THE EYE

By Ginkgo_San

960K 122K 8.4K

FINALLY S2 21.9.2020 »» 29.12.2020 More

Part_1
Part_2
Part_3
Part_4
Part_5
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️

Part_15

15K 1.8K 40
By Ginkgo_San

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
အားလံုးအားဖမ္းဆီးကာေခၚေဆာင္သြားၾက၍  အာဏာတို႔သာက်န္ခဲ့သည္။ပြဲစားအမ်ိဳးသမီးနွင့္အတူ သားျဖစ္သူလင္းခ၊ ဒီကိစၥတြင္ပါဝင္ခဲ့ေသာ လူမ်ားအား ရဲမ်ားမွဖမ္းဆီးသြားၿပီျဖစ္သည္။ အေဆာက္အအံုႀကီးအား အားလံုးရွင္းၿပီးသည့္ေနာက္ ဖမ္းဆီးခံရေသာမိန္းကေလးမ်ား၊ ေယာက်ာ္းေလးမ်ားအား အိမ္ျပန္ရန္အတြက္ စီစဥ္ေပးၾကသည္။

ထို႔အျပင္ ဖမ္းဆီးခံခဲ့ရေသာကေလးငယ္မ်ားအား မိဘလက္ထဲသို႔ျပန္ထည့္ေပးနိုင္ရန္ တစ္ခါတည္းအားလံုးစီစဥ္ေနၾကၿပီျဖစ္သည္။

သို႔ေသာ္ထူးဆန္းေနသည္က ဒီလိုကိစၥႀကီးမ်ိဳးကို ႀကိဳးကိုင္သူရွိရမည္ဟုယံုၾကည္ထားေသာ္လဲ ခုလက္ရွိတြင္ပြဲစားအမ်ိဳးသမီးမွလြဲ၍ တျခားသူမေတြ႕ရေသးေပ။ ေနာက္ကြယ္တြင္ ဒီ့ထက္ပိုၿပီးႀကီးမားကာ အင္အားေတာင့္တင္းေသာလူတစ္ေယာက္ရိွနိုင္သည္။

အေဆာက္အအံုႀကီးအား ကန္႔သတ္နယ္ေျမသတ္မွတ္ကာ ပိတ္လိုက္သည္။ေဒသခံလူမ်ားကလဲအာဏာတို႔အား အလြန္ေက်းဇူးတင္ၾကသည္။ ဒီလိုေနရာမ်ိဳးရွိသည္ကိုသတိပင္မထားမိခဲ့ၾကေသာေၾကာင့္အခုလိုဖမ္းဆီးေပးၾကသည္ကို ေက်းဇူးတင္မဆံုးျဖစ္ေနၾကသည္။

အခ်ိန္အားျဖင့္ ည၁၂နာရီပင္ေက်ာ္ေနၿပီျဖစ္သည္။သို႔ေသာ္ အားလံုးတစ္ခါတည္းျပန္ရန္ျပင္ဆင္ၾကသည္။

"စီးပြားေရးအလြန္ခက္ခဲေနတဲ့လူေတြကို အဆင္ေျပေအာင္လုပ္ေပးလိုက္... Hydraရဲ႕တစ္ေနရာရာမွာပဲျဖစ္ျဖစ္ ၾကည့္ၿပီးစီစဥ္ေပးလိုက္"

မင္းဆက္က မိုက္ခ္အားေျပာလိုက္သည္။အလာတုန္းကကားေပၚတြင္သိခဲ့ရေသာ လူမ်ား၏ဘဝအေျခအေနေတြအား မင္းဆက္စာနာ၍ ထိုလူမ်ားအားတတ္နိုင္သေ႐ြ႕ကူညီရန္ဆံုးျဖတ္လိုက္သည္။

"ဟုတ္ကဲ့ ... စိတ္ခ်ပါသခင္ေလး"

မိုက္ခ္လဲေျပာၿပီးထြက္သြာသည္။ ျပန္ရန္အတြက္ ကားေတြစီစဥ္ေနၾကျခင္းျဖစ္သည္။ ရွင္းခန္႔တို႔ကလဲ ျပန္ဖို႔အတြက္စီစဥ္ေနၾကသည္။ မင္းဆက္နွင့္ အာဏာကေတာ့ ျခံတြင္းတြင္ရပ္ကာ ၾကည့္ေနၾကသည္။

ထိုစဥ္ေကာင္ေလးတစ္ေယာက္က မင္းဆက္၏အနားသို႔ေရာက္လာသည္။

မင္ဆက္ထိုေကာင္ေလးကိုေသခ်ာၾကည့္မိေတာ့ ကားေပၚတြင္သူ႔နွင့္ စကားေျပာခဲ့ေသာေကာင္ေလးျဖစ္ေနသည္။

"အကို"

သူအားမ်က္ရည္ဝဲစြာေခၚလိုက္ေသာ ေကာင္ေလးေၾကာင့္ မင္းဆက္အနားကိုသြားကာၿပံဳးျပလိုက္သည္။

"အိမ္ျပန္ေတာ့ေနာ္ "

ထိုေကာင္ေလးကမ်က္ရည္ေတြစီးက်ကာေျပာသည္။

"ေက်းဇူးပါအကို  ... အကို႔ေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္ ကြၽန္ေတာ္ဘဝပ်က္မွာ"

ေကာင္ေလးကငိုကာေျပာသည္။

"ကြၽန္ေတာ္ ေမေမ့ကိုေတာင္ေတြ႕နိုင္မွာမဟုတ္ေတာ့ဘူးဗ်ာ ... ေက်းဇူးပါအကိုရယ္ .. တကယ္ေက်းဇူးပါ"

လက္အုပ္ခ်ီကာဦးခ်မတတ္ျဖစ္ေနေသာထိုေကာင္ေလးေၾကာင့္ မင္းဆက္ လက္ေလး၂ဖက္အားကိုင္ကာေျပာလိုက္သည္။

"မလိုပါဘူးကြာ..  ဒါကအကိုတို႔ရဲ႕တာဝန္ပဲ ... ေက်းဇူးတင္စရာမလိုဘူး ဟုတ္ၿပီလား"

မင္းဆက္ကနွစ္သိမ့္ကာေျပာေတာ့ ထိုေကာင္ေလးကမ်က္ရည္မ်ားနွင့္ၿပံဳးကာေခါင္းညိတ္သည္။

"မငိုနဲ႔ .. ေနာက္ေန႔က်ရင္မင္းအတြက္အလုပ္စီစဥ္ေပးမယ္ ဟုတ္ၿပီလား... ခုေတာ့ကားဆီကိုသြားေတာ့... ေမေမ့ဆီကိုျပန္ရမယ္ေလ "

"ဟုတ္အကို ... ေက်းဇူးတင္ပါတယ္ဗ်ာ... တကယ္ေက်းဇူးတင္ပါတယ္"

မင္းဆက္လဲ သူ႔အားအလြန္ေက်းဇူးတင္ေနေသာေကာင္ေလးအားၿပံဳးျပကာေနလိုက္သည္။ထို႔ေနာက္ေကာင္ေလးလဲ  ကားဆီသို႔ျပန္ထြက္သြားသည္။

"သြားၾကေအာင္ေလ "

မင္းဆက္ကေျပာေတာ့ ေဘးနားကအာဏာကခပ္တည္တည္နွင့္ေခါင္းညိတ္ျပသည္။မင္းဆက္လဲအာဏာ၏အက်ီၤအားၿခံဳထားၿပီးကားဆီသို႔သြားလိုက္သည္။

မင္းဆက္ ကားေပၚသို႔ ေနာက္ခန္းတံခါးဖြင့္ကာတတ္လိုက္ၿပီး အာဏာလဲ ထို႔အတူပင္ကားေပၚသို႔တတ္လိုက္သည္။ကားေမာင္းသမားေနရာတြင္တျခားတစ္ေယာက္ရွိၿပီး မိုက္ခ္ကမရွိေသာေၾကာင့္ မင္းဆက္ကေမးလိုက္သည္။

"အန္ကယ္မိုက္ခ္ေရာ "

"အန္ကယ္မိုက္ခ္က တျခားကားနဲ႔လိုက္လိမ့္မယ္ .... ကုိကိုနဲ႔ကြၽန္ေတာ္က တူတူျပန္မယ္"

"အြန္း"

ကားစထြက္ေတာ့ မင္းဆက္လဲ ေအးေနေသာေၾကာင့္ အက်ီၤကိုတင္းေနေအာင္ဆြဲကာ ၿခံဳထားလိုက္သည္။ အာဏာကေတာ့ ေဆးေသတၲာကိုထုတ္ေနသည္။Hydraရွိ ကားတိုင္းတြင္ေဆးေသတၲာထည့္ထားတတ္သည္ကေကာင္းေသာအရာပင္ျဖစ္သည္။ခုလိုမ်ိဳးထိခိုက္မိသည္ရွိပါက အလြယ္ေဆးထည့္ရသည္။

ေဆးေသတၱာထဲက ဂြမ္းေလးကိုထုတ္ကာ ေရသန္႔ဗူးထဲကေရနွင့္စြတ္လိုက္သည္။

"ကိုကို  ဒီဘက္လွည့္ "

အာဏာရဲ႕စကားေၾကာင့္ မင္းဆက္ေၾကာင္သြားသည္။

"ဘာကိုလဲ"

မင္းဆက္ကေမးေတာ့ အာဏာကေဆးေသတၲာကို ျပကာေျပာသည္။

"နားမွာေသြးေတြထြက္ေနတယ္ကိုကို...ေဆးထည့္မွျဖစ္မယ္"

"အင္း"

မင္းဆက္လဲ ေခါင္းညိတ္ကာ အာဏာ၏ဘက္သို႔လွည့္ေပးလိုက္သည္။ ေသြးထြက္ေနေသာ နားေပါက္မွနားကပ္ကိုျဖည္းျဖည္းေလးခြၽတ္ေပးလိုက္သည္။အာဏာလဲ  မနာေစရန္သတိထားကာ နားကပ္အားခြၽတ္ေပးလိုက္သည္။

ခြၽတ္ၿပီးသြားေတာ့ နားကပ္အားေဆးေသတၲာေပၚသို႔တင္လိုက္သည္။ ဒါကလိုမွမလိုေတာ့တာေလ။

ထို႔ေနာက္ ေရစြတ္ထားေသာ ဂြမ္းေအးအား ဇာဂနာျဖင့္ညႇပ္ကာ သန္႔ရွင္းေပးလိုက္သည္။ ထို႔ေနာက္ အရက္ျပန္႔ျဖင့္သန္႔စင္လိုက္ၿပီးေဆးထည့္ကာ ပလာစတာကပ္ေပးလိုက္သည္။

"အက်ီၤကဝိုင္ေတြစြန္းေနလို႔ ကြၽန္႔ေတာ္အက်ီၤကိုေသခ်ာၿခံဳထား"

အာဏာကေျပာကာ ေဆးေသတၲာအားသိမ္းလိုက္သည္။ မင္းဆက္လဲ ပင္ပန္းေနၿပီျဖစ္၍ ၿခံဳထားေသာ အက်ီၤအား က်စ္ေနေအာင္ကိုင္ကာ ကာမွန္အားေခါင္းမွီကာအိပ္ရန္ႀကံစည္လိုက္သည္။

မင္းဆက္၏အျပဳအမူအားျမင္ေတာ့အာဏာက မွီေနေသာ မင္းဆက္အားပခံုးမွဆြဲကာ သူ႔ဘက္သို႔လွည့္လိုက္သည္။

"အိပ္ခ်င္ေနတယ္မလား...ကြၽန္႔ေတာ့္ေပါင္ေပၚေခါင္းအံုးလိုက္....ကိုကိုပင္ပန္းေနတယ္ေလ"

အာဏာေျပာေတာ့ မင္းဆက္ကေခါင္းခါသည္။

"ရတယ္... မင္းေညာင္းေနလိမ့္မယ္"

"ရတယ္ မေညာင္းဘူး.... လွဲလိုက္"

အာဏာက မင္းဆက္ကိုလက္ကဆြဲ၍ လွဲခိုင္းေတာ့ မင္းဆက္လဲ ဆက္မျငင္းေတာ့ဘဲအာဏာ၏ေပါင္ေပၚသို႔ေခါင္းတင္ကာလွဲလိုက္သည္။

ထိုေနေသာဆိုဖာမွအရွည္ႀကီးျဖစ္၍ ၆ေပနီးပါးရိွေသာမင္းဆက္အတြက္ ဒူးအားေခြထားရသည္။ ကားထဲတြင္ရိွေသာေစာင္အပါးေလးအား ထုတ္ကာ ေျခေထာက္အားၿခံဳေပးလိုက္သည္။

ပင္ပန္းေနၿပီျဖစ္ေသာ မင္းဆက္ကေတာ့ နွစ္ၿခိဳက္စြာအိပ္စက္ေနၿပီျဖစ္သည္။

==================

ေနာက္၂ရက္ၾကာေသာအခါ။

အားလံုးၿပီးစီးသြားသည့္အခါမွာေတာ့ မင္းဆက္တာဝန္မ်ားကိုျပန္လည္ထမ္းေဆာင္ရန္ျပင္ဆင္ရေတာ့မည္။မနက္ျဖန္မနက္တြင္ ဦးမင္းပိုင္နွင့္စာခ်ဳပ္ခ်ဳပ္ကာ ေနာက္က်သြားသည့္အတြက္ေတာင္းပန္ရန္စီစဥ္လိုက္သည္။

ေဒါက္! ေဒါက္ ! 

"ကိုကို ကြၽန္ေတာ္လာၿပီ"

တံခါးေခါက္သံနွင့္အတူ အာဏာ၏အသံအားၾကားလိုက္ရသည္။မင္းဆက္ေျပာစရာမလိုဘဲနွင့္ပင္အာဏာကအခန္းထဲဝင္လာသည္။ လက္ထဲတြင္ေတာ့ ေခါင္းအံုးတစ္လံုးအားပိုက္ထားသည္။

အခန္းတံခါးအားပိတ္ကာ မင္းဆက္ထိုင္ေနေသာ စားပြဲနာသို႔လာကာခုတင္ေပၚသို႔ထိုင္လိုက္သည္။ ေခါင္းအံုးအားပိုက္ကာခုတင္ေပၚတြင္ ေျခေထာက္တင္ကာ ထိုင္ေနသည့္အာဏာအားမင္းဆက္ၾကည့္ကာၿပံဳးမိသည္။ဒီညလဲသူနဲ႔အတူတူအိပ္ရန္လာျပန္ၿပီ။

"ကိုကိုကြၽန္ေတာ့္ကိုရွင္းျပသင့္တယ္လို႔မထင္ဘူးလား"

အာဏာစ၍ ေျပာေတာ့မင္းဆက္ကေမးသည္။

"ဘာကိုရွင္းျပရမလဲ"

"ကိုကိုကေခါင္းေဆာင္ဆိုတဲ့ အေၾကာင္းကိုရွင္းျပသင့္တယ္"

အာဏာကေျပာေတာ့ မင္းဆက္ကေခါင္းညိတ္သည္။

"ဟုတ္ၿပီ...  ရွင္းျပမယ္"

Hydraအိမ္ေတာ္ဟာ တျခားနိုင္ငံမ်ားတြင္မ်ားစြာရွိသည္။ လုပ္ငန္းတစ္ခုသည္ နိုင္ငံျခားတြင္႐ံုးခြဲရွိသလို ပင္ Hydraသည္လည္း အိမ္ေတာ္မ်ားစြာရွိသည္ ။ အဓိကအိမ္ေတာ္သည္ ၾသစီတြင္ရွိၿပီး မႈိင္း၏အိမ္ေတာ္ျဖစ္သည္။

မင္းဆက္ဟာအသက္၁၀နွစ္အ႐ြယ္ကပင္ ႏုိင္ငံျခားသြားကာ ပညာသင္ရန္ျပင္ဆင္ခဲ့ေသာ္လဲ အာဏာေၾကာင့္ ပညာသင္ျခင္းကိုလက္လႊတ္ကာဒီမွာသာေက်ာင္းတတ္ခဲ့ရသည္။

စီးပြားေရးပညာကိုသင္ယူကာာထူးခြၽန္ေသာ္လည္းမင္းဆက္ကစီးပြားေရးလုပ္ျခင္းအားစိတ္မဝင္စားသလိုကုမၼဏီ၏ရာထူးအားဆက္ခံရန္လဲ စိတ္မဝင္စားခဲ့ေပ။

စူးစမ္းရွာေဖြကာထူးဆန္းေသာအရာမ်ား၊ ညဏ္သံုးရေသာကိစၥရပ္မ်ားအားမင္းဆက္က သေဘာက်သည္။အာဏာေၾကာင့္ နိုင္ငံျခားမသြားရ၍ မႈိင္းနွင့္ တိုင္ပင္ကာ ေက်ာင္းၿပီးသည္နွင့္ စံုစမ္းေရးအဖြဲ႕အတြင္းသို႔ဝင္ရန္ျပင္ဆင္ခဲ့သည္။

မင္းဆက္တို႔၏အဖြဲ႕ဟာ  စံုစမ္းေရးအပိုင္းကိုတာဝန္ယူရေသာအဖြဲ႕ျဖစ္သည္။ရဲဘက္နွင့္ Hydra ေပါင္းကာဖြဲ႕ထားေသာအဖြဲ႕ျဖစ္သည္။အရည္အခ်င္းရွိကာဥာဏ္ထက္ျမတ္ေသာမင္းဆက္အားေခါင္းေဆာင္ခန္႔ထားျခင္းျဖစ္သည္။

မင္းဆက္တို႔၏အဖြဲ႕နာမည္ကBlue Moonျဖစ္သည္။အမႈကိစၥအဝဝအား Blue Moonမွ တာဝန္ယူကာေျဖရွင္းၾကသည္။

Blue Moonတြင္ မင္းဆက္၊ ရွင္းခန္႔၊ စိုင္းေအာင္၊ ေအာင္ခန္႔၊ လီေဂ်ာင္ဝူးဆိုေသာ ကိုရိီးယားလူမ်ိဳးတစ္ေယာက္ပါသည္။ေဂ်ာင္ဝူးက Hydraမွလူတစ္ေယာက္ျဖစ္ၿပီး မင္းဆက္နွင့္လဲရင္းနွီးသည္။ မင္းဆက္နွင့္ ေဂ်ာင္ဝူး၂ေယာက္သာ Hydraမွဝင္လာသူမ်ားျဖစ္ၿပီး က်န္ရိွေသာ ၃ေယာက္မွာ ေလ့က်င့္ေရးသင္တန္းမ်ားမွဆင္းလာေသာလူမ်ားျဖစ္သည္။

လြန္ခဲ့သည့္၂လေလာက္ကအမႈတစ္ခုအားေျဖရွင္းၿပီးသည့္ေနာက္ခြင့္ရေသာေၾကာင့္ မင္းဆက္သည္ ကုမၼဏီတြင္ေအးေအးေဆးေဆးအလုပ္လုပ္ျခင္းျဖစ္သည္။

ဝါသနာပါရာအလုပ္ကိုေရာ တာဝန္အရအလုပ္ကိုေရာ ၿပိဳင္တူလုပ္နိုင္ေသာ မင္းဆက္ဟာမည္မ်ွပင္ဥာဏ္ေကာင္းေၾကာင္းကို မေျပာဘဲနွင့္ပင္သိနိုင္သည္။

အာဏာတစ္ေယာက္ကလြဲ၍ က်န္ေသာလူမ်ားသည္ မင္းဆက္၏အေၾကာင္းမ်ားအားသိၾကသည္။ ခုေတာ့ မင္းဆက္၏တာဝန္ကိုျပန္လည္လုပ္ေဆာင္ရမည္ျဖစ္၍ကုမၼဏီအားမိုက္ခ္ျဖင့္လႊဲကာ တာဝန္အရလုပ္ေဆာင္ရမည္ျဖစ္သည္။ ေလာေလာဆယ္ျပသနာမရိွေပမဲ့ ကုမၼဏီကိုလႊဲေျပာင္းထားသည္မွာအေကာင္းဆံုးျဖစ္၍ မင္းဆက္သည္ ဦးမင္းပိုင္ရွင္နွင့္ စာခ်ဳပ္ခ်ဳပ္ၿပီးပါက တစ္ခါတည္းလႊဲေျပာင္းရန္ျပင္ဆင္ထားသည္။

"မတရားလိုက္တာ"

အားလံုးရွင္းျပၿပီးသည့္ေနာက္မွာေတာ့အာဏာ ၏စကားသံထြက္လာသည္။

"ဘာကိုမတရားတာလဲ"

မင္းဆက္ကေမးေတာ့ အာဏာကမ်က္ေမွာင္ၾကဳတ္ကာေျဖသည္။

"ကိုကို႔အေၾကာင္းကိုအားလံုးသိတယ္... ကြၽန္ေတာ့္ကိုက်ေတာ့ ဖံုးကြယ္ထားတယ္"

အာဏာကေျပာေတာ့မင္းဆက္ကရယ္သည္။

"ကဲပါ ခုသိသြားၿပီမို႔လား... အိပ္ေတာ့မယ္...ဒီမွာအိပ္မွာမို႔လား"

"အင္း  ဒီမွာအိပ္မယ္"

မင္းဆက္လဲသိမ္းစရာရွိတာသိမ္းကာ အိပ္စက္ရန္ျပင္လိုက္သည္။ခုတင္ေပၚ၂ေယာက္သားေစာင္ၿခံဳကာ အိပ္စက္ၾကသည္။

အာဏာသူ႔ေဘးမွာ နွစ္ၿခိဳက္စြာအိပ္ေနေသာမင္းဆက္အားၾကည့္ေနမိသည္။မင္းဆက္ဒီေလာက္ေတာင္လ်ွို႔ဝွက္ခ်က္မ်ားကာဥာဏ္ေျပးမွန္းမသိေပ။

ေတာ္လိုက္တာသူ႔ကိုကိုက။

အာဏာေတြးလက္စမ်ားျဖတ္ကာ အိပ္စက္လိုက္သည္။သူ႔၏လက္တစ္ဖက္ကေတာ့ မင္းဆက္၏ခါးေပၚတြင္ေနရာယူထားသည္။.

=================

"အရင္ရက္က ခရီးသြားတယ္ဆိုလို႔...ကိုယ္လာေသးတယ္"

ဦးမင္းပိုင္ရွင္ကေျပာေတာ့မင္းဆက္အားနာစြာနွင့္ျပန္ေျဖသည္။

"ကြၽန္ေတာ္ကိစၥေလးရွိလို႔ပါ.... ေတာင္းပန္ပါတယ္ဗ်  "

မင္းဆက္ကေတာင္းပန္ေတာ့ ဦးမင္းပိုင္ရွင္ကေခါင္းညိတ္သည္။ခပ္တည္တည္နွင့္ထိုင္ေနေသာစမတ္က်လွသည့္ဦးမင္းပိုင္ရွင္မွာ ကိုယ္ေရာင္ကိုယ္ဝါထြန္းလင္းလွသည္။

"စာခ်ဳပ္မွာလက္မွတ္ထိုးရံုပါပဲ .... က်န္တာအားလံုးကအန္ကယ္မိုက္ခ္ကေနၿပီးေတာ့ အားလံုးတာဝန္ယူသြားမွာပါ"

မင္းဆက္ကေျပာသည္။ ဦးမင္းပိုင္ရွင္ကေတာ့ ေခါင္းညိတ္ကာျဖင့္ေျပာသည္။

"ကိုယ္ၾကားတယ္...မင္းဆက္ကBlue Moonကတဲ့...   တကယ္ထင္မထားဘူး... ေတာ္ေတာ္ေတာ္တာပဲေနာ္"

ဦးမင္းပိုင္ကခ်ီးက်ဴးသည္။Blue Moonကိုလူတိုင္းနီးပါးသိၾကသည္။ကိစၥေတာ္ေတာ္မ်ားမ်ားကို Blue Moonမွ တာဝန္ယူကာေျဖရွင္းေဖာ္ထုတ္သည့္အတြက္ သိၾကျခင္းျဖစ္သည္။

"ဟုတ္ကဲ့..  ကြၽန္ေတာ္လဲတာဝန္ေတြရွိလာမွာမို႔ ဒီCEOေနရာကိုဆက္ၿပီးတာဝန္ယူနိုင္မွာမဟုတ္ဘူး... အာဏာေက်ာင္းၿပီးတဲ့အခါေတာ့ သူ႔ကိုလႊဲေပးမွာပါ.... ကြၽန္ေတာ္လဲ ဒီကုမၼဏီကိုအၿမဲတမ္းဦးစီးေနနိုင္မွာမဟုတ္ေတာ့ပါဘူး"

"ေကာင္းပါၿပီ .... ဘာပဲျဖစ္ျဖစ္ ကိုယ္တို႔ေတြကမိတ္ေဆြေတြပဲ အကူအညီလိုအပ္တဲ့အခါ အၿမဲတမ္းႀကိဳဆိုလ်က္ပါ"

ဦးမင္းပိုင္ရွင္ကေျပာေတာ့ မင္းဆက္လဲ ၿပံဳး၍ေက်းဇူးတင္ေၾကာင္းေျပာကာ  စာခ်ဳပ္ခ်ဳပ္လိုက္ၾကသည္။

ဒီေန႔ကေတာ့ကုမၼဏီကိုသူေနာက္ဆံုးဦးစီးေသာေန႔ပင္ျဖစ္သည္။

================

ႀကီးမားေသာအိမ္ျကီး၊ ပတ္ဝန္းက်င္တြင္ အိမ္ေတာ္ေတာ္မ်ားမ်ားရွိေသာ္လည္းထိုအိမ္ႀကီးက ေဘးပတ္ဝန္းက်င္နွင့္ တစ္သီးတျခားပင္ျဖစ္ေနသည္။

"ကိုယ္တို႔ ေလာေလာဆယ္ဒီမွာေနၾကတာေပါ့...အေျခအေနၿငိမ္မွတျခားေျပာင္းၾကမယ္"

အမ်ိဳးသားကသူ႔ေဘးမွမိန္းကေလး၏လက္အားကိုင္ကာ ေႏြးေထြးစြာေျပာလိုက္သည္။

"အြန္း ... ကို  ေကာင္းသလိုစီစဥ္ပါ ... ကြၽန္မကဘာပဲျဖစ္ျဖစ္ရတယ္"

သေဘာထားျပည့္ဝကာနားလည္တတ္ေသာ  သူ႔ဇနီးအသစ္စက္စက္ေလးအားၾကည့္ကာ အမ်ိဳးသားၿပံဳးမိသည္။၊

ထို႔ေနာက္၂ေယာက္သားအိမ္ထဲဝင္ခဲ့ၾကသည္။ တိုက္အိမ္ႀကီးျဖစ္ၿပီ အနည္းငယ္ေတာ့ေဟာင္းသည္။သို႔ေသာ္ခိုးေျပးလာေသာသူတုိ႔စံုတြဲအတြက္ ဒီအိမ္မွာခဏေနတာအဆင္ေျပလိမ့္မည္။

အိမ္ထဲေရာက္ေတာ့ ပစၥည္းေတြခ်လိုက္သည္။အေပၚထပ္ရွိေသာ္လည္း ေအာက္ထပ္မွာသာေနၾကရန္ဆံုးျဖတိလိုက္သည္။ရွင္းစရာရွိတာရွင္းကာ ၂ေယာက္သား ေန႔လယ္စားစာၾကသည္။အဆင္သင့္ဝယ္ထားေသာ အစားအစာမ်ားေၾကာင့္ အျပင္မထြက္ဘဲအိမ္ထဲမွာသာ စားလိုက္ၾကသည္။

===================

"ဟဲ့  ဟိုအိမ္ကိုလူေတြေျပာင္းလာတယ္တဲ့  "

"ဟုတ္လား ... ငါမသိဘူး"

ထံုးစံအတိုင္းရက္ကြက္ထဲမွအမ်ိဳးသမီးမ်ားသည္ လူသစ္မ်ားအေၾကာင္းအားေျပာေနၾကသည္။

"ခုိးေျပးလာတာတဲ့ ... ေကာင္မေလးကေခ်ာေခ်ာေလး"

အမ်ိဳးသမီးတစ္ေယာက္ကေျပာေတာ့ ေနာက္တစ္ေယာက္ဆက္ေျပာသည္။

"နွေျမာစရာေလးေနာ္ ... ဒီညကိုသူတို႔ေက်ာ္နိုင္္မယ္မထင္ဘူး "

"ေအး ... ထံုးစံအတိုင္းလို႔ပဲထင္တယ္"

ထိုအမ်ိဳးသမီးကေျပာေတာ့ ေနာက္တစ္ေယာက္ကေထာက္ခံသည္။

"အင္း .... ဒီညလဲထံုးစံအတိုင္းပဲေပါ့... ဒီေလာက္သရဲေျခာက္တဲ့အိမ္ႀကီးကို"

အမ်ိဳးသမီးမ်ားကေတာ့  သရဲေျခာက္သည္ဟုဆိုေသာထိုအိမ္ႀကီးအားေဝးေဝးကေနၾကည့္ကာေျပာေနၾကသည္။

================

ည၁၂နာရီအခ်ိန္

ေတာက္!  ေတာက္!  ေတာက္!

သူမအိပ္ေနရင္း အသံၾကားရ၍မ်က္လံုးဖြင့္လိုက္သည္။ေသခ်ာနားေထာင္ၾကည့္ေတာ့ အသံကပီျပင္သည္။ သူမအိပ္ေနရာမွ ထိုင္လိုက္ၿပီး ေသခ်ာနားေထာင္လိုက္သည္။

ေရက်သံ ၊ ေရက်သံနွင့္ေရပြက္ေနသံလိုမ်ိဳးပင္ျဖစ္သည္။ေသခ်ာေတာ့မေသခ်ာ၊ေရကန္ထဲကေရမ်က္နွာျပင္လႈပ္လ်ွင္ ၾကားရေသာေရသံလိုပင္။

"ကို .. ကို .. ထပါဦး"

သူမေဘးနားကအမ်ိဳးသားအားနႈိးလိုက္သည္။သို႔ေသာ္မနႈိး။သူမလဲေရက်သံကဆက္ၾကားရ၍ ခုတင္ေပၚကဆင္းကာ အခန္းထဲကထြက္လာခဲ့သည္။

မီးဖို႔ခန္းထဲဝင္ကာၾကည့္ေတာ့ ေဘစဥ္မွေရက်ေနျခင္းပင္ျဖစ္သည္။ သူမစိတ္ေအးသြားကာ ေရဘဲလ္ကိုသြားကာပိတ္လိုက္သည္။ထိုအခါအသံကရပ္သြားသည္။သူမလဲ မီးဖိုခန္းထဲကေန ျပန္ထြက္လာခဲ့သည္။

ေတာက္!  ေတာက္!  ေတာက္!

သို႔ေသာ္ထပ္မံၾကားလိုက္ရေသာအသံေၾကာင့္ သူမလွည့္ၾကည့္မိသည္။ေဘစဥ္ကေရကမက်။သူမမ်က္ေမွာင္ၾကဳတ္ကာ ေရခ်ိဳးခန္းမီးဖြင့္ကာ ေရခ်ိဳးခန္းထဲသို႔ဝင္လိုက္ေတာ့ မ်က္နွာသစ္ေသာ္ ေဘစဥ္မွေရပိုက္ေခါင္းကေရမ်ားက်ေနသည္။တစ္စက္ၿပီးတစ္စက္က်ေနသည္။သူမလဲပိတ္လိုက္ၿပီး အခန္းထဲသို႔ျပန္ဝင္လာခဲ့သည္။

အခန္းထဲေရာက္ေတာ့ ကုတင္ေပၚမွာလူမရွိ။သူမလန္႔သြားသည္။ 

"ကို! ကိုေရ ! ဘယ္မွာလဲ"

သူမေခၚေသာ္လည္းဘာသံမွမၾကားရ။သူမလမ္းေလ်ာက္ကာ ေျခလွမ္းေတာ့ ကပ္စီးစီးျဖစ္ေနသည္။မီးကိုဖြင့္ကာ ၾကည့္ေတာ့ သူမေသြးပ်က္သြားရသည္။ၾကမ္းျပင္တြင္ေသြးကြက္ႀကီးမ်ားနွင့္ျပည့္ေနသည္။

လက္လက္ဆက္ဆက္ေသြးမ်ားဟာ စီးက်ေနသည္။

သူမပါးစပ္အားလက္ျဖင့္အုပ္ကာ ေရွ႕ဆက္ကာၾကည့္လိုက္ေတာ့ထိုင္ရက္သားလဲက်သြားရသည္။

ၾကမ္းျပင္တြင္လဲကာ ဗိုက္ေပါက္ေနေသာအမ်ိဳးသား၊ အသက္မဲ့ေနေသာအမ်ိဳးသားကိုအားေတြ႕ရသည္။

အနားကိုေလးဘက္ေထာက္ကာသြားလိုက္ၿပီး အသံပင္မထြက္နိုင္ေအာင္မ်က္ရည္ေတြက်ေနသည္။

အမ်ိဳးသားအေလာင္းအား တုန္ယင္စြာလက္လွမ္းစဥ္ မ်က္လံုးအေမွာင္က်သြားရသည္။

#10.10.2020
====================

Note_ Blue Moonကိုေျပာျပမယ္၊၊ The voiceဆိုတဲ့ ကိုရီးယားမႈခင္းကားကိုသိၾကမလားမသိဘူး၊ အဲ့ထဲမွာGolden Timeဆိုတဲ့စံုစမ္းေရးအဖြဲ႕ပါတယ္၊ မႈခင္းေတြကိုစံုစမ္းတာကြာ ၊စံုေထာက္ေတြေပါ့၊ သူတို႔ကသီးသန္႔အဖြဲ႕၊၊ အဲ့ကားကိုသေဘာက်လို႔ ဒီထဲမွာBlue Moonဆိုတဲ့အဖြဲကိုထည့္ထားတာပါ၊ ေက်ာရိုးယူထားတယ္၊ အမွန္တိုင္းဝန္ခံတာပါ copyမဟုတ္ဘူးေနာ္...သူကေတာ့ ဒီတိုင္းစံုေထာက္အဖြဲ႕ပါပဲ။ Hydraလိုအဖြဲ႕အစည္းဘာမွမပါပါဘူး။ အမႈကိစၥေတြ လံုးဝမတူပါဘူး၊ ႀကိဳတင္ရွင္းလင္းထားတာပါ💙

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
 
အားလုံးအားဖမ်းဆီးကာခေါ်ဆောင်သွားကြ၍  အာဏာတို့သာကျန်ခဲ့သည်။ပွဲစားအမျိုးသမီးနှင့်အတူ သားဖြစ်သူလင်းခ၊ ဒီကိစ္စတွင်ပါဝင်ခဲ့သော လူများအား ရဲများမှဖမ်းဆီးသွားပြီဖြစ်သည်။ အဆောက်အအုံကြီးအား အားလုံးရှင်းပြီးသည့်နောက် ဖမ်းဆီးခံရသောမိန်းကလေးများ၊ ယောကျာ်းလေးများအား အိမ်ပြန်ရန်အတွက် စီစဉ်ပေးကြသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသောကလေးငယ်များအား မိဘလက်ထဲသို့ပြန်ထည့်ပေးနိုင်ရန် တစ်ခါတည်းအားလုံးစီစဉ်နေကြပြီဖြစ်သည်။

သို့သော်ထူးဆန်းနေသည်က ဒီလိုကိစ္စကြီးမျိုးကို ကြိုးကိုင်သူရှိရမည်ဟုယုံကြည်ထားသော်လဲ ခုလက်ရှိတွင်ပွဲစားအမျိုးသမီးမှလွဲ၍ တခြားသူမတွေ့ရသေးပေ။ နောက်ကွယ်တွင် ဒီ့ထက်ပိုပြီးကြီးမားကာ အင်အားတောင့်တင်းသောလူတစ်ယောက်ရှိနိုင်သည်။

အဆောက်အအုံကြီးအား ကန့်သတ်နယ်မြေသတ်မှတ်ကာ ပိတ်လိုက်သည်။ဒေသခံလူများကလဲအာဏာတို့အား အလွန်ကျေးဇူးတင်ကြသည်။ ဒီလိုနေရာမျိုးရှိသည်ကိုသတိပင်မထားမိခဲ့ကြသောကြောင့်အခုလိုဖမ်းဆီးပေးကြသည်ကို ကျေးဇူးတင်မဆုံးဖြစ်နေကြသည်။

အချိန်အားဖြင့် ည၁၂နာရီပင်ကျော်နေပြီဖြစ်သည်။သို့သော် အားလုံးတစ်ခါတည်းပြန်ရန်ပြင်ဆင်ကြသည်။

"စီးပွားရေးအလွန်ခက်ခဲနေတဲ့လူတွေကို အဆင်ပြေအောင်လုပ်ပေးလိုက်... Hydraရဲ့တစ်နေရာရာမှာပဲဖြစ်ဖြစ် ကြည့်ပြီးစီစဉ်ပေးလိုက်"

မင်းဆက်က မိုက်ခ်အားပြောလိုက်သည်။အလာတုန်းကကားပေါ်တွင်သိခဲ့ရသော လူများ၏ဘဝအခြေအနေတွေအား မင်းဆက်စာနာ၍ ထိုလူများအားတတ်နိုင်သရွေ့ကူညီရန်ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့ ... စိတ်ချပါသခင်လေး"

မိုက်ခ်လဲပြောပြီးထွက်သွာသည်။ ပြန်ရန်အတွက် ကားတွေစီစဉ်နေကြခြင်းဖြစ်သည်။ ရှင်းခန့်တို့ကလဲ ပြန်ဖို့အတွက်စီစဉ်နေကြသည်။ မင်းဆက်နှင့် အာဏာကတော့ ခြံတွင်းတွင်ရပ်ကာ ကြည့်နေကြသည်။

ထိုစဉ်ကောင်လေးတစ်ယောက်က မင်းဆက်၏အနားသို့ရောက်လာသည်။

မင်ဆက်ထိုကောင်လေးကိုသေချာကြည့်မိတော့ ကားပေါ်တွင်သူ့နှင့် စကားပြောခဲ့သောကောင်လေးဖြစ်နေသည်။

"အကို"

သူအားမျက်ရည်ဝဲစွာခေါ်လိုက်သော ကောင်လေးကြောင့် မင်းဆက်အနားကိုသွားကာပြုံးပြလိုက်သည်။

"အိမ်ပြန်တော့နော် "

ထိုကောင်လေးကမျက်ရည်တွေစီးကျကာပြောသည်။

"ကျေးဇူးပါအကို  ... အကို့ကြောင့်သာမဟုတ်ရင် ကျွန်တော် ကျွန်တော်ဘဝပျက်မှာ"

ကောင်လေးကငိုကာပြောသည်။

"ကျွန်တော် မေမေ့ကိုတောင်တွေ့နိုင်မှာမဟုတ်တော့ဘူးဗျာ ... ကျေးဇူးပါအကိုရယ် .. တကယ်ကျေးဇူးပါ"

လက်အုပ်ချီကာဦးချမတတ်ဖြစ်နေသောထိုကောင်လေးကြောင့် မင်းဆက် လက်လေး၂ဖက်အားကိုင်ကာပြောလိုက်သည်။

"မလိုပါဘူးကွာ..  ဒါကအကိုတို့ရဲ့တာဝန်ပဲ ... ကျေးဇူးတင်စရာမလိုဘူး ဟုတ်ပြီလား"

မင်းဆက်ကနှစ်သိမ့်ကာပြောတော့ ထိုကောင်လေးကမျက်ရည်များနှင့်ပြုံးကာခေါင်းညိတ်သည်။

"မငိုနဲ့ .. နောက်နေ့ကျရင်မင်းအတွက်အလုပ်စီစဉ်ပေးမယ် ဟုတ်ပြီလား... ခုတော့ကားဆီကိုသွားတော့... မေမေ့ဆီကိုပြန်ရမယ်လေ "

"ဟုတ်အကို ... ကျေးဇူးတင်ပါတယ်ဗျာ... တကယ်ကျေးဇူးတင်ပါတယ်"

မင်းဆက်လဲ သူ့အားအလွန်ကျေးဇူးတင်နေသောကောင်လေးအားပြုံးပြကာနေလိုက်သည်။ထို့နောက်ကောင်လေးလဲ  ကားဆီသို့ပြန်ထွက်သွားသည်။

"သွားကြအောင်လေ "

မင်းဆက်ကပြောတော့ ဘေးနားကအာဏာကခပ်တည်တည်နှင့်ခေါင်းညိတ်ပြသည်။မင်းဆက်လဲအာဏာ၏အကျင်္ီအားခြုံထားပြီးကားဆီသို့သွားလိုက်သည်။

မင်းဆက် ကားပေါ်သို့ နောက်ခန်းတံခါးဖွင့်ကာတတ်လိုက်ပြီး အာဏာလဲ ထို့အတူပင်ကားပေါ်သို့တတ်လိုက်သည်။ကားမောင်းသမားနေရာတွင်တခြားတစ်ယောက်ရှိပြီး မိုက်ခ်ကမရှိသောကြောင့် မင်းဆက်ကမေးလိုက်သည်။

"အန်ကယ်မိုက်ခ်ရော "

"အန်ကယ်မိုက်ခ်က တခြားကားနဲ့လိုက်လိမ့်မယ် .... ကိုကိုနဲ့ကျွန်တော်က တူတူပြန်မယ်"

"အွန်း"

ကားစထွက်တော့ မင်းဆက်လဲ အေးနေသောကြောင့် အကျင်္ီကိုတင်းနေအောင်ဆွဲကာ ခြုံထားလိုက်သည်။ အာဏာကတော့ ဆေးသေတ္တာကိုထုတ်နေသည်။Hydraရှိ ကားတိုင်းတွင်ဆေးသေတ္တာထည့်ထားတတ်သည်ကကောင်းသောအရာပင်ဖြစ်သည်။ခုလိုမျိုးထိခိုက်မိသည်ရှိပါက အလွယ်ဆေးထည့်ရသည်။

ဆေးသေတ္တာထဲက ဂွမ်းလေးကိုထုတ်ကာ ရေသန့်ဗူးထဲကရေနှင့်စွတ်လိုက်သည်။

"ကိုကို  ဒီဘက်လှည့် "

အာဏာရဲ့စကားကြောင့် မင်းဆက်ကြောင်သွားသည်။

"ဘာကိုလဲ"

မင်းဆက်ကမေးတော့ အာဏာကဆေးသေတ္တာကို ပြကာပြောသည်။

"နားမှာသွေးတွေထွက်နေတယ်ကိုကို...ဆေးထည့်မှဖြစ်မယ်"

"အင်း"

မင်းဆက်လဲ ခေါင်းညိတ်ကာ အာဏာ၏ဘက်သို့လှည့်ပေးလိုက်သည်။ သွေးထွက်နေသော နားပေါက်မှနားကပ်ကိုဖြည်းဖြည်းလေးချွတ်ပေးလိုက်သည်။အာဏာလဲ  မနာစေရန်သတိထားကာ နားကပ်အားချွတ်ပေးလိုက်သည်။

ချွတ်ပြီးသွားတော့ နားကပ်အားဆေးသေတ္တာပေါ်သို့တင်လိုက်သည်။ ဒါကလိုမှမလိုတော့တာလေ။

ထို့နောက် ရေစွတ်ထားသော ဂွမ်းအေးအား ဇာဂနာဖြင့်ညှပ်ကာ သန့်ရှင်းပေးလိုက်သည်။ ထို့နောက် အရက်ပြန့်ဖြင့်သန့်စင်လိုက်ပြီးဆေးထည့်ကာ ပလာစတာကပ်ပေးလိုက်သည်။

"အကျင်္ီကဝိုင်တွေစွန်းနေလို့ ကျွန့်တော်အကျင်္ီကိုသေချာခြုံထား"

အာဏာကပြောကာ ဆေးသေတ္တာအားသိမ်းလိုက်သည်။ မင်းဆက်လဲ ပင်ပန်းနေပြီဖြစ်၍ ခြုံထားသော အကျင်္ီအား ကျစ်နေအောင်ကိုင်ကာ ကာမှန်အားခေါင်းမှီကာအိပ်ရန်ကြံစည်လိုက်သည်။

မင်းဆက်၏အပြုအမူအားမြင်တော့အာဏာက မှီနေသော မင်းဆက်အားပခုံးမှဆွဲကာ သူ့ဘက်သို့လှည့်လိုက်သည်။

"အိပ်ချင်နေတယ်မလား...ကျွန့်တော့်ပေါင်ပေါ်ခေါင်းအုံးလိုက်....ကိုကိုပင်ပန်းနေတယ်လေ"

အာဏာပြောတော့ မင်းဆက်ကခေါင်းခါသည်။

"ရတယ်... မင်းညောင်းနေလိမ့်မယ်"

"ရတယ် မညောင်းဘူး.... လှဲလိုက်"

အာဏာက မင်းဆက်ကိုလက်ကဆွဲ၍ လှဲခိုင်းတော့ မင်းဆက်လဲ ဆက်မငြင်းတော့ဘဲအာဏာ၏ပေါင်ပေါ်သို့ခေါင်းတင်ကာလှဲလိုက်သည်။

ထိုနေသောဆိုဖာမှအရှည်ကြီးဖြစ်၍ ၆ပေနီးပါးရှိသောမင်းဆက်အတွက် ဒူးအားခွေထားရသည်။ ကားထဲတွင်ရှိသောစောင်အပါးလေးအား ထုတ်ကာ ခြေထောက်အားခြုံပေးလိုက်သည်။

ပင်ပန်းနေပြီဖြစ်သော မင်းဆက်ကတော့ နှစ်ခြိုက်စွာအိပ်စက်နေပြီဖြစ်သည်။

==================

နောက်၂ရက်ကြာသောအခါ။

အားလုံးပြီးစီးသွားသည့်အခါမှာတော့ မင်းဆက်တာဝန်များကိုပြန်လည်ထမ်းဆောင်ရန်ပြင်ဆင်ရတော့မည်။မနက်ဖြန်မနက်တွင် ဦးမင်းပိုင်နှင့်စာချုပ်ချုပ်ကာ နောက်ကျသွားသည့်အတွက်တောင်းပန်ရန်စီစဉ်လိုက်သည်။

ဒေါက်! ဒေါက် ! 

"ကိုကို ကျွန်တော်လာပြီ"

တံခါးခေါက်သံနှင့်အတူ အာဏာ၏အသံအားကြားလိုက်ရသည်။မင်းဆက်ပြောစရာမလိုဘဲနှင့်ပင်အာဏာကအခန်းထဲဝင်လာသည်။ လက်ထဲတွင်တော့ ခေါင်းအုံးတစ်လုံးအားပိုက်ထားသည်။

အခန်းတံခါးအားပိတ်ကာ မင်းဆက်ထိုင်နေသော စားပွဲနာသို့လာကာခုတင်ပေါ်သို့ထိုင်လိုက်သည်။ ခေါင်းအုံးအားပိုက်ကာခုတင်ပေါ်တွင် ခြေထောက်တင်ကာ ထိုင်နေသည့်အာဏာအားမင်းဆက်ကြည့်ကာပြုံးမိသည်။ဒီညလဲသူနဲ့အတူတူအိပ်ရန်လာပြန်ပြီ။

"ကိုကိုကျွန်တော့်ကိုရှင်းပြသင့်တယ်လို့မထင်ဘူးလား"

အာဏာစ၍ ပြောတော့မင်းဆက်ကမေးသည်။

"ဘာကိုရှင်းပြရမလဲ"

"ကိုကိုကခေါင်းဆောင်ဆိုတဲ့ အကြောင်းကိုရှင်းပြသင့်တယ်"

အာဏာကပြောတော့ မင်းဆက်ကခေါင်းညိတ်သည်။

"ဟုတ်ပြီ...  ရှင်းပြမယ်"

Hydraအိမ်တော်ဟာ တခြားနိုင်ငံများတွင်များစွာရှိသည်။ လုပ်ငန်းတစ်ခုသည် နိုင်ငံခြားတွင်ရုံးခွဲရှိသလို ပင် Hydraသည်လည်း အိမ်တော်များစွာရှိသည် ။ အဓိကအိမ်တော်သည် ဩစီတွင်ရှိပြီး မှိုင်း၏အိမ်တော်ဖြစ်သည်။

မင်းဆက်ဟာအသက်၁၀နှစ်အရွယ်ကပင် နိုင်ငံခြားသွားကာ ပညာသင်ရန်ပြင်ဆင်ခဲ့သော်လဲ အာဏာကြောင့် ပညာသင်ခြင်းကိုလက်လွှတ်ကာဒီမှာသာကျောင်းတတ်ခဲ့ရသည်။

စီးပွားရေးပညာကိုသင်ယူကာာထူးချွန်သော်လည်းမင်းဆက်ကစီးပွားရေးလုပ်ခြင်းအားစိတ်မဝင်စားသလိုကုမ္မဏီ၏ရာထူးအားဆက်ခံရန်လဲ စိတ်မဝင်စားခဲ့ပေ။

စူးစမ်းရှာဖွေကာထူးဆန်းသောအရာများ၊ ညဏ်သုံးရသောကိစ္စရပ်များအားမင်းဆက်က သဘောကျသည်။အာဏာကြောင့် နိုင်ငံခြားမသွားရ၍ မှိုင်းနှင့် တိုင်ပင်ကာ ကျောင်းပြီးသည်နှင့် စုံစမ်းရေးအဖွဲ့အတွင်းသို့ဝင်ရန်ပြင်ဆင်ခဲ့သည်။

မင်းဆက်တို့၏အဖွဲ့ဟာ  စုံစမ်းရေးအပိုင်းကိုတာဝန်ယူရသောအဖွဲ့ဖြစ်သည်။ရဲဘက်နှင့် Hydra ပေါင်းကာဖွဲ့ထားသောအဖွဲ့ဖြစ်သည်။အရည်အချင်းရှိကာဉာဏ်ထက်မြတ်သောမင်းဆက်အားခေါင်းဆောင်ခန့်ထားခြင်းဖြစ်သည်။

မင်းဆက်တို့၏အဖွဲ့နာမည်ကBlue Moonဖြစ်သည်။အမှုကိစ္စအဝဝအား Blue Moonမှ တာဝန်ယူကာဖြေရှင်းကြသည်။

Blue Moonတွင် မင်းဆက်၊ ရှင်းခန့်၊ စိုင်းအောင်၊ အောင်ခန့်၊ လီဂျောင်ဝူးဆိုသော ကိုရိီးယားလူမျိုးတစ်ယောက်ပါသည်။ဂျောင်ဝူးက Hydraမှလူတစ်ယောက်ဖြစ်ပြီး မင်းဆက်နှင့်လဲရင်းနှီးသည်။ မင်းဆက်နှင့် ဂျောင်ဝူး၂ယောက်သာ Hydraမှဝင်လာသူများဖြစ်ပြီး ကျန်ရှိသော ၃ယောက်မှာ လေ့ကျင့်ရေးသင်တန်းများမှဆင်းလာသောလူများဖြစ်သည်။

လွန်ခဲ့သည့်၂လလောက်ကအမှုတစ်ခုအားဖြေရှင်းပြီးသည့်နောက်ခွင့်ရသောကြောင့် မင်းဆက်သည် ကုမ္မဏီတွင်အေးအေးဆေးဆေးအလုပ်လုပ်ခြင်းဖြစ်သည်။

ဝါသနာပါရာအလုပ်ကိုရော တာဝန်အရအလုပ်ကိုရော ပြိုင်တူလုပ်နိုင်သော မင်းဆက်ဟာမည်မျှပင်ဉာဏ်ကောင်းကြောင်းကို မပြောဘဲနှင့်ပင်သိနိုင်သည်။

အာဏာတစ်ယောက်ကလွဲ၍ ကျန်သောလူများသည် မင်းဆက်၏အကြောင်းများအားသိကြသည်။ ခုတော့ မင်းဆက်၏တာဝန်ကိုပြန်လည်လုပ်ဆောင်ရမည်ဖြစ်၍ကုမ္မဏီအားမိုက်ခ်ဖြင့်လွှဲကာ တာဝန်အရလုပ်ဆောင်ရမည်ဖြစ်သည်။ လောလောဆယ်ပြသနာမရှိပေမဲ့ ကုမ္မဏီကိုလွှဲပြောင်းထားသည်မှာအကောင်းဆုံးဖြစ်၍ မင်းဆက်သည် ဦးမင်းပိုင်ရှင်နှင့် စာချုပ်ချုပ်ပြီးပါက တစ်ခါတည်းလွှဲပြောင်းရန်ပြင်ဆင်ထားသည်။

"မတရားလိုက်တာ"

အားလုံးရှင်းပြပြီးသည့်နောက်မှာတော့အာဏာ ၏စကားသံထွက်လာသည်။

"ဘာကိုမတရားတာလဲ"

မင်းဆက်ကမေးတော့ အာဏာကမျက်မှောင်ကြုတ်ကာဖြေသည်။

"ကိုကို့အကြောင်းကိုအားလုံးသိတယ်... ကျွန်တော့်ကိုကျတော့ ဖုံးကွယ်ထားတယ်"

အာဏာကပြောတော့မင်းဆက်ကရယ်သည်။

"ကဲပါ ခုသိသွားပြီမို့လား... အိပ်တော့မယ်...ဒီမှာအိပ်မှာမို့လား"

"အင်း  ဒီမှာအိပ်မယ်"

မင်းဆက်လဲသိမ်းစရာရှိတာသိမ်းကာ အိပ်စက်ရန်ပြင်လိုက်သည်။ခုတင်ပေါ်၂ယောက်သားစောင်ခြုံကာ အိပ်စက်ကြသည်။

အာဏာသူ့ဘေးမှာ နှစ်ခြိုက်စွာအိပ်နေသောမင်းဆက်အားကြည့်နေမိသည်။မင်းဆက်ဒီလောက်တောင်လျှို့ဝှက်ချက်များကာဉာဏ်ပြေးမှန်းမသိပေ။

တော်လိုက်တာသူ့ကိုကိုက။

အာဏာတွေးလက်စများဖြတ်ကာ အိပ်စက်လိုက်သည်။သူ့၏လက်တစ်ဖက်ကတော့ မင်းဆက်၏ခါးပေါ်တွင်နေရာယူထားသည်။.

=================

"အရင်ရက်က ခရီးသွားတယ်ဆိုလို့...ကိုယ်လာသေးတယ်"

ဦးမင်းပိုင်ရှင်ကပြောတော့မင်းဆက်အားနာစွာနှင့်ပြန်ဖြေသည်။

"ကျွန်တော်ကိစ္စလေးရှိလို့ပါ.... တောင်းပန်ပါတယ်ဗျ  "

မင်းဆက်ကတောင်းပန်တော့ ဦးမင်းပိုင်ရှင်ကခေါင်းညိတ်သည်။ခပ်တည်တည်နှင့်ထိုင်နေသောစမတ်ကျလှသည့်ဦးမင်းပိုင်ရှင်မှာ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းလှသည်။

"စာချုပ်မှာလက်မှတ်ထိုးရုံပါပဲ .... ကျန်တာအားလုံးကအန်ကယ်မိုက်ခ်ကနေပြီးတော့ အားလုံးတာဝန်ယူသွားမှာပါ"

မင်းဆက်ကပြောသည်။ ဦးမင်းပိုင်ရှင်ကတော့ ခေါင်းညိတ်ကာဖြင့်ပြောသည်။

"ကိုယ်ကြားတယ်...မင်းဆက်ကBlue Moonကတဲ့...   တကယ်ထင်မထားဘူး... တော်တော်တော်တာပဲနော်"

ဦးမင်းပိုင်ကချီးကျူးသည်။Blue Moonကိုလူတိုင်းနီးပါးသိကြသည်။ကိစ္စတော်တော်များများကို Blue Moonမှ တာဝန်ယူကာဖြေရှင်းဖော်ထုတ်သည့်အတွက် သိကြခြင်းဖြစ်သည်။

"ဟုတ်ကဲ့..  ကျွန်တော်လဲတာဝန်တွေရှိလာမှာမို့ ဒီCEOနေရာကိုဆက်ပြီးတာဝန်ယူနိုင်မှာမဟုတ်ဘူး... အာဏာကျောင်းပြီးတဲ့အခါတော့ သူ့ကိုလွှဲပေးမှာပါ.... ကျွန်တော်လဲ ဒီကုမ္မဏီကိုအမြဲတမ်းဦးစီးနေနိုင်မှာမဟုတ်တော့ပါဘူး"

"ကောင်းပါပြီ .... ဘာပဲဖြစ်ဖြစ် ကိုယ်တို့တွေကမိတ်ဆွေတွေပဲ အကူအညီလိုအပ်တဲ့အခါ အမြဲတမ်းကြိုဆိုလျက်ပါ"

ဦးမင်းပိုင်ရှင်ကပြောတော့ မင်းဆက်လဲ ပြုံး၍ကျေးဇူးတင်ကြောင်းပြောကာ  စာချုပ်ချုပ်လိုက်ကြသည်။

ဒီနေ့ကတော့ကုမ္မဏီကိုသူနောက်ဆုံးဦးစီးသောနေ့ပင်ဖြစ်သည်။

================

ကြီးမားသောအိမ်ကြီး၊ ပတ်ဝန်းကျင်တွင် အိမ်တော်တော်များများရှိသော်လည်းထိုအိမ်ကြီးက ဘေးပတ်ဝန်းကျင်နှင့် တစ်သီးတခြားပင်ဖြစ်နေသည်။

"ကိုယ်တို့ လောလောဆယ်ဒီမှာနေကြတာပေါ့...အခြေအနေငြိမ်မှတခြားပြောင်းကြမယ်"

အမျိုးသားကသူ့ဘေးမှမိန်းကလေး၏လက်အားကိုင်ကာ နွေးထွေးစွာပြောလိုက်သည်။

"အွန်း ... ကို  ကောင်းသလိုစီစဉ်ပါ ... ကျွန်မကဘာပဲဖြစ်ဖြစ်ရတယ်"

သဘောထားပြည့်ဝကာနားလည်တတ်သော  သူ့ဇနီးအသစ်စက်စက်လေးအားကြည့်ကာ အမျိုးသားပြုံးမိသည်။၊

ထို့နောက်၂ယောက်သားအိမ်ထဲဝင်ခဲ့ကြသည်။ တိုက်အိမ်ကြီးဖြစ်ပြီ အနည်းငယ်တော့ဟောင်းသည်။သို့သော်ခိုးပြေးလာသောသူတို့စုံတွဲအတွက် ဒီအိမ်မှာခဏနေတာအဆင်ပြေလိမ့်မည်။

အိမ်ထဲရောက်တော့ ပစ္စည်းတွေချလိုက်သည်။အပေါ်ထပ်ရှိသော်လည်း အောက်ထပ်မှာသာနေကြရန်ဆုံးဖြတိလိုက်သည်။ရှင်းစရာရှိတာရှင်းကာ ၂ယောက်သား နေ့လယ်စားစာကြသည်။အဆင်သင့်ဝယ်ထားသော အစားအစာများကြောင့် အပြင်မထွက်ဘဲအိမ်ထဲမှာသာ စားလိုက်ကြသည်။

===================

"ဟဲ့  ဟိုအိမ်ကိုလူတွေပြောင်းလာတယ်တဲ့  "

"ဟုတ်လား ... ငါမသိဘူး"

ထုံးစံအတိုင်းရက်ကွက်ထဲမှအမျိုးသမီးများသည် လူသစ်များအကြောင်းအားပြောနေကြသည်။

"ခိုးပြေးလာတာတဲ့ ... ကောင်မလေးကချောချောလေး"

အမျိုးသမီးတစ်ယောက်ကပြောတော့ နောက်တစ်ယောက်ဆက်ပြောသည်။

"နှမြောစရာလေးနော် ... ဒီညကိုသူတို့ကျော်နိုင်မယ်မထင်ဘူး "

"အေး ... ထုံးစံအတိုင်းလို့ပဲထင်တယ်"

ထိုအမျိုးသမီးကပြောတော့ နောက်တစ်ယောက်ကထောက်ခံသည်။

"အင်း .... ဒီညလဲထုံးစံအတိုင်းပဲပေါ့... ဒီလောက်သရဲခြောက်တဲ့အိမ်ကြီးကို"

အမျိုးသမီးများကတော့  သရဲခြောက်သည်ဟုဆိုသောထိုအိမ်ကြီးအားဝေးဝေးကနေကြည့်ကာပြောနေကြသည်။

================

ည၁၂နာရီအချိန်

တောက်!  တောက်!  တောက်!

သူမအိပ်နေရင်း အသံကြားရ၍မျက်လုံးဖွင့်လိုက်သည်။သေချာနားထောင်ကြည့်တော့ အသံကပီပြင်သည်။ သူမအိပ်နေရာမှ ထိုင်လိုက်ပြီး သေချာနားထောင်လိုက်သည်။

ရေကျသံ ၊ ရေကျသံနှင့်ရေပွက်နေသံလိုမျိုးပင်ဖြစ်သည်။သေချာတော့မသေချာ၊ရေကန်ထဲကရေမျက်နှာပြင်လှုပ်လျှင် ကြားရသောရေသံလိုပင်။

"ကို .. ကို .. ထပါဦး"

သူမဘေးနားကအမျိုးသားအားနှိုးလိုက်သည်။သို့သော်မနှိုး။သူမလဲရေကျသံကဆက်ကြားရ၍ ခုတင်ပေါ်ကဆင်းကာ အခန်းထဲကထွက်လာခဲ့သည်။

မီးဖို့ခန်းထဲဝင်ကာကြည့်တော့ ဘေစဉ်မှရေကျနေခြင်းပင်ဖြစ်သည်။ သူမစိတ်အေးသွားကာ ရေဘဲလ်ကိုသွားကာပိတ်လိုက်သည်။ထိုအခါအသံကရပ်သွားသည်။သူမလဲ မီးဖိုခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။

တောက်!  တောက်!  တောက်!

သို့သော်ထပ်မံကြားလိုက်ရသောအသံကြောင့် သူမလှည့်ကြည့်မိသည်။ဘေစဉ်ကရေကမကျ။သူမမျက်မှောင်ကြုတ်ကာ ရေချိုးခန်းမီးဖွင့်ကာ ရေချိုးခန်းထဲသို့ဝင်လိုက်တော့ မျက်နှာသစ်သော် ဘေစဉ်မှရေပိုက်ခေါင်းကရေများကျနေသည်။တစ်စက်ပြီးတစ်စက်ကျနေသည်။သူမလဲပိတ်လိုက်ပြီး အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်မှာလူမရှိ။သူမလန့်သွားသည်။ 

"ကို! ကိုရေ ! ဘယ်မှာလဲ"

သူမခေါ်သော်လည်းဘာသံမှမကြားရ။သူမလမ်းလျောက်ကာ ခြေလှမ်းတော့ ကပ်စီးစီးဖြစ်နေသည်။မီးကိုဖွင့်ကာ ကြည့်တော့ သူမသွေးပျက်သွားရသည်။ကြမ်းပြင်တွင်သွေးကွက်ကြီးများနှင့်ပြည့်နေသည်။

လက်လက်ဆက်ဆက်သွေးများဟာ စီးကျနေသည်။

သူမပါးစပ်အားလက်ဖြင့်အုပ်ကာ ရှေ့ဆက်ကာကြည့်လိုက်တော့ထိုင်ရက်သားလဲကျသွားရသည်။

ကြမ်းပြင်တွင်လဲကာ ဗိုက်ပေါက်နေသောအမျိုးသား၊ အသက်မဲ့နေသောအမျိုးသားကိုအားတွေ့ရသည်။

အနားကိုလေးဘက်ထောက်ကာသွားလိုက်ပြီး အသံပင်မထွက်နိုင်အောင်မျက်ရည်တွေကျနေသည်။

အမျိုးသားအလောင်းအား တုန်ယင်စွာလက်လှမ်းစဉ် မျက်လုံးအမှောင်ကျသွားရသည်။

#10.10.2020
====================

Note_ Blue Moonကိုပြောပြမယ်၊၊ The voiceဆိုတဲ့ ကိုရီးယားမှုခင်းကားကိုသိကြမလားမသိဘူး၊ အဲ့ထဲမှာGolden Timeဆိုတဲ့စုံစမ်းရေးအဖွဲ့ပါတယ်၊ မှုခင်းတွေကိုစုံစမ်းတာကွာ ၊စုံထောက်တွေပေါ့၊ သူတို့ကသီးသန့်အဖွဲ့၊၊ အဲ့ကားကိုသဘောကျလို့ ဒီထဲမှာBlue Moonဆိုတဲ့အဖွဲကိုထည့်ထားတာပါ၊ ကျောရိုးယူထားတယ်၊ အမှန်တိုင်းဝန်ခံတာပါ copyမဟုတ်ဘူးနော်...သူကတော့ ဒီတိုင်းစုံထောက်အဖွဲ့ပါပဲ။ Hydraလိုအဖွဲ့အစည်းဘာမှမပါပါဘူး။ အမှုကိစ္စတွေ လုံးဝမတူပါဘူး၊ ကြိုတင်ရှင်းလင်းထားတာပါ💙

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

Continue Reading

You'll Also Like

73.6K 4.5K 12
ခင္ဗ်ားရဲ႕ဒုတိယလူဆိုတာသိပါရက္နဲ႕ ခင္ဗ်ားကို ကၽြန္ေတာ့ႏွလံုးသားရဲ႕ပထမေနရာမွာေနရာတစ္ေနရာေပးခဲ႕မိတာဟာ ကၽြန္ေတာ့မိုက္မဲမႈဆုိေပမယ့္ အရံႈး အမုန္း ထိုမုိက္မ...
133K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
299K 23.8K 43
part 19 (Uni+Zaw) လြတ္လပ္ေရးမရခင္ဂ်ပန္-အဂၤလိပ္ေခတ္ ကိုျပန္ေရာက္သြားတဲ့ေကာင္ေလး...... ေနၾကာပန္းေတေႂကြတဲ့အခါ ခင္မ်ားဘယ္မွာရွိေနမွာလဲ I'LL B-E T-H-E-R-E...
54.8K 5.7K 11
ကိုယ့်အတွက် နွေရာသီဟာ . . . မင်း ကိုလွမ်းဖို့ပါပဲ ။ • BOY X BOY • Romance Drama • Mini Story