THE EYE

By Ginkgo_San

960K 122K 8.4K

FINALLY S2 21.9.2020 »» 29.12.2020 More

Part_1
Part_2
Part_3
Part_4
Part_6
Part_7
Part_8
Part_9
Part_10
Part_11
Part_12
Part_13
Part_14
Part_15
Part_16
Part_17
Part_18
Part_19
Part_20
Part_21
Part_22
Part_23
Part_24
Part_25
Part_26
Part_27
Part_28
Part_29
Part_30
Part_31
Part_32
Part_33
Part_34
Part_35
Part_36
Part_37
Part_38
Part_39
Part_40
Part_41
Part_42
Part_43
Part_44
Part_45
Part_46
Part_47
Part_48
Part_49
Part_50
Part_51
Part_52
Part_53
Part_54
Part_55
Part_56
Part_57
Part_58
Part_59
Part_60
Part_61
Part_62
Part_63
Part_64
Part_65
Part_66
Part_67
Part_68
Part_69
Part_70
Part_71
Part_72
Part_73
Part_74
Part_75 (Final)
Extra_1 ⚠️
Extra_2⚠️
Extra_3
Extra_4
Extra_5 (Final)⚠️

Part_5

16.9K 2.5K 56
By Ginkgo_San

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]

မင္းဆက္လဲ ရနံ႔နဲ႔အတူတူ Clubကိုလာၿပီး စကားေျပာေနလိုက္သည္။မေတြ႕ျဖစ္ခဲ့တဲ့အခ်ိန္ကအေၾကာင္းေတြေရာေရာက္တတ္ရာရာေျပာေနရင္းအမွတ္တမဲ့မ်က္လံုးကဝိုင္းတစ္ဝိုင္းသို႔ေရာက္သြားေသာေၾကာင့္ သူေသခ်ာၾကည္မိေတာ့ အာဏာ၊၊

သူ ပထမေက်ာင္းပိတ္ရက္လာတာပဲဆိုၿပီး မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။ သို႔ေသာ္ ေဘးနာကေကာင္မေလးကိုဖက္လိုက္ေတာ့ သူဆက္ၿပီးသည္းမခံနိုင္ေတာ့ဘဲထသြားလိုက္သည္။

သူ႔ကိုျမင္ေတာ့ အာဏာကၿပံဳးၿပသည္။

"ကိုကို ဒီကိုေရာက္ေနတာလား"

ေဘးကမိန္းကေလးကိုဖက္ၿပီးေျပာေနေသာ အာဏာကိုၾကည့္ကာ သူစိတ္ပ်က္မိသည္။ ၾကည့္ရတာေသာက္ထားပံုပင္ ၊၊ အရင္လိုမဟုတ္။

"သူေသာက္ထားေသးလား"

သူ ေဘးကေကာင္မေလးကိုေမးေတာ့ ေမသစၥာက ဝင္၍ေျဖ၏။

"ကြၽန္မက အာဏာရဲ႕သူငယ္ခ်င္း ေမသစၥာပါ... ေက်ာင္းပိတ္ရက္ဆိုေတာ့ အပ်င္းေျပေခၚလာတာ"

"သူေသာက္ထားေသးလား"

သူခပ္တင္းတင္းေမးလိုက္ေတာ့ သူမကေျဖ၏။

"ဟုတ္ကဲ့ ... နည္းနည္းေသာက္ထားပါတယ္"

သူအာဏာရဲ႕အနားသို႔သြားၿပီး ေဘးနားကေကာင္မေလးကိုၾကည့္လိုက္၏။

"ဖယ္ေပး  "

သူေျပာေတာ့ ေကာင္မေလးကမခ်ိဳမခ်ဥ္။

"ရွင္ကဘယ္သူမို႔လို႔လဲ ...ဘာကိစၥရွင့္စကားနားေထာင္ရမွာလဲ"

ထိုေကာင္မေလးစကားေၾကာင့္ သူစိတ္မရွည္ေတာ့။

"ငါက သူ႔အကို...သူ႔အုပ္ထိန္းသူပဲ..စကားေတြမ်ားမေနဘဲဖယ္ေပးလိုက္"

သူေျပာကာမွ ေကာင္မေလးကဖယ္ေပးသည္။  သူလဲ ေပေတေတနဲ႔ထိုင္ေနေသာ အာဏာကိုဆြဲထူလိုက္သည္။

"ထစမ္း...  ျပန္မယ္အာဏာ"

သူေခၚေတာ့ မတ္တတ္ရပ္လာၿပီး သူ႔လက္ကိုဆြဲကာေျပာသည္။

"ျပန္ေတာ့မွာလား....မမရနံ႔နဲ႔မေနေတာ့ဘူးလား"

"မင္းဆက္ ဘာျဖစ္တာလဲ"

ထိုစဥ္ သင္းရနံ႔ကေရာက္လာၿပီးေမးေတာ့ သူေခါင္းခါျပလိုက္သည္။

"ငါျပန္ေတာ့မယ္ရနံ႔... နင္တစ္ေယာက္ထဲ  ျပန္လို႔ရတယ္မလား"

"ေအး ရတယ္.... ေမာင္ေလးကဒီေရာက္ေနတာလား"

အာဏာ့ကို ၾကည့္ၿပီးေမးေနေသာ ေၾကာင့္ သူေခါင္းညိတ္ျပလိုက္သည္။

"တစ္ခါမွမေသာက္ဖူးေသးဘဲ ေသာက္ေတာ့ မူးေနတဲ့ပံုပဲ.... ငါျပန္ေတာ့မယ္"

"ေအးေအး....  ကေလးကိုဆူမေနနဲ႔ဦးေနာ္"

"ေအးပါ"

သူ အာဏာရဲ႕ လက္ကိုဆြဲၿပီးထြက္လာခဲ့သည္။  ၾကည့္ရတာေသာက္သာထားတာ အသိစိတ္ေတာ့ရွိေသးပံု။

ကားရွိရာကိုတြဲၿပီးထြက္လာကာ သူကားတံခါးဖြင့္ေပးလိုက္သည္။

"ဝင္.... အထဲကို"

သူေျပာေတာ့  ကားထဲဝင္သြားေသာေၾကာင့္ သူလဲ ကားေပၚတတ္ၿပီး အိမ္သို႔ိဦးတည္လိုက္သည္။တစ္လမ္းလံုး နွစ္ေယာက္သားဘာစကားမွမေျပာဘဲ တိတ္ဆိတ္ေနၾကသည္။

ၿခံထဲသို႔ဒုန္းဆိုင္းကာ ဝင္လာေသာ ကားေၾကာင့္ အိမိကလူေတြကေတာ့ လန္႔ေနၾကသည္။

သူကားေပၚကဆင္းၿပီး အာဏာ့ဘက္ကိုလွည့္ၿပီးေျပာလိုက္သည္။

"ငါ့အခန္းထဲလိုက္ခဲ့"

သူေျပာၿပီး အေပၚထပ္သို႔တတ္လာခဲ့သည္။ ေဒါသစိတ္ေၾကာင့္ ေျခလွမ္းေတြလဲ ၾကမ္းတမ္းေနသလားေတာင္မသိေတာ့ေပ။

ေျခလွမ္းက်ဲႀကီးနဲ႔ အေပၚထပ္ကိုတတ္သြားတဲ့ မင္းဆက္ေၾကာင့္ အားလံုးကလန္႔ေနသည္။

မင္းဆက္ အခန္းထဲေရာက္ေတာ့ ကုတ္ကိုခြၽတ္ကာ  ေမြ့ရာေပၚတင္ထားလိုက္သည္။

"ကိုကို"

ေနာက္ကအသံၾကားရေသာေၾကာင့္ သူလွည့္ၾကည့္မိေတာ့ အာဏာ၊ ေခါင္းကိုငံု႔ကာ ၾကမ္းျပင္ကိုသာၾကည့္ေနေသာပံုမွာ ခုေတာ့ေၾကာက္ေနသလိုပင္။

"မင္းနဲ႔ ေမသစၥာဆိုတဲ့ေကာင္မေလးက သူငယ္ခ်င္းေတြလား"

သူေမးေတာ့ ေခါင္းညိတ္ၿပသည္။

"ဟုတ္ပါတယ္.... သူငယ္ခ်င္းေတြပါ"

"ေအး ...  ဒါဆို မင္းနဲ႔အတူတူထိုင္ေနတဲ့ ေကာင္ေလး၃ေယာက္ကေရာ မင္းသူငယ္ခ်င္းေတြလား"

"မဟုတ္ဘူး....သူတို႔ကဒီေန႔မွေတြ႕ဖူးတာ"

"ေနာက္ေန႔က် အဲ့ေကာင္ေတြနဲ႔လံုးဝမေတြ႕နဲ႔အာဏာ... လံုးဝအေပါင္းအသင္းမလုပ္ရဘူး"

"ဘာျဖစ္လို႔လဲကိုကို ...ကိုကိုပဲ သူငယ္ခ်င္းထားဆို.. အေပါင္းအသင္းထားဆို... ခုေတာ့ဘာလို႔လဲ"

အနည္းငယ္မူးေနတဲ့အာဏာက မင္းဆက္ကိုတစ္ခါမွမေျပာဖူးတဲ့ေလသံနဲ႔ဂ်စ္ကန္ကန္ေျပာေနသည္။

ဒါကိုမင္းဆက္ကပိုၿပီးစိတ္တိုသြားသည္။

"ငါမင္းကိုသူငယ္ခ်င္းထား... အေပါင္းအသင္းထားလို႔ေျပာတယ္ ဒါမဲ့ မေကာင္းတဲ့လူေတြနဲ႔မဟုတ္ဘူးကြ... မင္းေပါင္းေနတဲ့ အေကာင္ေတြကိုၾကည့္ ေဆးသံုးေနတဲ့အေကာင္ေတြ... မင္းသူတို႔နဲ႔ေပါင္းရင္ တစ္နည္းမဟုတ္တစ္နည္းနဲ႔ ပ်က္စီးမွာ နားလည္လား!!"

မင္းဆက္စိတ္တိုကာေအာ္မိသည္။

"ဘာလို႔လဲ....  ကြၽန္ေတာ္နားလည္တယ္..ကိုကိုေျပာတယ္ေလ.. ေယာက်ာ္းပဲ  ကိုယ္လုပ္ရင္ကိုယ္ခံရဲတယ္... ေပါင္းတာမေပါင္းတာကိုယ္တိုင္ဆံုးျဖတ္မယ္... ကိုကိုေျပာစရာမလိုဘူး သိလား!!"

ခြပ္!!

မင္းဆက္စိတ္တိုသြားၿပီး သူ႔ေရွ႕ကအာဏာရဲ႕မ်က္နွာကို လက္သီးနဲ႔ထိုးလိုက္သည္။ အံ့ၾသသြားပံုရတဲ့အာဏာက အထိုးခံလိုက္ရတဲ့မ်က္နွာကိုကိုင္ကာ သူ႔ကိုအံ့ၾသစြာၾကည့္ေနသည္။

"ကိုကို"

သူ႔ကိုအံ့ၾသကာၾကည့္ေနေသာ အာဏာကို သူေသခ်ာၾကည့္ၿပီးေျပာလိုက္သည္။

"မင္းကိုသူတို႔က မူးရစ္ေဆးဝါးသားေကာင္ျဖစ္ေအာင္လုပ္မွာကြ....မင္းေဘးနားကထိုင္တဲ့မိန္းမကိုေတြ႕လား... ေအး အဲ့မိန္းမ ျပည့္တန္ဆာ သာသာရွိတယ္ကြ...မင္းသာ သူနဲ႔ၿငိသြားရင္ ဒုကၡေရာက္လိမ့္မယ္... နားလည္လား!!

"ဘာျဖစ္လဲ .... ကြၽန္ေတာ္တြဲခ်င္တဲ့လူနဲ႔တြဲမယ္...အိပ္ခ်င္တဲ့လူနဲ႔အိပ္မယ္ ဘာျဖစ္လဲ... ေနရာတကာလိုက္ၿပီး ဂရုစိုက္မေနနဲ႔!!"

ခြပ္!

စိတ္တိုကာထပ္ထိုးမိသည္။ ေစတနာကိုနားမလည္တာ၊ ဆံုးမတာကိုမနာခံတာ သူသိပ္ၿပီးစိတ္ပ်က္သည္။

အာဏာက သူ႔ကိုၾကည့္ကာ ဟက္ခနဲ႔ရယ္သည္။

"ခင္ဗ်ားက် သြားခ်င္တဲ့ေနရာသြားတယ္...လုပ္ခ်င္ရာလုပ္တယ္... မမရနံ႔နဲ႔သြားခ်င္ရာသြားတယ္.... ကြၽန္ေတာ္က်ေတာ့ သြားလို႔မရဘူးလား... တြဲခ်င္တဲ့လူနဲ႔တြဲမရဘူးလား !!"

"မင္းငါ့ေစတနာကိုမေစာ္ကားနဲ႔အာဏာ... မင္းကိုမေကာင္းတဲ့အရာေတြလုပ္မိမွာစိုးလို႔ ေျပာေနတာကြ... ခု Clubကိုသြားလို႔ေျပာေနတာမဟုတ္ဘူး နားလည္လား....မင္းကိုမူးရစ္ေဆးသံုးမိမွာဆိုးလို႔  မေကာင္းတဲ့မိန္းမေတြရဲ႕ ၫႊတ္ကြင္းေတြ မာယာေတြထဲ မိသြားမွာဆိုးလို႔ ေျပာေနရတာ.... နားလည္လား!!"

သူေအာ္ေျပာေတာ့ အာဏာကဘာမွမေျပာေပ။

"သြား!!   ဒီေန႔ကစၿပီး မင္းေနခ်င္သလိုေန  လုပ္ခ်င္တာလုပ္... ငါလဲလုပ္ခ်င္တာလုပ္မယ္... ႀကိဳက္သလိုသာေန....  သြား! ထြက္သြား!!"

သူေျပာေတာ့ တစ္ခ်က္မွမတြန္႔ဘဲအခန္းကထဲကထြက္သြားတဲ့အာဏာေၾကာင့္ မင္းဆက္ စိတ္ပ်က္စြာ ေမြ့ရာေပၚမွာထိုင္ခ်လိုက္သည္။

သူ ေမြ့ရာေပၚမွာထိုင္ၿပီး ေခါင္းငိုက္စိုက္က်ကာ မ်က္ရည္က်မိသည္။ သူ႔ေစတနာကိုေစာ္ကားလိုက္တာ၊၊

ငယ္ငယ္ေလးထဲက သူ႔စကားကိုအၿမဲနားေထာင္လာတဲ့ကေလးက ခုေတာ့ သူ႔ေစတနာကိုေတြေစာ္ကားေနၿပီ။ သူ႔အတြက္အနစ္အနာခံခဲ့ရနာေတြကို မျမင္ဘဲခံေျပာေနၿပီ။

မင္းလုပ္ရက္လိုက္တာအာဏာ၊ေျပာရက္လိုက္တာ၊ မင္းအတြက္ ငါစြန္႔လႊတ္ခဲ့တာေတြက အလကားျဖစ္သြားၿပီလား။

===============

သူ အခန္းထဲေရာက္ေတာ့ ေဒါသေတြထြက္လာသည္။ မွန္ထဲမွာေပၚေနေသာ ဒဏ္ရာေတြကိုၾကည့္ကာ သူစိတ္တိုမိသည္။သူ ကို႔ကို႔ေစတနာေတြကို ေစာ္ကားမိတာပဲ၊၊သူ႔အတြက္အၿမဲတမ္းေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ေပးခဲ့တဲ့ ကိုကို႔ရဲ႕ေစတနာေတြကို သူပစ္ပယ္ခဲ့တာပဲ။

မ်က္ဝန္းမွ စီးက်လာေသာ မ်က္ရည္မ်ားဟာ ေနာင္တတရားပင္။

ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကိုကိုရယ္....။

===============

မနက္ခင္း ထမင္းစားပြဲမွာ တိတ္ဆိတ္ေနေသာလူ၂ေယာက္၊၊အာဏာ အေျခအေနကိုၾကည့္ေနမိသည္။

ထမင္းကိုေအးေအးေဆးေဆးစားေနေသာ ကိုကို႔ကိုၾကည့္ကာ သူသက္ျပင္းခ်မိသည္။  ကိုယ္တိုင္ကအမွားလုပ္ထားမိေတာ့ ျပန္ေခၚဖို႔ကိုေၾကာက္ေနမိသည္။

"ကြၽန္ေတာ္ သြားေတာ့မယ္ ေဒၚႀကီး... ေန႔လယ္ျပန္မလာျဖစ္ဘူး"

ေျပာၿပီး ထမင္းစားခန္းထဲကထြက္သြားေသာ ကိုကို႔ေၾကာင့္ သူစိတ္ဓာတ္က်သြားသည္။သူလဲ စားခ်င္စိတ္မရွိေတာ့ေသာေၾကာင့္ ေက်ာင္းသြားဖို႔ျပင္လိုက္ေတာ့ ႀကီးေမကေမး၏။

"ေတာ္ၿပီလား သား"

"ဟုတ္ ေတာ္ၿပီ...  ကြၽန္ေတာ္ဒီေန႔ကားယူသြားမယ္"

သူေျပာေတာ့ ႀကီးေမကမ်က္လံုးျပဴးသြား၏။

"ကားယူသြားမွာလား....  ျဖစ္ပါ့မလား"

"ျဖစ္ပါတယ္ဗ်ာ...  ကြၽန္ေတာ္သြားၿပီ"

သူ ကားေသာ့ယူကာ ေက်ာင္းသို႔ထြက္လာခဲ့သည္။၊ က်န္ခဲ့တဲ့ေဒၚ ႀကီးကေတာ့ ဝွစ္ခနဲ႔ထြက္သြားေသာ ကားေလးကိုၾကည့္ကာ ဘုရားသာတေနေတာ့သည္။

သူေက်ာင္းေရာက္ေတာ့ ကားရပ္ၿပီး ကားေပၚကဆင္းလိုက္ေတာ့ တခ်ိဳးေက်ာင္းသားေတြက ၾကည့္ေနသည္။  အၿမဲတမ္း driverမဟုတ္ရင္ taxiနဲသာလာတတ္ေသာ သူက ကိုယ္တိုင္ကားေမာင္းလာေတာ့ အံ့ၾသေနၾကသည္။

သူလဲ လြယ္အိတ္ကိုလြယ္ၿပီး အတန္းထဲသို႔လာခဲ့သည္။  တီခ်ယ္စာသင္ေတာ့လဲ သူတစ္ေယာက္ထဲပဲ ထိုင္ကာ စာသင္လိုက္သည္။ ေမသစၥာကလဲသူ႔ခံုမွသူထိုင္ကာ စာသင္ေနသည္။clubမွာေတြ႕ေသာ ေမသစၥာ သူငယ္ခ်င္းေတြကလဲသူ႔ခံုမွသူထိုင္ေနသည္။

အေနာက္တိုင္းမ်က္နွာေပါက္နဲ႔ အျပာေရာင္မ်က္ဝန္းတစ္စံုရွိေသာ သူ႔ကို ေက်ာင္းစတတ္တုန္းက လူေတြကအထူးအဆန္းျဖစ္ၾကေသးသည္။

စာသင္ၿပီးေတာ့ သူလြယ္အိတ္ယူကာ ေက်ာင္းရဲ႕ အေဆာင္ပ်က္ႀကီးနားကိုသြားလိုက္သည္။ဘယ္သူမွမရွိတဲ့ အေဆာင္ပ်က္ႀကီးေရွ႕က အုတ္ခံုေလးေပၚမွာထိုင္ေနလိုက္သည္။

သူတကယ္စိတ္ညစ္ေနသည္။ ကိုကို႔ကို သူဘယ္လိုေ်ာင္းပန္ရမလဲမသိ။ သူ႔ကိုနႈတ္ကသာ အၿမဲတမ္းဆူေနေပမဲ့လက္တစ္ခါမွမပါဘူးေပ။မေန႔ကေတာ္ေတာ္စိတ္ဆိုးသြား၍ကိုကိုသူ႔ကိုထိုးလိုက္ျခင္းျဖစ္သည္။

ကိုကို႔ဘက္ကလဲမမွားေပ။သူ႔ကိုေကာင္းေစခ်င္လို႔ေျပာတာကို္နားလည္သည္။သို႔ေသာ္  clubမွာမမရနံ႔နဲ႔ ၿပံဳးေပ်ာ္ၿပီး စကားေျပာေနတာကိုသူဘဝင္မက်။

ကိုကိုက်  သြားခ်င္တဲ့သူနဲ႔သြားၿပီး  သူ႔ကိုက်ေတာ့ အျပစ္ေျပာတာကိုစိတ္တိုသြားျခင္းပင္။ဘာပဲျဖစ္ျဖစ္ သူ႔ဘက္ကအေလ်ာ့ေပးၿပီး ျပန္ေခ်ာ့ရမည္။

"မင္းကဒီမွာဘာလုပ္ေနတာလဲ"

သူေနာက္ကအသံၾကား၍  လွည့္ၾကည့္ေတာ့ မေန႔ကသူကိုကိုနဲ႔ ျပသနာျဖစ္ရတဲ့တရားခံ။ 

"ဘာလာလုပ္တာလဲ"

သူေမးေတာ့ ထို၃ေယာက္ကရယ္၏။

"မင္းကိုေပးစရာရွိလို႔ကြ.... ေကာင္းတာေလး"

"ဘာလဲ"

သူေျပာေတာ့ ထိုထဲက ၁ေယာက္က ေဘာင္းဘီအိတ္ထဲကေန အိတ္ေသးေသးေလးတစ္အိတ္ကိုထုတ္လိုက္သည္။ အျဖဴမႈန္႔ေလးေတြနဲ႔ ထိုအိတ္ေလးထဲကအရာဟာ ဘာေတြလဲဆိုတာမသိေအာင္ သူ မတံုးေသး။

"ဒီဟာေလး"

ထိုတစ္ေယာက္က ေဆးကိုယူၿပီး သူ႔အနားလာသည္။

"မင္းသံုးၾကည့္မလား...အရမ္းေကာင္းတဲ့ခံစားမႈမ်ိဳးကိုရမွာေနာ္"

ထိုတစ္ေယာက္ေျပာၿပီ သူ႔အနားကိုလာေနေသာေၾကာင့္ သူလြယ္အိတ္ကိုယူၿပီး  ထြက္သြားရန္ျပင္လိုက္သည္။

"ငါစကားကိုမၾကားဘူးလား ...အေကာင္းဆံုးျဖစ္ေအာင္ငါကေစတနာနဲ႔ေနာ္....  မင္းသံုးၾကည့္လိုက္စြဲသြားေစရမယ္"

"ေဘးဖယ္ "

သူေျပာေတာ့ ထိုတစ္ေယာက္ကမဖယ္။

"မင္းကဘာလဲ ... အၿမဲတမ္းကုပ္ေခ်ာင္းေခ်ာင္းနဲ႔ေကာင္မ်ား...ငါတို႔မင္းကို အခုလိုအေရးတယူလုပ္တာပဲေက်းဇူးတင္"

"မင္းတို႔လို ကေလကဝေတြနဲ႔ စကားေျပာဖို႔အခိ်န္မရွိဘူး "

"ဘာ.....  ဒီေစာက္ရူးကေတာ့"

ေျပာၿပီး  သူ႔မ်က္နွာတည့္တည့္ဝင္လာေသာ  လက္သီးအားေရွာင္လိုက္ၿပီး ထိုတစ္ေယာက္၏ ဗိုက္အားထိုးလိုက္သာေၾကာင့္ ပါးစပ္ထဲကေသြးေတြထြက္ကာ ေျမျပင္ေပၚတြင္ လဲက်သြားသည္။

က်န္ေသာ၂ေယာက္ကလဲ သူ႔ကိုၾကည့္ၿပီး မ်က္လံုးျပဴးေနေသာေၾကာင့္ သူစိတ္ပ်က္သြားသည္။

"ဒီေန႔ဒီမွာျဖစ္တာေတြကိုေမ့လိုက္.... ငါ၂ခါမေျပာဘူး"

သူေျပာၿပီး ထြက္လာခဲ့သည္။ကိုကိုနဲ႔ရန္ျဖစ္ထားလို႔ စိတ္မၾကည္ပါဘူးဆို  ျပသနာကလာရႈပ္ေနေသးသည္။သူလဲ အတန္းဆက္မတတ္ေတာ့ဘဲ ကားယူၿပီး ေက်ာင္းထဲကထြက္လာခဲ့သည္။

================

ေမသစၥာ ထြက္သြားေသာကားကိုၾကည့္ၿပီး ၿပံဳးမိသည္။

သူထင္သားပဲ၊၊ Hydraရဲ႕သားက နံုနံုအအျဖစ္ေနစရာအေၾကာင္းမွမရွိတာ၊၊ Hydraသခင္ မႈိင္းအာဏာစက္ဆိုတာ လူတိုင္းအံ့ၾသေလာက္ေအာင္အာဏာႀကီးမားတဲ့လူတစ္ေယာက္။လက္ထပ္ထားတဲ့ Starပိုင္ရွင္ခြန္းၾကယ္စင္ဆိုတာလဲ ေပါ့ေသးေသးလူတစ္ေယာက္မွမဟုတ္တာ။

နင္ကငါထင္ထားတာထက္ကို ပိုၿပီးလ်ွိူ႔ဝွက္ထားတာပဲ အာဏာ။

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
 
မင်းဆက်လဲ ရနံ့နဲ့အတူတူ Clubကိုလာပြီး စကားပြောနေလိုက်သည်။မတွေ့ဖြစ်ခဲ့တဲ့အချိန်ကအကြောင်းတွေရောရောက်တတ်ရာရာပြောနေရင်းအမှတ်တမဲ့မျက်လုံးကဝိုင်းတစ်ဝိုင်းသို့ရောက်သွားသောကြောင့် သူသေချာကြည်မိတော့ အာဏာ၊၊

သူ ပထမကျောင်းပိတ်ရက်လာတာပဲဆိုပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။ သို့သော် ဘေးနာကကောင်မလေးကိုဖက်လိုက်တော့ သူဆက်ပြီးသည်းမခံနိုင်တော့ဘဲထသွားလိုက်သည်။

သူ့ကိုမြင်တော့ အာဏာကပြုံးပြသည်။

"ကိုကို ဒီကိုရောက်နေတာလား"

ဘေးကမိန်းကလေးကိုဖက်ပြီးပြောနေသော အာဏာကိုကြည့်ကာ သူစိတ်ပျက်မိသည်။ ကြည့်ရတာသောက်ထားပုံပင် ၊၊ အရင်လိုမဟုတ်။

"သူသောက်ထားသေးလား"

သူ ဘေးကကောင်မလေးကိုမေးတော့ မေသစ္စာက ဝင်၍ဖြေ၏။

"ကျွန်မက အာဏာရဲ့သူငယ်ချင်း မေသစ္စာပါ... ကျောင်းပိတ်ရက်ဆိုတော့ အပျင်းပြေခေါ်လာတာ"

"သူသောက်ထားသေးလား"

သူခပ်တင်းတင်းမေးလိုက်တော့ သူမကဖြေ၏။

"ဟုတ်ကဲ့ ... နည်းနည်းသောက်ထားပါတယ်"

သူအာဏာရဲ့အနားသို့သွားပြီး ဘေးနားကကောင်မလေးကိုကြည့်လိုက်၏။

"ဖယ်ပေး  "

သူပြောတော့ ကောင်မလေးကမချိုမချဉ်။

"ရှင်ကဘယ်သူမို့လို့လဲ ...ဘာကိစ္စရှင့်စကားနားထောင်ရမှာလဲ"

ထိုကောင်မလေးစကားကြောင့် သူစိတ်မရှည်တော့။

"ငါက သူ့အကို...သူ့အုပ်ထိန်းသူပဲ..စကားတွေများမနေဘဲဖယ်ပေးလိုက်"

သူပြောကာမှ ကောင်မလေးကဖယ်ပေးသည်။  သူလဲ ပေတေတေနဲ့ထိုင်နေသော အာဏာကိုဆွဲထူလိုက်သည်။

"ထစမ်း...  ပြန်မယ်အာဏာ"

သူခေါ်တော့ မတ်တတ်ရပ်လာပြီး သူ့လက်ကိုဆွဲကာပြောသည်။

"ပြန်တော့မှာလား....မမရနံ့နဲ့မနေတော့ဘူးလား"

"မင်းဆက် ဘာဖြစ်တာလဲ"

ထိုစဉ် သင်းရနံ့ကရောက်လာပြီးမေးတော့ သူခေါင်းခါပြလိုက်သည်။

"ငါပြန်တော့မယ်ရနံ့... နင်တစ်ယောက်ထဲ  ပြန်လို့ရတယ်မလား"

"အေး ရတယ်.... မောင်လေးကဒီရောက်နေတာလား"

အာဏာ့ကို ကြည့်ပြီးမေးနေသော ကြောင့် သူခေါင်းညိတ်ပြလိုက်သည်။

"တစ်ခါမှမသောက်ဖူးသေးဘဲ သောက်တော့ မူးနေတဲ့ပုံပဲ.... ငါပြန်တော့မယ်"

"အေးအေး....  ကလေးကိုဆူမနေနဲ့ဦးနော်"

"အေးပါ"

သူ အာဏာရဲ့ လက်ကိုဆွဲပြီးထွက်လာခဲ့သည်။  ကြည့်ရတာသောက်သာထားတာ အသိစိတ်တော့ရှိသေးပုံ။

ကားရှိရာကိုတွဲပြီးထွက်လာကာ သူကားတံခါးဖွင့်ပေးလိုက်သည်။

"ဝင်.... အထဲကို"

သူပြောတော့  ကားထဲဝင်သွားသောကြောင့် သူလဲ ကားပေါ်တတ်ပြီး အိမ်သို့ိဦးတည်လိုက်သည်။တစ်လမ်းလုံး နှစ်ယောက်သားဘာစကားမှမပြောဘဲ တိတ်ဆိတ်နေကြသည်။

ခြံထဲသို့ဒုန်းဆိုင်းကာ ဝင်လာသော ကားကြောင့် အိမိကလူတွေကတော့ လန့်နေကြသည်။

သူကားပေါ်ကဆင်းပြီး အာဏာ့ဘက်ကိုလှည့်ပြီးပြောလိုက်သည်။

"ငါ့အခန်းထဲလိုက်ခဲ့"

သူပြောပြီး အပေါ်ထပ်သို့တတ်လာခဲ့သည်။ ဒေါသစိတ်ကြောင့် ခြေလှမ်းတွေလဲ ကြမ်းတမ်းနေသလားတောင်မသိတော့ပေ။

ခြေလှမ်းကျဲကြီးနဲ့ အပေါ်ထပ်ကိုတတ်သွားတဲ့ မင်းဆက်ကြောင့် အားလုံးကလန့်နေသည်။

မင်းဆက် အခန်းထဲရောက်တော့ ကုတ်ကိုချွတ်ကာ  မွေ့ရာပေါ်တင်ထားလိုက်သည်။

"ကိုကို"

နောက်ကအသံကြားရသောကြောင့် သူလှည့်ကြည့်မိတော့ အာဏာ၊ ခေါင်းကိုငုံ့ကာ ကြမ်းပြင်ကိုသာကြည့်နေသောပုံမှာ ခုတော့ကြောက်နေသလိုပင်။

"မင်းနဲ့ မေသစ္စာဆိုတဲ့ကောင်မလေးက သူငယ်ချင်းတွေလား"

သူမေးတော့ ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်.... သူငယ်ချင်းတွေပါ"

"အေး ...  ဒါဆို မင်းနဲ့အတူတူထိုင်နေတဲ့ ကောင်လေး၃ယောက်ကရော မင်းသူငယ်ချင်းတွေလား"

"မဟုတ်ဘူး....သူတို့ကဒီနေ့မှတွေ့ဖူးတာ"

"နောက်နေ့ကျ အဲ့ကောင်တွေနဲ့လုံးဝမတွေ့နဲ့အာဏာ... လုံးဝအပေါင်းအသင်းမလုပ်ရဘူး"

"ဘာဖြစ်လို့လဲကိုကို ...ကိုကိုပဲ သူငယ်ချင်းထားဆို.. အပေါင်းအသင်းထားဆို... ခုတော့ဘာလို့လဲ"

အနည်းငယ်မူးနေတဲ့အာဏာက မင်းဆက်ကိုတစ်ခါမှမပြောဖူးတဲ့လေသံနဲ့ဂျစ်ကန်ကန်ပြောနေသည်။

ဒါကိုမင်းဆက်ကပိုပြီးစိတ်တိုသွားသည်။

"ငါမင်းကိုသူငယ်ချင်းထား... အပေါင်းအသင်းထားလို့ပြောတယ် ဒါမဲ့ မကောင်းတဲ့လူတွေနဲ့မဟုတ်ဘူးကွ... မင်းပေါင်းနေတဲ့ အကောင်တွေကိုကြည့် ဆေးသုံးနေတဲ့အကောင်တွေ... မင်းသူတို့နဲ့ပေါင်းရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ ပျက်စီးမှာ နားလည်လား!!"

မင်းဆက်စိတ်တိုကာအော်မိသည်။

"ဘာလို့လဲ....  ကျွန်တော်နားလည်တယ်..ကိုကိုပြောတယ်လေ.. ယောကျာ်းပဲ  ကိုယ်လုပ်ရင်ကိုယ်ခံရဲတယ်... ပေါင်းတာမပေါင်းတာကိုယ်တိုင်ဆုံးဖြတ်မယ်... ကိုကိုပြောစရာမလိုဘူး သိလား!!"

ခွပ်!!

မင်းဆက်စိတ်တိုသွားပြီး သူ့ရှေ့ကအာဏာရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက်သည်။ အံ့ဩသွားပုံရတဲ့အာဏာက အထိုးခံလိုက်ရတဲ့မျက်နှာကိုကိုင်ကာ သူ့ကိုအံ့ဩစွာကြည့်နေသည်။

"ကိုကို"

သူ့ကိုအံ့ဩကာကြည့်နေသော အာဏာကို သူသေချာကြည့်ပြီးပြောလိုက်သည်။

"မင်းကိုသူတို့က မူးရစ်ဆေးဝါးသားကောင်ဖြစ်အောင်လုပ်မှာကွ....မင်းဘေးနားကထိုင်တဲ့မိန်းမကိုတွေ့လား... အေး အဲ့မိန်းမ ပြည့်တန်ဆာ သာသာရှိတယ်ကွ...မင်းသာ သူနဲ့ငြိသွားရင် ဒုက္ခရောက်လိမ့်မယ်... နားလည်လား!!

"ဘာဖြစ်လဲ .... ကျွန်တော်တွဲချင်တဲ့လူနဲ့တွဲမယ်...အိပ်ချင်တဲ့လူနဲ့အိပ်မယ် ဘာဖြစ်လဲ... နေရာတကာလိုက်ပြီး ဂရုစိုက်မနေနဲ့!!"

ခွပ်!

စိတ်တိုကာထပ်ထိုးမိသည်။ စေတနာကိုနားမလည်တာ၊ ဆုံးမတာကိုမနာခံတာ သူသိပ်ပြီးစိတ်ပျက်သည်။

အာဏာက သူ့ကိုကြည့်ကာ ဟက်ခနဲ့ရယ်သည်။

"ခင်ဗျားကျ သွားချင်တဲ့နေရာသွားတယ်...လုပ်ချင်ရာလုပ်တယ်... မမရနံ့နဲ့သွားချင်ရာသွားတယ်.... ကျွန်တော်ကျတော့ သွားလို့မရဘူးလား... တွဲချင်တဲ့လူနဲ့တွဲမရဘူးလား !!"

"မင်းငါ့စေတနာကိုမစော်ကားနဲ့အာဏာ... မင်းကိုမကောင်းတဲ့အရာတွေလုပ်မိမှာစိုးလို့ ပြောနေတာကွ... ခု Clubကိုသွားလို့ပြောနေတာမဟုတ်ဘူး နားလည်လား....မင်းကိုမူးရစ်ဆေးသုံးမိမှာဆိုးလို့  မကောင်းတဲ့မိန်းမတွေရဲ့ ညွှတ်ကွင်းတွေ မာယာတွေထဲ မိသွားမှာဆိုးလို့ ပြောနေရတာ.... နားလည်လား!!"

သူအော်ပြောတော့ အာဏာကဘာမှမပြောပေ။

"သွား!!   ဒီနေ့ကစပြီး မင်းနေချင်သလိုနေ  လုပ်ချင်တာလုပ်... ငါလဲလုပ်ချင်တာလုပ်မယ်... ကြိုက်သလိုသာနေ....  သွား! ထွက်သွား!!"

သူပြောတော့ တစ်ချက်မှမတွန့်ဘဲအခန်းကထဲကထွက်သွားတဲ့အာဏာကြောင့် မင်းဆက် စိတ်ပျက်စွာ မွေ့ရာပေါ်မှာထိုင်ချလိုက်သည်။

သူ မွေ့ရာပေါ်မှာထိုင်ပြီး ခေါင်းငိုက်စိုက်ကျကာ မျက်ရည်ကျမိသည်။ သူ့စေတနာကိုစော်ကားလိုက်တာ၊၊

ငယ်ငယ်လေးထဲက သူ့စကားကိုအမြဲနားထောင်လာတဲ့ကလေးက ခုတော့ သူ့စေတနာကိုတွေစော်ကားနေပြီ။ သူ့အတွက်အနစ်အနာခံခဲ့ရနာတွေကို မမြင်ဘဲခံပြောနေပြီ။

မင်းလုပ်ရက်လိုက်တာအာဏာ၊ပြောရက်လိုက်တာ၊ မင်းအတွက် ငါစွန့်လွှတ်ခဲ့တာတွေက အလကားဖြစ်သွားပြီလား။

===============

သူ အခန်းထဲရောက်တော့ ဒေါသတွေထွက်လာသည်။ မှန်ထဲမှာပေါ်နေသော ဒဏ်ရာတွေကိုကြည့်ကာ သူစိတ်တိုမိသည်။သူ ကို့ကို့စေတနာတွေကို စော်ကားမိတာပဲ၊၊သူ့အတွက်အမြဲတမ်းရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ကိုကို့ရဲ့စေတနာတွေကို သူပစ်ပယ်ခဲ့တာပဲ။

မျက်ဝန်းမှ စီးကျလာသော မျက်ရည်များဟာ နောင်တတရားပင်။

ကျွန်တော်တောင်းပန်ပါတယ် ကိုကိုရယ်....။

===============

မနက်ခင်း ထမင်းစားပွဲမှာ တိတ်ဆိတ်နေသောလူ၂ယောက်၊၊အာဏာ အခြေအနေကိုကြည့်နေမိသည်။

ထမင်းကိုအေးအေးဆေးဆေးစားနေသော ကိုကို့ကိုကြည့်ကာ သူသက်ပြင်းချမိသည်။  ကိုယ်တိုင်ကအမှားလုပ်ထားမိတော့ ပြန်ခေါ်ဖို့ကိုကြောက်နေမိသည်။

"ကျွန်တော် သွားတော့မယ် ဒေါ်ကြီး... နေ့လယ်ပြန်မလာဖြစ်ဘူး"

ပြောပြီး ထမင်းစားခန်းထဲကထွက်သွားသော ကိုကို့ကြောင့် သူစိတ်ဓာတ်ကျသွားသည်။သူလဲ စားချင်စိတ်မရှိတော့သောကြောင့် ကျောင်းသွားဖို့ပြင်လိုက်တော့ ကြီးမေကမေး၏။

"တော်ပြီလား သား"

"ဟုတ် တော်ပြီ...  ကျွန်တော်ဒီနေ့ကားယူသွားမယ်"

သူပြောတော့ ကြီးမေကမျက်လုံးပြူးသွား၏။

"ကားယူသွားမှာလား....  ဖြစ်ပါ့မလား"

"ဖြစ်ပါတယ်ဗျာ...  ကျွန်တော်သွားပြီ"

သူ ကားသော့ယူကာ ကျောင်းသို့ထွက်လာခဲ့သည်။၊ ကျန်ခဲ့တဲ့ဒေါ် ကြီးကတော့ ဝှစ်ခနဲ့ထွက်သွားသော ကားလေးကိုကြည့်ကာ ဘုရားသာတနေတော့သည်။

သူကျောင်းရောက်တော့ ကားရပ်ပြီး ကားပေါ်ကဆင်းလိုက်တော့ တချိုးကျောင်းသားတွေက ကြည့်နေသည်။  အမြဲတမ်း driverမဟုတ်ရင် taxiနဲသာလာတတ်သော သူက ကိုယ်တိုင်ကားမောင်းလာတော့ အံ့ဩနေကြသည်။

သူလဲ လွယ်အိတ်ကိုလွယ်ပြီး အတန်းထဲသို့လာခဲ့သည်။  တီချယ်စာသင်တော့လဲ သူတစ်ယောက်ထဲပဲ ထိုင်ကာ စာသင်လိုက်သည်။ မေသစ္စာကလဲသူ့ခုံမှသူထိုင်ကာ စာသင်နေသည်။clubမှာတွေ့သော မေသစ္စာ သူငယ်ချင်းတွေကလဲသူ့ခုံမှသူထိုင်နေသည်။

အနောက်တိုင်းမျက်နှာပေါက်နဲ့ အပြာရောင်မျက်ဝန်းတစ်စုံရှိသော သူ့ကို ကျောင်းစတတ်တုန်းက လူတွေကအထူးအဆန်းဖြစ်ကြသေးသည်။

စာသင်ပြီးတော့ သူလွယ်အိတ်ယူကာ ကျောင်းရဲ့ အဆောင်ပျက်ကြီးနားကိုသွားလိုက်သည်။ဘယ်သူမှမရှိတဲ့ အဆောင်ပျက်ကြီးရှေ့က အုတ်ခုံလေးပေါ်မှာထိုင်နေလိုက်သည်။

သူတကယ်စိတ်ညစ်နေသည်။ ကိုကို့ကို သူဘယ်လိုျောင်းပန်ရမလဲမသိ။ သူ့ကိုနှုတ်ကသာ အမြဲတမ်းဆူနေပေမဲ့လက်တစ်ခါမှမပါဘူးပေ။မနေ့ကတော်တော်စိတ်ဆိုးသွား၍ကိုကိုသူ့ကိုထိုးလိုက်ခြင်းဖြစ်သည်။

ကိုကို့ဘက်ကလဲမမှားပေ။သူ့ကိုကောင်းစေချင်လို့ပြောတာကိုနားလည်သည်။သို့သော်  clubမှာမမရနံ့နဲ့ ပြုံးပျော်ပြီး စကားပြောနေတာကိုသူဘဝင်မကျ။

ကိုကိုကျ  သွားချင်တဲ့သူနဲ့သွားပြီး  သူ့ကိုကျတော့ အပြစ်ပြောတာကိုစိတ်တိုသွားခြင်းပင်။ဘာပဲဖြစ်ဖြစ် သူ့ဘက်ကအလျော့ပေးပြီး ပြန်ချော့ရမည်။

"မင်းကဒီမှာဘာလုပ်နေတာလဲ"

သူနောက်ကအသံကြား၍  လှည့်ကြည့်တော့ မနေ့ကသူကိုကိုနဲ့ ပြသနာဖြစ်ရတဲ့တရားခံ။ 

"ဘာလာလုပ်တာလဲ"

သူမေးတော့ ထို၃ယောက်ကရယ်၏။

"မင်းကိုပေးစရာရှိလို့ကွ.... ကောင်းတာလေး"

"ဘာလဲ"

သူပြောတော့ ထိုထဲက ၁ယောက်က ဘောင်းဘီအိတ်ထဲကနေ အိတ်သေးသေးလေးတစ်အိတ်ကိုထုတ်လိုက်သည်။ အဖြူမှုန့်လေးတွေနဲ့ ထိုအိတ်လေးထဲကအရာဟာ ဘာတွေလဲဆိုတာမသိအောင် သူ မတုံးသေး။

"ဒီဟာလေး"

ထိုတစ်ယောက်က ဆေးကိုယူပြီး သူ့အနားလာသည်။

"မင်းသုံးကြည့်မလား...အရမ်းကောင်းတဲ့ခံစားမှုမျိုးကိုရမှာနော်"

ထိုတစ်ယောက်ပြောပြီ သူ့အနားကိုလာနေသောကြောင့် သူလွယ်အိတ်ကိုယူပြီး  ထွက်သွားရန်ပြင်လိုက်သည်။

"ငါစကားကိုမကြားဘူးလား ...အကောင်းဆုံးဖြစ်အောင်ငါကစေတနာနဲ့နော်....  မင်းသုံးကြည့်လိုက်စွဲသွားစေရမယ်"

"ဘေးဖယ် "

သူပြောတော့ ထိုတစ်ယောက်ကမဖယ်။

"မင်းကဘာလဲ ... အမြဲတမ်းကုပ်ချောင်းချောင်းနဲ့ကောင်များ...ငါတို့မင်းကို အခုလိုအရေးတယူလုပ်တာပဲကျေးဇူးတင်"

"မင်းတို့လို ကလေကဝတွေနဲ့ စကားပြောဖို့အချိန်မရှိဘူး "

"ဘာ.....  ဒီစောက်ရူးကတော့"

ပြောပြီး  သူ့မျက်နှာတည့်တည့်ဝင်လာသော  လက်သီးအားရှောင်လိုက်ပြီး ထိုတစ်ယောက်၏ ဗိုက်အားထိုးလိုက်သာကြောင့် ပါးစပ်ထဲကသွေးတွေထွက်ကာ မြေပြင်ပေါ်တွင် လဲကျသွားသည်။

ကျန်သော၂ယောက်ကလဲ သူ့ကိုကြည့်ပြီး မျက်လုံးပြူးနေသောကြောင့် သူစိတ်ပျက်သွားသည်။

"ဒီနေ့ဒီမှာဖြစ်တာတွေကိုမေ့လိုက်.... ငါ၂ခါမပြောဘူး"

သူပြောပြီး ထွက်လာခဲ့သည်။ကိုကိုနဲ့ရန်ဖြစ်ထားလို့ စိတ်မကြည်ပါဘူးဆို  ပြသနာကလာရှုပ်နေသေးသည်။သူလဲ အတန်းဆက်မတတ်တော့ဘဲ ကားယူပြီး ကျောင်းထဲကထွက်လာခဲ့သည်။

================

မေသစ္စာ ထွက်သွားသောကားကိုကြည့်ပြီး ပြုံးမိသည်။

သူထင်သားပဲ၊၊ Hydraရဲ့သားက နုံနုံအအဖြစ်နေစရာအကြောင်းမှမရှိတာ၊၊ Hydraသခင် မှိုင်းအာဏာစက်ဆိုတာ လူတိုင်းအံ့ဩလောက်အောင်အာဏာကြီးမားတဲ့လူတစ်ယောက်။လက်ထပ်ထားတဲ့ Starပိုင်ရှင်ခွန်းကြယ်စင်ဆိုတာလဲ ပေါ့သေးသေးလူတစ်ယောက်မှမဟုတ်တာ။

နင်ကငါထင်ထားတာထက်ကို ပိုပြီးလျှို့ဝှက်ထားတာပဲ အာဏာ။

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

Continue Reading

You'll Also Like

4.3K 464 3
ဒီအဖြူ​​ကောင်လေးနဲ့​တော့ ခက်​တော့တာပါပဲ.... #RaindropsOnAugust
106K 6.7K 65
အခ်စ္ဟာဆန္းက်ယ္၏။ တစ္ခါတေလ သူ႔ကိုမုန္း တယ္လို႔တတြတ္တြတ္ေျပာေနရင္းနဲ႔မွကို ခ်စ္သြား တာမ်ိဳးေပါ့..မာနတရားနဲ႔ ႏွလံုးသား လြန္ဆြဲခ်ိန္ အနာက်င္ရဆံုးကေတာ့ ခ...
38.4K 2.2K 48
#BL fiction Start date - July 27 , 2022 End Date - August 21 , 2022
37.2K 4.3K 67
Author _ Shuiqiancheng That's not my work.I am Just Translator