[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"စားပဲစားမေနနဲ႔ဦး... ေသခ်ာေလးၾကည့္ဦး"
ကားထဲမွာထိုင္ကာ မုန္႔စားေနေသာ ေအာင္ခန္႔ကိုရွင္းခန္႔ကေျပာလိုက္သည္။ ေရာက္လာထဲက မုန္႔ထုတ္ေဖာက္ကာ ေအးေအးေဆးေဆးစားေနေသာေအာင္ခန္႔ေၾကာင့္ သူေခါင္းခါမိသည္။
"အကိုကလဲ ဒီအခ်ိန္ႀကီးေရာက္ေနၿပီ ...လမ္းေပၚမွာဘယ္သူမွမရွိဘူး...ကြၽန္ေတာ္တို႔ပဲရွိတယ္.... ေစာင့္ၾကည့္ေနရင္ေရာ ထူးျခားပါ့မလား ...ကြၽန္ေတာ္တို႔အျဖစ္ကလဲ ကင္းသမားျဖစ္ေနၿပီ"
ညတိုင္း ေဒၚခ်ိဴဇင္တို႔ရက္ကြက္ထဲကို ညတိုင္း၊ ေန႔တိုင္း လာေစာင့္ေနရ၍ ေအာင္ခန္႔ကဆိုသည္။
"ခဏေနပါဦး ... အခ်ိန္နည္းနည္းေလာက္ဆက္ၾကည့္ရေအာင္"
ရွင္းခန္႔ကေျပာေတာ့ ေအာင္ခန္႔ကေခါင္းညိတ္ၿပီး လက္ထဲကေကာ္ဖီေအးဗူးကိုကိုင္ကာ ေသာက္ေနလိုက္သည္။ရွင္းခန္႔လဲ ကူရွင္မွာမွီၿပီး လက္ပိုက္ကာ ေစာင့္ေနလိုက္သည္။
နာရီကိုၾကည့္ေတာ့ ည၁နာရီ၁၅မိနစ္ရွိေနသည္။ ရွင္းခန္႔ အိပ္ခ်င္ေနေသာ မ်က္လံုးကိုလက္မျဖင့္ဖြဖြေလး ပြတ္လိုက္ကာ အာရံုစိုက္ၿပီး ေစာင့္ၾကည့္ေနလိုက္သည္။
"အကို .. ဟိုမွာ ၾကည့္"
ရွင္းခန္႔ ခဏေမွးေနရာမွ အိပ္ေပ်ာ္သြားေသာအခ်ိန္ ေအာင္ခန္႔၏ ခပ္တိုးတိုးအသံေၾကာင့္ နိုးလာသည္။
"ေရွ႕ကိုၾကည့္"
ေအာင္ခန္႔ေျပာတဲ့ ေရွ႕ကိုၾကည့္ေတာ့ တစ္အိမ္လံုးမီးမွိတ္ထားေသာ ေဒၚခ်ိဴဇင္၏ အိမ္ကအိမ္ေရွ႕ၿခံတံခါးတြင္မီးလင္းလာ၍ သူတို႔၂ေယာက္ သတိထားလိုက္သည္။
ထို႔ေနာက္ ၿခံတံခါးကိုဖြင့္ၿပီး အရိပ္မဲမဲတစ္ခုထြက္လာ၍ ေအာင္ခန္႔က ခါးကေသနတ္ကိုစမ္းလိုက္သည္။
ထိုအရိပ္က ခိုးေၾကာင္ခိုးဝွက္ပံုစံနွင့္ တစ္ေနရာရာကိုထြက္သြားသည္။ ရွင္းခန္႔ ခပ္တိုးတိုးေျပာလုိက္သည္။
"ေဒၚခ်ဴိဇင္ျဖစ္နိုင္တယ္ ...မင္းဒီမွာဆက္ေစာင့္ေန.. ငါလိုက္သြားမယ္"
"အြန္း... သတိထား"
"ေအး"
ရွင္းခန္႔ ေသနတ္ကိုခါးတြင္ခ်ိတ္ၿပီး နားၾကပ္ကိုတပ္ကာ ကားတံခါးဖြင့္ၿပီး မသိမသာနွင့္ ထိုလူ၏ေနာက္ကေနလိုက္သြားသည္။
ထို႔ေနာက္ ၿခံထဲမွထြက္သြားေသာ လူေနာက္သို႔လိုက္သြားလိုက္သည္။ရွင္းခန္႔ သူ႔ေရွ႕ကသြားေနေသာလူေနာက္ကိုမသိမသာလိုက္ရင္း ေသနတ္ကိုလဲ ေသခ်ာကိုင္ထားရေသးသည္။
ထို႔ေနာက္ ေမွာင္ေနေသာေနရာမွ အနည္းငယ္လင္းလာေသာေနရာေရာက္လာ၍ သူေသခ်ာၾကည့္မိေသာအခါ လမ္းကမီးအနည္းငယ္ကိုထြန္းထားသည္။
ထို႔ေနာက္ ထိုလူက၂၄နာရီmini markကိုဝင္သြားေသာေၾကာင့္ ရွင္းခန္႔ပို၍သံသဃဝင္သြားသည္။ ဒီအခ်ိန္ႀကီးကို ၂၄နာရီဖြင့္ေသာ mini markကို သြားေသာသူဟာ ဘယ္သူဆိုတာသူသိခ်င္လာသည္။
ထို႔ေၾကာင့္ အေနာက္ကေနသူျဖည္းျဖည္းခ်င္းလိုက္လာခဲ့သည္။ဆိုင္ထဲတြင္ေဈးဝယ္ေနသာ လူေၾကာင့္သူကြယ္ရာကေနေစာင့္ေနလိုက္သည္။ ထို႔ေနာက္ ထိုလူက ဆိုင္ထဲကထြက္လာသည္။လက္ထဲတြင္အထုတ္ေတြဆြဲကာထြက္လာ၍ ရွင္းခန္႔သတိထားၿပီး ေနာက္ကေနလိုက္လာခဲ့သည္။
ေရွ႕ကထိုလူကသြားေနရင္း ဖုန္းလာ၍ ရပ္ကာ ဖုန္းကိုထုတ္လိုက္သည္။ ရွင္းခန္႔လဲကြယ္ရာတြင္ ခဏရပ္ကာ နားစြင့္ေနလိုက္သည္။
"ဟယ္လို"
မိန္းမသံျဖစ္၍ ဖုန္းျပာေနေသာလူသည္ ေဒၚခ်ိဳဇင္ဟု ေကာက္ခ်က္ခ်လိုက္သည္။
"အာ ၃နာရီေလာက္က်လာေပးမယ္...စားစရာေတြယူလာမယ္ေနာ္....ေစာင့္ေန"
ရွင္းခန္႔ စကားသံမ်ားကိုနားစြင့္ေနသည္။
"အဲ့အခ်ိန္ဆိုသူတို႔၂ေယာက္လဲ ေအးေဆးသြားၿပီေလ...ေစာင့္ေန လာခဲ့မယ္"
သူတို႔၂ေယာက္ဟုေသာစကားေၾကာင့္ ရွင္းခန္႔မ်က္လံုးျပဴးသြားသည္။ရွင္းခန္႔ ဘာမွမစဥ္းစားေတာ့ဘဲ ကြယ္ေနရာမွထြက္ကာ သူမဆီသို႔သြားလိုက္သည္။
"ေဒၚခ်ိဳဇင္"
ရွင္းခန္႔ေခၚလိုက္ေတာ့ သူမကလွည့္ၾကည့္လာသည္။ရွင္းခန္႔ကိုျမင္ေတာ့သူမလန္႔သြားၿပီးထြက္ေျပးသည္။ လက္ထဲကအထုတ္ေတြကိုလႊတ္ခ်ကာထြက္ေျပးသြားေသာ သူမေၾကာင့္ ရွင္းခန္႔အံ့ၾသသြားသည္။
"shit!!! ခင္ဗ်ား ရပ္စမ္း!!"
ရွင့္ခန္႔ေအာ္ရင္း သူမေနာက္ကေျပးလိုက္သည္။ ရွင္းခန္လဲ အေနာက္ကေနလိုက္ရင္း သူမေနာက္ကိုအျမန္လိုက္ကာ အက်ီၤစကိုဆြဲထားလိုက္သည္။
ထိုအခါမွ ရုန္းမရေသာသူမက ခပ္တည္တည္နွင့္ေမးသည္။
"မင္းဘာလုပ္တာလဲ! လႊတ္စမ္း!"
"ဘာ ! ခင္ဗ်ားခုနကဖုန္းေျပာတာကို က်ဳပ္အကုန္ၾကားတယ္... ဘယ္သူလဲဆိုတာေအးေဆးေျဖ..ခင္ဗ်ားက အိမ္ႀကီးနဲ႔ပတ္သတ္တာကိုသိတယ္မလား"
ရွင္းခန္႔ေမးေတာ့ သူမကရယ္သည္။
"အရူးစကားေတြလာမေျပာနဲ႔ .... ငါကဘာကိုသိရမွာလဲ"
ေၾကာင္ေတာင္ေတာင္လုပ္ေနေသာသူမေၾကာင့္ ရွင္းခန္႔စိတ္တိုသြားသည္။
"အာ ဒီမိန္းမေတာ့ "
သူမကေတာ့ မ်က္နွာကိုခပ္တည္တည္နွင့္မသိခ်င္ေယာင္ေနသည္။
"ဒုေခါင္းေဆာင္"
ရွင္းခန္႔က နားၾကပ္မွၾကားလိုက္ရေသာေဂ်ာင္ဝူးအသံေၾကာင့္ သူမကိုလႊတ္မေပးဘဲ နားေထာင္လိုက္သည္။ ထို႔အတူ ကားေပၚမွ ေအာင္ခန္႔ကလဲ နားေထာင္ေနသည္။
"အြန္း... ေျပာ"
"ေဒၚခ်ိဳဇင္ေျပာတဲ့ လြန္ခဲ့တဲ့၃နွစ္ေလာက္၂လပိုင္းမွာသြားခဲ့တဲ့ ေလေၾကာင္းခရီးသည္ေတြကိုစစ္ၾကည့္လိုက္တာ ထူးဆန္းေနတယ္"
ေဂ်ာင္ဝူးစကားေၾကာင့္ ရွင္းခန္႔စိတ္ဝင္စားသြားသည္။
"ဘာကိုထူးဆန္းတာလဲ"
"ခဏေနာ္"
ေဂ်ာင္ဝူးက ကြန္ပ်ဴတာေပၚတြင္ေပၚေနေသာ ေလေၾကာင္းခရီးသည္မ်ား၏ ကိုယ္ေရးရာဇဝင္ကိုအကုန္တိက်ေအာင္လိုက္စစ္ေဆးေနသည္။တစ္ေနရာရာေရာက္ေတာ့ မ်က္လံုးကအနည္းငယ္ျပဴးသြားၿပီး အံ့ၾသသြားသည္။
"ဒုေခါင္းေဆာင္"
"အြန္း ... ဘာေတြ႕လဲ"
"ေဒၚခ်ိဴဇင္ရဲ႕စကားအရ ေမာင္ျဖစ္သူဦးေအာင္ဇင္က လြန္ခဲ့တဲ့၃နွစ္ရ၂လပိုင္းမွာjapanသြားတယ္လို႔ေျပာခဲ့တယ္ေနာ္"
ေဂ်ာင္ဝူးကေမးေတာ့ ရွင္းခန္႔ကသူေရွ႕ကေဒၚခ်ိဴဇင္ကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေျဖလိုက္သည္။
" ဟုတ္တယ္ ..ခုဘာလို႔လဲ"
"လြန္ခဲ့တဲ့၃နွစ္ ၂လပိုင္းမွာ ဦးေအာင္ဇင္ဆိုတဲ့ ခရီးသည္မရွိဘူး"
ရွင္းခန္႔ေရာ ေအာင္ခန္႔ေရာအံ့ၾသသြားသည္။
"ဒါဆို"
"ဟုတ္တယ္ဒုေခါင္းေတာင္... ကြၽန္ေတာ္အားလံုးစစ္ေဆးၿပီးၿပီ... ဦးေအာင္ဇင္ကjapanမသြားခဲ့ဘူး.... ခုထိဒီမွာရိွတုန္းပဲ"
"ဒါဆိုရင္ ဦးေအာင္ဇင္က"
ေဒၚခ်ိဴဇင္ကလဲ လန္႔သြားသလို ရွင္းခန္႔လဲ အံ့ၾသသြားသည္။
"ေအာင္ခန္႔ ! ခုခ်က္ခ်င္းမင္းဆက္ဆီကိုသြားေတာ့"
"ဟုတ္ကဲ့"
ေအာင္ခန္႔ ခ်က္ခ်င္းကားကိုစက္နႈိးၿပီး အိမ္ႀကီးဆီကိုအျမန္ေမာင္းသြားလိုက္သည္။ကားေမာင္းေနရင္း မင္းဆက္ရဲ႕ဖုန္းကိုဆက္လိုက္ေလည္း မကိုင္ ။
"က်စ္!! ဟာကြာ"
ေအာင္ခန္႔မခ်ိတင္ခဲေရ႐ြတ္ကာ အျမန္ဆံုးေမာင္းသြားလိုက္သည္။
================
"ခင္ဗ်ား ဦးေအာင္ဇင္"
အာဏာ ေရွ႕တြင္ရပ္ေနေသာလူအားၾကည့္ကာေျပာလိုက္သည္။အျပာႏုေရာင္ရွပ္အက်ီၤကြက္နွင့္ လူကိုၾကည့္ၿပီးေရ႐ြတ္လိုက္သည္။
"ငါ့ညီမေျပာထားတဲ့ ေကာင္ေလးပဲ"
အာဏာ အားလံုးကိုသေဘာေပါက္သြားၿပီျဖစ္သည္။ ေဒၚခ်ိဴဇင္ဟာ ဒီကိစၥရဲ႕ႀကံရာပါဆိုတာကို သိလိုက္ရ၍ အာဏာစိတ္တိုသြားသည္။
ထိုစဥ္သူ၏ေရွ႕၁၀လွမ္းေလာက္တြင္ လက္ကိုႀကိဳးတုပ္ခံရၿပီး လဲေနေသာမင္းဆက္ေၾကာင့္ အာဏာစိတ္တိုသြားကာ အတင္းရုန္းသည္။ရုန္းေနေသာ အာဏာကိုျမင္ေတာ့ ထိုလူကရယ္သည္။
"မင္းတို႔က၃ရက္ေလာက္ေနခြင့္ေပးထားတာေက်းဇူးတင္လိုက္ေကာင္ေလး"
ဦးေအာင္ဇင္ သူ႔ကိုမၾကည့္ဘဲသူ႔ေနာက္က လဲေနေသာ ေကာင္ေလးကိုသာၾကည့္ေနေသာ အာဏာေၾကာင့္ၿပံဳးလိုက္သည္။
ထို႔ေနာက္ မင္းဆက္လဲေနေသာေနရာကိုသြားလိုက္ၿပီး ေဘးတြင္ထိုင္လိုက္သည္။ အာဏာ လန္႔သြားၿပီး ရုန္းေသာ္လည္းမရ။သတိလစ္ေနေသာ မင္းဆက္ကိုတစ္ခုခုလုပ္လိုက္မွာစိုးရိမ္သည္။
အာဏာ၏ ပံုစံကိုျမင္ေတာ့ ဦးေအာင္ဇင္ကေက်နပ္သလိုနွင့္ရယ္သည္။
"ဟားဟားးး ... ခုမွအရမ္းကိုတုန္လႈပ္ေနတယ္လား"
ေျပာရင္းနွင့္ မင္းဆက္၏ဆံပင္ကိုေဆာင့္ဆြဲလိုက္သည္။ ေခါင္းကိုျပင္းထန္စြာထိခိုက္ထားေသာ မင္းဆက္သည္ သတိလံုးဝလည္မလာေသးေပ။
"ခင္ဗ်ား ခုခ်က္ခ်င္းလႊတ္လိုက္!!"
အာဏာ လက္ျပန္ႀကိဳးနွင့္ ေျခေထာက္ကႀကိဳးေၾကာင့္ထမရျဖစ္ေနရာမွ ကုန္းေအာ္လိုက္သည္။
အာဏာ၏ ပံုစံကိုၾကည့္ကာထိုလူကသေဘာက်ေနသည္။
ထို႔ေနာ္ မင္းဆက္၏ ေျခေထာက္ကိုတ႐ြတ္တိုက္ဆြဲရန္ျပင္လိုက္သည္။ ေျခေထာက္ကို ကိုင္ကာတ႐ြတ္တိုက္ၿပီးဆြဲဖို႔လုပ္ေနေသာ ဦးေအာင္ဇင္ေၾကာင့္အာဏာ တုန္လႈပ္သြားသည္။
"ခင္ဗ်ား ဘာလုပ္တာလဲ"
ဦးေအာင္ဇင္ကို အာဏာကိုၾကည့္ကာ လက္ညႇုိးကိုနႈတ္ခမ္းေပၚတင္ၿပီးမ်က္နွာမဲ့ကာဆိုသည္။
"ရွဴးး နားညည္းတယ္"
ေျပာၿပီး မင္းဆက္ကို တ႐ြတ္တိုက္ကာဆြဲသြားသည္။ အာဏာကေတာ့ ေအာ္ဟစ္ကာက်န္ခဲ့သည္။ဆြဲေခၚသြားရင္း တံခါးတစ္ခ်ပ္နားကိုေရာက္ေတာ့ ရပ္လိုက္ၿပီး တံခါးကိုဖြင့္လိုက္သည္။
ထို႔ေနာက္တ႐ြတ္တိုက္ကာဆြဲရင္း မင္းဆက္ကိုအထဲသို႔ေခၚသြားသည္။ေဘးပတ္ဝန္းက်င္္ကိုၾကည့္ရျခင္းျဖင့္ ဒီေနရာသည္ ေျမေအာက္ခန္းျဖစ္မည္ဟုထင္လိုက္သည္။ အာဏာလဲမင္းဆက္ကိုေခၚသြားေသာ တံခါးပိတ္ထားသည့္အခနားထဲသု႔ိဝင္ရန္ အႀကံစဥ္းစားလိုက္သည္။
=====================
မင္းဆက္ နာက်င္ကိုက္ခဲေနေသာေခါင္းေၾကာင့္ မ်က္လံုးကိုပင္ အားတင္းကာဖြင့္ရသည္။ နွာေခါင္းထဲသို႔တိုးဝင္လာေသာ ပုပ္အက္ေနသည့္အနံ႔အသက္နွင့္ ညီွနံ႔ေတြေၾကာင့္ မင္းဆက္အန္ခ်င္စိတ္ကိုထိန္းထားရသည္။
"ဒုတ္! ဒုတ္! ဒုတ္!
တစ္ခုခုကို ခုတ္ထစ္ေနေသာ အသံ ၊ သစ္သားတစ္တုန္းကို ဓားတစ္လက္နွင့္ ခုတ္ေနေသာအသံလိုမ်ဳိး အသံသည္ မင္းဆက္၏ နားတြင္းသို႔တိုးဝင္လာသည္။
မ်က္လံုးကိုဖြင့္ၾကည့္ေတာ့ အရာအားလံုးကိုရွင္းရွင္းလင္းလင္းျမင္ေနရၿပီး မီးမ်ားထြန္းထားသည္။ထၿပီးထိုင္ရန္အတြက္ လႈပ္ေသာလည္း လႈပ္မရ၊ လက္ေတြေျခေထာက္ေတြဟာ လႈပ္မရျဖစ္ေန၍ မင္းဆက္ပတ္ဝန္းက်င္ကိုေလ့လာလိုက္သည္။
"နိုးၿပီးလား"
မင္းဆက္အသံၾကား၍ အတင္းရုန္ကာ ထၿပီးထိုင္လိုက္သည္။ေနာက္တြင္ရွိေသာ နံရံကိုမွီကာ မင္းဆက္ မိမိကိုစကားေျပာေနေသာ လူကိုၾကည့္မိေတာ့ အံ့ၾသသြားသည္။
"ဦးေအာင္ဇင္"
"ဟားဟားးး သိသားပဲ"
မင္းဆက္ ဦးေအာင္ဇင္ကိုၾကည့္မိေတာ့အံ့ၾသသြားျပန္သည္။ ဓားမႀကီးတစ္လက္နွင့္ အသားမ်ားကိုခုတ္ထစ္ေနေသာ ဦးေအာင္ဇင္ေၾကာင့္ အနည္းထိတ္လန္႔သြားသည္။
ဒီလိုေနရာမွ အသားမ်ားကို ခုတ္ထစ္ေနေသာ ဦးေအာင္ဇင္ေၾကာင့္ မင္းဆက္ထူးဆန္းသြားသည္။
ဦးေအာင္ဇင္ကေတာ့ သူ႔အလုပ္ကိုသာသူလုပ္ေနသည္။ မင္းဆက္လဲ ၾကည့္ေနရင္း မိမိ၏ ေဘာင္းဘီအိတ္ထဲတြင္ ထည့္ထားေသာ ဓားေလးရွိေနေသာေၾကာင့္အားတတ္သြားသည္။ ဒီညတြင္ခုလိုကိစၥမ်ိဳးကို ႀကံဳေတြ႕ရမည္ဟုသိေနေသာေၾကာင့္ သူႀကိဳတင္ျပင္ဆင္ၿပီး ဓားကိုထည့္ထားျခင္းျဖစ္သည္။
ထိုဓားေလးကိုမသိသာေအာင္ထုတ္လိုက္ၿပီး လက္တြင္ဖြတ္ထားလိုက္သည္။လက္ေနာက္ျပန္ႀကိဳးတုပ္ထားလ်က္နွင့္ယူရတာျဖစ္၍မင္းဆက္ လက္အနည္းငယ္နာသြားသည္။
သူ႔ဘာသာ အသားမ်ားခုတ္ထစ္ေနေသာ ဦးေအာင္ဇင္ေၾကာင့္ မင္းဆက္မသိမသာနွင့္ ႀကိဳးကိုျဖတ္လိုက္သည္။ဓားကိုလြတ္မက်ေအာင္ သတိထားကာျဖတ္ေနရင္း ႀကိဳးကလံုးဝျပတ္သြားသည္။
"ေနာက္တစ္ေယာက္ဘယ္မွာလဲ"
မင္းဆက္အာရံုလႊဲကာေမးလိုက္သည္။ အသားမ်ားကိုခုတ္ထစ္ေနေသာ ဦးေအာင္ဇင္က မင္းဆက္ရဲ႕အသံေၾကာင့္ ဓာကိုရပ္ကာ ၾကည့္လိုက္ၿပီးရယ္သည္။
"အျပင္မွာေလ... ၿပီးရင္သူ႔အလွည့္ေရာက္မွာပါ"
ေျပာၿပီး ဆက္ၿပီးအသားမ်ားကိုတံုးေနသည္။ မင္းဆက္အာဏာ အႏၲရာယ္ကင္းသည္ကိုလိုက္၍ စိတ္ေအးသြားရသည္။
ဦးေအာင္ဇင္ကေတာ့ အိတ္မဲမဲႀကီးထဲမွ အသားမ်ားကိုယူကာ တုံးေနသည္။
"တျခားလူေတြေရာ ခင္ဗ်ားဘယ္ကိုပို႔လိုက္တာလဲ"
မင္းဆက္ေမးေတာ့ ထိုလူကရယ္သည္။
"သူတို႔ဘယ္မွာလဲ ဦးေအာင္ဇင္"
မင္းဆက္ထပ္ေမးေတာ့ ဦးေအာင္ဇင္ကရယ္ၿပီးအိတ္မဲမဲႀကီးထဲ တစ္ခုခုကိုနႈိက္ေနသည္။မင္းဆက္လဲသူေမးသည္ကိုမေျဖေသာေၾကာင့္ စိတ္တိုသြားသည္။
ထိုစဥ္အိတ္ထဲမွထြက္လာေသာ အရာေၾကာင့္ မင္းဆက္မ်က္လံုးျပဴးသြားသည္။ လက္ႀကီးတစ္ဖက္။
"ခင္ဗ်ား"
မင္းဆက္အံ့ၾသသြားရသည္။
"မင္းေမးတဲ့အေျဖကဒီမွာေလ ဟားဟားး"
အရူးတစ္ေယာက္လိုရယ္ေမာေနေသာ ဦးေအာင္ဇင္ေၾကာင့္မင္းဆက္ အနည္းငယ္ေတာ့ထိတ္လန္႔လာသည္။ ဒီလူကအရူးပဲ ၊ စိတၲဇသမားတစ္ေယာက္ျဖစ္တာကိုသူသိလိုက္သည္။
"မေလာနဲ႔ ....မင္းတို႔အလွည့္လာမယ္"
ထိုလူကရယ္ၿပီးေျပာသည္။ ထို႔ေနာက္ ခုတ္ထစ္ထားေသာ အသားမ်ားထည့္ထားတဲ့ဇလံုႀကီးကိုယူကာ တစ္ေနရာရာသို႔သြားေနသည္။ မင္းဆက္လဲ သတိထားကာ လိုက္ၾကည့္ေနလိုက္သည္။
"ငါ့သားတို႔ေရ !"
ဦးေအာင္ဇင္၏စကားသံေၾကာင့္ မင္းဆက္စိတ္ဝင္စားသြားသည္။ဘယ္သူ႔ကိုေခၚေနတာလဲ။
"ဗြမ္း!!!"
ေရသံမ်ားၾကားလာရ၍ မင္းဆက္ေက်ာကိုမတ္လိုက္ၿပီး လက္ထဲကဓားကိုက်စ္ေနေအာင္ဆုပ္ကိုင္ထားသည္။
ထိုစဥ္ ဦးေအာင္ဇင္သြားေနေသာ ေမွာင္ေနတဲ့ေနရာမွမီးလင္းလာ၍ မင္းဆက္မ်က္လံုးက်ိန္းကာ အနည္းငယ္မ်က္လံုးကိုမွိတ္ထားလိုက္သည္။
"ငါ့သားေတြက မလွဘူးလား... ၾကည့္စမ္း"
ဦးေအာင္ဇင္ကေျပာေတာ့ မင္းဆက္မ်က္လံုးကိုဖြင့္ၾကည့္လိုက္သည္။ထို႔ေနာက္မ်က္လံုးအစုံဟာျပဴးက်ယ္လ်က္ေရ႐ြတ္မိသည္။
"မိေက်ာင္းေတြ"
ေရကန္ထဲတြင္မ်ားျပားလွေသာမိေက်ာင္းမ်ားက တဗြမ္းဗြမ္းနွင့္ေရကူးေနသည္။ဦးေအာင္ဇင္ကိုျမင္ေတာ့ အားရဝမ္းသာနွင့္ ကူးခတ္ကာ လာေနၾကသည္။
ထို႔ေနာက္ ဦးေအာင္ဇင္ကလက္ထဲကအသားမ်ားကိုေရကန္ထဲပစ္ခ်ၿပီးေကြၽးေမြးေနသည္။အသားတံုးမ်ားကိုအားရဝမ္းသာစားေနၾကေသာ မိေက်ာင္းမ်ားကိုၾကည့္ရင္းမင္းဆက္အံ့ၾသေနသည္။
ထို႔ေနာက္ေကြၽးေနရင္း ကုန္သြားေတာ့ ဦးေအာင္ဇင္ကဇလံုကိုပစ္ခ်လိုက္သည္။
"မဝေသးဘူးလားကြ "
ထို႔ေနာက္ မင္းဆက္ကိုၾကည့္ၿပီး ၿပံဳးျပသည္။
"ငါ့သားေတြကမဝေသးဘူးတဲ့"
ထို႔ေနာက္ ထိုလူကေျပာရင္းနွင့္မင္းဆက္၏အနားသို႔ေရာက္လာသည္။ထို႔ေနာက္ ေဘးတြင္ခ်ထားေသာ ဓားႀကီးတစ္လက္ကိုယူကာ အနားသို႔ေရာက္လာၿပီး တဟားဟားရယ္ေနသည္။
"မင္းအသားေလးဆို ငါ့သားေလးေတြကေတာ္ေတာ္သေဘာက်မယ္ထင္တယ္"
ဦးအာင္ဇင္စကားေၾကာင့္ မင္းဆက္ကၾကက္သီးထသြားသည္။လက္ေနာက္တြင္ဓားကိုက်စ္ေနေအာင္ကိုင္ထားၿပီး မင္းဆက္ေျခေထာက္၂ဖက္ကိုအတင္းရုန္းသည္။
ခုလိုရုန္းလိုက္ရင္ ေျခေထာက္ကိုတုပ္ထားေသာႀကိဳးသည္ အနည္းငယ္ေခ်ာင္သြားၿပီး ျဖည္ျမန္၍ ျဖစ္သည္။
"ခုမွရုန္းၿပီး ဘာလုပ္လို႔ရမွာလဲကြ ဟားဟား... ေျခေထာက္ေလးေတြပြန္းမယ္... မရုန္းရဘူးေလ"
ဦးေအာင္ဇင္က မင္းဆက္၏ အနားကိုလာကာ ငံု႔က်လာ၍မင္းဆက္ လက္ထဲကဖြတ္ထားေသာဓားနွင့္ ဦးေအာင္ဇင္မ်က္နွာကို ထိေအာင္လက္ကိုလႊဲခ်လိုက္သည္။
အေသသတ္လို႔မရ၍ မင္းဆက္ဓားနွင့္မထိုးျခင္းျဖစ္သည္။မင္းဆက္၏ ဓားကိုိမ်က္စိလ်ွင္ေသာဦးေအာင္ဇင္ကမ်က္နွာကိုလႊဲလိုက္၍ ပါးကိုရွပ္ထိသြားသည္။
ဦးေအာင္ဇင္ တစ္ဖက္သိုငိုက္က်သြားတုန္း မင္းဆက္ ေျခေထာက္မွႀကိဳးကိုအျမန္ျဖည္လိုက္သည္။ထို႔ေနာက္ဓားေသးေသးေလးကိုင္ၿပီး ဦးေအာင္ဇင္ကို႐ြယ္လိုက္သည္။
လက္နက္ဟူ၍ ဓားေသးေသးေလးသာရွိရင္ ထိုဓားကိုသာအသံုးျပဳရသည္။
ပါးျပင္တြင္စီးက်ေသာ ေသြးကိုသုတ္လိုက္ၿပီး ဦးေအာင္ဇင္ကရယ္သည္။
"မင္းကသတၲိရိွသားပဲကြ"
မူမမွန္ေတာ့ေသာ ဦးေအာင္ဇင္ေၾကာင့္မင္းဆက္သတိထားေနရသည္။ ေခါင္းကအရိုက္ခံထားရ၍သူလည္းသူအရင္လိုသြက္လက္မေနေတာ့ဘဲ နာက်င္မႈကိုအံတုေနရသည္။
"ျမန္ျမန္ေသခ်င္ေတာ့လဲ ငါကလုပ္ေပးရမွာေပါ့"
"ဒုန္းးး!!'
ဓားႀကီးကိုကိုင္ကာ လႊဲခုတ္လိုက္ေသာဦးေအာင္ဇင္ေၾကာင့္ မင္းဆက္ေနာက္သို႔အျမန္ဆုတ္လိုက္သည္။
ေအာက္ေျခမွသစ္သားကိုသာခုတ္မိလိုက္၍ ေဒါသထြက္သြားေသာဦးေအာင္ဇင္က သစ္သားတြင္စုိက္ေနေသာ ဓားကိုအတင္းျပန္ဆြဲနႈတ္ေနသည္။
မင္းဆက္လဲအခြင့္အေရးရတုန္း ဓားကိုဆြဲနႈတ္ေနေသာ ဦးေအာင္ဇင္ကိုေျခေထာက္နွင့္ကန္လိုက္သည္။
တစ္ဖက္သို႔လြင့္သြားေသာဦးေအာင္ဇင္ေၾကာင့္ မင္းဆက္ အနီးတြင္ရွိသာႀကိဳးကိုယူကာ တုပ္ရန္ျပင္လိုက္သည္။လဲက်ေနေသာ ဦးေအာင္ဇင္၏ အေပၚသို႔တတ္ခြၿပီး ႀကိဳးျဖင့္တုပ္ရန္လုပ္သည္။သို႔ေသာ္ ရုန္းကန္ေနသာ ဦးေအာင္ဇင္ေၾကာင့္ မင္းဆက္ႀကိဳးတုပ္ရန္ခက္ခဲေနသည္။
၂ေယာက္သားရုန္းရင္းကန္ရင္းနွင့္ မင္းဆက္စိတ္တိုၿပီး ဦးေအာင္ဇင္မ်က္နွာကို လက္သီးနွင့္ဆြဲထိုးလိုက္သည္။
"ဟားဟားးး... ငယ္ေသးပါတယ္ေကာင္ေလးရာ
တဟားဟားရယ္ေနေသာ ဦးေအာင္ဇင္က မင္းဆက္၍ ေခါင္းကိုသူ႔နဖူးနွင့္တိုက္လိုက္ေသာေၾကာင့္ နဂိုကမွ ေခါင္းတြင္ဒဏ္ရာရ၍ ေသြးထြက္ေနေသာမင္းဆက္သည္ ပို၍ ဆိုး႐ြားသြားသည္။
မူးေဝၿပီး သတိလစ္ခ်င္ေနေသာစိတ္ကိုတင္းကာ၊ စီးက်ေနေသာ ေသြးမ်ားကိုလ်စ္လ်ဴရွ႕ကာ ႀကိဳးတုပ္ရန္သာၿကိဳးစားေနသည္။ရုန္းကန္ေနေသာ ဦးေအာင္ဇင္၏ လက္ကို ဓားနွင့္စိုက္ခ်လိုက္သည္။
"အားးးး!!'
ဦးေအာင္ဇင္၏ ေအာ္သံနက္နက္ႀကီးက ေျမေအာက္ခန္းတစ္ခုလံုးကိုဖံုးလႊမ္းသြားသည္။
နားထင္တေလ်ာက္ စီးက်လာေသာေသြးမ်ားျဖင့္မိုက္ခနဲ႔ျဖစ္သြားေသာ မင္းဆက္ကို အခြင့္ေကာင္းယူကာ ဦးေအာင္ဇင္က မင္းဆက္ကို ေဘးသို႔ကန္ထုတ္လုိက္သည္။
"အာ့!!"
တစ္ဖက္သို႔လိမ့္သြားေသာမင္းဆက္က အလြန္နာက်င္ေနသည္။လက္တြင္စိုက္ေနေသာ ဓားကိုနႈတ္လိုက္ၿပီး မင္းဆက္၏ ဗိုက္ေပၚသို႔တတ္ခြလိုက္သည္။
"ငါက လည္ပင္ေလးကိုလွီးခ်င္တာ... မင္းရဲ႕လည္ပင္ေလးကေတာ္ေတာ္လွတာပဲ"
ေျပာၿပီး မင္းဆက္၏ လည္ပင္းကိုဓားနွင့္စိုက္ခ်လိုက္သည္။မင္းဆက္ မိမိလည္ပင္းသို႔ဦးတည္လာေသာ ဓားကို ရွိသမ်ွအားနွင့္ ဆုပ္ကိုင္ကာ ထိန္းထားလိုက္သည္။
စင္တီမီတာအနည္းငယ္သာကြာေသာ ဓား၏ အခြၽန္နွင့္ မင္းဆက္ကလည္ပင္သည္ ထိေတြ႕ရန္အလြန္နီးကပ္ေနသည္။ မူးမိုက္ေနေသာခံစားခ်က္ ၊ နာက်င္ေနေသာေခါင္း သူအားတင္းကာမ်က္လံုးဖြင့္ေနရသည္။
သတိတစ္ခ်က္လြတ္ရင္ျဖင့္သူ႔အသက္ဆံုးရွံုးရမည္ကိုသိ၍ သူတတ္နိုင္သမ်ွ အားတင္းကာတားဆီးေနမိသည္။ သို႔ေသာ္ မိမိ၏ အေပၚတြင္ခြထားၿပီး ဓားျဖင့္အားကုန္ထိုးေနေသာ ဦးေအာင္ဇင္၏ အားကိုသူ မယွဥ္နိုင္ေတာ့ေပ။
ဘုန္း!
မိမိအေပၚတြင္တတ္ခြေနေသာဦးေအာင္ဇင္က ရုတ္ခ်ည္းဆိုသလို လြင့္ထြက္သြားသည္။
သူဘာေတြျဖစ္လဲမသိေတာ့ေပ။မွိတ္ခ်င္ေနေသာ မ်က္လံုးေၾကာင့္ မင္းဆက္အားတင္းထားေနရာမွ မ်က္လံုးအစံုဟာမွိတ္က်သြားသည္။စီးကပ္ေနေသာေသြးမ်ားဟာလဲ ၾကမ္းျပင္တြင္ေပေနသည္။ ေနာက္ဆံုးၾကားသည့္အသံ။
"ကိုကို!"
#31.10.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
[ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
"စားပဲစားမနေနဲ့ဦး... သေချာလေးကြည့်ဦး"
ကားထဲမှာထိုင်ကာ မုန့်စားနေသော အောင်ခန့်ကိုရှင်းခန့်ကပြောလိုက်သည်။ ရောက်လာထဲက မုန့်ထုတ်ဖောက်ကာ အေးအေးဆေးဆေးစားနေသောအောင်ခန့်ကြောင့် သူခေါင်းခါမိသည်။
"အကိုကလဲ ဒီအချိန်ကြီးရောက်နေပြီ ...လမ်းပေါ်မှာဘယ်သူမှမရှိဘူး...ကျွန်တော်တို့ပဲရှိတယ်.... စောင့်ကြည့်နေရင်ရော ထူးခြားပါ့မလား ...ကျွန်တော်တို့အဖြစ်ကလဲ ကင်းသမားဖြစ်နေပြီ"
ညတိုင်း ဒေါ်ချိူဇင်တို့ရက်ကွက်ထဲကို ညတိုင်း၊ နေ့တိုင်း လာစောင့်နေရ၍ အောင်ခန့်ကဆိုသည်။
"ခဏနေပါဦး ... အချိန်နည်းနည်းလောက်ဆက်ကြည့်ရအောင်"
ရှင်းခန့်ကပြောတော့ အောင်ခန့်ကခေါင်းညိတ်ပြီး လက်ထဲကကော်ဖီအေးဗူးကိုကိုင်ကာ သောက်နေလိုက်သည်။ရှင်းခန့်လဲ ကူရှင်မှာမှီပြီး လက်ပိုက်ကာ စောင့်နေလိုက်သည်။
နာရီကိုကြည့်တော့ ည၁နာရီ၁၅မိနစ်ရှိနေသည်။ ရှင်းခန့် အိပ်ချင်နေသော မျက်လုံးကိုလက်မဖြင့်ဖွဖွလေး ပွတ်လိုက်ကာ အာရုံစိုက်ပြီး စောင့်ကြည့်နေလိုက်သည်။
"အကို .. ဟိုမှာ ကြည့်"
ရှင်းခန့် ခဏမှေးနေရာမှ အိပ်ပျော်သွားသောအချိန် အောင်ခန့်၏ ခပ်တိုးတိုးအသံကြောင့် နိုးလာသည်။
"ရှေ့ကိုကြည့်"
အောင်ခန့်ပြောတဲ့ ရှေ့ကိုကြည့်တော့ တစ်အိမ်လုံးမီးမှိတ်ထားသော ဒေါ်ချိူဇင်၏ အိမ်ကအိမ်ရှေ့ခြံတံခါးတွင်မီးလင်းလာ၍ သူတို့၂ယောက် သတိထားလိုက်သည်။
ထို့နောက် ခြံတံခါးကိုဖွင့်ပြီး အရိပ်မဲမဲတစ်ခုထွက်လာ၍ အောင်ခန့်က ခါးကသေနတ်ကိုစမ်းလိုက်သည်။
ထိုအရိပ်က ခိုးကြောင်ခိုးဝှက်ပုံစံနှင့် တစ်နေရာရာကိုထွက်သွားသည်။ ရှင်းခန့် ခပ်တိုးတိုးပြောလိုက်သည်။
"ဒေါ်ချူိဇင်ဖြစ်နိုင်တယ် ...မင်းဒီမှာဆက်စောင့်နေ.. ငါလိုက်သွားမယ်"
"အွန်း... သတိထား"
"အေး"
ရှင်းခန့် သေနတ်ကိုခါးတွင်ချိတ်ပြီး နားကြပ်ကိုတပ်ကာ ကားတံခါးဖွင့်ပြီး မသိမသာနှင့် ထိုလူ၏နောက်ကနေလိုက်သွားသည်။
ထို့နောက် ခြံထဲမှထွက်သွားသော လူနောက်သို့လိုက်သွားလိုက်သည်။ရှင်းခန့် သူ့ရှေ့ကသွားနေသောလူနောက်ကိုမသိမသာလိုက်ရင်း သေနတ်ကိုလဲ သေချာကိုင်ထားရသေးသည်။
ထို့နောက် မှောင်နေသောနေရာမှ အနည်းငယ်လင်းလာသောနေရာရောက်လာ၍ သူသေချာကြည့်မိသောအခါ လမ်းကမီးအနည်းငယ်ကိုထွန်းထားသည်။
ထို့နောက် ထိုလူက၂၄နာရီmini markကိုဝင်သွားသောကြောင့် ရှင်းခန့်ပို၍သံသဃဝင်သွားသည်။ ဒီအချိန်ကြီးကို ၂၄နာရီဖွင့်သော mini markကို သွားသောသူဟာ ဘယ်သူဆိုတာသူသိချင်လာသည်။
ထို့ကြောင့် အနောက်ကနေသူဖြည်းဖြည်းချင်းလိုက်လာခဲ့သည်။ဆိုင်ထဲတွင်ဈေးဝယ်နေသာ လူကြောင့်သူကွယ်ရာကနေစောင့်နေလိုက်သည်။ ထို့နောက် ထိုလူက ဆိုင်ထဲကထွက်လာသည်။လက်ထဲတွင်အထုတ်တွေဆွဲကာထွက်လာ၍ ရှင်းခန့်သတိထားပြီး နောက်ကနေလိုက်လာခဲ့သည်။
ရှေ့ကထိုလူကသွားနေရင်း ဖုန်းလာ၍ ရပ်ကာ ဖုန်းကိုထုတ်လိုက်သည်။ ရှင်းခန့်လဲကွယ်ရာတွင် ခဏရပ်ကာ နားစွင့်နေလိုက်သည်။
"ဟယ်လို"
မိန်းမသံဖြစ်၍ ဖုန်းပြာနေသောလူသည် ဒေါ်ချိုဇင်ဟု ကောက်ချက်ချလိုက်သည်။
"အာ ၃နာရီလောက်ကျလာပေးမယ်...စားစရာတွေယူလာမယ်နော်....စောင့်နေ"
ရှင်းခန့် စကားသံများကိုနားစွင့်နေသည်။
"အဲ့အချိန်ဆိုသူတို့၂ယောက်လဲ အေးဆေးသွားပြီလေ...စောင့်နေ လာခဲ့မယ်"
သူတို့၂ယောက်ဟုသောစကားကြောင့် ရှင်းခန့်မျက်လုံးပြူးသွားသည်။ရှင်းခန့် ဘာမှမစဉ်းစားတော့ဘဲ ကွယ်နေရာမှထွက်ကာ သူမဆီသို့သွားလိုက်သည်။
"ဒေါ်ချိုဇင်"
ရှင်းခန့်ခေါ်လိုက်တော့ သူမကလှည့်ကြည့်လာသည်။ရှင်းခန့်ကိုမြင်တော့သူမလန့်သွားပြီးထွက်ပြေးသည်။ လက်ထဲကအထုတ်တွေကိုလွှတ်ချကာထွက်ပြေးသွားသော သူမကြောင့် ရှင်းခန့်အံ့ဩသွားသည်။
"shit!!! ခင်ဗျား ရပ်စမ်း!!"
ရှင့်ခန့်အော်ရင်း သူမနောက်ကပြေးလိုက်သည်။ ရှင်းခန်လဲ အနောက်ကနေလိုက်ရင်း သူမနောက်ကိုအမြန်လိုက်ကာ အကျင်္ီစကိုဆွဲထားလိုက်သည်။
ထိုအခါမှ ရုန်းမရသောသူမက ခပ်တည်တည်နှင့်မေးသည်။
"မင်းဘာလုပ်တာလဲ! လွှတ်စမ်း!"
"ဘာ ! ခင်ဗျားခုနကဖုန်းပြောတာကို ကျုပ်အကုန်ကြားတယ်... ဘယ်သူလဲဆိုတာအေးဆေးဖြေ..ခင်ဗျားက အိမ်ကြီးနဲ့ပတ်သတ်တာကိုသိတယ်မလား"
ရှင်းခန့်မေးတော့ သူမကရယ်သည်။
"အရူးစကားတွေလာမပြောနဲ့ .... ငါကဘာကိုသိရမှာလဲ"
ကြောင်တောင်တောင်လုပ်နေသောသူမကြောင့် ရှင်းခန့်စိတ်တိုသွားသည်။
"အာ ဒီမိန်းမတော့ "
သူမကတော့ မျက်နှာကိုခပ်တည်တည်နှင့်မသိချင်ယောင်နေသည်။
"ဒုခေါင်းဆောင်"
ရှင်းခန့်က နားကြပ်မှကြားလိုက်ရသောဂျောင်ဝူးအသံကြောင့် သူမကိုလွှတ်မပေးဘဲ နားထောင်လိုက်သည်။ ထို့အတူ ကားပေါ်မှ အောင်ခန့်ကလဲ နားထောင်နေသည်။
"အွန်း... ပြော"
"ဒေါ်ချိုဇင်ပြောတဲ့ လွန်ခဲ့တဲ့၃နှစ်လောက်၂လပိုင်းမှာသွားခဲ့တဲ့ လေကြောင်းခရီးသည်တွေကိုစစ်ကြည့်လိုက်တာ ထူးဆန်းနေတယ်"
ဂျောင်ဝူးစကားကြောင့် ရှင်းခန့်စိတ်ဝင်စားသွားသည်။
"ဘာကိုထူးဆန်းတာလဲ"
"ခဏနော်"
ဂျောင်ဝူးက ကွန်ပျူတာပေါ်တွင်ပေါ်နေသော လေကြောင်းခရီးသည်များ၏ ကိုယ်ရေးရာဇဝင်ကိုအကုန်တိကျအောင်လိုက်စစ်ဆေးနေသည်။တစ်နေရာရာရောက်တော့ မျက်လုံးကအနည်းငယ်ပြူးသွားပြီး အံ့ဩသွားသည်။
"ဒုခေါင်းဆောင်"
"အွန်း ... ဘာတွေ့လဲ"
"ဒေါ်ချိူဇင်ရဲ့စကားအရ မောင်ဖြစ်သူဦးအောင်ဇင်က လွန်ခဲ့တဲ့၃နှစ်ရ၂လပိုင်းမှာjapanသွားတယ်လို့ပြောခဲ့တယ်နော်"
ဂျောင်ဝူးကမေးတော့ ရှင်းခန့်ကသူရှေ့ကဒေါ်ချိူဇင်ကိုတစ်ချက်ကြည့်လိုက်ပြီးဖြေလိုက်သည်။
" ဟုတ်တယ် ..ခုဘာလို့လဲ"
"လွန်ခဲ့တဲ့၃နှစ် ၂လပိုင်းမှာ ဦးအောင်ဇင်ဆိုတဲ့ ခရီးသည်မရှိဘူး"
ရှင်းခန့်ရော အောင်ခန့်ရောအံ့ဩသွားသည်။
"ဒါဆို"
"ဟုတ်တယ်ဒုခေါင်းတောင်... ကျွန်တော်အားလုံးစစ်ဆေးပြီးပြီ... ဦးအောင်ဇင်ကjapanမသွားခဲ့ဘူး.... ခုထိဒီမှာရှိတုန်းပဲ"
"ဒါဆိုရင် ဦးအောင်ဇင်က"
ဒေါ်ချိူဇင်ကလဲ လန့်သွားသလို ရှင်းခန့်လဲ အံ့ဩသွားသည်။
"အောင်ခန့် ! ခုချက်ချင်းမင်းဆက်ဆီကိုသွားတော့"
"ဟုတ်ကဲ့"
အောင်ခန့် ချက်ချင်းကားကိုစက်နှိုးပြီး အိမ်ကြီးဆီကိုအမြန်မောင်းသွားလိုက်သည်။ကားမောင်းနေရင်း မင်းဆက်ရဲ့ဖုန်းကိုဆက်လိုက်လေည်း မကိုင် ။
"ကျစ်!! ဟာကွာ"
အောင်ခန့်မချိတင်ခဲရေရွတ်ကာ အမြန်ဆုံးမောင်းသွားလိုက်သည်။
================
"ခင်ဗျား ဦးအောင်ဇင်"
အာဏာ ရှေ့တွင်ရပ်နေသောလူအားကြည့်ကာပြောလိုက်သည်။အပြာနုရောင်ရှပ်အကျင်္ီကွက်နှင့် လူကိုကြည့်ပြီးရေရွတ်လိုက်သည်။
"ငါ့ညီမပြောထားတဲ့ ကောင်လေးပဲ"
အာဏာ အားလုံးကိုသဘောပေါက်သွားပြီဖြစ်သည်။ ဒေါ်ချိူဇင်ဟာ ဒီကိစ္စရဲ့ကြံရာပါဆိုတာကို သိလိုက်ရ၍ အာဏာစိတ်တိုသွားသည်။
ထိုစဉ်သူ၏ရှေ့၁၀လှမ်းလောက်တွင် လက်ကိုကြိုးတုပ်ခံရပြီး လဲနေသောမင်းဆက်ကြောင့် အာဏာစိတ်တိုသွားကာ အတင်းရုန်းသည်။ရုန်းနေသော အာဏာကိုမြင်တော့ ထိုလူကရယ်သည်။
"မင်းတို့က၃ရက်လောက်နေခွင့်ပေးထားတာကျေးဇူးတင်လိုက်ကောင်လေး"
ဦးအောင်ဇင် သူ့ကိုမကြည့်ဘဲသူ့နောက်က လဲနေသော ကောင်လေးကိုသာကြည့်နေသော အာဏာကြောင့်ပြုံးလိုက်သည်။
ထို့နောက် မင်းဆက်လဲနေသောနေရာကိုသွားလိုက်ပြီး ဘေးတွင်ထိုင်လိုက်သည်။ အာဏာ လန့်သွားပြီး ရုန်းသော်လည်းမရ။သတိလစ်နေသော မင်းဆက်ကိုတစ်ခုခုလုပ်လိုက်မှာစိုးရိမ်သည်။
အာဏာ၏ ပုံစံကိုမြင်တော့ ဦးအောင်ဇင်ကကျေနပ်သလိုနှင့်ရယ်သည်။
"ဟားဟားးး ... ခုမှအရမ်းကိုတုန်လှုပ်နေတယ်လား"
ပြောရင်းနှင့် မင်းဆက်၏ဆံပင်ကိုဆောင့်ဆွဲလိုက်သည်။ ခေါင်းကိုပြင်းထန်စွာထိခိုက်ထားသော မင်းဆက်သည် သတိလုံးဝလည်မလာသေးပေ။
"ခင်ဗျား ခုချက်ချင်းလွှတ်လိုက်!!"
အာဏာ လက်ပြန်ကြိုးနှင့် ခြေထောက်ကကြိုးကြောင့်ထမရဖြစ်နေရာမှ ကုန်းအော်လိုက်သည်။
အာဏာ၏ ပုံစံကိုကြည့်ကာထိုလူကသဘောကျနေသည်။
ထို့နော် မင်းဆက်၏ ခြေထောက်ကိုတရွတ်တိုက်ဆွဲရန်ပြင်လိုက်သည်။ ခြေထောက်ကို ကိုင်ကာတရွတ်တိုက်ပြီးဆွဲဖို့လုပ်နေသော ဦးအောင်ဇင်ကြောင့်အာဏာ တုန်လှုပ်သွားသည်။
"ခင်ဗျား ဘာလုပ်တာလဲ"
ဦးအောင်ဇင်ကို အာဏာကိုကြည့်ကာ လက်ညှိုးကိုနှုတ်ခမ်းပေါ်တင်ပြီးမျက်နှာမဲ့ကာဆိုသည်။
"ရှူးး နားညည်းတယ်"
ပြောပြီး မင်းဆက်ကို တရွတ်တိုက်ကာဆွဲသွားသည်။ အာဏာကတော့ အော်ဟစ်ကာကျန်ခဲ့သည်။ဆွဲခေါ်သွားရင်း တံခါးတစ်ချပ်နားကိုရောက်တော့ ရပ်လိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။
ထို့နောက်တရွတ်တိုက်ကာဆွဲရင်း မင်းဆက်ကိုအထဲသို့ခေါ်သွားသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်ရခြင်းဖြင့် ဒီနေရာသည် မြေအောက်ခန်းဖြစ်မည်ဟုထင်လိုက်သည်။ အာဏာလဲမင်းဆက်ကိုခေါ်သွားသော တံခါးပိတ်ထားသည့်အခနားထဲသု့ိဝင်ရန် အကြံစဉ်းစားလိုက်သည်။
=====================
မင်းဆက် နာကျင်ကိုက်ခဲနေသောခေါင်းကြောင့် မျက်လုံးကိုပင် အားတင်းကာဖွင့်ရသည်။ နှာခေါင်းထဲသို့တိုးဝင်လာသော ပုပ်အက်နေသည့်အနံ့အသက်နှင့် ညှီနံ့တွေကြောင့် မင်းဆက်အန်ချင်စိတ်ကိုထိန်းထားရသည်။
"ဒုတ်! ဒုတ်! ဒုတ်!
တစ်ခုခုကို ခုတ်ထစ်နေသော အသံ ၊ သစ်သားတစ်တုန်းကို ဓားတစ်လက်နှင့် ခုတ်နေသောအသံလိုမျိုး အသံသည် မင်းဆက်၏ နားတွင်းသို့တိုးဝင်လာသည်။
မျက်လုံးကိုဖွင့်ကြည့်တော့ အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရပြီး မီးများထွန်းထားသည်။ထပြီးထိုင်ရန်အတွက် လှုပ်သောလည်း လှုပ်မရ၊ လက်တွေခြေထောက်တွေဟာ လှုပ်မရဖြစ်နေ၍ မင်းဆက်ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။
"နိုးပြီးလား"
မင်းဆက်အသံကြား၍ အတင်းရုန်ကာ ထပြီးထိုင်လိုက်သည်။နောက်တွင်ရှိသော နံရံကိုမှီကာ မင်းဆက် မိမိကိုစကားပြောနေသော လူကိုကြည့်မိတော့ အံ့ဩသွားသည်။
"ဦးအောင်ဇင်"
"ဟားဟားးး သိသားပဲ"
မင်းဆက် ဦးအောင်ဇင်ကိုကြည့်မိတော့အံ့ဩသွားပြန်သည်။ ဓားမကြီးတစ်လက်နှင့် အသားများကိုခုတ်ထစ်နေသော ဦးအောင်ဇင်ကြောင့် အနည်းထိတ်လန့်သွားသည်။
ဒီလိုနေရာမှ အသားများကို ခုတ်ထစ်နေသော ဦးအောင်ဇင်ကြောင့် မင်းဆက်ထူးဆန်းသွားသည်။
ဦးအောင်ဇင်ကတော့ သူ့အလုပ်ကိုသာသူလုပ်နေသည်။ မင်းဆက်လဲ ကြည့်နေရင်း မိမိ၏ ဘောင်းဘီအိတ်ထဲတွင် ထည့်ထားသော ဓားလေးရှိနေသောကြောင့်အားတတ်သွားသည်။ ဒီညတွင်ခုလိုကိစ္စမျိုးကို ကြုံတွေ့ရမည်ဟုသိနေသောကြောင့် သူကြိုတင်ပြင်ဆင်ပြီး ဓားကိုထည့်ထားခြင်းဖြစ်သည်။
ထိုဓားလေးကိုမသိသာအောင်ထုတ်လိုက်ပြီး လက်တွင်ဖွတ်ထားလိုက်သည်။လက်နောက်ပြန်ကြိုးတုပ်ထားလျက်နှင့်ယူရတာဖြစ်၍မင်းဆက် လက်အနည်းငယ်နာသွားသည်။
သူ့ဘာသာ အသားများခုတ်ထစ်နေသော ဦးအောင်ဇင်ကြောင့် မင်းဆက်မသိမသာနှင့် ကြိုးကိုဖြတ်လိုက်သည်။ဓားကိုလွတ်မကျအောင် သတိထားကာဖြတ်နေရင်း ကြိုးကလုံးဝပြတ်သွားသည်။
"နောက်တစ်ယောက်ဘယ်မှာလဲ"
မင်းဆက်အာရုံလွှဲကာမေးလိုက်သည်။ အသားများကိုခုတ်ထစ်နေသော ဦးအောင်ဇင်က မင်းဆက်ရဲ့အသံကြောင့် ဓာကိုရပ်ကာ ကြည့်လိုက်ပြီးရယ်သည်။
"အပြင်မှာလေ... ပြီးရင်သူ့အလှည့်ရောက်မှာပါ"
ပြောပြီး ဆက်ပြီးအသားများကိုတုံးနေသည်။ မင်းဆက်အာဏာ အန္တရာယ်ကင်းသည်ကိုလိုက်၍ စိတ်အေးသွားရသည်။
ဦးအောင်ဇင်ကတော့ အိတ်မဲမဲကြီးထဲမှ အသားများကိုယူကာ တုံးနေသည်။
"တခြားလူတွေရော ခင်ဗျားဘယ်ကိုပို့လိုက်တာလဲ"
မင်းဆက်မေးတော့ ထိုလူကရယ်သည်။
"သူတို့ဘယ်မှာလဲ ဦးအောင်ဇင်"
မင်းဆက်ထပ်မေးတော့ ဦးအောင်ဇင်ကရယ်ပြီးအိတ်မဲမဲကြီးထဲ တစ်ခုခုကိုနှိုက်နေသည်။မင်းဆက်လဲသူမေးသည်ကိုမဖြေသောကြောင့် စိတ်တိုသွားသည်။
ထိုစဉ်အိတ်ထဲမှထွက်လာသော အရာကြောင့် မင်းဆက်မျက်လုံးပြူးသွားသည်။ လက်ကြီးတစ်ဖက်။
"ခင်ဗျား"
မင်းဆက်အံ့ဩသွားရသည်။
"မင်းမေးတဲ့အဖြေကဒီမှာလေ ဟားဟားး"
အရူးတစ်ယောက်လိုရယ်မောနေသော ဦးအောင်ဇင်ကြောင့်မင်းဆက် အနည်းငယ်တော့ထိတ်လန့်လာသည်။ ဒီလူကအရူးပဲ ၊ စိတ္တဇသမားတစ်ယောက်ဖြစ်တာကိုသူသိလိုက်သည်။
"မလောနဲ့ ....မင်းတို့အလှည့်လာမယ်"
ထိုလူကရယ်ပြီးပြောသည်။ ထို့နောက် ခုတ်ထစ်ထားသော အသားများထည့်ထားတဲ့ဇလုံကြီးကိုယူကာ တစ်နေရာရာသို့သွားနေသည်။ မင်းဆက်လဲ သတိထားကာ လိုက်ကြည့်နေလိုက်သည်။
"ငါ့သားတို့ရေ !"
ဦးအောင်ဇင်၏စကားသံကြောင့် မင်းဆက်စိတ်ဝင်စားသွားသည်။ဘယ်သူ့ကိုခေါ်နေတာလဲ။
"ဗွမ်း!!!"
ရေသံများကြားလာရ၍ မင်းဆက်ကျောကိုမတ်လိုက်ပြီး လက်ထဲကဓားကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည်။
ထိုစဉ် ဦးအောင်ဇင်သွားနေသော မှောင်နေတဲ့နေရာမှမီးလင်းလာ၍ မင်းဆက်မျက်လုံးကျိန်းကာ အနည်းငယ်မျက်လုံးကိုမှိတ်ထားလိုက်သည်။
"ငါ့သားတွေက မလှဘူးလား... ကြည့်စမ်း"
ဦးအောင်ဇင်ကပြောတော့ မင်းဆက်မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။ထို့နောက်မျက်လုံးအစုံဟာပြူးကျယ်လျက်ရေရွတ်မိသည်။
"မိကျောင်းတွေ"
ရေကန်ထဲတွင်များပြားလှသောမိကျောင်းများက တဗွမ်းဗွမ်းနှင့်ရေကူးနေသည်။ဦးအောင်ဇင်ကိုမြင်တော့ အားရဝမ်းသာနှင့် ကူးခတ်ကာ လာနေကြသည်။
ထို့နောက် ဦးအောင်ဇင်ကလက်ထဲကအသားများကိုရေကန်ထဲပစ်ချပြီးကျွေးမွေးနေသည်။အသားတုံးများကိုအားရဝမ်းသာစားနေကြသော မိကျောင်းများကိုကြည့်ရင်းမင်းဆက်အံ့ဩနေသည်။
ထို့နောက်ကျွေးနေရင်း ကုန်သွားတော့ ဦးအောင်ဇင်ကဇလုံကိုပစ်ချလိုက်သည်။
"မဝသေးဘူးလားကွ "
ထို့နောက် မင်းဆက်ကိုကြည့်ပြီး ပြုံးပြသည်။
"ငါ့သားတွေကမဝသေးဘူးတဲ့"
ထို့နောက် ထိုလူကပြောရင်းနှင့်မင်းဆက်၏အနားသို့ရောက်လာသည်။ထို့နောက် ဘေးတွင်ချထားသော ဓားကြီးတစ်လက်ကိုယူကာ အနားသို့ရောက်လာပြီး တဟားဟားရယ်နေသည်။
"မင်းအသားလေးဆို ငါ့သားလေးတွေကတော်တော်သဘောကျမယ်ထင်တယ်"
ဦးအာင်ဇင်စကားကြောင့် မင်းဆက်ကကြက်သီးထသွားသည်။လက်နောက်တွင်ဓားကိုကျစ်နေအောင်ကိုင်ထားပြီး မင်းဆက်ခြေထောက်၂ဖက်ကိုအတင်းရုန်းသည်။
ခုလိုရုန်းလိုက်ရင် ခြေထောက်ကိုတုပ်ထားသောကြိုးသည် အနည်းငယ်ချောင်သွားပြီး ဖြည်မြန်၍ ဖြစ်သည်။
"ခုမှရုန်းပြီး ဘာလုပ်လို့ရမှာလဲကွ ဟားဟား... ခြေထောက်လေးတွေပွန်းမယ်... မရုန်းရဘူးလေ"
ဦးအောင်ဇင်က မင်းဆက်၏ အနားကိုလာကာ ငုံ့ကျလာ၍မင်းဆက် လက်ထဲကဖွတ်ထားသောဓားနှင့် ဦးအောင်ဇင်မျက်နှာကို ထိအောင်လက်ကိုလွှဲချလိုက်သည်။
အသေသတ်လို့မရ၍ မင်းဆက်ဓားနှင့်မထိုးခြင်းဖြစ်သည်။မင်းဆက်၏ ဓားကိုမျက်စိလျှင်သောဦးအောင်ဇင်ကမျက်နှာကိုလွှဲလိုက်၍ ပါးကိုရှပ်ထိသွားသည်။
ဦးအောင်ဇင် တစ်ဖက်သိုငိုက်ကျသွားတုန်း မင်းဆက် ခြေထောက်မှကြိုးကိုအမြန်ဖြည်လိုက်သည်။ထို့နောက်ဓားသေးသေးလေးကိုင်ပြီး ဦးအောင်ဇင်ကိုရွယ်လိုက်သည်။
လက်နက်ဟူ၍ ဓားသေးသေးလေးသာရှိရင် ထိုဓားကိုသာအသုံးပြုရသည်။
ပါးပြင်တွင်စီးကျသော သွေးကိုသုတ်လိုက်ပြီး ဦးအောင်ဇင်ကရယ်သည်။
"မင်းကသတ္တိရှိသားပဲကွ"
မူမမှန်တော့သော ဦးအောင်ဇင်ကြောင့်မင်းဆက်သတိထားနေရသည်။ ခေါင်းကအရိုက်ခံထားရ၍သူလည်းသူအရင်လိုသွက်လက်မနေတော့ဘဲ နာကျင်မှုကိုအံတုနေရသည်။
"မြန်မြန်သေချင်တော့လဲ ငါကလုပ်ပေးရမှာပေါ့"
"ဒုန်းးး!!'
ဓားကြီးကိုကိုင်ကာ လွှဲခုတ်လိုက်သောဦးအောင်ဇင်ကြောင့် မင်းဆက်နောက်သို့အမြန်ဆုတ်လိုက်သည်။
အောက်ခြေမှသစ်သားကိုသာခုတ်မိလိုက်၍ ဒေါသထွက်သွားသောဦးအောင်ဇင်က သစ်သားတွင်စိုက်နေသော ဓားကိုအတင်းပြန်ဆွဲနှုတ်နေသည်။
မင်းဆက်လဲအခွင့်အရေးရတုန်း ဓားကိုဆွဲနှုတ်နေသော ဦးအောင်ဇင်ကိုခြေထောက်နှင့်ကန်လိုက်သည်။
တစ်ဖက်သို့လွင့်သွားသောဦးအောင်ဇင်ကြောင့် မင်းဆက် အနီးတွင်ရှိသာကြိုးကိုယူကာ တုပ်ရန်ပြင်လိုက်သည်။လဲကျနေသော ဦးအောင်ဇင်၏ အပေါ်သို့တတ်ခွပြီး ကြိုးဖြင့်တုပ်ရန်လုပ်သည်။သို့သော် ရုန်းကန်နေသာ ဦးအောင်ဇင်ကြောင့် မင်းဆက်ကြိုးတုပ်ရန်ခက်ခဲနေသည်။
၂ယောက်သားရုန်းရင်းကန်ရင်းနှင့် မင်းဆက်စိတ်တိုပြီး ဦးအောင်ဇင်မျက်နှာကို လက်သီးနှင့်ဆွဲထိုးလိုက်သည်။
"ဟားဟားးး... ငယ်သေးပါတယ်ကောင်လေးရာ
တဟားဟားရယ်နေသော ဦးအောင်ဇင်က မင်းဆက်၍ ခေါင်းကိုသူ့နဖူးနှင့်တိုက်လိုက်သောကြောင့် နဂိုကမှ ခေါင်းတွင်ဒဏ်ရာရ၍ သွေးထွက်နေသောမင်းဆက်သည် ပို၍ ဆိုးရွားသွားသည်။
မူးဝေပြီး သတိလစ်ချင်နေသောစိတ်ကိုတင်းကာ၊ စီးကျနေသော သွေးများကိုလျစ်လျူရှ့ကာ ကြိုးတုပ်ရန်သာကြိုးစားနေသည်။ရုန်းကန်နေသော ဦးအောင်ဇင်၏ လက်ကို ဓားနှင့်စိုက်ချလိုက်သည်။
"အားးးး!!'
ဦးအောင်ဇင်၏ အော်သံနက်နက်ကြီးက မြေအောက်ခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။
နားထင်တလျောက် စီးကျလာသောသွေးများဖြင့်မိုက်ခနဲ့ဖြစ်သွားသော မင်းဆက်ကို အခွင့်ကောင်းယူကာ ဦးအောင်ဇင်က မင်းဆက်ကို ဘေးသို့ကန်ထုတ်လိုက်သည်။
"အာ့!!"
တစ်ဖက်သို့လိမ့်သွားသောမင်းဆက်က အလွန်နာကျင်နေသည်။လက်တွင်စိုက်နေသော ဓားကိုနှုတ်လိုက်ပြီး မင်းဆက်၏ ဗိုက်ပေါ်သို့တတ်ခွလိုက်သည်။
"ငါက လည်ပင်လေးကိုလှီးချင်တာ... မင်းရဲ့လည်ပင်လေးကတော်တော်လှတာပဲ"
ပြောပြီး မင်းဆက်၏ လည်ပင်းကိုဓားနှင့်စိုက်ချလိုက်သည်။မင်းဆက် မိမိလည်ပင်းသို့ဦးတည်လာသော ဓားကို ရှိသမျှအားနှင့် ဆုပ်ကိုင်ကာ ထိန်းထားလိုက်သည်။
စင်တီမီတာအနည်းငယ်သာကွာသော ဓား၏ အချွန်နှင့် မင်းဆက်ကလည်ပင်သည် ထိတွေ့ရန်အလွန်နီးကပ်နေသည်။ မူးမိုက်နေသောခံစားချက် ၊ နာကျင်နေသောခေါင်း သူအားတင်းကာမျက်လုံးဖွင့်နေရသည်။
သတိတစ်ချက်လွတ်ရင်ဖြင့်သူ့အသက်ဆုံးရှုံးရမည်ကိုသိ၍ သူတတ်နိုင်သမျှ အားတင်းကာတားဆီးနေမိသည်။ သို့သော် မိမိ၏ အပေါ်တွင်ခွထားပြီး ဓားဖြင့်အားကုန်ထိုးနေသော ဦးအောင်ဇင်၏ အားကိုသူ မယှဉ်နိုင်တော့ပေ။
ဘုန်း!
မိမိအပေါ်တွင်တတ်ခွနေသောဦးအောင်ဇင်က ရုတ်ချည်းဆိုသလို လွင့်ထွက်သွားသည်။
သူဘာတွေဖြစ်လဲမသိတော့ပေ။မှိတ်ချင်နေသော မျက်လုံးကြောင့် မင်းဆက်အားတင်းထားနေရာမှ မျက်လုံးအစုံဟာမှိတ်ကျသွားသည်။စီးကပ်နေသောသွေးများဟာလဲ ကြမ်းပြင်တွင်ပေနေသည်။ နောက်ဆုံးကြားသည့်အသံ။
"ကိုကို!"
#31.10.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️