတာသိုးေနတာပဲ"
နာမည္အျပည့္အစံုေခၚကာမွ mထလာၿပီး ရွိ လုပ္ေနေသာစိုင္းေအာင္ကို ရွင္းခန္႔ကေျပာသည္။စိုင္းေအာင္ ပြေနေသာဆံပင္ေတြကိုသပ္တင္လိုက္သည္။
"ကြၽန္ေတာ္ခဏအိပ္ေပ်ာ္သြားတယ္"
"ေၾသာ္ ေအးပါ... ခဏေလးေနာ္"
ရွင္းခန္႔က႐ြဲ႕ေျပာေတာ့ စိုင္းေအာင္ကနွာေခါင္းရွံု႔ၿပီးေမးသည္။
"ေခါင္းေဆာင္ေရာ"
စိုင္းေအာင္ေမးေတာ့ ရွင္းခန္႔က မ်က္နွာမဲ့ၿပီးေျဖသည္။
"မင္းအေဖက ဟုိမွာ ... ေႁမြသာဆိုေပါက္သက္ေနတာၾကာၿပီ "
"မျမင္လို႔ေပါ့ဗ် .... ဆူဖို႔ဆိုတာႀကီးပဲ"
"ဆူေအာင္လုပ္ေနတာကို ... သြား အာဏာကိုသြားၿပီးဖုန္းဆက္လိုက္ဦး"
ရွင္းခန္႔ေျပာေတာ့ စိုင္းေအာင္ကေျပာ၏။
"ၿပီးေရာ ဆက္လိုက္မယ္... သန္႔စင္ခန္းခဏသြားလိုက္ဦးမယ္"
စိုင္းေအာင္ေျပာၿပီး အခန္းထဲမွထြက္လာခဲ့သည္။သန္႔စင္ခန္းထဲေရာက္ေတာ့ အာဏာကိုဖုန္းဆက္ဖိုလုပ္လိုက္သည္။
"ေအး အာဏာ... ေခါင္းေဆာင္သတိရၿပီ "
"___"
"အင္း လာခဲ့ေတာ့ေလ... မင္းလာခ်င္ရင္"
"___"
"okok စိတ္ခ်"
စိုင္းေအာင္ ဖုန္းဆက္ၿပီးေတာ့ သန္႔စင္ခန္းထဲတြင္လက္ေဆးလိုက္သည္။ထို႔ေနာက္ျပန္ထြက္လာၿပီး မင္းဆက္၏အခန္းဆီသို႔ျပန္လာခဲ့သည္။
"အဟင့္ ! အဟင့္!"
စိုင္းေအာင္သြားေနရင္း တစ္ေနရာရာေရာက္ေတာ့ ငိုသံၾကားလိုက္ရ၍ ရပ္လိုက္သည္။
"အဟင့္ !"
မိန္းကေလးတစ္ေယာက္၏ ငိုသံျဖစ္ေန၍သူအသံလာရာကို ေသခ်ာၾကည့္မိေတာ့ ေထာင့္တစ္ေနရရာတြင္ေကာင္မေလးတစ္ေယာက္ကငိုေနသည္။
"ဒီမွာဗ်"
စိုင္းေအာင္ ငိုေနေသာေကာင္မေလးကိုေခၚလိုက္ေတာ့ သူမကငိုေနရာမွရပ္ကာ ထၿပီးထြက္ေျပးသြားသည္။
"ဘာလဲဟ"
စိုင္းေအာင္လဲ ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီး အခန္းသို႔ျပန္လာခဲ့သည္။
==================
အာဏာ အိပ္ေနရင္းဖုန္းလာေသာေၾကာင့္ ကိုင္လိုက္ေတာ့ စိုင္းေအာင္ျဖစ္ေနၿပီးမင္းဆက္သတိရလာၿပီဆိုေသာေၾကာင့္ ကျပာကယာနွင့္ အခန္းထဲမွထြက္လာခဲ့သည္။
ေအာက္ထပ္ေရာက္ေတာ့ ေဒၚႀကီးကေရာက္လာ၏။
"သြားေတာ့မလား သားငယ္"
"ဟုတ္ကဲ့ ... ကိုကိုသတိရၿပီတဲ့ႀကီးေမ"
"ေအးေအး... ခဏေနာ္"
ေဒၚႀကီးက မီးဖိုခန္းထဲဝင္သြားၿပီးေနာက္ ခ်ိဳင့္ကိုဆြဲကာျပန္ထြက္လာသည္။
"ေရာ႕သား ... သားႀကီးအတြက္ေရာ သားငယ္အတြက္ေရာ ေဒၚႀကီးလုပ္ေပးထားတယ္"
အာဏာ ေဒၚႀကီးေပးတဲ့ခ်ိဴင့္ကိုယူၿပီးေျပာလိုက္သည္။
"ဟုတ္ကဲ့ ... ကြၽန္ေတာ္သြားၿပီေနာ္"
"ခဏေနဦးသား... ပါးကဒဏ္ရာကိုေဆးထည့္ဦးေလ"
ေဒၚႀကီးေျပာေတာ့ အာဏာကပါးကိုစမ္းၾကည္လိုက္ၿပီး ၿပံဳးကာဆုိသည္။
"ရတယ္ေဒၚျကီး... ကြၽန္ေတာ္ဘာမွမျဖစ္ဘူး..သြားၿပီေနာ္"
"ေအးေအး"
အာဏာလဲ စြပ္ျပဳတ္ခ်ိဳင့္ကိုဆြဲၿပီး ကားျဖင့္ေဆးရံုသို႔ထြက္လာခဲ့သည္။ကားေမာင္းေနရင္း မွန္ကိုအမွတ္တမဲ့ၾကည့္မိလိုက္ေတာ့စိတ္ထဲသူတစ္မ်ိဴးျဖစ္သြားသည္။မွန္ထဲတြင္ျမင္ေနရေသာ မ်က္လံုးေၾကာင့္ သူေခါင္းခါလိုက္ၿပီး ကားကိုသာဆက္၍ေမာင္းလာခဲ့သည္။
ေဆးရံုေရာက္ေတာ့ တစ္ခါတည္းမင္းဆက္အခန္းကိုဦးတည္ခဲ့သည္။
မင္းဆက္ အခန္းထဲမွာ ဆရာဝန္ကေဆးပုလင္းကုန္သြား၍ ျဖဳတ္ေပးေနရင္း ဆရာဝန္ကဆိုသည္။
"စိုးရိမ္စရာရွိေတာ့ပါဘူး...ေခါင္းကိုေတာ့သတိထားဦးေနာ္...နည္းနည္းမူးတာေတြေတာ့ရွိမယ္ "
ဆရာဝန္ကေျပာေတာ့ မင္းဆက္ကလက္ခံေခါင္းညိတ္လိုက္သည္။
"ဟုတ္ကဲ့... ဒါနဲ႔ေဒါက္တာ ေဆးရံုဆင္းဖို႔ကေရာ"
မင္းဆက္ေမးေတာ့ ေဘးကရွင္းခန္႔ကေျပာသည္။
"မင္းကလဲ ေသခ်ာေပ်ာက္သြားေအာင္ေတာ့ ေဆးရံုတတ္လိုက္ပါကြာ...က်န္တာေတြကိုစိတ္ပူမေနနဲ႔"
ဆရာဝန္ကလဲ ရွင္းခန္႔၏စကားကိုလက္ခံကာေျပာသည္။
"ဟုတ္တယ္... ေဆးရံုကိုအနာက်တ္တဲ့အထိတတ္ေစခ်င္တယ္ "
ဂ်ေလာက္!
အခန္းတံခါးဖြင့္သံေၾကာင့္ အားလံုးလွည့္ၾကည့္လိုက္ေတာ့ အာဏာက ခ်ိဳင့္ကိုကိုင္ကာ အထဲဝင္လာသည္။
အာဏာကေရာက္ေတာ ဆရာဝန္ကိုျမင္သြားသည္။ မင္းဆက္ကို၏ လက္ကိုကိုင္ထားေသာ ဆရာဝန္ေၾကာင့္အာဏာမ်က္ေမွာင္ၾကဳတ္သြားသည္။
"ဒဏ္ရာက ေခါင္းမွာ"
အာဏာ ကမ်က္စပစ္ျပၿပီးေျပာေတာ့ ဆရာဝန္ကေယာင္သြားၿပီး မင္းဆက္လက္ကိုကိုင္ထားရာမွလႊတ္လိုက္သည္။
"ေဆးပုလင္းကုန္သြားလို႔ျဖဳတ္ေပးေနတာပါ"
ဆရာဝန္ကေျဖေတာ့ အာဏာကလက္ထဲကခ်ိဳင့္ကိုစာပြဲေပၚတင္လိုက္သည္။
"ျဖဳတ္ၿပီးၿပီမို႔လား "
အာဏာကလွည့္မၾကည့္ဘဲေျပာေတာ့ ဆရာဝန္လဲ ဗန္းထဲကိုေဆးပုလင္းေတြထည့္ၿပီး မင္းဆက္ကိုၾကည့္ကာ။
"မင္းဆက္ညီေလးက ကိုယ့္ကိုသေဘာမက်ဘူးထင္တယ္...သြားလိုက္ဦးမယ္...လိုအပ္ရင္ေခၚလိုက္"
ဆရာဝန္ေျပာေတာ့ မင္းဆက္ကအားနာသလိုနွင့္ ၿပံဳးၿပလိုက္သည္။
"ဟုတ္ကဲ့ေဒါက္တာ...ကြၽန္ေတာ္ေခၚလိုက္မယ္"
"ေကာင္းၿပီ"
ထို႔ေနာက္ ေဘးကရွင္းခန္႔ကိုပါနႈတ္ဆက္ၿပီး အခန္းထဲကထြက္သြားသည္။ရွင္းခန္႔က ဆိုဖာေပၚတြင္ထိုင္ေနေသာ အာဏာၾကည့္ၿပီး စိုင္းေအာင္ကိုျပန္ၾကည့္ကာဆိုလိုက္သည္။
"ျပန္ၾကမယ္"
"အြန္း"
ထို႔ေနာက္ မင္းဆက္ဘက္ကိုလွည့္ၿပီးသူကဆိုသည္။
"ငါတို႔ျပန္နွင့္မယ္ .. အာဏာရွိေနေတာ့အဆင္ေျပတယ္မလား"
ရွင္းခန္႔ေမးေတာ့ ေနာက္ကအာဏာကပ်င္းတြဲေနေသာေလသံနွင့္ေျပာသည္။
"မေျပစရာမရွိပါဘူး"
အာဏာရဲ႕ တံုးတိအေျဖေၾကာင့္ရွင္းခန္႔ နင္သြားသည္။၊
"သြားမယ္ စိုင္းေအာင္"
"ဟုတ္"
ထို႔ေနာက္ ရွင္းခန္႔တို႔၂ေယာက္လဲ ျပန္သြားၾကသည္။ရွင္းခန္႔တို႔ထြက္သြားေတာ့ မင္းဆက္က ဆိုဖာတြင္ေအးေဆးထိုင္ေနေသာအာဏာၾကည့္ၿပီးၿပံဳးကာေျပာလိုက္သည္။
"ဗိုက္ဆာတယ္"
မင္းဆက္ေျပာေတာ့ အာဏာက ထိုင္ေနရာမွခ်က္ခ်င္းထလာၿပီး မင္းဆက္အနားေရာက္လာသည္။လူနာခုတင္ေဘးတြင္ရွိေသာစားပြဲေပၚတြင္တင္ထားေသာခ်ိဳင့္ကို အာဏာကဖြင့္ေနေတာ့ မင္းဆက္က စိတ္ဝင္တစားၾကည့္ေနလ်က္။
"ဘာေတြလဲ"
မင္းဆက္ေမးေတာ့ အာဏာကခ်ိဴင့္တြင္ဇြန္းေလးတပ္ၿပီး စြတ္ျပဳတ္ကိုေမႊကာေျဖသည္။
"စြတ္ျပဳတ္ေလ...ကိုကို႔အႀကိဳက္ကိုေဒၚႀကီးကလုပ္ေပးလိုက္တာ"
"ေဒၚႀကီးကသိသြားၿပီလား"
"အင္း ... ကြၽန္ေတာ္ေျပာလိုက္တာ"
အာဏာကေျပဳေတာ့ မင္းဆက္ကေခါင္းညိတ္သည္။အာဏာက မင္းဆက္ေဘးနားတြင္ထုိင္လိုက္ၿပီးႏူးညံ့စြာေျပာသည္။
"ေသာက္ရေအာင္ "
ခြံ႕ေကြၽးမလို႔ လုပ္ေနေသာအာဏာေၾကာင့္ မင္းဆက္ကတားလိုက္သည္။
"ရတယ္..ကိုယ့္ဘာသာေသာက္မယ္...မင္းလဲဘာမွမစားရေသးဘူးမို႔လား "
မင္းဆက္ေမးေတာ့ အာဏာလဲ လက္ထဲကခ်ိဳင့္ေလးကို မင္းဆက္ကိုေပးလိုက္ၿပီး ေနာက္တစ္ခ်ိဳင့္ကိုယူလိုက္သည္။
"ကြၽန္ေတာ့္အတြက္ပါတယ္ေလ"
"အင္း ေသာက္လိုက္ေလ... ဗိုက္ဆာေနမွာေပါ့"
"ဟုတ္"
၂ေယာက္သားစြတ္ျပဳတ္ေသာက္လိုက္ၾကသည္။မင္းဆက္ေသာက္ေနရင္း အာဏာ၏ပါးျပင္မွဒဏ္ရာကိုျမင္ေတာ့ လက္ထဲကခ်ိဳင့္ကိုခ်လိုက္သည္။ဒါကို အာဏာကျမင္ေတာ့ေမး၏။
"ဘာလို႔လဲ ... ဝၿပီလား"
အာဏာေမးေတာ့ မင္းဆက္ကေခါင္းညိတ္သည္။ထို႔ေနာက္ စာပြဲေပၚတြင္တင္ထားေသာ ေဆးဗန္းထဲမွ ပလာစတာတစ္ခုကိုယူလိုက္သာေၾကာင့္ အာဏာကလက္ထဲကစြတ္ျပဳတ္ခ်ိဳင့္ကိုခ်ၿပီး ျပန္သိမ္းလိုက္သည္။ထို႔ေနာက္ မင္းဆက္ကိုၾကည့္ၿပီးမ်က္ေမွာင္ၾကဳတ္ကာေမးေလသည္။
"ဘာလို႔လဲကိုကို... တစ္ေနရာရာကနာလို႔လား"
"ၿငိမ္ၿငိမ္ေနစမ္း... ပါးမွဒဏ္ရာနဲ႔ေဆးလိမ္းရမယ္"
မင္းဆက္ကေျပာၿပီးရအာဏာရဲ႕ ဒဏ္ရာေလးကိုေဆးထည့္ရန္ အရက္ျပန္ပုလင္းကိုယူကာ ဂြမ္းေလးျဖင့္ သန္႔စင္ေပးလိုက္သည္။
အရက္ျပန္ေၾကာင့္ စပ္ေနမွစုိး၍ မင္းဆက္ ေလးျဖင့္ျဖည္းျဖည္းေလးမႈတ္ေပးလိုက္သည္။
မိမိ၏ ပါးျပင္ေပၚရိုက္ခတ္ေနေသာ ေလေႏြးေႏြးေလးေၾကာင့္ အာဏာနားေတြရဲလာသည္။မင္းဆက္ကေတာ့ အရက္ျပန္ျဖင့္ေသခ်ာသန္႔စင္ေပးၿပီး ပလာစတာကပ္ေပးလိုက္သည္။
"ရၿပီ"
မင္းဆက္ေျပာေတာ့ အာဏာကမင္းဆက္ကိုၾကည့္ၿပီးေခါင္းက ပတ္တီးကိုလက္ျဖင့္ ညင္သာစြာထိၿပီးဆို၏။
"နာသြားမွာပဲေနာ္"
"အဟင္း မနာပါဘူး ..ဒီေလာက္ကပံုမွန္ပဲ.. ေအးေဆး"
ရုတ္တရက္အာဏာ၏ အျပဳအမူေၾကာင့္ မင္းဆက္ အနည္းငယ္အံ့ၾသသြားေပမဲ့ မင္းဆက္ၿပံဳးလိုက္သည္။နဖူးေပၚက ပတ္တီးေနရာကို ညင္သာစြာနမ္းေနေသာ အာဏာကို မင္းဆက္ကၾကည့္ကာၿပံဳးသည္။
"အနာေတြအားလံုးေပ်ာက္ေစ.. အံုဖြ"
အာဏာရဲ႕စကားကိုမင္းဆက္ကရယ္သည္။
"ဟားးဟားးး ဟုတ္ပါၿပီကြာ.. ေပ်ာက္သြားၿပီ"
ငယ္ငယ္ကမင္းဆက္ဒဏ္ရာရရင္ လုပ္ေပးသလို အနမ္းေပးကာ အံုဖြလုပ္တတ္ေသာအာဏာေၾကာင့္ မင္းဆက္သေဘာက်မိသည္။
ေဆးရံုခန္းေလးထဲမွာေတာ့ ေခါင္းတြင္ပတ္တီးျဖင့္သေဘာတက်ရယ္ေနေသာေကာင္ေလးတစ္ေယာက္နွင့္ ထိုေကာင္ေလးကိုၾကည့္ကာ ၿပံဳးေနေသာ အျပာေရာင္မ်က္လံုးေတာက္ေတာက္ေလးနွင့္ ေကာင္ေလးတစ္ေယာက္ရွိသည္။
ပတ္တီးနွင့္ ေကာင္ေလးကိုျမင္တိုင္းအျပာေရာင္မ်က္လံုးေလးေတြဟာသာမာန္ထက္ ပိုမိုေတာက္ပေနသည္ကိုေတာ့ ထိုေကာင္ေလးသတိမထားမိ။
=================
ရင္း မနက္မိုးလင္းေတာ့ Blue Moonအဖြဲ႕၏ ဌာနသို႔ေရာက္လာခဲ့သည္။အိမ္ႀကီးကို ကန္႔သက္နယ္ေျမအျဖစ္သတ္မွတ္လိုက္ၿပီးဘယ္သူမွဝင္မရေအာင္စည္းတားထားသည့္အတြက္ ရင္း ဌာနသို႔သာလာခဲ့သည္။
ဆိုင္ကယ္ေလးရပ္ကာ အေဆာက္အဦးေရွ႕ကေန အထဲသို႔လွမ္းၾကည့္ေနသည္။
"ဘာရွာေနတာလဲကေလး"
"အေမ့!"
ရင္း အထဲကိုေခ်ာင္းေနတုန္း ေနာက္ကအသံၾကားလိုက္ရ၍ လန္႔သြားသည္။ ေနာက္ကိုလွည့္ၾကည့္ေတာ့ အရပ္ရွည္ရွည္နွင့္အသားျဖဴျဖဴနွင့္ ေခ်ာေမာတဲ့လူတစ္ေယာက္ေၾကာင့္ ရင္း ခဏတာေငးမိသြားသည္။
ေဂ်ာင္ဝူး သူ႔ေရွ႕တြင္ေမာ့ကာေငးေနေသာေကာင္ေလးေၾကာင့္ရယ္ခ်င္စိတ္ကိုထိန္းထားရသည္။သူ႔လည္ပင္နားေတာင္မေရာက္ရင္ဘက္သာသာရွိေသာ ေကာင္ေလးေရွ႕ကို သူငံု႔ခ်လိုက္ၿပီးသူေမးလိုက္သည္။
"ကိုယ္ကအဲ့ေလာက္ေတာင္ေခ်ာလား"
ရင္း သတိလက္လြတ္ေငးေနရာမွသတိျပန္ဝင္သြားၿပီး ေနာက္ကိုဆုတ္လိုက္၏။
"ဘာကိုလဲ "
"မသိဘူးေလ...မင္းကေငးေနေတာ့"
ရင္း လဲအနည္းငယ္ရွက္သြားသည္။ ဟုတ္တယ္ နည္းနည္းပဲရွက္သြားတာ။
"ဒီကအကိုက Blue Moonကလား"
ရင္း ကေမးေတာ့ ေဂ်ာင္ဝူးကေခါင္းညိတ္၏။
"ဟုတ္တယ္ ... ဘာလို႔လဲ"
ထိုအခါ ရင္း ကဝမ္းသာသြားၿပီးသူ႔ကိုယ္သူမိတ္ဆက္လိုက္သည္။
"ကြၽန္ေတာ့္က Hunသတင္းတိုက္က သတင္းေထာက္ ရင္းပါဗ်"
"ရင္း...ဟုတ္လား"
ထူးဆန္းနာမည္ေၾကာင့္ ေဂ်ာင္ဝူးမ်က္စိလည္သြားသည္။သူ႔အေနနွင့္ျမန္မာစကားကိုကြၽမ္းက်င္ေပမဲ့ ခုလိုနာမည္ေတာ့ ထူးဆန္းေနသည္။
"အင္း..ကြၽန္ေတာ္က မေန႔ကမႈခင္းျဖစ္သြားတဲ့အိမ္ႀကီးနဲ႔ပတ္သက္တာကိုလာၿပီးသတင္းယူတာပါဗ် .... အကိုကြၽန္ေတာ့္ကို ေျပာျပမခ်င္ဘူးလား"
မ်က္ေတာင္ေလးပုတ္ခက္ပုတ္ခက္နွင့္ ေျပာေနေသာ ရင္းရဲ႕နဖူးကိုလက္နဲ႔ေတာက္လိုက္ၿပီးေဂ်ာင္ဝူးဆိုလိုက္သည္။
"အထဲလိုက္ခဲ့"
"ဟုတ္ကဲ့"
ထို႔ေနာက္၂ေယာက္သားဌာနထဲသို႔ဝင္လာခဲ့သည္။
=================
"ျပန္လာၿပီလား "
ေအာင္ခန္႔ ဆိုဖာေပၚမွာအိပ္ေနတုန္း အသံၾကားရ၍ ေမးလိုက္သည္။
"အင္း"
ေျဖသံၾကားေတာ့ ေအာင္ခန္႔ထၿပီးထိုင္လိုက္သည္။
"အားးးး!!"
"ခင္ဗ်ား!!"
ေအာင္ခန္႔ သူ႔ေရွ႕ကဂ်ပုေလးကိုၾကည့္ၿပီး မ်က္လံုးျပဴးကာေမးလိုက္သည္။
"မင္းက ဘယ္ကေရာလာတာလဲဂ်ပု"
ရင္း သူ႔ကိုဂ်ပုလို႔ေျပာလိုက္ေသာေအာင္ခန္႔ေၾကာင့္ ရင္း စိတ္တိုသြားသည္။အေျခအေနကိုသိေသာေဂ်ာင္ဝူးကဝင္ေျပာသည္။
"ေတာ္ေတာ့... သူက Hunက သတင္းေထာက္"
"ဘာ!"
ရင္း ကေတာ့ခပ္တည္တည္နွင့္သာဆိုဖာေပၚထိုင္လိုက္သည္။ ထို႔ေနာက္ရင္းေမးသမ်ွကို ေဂ်ာင္ဝူးနဲ႔ေအာင္ခန္႔က ေျဖေပးလိုက္သည္။
ရင္း ကေတာ့ သေဘာက်ေနၿပီးတတ္တတ္ႂကြႂကြပင္ဆိုသည္။
"ေက်းဇူပါဗ်...သြားလိုက္ပါဦးမယ္"
"ႂကြႂကြ"
"ႂကြမယ္"
ရင္း လဲ ေျမာက္ႂကြေျမာက္ႂကြနွင့္ ျပန္သြားသည္။
===================
ဦးေအာင္ဇင္က ငယ္႐ြယ္စဥ္ထဲက စိတ္ေရာဂါသည္တစ္ဦးျဖစ္သည္။ မိဘမ်ားဆံုးသြားသည့္အတြက္ အမျဖစ္သူနွင့္အတူတူေနခဲ့ရသည္။
သူ႔ရဲ႕ ေရာဂါကစြဲလမ္းလြန္ေသာေရာဂါျဖစ္သည္။ မိေက်ာင္းသတၲဝါအားအလြန္စြဲလန္းေသာ ဦးေအာင္ဇင္သည္ မိေက်ာင္းသားေပါက္ေလးမ်ားကိုအၿမဲတမ္းအသားမ်ားေကြၽးတတ္သည္။
ခိုးယူဝယ္ထားေသာေၾကာင့္မည္သူမ်ွမသိေပ။ သို႔ေသာ္အစ္မျဖစ္သူသိသြားသည့္အခ်ိန္တြင္ထိုမိေက်ာင္းမ်ားအား လႊတ္ေပးဖူးသည္။
ေနာင္အသက္ႀကီးလာမွ ေမြးရန္ေဖ်ာင္းဖ်ခဲ့ရသည္။ေဒၚခ်ိဳဇင္ အိမ္ေထာင္က်သြားသည့္ေနာက္ ဦးေအာင္ဇင္၏ စိတ္အေျခအေနကို အမ်ိဳးသားက သိသြားခဲ့သည္။
ထို႔ေနာက္လင္မယား၂ေယာက္ကဦးေအာင္ဇင္ကို အိမ္ႀကီးတြင္ထားၿပီးအိမ္ခြဲကာေနေစခဲ့သည္။သာမာန္တြင္လူေကာင္းတစ္ေယာက္ျဖစ္ေသာ္လဲဦးေအာင္ဇင္၏အတြင္းစိတ္သည္ ရိုင္းစိုင္းသည္။
အသက္အ႐ြယ္ႀကီးလာေတာ့ဦးေအာင္ဇင္က သာမာန္လူအတိုင္း စီးပြားေရးကိုသာေအးေအးေဆးေဆးလုပ္ခဲ့သည္။
နိုင္ငံျခားသြားမည္ဟုဆိုတာ အိမ္ေဟာင္းႀကီးတြင္မိေက်ာင္းမ်ားကိုေမြးကာ ေနခဲ့သည္။Japan သြားမဲ့ကိစၥကိုေယာက္ဖျဖစ္သူက အမွန္ဟုထင္ခဲ့သည္။အမျဖစ္သူေဒၚခ်ိဳဇင္က အၿမဲတမ္းစားစာရာမ်ားဝယ္ကာ ဦးေအာင္ဇင္ကိုသြားပို႔ေပးခဲ့သည္။
ငယ္ငယ္ကမိေက်ာင္းစာေကြၽးရန္ ေခြးမ်ားကိုသတ္ခဲ့ေသာေၾကာင့္ ေဒၚခ်ိဳဇင္ကဦးေအာင္ဇင္အားတားခဲ့ရေသးသည္။ ေရာဂါဟာ တျဖည္းျဖည္းဆိုး႐ြားလာေသာေၾကာင့္အိမ္ႀကီးတြင္ေနၿပီး ေမာင္ျဖစ္သူအားစိတ္ႀကိဳက္လုပ္ခြင့္ေပးထားလိုက္သည္။
တား၍မရ။ မိမိကိုပင္ျပန္၍သတ္နိုင္ေသာေၾကာင့္လႊတ္ထားရသည္။ စစခ်င္းလူေပ်ာက္တုန္းကသူမအလြန္အံ့ျသသြားရသည္။ ေနာက္ပိုင္းတြင္ ေမာင္ျဖစ္သူ သည္ ပိုမိုဆိုး႐ြာလာေသာလဲသူမကတိုင္ၾကားျခင္းမရွိဘဲေရငံုနႈတ္ပိတ္ေနခဲ့သည္။
ပန္းခ်ီကားဟာ ေဒၚခ်ိဳဇင္ဆြဲထားျခင္းျဖစ္သည္။အိမ္ငွားမ်ားကိုပန္းခ်ီကားမွတစ္ဆင့္သိရွိၿပီး အသက္ကိုကကြယ္ရန္ဆြဲထားျခင္းျဖစ္ေသာ္လဲ မည္သူကမွမသိခဲ့သလို သတိလဲမထားခဲ့ၾကေခ်။ကိုယ္တိုင္ေျပာမရေသာေၾကာင့္ ပန္းခ်ီကားျဖင့္သတိေပးျခင္းပင္ျဖစ္သည္။
ေသဆံုးသြားေသာ လူ၆ေယာက္ အသက္ရွင္လ်က္ေတြ႕ေသာ မိန္းကေလး၏ အမ်ိဴးသားပါေတြ႕ရွိခဲ့ရသည္။(ဗိုက္ေပါက္ေသသြားေသာလူ)
ဤသို႔ျဖင့္ ျပႆနာအားလံုးေပၚေပါက္ၿပီး တရာခံဦးေအာင္ဇင္နွင့္ ႀကံရာပါေဒၚခ်ိဳဇင္တို႔သည္ အျပစ္ဒဏ္အားအသီးသီးခံယူခဲ့ၾကသည္။
======================
ဦးေအာင္ဇင္အားဖမ္းမိၿပီး၁၀ရက္ၾကာၿပီးေနာက္။
ည၉နာရီ
"ေမေမေလး "
ေဒၚပန္းဆီ ဧည့္ခန္းထဲမွာTVၾကည့္ေနတုန္း ေခၚသံၾကားရ၍ လွည့္ၾကည့္ေတာ့ ဆူးခတ္။
"ဘာလို႔လဲ ဆူးေလး"
သူမေမးေတာ့ ဆူးခတ္ကေျပာသည္။
"အျပင္ခဏသြားဦးမယ္... မၾကာဘူး "
"ဟယ္... ညေရာက္ေနၿပီေလဆူးေလးရယ္ "
"မၾကာပါဘူးေမေမေလးရယ္... ေနာ္ ဒီနားေလးတင္ပါ"
ေျပာမရေတာ့မဲ့အတူတူေခါင္းညိတ္လိုက္သည္။
"မၾကာနဲ႔ေနာ္.... ေမေမေလးေစာင့္ေနမယ္"
"ဟုတ္ကဲ့"
ဆူးခတ္ထြက္သြားေတာ့ ေဒၚပန္းဆီလဲTVဆက္ၾကည့္ေနလိုက္သည္။နာရီဝက္ေလာက္ၾကာေတာ့ ဆူးခတ္ကျပန္လာသည္။ မ်က္နွာမေကာင္းေၾကာင့္ သူမေမးလိုက္၏။
"ဆူးခတ္ ဘာလို႔လဲသမီး ငိုေနတာလား"
ေမးလိုက္ေတာ့ ဆူးခတ္ကေခါင္းခါ၏။
"မဟုတ္ဘူးေမေမေလး.. ဆူးခတ္မ်က္လံုးထဲအမႈန္ဝင္သြားလို႔ပါ ..ေမေမေလးအိပ္ေတာ့ေလ...ဆူးခတ္လဲအိပ္ေတာ့မယ္"
"ေအးေအး....သြားအိပ္ေတာ့ေနာ္"
"ဟုတ္ကဲ့"
ဆူးခတ္ဝင္သြားေတာ့ ေဒၚပန္းဆီလဲ အခန္းထဲသို႔ဝင္လာခဲ့သည္။
မနက္မိုးလင္းေတာ့ မီးဖိုေခ်ာင္ထဲဝင္ၿပီး မနက္စာစားရန္အားလံုးျပင္ဆင္ၿပီး ဆူးခတ္ကိုသြားနိုးရန္အတြက္ ေဒၚပန္းဆီ မီးဖိုေခ်ာင္ထဲကထြက္လာခဲ့သည္။
"ဆူးေလးေရ ...သမီး"
ေခၚၾကည့္ေတာ့ အသံမၾကားရ။ ထို႔ေၾကာင့္ သူကအခန္းတံခါးကိုဖြင့္ရန္ျပင္ေတာ့ ေလာ့ခ်မထား၍ အထဲသို႔ဝင္ရန္ တံခါးဖြင့္လိုက္ေတာ့ အံ့ၾသသြားရသည္။
"သမီး!!"
အခန္းထဲတြင္ ႀကိဳးတန္းလန္းနွင့္အသက္မဲ့ေနေသာေကာင္မေလးဆူခတ္။ အရွင္းဆံုးေျပာရရင္ေတာ့ ဆြဲႀကိဳးခ်ေသေနေသာ မိန္းကေလး။
#4.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
[ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
"ခေါင်းက၃ချက်လောက်ချုပ်လိုက်ရတယ်.. စိုးရိမ်စရာတော့မရှိပါဘူး...မကြာခင်သတိရလာလိမ့်မယ်"
"ဟုတ်ကဲ့... ကျေးဇူးပါ"
"ရပါတယ်... ကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
ဆရာဝန်နှင့် သူနာပြုမလေးတွေကထွက်သွားတော့ အာဏာလဲ မင်းဆက်ရဲ့ခုတင်ဘေးက ထိုင်ခုံတွင်ထိုင်လိုက်သည်။ ခေါင်းတွက်ပတ်တီးနှင့် လဲလျောင်းနေသော မင်းဆက်၏ လက်ကိုကိုင်ပြီး သူ၏ပါးပြင်တွင်ကပ်ထားမိသည်။
ပတ်တီးပေါ်တွင် ဝဲကျနေသောဆံပင်လေးများကိုဖြည်းဖြည်းလေးသပ်ကာတင်ပေးလိုက်ပြီး မင်းဆက်၏ မျက်နှာလေးအားငေးမောနေမိသည်။
အာဏာ၏ပုံစံမှာ လောကတွင်တန်ဖိုးအကြီးဆုံးအရာအား မျက်စိရှေ့ကပျောက်သွားမှာစိုး၍ တစိမ့်စိမ့်ကြည့်ပြီး ငေးမောနေသည်နှင့်ပင်တူနေသည်။
ဦးအောင်ဇင်က မင်းဆက်ကိုဓားနှင့်ထိုးနေသောအချိန်တွင် အာဏာစိတ်ထဲဘာမှမြင်တော့သည့်အထိ စိုးရိမ်မှုများဖုံးလွှမ်းသွားသည်။
အနည်းငယ်ပွန်းကာ သွေးစို့နေသောသူ၏လက်ဝါးကျယ်ကျယ်ထဲတွင် မိန်းကလေးတစ်ယောက်၏လက်ထက်တောင်လှကာ သေးသွယ်သောလက်လေးအား ညင်သာစွာဆုပ်ကိုင်ထားမိသည်။
"ကိုကိုသာတစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်သေမယ်ထင်တယ်"
လက်လေးအား ပါးပြင်တွင်ကပ်ကာခပ်တိုးတိုးလေးရေရွတ်မိသည်။ပြာလဲ့လဲ့မျက်ဝန်းလေးမှ မျက်ရည်လေးဟာ မင်းဆက်၏လက်ပေါ်သို့ကျဆင်းသွားသည်။
ဒေါက်! ဒေါက်!
တံခါးခေါက်သံကြောင့်သူ မင်းဆက်၏လက်လေးကိုရပြန်ချပေးပြီး စောင်ကိုသေချာခြုံပေးလိုက်သည်။ထို့နောက် ထိုင်နေရာမှထပြီး အခန်းတံခါးနားသို့သွားကာ တံခါးဖွင့်ပေးလိုက်သည်။
အခန်းအပြင်ဘက်မှရပ်နေသော ရှင်းခန့်နှင့်စိုင်းအောင်ကြောင့် အာဏာ အခန်ထဲဝင်ရန်လမ်းဖယ်ပေးလိုက်သည်။ထိုအခါ ရှင်းခန့်နှင့် စိုင်းအောင်ကအခန်းထဲဝင်လာပြီး မင်းဆက်၏ခုတင်နားသို့သွား၏။
"အဆင်ပြေတယ်မလား"
ရှင်းခန့်မေးတော့ အာဏာကခေါင်းညိတ်လိုက်သည်။
"ပြေတယ်.. စိုးရိမ်စရာမရှိပါဘူးတဲ့"
အာဏာကဖြေတော့ ရှင်းခန့်ကခေါင်းညိတ်သည်။ထို့နောက်အာဏာကိုကြည့်လိုက်ပြီးပြောသည်။
"မင်းအိမ်ပြန်လိုက်ဦးလေ... သွေးတွေပေနေတော့ရေလေးဘာလေးချိုးပြီးမှပြန်လာခဲ့...ခဏတဖြုတ်အိပ်လိုက်ဦး.... ငါတို့စောင့်ပေးမယ်"
ရှင်းခန်ပြောတော့ အာဏာကခေါင်းခါသည်။
"ကိုကိုသတိရမှ ပြန်လိုက်မယ်"
"မင်းဆက်သတိရရင်လဲ မင်းပြန်ချင်မှာမဟုတ်ဘူး...ကဲပါကွာ ပြန်လိုက်ပါ... ငါတို့စောင့်နေမယ် ဟုတ်ပြီလား "
စိုင်းအောင်ကအတင်းပြောမှ အာဏာလက်လျော့ပြီးပြန်ဖို့ကို သဘောတူလိုက်ရသည်။
"ကိုကို သတိရရင်ချက်ချင်းအကြောင်းကြားပေး"
"အင်း စိတ်ချ .. မင်းလဲပင်ပန်းနေပြီ ...ခဏလောက်အိပ်လိုက်ဦး"
"ဟုတ်ကဲ့"
===============
အိမ်ရောက်တော့ ဒေါ်ကြီးကကြိုကာမေးသည်။ ကပြာကယာနှင့် အိမ်ပြင်သို့ထွက်ကာ အာဏာဆီသို့လာနေသောဒေါ်ကြီးက စိတ်ပူနေသည်နှင့်တူသည်။ အာဏာ ကားပေါ်ကဆင်းလိုက်ပြီး ဒေါ်ကြီးရှိရာသို့တန်းနေအောင်သွားလိုက်သည်။
"သားကြီးရော"
"ကိုကိုက ခေါင်းကိုထိခိုက်ထားလို့ဆေးရုံမှာ...ကျွန်တော်ကခဏပြန်လာတာ "
"ဟယ် ဟုတ်လား...သားပြန်သွားရင် သားကြီးစားဖို့ဒေါ်ကြီး စွပ်ပြုတ်ပြုတ်ပေးလိုက်မယ်နော်"
"ဟုတ်ကဲ့ "
အာဏာ ပြောပြီးအပေါ်ထပ်မှသူအခန်းထဲသို့တတ်လာခဲ့သည်။အခန်းထဲရောက်တော့ ရေချိုးခန်းထဲသို့တစ်ခါတည်းဝင်လိုက်သည်။ သွေးတွေစွန်းပေနေသော အပေါ်ထပ်အကျီင်္ီကို ချွတ်ကာ ခြင်းထဲသို့ထည့်လိုက်ပြီးမှန်ရှေ့သို့သွားကာရပ်လိုက်သည်။
ရေအေးအေးလေးဖြင့်မျက်နှာသစ်လိုက်တော့ ဓားရှပ်ထိထားသော ဒဏ်ရာကစပ်သွား၍သူအနည်းငယ်မျက်နှာရှုံ့မိသွားသည်။မှန်ထဲရှိမျက်နှာကို ကြည့်လိုက်ပြီး သူငေးမိသည်။
မျက်လုံး ၊၊ ဦးအောင်ဇင်ကိုကြည့်လိုက်တုန်းကသူဘာဖြစ်သွားလဲမသိ။ စိတ်တိုသည်သာသိသည်။ သူ့မျက်လုံးကိုကြည့်မိနောက်မူမမှန်တော့သော ဦးအောင်ဇင်ကြောင့် သူစိတ်ရှုပ်သွားသည်။
တွေးလက်စရပ်ပြီး ရေချိုးလိုက်သည်။ခါးတွင်တဘက်တစ်ထည်ကိုပတ်ကာ ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ပေါ့ပေါ့ပါးပါးရှိမဲ့ အကျင်္ီနှင့်ဘောင်းဘီကိုသာဝတ်ပြီးခုတင်နားကိုသွားလိုက်သည်။
တစ်ညလုံး မအိပ်ရသေးသောကြောင့်မွေ့ရာပေါ်တတ်ကာခဏအိပ်ရန်ပြင်လိုက်သည်။ပင်ပန်းပြီး ညောင်းကိုက်နေသောကြောင့် ခဏအတွင်းသူအိပ်ပျော်သွားသည်။
================
ရှင်းခန့် ခုံတွင်ထိုင်ကာ ဖုန်းကြည့်နေလျက်။စိုင်းအောင်ကတော့ ဆိုဖာပေါ်တွင်လှဲနေပြီး အိပ်နေသည်။ ရှင်းခန့် ဖုန်ကိုကြည့်နေရင်း အောင်ခန့်ကဖုန်းဆက်၍ ကိုင်လိုက်သည်။
"ပြော"
"ဦးအောင်ဇင်အကြောင်းသိပြီ... ဒေါ်ချိူဇင်ကလဲဝန်ခံထားပြီးပြီ "
"ကောင်းပြီ... ငါတို့ပြန်လာရင် အားလုံးစီစဉ်မယ်.... ခု မင်းဆက်ဆေးရုံတတ်နေလို့စောင့်နေတယ်.... မင်းကြည့်ပြီးလုပ်လိုက်ဦး"
"ဟုတ်ကဲ့"
ရှင်းခန့် ဖုန်းချပြီး ဘေးကိုကြည့်လိုက်တော့ စိုင်းအောင်ကအိပ်နေသည်။ရှင်းခန့် စိုင်းအောင်ကိုကြည့်ကာခေါင်းခါလိုက်ပြီး မင်းဆက်အနားသို့သွားလိုက်သည်။
ခုတင်ဘေးနားသွာပြီး မင်းဆက်ကိုချိတ်ပေးထားသော ဆေးပုလင်ကို သွားပြီးကြည့်လိုက်သည်။ထိုစဉ် မျက်လုံးဖွင့်လာသော မင်းဆက်ကြောင့် ရှင်းခန့်က မျက်လုံးပြူးသွားသည်။
ရှင်းခန့်မေးသည်။
"သတိရပြီလား ... သက်သာလား"
မင်းဆက်က မျက်လုံးဖွင့်ကာအခန်းကိုကြည့်လိုက်ပြီး ရှင်းခန့်ကိုမေးသည်။
"အာဏာရော"
နိုးနိုးချင်း အာဏာကိုမေးလိုက်သောမင်းဆက်ကြောင့် ရှင်းခန့်နင်သွားသည်။ သူကတော့စိုးရိမ်လိုက်ရတာ။ ရှင်းခန့်လဲ ဘေးနားခုံတွင်ထိုင် င်းဖြေလိုက်သည်။
"အိမ်ခဏပြန်သွားတယ်...မပြန်ဘူးလုပ်နေလို့ အတင်းပြန်ခိုင်းရတယ်"
မင်းဆက်ကခေါင်းကိုသာတဆက်ဆက်ညိတ်လိုက်၏။
"ဩော်"
မင်းဆက်က ထထိုင်ရန်လုပ်တော့ ရှင်းခန့်ကခေါင်းအုံးကိုမင်းဆက်၏ နောက်ကျောတွင်ခုပေးပြီး ထိုင်လို့အဆင်ပြေအောင်လုပ်ပေးသည်။
ထို့နောက်မင်းဆက်ကမေးသည်။
"ဦးအောင်ဇင်ရော"
ရှင်းခန့်က ဘေးကခုံတွင်ပြန်ထိုင်လိုက်ကာဖြေလေသည်။
"စိတ်မပူနဲ့ ...အားလုံးအဆင်ပြေသွားပြီ..လူပျောက်တိုင်ထားတဲ့အဒေါ်ကြီးရဲ့သမီးဖြစ်သူကိုတွေ့ထားတယ်...အသက်ရှင်လျက်တွေ့တာမို့စိတ်မပူနဲ့"
ရှင်ခန့်ကရှင်းပြတော့ မင်းဆက်ကဆက်မေး၏။
"သူသမီးနဲ့ထွက်ပြေးတဲ့ကောင်လေးရော...သူ့သမီးအမျိုးသားကရော"
ထိုမေးခွန်းကြောင့် ရှင်းခန့်ကသက်ပြင်းချလိုက်ပြီးစိတ်မကောင်းသလိုနှင့်ဖြေလေသည်။
"ဆုံးသွားပြီလို့ထင်တယ်....ခုထိတော့DNAမစစ်ရသေးဘူး.... မကြာခင်သိရမှာပါ"
မင်းဆက်လဲ စိတ်မကောင်းဖြစ်သွားသည်။ထိုစဉ် ရှင်းခန့်ကအိပ်နေသောစိုင်းအောင်အနားသို့သွားလိုက်သည်။ဆိုဖာပေါ်တွင်အားရပါးရအေးအေးဆေးဆေးအိပ်နေသော စိုင်အောင်ကိုကြည့်ကာခေါင်းခါလိုက်သည်။
"တော်တော်ပင်ပန်းပြီး အိပ်ရေးပျက်နေပုံပဲ"
မင်းဆက်ကတော့ ပြုံးရုံသာပြုံးသည်။ထိုစဉ် ရှင်းခန့်ကအိပ်ပျော်နေသောစိုင်းအောင်၏နားနားသို့ကပ်ကာနှိုးလိုက်သည်။
"ဟေ့ကောင် "
ရှင်းခန့်နှိုးနေသော်လဲမနိုးသော စိုင်းအောင်ကြောင့်နားကာထပ်မံ ကပ်ပြီးအသံကျယ်ကျယ်နှင့်အော်လိုက်၏။
"စိုင်းသတ္တိအောင် "
"ရှိ"
"မင်းမေလင်ကိုရှိ ..... အိပ်နေတာသိုးနေတာပဲ"
နာမည်အပြည့်အစုံခေါ်ကာမှ mထလာပြီး ရှိ လုပ်နေသောစိုင်းအောင်ကို ရှင်းခန့်ကပြောသည်။စိုင်းအောင် ပွနေသောဆံပင်တွေကိုသပ်တင်လိုက်သည်။
"ကျွန်တော်ခဏအိပ်ပျော်သွားတယ်"
"ဩော် အေးပါ... ခဏလေးနော်"
ရှင်းခန့်ကရွဲ့ပြောတော့ စိုင်းအောင်ကနှာခေါင်းရှုံ့ပြီးမေးသည်။
"ခေါင်းဆောင်ရော"
စိုင်းအောင်မေးတော့ ရှင်းခန့်က မျက်နှာမဲ့ပြီးဖြေသည်။
"မင်းအဖေက ဟိုမှာ ... မြွေသာဆိုပေါက်သက်နေတာကြာပြီ "
"မမြင်လို့ပေါ့ဗျ .... ဆူဖို့ဆိုတာကြီးပဲ"
"ဆူအောင်လုပ်နေတာကို ... သွား အာဏာကိုသွားပြီးဖုန်းဆက်လိုက်ဦး"
ရှင်းခန့်ပြောတော့ စိုင်းအောင်ကပြော၏။
"ပြီးရော ဆက်လိုက်မယ်... သန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
စိုင်းအောင်ပြောပြီး အခန်းထဲမှထွက်လာခဲ့သည်။သန့်စင်ခန်းထဲရောက်တော့ အာဏာကိုဖုန်းဆက်ဖိုလုပ်လိုက်သည်။
"အေး အာဏာ... ခေါင်းဆောင်သတိရပြီ "
"___"
"အင်း လာခဲ့တော့လေ... မင်းလာချင်ရင်"
"___"
"okok စိတ်ချ"
စိုင်းအောင် ဖုန်းဆက်ပြီးတော့ သန့်စင်ခန်းထဲတွင်လက်ဆေးလိုက်သည်။ထို့နောက်ပြန်ထွက်လာပြီး မင်းဆက်၏အခန်းဆီသို့ပြန်လာခဲ့သည်။
"အဟင့် ! အဟင့်!"
စိုင်းအောင်သွားနေရင်း တစ်နေရာရာရောက်တော့ ငိုသံကြားလိုက်ရ၍ ရပ်လိုက်သည်။
"အဟင့် !"
မိန်းကလေးတစ်ယောက်၏ ငိုသံဖြစ်နေ၍သူအသံလာရာကို သေချာကြည့်မိတော့ ထောင့်တစ်နေရရာတွင်ကောင်မလေးတစ်ယောက်ကငိုနေသည်။
"ဒီမှာဗျ"
စိုင်းအောင် ငိုနေသောကောင်မလေးကိုခေါ်လိုက်တော့ သူမကငိုနေရာမှရပ်ကာ ထပြီးထွက်ပြေးသွားသည်။
"ဘာလဲဟ"
စိုင်းအောင်လဲ ကြောင်တောင်တောင်ဖြစ်သွားပြီး အခန်းသို့ပြန်လာခဲ့သည်။
==================
အာဏာ အိပ်နေရင်းဖုန်းလာသောကြောင့် ကိုင်လိုက်တော့ စိုင်းအောင်ဖြစ်နေပြီးမင်းဆက်သတိရလာပြီဆိုသောကြောင့် ကပြာကယာနှင့် အခန်းထဲမှထွက်လာခဲ့သည်။
အောက်ထပ်ရောက်တော့ ဒေါ်ကြီးကရောက်လာ၏။
"သွားတော့မလား သားငယ်"
"ဟုတ်ကဲ့ ... ကိုကိုသတိရပြီတဲ့ကြီးမေ"
"အေးအေး... ခဏနော်"
ဒေါ်ကြီးက မီးဖိုခန်းထဲဝင်သွားပြီးနောက် ချိုင့်ကိုဆွဲကာပြန်ထွက်လာသည်။
"ရော့သား ... သားကြီးအတွက်ရော သားငယ်အတွက်ရော ဒေါ်ကြီးလုပ်ပေးထားတယ်"
အာဏာ ဒေါ်ကြီးပေးတဲ့ချိူင့်ကိုယူပြီးပြောလိုက်သည်။
"ဟုတ်ကဲ့ ... ကျွန်တော်သွားပြီနော်"
"ခဏနေဦးသား... ပါးကဒဏ်ရာကိုဆေးထည့်ဦးလေ"
ဒေါ်ကြီးပြောတော့ အာဏာကပါးကိုစမ်းကြည်လိုက်ပြီး ပြုံးကာဆိုသည်။
"ရတယ်ဒေါ်ကြီး... ကျွန်တော်ဘာမှမဖြစ်ဘူး..သွားပြီနော်"
"အေးအေး"
အာဏာလဲ စွပ်ပြုတ်ချိုင့်ကိုဆွဲပြီး ကားဖြင့်ဆေးရုံသို့ထွက်လာခဲ့သည်။ကားမောင်းနေရင်း မှန်ကိုအမှတ်တမဲ့ကြည့်မိလိုက်တော့စိတ်ထဲသူတစ်မျိူးဖြစ်သွားသည်။မှန်ထဲတွင်မြင်နေရသော မျက်လုံးကြောင့် သူခေါင်းခါလိုက်ပြီး ကားကိုသာဆက်၍မောင်းလာခဲ့သည်။
ဆေးရုံရောက်တော့ တစ်ခါတည်းမင်းဆက်အခန်းကိုဦးတည်ခဲ့သည်။
မင်းဆက် အခန်းထဲမှာ ဆရာဝန်ကဆေးပုလင်းကုန်သွား၍ ဖြုတ်ပေးနေရင်း ဆရာဝန်ကဆိုသည်။
"စိုးရိမ်စရာရှိတော့ပါဘူး...ခေါင်းကိုတော့သတိထားဦးနော်...နည်းနည်းမူးတာတွေတော့ရှိမယ် "
ဆရာဝန်ကပြောတော့ မင်းဆက်ကလက်ခံခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... ဒါနဲ့ဒေါက်တာ ဆေးရုံဆင်းဖို့ကရော"
မင်းဆက်မေးတော့ ဘေးကရှင်းခန့်ကပြောသည်။
"မင်းကလဲ သေချာပျောက်သွားအောင်တော့ ဆေးရုံတတ်လိုက်ပါကွာ...ကျန်တာတွေကိုစိတ်ပူမနေနဲ့"
ဆရာဝန်ကလဲ ရှင်းခန့်၏စကားကိုလက်ခံကာပြောသည်။
"ဟုတ်တယ်... ဆေးရုံကိုအနာကျတ်တဲ့အထိတတ်စေချင်တယ် "
ဂျလောက်!
အခန်းတံခါးဖွင့်သံကြောင့် အားလုံးလှည့်ကြည့်လိုက်တော့ အာဏာက ချိုင့်ကိုကိုင်ကာ အထဲဝင်လာသည်။
အာဏာကရောက်တော ဆရာဝန်ကိုမြင်သွားသည်။ မင်းဆက်ကို၏ လက်ကိုကိုင်ထားသော ဆရာဝန်ကြောင့်အာဏာမျက်မှောင်ကြုတ်သွားသည်။
"ဒဏ်ရာက ခေါင်းမှာ"
အာဏာ ကမျက်စပစ်ပြပြီးပြောတော့ ဆရာဝန်ကယောင်သွားပြီး မင်းဆက်လက်ကိုကိုင်ထားရာမှလွှတ်လိုက်သည်။
"ဆေးပုလင်းကုန်သွားလို့ဖြုတ်ပေးနေတာပါ"
ဆရာဝန်ကဖြေတော့ အာဏာကလက်ထဲကချိုင့်ကိုစာပွဲပေါ်တင်လိုက်သည်။
"ဖြုတ်ပြီးပြီမို့လား "
အာဏာကလှည့်မကြည့်ဘဲပြောတော့ ဆရာဝန်လဲ ဗန်းထဲကိုဆေးပုလင်းတွေထည့်ပြီး မင်းဆက်ကိုကြည့်ကာ။
"မင်းဆက်ညီလေးက ကိုယ့်ကိုသဘောမကျဘူးထင်တယ်...သွားလိုက်ဦးမယ်...လိုအပ်ရင်ခေါ်လိုက်"
ဆရာဝန်ပြောတော့ မင်းဆက်ကအားနာသလိုနှင့် ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့ဒေါက်တာ...ကျွန်တော်ခေါ်လိုက်မယ်"
"ကောင်းပြီ"
ထို့နောက် ဘေးကရှင်းခန့်ကိုပါနှုတ်ဆက်ပြီး အခန်းထဲကထွက်သွားသည်။ရှင်းခန့်က ဆိုဖာပေါ်တွင်ထိုင်နေသော အာဏာကြည့်ပြီး စိုင်းအောင်ကိုပြန်ကြည့်ကာဆိုလိုက်သည်။
"ပြန်ကြမယ်"
"အွန်း"
ထို့နောက် မင်းဆက်ဘက်ကိုလှည့်ပြီးသူကဆိုသည်။
"ငါတို့ပြန်နှင့်မယ် .. အာဏာရှိနေတော့အဆင်ပြေတယ်မလား"
ရှင်းခန့်မေးတော့ နောက်ကအာဏာကပျင်းတွဲနေသောလေသံနှင့်ပြောသည်။
"မပြေစရာမရှိပါဘူး"
အာဏာရဲ့ တုံးတိအဖြေကြောင့်ရှင်းခန့် နင်သွားသည်။၊
"သွားမယ် စိုင်းအောင်"
"ဟုတ်"
ထို့နောက် ရှင်းခန့်တို့၂ယောက်လဲ ပြန်သွားကြသည်။ရှင်းခန့်တို့ထွက်သွားတော့ မင်းဆက်က ဆိုဖာတွင်အေးဆေးထိုင်နေသောအာဏာကြည့်ပြီးပြုံးကာပြောလိုက်သည်။
"ဗိုက်ဆာတယ်"
မင်းဆက်ပြောတော့ အာဏာက ထိုင်နေရာမှချက်ချင်းထလာပြီး မင်းဆက်အနားရောက်လာသည်။လူနာခုတင်ဘေးတွင်ရှိသောစားပွဲပေါ်တွင်တင်ထားသောချိုင့်ကို အာဏာကဖွင့်နေတော့ မင်းဆက်က စိတ်ဝင်တစားကြည့်နေလျက်။
"ဘာတွေလဲ"
မင်းဆက်မေးတော့ အာဏာကချိူင့်တွင်ဇွန်းလေးတပ်ပြီး စွတ်ပြုတ်ကိုမွှေကာဖြေသည်။
"စွတ်ပြုတ်လေ...ကိုကို့အကြိုက်ကိုဒေါ်ကြီးကလုပ်ပေးလိုက်တာ"
"ဒေါ်ကြီးကသိသွားပြီလား"
"အင်း ... ကျွန်တော်ပြောလိုက်တာ"
အာဏာကပြေုတော့ မင်းဆက်ကခေါင်းညိတ်သည်။အာဏာက မင်းဆက်ဘေးနားတွင်ထိုင်လိုက်ပြီးနူးညံ့စွာပြောသည်။
"သောက်ရအောင် "
ခွံ့ကျွေးမလို့ လုပ်နေသောအာဏာကြောင့် မင်းဆက်ကတားလိုက်သည်။
"ရတယ်..ကိုယ့်ဘာသာသောက်မယ်...မင်းလဲဘာမှမစားရသေးဘူးမို့လား "
မင်းဆက်မေးတော့ အာဏာလဲ လက်ထဲကချိုင့်လေးကို မင်းဆက်ကိုပေးလိုက်ပြီး နောက်တစ်ချိုင့်ကိုယူလိုက်သည်။
"ကျွန်တော့်အတွက်ပါတယ်လေ"
"အင်း သောက်လိုက်လေ... ဗိုက်ဆာနေမှာပေါ့"
"ဟုတ်"
၂ယောက်သားစွတ်ပြုတ်သောက်လိုက်ကြသည်။မင်းဆက်သောက်နေရင်း အာဏာ၏ပါးပြင်မှဒဏ်ရာကိုမြင်တော့ လက်ထဲကချိုင့်ကိုချလိုက်သည်။ဒါကို အာဏာကမြင်တော့မေး၏။
"ဘာလို့လဲ ... ဝပြီလား"
အာဏာမေးတော့ မင်းဆက်ကခေါင်းညိတ်သည်။ထို့နောက် စာပွဲပေါ်တွင်တင်ထားသော ဆေးဗန်းထဲမှ ပလာစတာတစ်ခုကိုယူလိုက်သာကြောင့် အာဏာကလက်ထဲကစွတ်ပြုတ်ချိုင့်ကိုချပြီး ပြန်သိမ်းလိုက်သည်။ထို့နောက် မင်းဆက်ကိုကြည့်ပြီးမျက်မှောင်ကြုတ်ကာမေးလေသည်။
"ဘာလို့လဲကိုကို... တစ်နေရာရာကနာလို့လား"
"ငြိမ်ငြိမ်နေစမ်း... ပါးမှဒဏ်ရာနဲ့ဆေးလိမ်းရမယ်"
မင်းဆက်ကပြောပြီးရအာဏာရဲ့ ဒဏ်ရာလေးကိုဆေးထည့်ရန် အရက်ပြန်ပုလင်းကိုယူကာ ဂွမ်းလေးဖြင့် သန့်စင်ပေးလိုက်သည်။
အရက်ပြန်ကြောင့် စပ်နေမှစိုး၍ မင်းဆက် လေးဖြင့်ဖြည်းဖြည်းလေးမှုတ်ပေးလိုက်သည်။
မိမိ၏ ပါးပြင်ပေါ်ရိုက်ခတ်နေသော လေနွေးနွေးလေးကြောင့် အာဏာနားတွေရဲလာသည်။မင်းဆက်ကတော့ အရက်ပြန်ဖြင့်သေချာသန့်စင်ပေးပြီး ပလာစတာကပ်ပေးလိုက်သည်။
"ရပြီ"
မင်းဆက်ပြောတော့ အာဏာကမင်းဆက်ကိုကြည့်ပြီးခေါင်းက ပတ်တီးကိုလက်ဖြင့် ညင်သာစွာထိပြီးဆို၏။
"နာသွားမှာပဲနော်"
"အဟင်း မနာပါဘူး ..ဒီလောက်ကပုံမှန်ပဲ.. အေးဆေး"
ရုတ်တရက်အာဏာ၏ အပြုအမူကြောင့် မင်းဆက် အနည်းငယ်အံ့ဩသွားပေမဲ့ မင်းဆက်ပြုံးလိုက်သည်။နဖူးပေါ်က ပတ်တီးနေရာကို ညင်သာစွာနမ်းနေသော အာဏာကို မင်းဆက်ကကြည့်ကာပြုံးသည်။
"အနာတွေအားလုံးပျောက်စေ.. အုံဖွ"
အာဏာရဲ့စကားကိုမင်းဆက်ကရယ်သည်။
"ဟားးဟားးး ဟုတ်ပါပြီကွာ.. ပျောက်သွားပြီ"
ငယ်ငယ်ကမင်းဆက်ဒဏ်ရာရရင် လုပ်ပေးသလို အနမ်းပေးကာ အုံဖွလုပ်တတ်သောအာဏာကြောင့် မင်းဆက်သဘောကျမိသည်။
ဆေးရုံခန်းလေးထဲမှာတော့ ခေါင်းတွင်ပတ်တီးဖြင့်သဘောတကျရယ်နေသောကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးကိုကြည့်ကာ ပြုံးနေသော အပြာရောင်မျက်လုံးတောက်တောက်လေးနှင့် ကောင်လေးတစ်ယောက်ရှိသည်။
ပတ်တီးနှင့် ကောင်လေးကိုမြင်တိုင်းအပြာရောင်မျက်လုံးလေးတွေဟာသာမာန်ထက် ပိုမိုတောက်ပနေသည်ကိုတော့ ထိုကောင်လေးသတိမထားမိ။
=================
ရင်း မနက်မိုးလင်းတော့ Blue Moonအဖွဲ့၏ ဌာနသို့ရောက်လာခဲ့သည်။အိမ်ကြီးကို ကန့်သက်နယ်မြေအဖြစ်သတ်မှတ်လိုက်ပြီးဘယ်သူမှဝင်မရအောင်စည်းတားထားသည့်အတွက် ရင်း ဌာနသို့သာလာခဲ့သည်။
ဆိုင်ကယ်လေးရပ်ကာ အဆောက်အဦးရှေ့ကနေ အထဲသို့လှမ်းကြည့်နေသည်။
"ဘာရှာနေတာလဲကလေး"
"အမေ့!"
ရင်း အထဲကိုချောင်းနေတုန်း နောက်ကအသံကြားလိုက်ရ၍ လန့်သွားသည်။ နောက်ကိုလှည့်ကြည့်တော့ အရပ်ရှည်ရှည်နှင့်အသားဖြူဖြူနှင့် ချောမောတဲ့လူတစ်ယောက်ကြောင့် ရင်း ခဏတာငေးမိသွားသည်။
ဂျောင်ဝူး သူ့ရှေ့တွင်မော့ကာငေးနေသောကောင်လေးကြောင့်ရယ်ချင်စိတ်ကိုထိန်းထားရသည်။သူ့လည်ပင်နားတောင်မရောက်ရင်ဘက်သာသာရှိသော ကောင်လေးရှေ့ကို သူငုံ့ချလိုက်ပြီးသူမေးလိုက်သည်။
"ကိုယ်ကအဲ့လောက်တောင်ချောလား"
ရင်း သတိလက်လွတ်ငေးနေရာမှသတိပြန်ဝင်သွားပြီး နောက်ကိုဆုတ်လိုက်၏။
"ဘာကိုလဲ "
"မသိဘူးလေ...မင်းကငေးနေတော့"
ရင်း လဲအနည်းငယ်ရှက်သွားသည်။ ဟုတ်တယ် နည်းနည်းပဲရှက်သွားတာ။
"ဒီကအကိုက Blue Moonကလား"
ရင်း ကမေးတော့ ဂျောင်ဝူးကခေါင်းညိတ်၏။
"ဟုတ်တယ် ... ဘာလို့လဲ"
ထိုအခါ ရင်း ကဝမ်းသာသွားပြီးသူ့ကိုယ်သူမိတ်ဆက်လိုက်သည်။
"ကျွန်တော့်က Hunသတင်းတိုက်က သတင်းထောက် ရင်းပါဗျ"
"ရင်း...ဟုတ်လား"
ထူးဆန်းနာမည်ကြောင့် ဂျောင်ဝူးမျက်စိလည်သွားသည်။သူ့အနေနှင့်မြန်မာစကားကိုကျွမ်းကျင်ပေမဲ့ ခုလိုနာမည်တော့ ထူးဆန်းနေသည်။
"အင်း..ကျွန်တော်က မနေ့ကမှုခင်းဖြစ်သွားတဲ့အိမ်ကြီးနဲ့ပတ်သက်တာကိုလာပြီးသတင်းယူတာပါဗျ .... အကိုကျွန်တော့်ကို ပြောပြမချင်ဘူးလား"
မျက်တောင်လေးပုတ်ခက်ပုတ်ခက်နှင့် ပြောနေသော ရင်းရဲ့နဖူးကိုလက်နဲ့တောက်လိုက်ပြီးဂျောင်ဝူးဆိုလိုက်သည်။
"အထဲလိုက်ခဲ့"
"ဟုတ်ကဲ့"
ထို့နောက်၂ယောက်သားဌာနထဲသို့ဝင်လာခဲ့သည်။
=================
"ပြန်လာပြီလား "
အောင်ခန့် ဆိုဖာပေါ်မှာအိပ်နေတုန်း အသံကြားရ၍ မေးလိုက်သည်။
"အင်း"
ဖြေသံကြားတော့ အောင်ခန့်ထပြီးထိုင်လိုက်သည်။
"အားးးး!!"
"ခင်ဗျား!!"
အောင်ခန့် သူ့ရှေ့ကဂျပုလေးကိုကြည့်ပြီး မျက်လုံးပြူးကာမေးလိုက်သည်။
"မင်းက ဘယ်ကရောလာတာလဲဂျပု"
ရင်း သူ့ကိုဂျပုလို့ပြောလိုက်သောအောင်ခန့်ကြောင့် ရင်း စိတ်တိုသွားသည်။အခြေအနေကိုသိသောဂျောင်ဝူးကဝင်ပြောသည်။
"တော်တော့... သူက Hunက သတင်းထောက်"
"ဘာ!"
ရင်း ကတော့ခပ်တည်တည်နှင့်သာဆိုဖာပေါ်ထိုင်လိုက်သည်။ ထို့နောက်ရင်းမေးသမျှကို ဂျောင်ဝူးနဲ့အောင်ခန့်က ဖြေပေးလိုက်သည်။
ရင်း ကတော့ သဘောကျနေပြီးတတ်တတ်ကြွကြွပင်ဆိုသည်။
"ကျေးဇူပါဗျ...သွားလိုက်ပါဦးမယ်"
"ကြွကြွ"
"ကြွမယ်"
ရင်း လဲ မြောက်ကြွမြောက်ကြွနှင့် ပြန်သွားသည်။
===================
ဦးအောင်ဇင်က ငယ်ရွယ်စဉ်ထဲက စိတ်ရောဂါသည်တစ်ဦးဖြစ်သည်။ မိဘများဆုံးသွားသည့်အတွက် အမဖြစ်သူနှင့်အတူတူနေခဲ့ရသည်။
သူ့ရဲ့ ရောဂါကစွဲလမ်းလွန်သောရောဂါဖြစ်သည်။ မိကျောင်းသတ္တဝါအားအလွန်စွဲလန်းသော ဦးအောင်ဇင်သည် မိကျောင်းသားပေါက်လေးများကိုအမြဲတမ်းအသားများကျွေးတတ်သည်။
ခိုးယူဝယ်ထားသောကြောင့်မည်သူမျှမသိပေ။ သို့သော်အစ်မဖြစ်သူသိသွားသည့်အချိန်တွင်ထိုမိကျောင်းများအား လွှတ်ပေးဖူးသည်။
နောင်အသက်ကြီးလာမှ မွေးရန်ဖျောင်းဖျခဲ့ရသည်။ဒေါ်ချိုဇင် အိမ်ထောင်ကျသွားသည့်နောက် ဦးအောင်ဇင်၏ စိတ်အခြေအနေကို အမျိုးသားက သိသွားခဲ့သည်။
ထို့နောက်လင်မယား၂ယောက်ကဦးအောင်ဇင်ကို အိမ်ကြီးတွင်ထားပြီးအိမ်ခွဲကာနေစေခဲ့သည်။သာမာန်တွင်လူကောင်းတစ်ယောက်ဖြစ်သော်လဲဦးအောင်ဇင်၏အတွင်းစိတ်သည် ရိုင်းစိုင်းသည်။
အသက်အရွယ်ကြီးလာတော့ဦးအောင်ဇင်က သာမာန်လူအတိုင်း စီးပွားရေးကိုသာအေးအေးဆေးဆေးလုပ်ခဲ့သည်။
နိုင်ငံခြားသွားမည်ဟုဆိုတာ အိမ်ဟောင်းကြီးတွင်မိကျောင်းများကိုမွေးကာ နေခဲ့သည်။Japan သွားမဲ့ကိစ္စကိုယောက်ဖဖြစ်သူက အမှန်ဟုထင်ခဲ့သည်။အမဖြစ်သူဒေါ်ချိုဇင်က အမြဲတမ်းစားစာရာများဝယ်ကာ ဦးအောင်ဇင်ကိုသွားပို့ပေးခဲ့သည်။
ငယ်ငယ်ကမိကျောင်းစာကျွေးရန် ခွေးများကိုသတ်ခဲ့သောကြောင့် ဒေါ်ချိုဇင်ကဦးအောင်ဇင်အားတားခဲ့ရသေးသည်။ ရောဂါဟာ တဖြည်းဖြည်းဆိုးရွားလာသောကြောင့်အိမ်ကြီးတွင်နေပြီး မောင်ဖြစ်သူအားစိတ်ကြိုက်လုပ်ခွင့်ပေးထားလိုက်သည်။
တား၍မရ။ မိမိကိုပင်ပြန်၍သတ်နိုင်သောကြောင့်လွှတ်ထားရသည်။ စစချင်းလူပျောက်တုန်းကသူမအလွန်အံ့သြသွားရသည်။ နောက်ပိုင်းတွင် မောင်ဖြစ်သူ သည် ပိုမိုဆိုးရွာလာသောလဲသူမကတိုင်ကြားခြင်းမရှိဘဲရေငုံနှုတ်ပိတ်နေခဲ့သည်။
ပန်းချီကားဟာ ဒေါ်ချိုဇင်ဆွဲထားခြင်းဖြစ်သည်။အိမ်ငှားများကိုပန်းချီကားမှတစ်ဆင့်သိရှိပြီး အသက်ကိုကကွယ်ရန်ဆွဲထားခြင်းဖြစ်သော်လဲ မည်သူကမှမသိခဲ့သလို သတိလဲမထားခဲ့ကြချေ။ကိုယ်တိုင်ပြောမရသောကြောင့် ပန်းချီကားဖြင့်သတိပေးခြင်းပင်ဖြစ်သည်။
သေဆုံးသွားသော လူ၆ယောက် အသက်ရှင်လျက်တွေ့သော မိန်းကလေး၏ အမျိူးသားပါတွေ့ရှိခဲ့ရသည်။(ဗိုက်ပေါက်သေသွားသောလူ)
ဤသို့ဖြင့် ပြဿနာအားလုံးပေါ်ပေါက်ပြီး တရာခံဦးအောင်ဇင်နှင့် ကြံရာပါဒေါ်ချိုဇင်တို့သည် အပြစ်ဒဏ်အားအသီးသီးခံယူခဲ့ကြသည်။
======================
ဦးအောင်ဇင်အားဖမ်းမိပြီး၁၀ရက်ကြာပြီးနောက်။
ည၉နာရီ
"မေမေလေး "
ဒေါ်ပန်းဆီ ဧည့်ခန်းထဲမှာTVကြည့်နေတုန်း ခေါ်သံကြားရ၍ လှည့်ကြည့်တော့ ဆူးခတ်။
"ဘာလို့လဲ ဆူးလေး"
သူမမေးတော့ ဆူးခတ်ကပြောသည်။
"အပြင်ခဏသွားဦးမယ်... မကြာဘူး "
"ဟယ်... ညရောက်နေပြီလေဆူးလေးရယ် "
"မကြာပါဘူးမေမေလေးရယ်... နော် ဒီနားလေးတင်ပါ"
ပြောမရတော့မဲ့အတူတူခေါင်းညိတ်လိုက်သည်။
"မကြာနဲ့နော်.... မေမေလေးစောင့်နေမယ်"
"ဟုတ်ကဲ့"
ဆူးခတ်ထွက်သွားတော့ ဒေါ်ပန်းဆီလဲTVဆက်ကြည့်နေလိုက်သည်။နာရီဝက်လောက်ကြာတော့ ဆူးခတ်ကပြန်လာသည်။ မျက်နှာမကောင်းကြောင့် သူမမေးလိုက်၏။
"ဆူးခတ် ဘာလို့လဲသမီး ငိုနေတာလား"
မေးလိုက်တော့ ဆူးခတ်ကခေါင်းခါ၏။
"မဟုတ်ဘူးမေမေလေး.. ဆူးခတ်မျက်လုံးထဲအမှုန်ဝင်သွားလို့ပါ ..မေမေလေးအိပ်တော့လေ...ဆူးခတ်လဲအိပ်တော့မယ်"
"အေးအေး....သွားအိပ်တော့နော်"
"ဟုတ်ကဲ့"
ဆူးခတ်ဝင်သွားတော့ ဒေါ်ပန်းဆီလဲ အခန်းထဲသို့ဝင်လာခဲ့သည်။
မနက်မိုးလင်းတော့ မီးဖိုချောင်ထဲဝင်ပြီး မနက်စာစားရန်အားလုံးပြင်ဆင်ပြီး ဆူးခတ်ကိုသွားနိုးရန်အတွက် ဒေါ်ပန်းဆီ မီးဖိုချောင်ထဲကထွက်လာခဲ့သည်။
"ဆူးလေးရေ ...သမီး"
ခေါ်ကြည့်တော့ အသံမကြားရ။ ထို့ကြောင့် သူကအခန်းတံခါးကိုဖွင့်ရန်ပြင်တော့ လော့ချမထား၍ အထဲသို့ဝင်ရန် တံခါးဖွင့်လိုက်တော့ အံ့ဩသွားရသည်။
"သမီး!!"
အခန်းထဲတွင် ကြိုးတန်းလန်းနှင့်အသက်မဲ့နေသောကောင်မလေးဆူခတ်။ အရှင်းဆုံးပြောရရင်တော့ ဆွဲကြိုးချသေနေသော မိန်းကလေး။
#4.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️