THE EYE

By Ginkgo_San

960K 122K 8.4K

FINALLY S2 21.9.2020 »» 29.12.2020 More

Part_1
Part_2
Part_3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️

Part_23

11.6K 1.7K 99
By Ginkgo_San

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
အာဏာ ႀကဳိးတုပ္ခံထားရ၍ ျဖည္ရန္အတြက္ အနီးအနားတြင္ ႀကိဳးအားျဖည္လို႔ရမဲ့ အရာတစ္ခုခုအားရွာလိုက္သည္။ ႀကိဳးျဖည္လို႔ရတဲ့ အရာတစ္ခုမွမေတြ႕ရ၍ အာဏာ စိတ္တိုသြားသည္။

ထို႔ေၾကာင့္ လက္ကိုေနာက္ျပန္တုပ္ထားရာမွ ေျခကိုေဆာင့္ေၾကာင့္ထိုင္ကာ ေနာက္ျပန္ႀကိဳးတုပ္ခံထားရေသာ လက္သို႔ ေျခေထာက္ကိုတစ္ဖက္ခ်င္းဆီ လ်ိႈသြင္းလိုက္သည္။

ထိုအခါ ေနာက္ျပန္အတုပ္ခံထားရေသာလက္၂ဖက္သည္ ေရွ႕သို႔ေရာက္သြားသည္။အာဏာ ႀကိဳးျဖည္ရန္အဆင္ေျပသြား၍ၿပံဳးလိုက္သည္။

ဒုန္း!

မင္းဆက္ကိုေခၚသြားေသာအခန္းထဲမွ အသံၾကားလိုက္ရ၍ အာဏာ လန္႔သြားသည္။ထို႔ေနာက္ လက္ကႀကိဳးကို ပါးစပ္ျဖင့္အျမန္ကိုက္ကာ ျဖည္လိုက္သည္။လက္ကႀကိဳးျဖည္ၿပီးကာမွ ေျခေထာက္ကႀကိဳးကိုအျမန္ျဖည္ကာ အခန္းတံခါးနားကိုသြားလိုက္သည္။

အတြင္းမွဂ်က္ထိုးထား၍ အာဏာ ေျခေထာက္နွင့္ကန္လိုက္သည္။

ဒုန္း!!

သစ္သားတံခါးျဖစ္၍အားျပင္းျပင္းနွင့္ ၅ခ်က္ေလာက္ကန္လိုက္ေတာ့တံခါးဂ်က္ကကြၽတ္ထြက္သြားၿပီးတံခါးပြင့္သြားသည္။

အာဏာ တံခါးပြြင့္သြားသည္နွင့္ အခန္းထဲသို႔ေျပးဝင္လိုပ္သည္။ မင္းဆက္ကို တတ္ခြထားၿပီးလည္ပင္းအား ဓားနွင့္စိုက္ရန္လုပ္ေနေသာ ဦးေအာင္ဇင္ကိုျမင္လိုက္၏။အာဏာ ေဒၚသထြက္ကာ အျမန္ေျပးသြားၿပီး ဦးေအာင္ဇင္ကို အားျပင္းျပင္းနွင့္ကန္ခ်လိုက္သည္။

တစ္ဖက္သို႔လြင့္သြားေသာဦးေအာင္ဇင္ေၾကာင့္ အာဏာ မင္းဆက္အနားတြင္ထိုင္ခ်လိုက္သည္။

"ကိုကို"

သတိလစ္ပံုရေသာမင္းဆက္ေၾကာင့္ အာဏာ စိတ္တိုကာ မင္းဆက္ကိုထားၿပီး ဦးေအာင္ဇင္ဆီကိုသြားကာ လက္ပင္ကေကာ္လံစကိုဆြဲကာ လက္သီးနွင့္ထိုးလိုက္သည္။

ခြပ္!  ခြပ္! ခြပ္!

ဆက္တိုက္လက္သီးနွင့္ထိုးေနရတဲ့အတြက္ ပါးစပ္မွေသြးမ်ားစီးဆင္းက်လာသာ ဦးေအာင္ဇင္ကလံုးဝအၿပံဳးမပ်က္ေပ။

"ဟားဟား ငါ့ကိုထိုးေနတာၾကာတယ္ေလ.. မင္းရဲ႕ ေကာင္ေလးကိုၾကည့္ဦး... ေတာ္ၾကာေသြးထြက္လြန္ၿပီးေသသြားဦးမယ္... ဟားဟား"

ဦးေအာင္ဇင္စကားေၾကာင့္ အာဏာ မင္းဆက္ကိုသတိရသြားၿပီး လွည့္ၾကည့္လိုက္သည္။ဒါကိုအခြင့္ေကာင္းယူၿပီး ဦးေအာင္ဇင္ကအာဏာကို ေဘးတြင္က်ေနေသာ ဓားကိုယူကာ ထိုးလိုက္သည္။

မ်က္စိလ်င္ေသာအာဏာက မိမိမ်က္နွာအနီးသို႔ေရာက္လာေသာဓားကို မ်က္နွာလႊဲကာ ေရွာင္လိုက္ေပမဲ့ပါးသို႔လ်ွပ္ထိသြားၿပီး ေသြးမ်ားစီးက်လာသည္။

ေနာက္သို႔အနည္းငယ္လန္က်သြားေသာအာဏာကိုဓားနွင့္႐ြယ္ကာ ဦးေအာင္ဇင္ကေျပာသည္။

"ဘာလို႔လဲ... ငါ့သားေလးေတြကိုအစာေကြၽးရဦးမယ္...မင္းတို႔ၿငိမ္ၿငိမ္ေလးေနေပးရံုပဲေလ... ဟား ဟား ... ခဏေလးပါကြ... ဟားဟား..."

မူမမွန္ေသာ စကားမ်ားေျပာေနေသာ ဦးေအာင္ဇင္ေၾကာင့္အာဏာမ်က္ေမွာင္ၾကဳတ္လိုက္သည္။ထိုစဥ္ ဦးေအာင္ဇင္ကရယ္ေနၿပီး မင္းဆက္ ဆီသို႔ရုတ္တရက္ဓားကိုကိုင္ကာေျပးသြားေသာေၾကာင့္အာဏာ ေနာက္ကဦးေအာင္ဇင္၏ဂုတ္ကိုဆြဲကာ မ်က္လံုးခ်င္းဆံုေအာင္ၾကည့္လိုက္သည္။

ဦးေအာင္ဇင္က မင္းဆက္ကိုဓားနွင့္ထိုးရန္သြားေသာ္လဲအာဏာကဂုတ္ကေနဆြဲကာမ်က္နွာခ်င္းဆိုင္လွည့္လိုက္၍ ရုတ္တရက္ဟန္ပ်က္သြားသည္။

ဆြဲလွည့္လိုက္ေသာအာဏာ၏ မ်က္လံုးကိုစုိက္ၾကည့္မိသည့္တခဏသူမွင္သက္သြားသည္။

ျပာလဲ့လဲ့မ်က္ဝန္း၊ ေတာက္ပေနေသာအျပာေရာင္မ်က္ဝန္းသည္ မ်က္ဆန္အနက္ေရာင္ေသးေသးေလးရွိသည္။ထိုမ်က္ဝန္းကိုေတြ႕မိသည့္တခဏ ဦးေအာင္ဇင္လက္ထဲကဓားကိုလႊတ္ခ်မိလိုက္သည္။

အျပာေရာက္မ်က္ဝန္းထဲမွမိမိ၏ပံုရိပ္ကိုျမင္ေနရေသာဦးေအာင္ဇင္တျဖည္းျဖည္းတုန္လႈပ္လာသည္။

"အား!! အ့!"

စူးရွနာက်င္ေသာေခါင္းကိုက္မႈေၾကာင့္ ဦးေအာင္ဇင္ကအာဏာကိုတြန္းကာ ဒူးေထာက္ထိုင္က်သြားသည္။ေခါင္းကိုဖိကာၾကမ္းျပင္တြင္လူးလိမ့္ေနၿပီး ေအာ္ဟစ္ေနေသာဦးေအာင္ဇင္ေၾကာင့္ အာဏာၾကက္ေသေသသြားသည္။

ဘာဆက္လုပ္ရမွန္းမသိေတာ့ဘဲမင္းဆက္ရွိရာကိုသာသြားလိုက္သည္။

"ကိုကို  ! ကိုကို  ၾကားလား...ကြၽန္ေတာ္ေခၚေနတာၾကားလား"

လဲေနေသာမင္းဆက္ကိုေပြ႕ကာ ဒူးေပၚတင္ထားၿပီးပါးကိုခပ္ဆတ္ဆတ္ေလးပုတ္ကာ နႈိးေနမိသည္။

"အား!! ငါမ်က္လံုး!!  အား!"

ထိုစဥ္ သူေနာက္မွေအာ္သံၾကားရ၍ အာဏာ ထိတ္လန္႔စြာလွည့္ၾကည့္မိသည္။

ေခါင္းကိုဖိလိုက္ ၊ မ်က္လံုးကိုလက္ဝါးနွင့္အုပ္လိုက္ လုပ္ေနေသာဦးေအာင္ဇင္ေၾကာင့္အာဏာ အံ့ၾသကာၾကည့္ေနမိသည္။မ်က္လံုးကိုလက္ဝါးနွင့္အုပ္ကာ ၾကမ္းျပင္တြင္ လူးလိမ့္ေနေသာဦးေအာင္ဇင္က ျပင္ထန္ေသာေဝဒနာကိုခံစားေနရေသာလူတစ္ေယာက္နွင့္တူေနသည္။

ျပင္းထန္ေသာ ေဝနာကိုခံစားေနရေသာဦးေအာင္ဇင္ထိတ္လန္႔စရာေကာင္းလွေအာင္နာက်င္စြာ ေအာ္ဟစ္ေနသည္။ ရုတ္တရက္ျဖစ္သြားေသာ ဦးေအာင္ဇင္၏ အျပဳအမူေၾကာင့္ အာဏာ လန္႔သြားၿပီး မင္းဆက္ကိုသာ က်စ္ေနေအာင္ဖက္ထားမိသည္။

=============
က်ီြ!!

ကားကို ၿခံေရွ႕တြင္ထိုးရပ္လိုက္ၿပီး ေသနက္နွင့္ ဓာတ္မီးကိုယူကာ ၿခံတံခါးကိုိနားကိုအျမန္ေျပးသြားလိုက္သည္။ ၿခံတံခါးဖြင့္ဖို႔ၾကည့္ေတာ ေသာ့ခတ္ထားေသာေၾကာင့္ ေအာင္ခန္႔စိတ္တိုသြားသည္။

"f*ck ေသာ့ခတ္ထားတယ္ "

ေအာင္ခန္႔လဲ ဘာမွစဥ္းစားမေနေတာ့ဘဲ ၿခံတံခါးကိုဖက္တတ္ကာ ေက်ာ္ဝင္လိုက္သည္။ ေမွာင္ေနေသာအိမ္ထဲသို႔ဝင္ရေသာေၾကာင့္ ေၾကာက္စိတ္လဲမျဖစ္ဘဲသူ႔စိတ္ထဲတြင္ တရားခံကိုဖမ္းရန္နွင့္ မင္းဆက္တို႔အကို၂ေယာက္ကို အႏၲရာယ္ကင္းေစရန္စိတ္သာရွိသည္။

ဒုန္း!! ဒုန္း!

အိမ္တံခါးက ဂ်က္ထိုး၍သာထားေသာေၾကာင့္ ေအာင္ခန္႔ေျခေထာက္နွင့္ကန္လိုက္သည္။ ေလးငါးခ်က္ကန္ၿပီးသည့္ေနာက္ တံခါးဂ်က္ပြင့္သြားသည္။ ေအာင္ခန္႔လဲ သတိထား၍ အိမ္ႀကီထဲသို႔ဝင္လာလိုက္သည္။

"မင္းဆက္ ! အာဏာ  !"

သူေအာ္ေခၚေသာ္လည္းေျဖသံမၾကား၍ မသကၤာျဖစ္လာသည္။ ဒီအတိုင္းသာဆို မင္းဆက္တို႔ အႏၲရာယ္ရွိေနၿပီဆိုတာသိလိုက္ရသည္။

ေမွာင္ေနေသာေၾကာင့္ လက္ထဲကဓာတ္မီးကိုဖြင့္ကာ အိမ္ကိုေဝ့ၾကည့္လိုက္သည္။မိန္းကို ရွာရန္အတြက္ သူဓာတ္မီးျဖင့္ထိုးကာ ၾကည့္လိုက္သည္။မိန္းကိုရွာရင္းဓာတ္မီးက တစ္ေနရာရာကိုထိုးမိေတာ့ သူေသခ်ာၾကည့္လိုက္သည္။

ပန္းခ်ီကား။

မနက္က အာဏာတို႔ယူလာေသာပန္းခ်ီကားျဖစ္သည္။အေမွာင္ထဲတြင္ နံ႐ံ၌ခ်ိတ္ဆြဲထားေသာပန္းခ်ီကားကိုၾကည့္ရသည္မွာ ေက်ာခ်မ္းလာသည္။

ေအာင္ခန္႔ အၾကည့္လႊဲလိုက္ၿပီး မိန္းကိုရွာလိုက္သည္။ နံရံတစ္ဖက္တြင္ရွိေသာမိန္းကိုျမင္ေတာ့ အျမန္သြားၿပီး မိန္းတင္လိုက္သည္။

မိန္းတင္လိုက္သည္နွင့္တစ္အိမ္လံုးမီးမ်ားလင္းသြားသည္။အရမ္းႀကီးလင္းထိန္ေနသည္မဟုတ္ဘဲ အနည္းငယ္သာလင္းသည္။

ေအာင္ခန္႔ မင္းဆက္တို႔ေနသည့္အခန္းဟုထင္ရေသာအခန္းကိုသြား၍ၾကည့္လိုက္သည္။

"ေအာင္ခန္႔"

နားၾကပ္မွ အသံၾကားလိုက္၍ ေအာင္ခန္႔ကေမးသည္။

"အကိုလား "

"ေအး .. မင္းဆက္တို႔ေရာ"

"မေတြ႕ေသးဘူး "

ေအာင္ခန္႔ေျပာရင္းနွင့္ မင္းဆက္တို႔အခန္းဆီသို႔ဝင္လာလိုက္သည္။ဝင္သည္နွင့္ခုတင္ေဘးတြင္က်ေနေသာမ်က္မွန္နွင့္ ပံုပ်က္ေနေသာ အိပ္ရာခင္း၊ ၾကမ္ျပင္တစ္ေလ်ာက္က်ေနေသာေသြးစက္ေတြေၾကာင့္ သူစိုးရိမ္သြားသည္။

"အား!!"

က်ယ္ေလာင္ေသာ ေအာ္သံႀကီးကိုၾကားလိုက္ ၍ သူထိတ္လန္႔သြားၿပီး ဓာတ္မီးကိုကိုင္ကာ ေသြးစက္မ်ားတေလ်ာက္နွင့္ ေအာ္သံလာရာကိုသူအျမန္သြားလိုက္သည္။

"အဆင္ေျပလား ေအာင္ခန္႔"

"ကြၽန္ေတာ္ေတြ႕ၿပီ ... လာခဲ့ၾကေတာ့ "

"ok... ငါတို႔လာေနၿပီ"

တစ္ဖက္တြင္ၾကားေနရေသာ စိုင္းေအာင္ကေျဖသည္။

ေအာင္ခန္႔လဲ ေသြးစက္မ်ားတေလ်ာက္ လိုက္၍ၾကည့္မိသည္။တျဖည္းျဖည္းသြားရင္းနွင့္ မီးဖိုခန္းထဲသို႔ေရာက္သြား၍ သူသတိထားလိုက္သည္။ေသြးစက္မ်ားသည္ ၾကမ္းျပင္၏ တစ္ေနရာတြင္စုကာရပ္သြား၏ သူထိုေနရာသို႔သြားလိုက္သည္။

ေသြးစက္မ်ားစုေနေသာေနရာတြင္သူထိုင္လိုက္ၿပီး ၾကည့္ေတာ့ ဂ်က္လိုမ်ိဳးအရာကိုေတြ႕ေတာ့ သူဓာတ္မီးျဖင့္ေသခ်ာထိုးလိုက္သည္။

က်ီြ!!

ပြင့္သြားေသာ ၄ေပပတ္လည္ေလာက္သာရိွေသာ ပ်ဥ္ခ်ပ္ကိုဆြဲဖြင့္လိုက္ေတာ့ ေလွကားေလးကိုေတြ႕ရသည္။

"မီးဖိုေခ်ာင္ထဲမွာ ဝင္ေပါက္ေတြ႕ၿပီ... လာခဲ့"

"ok"

ဝင္ေပါက္တည္ေနရာကိုေျပာကာ ထိုေလွကားသို႔ဆင္းလိုက္သည္။ဓာတ္မီးျဖင့္ထြန္းရင္း ေသခ်ာဆင္းလိုက္ေသာအခါ မီးေရာင္ရွိေသာ အခန္းက်ယ္ကိုျမင္ရသည္။

"အား!!"

အသံကိုထပ္မံၾကားလိုက္၍ ေအာင္ခန္႔အျမန္ေျပးဆင္းၿပီး ၾကည့္လိုက္ေတာ့ ႀကိဳးတစ္ႀကိဳးကိုေတြ႕ရသည္။ ထို႔ေနာက္ ပ်က္ေနေသာတံခါးဆီသို႔ ေသနတ္ကိုေသခ်ာကိုင္ကာ ဝင္သြားလိုက္သည္။

ဝင္ဝင္ခ်င္းျမင္လိုက္ရတာက မင္းဆက္ကိုဖက္ထားေသာ အာဏာနွင့္ ၾကမ္းျပင္တြင္လူးလွိမ့္ေနေသာ လူတစ္ေယာက္ကိုေတြ႕ရသည္။

"ေခါင္းေဆာင္"

ေအာင္ခန္႔ေခၚရင္း အာဏာ၏ အနားသို႔သြားလိုက္သည္။

"ဘာျဖစ္တာလဲ"

အာဏာကေျဖသည္။

"ေခါင္းကိုထိသြားတယ္"

ထို႔ေနာက္ေအာင္ခန္႔ ခါးတြင္ခ်ိတ္ထားေသာလက္ထိတ္ကိုယူကာ ဦးေအာင္ဇင္ဆီကိုသြားလိုက္သည္။

"နာတယ္!! အား! ငါ့မ်က္လံုးေတြ!!"

ေအာ္ဟစ္ကာ ေသာင္းက်န္းေနေသာဦးေအာင္ဇင္ေၾကာင့္ ေအာင္ခန္႔ဂုတ္ကိုရိုက္ခ်လိုက္သည္။ထိုအခါမွၿငိမ္က်သြားေသာ ဦးေအာင္ဇင္ေၾကာင့္ ေအာင္ခန္႔သက္ျပင္းခ်မိသည္။

"အဆင္ေျပလား"

ရွင္းခန္႔တို႔ေရာက္လာၿပီး မင္းဆက္ကိုၾကည့္ကာေမးသည္။ အာဏာကသတိလစ္ေနေသာ မင္းဆက္ကိုေပြ႕ခ်ီကာဆိုသည္။

"အရင္ဆံုးေဆးရံုသြားရေအာင္..ကိုကိုကေခါင္းထိသြားတယ္"

အာဏာေျပာတာ့ ရွင္းခန္႔ကေခါင္းညိတ္သည္။

"ဟုတ္ၿပီ...  စိုင္းေအာင္နဲ႔အတူတူသြားလိုက္... ငါတို႔ဒီကကိစၥေတြရွင္းလိုက္ဦးမယ္"

"အြန္း"

အာဏာေခါင္းညိတ္ျပီး မင္းဆက္ကိုေပြ႕ခ်ီကာတံခါးရွိရာသို႔သြားလိုက္သည္။တံခါးေဘးတြင္ရွိေသာ စားပြဲတြင္တင္ထားေသာ ပန္းအိုးေလးကိုသူအမွတ္တမဲ့ ၾကည့္လိုက္မိသည္။

နွင္းဆီပန္းရဲရဲတစ္ပြင့္ကိုလွပစြာထိုးထားေသာပန္းအိုးေလးကိုသူျကည့္ၿပီး ထြက္လာခဲ့သည္။

အာဏာထြက္သြားေတာ့ ရွင္းခန္႔လဲ လဲက်ေနေသာလက္ထိပ္နွင့္ဦးေအာင္ဇင္၏ အနားကိုသြားလိုက္သည္။ ညႇီနံ႔နံေနေသာေၾကာင့္ နွာေခါင္းကိုလက္နွင့္အုပ္လိုက္သည္။

"ေခၚသြားလိုက္"

"ဟုတ္ကဲ့"

ရွင္းခန္႔က ေနာက္ကရဲမ်ားအား ဦးေအာင္ဇင္ကိုေခၚသြားခိုင္းလိုက္သည္။သတိလစ္ေနေသာဦးေအာင္ဇင္အား တစ္ေယာက္တစ္ဖက္တြဲကာ ေခၚသြားၾကသည္။

ပုပ္အက္အက္အနံ႔ေၾကာင့္ သူတို႔ေသခ်ာၾကည့္မိေတာ့ ခုတ္ထစ္ထားေသာအရိုးစ အသားစမ်ားကိုေတြ႕ရသည္။ ရွင္းခန္႔ စိတ္မေကာင္းစြာသက္ျပင္းခ်မိသည္။

ထို႔ေနာက္ နံရံနားတြင္ စုၿပံဳကာထားေသာ ပလက္စတစ္အိတ္ေတြနားသြားၿပီး ေဘးကတုတ္တစ္ေခ်ာင္းကိုယူကာ ထိုးၾကည့္လိုက္သည္။

ႂကြပ္ျကြပ္အိတ္အမဲေရာင္မ်ားကို ထုတ္နဲ႔ထိုးလိုက္ေသာ္လည္း မာေသာအရာကိုထိုးမိသလိုျဖစ္၍ ရွင္းခန္႔စိတ္ထဲမသကၤာျဖစ္သြားသည္။

ထို႔ေနာက္ တုတ္ကိုလႊတ္ခ်ၿပီး ထိုႂကြပ္ႂကြပ္အိတ္ေတြကိုဖယ္ၾကည့္လိုက္သည္။ ႂကြပ္ႂကြပ္အိတ္ျဖင့္ထုတ္ထားေသာ ရွည္ေမ်ာေမ်ာအရာေၾကာင့္ ရွင္းခန္႔အံ့ၾသသြားသည္။

"ေအာင္ခန္႔ ... လာ"

၂ေယာက္သာထိုအရာကို မ ၿပီး ႂကြပ္ႂကြပ္အိတ္မ်ားကိုဆြဲၿဖဲလိုက္သည္။

"ဟင္"

ႂကြပ္ႂကြပ္အိတ္ထဲကအရာေၾကာင့္ ၂ေယာက္စလံုးအံ့ၾသသြားသည္။

"ဒါ... လူေပ်ာက္တိုင္ထားတဲ့ေကာင္မေလး"

ရွင္းခန္႔ ထိုေကာင္မေလးနွာေခါင္းနားကိုလက္ျဖင့္ အသက္ရွဴမရွဴစမ္းၾကည့္ေတာ့ အသက္ကေငြ႕ေငြ႕ေလးရွဴေန၍ ဖုန္းကိုထုတ္လိုက္၏။

"ခုခ်က္ခ်င္းလူနာတင္ယာဥ္လာခဲ့ ... ____လမ္းထဲကို"

ရွင္းခန္႔တို႔လဲ ေကာင္မေလးကိုအိတ္ထဲကအျမန္ထုတ္လိုက္သည္။သိပ္မၾကာခင္ လူနာတင္ယာဥ္ေရာက္လာၿပီး ေကာင္မေလးကိုေခၚသြားသည္။ရဲေတြလဲခုတ္ထစ္ထားေသာလူသားအပိုင္းအစမ်ား၊ ေသြးမ်ားကို DNAစစ္ရန္အတြက္ ယူၾကသည္။

ရွင္းခန္႔ ေရကန္နားသြားၿပီး မိေက်ာင္းေတြကိုၾကည့္မိသည္။လူတစ္ေယာက္ကိုေတာင္ ေကာင္းေကာင္းသတ္ျဖတ္နိုင္ေသာအ႐ြယ္အစားေၾကာင့္ သက္ျပင္းခ်မိသည္။

"ဒါေတြကိုေတာ့ က်န္တဲ့လူေတြရွင္းလိမ့္မယ္...အထက္ကေျပာတဲ့အတိုင္းသူတို႔လုပ္လိမ့္မယ္"

ေအာင္ခန္႔ကေျပာေတာ့ ရွင္းခန္႔ကေခါင္းညိတ္သည္။

"အင္း ... အားလံုးသိမ္းဆည္းၿပီးၿပီလား"

ရွင္းခန္႔ေမးေတာ့ ေအာင္ခန္႔ကေခါင္းညိတ္ကာ ေနာက္ကိုလွည့္ၾကည့္သည္။

"အားလံုးရွင္းၿပီးၿပီ"

"အင္း"

"ဒါနဲ႔"

ေအာင္ခန္႔ကစကားစေတာ့ ရွင္းခန္႔ကဘာလဲဆိုေသာပံုစံနွင့္လွည့္ၾကည့္သည္။သို႔ေသာ္ ေအာင္ခန္႔က ေခါင္းခါလိုက္သည္။

"ဘာမွမဟုတ္ေတာ့ဘူး ....သြားၾကေအာင္ေလ "

ရွင္းခန္႔ကေျပာသည္။

"အင္း... အကုန္လံုးၿပီးရင္သြားမယ္"

"အင္း"

ထို႔ေနာက္၂ေယာက္သားထိုေနရာမွထြက္လာခဲ့သည္။အခန္းထဲမွ နွင္းဆီပန္းေလးကေတာ့ လန္းဆန္းလ်က္။

==================

"အကိုက က်န္တဲ့လူေတြနဲ႔ျပန္လိုက္... ကြၽန္ေတာ္ကကိုယ့္ဘာသာျပန္ခဲ့မယ္... ကားပါလာတယ္ေလ"

ေအာင္ခန္႔ကသူ႔ကားကိုျပေတာ့ ရွင္းခန္႔ကေခါင္းညိတ္ကာ လက္ခံ၏။

"ဒါဆိုငါတို႔ျပန္နွင့္မယ္... ၿပီးရင္လိုက္ခဲ့"

"အြန္း "

ရွင္းခန္႔လဲက်န္တဲ့ရဲေတြနဲ႔ထြက္သြားသည္။ ရွင္းသန္႔တို႔ထြက္သြားေတာ့ ေအာင္ခန္႔လဲ ကားျဖင့္ထြက္လာခဲ့သည္။အိမ္ႀကီးကေတာ့ ကန္႔သတ္နယ္ေျမအျဖစ္ ညတြင္းခ်င္းေျပာင္းလဲသြားခဲ့သည္။

=================

ေအာင္ခန္႔ ကားေမာင္းေနရင္းျပန္ေတြးမိေနသည္။သူအခန္းထဲတြင္ၿပီး ေခါင္းေဆာင္အနားကိုသြားတုန္းက ျမင္လိုက္ရေသာအျဖစ္အပ်က္ကိုျပန္ေတြးမိသည္။

သာမန္ထက္ပိုေတာက္ပေနၿပီး ထူးဆန္းလွတဲ့ အာဏာ၏မ်က္လံုးအျပာေရာင္နွင့္ ၾကမ္းျပင္တြင္လူးလိွမ့္ေနေသာဦးေအာင္ဇင္၊မ်က္လံုးကိုဖိကာေအာ္ဟစ္ေနေသာဦးေအာင္ဇင္နွင့္ ထူးဆန္းၿပီး ျပာလဲ့ေနေသာ အာဏာ၏ မ်က္လံုး၊၊ မူမမွန္ဘဲ တစ္ခုခုကိုတုန္လႈပ္ေနသလိုလို ျဖစ္ေနေသာ အာဏာေျကာင့္ ေအာင္ခန္႔စိတ္ထဲတစ္မ်ိဳးျဖစ္ေနသည္။

မူမမွန္ဘဲထူးဆန္းေနေသာမ်က္လံုး၊ ၾကမ္းျပင္မွာလူးလွိမ့္ၿပီး မ်က္လံုးတစ္ခုခုျဖစ္ေနပံုရေသာဦးေအာင္ဇင္။

ေအာင္ခန္႔ သူ႔ဘာသာေျပာလိုက္သည္။

"အား ! ငါဇာတ္လမ္းေတြၾကည့္တာမ်ားေနၿပီ..ဟုတ္တယ္ ငါဇာတ္လမ္းေတြၾကည့္တာမ်ားသြားလို႔ယယယမ်က္လံုးကနဂိုထဲအျပာဆိုေတာ့ ေမွာင္သြားရင္နည္းနည္း... နည္းနည္းေလးေတာက္သြားတာေနမွာေပါ့"

ေအာင္ခန႔္တစ္ေယာက္ထဲ ကားေမာင္းရင္ေျပာေနသည္။ေရွ႕သို႔ခပ္အုပ္အုပ္က်ေနေသာ ဆံပင္ေကာက္ေကာက္ေလးမ်ားကိုသူဖြလိုက္သည္။

"အိပ္ေရးပ်က္လို႔ စိတ္ေတြကေယာင္ကျခားျဖစ္ၿပီးျမင္ခ်င္ရာျမင္တာေနမွာပါ"

တစ္ေယာက္ထဲေျပာခ်င္ရာေျပာေနၿပီး မနက္၃နာရီေက်ာ္ လမ္းမႀကီးတြင္ကားကိုေအးေအးေဆးေဆးေမာင္းေနသည္။

ကြၽီ!!

ေရွ႕သို႔ရုတ္တရက္ေျပးဝင္လာေသာ ဆိုင္ကယ္တစ္စီးေၾကာင့္ သူကားကိုဘရိတ္အုပ္လိုက္သည္။

"ဘာလဲဟ"

ေရွ႕တြင္ ရပ္ေနေသာဆိုင္ကယ္ေၾကာင့္ ေအာင္ခန္႔ကားေပၚမွဆင္လိုက္သည္။

==================

ရင္း မနက္၃နာရီေလာက္ အိမ္မွလာရင္း လမ္းတြင္လူရွင္း၍ ဆိုင္ကယ္ေလးကိုေဆးေဆးေအးေအးေမာင္လာခဲ့သည္။လူရွင္း၍ သတိမထားမိဘဲေမာင္းလာရင္းတစ္ဖက္မွလာေသာကားေၾကာင့္ ရင္း လန္႔ၿပီးဆိုင္ကယ္ကို ဘရိတ္အုပ္လိုက္သည္။

မ်က္လံုးကိုစံုမွိတ္ကာ ရပ္လိုက္ၿပီးမိမိအနားကိုေရာက္လာေသာကားကိုေစာင့္ေနလိုက္သည္။

သို႔ေသာ္ ကားဘရိတ္အုပ္သံေၾကာင့္ သူမ်က္လံုးဖြင့္ၾကည့္လိုက္သည္။ မီးထြန္းထား၍ ကားထဲမွလူကိုျမင္ေနရသည္။

ထိုလူက ကားေပၚကဆင္းလာေတာ့ ရင္း လဲ လန္႔ၿပီးဆိုင္ကယ္ေပၚကဆင္းၿပီး ရပ္ေနလိုက္သည္။

"ေဟ့... ကားလာေနတာမျမင္ဘူးလား..ကန္းေနလားကြ "

ဆင္းလာလာခ်င္း သူ႔ကိုေအာ္လိုက္ေသာလူေၾကာင့္ ရင္း မသိမသာနႈတ္ခမ္းဆူသြားသည္။မဟုတ္မခံ ၿငိမ္မေနတတ္ေသာအက်င့္ေလးေၾကာင့္ ရင္း ျပန္ေျပာလိုက္သည္။

" မျမင္လို႔ေပါ့ဗ်... ျမင္မွေတာ့သိသိႀကီးဝင္လာမလား လမ္းေပၚကို"

"ေနပါဦး"

ေအာင္ခန္႔ သူ႔ေရွ႕ဂ်ပုေလးကိုၾကည့္လိုက္သည္။

" ခုခ်ိန္က ဆယ္တန္းက်ဴရွင္ေတြဖြင့္ၿပီလား...မနက္ေစာေစာကေလးေတြလမ္းမေပၚမွာဆိုင္ကယ္ေတြနဲ႔ "

"ဘာ!"

"ဘာလဲ"

"ဘာကိုဆယ္တန္းလဲ "

"မင္းကဆယ္တန္းမဟုတ္ဘူးလား"

ရင္း သူ႔ကို ဆယ္တန္းလို႔ေျပာလိုက္သာ ေအာင္ခန္႔ေၾကာင့္ စိတ္တိုသြားသည္။

"ခင္ဗ်ားေနာ္... ကြၽန္ေတာ္ကဆယ္တန္းေအာင္ၿပီးၿပီ.. အသက္ေတာင္၂၀ဗ်"

"ဒါေလးက၂၀ ...လက္စသတ္ေတာ့ဂ်ပုေလးကို"

ေအာင္ခန္႔ေျပာေတာ့ ရင္း စိတ္တိုသြားသည္။

"ေတာ္ေတာ့ သြားစရာရွိတာသြား... ေတာ္ၾကာကေလးေရာင္းစားတဲ့လူနဲ႔ေတြ႕ေနဦးမယ္"

ေအာင္ခန္႔ ရင္း ကိုစေနာက္ၿပီး ကားေပၚတတ္ကာေမာင္းလာခဲ့သည္။

ထြက္သြားေသာကားကိုၾကည့္ၿပီး ရင္းေဆြ႕ေဆြ႕ခုန္ေနကာက်န္ခဲ့သည္။

"စိတ္ပ်က္စရာႀကီးပဲ ... ငါ့ကိုမ်ားဂ်ပုတဲ့..၅ေပ၁က ဂ်ပုျဖစ္မလား"

ရင္း ေျပာၿပီးဆိုင္ကယ္ေပၚကိုတတ္ခြလိုက္သည္။ဦးထုတ္ေလးေဆာင္းကာစူပုပ္ပုပ္နွင႔္ ေမာင္လာခဲ့သည္။

ရင္း သြာရမဲ့ေနရာကိုေမာင္းရင္သီခ်င္းေလးညည္းေနမိသည္။မနက္ေစာေစာအေအးဒဏ္ေၾကာင့္ပါးေဖာင္းေဖာင္းေလးမွာ စေတာ္ဘယာရီသီးေလးလိုရဲေနၿပီ နႈတ္ခမ္းေလးမွာေထာ္ေနသည္။

ထို႔ေနာက္ အိမ္တစ္အိမ္ေရွ႕ေရာက္ေတာ့ ရင္း ဆိုင္ကယ္ရပ္လိုက္သည္။ထို႔ေနာက္ ၿခံႀကီးကိုၾကည့္ၿပီး နႈတ္ခမ္းဆူသြား၏။

"ျပန္ကုန္ၿပီ ထင္တယ္...မနက္ျဖန္မွ သြားေမးၾကည့္မယ္"

ဆိုလိုက္ၿပီး ဆိုင္ကယ္ေလးကိုလွည့္ကာ ရင္း ျပန္လာခဲ့သည္။ည၃နာရီေက်ာ္တြင္ လူေျခအနည္းငယ္တိတ္ေနလမ္းမၿကီးတြင္ သတင္းေထာက္သမားေလး ရင္း သည္ အလာေနာက္က်၍ သတင္းမယူလိုက္ရေသာေၾကာင့္ ဆူပုပ္ပုပ္ျဖင့္ ဆိုင္ကယ္ေမာင္းေနသည္။

#2.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
 
အာဏာ ကြိုးတုပ်ခံထားရ၍ ဖြည်ရန်အတွက် အနီးအနားတွင် ကြိုးအားဖြည်လို့ရမဲ့ အရာတစ်ခုခုအားရှာလိုက်သည်။ ကြိုးဖြည်လို့ရတဲ့ အရာတစ်ခုမှမတွေ့ရ၍ အာဏာ စိတ်တိုသွားသည်။

ထို့ကြောင့် လက်ကိုနောက်ပြန်တုပ်ထားရာမှ ခြေကိုဆောင့်ကြောင့်ထိုင်ကာ နောက်ပြန်ကြိုးတုပ်ခံထားရသော လက်သို့ ခြေထောက်ကိုတစ်ဖက်ချင်းဆီ လျှိုသွင်းလိုက်သည်။

ထိုအခါ နောက်ပြန်အတုပ်ခံထားရသောလက်၂ဖက်သည် ရှေ့သို့ရောက်သွားသည်။အာဏာ ကြိုးဖြည်ရန်အဆင်ပြေသွား၍ပြုံးလိုက်သည်။

ဒုန်း!

မင်းဆက်ကိုခေါ်သွားသောအခန်းထဲမှ အသံကြားလိုက်ရ၍ အာဏာ လန့်သွားသည်။ထို့နောက် လက်ကကြိုးကို ပါးစပ်ဖြင့်အမြန်ကိုက်ကာ ဖြည်လိုက်သည်။လက်ကကြိုးဖြည်ပြီးကာမှ ခြေထောက်ကကြိုးကိုအမြန်ဖြည်ကာ အခန်းတံခါးနားကိုသွားလိုက်သည်။

အတွင်းမှဂျက်ထိုးထား၍ အာဏာ ခြေထောက်နှင့်ကန်လိုက်သည်။

ဒုန်း!!

သစ်သားတံခါးဖြစ်၍အားပြင်းပြင်းနှင့် ၅ချက်လောက်ကန်လိုက်တော့တံခါးဂျက်ကကျွတ်ထွက်သွားပြီးတံခါးပွင့်သွားသည်။

အာဏာ တံခါးပွွင့်သွားသည်နှင့် အခန်းထဲသို့ပြေးဝင်လိုပ်သည်။ မင်းဆက်ကို တတ်ခွထားပြီးလည်ပင်းအား ဓားနှင့်စိုက်ရန်လုပ်နေသော ဦးအောင်ဇင်ကိုမြင်လိုက်၏။အာဏာ ဒေါ်သထွက်ကာ အမြန်ပြေးသွားပြီး ဦးအောင်ဇင်ကို အားပြင်းပြင်းနှင့်ကန်ချလိုက်သည်။

တစ်ဖက်သို့လွင့်သွားသောဦးအောင်ဇင်ကြောင့် အာဏာ မင်းဆက်အနားတွင်ထိုင်ချလိုက်သည်။

"ကိုကို"

သတိလစ်ပုံရသောမင်းဆက်ကြောင့် အာဏာ စိတ်တိုကာ မင်းဆက်ကိုထားပြီး ဦးအောင်ဇင်ဆီကိုသွားကာ လက်ပင်ကကော်လံစကိုဆွဲကာ လက်သီးနှင့်ထိုးလိုက်သည်။

ခွပ်!  ခွပ်! ခွပ်!

ဆက်တိုက်လက်သီးနှင့်ထိုးနေရတဲ့အတွက် ပါးစပ်မှသွေးများစီးဆင်းကျလာသာ ဦးအောင်ဇင်ကလုံးဝအပြုံးမပျက်ပေ။

"ဟားဟား ငါ့ကိုထိုးနေတာကြာတယ်လေ.. မင်းရဲ့ ကောင်လေးကိုကြည့်ဦး... တော်ကြာသွေးထွက်လွန်ပြီးသေသွားဦးမယ်... ဟားဟား"

ဦးအောင်ဇင်စကားကြောင့် အာဏာ မင်းဆက်ကိုသတိရသွားပြီး လှည့်ကြည့်လိုက်သည်။ဒါကိုအခွင့်ကောင်းယူပြီး ဦးအောင်ဇင်ကအာဏာကို ဘေးတွင်ကျနေသော ဓားကိုယူကာ ထိုးလိုက်သည်။

မျက်စိလျင်သောအာဏာက မိမိမျက်နှာအနီးသို့ရောက်လာသောဓားကို မျက်နှာလွှဲကာ ရှောင်လိုက်ပေမဲ့ပါးသို့လျှပ်ထိသွားပြီး သွေးများစီးကျလာသည်။

နောက်သို့အနည်းငယ်လန်ကျသွားသောအာဏာကိုဓားနှင့်ရွယ်ကာ ဦးအောင်ဇင်ကပြောသည်။

"ဘာလို့လဲ... ငါ့သားလေးတွေကိုအစာကျွေးရဦးမယ်...မင်းတို့ငြိမ်ငြိမ်လေးနေပေးရုံပဲလေ... ဟား ဟား ... ခဏလေးပါကွ... ဟားဟား..."

မူမမှန်သော စကားများပြောနေသော ဦးအောင်ဇင်ကြောင့်အာဏာမျက်မှောင်ကြုတ်လိုက်သည်။ထိုစဉ် ဦးအောင်ဇင်ကရယ်နေပြီး မင်းဆက် ဆီသို့ရုတ်တရက်ဓားကိုကိုင်ကာပြေးသွားသောကြောင့်အာဏာ နောက်ကဦးအောင်ဇင်၏ဂုတ်ကိုဆွဲကာ မျက်လုံးချင်းဆုံအောင်ကြည့်လိုက်သည်။

ဦးအောင်ဇင်က မင်းဆက်ကိုဓားနှင့်ထိုးရန်သွားသော်လဲအာဏာကဂုတ်ကနေဆွဲကာမျက်နှာချင်းဆိုင်လှည့်လိုက်၍ ရုတ်တရက်ဟန်ပျက်သွားသည်။

ဆွဲလှည့်လိုက်သောအာဏာ၏ မျက်လုံးကိုစိုက်ကြည့်မိသည့်တခဏသူမှင်သက်သွားသည်။

ပြာလဲ့လဲ့မျက်ဝန်း၊ တောက်ပနေသောအပြာရောင်မျက်ဝန်းသည် မျက်ဆန်အနက်ရောင်သေးသေးလေးရှိသည်။ထိုမျက်ဝန်းကိုတွေ့မိသည့်တခဏ ဦးအောင်ဇင်လက်ထဲကဓားကိုလွှတ်ချမိလိုက်သည်။

အပြာရောက်မျက်ဝန်းထဲမှမိမိ၏ပုံရိပ်ကိုမြင်နေရသောဦးအောင်ဇင်တဖြည်းဖြည်းတုန်လှုပ်လာသည်။

"အား!! အ့!"

စူးရှနာကျင်သောခေါင်းကိုက်မှုကြောင့် ဦးအောင်ဇင်ကအာဏာကိုတွန်းကာ ဒူးထောက်ထိုင်ကျသွားသည်။ခေါင်းကိုဖိကာကြမ်းပြင်တွင်လူးလိမ့်နေပြီး အော်ဟစ်နေသောဦးအောင်ဇင်ကြောင့် အာဏာကြက်သေသေသွားသည်။

ဘာဆက်လုပ်ရမှန်းမသိတော့ဘဲမင်းဆက်ရှိရာကိုသာသွားလိုက်သည်။

"ကိုကို  ! ကိုကို  ကြားလား...ကျွန်တော်ခေါ်နေတာကြားလား"

လဲနေသောမင်းဆက်ကိုပွေ့ကာ ဒူးပေါ်တင်ထားပြီးပါးကိုခပ်ဆတ်ဆတ်လေးပုတ်ကာ နှိုးနေမိသည်။

"အား!! ငါမျက်လုံး!!  အား!"

ထိုစဉ် သူနောက်မှအော်သံကြားရ၍ အာဏာ ထိတ်လန့်စွာလှည့်ကြည့်မိသည်။

ခေါင်းကိုဖိလိုက် ၊ မျက်လုံးကိုလက်ဝါးနှင့်အုပ်လိုက် လုပ်နေသောဦးအောင်ဇင်ကြောင့်အာဏာ အံ့ဩကာကြည့်နေမိသည်။မျက်လုံးကိုလက်ဝါးနှင့်အုပ်ကာ ကြမ်းပြင်တွင် လူးလိမ့်နေသောဦးအောင်ဇင်က ပြင်ထန်သောဝေဒနာကိုခံစားနေရသောလူတစ်ယောက်နှင့်တူနေသည်။

ပြင်းထန်သော ဝေနာကိုခံစားနေရသောဦးအောင်ဇင်ထိတ်လန့်စရာကောင်းလှအောင်နာကျင်စွာ အော်ဟစ်နေသည်။ ရုတ်တရက်ဖြစ်သွားသော ဦးအောင်ဇင်၏ အပြုအမူကြောင့် အာဏာ လန့်သွားပြီး မင်းဆက်ကိုသာ ကျစ်နေအောင်ဖက်ထားမိသည်။

=============
ကျွီ!!

ကားကို ခြံရှေ့တွင်ထိုးရပ်လိုက်ပြီး သေနက်နှင့် ဓာတ်မီးကိုယူကာ ခြံတံခါးကိုနားကိုအမြန်ပြေးသွားလိုက်သည်။ ခြံတံခါးဖွင့်ဖို့ကြည့်တော သော့ခတ်ထားသောကြောင့် အောင်ခန့်စိတ်တိုသွားသည်။

"f*ck သော့ခတ်ထားတယ် "

အောင်ခန့်လဲ ဘာမှစဉ်းစားမနေတော့ဘဲ ခြံတံခါးကိုဖက်တတ်ကာ ကျော်ဝင်လိုက်သည်။ မှောင်နေသောအိမ်ထဲသို့ဝင်ရသောကြောင့် ကြောက်စိတ်လဲမဖြစ်ဘဲသူ့စိတ်ထဲတွင် တရားခံကိုဖမ်းရန်နှင့် မင်းဆက်တို့အကို၂ယောက်ကို အန္တရာယ်ကင်းစေရန်စိတ်သာရှိသည်။

ဒုန်း!! ဒုန်း!

အိမ်တံခါးက ဂျက်ထိုး၍သာထားသောကြောင့် အောင်ခန့်ခြေထောက်နှင့်ကန်လိုက်သည်။ လေးငါးချက်ကန်ပြီးသည့်နောက် တံခါးဂျက်ပွင့်သွားသည်။ အောင်ခန့်လဲ သတိထား၍ အိမ်ကြီထဲသို့ဝင်လာလိုက်သည်။

"မင်းဆက် ! အာဏာ  !"

သူအော်ခေါ်သော်လည်းဖြေသံမကြား၍ မသင်္ကာဖြစ်လာသည်။ ဒီအတိုင်းသာဆို မင်းဆက်တို့ အန္တရာယ်ရှိနေပြီဆိုတာသိလိုက်ရသည်။

မှောင်နေသောကြောင့် လက်ထဲကဓာတ်မီးကိုဖွင့်ကာ အိမ်ကိုဝေ့ကြည့်လိုက်သည်။မိန်းကို ရှာရန်အတွက် သူဓာတ်မီးဖြင့်ထိုးကာ ကြည့်လိုက်သည်။မိန်းကိုရှာရင်းဓာတ်မီးက တစ်နေရာရာကိုထိုးမိတော့ သူသေချာကြည့်လိုက်သည်။

ပန်းချီကား။

မနက်က အာဏာတို့ယူလာသောပန်းချီကားဖြစ်သည်။အမှောင်ထဲတွင် နံရံ၌ချိတ်ဆွဲထားသောပန်းချီကားကိုကြည့်ရသည်မှာ ကျောချမ်းလာသည်။

အောင်ခန့် အကြည့်လွှဲလိုက်ပြီး မိန်းကိုရှာလိုက်သည်။ နံရံတစ်ဖက်တွင်ရှိသောမိန်းကိုမြင်တော့ အမြန်သွားပြီး မိန်းတင်လိုက်သည်။

မိန်းတင်လိုက်သည်နှင့်တစ်အိမ်လုံးမီးများလင်းသွားသည်။အရမ်းကြီးလင်းထိန်နေသည်မဟုတ်ဘဲ အနည်းငယ်သာလင်းသည်။

အောင်ခန့် မင်းဆက်တို့နေသည့်အခန်းဟုထင်ရသောအခန်းကိုသွား၍ကြည့်လိုက်သည်။

"အောင်ခန့်"

နားကြပ်မှ အသံကြားလိုက်၍ အောင်ခန့်ကမေးသည်။

"အကိုလား "

"အေး .. မင်းဆက်တို့ရော"

"မတွေ့သေးဘူး "

အောင်ခန့်ပြောရင်းနှင့် မင်းဆက်တို့အခန်းဆီသို့ဝင်လာလိုက်သည်။ဝင်သည်နှင့်ခုတင်ဘေးတွင်ကျနေသောမျက်မှန်နှင့် ပုံပျက်နေသော အိပ်ရာခင်း၊ ကြမ်ပြင်တစ်လျောက်ကျနေသောသွေးစက်တွေကြောင့် သူစိုးရိမ်သွားသည်။

"အား!!"

ကျယ်လောင်သော အော်သံကြီးကိုကြားလိုက် ၍ သူထိတ်လန့်သွားပြီး ဓာတ်မီးကိုကိုင်ကာ သွေးစက်များတလျောက်နှင့် အော်သံလာရာကိုသူအမြန်သွားလိုက်သည်။

"အဆင်ပြေလား အောင်ခန့်"

"ကျွန်တော်တွေ့ပြီ ... လာခဲ့ကြတော့ "

"ok... ငါတို့လာနေပြီ"

တစ်ဖက်တွင်ကြားနေရသော စိုင်းအောင်ကဖြေသည်။

အောင်ခန့်လဲ သွေးစက်များတလျောက် လိုက်၍ကြည့်မိသည်။တဖြည်းဖြည်းသွားရင်းနှင့် မီးဖိုခန်းထဲသို့ရောက်သွား၍ သူသတိထားလိုက်သည်။သွေးစက်များသည် ကြမ်းပြင်၏ တစ်နေရာတွင်စုကာရပ်သွား၏ သူထိုနေရာသို့သွားလိုက်သည်။

သွေးစက်များစုနေသောနေရာတွင်သူထိုင်လိုက်ပြီး ကြည့်တော့ ဂျက်လိုမျိုးအရာကိုတွေ့တော့ သူဓာတ်မီးဖြင့်သေချာထိုးလိုက်သည်။

ကျွီ!!

ပွင့်သွားသော ၄ပေပတ်လည်လောက်သာရှိသော ပျဉ်ချပ်ကိုဆွဲဖွင့်လိုက်တော့ လှေကားလေးကိုတွေ့ရသည်။

"မီးဖိုချောင်ထဲမှာ ဝင်ပေါက်တွေ့ပြီ... လာခဲ့"

"ok"

ဝင်ပေါက်တည်နေရာကိုပြောကာ ထိုလှေကားသို့ဆင်းလိုက်သည်။ဓာတ်မီးဖြင့်ထွန်းရင်း သေချာဆင်းလိုက်သောအခါ မီးရောင်ရှိသော အခန်းကျယ်ကိုမြင်ရသည်။

"အား!!"

အသံကိုထပ်မံကြားလိုက်၍ အောင်ခန့်အမြန်ပြေးဆင်းပြီး ကြည့်လိုက်တော့ ကြိုးတစ်ကြိုးကိုတွေ့ရသည်။ ထို့နောက် ပျက်နေသောတံခါးဆီသို့ သေနတ်ကိုသေချာကိုင်ကာ ဝင်သွားလိုက်သည်။

ဝင်ဝင်ချင်းမြင်လိုက်ရတာက မင်းဆက်ကိုဖက်ထားသော အာဏာနှင့် ကြမ်းပြင်တွင်လူးလှိမ့်နေသော လူတစ်ယောက်ကိုတွေ့ရသည်။

"ခေါင်းဆောင်"

အောင်ခန့်ခေါ်ရင်း အာဏာ၏ အနားသို့သွားလိုက်သည်။

"ဘာဖြစ်တာလဲ"

အာဏာကဖြေသည်။

"ခေါင်းကိုထိသွားတယ်"

ထို့နောက်အောင်ခန့် ခါးတွင်ချိတ်ထားသောလက်ထိတ်ကိုယူကာ ဦးအောင်ဇင်ဆီကိုသွားလိုက်သည်။

"နာတယ်!! အား! ငါ့မျက်လုံးတွေ!!"

အော်ဟစ်ကာ သောင်းကျန်းနေသောဦးအောင်ဇင်ကြောင့် အောင်ခန့်ဂုတ်ကိုရိုက်ချလိုက်သည်။ထိုအခါမှငြိမ်ကျသွားသော ဦးအောင်ဇင်ကြောင့် အောင်ခန့်သက်ပြင်းချမိသည်။

"အဆင်ပြေလား"

ရှင်းခန့်တို့ရောက်လာပြီး မင်းဆက်ကိုကြည့်ကာမေးသည်။ အာဏာကသတိလစ်နေသော မင်းဆက်ကိုပွေ့ချီကာဆိုသည်။

"အရင်ဆုံးဆေးရုံသွားရအောင်..ကိုကိုကခေါင်းထိသွားတယ်"

အာဏာပြောတာ့ ရှင်းခန့်ကခေါင်းညိတ်သည်။

"ဟုတ်ပြီ...  စိုင်းအောင်နဲ့အတူတူသွားလိုက်... ငါတို့ဒီကကိစ္စတွေရှင်းလိုက်ဦးမယ်"

"အွန်း"

အာဏာခေါင်းညိတ်ပြီး မင်းဆက်ကိုပွေ့ချီကာတံခါးရှိရာသို့သွားလိုက်သည်။တံခါးဘေးတွင်ရှိသော စားပွဲတွင်တင်ထားသော ပန်းအိုးလေးကိုသူအမှတ်တမဲ့ ကြည့်လိုက်မိသည်။

နှင်းဆီပန်းရဲရဲတစ်ပွင့်ကိုလှပစွာထိုးထားသောပန်းအိုးလေးကိုသူကြည့်ပြီး ထွက်လာခဲ့သည်။

အာဏာထွက်သွားတော့ ရှင်းခန့်လဲ လဲကျနေသောလက်ထိပ်နှင့်ဦးအောင်ဇင်၏ အနားကိုသွားလိုက်သည်။ ညှီနံ့နံနေသောကြောင့် နှာခေါင်းကိုလက်နှင့်အုပ်လိုက်သည်။

"ခေါ်သွားလိုက်"

"ဟုတ်ကဲ့"

ရှင်းခန့်က နောက်ကရဲများအား ဦးအောင်ဇင်ကိုခေါ်သွားခိုင်းလိုက်သည်။သတိလစ်နေသောဦးအောင်ဇင်အား တစ်ယောက်တစ်ဖက်တွဲကာ ခေါ်သွားကြသည်။

ပုပ်အက်အက်အနံ့ကြောင့် သူတို့သေချာကြည့်မိတော့ ခုတ်ထစ်ထားသောအရိုးစ အသားစများကိုတွေ့ရသည်။ ရှင်းခန့် စိတ်မကောင်းစွာသက်ပြင်းချမိသည်။

ထို့နောက် နံရံနားတွင် စုပြုံကာထားသော ပလက်စတစ်အိတ်တွေနားသွားပြီး ဘေးကတုတ်တစ်ချောင်းကိုယူကာ ထိုးကြည့်လိုက်သည်။

ကြွပ်ကြွပ်အိတ်အမဲရောင်များကို ထုတ်နဲ့ထိုးလိုက်သော်လည်း မာသောအရာကိုထိုးမိသလိုဖြစ်၍ ရှင်းခန့်စိတ်ထဲမသင်္ကာဖြစ်သွားသည်။

ထို့နောက် တုတ်ကိုလွှတ်ချပြီး ထိုကြွပ်ကြွပ်အိတ်တွေကိုဖယ်ကြည့်လိုက်သည်။ ကြွပ်ကြွပ်အိတ်ဖြင့်ထုတ်ထားသော ရှည်မျောမျောအရာကြောင့် ရှင်းခန့်အံ့ဩသွားသည်။

"အောင်ခန့် ... လာ"

၂ယောက်သာထိုအရာကို မ ပြီး ကြွပ်ကြွပ်အိတ်များကိုဆွဲဖြဲလိုက်သည်။

"ဟင်"

ကြွပ်ကြွပ်အိတ်ထဲကအရာကြောင့် ၂ယောက်စလုံးအံ့ဩသွားသည်။

"ဒါ... လူပျောက်တိုင်ထားတဲ့ကောင်မလေး"

ရှင်းခန့် ထိုကောင်မလေးနှာခေါင်းနားကိုလက်ဖြင့် အသက်ရှူမရှူစမ်းကြည့်တော့ အသက်ကငွေ့ငွေ့လေးရှူနေ၍ ဖုန်းကိုထုတ်လိုက်၏။

"ခုချက်ချင်းလူနာတင်ယာဉ်လာခဲ့ ... ____လမ်းထဲကို"

ရှင်းခန့်တို့လဲ ကောင်မလေးကိုအိတ်ထဲကအမြန်ထုတ်လိုက်သည်။သိပ်မကြာခင် လူနာတင်ယာဉ်ရောက်လာပြီး ကောင်မလေးကိုခေါ်သွားသည်။ရဲတွေလဲခုတ်ထစ်ထားသောလူသားအပိုင်းအစများ၊ သွေးများကို DNAစစ်ရန်အတွက် ယူကြသည်။

ရှင်းခန့် ရေကန်နားသွားပြီး မိကျောင်းတွေကိုကြည့်မိသည်။လူတစ်ယောက်ကိုတောင် ကောင်းကောင်းသတ်ဖြတ်နိုင်သောအရွယ်အစားကြောင့် သက်ပြင်းချမိသည်။

"ဒါတွေကိုတော့ ကျန်တဲ့လူတွေရှင်းလိမ့်မယ်...အထက်ကပြောတဲ့အတိုင်းသူတို့လုပ်လိမ့်မယ်"

အောင်ခန့်ကပြောတော့ ရှင်းခန့်ကခေါင်းညိတ်သည်။

"အင်း ... အားလုံးသိမ်းဆည်းပြီးပြီလား"

ရှင်းခန့်မေးတော့ အောင်ခန့်ကခေါင်းညိတ်ကာ နောက်ကိုလှည့်ကြည့်သည်။

"အားလုံးရှင်းပြီးပြီ"

"အင်း"

"ဒါနဲ့"

အောင်ခန့်ကစကားစတော့ ရှင်းခန့်ကဘာလဲဆိုသောပုံစံနှင့်လှည့်ကြည့်သည်။သို့သော် အောင်ခန့်က ခေါင်းခါလိုက်သည်။

"ဘာမှမဟုတ်တော့ဘူး ....သွားကြအောင်လေ "

ရှင်းခန့်ကပြောသည်။

"အင်း... အကုန်လုံးပြီးရင်သွားမယ်"

"အင်း"

ထို့နောက်၂ယောက်သားထိုနေရာမှထွက်လာခဲ့သည်။အခန်းထဲမှ နှင်းဆီပန်းလေးကတော့ လန်းဆန်းလျက်။

==================

"အကိုက ကျန်တဲ့လူတွေနဲ့ပြန်လိုက်... ကျွန်တော်ကကိုယ့်ဘာသာပြန်ခဲ့မယ်... ကားပါလာတယ်လေ"

အောင်ခန့်ကသူ့ကားကိုပြတော့ ရှင်းခန့်ကခေါင်းညိတ်ကာ လက်ခံ၏။

"ဒါဆိုငါတို့ပြန်နှင့်မယ်... ပြီးရင်လိုက်ခဲ့"

"အွန်း "

ရှင်းခန့်လဲကျန်တဲ့ရဲတွေနဲ့ထွက်သွားသည်။ ရှင်းသန့်တို့ထွက်သွားတော့ အောင်ခန့်လဲ ကားဖြင့်ထွက်လာခဲ့သည်။အိမ်ကြီးကတော့ ကန့်သတ်နယ်မြေအဖြစ် ညတွင်းချင်းပြောင်းလဲသွားခဲ့သည်။

=================

အောင်ခန့် ကားမောင်းနေရင်းပြန်တွေးမိနေသည်။သူအခန်းထဲတွင်ပြီး ခေါင်းဆောင်အနားကိုသွားတုန်းက မြင်လိုက်ရသောအဖြစ်အပျက်ကိုပြန်တွေးမိသည်။

သာမန်ထက်ပိုတောက်ပနေပြီး ထူးဆန်းလှတဲ့ အာဏာ၏မျက်လုံးအပြာရောင်နှင့် ကြမ်းပြင်တွင်လူးလှိမ့်နေသောဦးအောင်ဇင်၊မျက်လုံးကိုဖိကာအော်ဟစ်နေသောဦးအောင်ဇင်နှင့် ထူးဆန်းပြီး ပြာလဲ့နေသော အာဏာ၏ မျက်လုံး၊၊ မူမမှန်ဘဲ တစ်ခုခုကိုတုန်လှုပ်နေသလိုလို ဖြစ်နေသော အာဏာကြောင့် အောင်ခန့်စိတ်ထဲတစ်မျိုးဖြစ်နေသည်။

မူမမှန်ဘဲထူးဆန်းနေသောမျက်လုံး၊ ကြမ်းပြင်မှာလူးလှိမ့်ပြီး မျက်လုံးတစ်ခုခုဖြစ်နေပုံရသောဦးအောင်ဇင်။

အောင်ခန့် သူ့ဘာသာပြောလိုက်သည်။

"အား ! ငါဇာတ်လမ်းတွေကြည့်တာများနေပြီ..ဟုတ်တယ် ငါဇာတ်လမ်းတွေကြည့်တာများသွားလို့ယယယမျက်လုံးကနဂိုထဲအပြာဆိုတော့ မှောင်သွားရင်နည်းနည်း... နည်းနည်းလေးတောက်သွားတာနေမှာပေါ့"

အောင်ခန့်တစ်ယောက်ထဲ ကားမောင်းရင်ပြောနေသည်။ရှေ့သို့ခပ်အုပ်အုပ်ကျနေသော ဆံပင်ကောက်ကောက်လေးများကိုသူဖွလိုက်သည်။

"အိပ်ရေးပျက်လို့ စိတ်တွေကယောင်ကခြားဖြစ်ပြီးမြင်ချင်ရာမြင်တာနေမှာပါ"

တစ်ယောက်ထဲပြောချင်ရာပြောနေပြီး မနက်၃နာရီကျော် လမ်းမကြီးတွင်ကားကိုအေးအေးဆေးဆေးမောင်းနေသည်။

ကျွီ!!

ရှေ့သို့ရုတ်တရက်ပြေးဝင်လာသော ဆိုင်ကယ်တစ်စီးကြောင့် သူကားကိုဘရိတ်အုပ်လိုက်သည်။

"ဘာလဲဟ"

ရှေ့တွင် ရပ်နေသောဆိုင်ကယ်ကြောင့် အောင်ခန့်ကားပေါ်မှဆင်လိုက်သည်။

==================

ရင်း မနက်၃နာရီလောက် အိမ်မှလာရင်း လမ်းတွင်လူရှင်း၍ ဆိုင်ကယ်လေးကိုဆေးဆေးအေးအေးမောင်လာခဲ့သည်။လူရှင်း၍ သတိမထားမိဘဲမောင်းလာရင်းတစ်ဖက်မှလာသောကားကြောင့် ရင်း လန့်ပြီးဆိုင်ကယ်ကို ဘရိတ်အုပ်လိုက်သည်။

မျက်လုံးကိုစုံမှိတ်ကာ ရပ်လိုက်ပြီးမိမိအနားကိုရောက်လာသောကားကိုစောင့်နေလိုက်သည်။

သို့သော် ကားဘရိတ်အုပ်သံကြောင့် သူမျက်လုံးဖွင့်ကြည့်လိုက်သည်။ မီးထွန်းထား၍ ကားထဲမှလူကိုမြင်နေရသည်။

ထိုလူက ကားပေါ်ကဆင်းလာတော့ ရင်း လဲ လန့်ပြီးဆိုင်ကယ်ပေါ်ကဆင်းပြီး ရပ်နေလိုက်သည်။

"ဟေ့... ကားလာနေတာမမြင်ဘူးလား..ကန်းနေလားကွ "

ဆင်းလာလာချင်း သူ့ကိုအော်လိုက်သောလူကြောင့် ရင်း မသိမသာနှုတ်ခမ်းဆူသွားသည်။မဟုတ်မခံ ငြိမ်မနေတတ်သောအကျင့်လေးကြောင့် ရင်း ပြန်ပြောလိုက်သည်။

" မမြင်လို့ပေါ့ဗျ... မြင်မှတော့သိသိကြီးဝင်လာမလား လမ်းပေါ်ကို"

"နေပါဦး"

အောင်ခန့် သူ့ရှေ့ဂျပုလေးကိုကြည့်လိုက်သည်။

" ခုချိန်က ဆယ်တန်းကျူရှင်တွေဖွင့်ပြီလား...မနက်စောစောကလေးတွေလမ်းမပေါ်မှာဆိုင်ကယ်တွေနဲ့ "

"ဘာ!"

"ဘာလဲ"

"ဘာကိုဆယ်တန်းလဲ "

"မင်းကဆယ်တန်းမဟုတ်ဘူးလား"

ရင်း သူ့ကို ဆယ်တန်းလို့ပြောလိုက်သာ အောင်ခန့်ကြောင့် စိတ်တိုသွားသည်။

"ခင်ဗျားနော်... ကျွန်တော်ကဆယ်တန်းအောင်ပြီးပြီ.. အသက်တောင်၂၀ဗျ"

"ဒါလေးက၂၀ ...လက်စသတ်တော့ဂျပုလေးကို"

အောင်ခန့်ပြောတော့ ရင်း စိတ်တိုသွားသည်။

"တော်တော့ သွားစရာရှိတာသွား... တော်ကြာကလေးရောင်းစားတဲ့လူနဲ့တွေ့နေဦးမယ်"

အောင်ခန့် ရင်း ကိုစနောက်ပြီး ကားပေါ်တတ်ကာမောင်းလာခဲ့သည်။

ထွက်သွားသောကားကိုကြည့်ပြီး ရင်းဆွေ့ဆွေ့ခုန်နေကာကျန်ခဲ့သည်။

"စိတ်ပျက်စရာကြီးပဲ ... ငါ့ကိုများဂျပုတဲ့..၅ပေ၁က ဂျပုဖြစ်မလား"

ရင်း ပြောပြီးဆိုင်ကယ်ပေါ်ကိုတတ်ခွလိုက်သည်။ဦးထုတ်လေးဆောင်းကာစူပုပ်ပုပ်နှင့် မောင်လာခဲ့သည်။

ရင်း သွာရမဲ့နေရာကိုမောင်းရင်သီချင်းလေးညည်းနေမိသည်။မနက်စောစောအအေးဒဏ်ကြောင့်ပါးဖောင်းဖောင်းလေးမှာ စတော်ဘယာရီသီးလေးလိုရဲနေပြီ နှုတ်ခမ်းလေးမှာထော်နေသည်။

ထို့နောက် အိမ်တစ်အိမ်ရှေ့ရောက်တော့ ရင်း ဆိုင်ကယ်ရပ်လိုက်သည်။ထို့နောက် ခြံကြီးကိုကြည့်ပြီး နှုတ်ခမ်းဆူသွား၏။

"ပြန်ကုန်ပြီ ထင်တယ်...မနက်ဖြန်မှ သွားမေးကြည့်မယ်"

ဆိုလိုက်ပြီး ဆိုင်ကယ်လေးကိုလှည့်ကာ ရင်း ပြန်လာခဲ့သည်။ည၃နာရီကျော်တွင် လူခြေအနည်းငယ်တိတ်နေလမ်းမကြီးတွင် သတင်းထောက်သမားလေး ရင်း သည် အလာနောက်ကျ၍ သတင်းမယူလိုက်ရသောကြောင့် ဆူပုပ်ပုပ်ဖြင့် ဆိုင်ကယ်မောင်းနေသည်။

#2.11.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

Continue Reading

You'll Also Like

533K 63.2K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
1.6M 89.1K 48
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
132K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
869K 97.8K 76
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြောင်းကို ကိုယ်ဘာသာပြောပြနေသလိုမျိုးပါ ကိုယ...